Eain - အိမ်

  • Home
  • Eain - အိမ်

Eain - အိမ် ဘယ်မှာတည်းမလဲ “Eain-အိမ်” မှာ တည်းမယ်
(3)

ချင်းမိုင်"Eain-အိမ်"ကနေ ဗီယန်ကျင်း"Eain-အိမ်"ကို သွားတော့ လေယာဉ်ရော ကားရော တိုက်ရိုက်မရှိပါဘူး။ ချင်းမိုင်ကနေ အခြားမြို...
31/08/2024

ချင်းမိုင်"Eain-အိမ်"ကနေ ဗီယန်ကျင်း"Eain-အိမ်"ကို သွားတော့ လေယာဉ်ရော ကားရော တိုက်ရိုက်မရှိပါဘူး။ ချင်းမိုင်ကနေ အခြားမြို့တွေကို ပါတ်ပြီးမှ ဗီယန်ကျင်းကိုဆိုက်တဲ့လေယာဉ်ရှိပေမယ့် အတော်ရှားတယ်ဆိုတော့ လာအိုနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Luang Prabang ကို လေယာဉ်နဲ့ အရင်သွားပြီးခါမှ ဗီယန်ကျင်းကို ကျည်ဆန်ရထားစီးပြီး သွားလို့ရပါတယ်။

CNX to Luang Prabang လေယာဉ်က ကျွန်တော်တို့နိုင်ငံက ပြည်တွင်းလေယာဉ်တွေလို ခပ်သေးသေးပါပဲ။ ဒါပေမယ့် ချင်းမိုင်လေဆိပ်က နယ်မြို့လေဆိပ်ဆိုတာထက် ပိုအဆင့်မြင့်တယ်ပြောရပါမယ်။ လေဆိပ်ကကျယ်လို့ လေယာဉ်ပေါ်တက်ဖို့ ကားစီးသွားရတယ်။ Luang Prabang လေဆိပ်ရောက်တော့ ကိုယ့်ပြည်ကိုယ့်ရွာက နယ်မြို့လေးတွေကို ပြန်ရောက်သွားသလို လေဆိပ်က အသေးလေး။ လေယာဉ်ပေါ်ကဆင်းတော့ လေဆိပ်ထဲကို လမ်းလျှောက်ဝင်ရတာလည်း တူတယ်။ ကွာခြားတာက လေယာဉ်ပေါ်ကအဆင်းမှာ ထီးတွေလာကမ်းပေးတယ်ဗျ။ အတော်စဉ်းစားတတ်တဲ့ ယဉ်ကျေးတဲ့အပြုအမူပါပဲ။

နေပူပူထဲလမ်းလျှောက် လေဆိပ်ထဲဝင်ပြီး မတ်တပ်ရပ်လို့ အိတ်တွေစောင့်၊ ဝန်ထမ်းတွေဟောက်တာခံရတာနဲ့ အသားကျနေတဲ့ ကျွန်တော့်မှာ အတွေးတွေအများကြီးနဲ့ပေါ့။

(ပုံက "Eain-အိမ်"ရဲ့ ဧည့်သည်တွေပါ။ နောက်တခါ ကျည်ဆန်ရထားအကြောင်း ရေးပါဦးမယ်)

Eain@CNX ဟာ ချင်းမိုင်မြို့ရဲ့ နာမည်ကျော် အပါတ်စဉ် စနေ ညဈေး ကျင်းပလေ့ရှိရာ Wualai လမ်းမ ပေါ်မှာပါ။ ဒီ Wualai ရပ်ဟာ ငွေ၊ ...
29/08/2024

Eain@CNX ဟာ ချင်းမိုင်မြို့ရဲ့ နာမည်ကျော် အပါတ်စဉ် စနေ ညဈေး ကျင်းပလေ့ရှိရာ Wualai လမ်းမ ပေါ်မှာပါ။

ဒီ Wualai ရပ်ဟာ ငွေ၊ ဝါး၊ ယွန်းထည် လက်မှု လုပ်ငန်းတွေနဲ့ နာမည်ကြီး ပြီး ထိုင်း တနိုင်ငံလုံး အသုံးပြုတဲ့ ငွေထည်လက်မှုပညာများ ဒိုင်ခံထုတ်လုပ်ပေးခဲ့တဲ့ အရပ်အဖြစ် နာမည်ကြီးပါတယ်။ ဒီ လက်မှုပညာရပ်တွေဟာ မြန်မာပြည် ဘက်က ရှမ်းတွေ ရွှေ့ပြောင်း နေထိုင်လာတာနဲ့အတူ ပါလာတာလို့ဆိုကြပြီး၊ ကနေ့ထိ ဒီ Wualai အရပ်မှာ ငွေထည် လက်မှု လုပ်ငန်းတွေ ပေါများစွာတွေ့နေရပါသေးတယ်။ ရှမ်းပြည်ဘက်မှာ တွေ့ရများတတ်တဲ့ ဆိုင် နဲ့ အိမ် တွဲထားတဲ့ သစ်သားအိမ်ပေါင်းများစွာဟာလည်း ကနေ့ထိ Wualai ရပ်မှာတည်ရှိနေပါသေးတယ်။ ငွေထည် အတိပြီးတဲ့ Wat Siri Suphan (သီရိဆုပန် ဘုန်းကြီးကျောင်း) ဟာ ချင်းမိုင်မြို့ရဲ့ ခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်လေ့ရှိတဲ့ ဘုန်းကြီးကျောင်းပါပဲ။

စနေ နေ့ဆိုရင် Eain@Chiang Mai တည်ရှိတဲ့ Wualai လမ်းတလျှောက်လုံးဟာ ပွဲဈေးတန်းအဖြစ် အသွင်ပြောင်းသွားပြီး လှပတဲ့ လက်မှုပစ္စည်းများ ရိုးရာအဝတ်အထည်များကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်သလို၊ အစားအသောက်တန်း‌တွေ ဖျော်ဖြေပွဲတွေနဲ့ စည်ကားလှပါတယ်။

Eain@CNC ရှိတဲ့ ဘက်ခြမ်း Wualai လမ်းထိပ်မှာ ချင်းမိုင် ဂိတ် နဲ့ ချင်းမိုင် ဂိတ်ဈေးရှိပြီး မနက်စောစော ထသွားမယ်ဆို အငွေ့တထောင်းထောင်း နဲ့ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်းတွေ အသားကင်တွေ ဝက်ကြော်တွေ အပြင် ရာသီပေါ် ဟင်းရွက်သုတ်၊ ငါး‌ဟင်းထုတ်၊ ပုဇွန်ဟင်းထုတ် စတာတွေ ကို စုံလင်စွာ စားသောက်ကြည့်လို့ရပါတယ်။

တခြား စိတ်ဝင်စားစရာ ညွှန်းစရာနေရာတွေလည်းအများကြီးရှိသေးတာမို့ Eain မိသားစုမှ ဧည့်သည်တွေကို အရမ်းကြိုဆိုချင်နေကြပါပြီရှင် 🤗🤗🤗

အစားအသောက်လုပ်ငန်း စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်းEAIN@CNX ဟာ ချင်းမိုင်မြို့ရဲ့ စည်ကားတဲ့နေရာမှာ တည်ရှိပြီး မြေညီထပ်ဟ...
26/08/2024

အစားအသောက်လုပ်ငန်း စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း

EAIN@CNX ဟာ ချင်းမိုင်မြို့ရဲ့ စည်ကားတဲ့နေရာမှာ တည်ရှိပြီး မြေညီထပ်ဟာ အတော်အသင့် ကျယ်ဝန်းတာကြောင့် Eain မိသားစုအနေနဲ့ ‌Eain@CNX ရဲ့ လိုင်စင်အောက်ကနေ အပါတ်စဉ် အလှည့်ကျ အစားအသောက်ရောင်းချလိုသူများကို လာရောက်ရောင်းချခွင့် ပေးသွားမှာ ဖြစ်ပြီး မနက်စာ ပုံမှန် food Catering service ကိုလည်း outsource လုပ်သွားမှာ ဖြစ်လို့ စိတ်ဝင်စားသူ မည်သူမဆို Eain ရဲ့ Chatbox ကနေ တဆင့် အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်။

လုပ်ငန်း တွက်ချက်နိုင်ဖို့ အတွက် ယေဘုယျ အချက်အလက်လေးတွေကို အောက်မှာဖော်ပြထားပါတယ်ရှင်။

Location: ချင်းမိုင်မြို့၏ အပတ်စဉ်ညဈေး ကျင်းပလေ့ရှိရာ လမ်းမပေါ်
Seat Capacity : 20-25 persons
Available Floor area : 30-50 sq-m
Operation Hours : 2 pm - 10:30 pm
Others : TBD

ချင်းမိုင်မြို့ရဲ့ အထင်ကရ သာဖဂိတ် ကို ရောက်ရင် ထိုင်းစာမဟုတ်တဲ့ စာလုံးတွေ နဲ့ ရေးထားတဲ့ စာတန်းအောက်မှာ ချင်းမိုင်ကို ရော...
24/08/2024

ချင်းမိုင်မြို့ရဲ့ အထင်ကရ သာဖဂိတ် ကို ရောက်ရင် ထိုင်းစာမဟုတ်တဲ့ စာလုံးတွေ နဲ့ ရေးထားတဲ့ စာတန်းအောက်မှာ ချင်းမိုင်ကို ရောက်လာတဲ့ ဘယ်သူမဆို ဓါတ်ပုံမရိုက်ဖူးသူ မရှိသလောက်ပါပဲ။

ဒီစာလုံးတွေက သာဖတံခါးကို (ထိုင်းလို 'ပတူးသာဖ') လန်နာစာ တနည်း ယွန်းစာတွေနဲ့ ရေးထားတာပါ။ မြန်မာစာကို အနည်းငယ်စိတ်ဝင်တစားလေ့လာဖူးသူတွေအတွက်တော့ ဒီစာလုံးတွေကို ဖတ်လို့ရသယောင်ဖြစ်နေမှာပါပဲ။

ဟုတ်ပါတယ်။ လန်နာပြည်ဟာ ဗမာ့သမိုင်းနဲ့ ရောထွေးယှက်တင် ဆက်စပ်ခဲ့တဲ့နေရာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ မြန်မာနန်းဟန် လေးထောင့်ကျကျ မြို့ရိုးနဲ့ ကျုံးနဲ့ကျန်နေသေးတဲ့မြို့၊ မြန်မာဟန်စေတီ၊ မြန်မာဘက်နွှယ်တဲ့ ခြ‌င်္သေ့ ဟန်တွေ နဲ့ မြန်မာပုံစံ စေတီများစွာရှိတဲ့မြို့ဖြစ်ပြီး၊ မြန်မာဘုန်းကြီးကျောင်းတွေ၊ ရှမ်းဘုန်းကြီးကျောင်းတွေ ပေါများစွာတည်ရှိနေသေးတဲ့အပြင် မန်းကျည်းရွက်သုပ်စားတတ်တာ၊ ဝက်သားဟင်းလေး ဟင်း ချက်စားတတ်ကြတာ၊ အုန်းနို့ခေါက်ဆွဲနဲ့ ဆင်တဲ့ ခေါက်ဆွိုင်ကိုရိုးရာ စားစရာအဖြစ် စားတတ်ကြတဲ့ မြို့လည်းဖြစ်ပါတယ်။

"Eain-အိမ်"ရဲ့ လုပ်ငန်းကို ထိုင်းနိုင်ငံမှာ ချဲ့မယ် စဉ်းစားကြတော့ မန္တလေးနဲ့ တောင်ကြီး ပေါင်းစပ်ထားသလိုဖြစ်နေတဲ့ ဒီ ချင်းမိုင်မြို့လေးကို ရွေးခဲ့ကြတာပါ။ ချင်းမိုင်ရဲ့ ရိုးရာအစဉ်အလာကို အလေးအမြတ်ပြုတဲ့အနေနဲ့ 'အိမ်' ဆိုတဲ့ မြန်မာစကားလုံးကို လန်နာစာလုံးတွေ နဲ့ ပြောင်းလဲ ရေးသားပြီး Eain@CNX ရဲ့ လိုဂိုအဖြစ်အသုံးပြုကာ ချင်းမိုင် တံခါး၊ ချင်းမိုင် မြို့ရိုး နဲ့ နီးတဲ့နေရာမှာ "Eain-အိမ်"ရဲ့ ချင်းမိုင် နေရာခွဲကို ဖွင့်လှစ်သွားမှာပါ။

"Eain-"အိမ်ရဲ့ ထုံးစံအတိုင်း မိသားစုဟန် နွေးထွေးပြီး ကိုယ့်ဆွေမျိုးမိတ်ဆွေအိမ်နေရသလို နေနိုင်မယ့်အိပ်ခန်းတွေ၊ အနုပညာဖန်တီးမှုတွေနဲ့ ဒေသရိုးရာ ပေါင်းစပ်ထားတဲ့ အလှဆင်ဖန်တီးထားမှုတွေ၊ ‌မိတ်ဆွေအပေါင်းအသင်းတွေ ဖိတ်ခေါ်စုံစည်းလို့ရနိုင်မယ့်နေရာတွေ ပါဝင်တဲ့ Eain@CNX မှာ မကြာမီ ဧည့်သည်တွေကို လက်ခံသွားနိုင်တော့မှာပါ။ မိတ်ဆွေ သူငယ်ချင်း ရောင်းရင်းတွေအနေနဲ့လည်း အရင်ကထက် မလျော့တဲ့ ပံ့ပိုးမှုတွေအတိုင်း ကူညီအားပေး ပေးကြပါဦးလို့ အကူအညီတောင်းခံအပ်ပါတယ်။ "Eain-အိမ်" မိသားစုကလည်း အရင်ကထက် ပိုကောင်းတဲ့ဝန်ဆောင်မှုအတိုင်း ပေးသွားနိုင်အောင် ကြိုးစားသွားမှာပဲ ဖြစ်ကြောင်း၊ Eain@CNX ကို ရှည်ရှည်ဝေးဝေး မိတ်ဆက်လိုက်ပါတယ်။

Photo-Chiang Mai Traveller

🇹🇭Part-time လုပ်ဖို့ ရှာဖွေနေတဲ့ ညီငယ်/ညီမငယ်/မိတ်ဆွေများ ခင်ဗျာ. . . "Eain-အိမ်"မိသားစုနဲ့ လက်တွဲလုပ်ကိုင်ရန် အောက်ပါကဏ...
22/08/2024

🇹🇭Part-time လုပ်ဖို့ ရှာဖွေနေတဲ့ ညီငယ်/ညီမငယ်/မိတ်ဆွေများ ခင်ဗျာ. . .

"Eain-အိမ်"မိသားစုနဲ့ လက်တွဲလုပ်ကိုင်ရန် အောက်ပါကဏ္ဍများအတွက် အချိန်ပိုင်းဝန်ထမ်းများ ဖိတ်ခေါ်လိုပါတယ်

🔹Housekeeping
🔹Server
🔹M&E ကျွမ်းကျင်

စိတ်ပါဝင်စားသူများအနေနဲ့ အသေးစိတ်သိရှိနိုင်ရန် Page Chat Box သို့ လာရောက်စုံစမ်းနိုင်ပါတယ် ခင်ဗျ

*ဘတ်(ပန်းရောင်ကတ်)ရှိသူများကို ဦးစားပေးမှာ ဖြစ်ပါတယ်

"Eain-အိမ်"ရဲ့ အကြီးဆုံး Chain ကို ဖွင့်မယ်ဆိုပြီး ခုထိ တည်းလို့မရသေးဘူးလား ဆိုတဲ့ မိတ်ဆွေများခင်ဗျာ .  .  . မင်မင်တို့က...
10/08/2024

"Eain-အိမ်"ရဲ့ အကြီးဆုံး Chain ကို ဖွင့်မယ်ဆိုပြီး ခုထိ တည်းလို့မရသေးဘူးလား ဆိုတဲ့ မိတ်ဆွေများခင်ဗျာ . . .

မင်မင်တို့ကိုယ်တိုင် စိတ်ရောကိုယ်ပါ သေသေချာချာ ပြင်ဆင်နေတာကြောင့် မကြာခင် လာရောက်တည်းခိုလို့ ရတော့မှာပါ✨✨

ဘယ်မှာလဲဆိုတာတော့ မပြောပြသေးပါဘူး🙃

သေချာတာကတော့ "Eain-အိမ်"မှာ လာတည်းရင်
❤️ကိုယ့်အိမ်လို နွေးထွေးလုံခြုံမယ်
❤️သက်တောင့်သက်သာ ရင်းရင်းနှီးနှီးရှိမယ်
❤️စျေးနှုန်းက သင့်တင့်မျှတရမယ်

လောလောဆယ်တော့ ဒီပုံလေးတွေကိုပဲ အမြည်းအနေနဲ့ ကျေနပ်ကြပါဦးလို့ 😊

ဗီယန်ကျင်းမှာ အီကြာကွေးစားတဲ့အခါ သတိထား။ ဝက်ဆီနဲ့ ကြော်တဲ့ဆိုင်တွေ ရှိတယ်။ မင်မင်က ဝက်ဆို အကောင်လိုက်မျိုချင်မျိုမယ် အီက...
07/08/2024

ဗီယန်ကျင်းမှာ အီကြာကွေးစားတဲ့အခါ သတိထား။ ဝက်ဆီနဲ့ ကြော်တဲ့ဆိုင်တွေ ရှိတယ်။ မင်မင်က ဝက်ဆို အကောင်လိုက်မျိုချင်မျိုမယ် အီကြာကွေးကိုကျ ဝက်ဆီနဲ့ကြော်တာ မခံစားနိုင်ဘူး 😖

မနက်စာကိုတော့ များသောအားဖြင့် ပုံထဲကလို စားဖြစ်တယ်။ ကောက်ညှင်းကို ကြက်ဥအနှစ်သုတ်ပြီး ကင်ထားတာက စိမ့်စိမ့်လေးနဲ့ ငြိမ့်ငြိမ့်လေး။ အီကြာကွေးကို ကာဖီနဲ့တို့စားတယ်။ ပြီးတော့ ရွှေဖရုံသီးပူတင်းလေးနဲ့ အဆုံးသတ်လိုက်တာပဲ 😋

ဘယ်ဆိုင်က ဝက်ဆီနဲ့ကြော်တာလဲ? ဗီယန်ကျင်း "Eain-အိမ်"မှာ လာတည်းတဲ့အခါ ပြောပြမှာပေါ့ 😜

05/08/2024

"Eain-အိမ်"က မင်မင်တွေ ဘာတွေလုပ်နေကြပါလိမ့် ☺️

🇱🇦ဗီယန်ကျင်း - 🇹🇭ဘန်ကောက် ခရီးစားရိတ်အသက်သာဆုံးနည်းလမ်း❇️ဒီနည်းက လူနည်းနည်းပင်ပန်းပေမယ့် ကုန်ကျစရိတ်အတော်သက်သာပါတယ်။ မိန...
19/07/2024

🇱🇦ဗီယန်ကျင်း - 🇹🇭ဘန်ကောက် ခရီးစားရိတ်အသက်သာဆုံးနည်းလမ်း❇️

ဒီနည်းက လူနည်းနည်းပင်ပန်းပေမယ့် ကုန်ကျစရိတ်အတော်သက်သာပါတယ်။ မိန်းကလေးအများစုလည်း စီးနိုင်ကြပါတယ်။

ပထမဆုံး အွန်လိုင်းကတဆင့် (Nong Khang - BKK Rapid Train) ရထားလက်မှတ်ကြိုဖြတ်ပါ။ ရထားက ပန်ကာနဲ့မို့ ဘတ်(၃၀၀)မပြည့်ပါဘူး။ လက်မှတ်ကို ပရင့်ထုတ်နိုင်သလို ဖုန်းကတဆင့်လည်း လက်မှတ်စစ်ကို ပြနိုင်ပါတယ်။ ထွက်ခွါချိန် (18:50)ပါ။ လက်မှတ်ဖြတ်တဲ့အခါ odd number တွေရရင် ပြတင်းပေါက်ဘက်ရပါတယ်။ even number တွေကတော့ aisle(အတွင်းဘက်)ကျပါတယ်။ အများနဲ့ပြန်ရင် ကျတဲ့ နံပါတ်ကိုယူသင့်ပါတယ်။

ခရီးစဉ်စပါပြီ
(၁)ကားနဲ့ ပထမအဆင့်
ဗီယန်ကျင်းကနေ လာအို-ထိုင်းချစ်ကြည်ရေး တံတားနားက လာအို Immigration ထိ စီးလို့ရတဲ့ Bus No-14 ကားတွေရှိပါတယ်။ အဲ့သည့်ကားတွေဟာ ဗီယန်ကျင်း Central Bus Station ကနေ 1st LaoThai Bridge- Buddha Park ထိ ပြေးဆွဲပါတယ်။ ကားခ 18,000 KIP ပါ။ AC နဲ့လည်းဖြစ် ခုံလည်းကောင်းတော့ သက်သောင့်သက်သာ ဖြစ်ပါတယ်။

(၂)ကားနဲ့ဒုတိယအဆင့်
ချစ်ကြည်ရေးတံတားရောက်ပြီဆိုရင် တံတားမဖြတ်ခင် လာအို Immigration မှာ အထွက်တုန်းထုတာ ဘတ်(20)ပါ။ ပိုက်ဆံကို စာအုပ်ကြားမှာညှပ်ပြီး ကောင်တာမှာပေးလိုက်ရင်ရပါတယ်။ တုံးထုပေးပါလိမ့်မယ်။ စာရွက်ဘာညာ မဖြည့်လည်း အဆင်ပြေပါတယ်။ ဂိတ်ကအထွက် တံတားဖြတ်မယ့် ကားလက်မှတ်ဝယ်ပါ။ ကားခ (15,000)KIP ဖြစ်ပြီး ဘတ်နဲ့ဆိုရင် (30)ပေးနိုင်ပါတယ်။

(၃)Rapid Train ရထားဘူတာ
ထိုင်းဘက်အခြမ်းရောက်ရင် လဝက ဖြတ်သန်းပြီးတာနဲ့ ရထားဘူတာထိ လမ်းလျှောက်နိုင်သလို သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ် ငှားရမ်းနိုင်ပါတယ်။ တယောက်ထက်ပိုရင်တော့ လမ်းလျှောက်ရင်းစကားပြောသွားရင် အချိန်ကုန်မှန်း မသိလိုက်ဘဲ ရောက်သွားမှာပါ။ အကုန်အကျသက်သာသလို အာရုံလည်းမနောက်ပါဘူး။ ကြာချိန် မိနစ်(20)ရှိပါတယ်။ (Location - ကို Google Maps မှာကြည့်နိုင်ပါတယ်) ဘူတာမှာ Toilet အသုံးပြုခ တကြိမ် သုံးဘတ်ပါ။ ကပ်လျှက်မှာ Mini Mart တဆိုင်ရှိပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်၊ ခေါက်ဆွဲခြောက်၊ ကော်ဖီ အစရှိသဖြင့် မုန့်မျိုးစုံရပါတယ်။ 7/11 ထက်တော့ ဈေးနည်းနည်းပိုပါတယ်။ ရထားက ထွက်ခါနီး မိနစ် 30 အလိုမှာ ဘူတာကို ဝင်ပါတယ်။ ကိုယ်စီးရမယ့်တွဲရယ် ခုံနံပါတ်ရယ်ကိုကြည့်ပြီး တွဲပေါ်တက်ရုံပါပဲ။ မသေချာရင်တော့ လုံခြုံရေးကိုဖြစ်စေ၊ ရထားဝန်ထမ်းကိုဖြစ်‌စေ မေးနိုင်ပါတယ်။ ရထားပေါ်မှာ အိမ်သာ နှစ်လုံး ပါ ပါတယ်။ တလုံးက ဘိုထိုင် နောက်တလုံးက ရိုးရိုးပါ။ တစ်သျှူးနဲ့ရော ရေနဲ့ပါ အသုံးပြုဖို့စီစဉ်ပေးထားပါတယ်။

ရထားပေါ်မှာ ဈေးသည်တွေရှိတတ်ပါတယ်။ ကောက်ညှင်းပေါင်း ၊ အကင်လေးတွေ ‌၊ အအေး၊ ခေါက်ဆွဲခြောက် လာရောင်းတတ်ပါတယ်။ ကိုယ်စားချင် သောက်ချင်တာလေး ကြိုတင်ဝယ်ထားရင် ပိုပြီးသက်သာပါတယ်။ လမ်းဘူတာ မကြာခဏရပ်ပါတယ်။ လေတအားတိုက်တာကြောင့် ဟူဒီအနွေးထည်ဆောင်ထားတာအကောင်းဆုံးပါ။ ဒွန်မောင်းဘူတာကို မနက် (၅:၁၅)မှာ ဆိုက်ပါတယ်။ ဘူတာ အိမ်သာက အတော်လေးသန့်ရှင်းပါတယ်။ သန့်ရှင်းရေးကိစ္စဝိစ္စတွေကို အဲ့သည်မှာလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ဒွန်မောင်းလေဆိပ်ရောက်ရင်လည်း လုပ်လို့ရပါတယ်။ ဒွန်မောင်းလေဆိပ်မှာ ဖုန်းအားသွင်းပြီး အချိန်ဖြုန်းနေနိုင်ပါတယ်။ ပြီးတဲ့အခါ ဒွန်မောင်းလေဆိပ် Gate (6) ကတဆင့် မြို့ထဲထိလိုရာကိုမှန်းဆပြီး ကားဆက်စီးရုံပါပဲ။

ရထားခ - 300 THB
ဗီယန်ကျင်း- Bridge - 18,000 KIP
လာအို - ထိုင်း တံတားဖြတ်သန်းခ -15,000 KIP
Laos Immigration - 20 THB

😊မင်မင့်သူငယ်ချင်းတယောက်မှ အတွေ့အကြုံ မျှဝေပေးထားတာလေးပါ။ အားလုံးအဆင်ပြေကြပါစေ။

🇹🇭ချင်းမိုင်ရောက်ရင် ထိုင်ကြည့်သင့်တဲ့ ကော်ဖီဆိုင်(၅)ဆိုင် 1. Roast8sery Flagship Store ဒီ နင်မန် ထဲမှာ ရှိတဲ့ ကော်ဖီ ဆိ...
13/07/2024

🇹🇭ချင်းမိုင်ရောက်ရင် ထိုင်ကြည့်သင့်တဲ့ ကော်ဖီဆိုင်(၅)ဆိုင်

1. Roast8sery Flagship Store
ဒီ နင်မန် ထဲမှာ ရှိတဲ့ ကော်ဖီ ဆိုင် က ကော်ဖီ မှ ကော်ဖီ ဘုရားစူး ကော်ဖီ ပဲ ရောင်းတဲ့ ကော်ဖီဆိုင်ပါ။ ကိတ်၊ ကွတ်ကီး ဘာမုန့်မှ မရောင်းပဲ ကော်ဖီ ကိုပဲ ကိုယ်တခါမှ မစဉ်းစားဖူးတဲ့ အရောအစပ်တွေနဲ့ သောက်စမ်းလို့ ရပါတယ်။ မင်မငကတော့ သူတို့ရဲ့ Cold brew ကြိုက်သလို ကော်ဖီရှန်ပိန်ကလည်း အလန်းပါ။ သူတို့က latte art မှာ world champion ဖြစ်ဖူးတော့ လှပတဲ့ latte art နဲ့ နို့အရသာ ခပ်စိမ့်စိမ့်နဲ့ သောက်ရတဲ့ latte တို့ ကပူချီနို တို့ကလည်း အရသာ တမျိုးပေးပါတယ်။

2. Akha Ama Coffee
ဟုတ်ပါတယ်၊ အဖတ်မှားတာ မဟုတ်ပါဘူး အခါအမ ဆိုတဲ့ မြန်မာစကားလုံး အမ ပါပဲ။ တော်ပေါ်နေ ဒေသခံ တွေကို အခြေပြုတဲ့ ဒီ ကော်ဖီ ဆိုင်ဟာ သူတို့ရဲ့ ကော်ဖီက ဆိမ့်ခါး တဲ့ အရသာရှိပြီး ဈေးသိပ်မကြီးတာ အေးဆေးထိုင်လို့ကောင်းတာက မင်မင်ရဲ့ Go to coffee ဆိုင် ဖြစ်နေပါတယ်။ မင်မင်တို့ကတော့ Wat Pharasigh နားမှာရှိတဲ့ နောက်ဖွင့်တဲ့ ဒီဇိုင်းအလန်းနဲ့ ဆိုင်မှာ ထိုင်တာများပါတယ်။

3.Chom
မြန်မာဘလော့ဂါတွေ ရေးလွန်းလို့ လူတိုင်းတော့ သိနေကြလောက်ပါပြီ သစ်ပင်အကြီးကြီးတွေနဲ့ ရေငွေ့တွေနဲ့ ဖန်တီးထားတဲ့ ဆိုင်လေးက ဓါတ်ပုံရိုက်ရတာ အင်မတန်ကောင်းတဲ့အတွက် ဓါတ်ပုံရိုက်တဲ့လူတွေနဲ့ အမြဲ စည်ကားနေတာပါ။ ဒါပေမယ့် သူရဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ပြင်ဆင်တင်ဆက်မှုဟာလည်း တကယ့်ကို လက်ဖျားခါလောက်ပြီး၊ မင်မင်ကတော့ အဲ့ရောက်ရင် နွားနို့အေးထဲကို Dark chocolate ပူပူ ဖျော်ထားတာ လောင်းထည့် သောက်ရတဲ့ Dark Knight နဲ့ Cloud Americano ကို စမ်းသောက်ကြည့်စေချင်ပါတယ်။ ဓါတ်ပုံ လှလှ ရိုက်ချင်တယ်ဆိုရင်တော့ မနက်စောစော သွားပါ။ စောင်းပြီး ဝင်တဲ့ အလင်းတန်းတွေက ရေငွေ့တွေကြား မှာ အလင်းလိုင်းတွေ ဖြစ်သွားပြီး ဓါတ်ပုံရိုက်ရအင်မတန် ကောင်းပါတယ်။

4. First Valley Coffee Academy and Cafe
ဒီဆိုင်လေးက ချင်းမိုင် ချင်းရိုင်လမ်းက ခွဲသွားရင် ရသလို မြန်မာတွေ အလာများတဲ့ မယ့်ကပေါင် သွားတဲ့ လမ်းကနေ လမ်းခွဲပြီး သွားလို့လည်းရပါတယ်။ လီဗာ ကပ်နေအောင် နင်း၊ စတီယာတိုင်ကို ပတ်ချာလည်အောင် လှည့်ပြီးရင်တော့ တောင်ကြားထဲက ကမ်းပါးရံမှာ ဆောက်ထားတဲ့ တောင်ကြားတခုလုံးကို စီးမြင်နေရတဲ့ ဆိုင်လေးကို ရောက်ပါပြီ။ ဒီက မြင်ကွင်းက ဇိမ်ခံအိမ်တွေမှာ ရှိတတ်တဲ့ သန်းပေါင်းများစွာ တန်မယ့် မြင်ကွင်းဖြစ်ပြီး၊ သူ့စမူဆာ တွေ အတွက် မြန်မာပြည်က မဆလာသုံးတယ်ဆိုတဲ့ ဆိုင်မန်နေဂျာ အန်တီကလည်း အင်မတန် အလိုက်သိ ပြီး ကော်ဖီ အကြောင်းသေချာ ညွှန်ပြပေးနိုင်သူပါ။ သူရဲ့ Jewel series ထဲက အနံ့ အရသာ infuse လုပ်ထားတဲ့ စပါယ်ရှယ်လတီ ကော်ဖီတွေကို မြည်းစမ်းကြည့်ရင် ကော်ဖီဆိုတာ ဒီလိုအနံ့ အရသာမျိုးလည်းရှိပါသေးလားလို့ အံ့ဩနှစ်သက်ရမယ့် ကော်ဖီမျိုးကလည်း တနာရီကျော် မူးချာလည်အောင်ကားမောင်းရတာ တန်ပါတယ်လို့ မှတ်ချက်ချစေမိပါတယ်။

5.Skugga Estate
သူ့ရဲ့ သာဖ ဂိတ်နားမှာရှိတဲ့ ဆိုင်ခွဲကို စမ်းသွားကြည့်လို့ရနိုင်ပေမယ့် မင်မင်တို့ကတော့ မယ့်အွန် မှာရှိတဲ့ သူတို့ရဲ့ Estate ကို ရောက်အောင်သွားစေချင်ပါတယ်။ သူတို့ ဟာ ကိုယ်တိုင် ဝိုင်ချက်၊ Craft Beer လုပ်၊ ကော်ဖီစိုက် ကော်ဖီဆိုင် ဖွင့်ရုံမက၊ ချောကလက်ပါ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်တဲ့အပြင် အလန်းစား ကားဟောင်းတွေလည်းစုပါသေးတယ်။ သူ့ရဲ့ စပါရှယ်လတီ ကော်ဖီ က မင်မင့်အလိုအရဈေးကြီးတဲ့ ဘက်နည်းနည်းရောက်ပေမယ့် အရသာ ရိုးရှင်းပြတ်သားမှုကိုတော့ နှစ်သက်ပါတယ်။ သူတို့ရဲ့ နော်ဝေ ပုံစံ စက်မှု ဒီဇိုင်းနဲ့ ဆောက်ထားတဲ့ ဂိုဒေါင်တွေထဲမှာ ချောကလက်ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်လို့ရသတဲ့ သူတို့ထုတ်လုပ်တဲ့ ချောကလက်၊ ဘျာ၊ ကော်ဖီ တို့ကိုလည်း ဝယ်ယူသောက်စမ်းလို့ရပါတယ်။

BONUS ⭐⭐⭐
ဒါကတော့ မင်မင်တို့ ပရိတ်သတ်တွေ အတွက် မင်မင်ရဲ့အကိုကြီးက ချစ်လို့ခင်လို့ပေးတဲ့ အပို လက်‌ ဆောင်ပါ၊ မြို့ဟောင်းထဲ အေးဆေး အချိန်ရလို့ စာဖတ်ရင်း၊ အလုပ်လုပ်ရင်း အေးဆေး ကော်ဖီသောင်ချင်တယ်ဆို Carrot ဆိုတဲ့ ကော်ဖီ ဆိုင်ကို ရှာဖွေ သွားရောက် အချိန်ဖြုန်းပါ။ မင်မင်တို့ ရန်ကုန် မန်းတလေးက မြင်နေကျ အောက်ထပ်မှာ ကုန်စုံဆိုင်ဖွင့်ထား တတ်ကြတဲ့ နှစ်ထပ်အိမ်လေးကို Minimal ဒီဇိုင်း နဲ့ ပြင်ဆင်ထားပုံက တကယ့်ကို နှစ်သက်ဖွယ်ပါပဲ။ ဆိုင်ထဲက စားပွဲ နေရာချပုံ၊ ထိုင်ခုံအရောင်ရွေးပုံ၊ Day Light ရွေးပုံက အစ ပန်းချီကားတစ်ချပ် ဖွဲ့စည်းထားသလို သေချာ နေရာချထားပြီး ဧည့်သည်တွေအတွက် Space ကျယ်ကျယ်ပေးထားတဲ့ ဒီဇိုင်းက ‌တကယ့်ကို အေးဆေးထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင် လေး ဖြစ်လာစေတာပါ။ ကော်ဖီဆိုင် ဒီဇိုင်း လေးတွေ ကြိုက်တတ်သူတွေ၊ အေးဆေး ကော်ဖီထိုင်သောက်ရတာ နှစ်ခြိုက်သူတွေ အဖို့ သွားကြည့်သင့်တဲ့ဆိုင်ပါပဲ။

Photo-internet

Attention please!!!14 ရက် ဗီဇာ Free နဲ့ ထိုင်းနိုင်ငံထဲ ဝင်လာပြီး Extension တိုးထားသူများ Border နယ်စပ် ဂိတ်မှ ထွက်ခွင့်...
11/07/2024

Attention please!!!

14 ရက် ဗီဇာ Free နဲ့ ထိုင်းနိုင်ငံထဲ ဝင်လာပြီး Extension တိုးထားသူများ Border နယ်စပ် ဂိတ်မှ ထွက်ခွင့် မပေးတော့ပါ။
လေယာဥ်ဖြင့်သာ ထိုင်းနိုင်ငံမှ ပြန်ထွက်ခွင့်ပေးတော့သည်။

14 ရက် Visa free လာပြီး သက်တမ်းတိုးထားသူများ အတွက် information share ပေးတာပါ။
အားလုံး အဆင်ပြေ ချောမွေ့ပါစေ။

Stay Tuned for BIGGER BETTER Bangkok"Eain-အိမ်"‼️💠ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ဘန်ကောက်"Eain-အိမ်"...
01/07/2024

Stay Tuned for BIGGER BETTER Bangkok"Eain-အိမ်"‼️

💠ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ ဘန်ကောက်"Eain-အိမ်"ကို ဒီလကစပြီး အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်

💠အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်နေဆဲကာလမှာ ဘန်ကောက်"Eain-အိမ်"ရဲ့ ဝန်ဆောင်မှုလေးတွေကိုတော့ ခေတ္တရပ်နားထားမှာ ဖြစ်တဲ့အတွက် အဆင်မပြေမှုများရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးဖို့ "Eain-အိမ်"မိသားစုမှ အလေးအနက်ပြောကြားလိုပါတယ် 🙏🙏🙏

💠မိတ်ဆွေတို့ရဲ့ အကြံပြုချက်တွေကို အသေအချာမှတ်သားထားပြီး ပိုကောင်းတဲ့ဝန်ဆောင်မှုတွေကို ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တဲ့အကြောင်းလည်း သတင်းကောင်းပါးလိုပါတယ်

🇱🇦Vang Vieng မှာ စွန့်စားခန်းထွက်ခြင်း😎Vang Vieng မြို့က Vientiane မြို့ရဲ့ မြောက်ဘက် 128 km အကွာ မှာ ရှိတဲ့ မြို့သေးသေး...
26/06/2024

🇱🇦Vang Vieng မှာ စွန့်စားခန်းထွက်ခြင်း😎

Vang Vieng မြို့က Vientiane မြို့ရဲ့ မြောက်ဘက် 128 km အကွာ မှာ ရှိတဲ့ မြို့သေးသေးလေး တခုပါ။ ဒါပေမဲ့ ဒီမြို့သေးသေးလေးက သဘာဝကိုချစ်တတ်တဲ့သူတွေကြားမှာ နာမည်ကျော်ပါတယ်။ ထုံးကျောက်တောင်တန်းတွေ၊ သိပ်ကိုလှတဲ့ လှိုဏ်ဂူတွေ၊ ရေပြာအိုင်နဲ့ မြို့ကို ကွေ့ပတ်စီးနေတဲ့ Nam Song မြစ် စတဲ့ သဘာဝလက်ဆောင်တွေကြောင့် ခရီးသွားအမြောက်အမြား လာရောက်လည်ပတ်ကြပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လာအိုတွေလည်း ငွေရှာတတ်ကြပါတယ်။ အဲ့ဒီသဘာဝရှုခင်းတွေကြားမှာ Kayak လှေလှော်လို့ရတယ်။ တောင်တက်လို့ရတယ်။ စွန့်စားတတ်သူတွေအတွက် Zip Line၊ Paramotor၊ Air Balloon တွေပါ စီးလို့ရပါတယ်။ ထိုင်းမှာထက် စျေးပိုသက်သာတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း ဂရုစိုက်ကြပြီး ပျော်ဖို့ကောင်းပါတယ်။

မင်မင်တို့ ပထမဆုံးလုပ်ခဲ့တာက Kayak လှေလှော်တာပါ။ ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး။ မြစ်​ရေစီးလေးနဲ့ မျှောပြီး လှော်ကြရတာ 6km လောက်ပါပဲ။ မိုးမရွာသေးတော့ ရေက စိမ်းကြည်ပြီး အတော်လှပါတယ်။ ပြီးတော့ စျေးဆစ်ကြည့်တာ တယောက် 8$ ကို 6$ နဲ့ ရခဲ့တော့ ပိုပျော်ရတာပေါ့ 😁​

နောက်တရက်မှာတော့ Tuk Tuk ငှားပြီး day trip ထွက်ကြပါတယ်။ သူတို့စီစဥ်ပေးတဲ့ trip plan တွေ ရှိသလို ကိုယ်သွားချင်တာကိုလည်း ရွေးသွားလို့ရပါတယ်။ မင်မင်တို့က Lunch အပါ kip 5 သိန်း( ဘတ် ၇၀၀ ကျော်)ကျတဲ့ နေရာ(၃)ခု trip ကို သွားဖို့ရွေးလိုက်ပါတယ်။ မနက်ပိုင်းကို တောင်ထိပ်မှာ ဆိုင်ကယ်ရှိတယ်ဆိုတဲ့ Nam Xay view point (ကျောက်တောင်ထိပ်)ကို အရင်သွားကြပါတယ်။ တောင်က (385)m ပဲ မြင့်ပေမယ့် နည်းနည်းမတ်ပါတယ်။ မိုးရွာထားလို့ တချို့နေရာတွေက တော်တော်ချော်တတ်တယ်။ ရွှံ့ဗွက်တွေရှိလို့ ကိုယ့်ဖိနပ်မညစ်ပတ်စေချင်ရင် တောင်အောက်မှာ တောင်တက်ဖိနပ်ကို kip(၂၀၀၀၀)နဲ့ ငှားလို့ရပါတယ်။ တောင်တက်ခရီးက နာရီဝက်လောက်ကြာတယ်။ မောပေမယ့် အပေါ်မှာ View Point က အတော်လှလို့ တက်ရကျိုးနပ်ပါတယ်။ လူနည်းလို့ ရှုခင်းတွေနဲ့ ဆိုင်ကယ်မှာ ပို့စ်မျိုးစုံပေးရင်း ဓာတ်ပုံ စိတ်ကြိုက်ရိုက်လို့ရခဲ့ကြတယ်။

ဒုတိယနေရာက Blue Lagoon 1 ဆိုတဲ့ နေရာမှာ လှိုဏ်ဂူထဲ ဝင်ကြည့်ကြတာပါ။ အထဲမှာ သဘာဝအတိုင်း အတော်မှောင်လို့ ဂူထဲမဝင်ခင် တောင်အောက်မှာ head lamp တွေ ငှားခဲ့ဖို့ လိုပါတယ်။ မင်မင်တို့က ငှားမလာခဲ့မိတော့ ဖုန်းမီးနဲ့ သွားကြတာ တချို့နေရာတွေ လက်နှစ်ဖက်လုံးသုံးပြီး တက်ရဆင်းရတဲ့အခါ သိပ်အဆင်မပြေပါဘူး။ ချော်ကျနိုင်မယ့် နေရာလေးတွေလည်းရှိလို့ သတိနည်းနည်းထားသွားရပါမယ်။ အထဲမှာက ဘုရားတဆူရှိပါတယ်။ ကျန်တာတော့ ထူးထူးခြားခြား ဘာမှမရှိပေမယ့် သဘာဝအတိုင်းရှိနေတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်စိုင်ကျောက်သားတွေက အတော်လှပါတယ်။ အဲ့ဒီက ပြန်ဆင်းလာတော့ blue lagoon ထဲဝင်ပြီး အေးဆေး ရေစိမ် ရေကူးလိုက်ကြပါတယ်။ ထူးခြားတာက ကန်ထဲမှာ ငါးတွေ အများကြီးရှိပြီးတော့ လူတွေနဲ့ အတော် ယဥ်ပါးနေကြတာပါ။

နောက်ဆုံး activity ကိုတော့ ကြိုးတံတားဖြတ်ပြီး သွားရတဲ့ Wonder Land Laos ဆိုတဲ့ နေရာကိုရွေးထားကြပါတယ်။ အဲ့ဒီမှာက zip line စီးလို့ရတယ်။ ဂူထဲကို ဘောကွင်းစီးပြီး ဝင်တာ (သို့) kayak လှေနဲ့ ဝင်တာ လုပ်လို့ရတယ်။ တယောက် 20000 kip ဝင်ကြေး ပေးရတယ်။ မင်မင်တို့က ဂူထဲကို Kayak လှေနဲ့ ဝင်ကြတယ်။ ဒါပေမယ့် ရေထဲကဖြတ်ရတာ (10)m ပဲ ရှိလို့ သိပ်မတန်သလိုပဲ။ ဂူထဲဝင်ပြီး တခြား ဘက်က ပြန်ထွက်လို့ရသလို တချို့ကလည်း ဂူထဲ မဝင်ဘဲ လာရာလမ်းအတိုင်း ရေထဲက ပြန်ထွက်ကြတာလည်းရှိတယ်။ ပြီးတော့ အဲ့ဒီက restaurant မှာပဲ နေ့လည်စာ ဆွဲကြပါတယ်။

Admin - H

ဘဲသွေးအစိမ်း သောက်ကြမလား?ဗီယန်ကျင်းမြို့ထဲက ထူးထူးခြားခြားမီနူးအနေနဲ့ ဘဲသွေးအစိမ်း(အရည်)ဟင်းပွဲ  မှာစားလို့ရတဲ့အကြောင်းလ...
18/06/2024

ဘဲသွေးအစိမ်း သောက်ကြမလား?

ဗီယန်ကျင်းမြို့ထဲက ထူးထူးခြားခြားမီနူးအနေနဲ့ ဘဲသွေးအစိမ်း(အရည်)ဟင်းပွဲ မှာစားလို့ရတဲ့အကြောင်းလေး ပြောပြပါမယ်။

လာအို"Eain-အိမ်"ကနေ ဆိုင်ကယ်နဲ့ (၁၅)မိနစ်လောက်သွားရင် ဗီယန်ကျင်းမြို့ထဲမှာ Donedeng ဆိုတဲ့ စားသောက်ဆိုင်လေးရှိပါတယ်။ ဆိုင်းဘုတ်ကို လာအိုစာလုံးနဲ့ ရေးထားပေမဲ့ ဘဲပုံလေးက ထင်ရှားပါတယ်။ ဘဲသွေးအစိမ်းသောက်အပြင် ဘဲကင်၊ ဘဲကြော်၊ ဘဲပေါင်း၊ ဘဲသားသုပ် အစရှိတဲ့ ဘဲအထူးပြုဟင်းပွဲတွေနဲ့ တရုတ်အစားအစာတွေ ရောင်းပါတယ်။

ဘဲသွေးအစိမ်းသောက်အကြောင်း အသေးစိတ်ပြောပြရရင် ပန်းကန်ခပ်သေးသေးထဲမှာ ဘဲသွေးအစိမ်း(အရည်)ကို ကြက်သွန်ကြော်၊ မြေပဲကြော်၊sauce နဲ့ အမွှေးအကြိုင်အရွက်လေးတွေကို နုတ်နုတ်ဆင်းပြီး ထည့်ပေးထားတယ်။ အဲ့ဒါကို သံပုရာရည်ညှစ်ပြီး ပါးစပ်ထဲထည့်လိုက်တော့ ထင်သလို အဝင်မဆိုးဘဲ စားလို့အတော်ကောင်းပါတယ်။ စားနေရင်း ထုတ်ထုတ် ထုတ်ထုတ်နဲ့ ဝါးမိတော့ ဘဲသွေးထဲမှာ အသားနဲ့ကလီစာတွေကိုပါ သေးသေးလေးတွေကြော်ပြီး ထည့်ပေးထားတာကို သတိထားမိသွားတယ်။ လာအိုဘီယာနဲ့ အတော်လေးကို လိုက်ဖက်တာမျိုးပါ။

အခြားနှစ်သက်မိတာပြောရရင် ဆိုင်ရဲ့ Vibe က ကျွန်တော်တို့ ငယ််ငယ်ကထိုင်နေကျ ဝင်း ဘီယာဆိုင်(လှိုင်)ကို ပြန်ရောက်သွားသလိုပဲ။ ထိုင်ခုံ၊ စားပွဲဝိုင်း၊ အပြင်အဆင်လေးတွေကအစ ကိုယ်နဲ့ရင်းနှီးနေသလိုမျိုး ဖြစ်နေတယ်။ ဘီယာခွက်ထဲမှာ လျော့သွားတာနဲ့ ချက်ချင်းလာဖြည့်ပေးတယ်။ ပြီးတော့ သူတို့ဆိုင်က တရုတ်ထမင်းကြော်က မြန်မာပြည်မှာ စားရသလို တထပ်တည်းပဲ(စားဖိုမှူးတွေပါ ဗီယန်ကျင်းရောက်လာကြပြီ ထင်နေတာ😅)။

ဟင်းပွဲတွေကလည်း စျေးမကြီးဘူး။ (၆၅)ဘတ်ကနေ (၁၀၀)အတွင်းလောက်ပဲဆိုတော့ မဆိုးဘူးပြောရမယ်။ လူများတယ်။ နည်းနည်းဆူတယ်။ သီးသန့် Aircon ခန်းတွေ ရှိပေမဲ့ အမြဲ လူပြည့်နေတတ်ပါတယ်။

Vientiane"Eain-အိမ်"ကို ရောက်လာရင် လိုက်ပို့ပေးဦးမှာ😉

07/06/2024

Caption လေး ရေးပေးကြပါလား❕

မိုးရွာတာကို ထိုင်ငေးရင်း စိတ်ထဲပေါ်လာတဲ့ သီချင်းဖြစ်ဖြစ် ကဗျာဖြစ်ဖြစ် ☔☔

ဘန်ကောက်ကနေ အခြားမြို့/အိမ်နီးချင်းနိုင်ငံတွေကို Bus ကားစီးတဲ့ လမ်းညွှန်လေးအကြောင်း မကြာခဏမေးတတ်ကြလို့ တခါတည်း ပို့စ်ရေး...
02/06/2024

ဘန်ကောက်ကနေ အခြားမြို့/အိမ်နီးချင်းနိုင်ငံတွေကို Bus ကားစီးတဲ့ လမ်းညွှန်လေးအကြောင်း မကြာခဏမေးတတ်ကြလို့ တခါတည်း ပို့စ်ရေးတင်လိုက်ပါတယ်😊

💠Bus ကားလက်မှတ်အလွယ်တကူ ဝယ်ယူခြင်း

ကမ္ဘာအနှံ့မှာ ခရီးသွားတဲ့အခါ Agoda၊ booking.com၊ Trip.com တို့လို နောက်ထပ် အသုံးဝင်တဲ့ Application တခုက Ticket သီးသန့် ဖြတ်လို့ရတဲ့ 12go ဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ခရီးသွားတဲ့ အခါ လေယာဥ်၊ ရထား၊ ကား၊ သင်္ဘော၊ Taxi ကအစ အကုန် အလွယ်တကူ 12go မှာ Booking တင်လို့ရပါတယ်။

12goမှာ မိမိထွက်ခွာမယ့်မြို့၊ သွားချင်တဲ့မြို့နဲ့ သွားလိုတဲ့ရက်ကို ရွေးလိုက်တာနဲ့ Ticket မျိုးစုံကို စျေးနှုန်းနဲ့တကွ တခါတည်းပြပေးပါတယ်။ ပေးချေလိုတဲ့ currency ကို အလွယ်တကူ ပြောင်းကြည့်လို့ရပြီး Master card၊ Visa card၊ Paypal၊ Union pay၊ Alipay စတာတွေနဲ့ ပေးချေလို့ရပါတယ်။ သတိထားရမှာက Ticket ဝယ်တော့မယ်ဆိုရင် ဒီနိုင်ငံတွေရဲ့ထုံးစံအတိုင်း Insurance ကို Auto Select လုပ်ထားတာကြောင့် ဒီတိုင်းဝယ်လိုက်ရင် လက်မှတ်ဖိုး+အာမခံကြေး ပေးရပါမယ်။ စျေးသက်သက်သာသာနဲ့ စီးချင်ရင်တော့ No Insurance ကို သတိတရ ရွေးချယ်လိုက်ဖို့ လိုပါတယ်။ ရထားလက်မှတ်ဆိုရင် အိမ်တိုင်ရာရောက် ပို့ပေးဖို့တောင် ရွေးလို့ရပါတယ်။

💠Terminal တွင် Bus ကားစီးခြင်း

Vietiane, Chaing Mai, Pattaya သို့သွားတဲ့ Bus ticket ဝယ်ထားတယ်ဆိုရင် Mo Chit Northern Bus Terminal 2 ကို သွားရပါမယ်။ အရင်ဆုံးလုပ်ရမှာက ဒုတိယထပ်အတွင်းက ကောင်တာတွေမှာ App က Booking ကို ပြပြီး ကားလက်မှတ်ထုတ်ရပါမယ်။ အဲ့ဒီအလွှာရဲ့အပြင်ဘက်မှာလည်း Walk in လက်မှတ် ဝယ်လို့ရတဲ့ counter တွေရှိပါတယ်။(Taxi တွေကို Terminal ဒုတိယထပ်ထိ တခါတည်းမောင်းခိုင်းလို့ရပါတယ်)

လက်မှတ်လဲပြီးရင်တော့ Bus စီးဖို့ အောက်ဆုံးထပ်ကို ပြန်ဆင်းရပါမယ်။ ဒီနေရာမှာ ပထမဆုံးစီးဖူးသူတွေ ဒုက္ခအနည်းငယ်ရောက်တတ်တာက အထုပ်အပိုးများရင် အောက်ထပ်ကိုသယ်ပြီး ဆင်းဖို့ခက်တာပါ။ တွန်းလှည်းတွေနဲ့သယ်ပေးတဲ့ service ရှိပေမယ့် ပိုက်ဆံပေးရပါမယ်။ ဒါကြောင့် လူနှစ်ယောက်နဲ့အထက်လာရင် အထုပ်အပိုးများရင် အောက်ထပ်ကိုပဲ အရင်သွားပြီး တယောက်ကအထုပ်စောင့်ကာကျန်တယောက်က အပေါ်ထပ်တက် လက်မှတ် လဲတာ ပိုအဆင်ပြေပါတယ်။

ကားလက်မှတ်မှာ စီးရမယ့် gate ကိုပဲ ရေးထားပြီး ကားနံပါတ် မရေးထားပါဘူး။ သွားရမယ့် ဂိတ်ထဲ မဝင်ခင် လေယာဥ်ကွင်းတွေမှာလို အထုပ်တွေကို Security scan နဲ့ ဖြတ်ရပါမယ်။ ဝင်မယ့်ချိန် စောနေသေးရင်လည်း ဂိတ်ဖြတ်ပြီး အထဲမှာ ထိုင်စောင့်လို့ရပါတယ်။

ကားပေါ်မှာ မုန့်၊ ရေဘူးနဲ့ အချိုရည်ပေးပါတယ်။ ဒါ့အပြင် ညဘက် ခေတ္တနားဖို့ ကားရပ်တဲ့အခါ အစားအသောက်အတွက် ဘတ်(၄၀)တန် ကူပွန်တခု ပေးပါသေးတယ်။ ကားပေါ်မှာ စောင်ပေးပေမယ့် မင်မင်အကြံပြုလိုတာက ကိုယ့်စောင်ကိုယ်ယူသွားပါ။ စောင်တွေက သိပ်မသန့်တတ်ပါဘူး။

အားလုံးအဆင်ပြေ ချောမွေ့ကြပါစေ🙏🙏
"Eain-အိမ်"မိသားစု

ဓာတ်ပုံ-အင်တာနက်

ဘန်ကောက်"Eain-အိမ်"ရဲ့ ရိုးရှင်းတဲ့မနက်စာလေး 🌹စားကြပါဦး 😊
29/05/2024

ဘန်ကောက်"Eain-အိမ်"ရဲ့ ရိုးရှင်းတဲ့မနက်စာလေး 🌹

စားကြပါဦး 😊

Premium ဒူးရင်းသီးရေခဲခြစ် စားကြမလား 💛💛ထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံး Monthong ဒူးရင်းသီးနဲ့ ပြုလုပ်ထားတဲ့ ရေခဲခြစ်ကို ဘ...
21/05/2024

Premium ဒူးရင်းသီးရေခဲခြစ် စားကြမလား 💛💛

ထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံး Monthong ဒူးရင်းသီးနဲ့ ပြုလုပ်ထားတဲ့ ရေခဲခြစ်ကို ဘန်ကောက်"Eain-အိမ်"နားက Terminal21, Asok မှာ ရောင်းနေပြီနော်🤩

(၅)မိနစ် လမ်းလျှောက်ရုံနဲ့ ရောက်တာဆိုတော့ "Eain-အိမ်"ကို လာတဲ့အခါ အတူတူ သွားစားကြရအောင်😋😋😋

crd-Terminal21 Asok page

🙏မင်္ဂလာပါ🙏Eain-အိမ် မှ ကြိုဆိုပါတယ်😊"Eain-အိမ်"ရဲ့ဒုတိယမြောက် Chain အနေနဲ့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ စတင်ပြီး ဝန...
15/05/2024

🙏မင်္ဂလာပါ🙏
Eain-အိမ် မှ ကြိုဆိုပါတယ်😊

"Eain-အိမ်"ရဲ့ဒုတိယမြောက် Chain အနေနဲ့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ စတင်ပြီး ဝန်ဆောင်မှုပေးနေပါပြီ☺️

အရှေ့တောင်အာရှရဲ့ ကုန်းမြေတံတား လို့ လောလောလတ်လတ် ဆန်းပွင့်နေတဲ့ လာအိုနိုင်ငံမှာ ဒေသခံတွေရဲ့ဓလေ့တွေကို လေ့လာရင်း နေရာစုံ လည်ပတ်ကြမယ်။ သပ်ရပ်အဆင်ပြေတဲ့အခန်းတွေနဲ့ မိတ်ဆွေရင်းချာလို ဖော်ရွေကူညီတတ်တဲ့ Host ရှိတဲ့ "Eain-အိမ်"မှာ တည်းကြမယ်လေ😊

လာအိုနိုင်ငံကိုလာရင် ကြုံရတတ်တဲ့ အခက်အခဲတွေကို "Eain-အိမ်"က ကူညီဖြေရှင်းပေးမယ်။ သွားလာရလွယ်ကူတဲ့နေရာမှာရှိတဲ့အပြင် "Eain-အိမ်"မှာ တည်းမယ့် မိတ်ဆွေတွေအတွက် သေချာတိကျတဲ့ Local Information တွေနဲ့ Visa, Transport စတာတွေကို အထူး ဝန်ဆောင်မှုပေးသွားဦးမှာပါ။

ကဲ အခုပဲ Chat Box မှာ Booking တင်လိုက်ကြစို့ဗျား 😁

ဘန်ကောက်မှာ သောက်ရေ အခမဲ့ ဖြည့်လို့ရပြီ 💧💧​ပလတ်စတစ်အသုံးပြုမှုကို လျှော့ချသွားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ Bangkok Metro...
10/05/2024

ဘန်ကောက်မှာ သောက်ရေ အခမဲ့ ဖြည့်လို့ရပြီ 💧💧

​ပလတ်စတစ်အသုံးပြုမှုကို လျှော့ချသွားနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ Bangkok Metropolitan Administration နဲ့ Environmental Justice Foundation တို့ ပူးပေါင်းပြီး ဘန်ကောက်မြို့ရဲ့ နေရာအချိို့မှာ အခမဲ့ဖြည့်လို့ရတဲ့ သောက်ရေသန့်စက်တွေ တပ်ဆင်ထားတယ်လို့ ကြေငြာလိုက်ပါတယ်။ အကြိမ်ကြိမ်ပြန်သုံးလို့ရတဲ့ ရေသန့်ဘူးသုံးစွဲသူတွေအတွက်တော့ အတော်လေးပီတိဖြစ်စရာပါ။ လောလောဆယ်မှာ Benjakitti Park's gate 6, Benjakitti Park's pickleball court, Bangkok Art And Culture Centre, CentralWorld's Trimurati Shrine, Seacon Square Srinakarin's bus stop, Fortune Town on Rama IX Road, Thonburirom Park in Thung Kru district, Suan Rotfai in Jatuchak district, Na Phra Lan tunnel in Phra Nakhon district (pictured below) and Tha Maharaj in Phra Nakhon district စတဲ့နေရာတွေမှာပဲ ဒီဝန်ဆောင်မှုကိုရမှာဖြစ်ပေမဲ့ နောက်ထပ် (၂၀၀)လောက် ထပ်ပြီး တပ်ဆင်သွားမယ်လို့လည်း သိရပါတယ်။

"Eain-အိမ်"မိသားစုအနေနဲ့လည်း အကြိမ်ကြိမ်ပြန်လည်သုံးစွဲလို့ရတဲ့ရေဘူးသုံးစွဲသူတွေကိုရော သဘာဝကို ချစ်မြတ်နိုးပြီး ထိမ်းသိမ်းဖို့ကြိုးစားနေသူအားလုံးကိုရော ကျေးဇူးတင်ကြောင်း အလေးအနက်ပြောကြားချင်ပါတယ်🥰

လာအို "Eain-အိမ်"နားက နာမည်အဆန်းနဲ့ ကော်ဖီဆိုင် ☕▪️Naked Espresso▪️ကော်ဖီတခွက် ဘတ်(၃၀)ဝန်းကျင်"Eain-အိမ်"မှာ လာတည်းတဲ့အခ...
06/05/2024

လာအို "Eain-အိမ်"နားက နာမည်အဆန်းနဲ့ ကော်ဖီဆိုင် ☕

▪️Naked Espresso

▪️ကော်ဖီတခွက် ဘတ်(၃၀)ဝန်းကျင်

"Eain-အိမ်"မှာ လာတည်းတဲ့အခါ လိုက်ပို့မယ် ☺️

03/05/2024

တခါတလေ ဒီမြို့လေးရဲ့ vibe က ထိုင်းစတိုင် Studio Ghibli ထဲ ရောက်သွားသလိုပဲ ⛩️

ဒီမြို့မှာ ဖွင့်တော့မယ့် "Eain-အိမ်"ရဲ့ Biggest Chain ကရော ဘယ်လို Theme ဖြစ်မယ်ထင်လဲ❓

ဘယ်မြို့လဲသိရင် မန့်ခဲ့ပါဦး☺️

ဘန်ကောက် to ဗီယန်ကျင်း (အပိုင်း-၃)ဗီယန်ကျင်းမြို့နဲ့ ရန်ကုန် ဘာကွာလဲမေးရင် (၂၄)နာရီမီးလာတာတစ်ခုတည်းနဲ့ ရန်ကုန်က နောက်ကော...
02/05/2024

ဘန်ကောက် to ဗီယန်ကျင်း (အပိုင်း-၃)

ဗီယန်ကျင်းမြို့နဲ့ ရန်ကုန် ဘာကွာလဲမေးရင် (၂၄)နာရီမီးလာတာတစ်ခုတည်းနဲ့ ရန်ကုန်က နောက်ကောက်ကျသွားပါတယ်။ မြို့အရွယ်အစားကတော့ ပိုသေးပါတယ်။ ဥရောပနိုင်ငံတွေလို လမ်းလျှောက်ဖို့ ပလက်ဖောင်းခပ်ကျယ်ကျယ်ရှိပြီး အစိုးရရုံးကြီးကြီးမားမားတွေ တွေ့ရတယ်။ 7-Eleven, Starbucks စတဲ့ ဆိုင်တွေရှိတယ်။ Parkson နဲ့ Big-C လို Shopping Mall ခပ်ကြီးကြီးတွေလည်း ရှိတယ်။ လည်ပတ်မယ်ဆို Patuxay၊ Ho Prakeo Museum၊ COPE Visitor Centre၊ Lao Textile Museum၊ Pha That Luang Vientiane၊ Buddha Park၊ Talat Sao Morning Market၊ Vientiane Night Market တွေကို သွားလို့ရပါတယ်။

သူတို့ ဘာသာစကားက ထိုင်းတွေနဲ့ အတော်လေးတူပါတယ်။ ဖက်ရှင်တွေက ခပ်ရိုးရိုးပဲ။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဖူးတော့ ကော်ဖီယဉ်ကျေးမှုမြင့်တယ်။ ပေါင်မုန့်ခြောက် Baguetteနဲ့ Khao Jee Pate (လာအိုစတိုင် ပေါင်မုန့်အသားညှပ်)စားကြတယ်။ ကောက်ညှင်းပေါင်း၊ အကင်၊ ခေါက်ဆွဲဆိုင်တွေ များတယ်။

ထူးထူးခြားခြား ကြုံရတာတွေပြောရရင် ရွှေဆိုင်တိုင်းမှာ စစ်သား(၂)ယောက်စောင့်တယ်။ ဘီယာစျေးပေါတယ်။ ကျွဲသားရေ စားကြတယ်။ EV taxi တွေများတယ်(တုတ်တုတ်စီးရင်တော့ သတိထား၊ EV taxi ထက်(၂)ဆ ပိုတောင်းတတ်တယ်)။ ပြည့်တန်ဆာလေးတွေကို ဆိုင်ကယ်နောက်မှာတင်ပြီး ဧည့်သည်တွေနောက် လိုက်မေးတတ်ကြတယ်။ U-turn ကွေ့မိလို့ ဆင်ဂယ်ကိုရီးကို လာအိုရဲမေလေးက ဖမ်းပြီး ဒဏ်ငွေရိုက်တာခံရသေးတယ်။ ကစ်တသိန်းတန်အောင် မျက်စိတော့မှိတ်ပြခဲ့သေးတာ ဆိုပဲ 😁

ပေါက်ဖော်ကြီးဆီက အကြွေးယူပြီး လုပ်ထားတဲ့ ကျည်ဆန်ရထားတွေလည်း ရှိတယ်။ Vang Vieng,
Luang Prabang စတဲ့ Touristy မြို့တွေကို နောက်မှ သွားလည်ဦးမယ်။

(ဆင်ဂယ်ကိုရီး ဗီယန်ကျင်းသို့သွားတဲ့ မုန်တိုင်းကြမ်းနဲ့သွေးလွှမ်းခရီး ဤတွင် ပြီးပါပြီ😄)

🇱🇦လာအိုနိုင်ငံမှာလည်း "Eain-အိမ်"က ဝန်ဆောင်မှု​ပေးတော့မှာပါ 😊🇱🇦မကြာခင်မှာ အသေးစိတ် အချက်အလက်တွေ တင်ပေးသွားပါမယ် ခင်ဗျ🇱🇦လ...
01/05/2024

🇱🇦လာအိုနိုင်ငံမှာလည်း "Eain-အိမ်"က ဝန်ဆောင်မှု​ပေးတော့မှာပါ 😊

🇱🇦မကြာခင်မှာ အသေးစိတ် အချက်အလက်တွေ တင်ပေးသွားပါမယ် ခင်ဗျ

🇱🇦လာအိုရဲ့ Host က ဘယ်သူဖြစ်မယ်လို့ထင်လဲ 😉


01/05/2024

ဆိတ်ငြိမ်အေးချမ်းနေတဲ့ ကော်ဖီဆိုင်လေး☕🍃

ငှက်သံလေးတွေတောင် ကြားရတယ်🦜

By the way . . .

ဒီလိုဆိုင်လေးတွေ အများကြီးရှိတဲ့မြို့မှာ "Eain-အိမ်" ရဲ့ chain လေး ဖွင့်တော့မယ်ဆိုရင် လာကြမှာလား 😊

ဘန်ကောက် to ဗီယန်ကျင်း(အပိုင်း-၂)ပထမပိုင်းမှာ ဆင်ဂယ်ကိုရီး App နဲ့ ကားငှားပြီးတော့ ဟိုတယ်သွားတဲ့အထိ ရောက်သွားတာနဲ့ ဆုံးထ...
30/04/2024

ဘန်ကောက် to ဗီယန်ကျင်း(အပိုင်း-၂)

ပထမပိုင်းမှာ ဆင်ဂယ်ကိုရီး App နဲ့ ကားငှားပြီးတော့ ဟိုတယ်သွားတဲ့အထိ ရောက်သွားတာနဲ့ ဆုံးထားပေမယ့် Friendship Bridge မှာကြုံရတဲ့ ထူးဆန်းတဲ့ကိစ္စလေး ပြောဖို့မေ့ခဲ့တယ်။

ထိုင်းကဘတ်သုံးတယ်။ လာအိုငွေကျ ကစ်(Kip)လို့ခေါ်တယ်။ ဘတ်(၁၀၀၀)ကို လာအိုကစ်(၆၅၀၀၀၀)ဝန်းကျင်ရတယ်( မြန်မာတကျပ်=၁၀ ကစ်)။ Friendship Bridge မှာ ဘာကြုံရလဲဆိုတော့ မဟာဗန္တုလပန်းခြံနားက ငွေလဲသမားတွေလိုမျိုး လက်သိပ်ထိုးငွေလဲတဲ့သူတွေ ရှိတယ်။ မကြုံဖူးတော့ မလဲခဲ့ပေမယ့် နောက်မှသိတာက တရားဝင်ငွေလဲကောင်တာတွေထက် သူတို့ဆီမှာ ပိုရတယ်။ သူတို့ဆီက ၆၆၀၀၀၀ လောက်ပေးတဲ့အချိန် ငွေလဲကောင်တာမှာ ၆၄၀၀၀၀ ပဲရတယ်။ ဒါပေမဲ့ အမြဲအဆင်ပြေနေမယ်လို့တော့ အာမ မခံနိုင်ဘူး။ လာအိုမှာ ဘတ်၊ ကစ်၊ ဒေါ်လာ (၃)မျိုးလုံး သုံးလို့ရပါတယ်။

ကားလက်မှတ်မှာ Arrival က နေ့လည်(၁၂)နာရီလို့ ရေးထားပေမဲ့ တကယ်တမ်းကျ မနက်(၉)နာရီမှာ ရောက်နေပြီ။ ဟိုတယ်က နေ့လည်(၁)နာရီမှ check-in ဝင်ရမယ်ဆိုတော့ လော်ဘီမှာ ပစ္စည်းထားပြီး မနက်စာထွက်စားဖို့ ဆိုင်ကယ်ငှားတယ်။ ပတ်စပို့အပ်ခဲ့ရတယ်။ ၂၄ နာရီကို လာအိုကစ်(၁၅၀၀၀၀)ကျတယ်(အပြင်မှာငှားရင် ပိုသက်သာ)။

အပြင်ရောက်တော့ အရင်ဆုံးရှာတာက တရားဝင်ငွေလဲကောင်တာပါ။ မေးလိုက်တော့ အဲ့ဒါတွေက ခပ်လှမ်းလှမ်းမှာ။ လမ်းထိပ်က တရုတ်မဆိုင်မှာ လဲလို့ရတယ်ဆိုလို့ သွားလဲတာ တရားဝင်ကောင်တာထက် ပိုရတယ်။ ပြီးတော့ ဗိုက်ဖြည့်ဖို့ ဆိုင်ရှာပုံတော်ဖွင့်ရတာပဲ။ လာအိုဒေသခံတွေစားတာမျိုး မြည့်ကြည့်ချင်လို့ လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ စားကြည့်တယ်။ မဆိုးပါဘူး။ လာအို Pho (ဗီယက်နမ် Pho ယဉ်ကျေးမှုက လာတာလား သေချာမသိ) ရောင်းတဲ့ဆိုင်တွေများတယ်။

စားပြီးတော့ သတိထားမိတာ ရာသီဥတုက အရှေ့တောင်အာရှနိုင်ငံအများစုလို နည်းနည်းပူပါတယ်။ ဘေးက ထိုင်းမလေး(၂)ယောက်နဲ့လည်း ဖက်မနေနိုင်တော့ဘူး။ နင်တို့သွားမဲ့နေရာကို လစ်လို့ ပြောလိုက်တော့ လူလယ်ခေါင်မှာ ကိုရီးရဲ့ပါးတဖက်စီကို မွှေးမွှေးပေးပြီး ဆိုင်ကယ်နဲ့ထွက်သွားကြပါတယ်။ခဏနေတော့ ဟိုတယ်မှာ အခန်း ready ဖြစ်ပြီဆိုလို့ အခန်းမှာ တရေးအိပ်တယ်။ ညနေရောက်တော့ မဲခေါင်မြစ်နားက ညစျေးကို သွားလည်ရင်း လာအိုမလေးတွေကို ထိုင်ငေးရင်းနဲ့ ညစာစားပါတယ်။

(ဆက်ပါဦးမည် . . . )

ဒီနေ့က Steak Day လေ ဘေးဘေ 😋🤤ဒါမျိုးက "Eain-အိမ်"ကိုလာတဲ့အခါ .  .  . ဧည့်သည်က ပြန်ချက်ကျွေးတာမျိုးကြုံရင် စားရပါမယ်လို့ 😬
28/04/2024

ဒီနေ့က Steak Day လေ ဘေးဘေ 😋🤤

ဒါမျိုးက "Eain-အိမ်"ကိုလာတဲ့အခါ . . .

ဧည့်သည်က ပြန်ချက်ကျွေးတာမျိုးကြုံရင် စားရပါမယ်လို့ 😬

ဒီနေ့ (April 26) မှာ နေက ဘန်ကောက်မြို့ပေါ်တည့်တည့်မှာ ရှိပါမယ်တဲ့ ☀️🥵🌡️🌡️+43'C🥵🥵🥵⛔မလိုအပ်ဘဲ အပြင်မထွက်ကြနဲ့ဗျာ။ ထွက်မယ်ဆ...
26/04/2024

ဒီနေ့ (April 26) မှာ နေက ဘန်ကောက်မြို့ပေါ်တည့်တည့်မှာ ရှိပါမယ်တဲ့ ☀️🥵

🌡️🌡️+43'C🥵🥵🥵

⛔မလိုအပ်ဘဲ အပြင်မထွက်ကြနဲ့ဗျာ။ ထွက်မယ်ဆိုလည်း ထီးတော့ယူကြပါ။

✅အကောင်းဆုံးကတော့ "Eain-အိမ်"မှာ နားနေပါ။ ကျယ်ကျယ်ဝန်းဝန်း လင်းလင်းချင်းချင်းနဲ့ ဘီယာအေးအေးလေး မြုံ့။ ညနေဆို ရေကူးရင်း အပန်းဖြေ။

ဒီရာသီဥတုမှာ "Eain-အိမ်"က အကောင်းဆုံး 😉

Photo-crd

Address


Website

Alerts

Be the first to know and let us send you an email when Eain - အိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share