ACMEံ Travels Myanmar

  • Home
  • ACMEံ Travels Myanmar

ACMEံ Travels Myanmar Explore and Discover Myanmar Beyond Common.

06/12/2018
11/11/2018
27/02/2018

Inle Lake is the second largest natural lake in Myanmar. It is situated in the middle of the Nyaungshwe Valley, nestled between two mountain ranges that extend north to south.

Inle Lake, the only place in the entire world where you can see and experience the unusual art of fishing and one leg pa...
28/12/2017

Inle Lake, the only place in the entire world where you can see and experience the unusual art of fishing and one leg paddling.

ံ  and Discover Myanmar Beyond Common.ငွေကျပ် - 100 တည်းနဲ့ရန်ကုန်မြစ်တွင်းသဘောင်္စီးကြမယ်။ စင်ရော်လေးတွေကိုအစာကျွေးရင်...
05/12/2017


and Discover Myanmar Beyond Common.

ငွေကျပ် - 100 တည်းနဲ့ရန်ကုန်မြစ်တွင်းသဘောင်္စီးကြမယ်။

စင်ရော်လေးတွေကိုအစာကျွေးရင်း ရန်ကုန်မြို့ရဲ့ဆောင်းလေအေးမြမြကိုခံစားရင်း စားချင်တာတွေဝယ်စားရင်း သဘောင်္ကြီးစီးရမှာဆိုတော့ ..... ဇိမ်ပဲနော်။ ဇိမ်ပဲ။

သဘောင်္ပေါ်မှာစားသောက်ခန်းလည်းရှိတာမို့ ကော်ဖီ၊ လက်ဖက်ရည်မှအစ ထမင်း၊ ဟင်းလည်းမှာစားလို့ရသေးတယ်။

အသီးအနှံတွေ၊ သရေစာမုန့်တွေကိုလည်း ဆိပ်ကမ်းမှာရော၊ သဘောင်္ပေါ်မှာပါ အလျှံအပယ်ဝယ်စားလို့ရတာကြောင့် ဘာလိုသေးလဲ။ တကယ်ပျော်စရာကြီးနော်။

စားပြီးလို့ကျန်နေတဲ့အမှိုက်တွေကိုလည်း မြစ်ထဲပစ်မချပဲ စည်းကမ်းတကျစွန့်ပစ်ပြီးနိုင်ငံကြီးသားများအဖြစ်လည်း ဂုဏ်ယူကြမယ်နော်။

ဒါကြောင့် .... ဒီတစ်ခါ ရန်ကုန်မြစ်တွင်းမှာ ငွေကျပ် - 100 တည်းနဲ့သဘောင်္စီးရင်းအတွေ့အကြုံအသစ်တွေယူကြရအောင်။ 😊😊

ချောက်ကမ်းပါးကြီးတွေဖြစ်တဲ့ကျောက်နံရံတွေကို ထွင်းထုတည်ဆောက်ပြီး 14 ရာစုအစောပိုင်းနှင့် 17 - 18 ရာစုနှစ်များရဲ့အငွေ့အသက်တ...
02/12/2017

ချောက်ကမ်းပါးကြီးတွေဖြစ်တဲ့ကျောက်နံရံတွေကို ထွင်းထုတည်ဆောက်ပြီး 14 ရာစုအစောပိုင်းနှင့် 17 - 18 ရာစုနှစ်များရဲ့အငွေ့အသက်တို့လွှမ်းခြုံရာ ဂမ္ဘီရဆန်နေသောရှေးဟောင်းမြို့တော် (သို့မဟုတ်) ဗိုလ်ဝင်တောင် နှင့် ရွှေဘတောင်။

28/11/2017
သမိုင်းဆိုတာ တကယ်ဖြစ်တည်ခဲ့တဲ့အရာတွေပါ။
02/11/2017

သမိုင်းဆိုတာ တကယ်ဖြစ်တည်ခဲ့တဲ့အရာတွေပါ။

မဟာမုနိဘုရားပရဝဏ်ရှိ ကြေးရုပ်ကြီး များ သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ မဟာမုနိ ရုပ်ပွားရှင်တော်မြတ် တည်ရှိရာ မဟာရာမ် အတွင်းတွင် တည်ရှိသည်. ကြေးရုပ်ကြီး များမှာ ခေါင်းသုံးလုံးနှင့် ဧရာဝဏ်ဆင်ရုပ် (၁) ၊ နတ်ရုပ် (၂) ၊ ခေါင်း (၁)ခု ပြုတ်နေသော ခြင်္သေ့ ကိုယ်နှင့်ခေါင်း၊ ခေါင်းမရှိသော ခြင်္သေ့ကိုယ်ထည်တစ်ခုတို့...

26/10/2017

Myanmar in 5 Minutes.

19th century after colonial in Burma.
13/10/2017

19th century after colonial in Burma.

🚞🚞 မြန်မာ့မီးရထား နှင့် ရထားစီးခြင်းအနုပညာ။ 🚞🚞ဒေသန္တရဗဟုသုတတွေလည်းအများကြီးရ၊ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံအသစ်တွေနဲ့စိတ်လ...
03/10/2017

🚞🚞 မြန်မာ့မီးရထား နှင့် ရထားစီးခြင်းအနုပညာ။ 🚞🚞

ဒေသန္တရဗဟုသုတတွေလည်းအများကြီးရ၊ ခရီးစဉ်တစ်လျှောက် အတွေ့အကြုံအသစ်တွေနဲ့စိတ်လှုပ်ရှားပျော်ရွှင်ရပြီး ခရီးသွားခြင်းရဲ့အနှစ်သာရကိုလည်း အကောင်းဆုံးရရှိခံစားစေမှာမို့ ရထားနှင့်ခရီးသွားခြင်းအကြောင်းကို ACMEံကဝေမျှပေးမယ်နော်။


and Discover Myanmar Beyond Common.

လက်မှတ်ကိုဘယ်လိုဝယ်ရမလဲ .................

ရထားလက်မှတ်ကိုတော့ 3 ရက်ကြိုဝယ်လို့ရပါတယ်။ 3️⃣3️⃣ ကြိုတင်ရောင်းသည့်ရထားလက်မှတ်ရုံကတော့ ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်က မြန်မာ့မီးရထားရုံးမှာ နံနက် 7:00 ကနေပြီး ညနေ 3:00 ထိရောင်းချပေးပါတယ်။ 🕖🕒 ခရီးအသွားများတဲ့ရက်တွေမှာဆို မနက်အစောကြီးထတန်းစီဝယ်ရပါတယ်။ သွားမယ့်ရက်မှဝယ်ယူမယ်ဆိုရင်တော့ ရန်ကုန်ဘူတာကြီးလက်မှတ်အရောင်းဌာနတွေမှာဝယ်လို့ရပါသေးတယ်။ အချိန်အရမ်းနီးကပ်သွားရင်တော့ ရထားလက်မှတ်ရနိုင်၊ မရနိုင် မသေချာတော့ဘူးပေါ့။ 😊😊

ဈေးနှုန်းတွေက ..................

ရထားတွဲတွေကို Upper Class Sleeper (အထူးတန်း အိပ်စင်), Upper Class Seat (အထူးတန်း) , Second Class Seat နှင့် Ordinary Class Seat (ရိုးရိုးတန်း) ဆိုပြီးအမျိုးအစား 4 မျိုးခွဲထားပါတယ်။ သတ်မှတ်ထားတဲ့ ရထားလက်မှတ်ဈေးနှုန်းတွေကတော့ -
Upper Class Sleeper - 16,500 ကျပ်
Upper Class Seat - 12,000 ကျပ်
Second Class Seat - 6,500 ကျပ်
Ordinary Class Seat - 4,500 ကျပ်။

ရထားတွဲအခြေအနေ ................

ACMEံကတော့ Upper Class နဲ့သွားပါတယ်။ ရထားတွဲကအရမ်းကြီးအကောင်းမဟုတ်ပေမဲ့ သန့်ရှင်းမှုရှိပါတယ်။ 🚂🚂 ပြတင်းပေါက်ရဲ့တစ်ဖက်မှာ မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ထိုင်ခုံ 4 ခုံရယ်၊ အခြားပြတင်းပေါက်တစ်ဖက်မှာတော့ မျက်နှာချင်းဆိုင်ထိုင်ရတဲ့ ထိုင်ခုံ 2 ခုံ ရယ်ထားရှိပြီး Upper တွဲ 1 တွဲမှာ စုစုပေါင်း လူ 30 လိုက်ပါစီးနင်းနိုင်ပါတယ်။ ပန်ကာ 5 လုံး၊ မီးချောင်းသေးသေးလေး 5 ခုထွန်းထားပေးပြီး ပြတင်းပေါက်တွေကိုလည်း အဖွင့်အပိတ်လုပ်လို့ရပါတယ်။ 💡💡 ဘိုထိုင်နဲ့ ရိုးရိုးအိမ်သာဆိုပြီး အိမ်သာ 2 လုံးထားထားပေးပြီး လက်ဆေး၊ မျက်နှာသစ်ဖို့ Wash Basin လည်းထားပေးထားပါတယ်။ 🚻🚻 ရိုးရိုးတန်းမှာတော့ သစ်သားခုံတန်းရှည်နဲ့ 1 ခုံမှာ 2 ယောက်ထိုင်ရပါတယ်။ စားသောက်တွဲပါပြီး ဈေးနှုန်းသက်သာပါတယ်။ စားသောက်တွဲဝန်ထမ်းများကဖော်ရွေပြီး သေချာဝန်ဆောင်မှုပေးပါတယ်။ 👨🏽‍🍳👨🏽‍🍳

ရထားစထွက်ပြီ ......................

ရန်ကုန်ဘူတာကြီးကနေ ရထားစထွက်တော့ ညနေ 4:00 တိတိပါ။ (အချိန်အတိအကျထွက်ပါတယ်။) ရထားထွက်ထွက်ခြင်းတွေ့ရတဲ့ ရန်ကုန်မြို့ရဲ့ရထားလမ်းရှုခင်းတွေက တော်တော်အကျည်းတန်ပါတယ်။ အနံ့အသက်လည်းမကောင်းပါ။ ဒါပေမဲ့ ရန်ကုန်မြို့နေအခြေခံလုပ်သားတွေရဲ့ရုန်းကန်လှုပ်ရှားမှုတွေ၊ လူနေထိုင်မှုပုံစံတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်လို့အကျည်းတန်မှုတွေကိုမေ့ထားနိုင်ပါတယ်။ ရန်ကုန်မြို့ပြင်က စက်မှုဇုံတွေ၊ စက်ရုံကြီးတွေကျော်လာရင်တော့ လတ်ဆတ်တဲ့လေနုအေးနဲ့အတူ စိမ်းစိုနေတဲ့စပါးခင်းကြီးတွေ၊ လက်သိမ်းပြန်လာကြတဲ့လယ်သမားများနှင့် ကောက်စိုက်သမတွေကို လက်ပြနှုတ်ဆက်ရင်း ကျေးလက်ရဲ့နေဝင်ဆည်းဆာကိုခံစားနိုင်ပါတယ်။

နေဝင်သွားလို့မှောင်ရီပျိုးသွားတာနဲ့ ဂျုံးဂျုံးဂျက်ဂျက်မီးရထားပေါ်ဘာတွေလုပ်ကြမလဲ ...................

ဂျုံးဂျုံးဂျက်ဂျက်စည်းချက်ညီနေတဲ့ရထားပေါ် ပျင်းနေမယ်လို့ထင်ရင် လုံးဝမှားသွားမယ်နော်။ 😉😉 စားသောက်တွဲဖက်ကိုကူး၊ စားချင်တာမှာစား၊ သောက်ချင်တာမှာသောက်ပြီး ခရီးသွားဖော်တွေနဲ့မိတ်ဖွဲ့လို့ရပါတယ်။ Foreigners တွေရော၊ ဒေသခံခရီးသွားဖော်တွေနဲ့ပါ စကားပြော၊ မိတ်ဖွဲ့၊ အတွေ့အကြုံတွေဖလှယ်၊ နိုင်ငံရေး၊ စီးပွားရေး၊ သတင်း၊ အတင်းစုံတကာစေ့နေအောင် ပြောလိုက် ရယ်လိုက်နဲ့ ည 9:00 နာရီ စားသောက်တွဲပိတ်ချိန်၊ အတင်းနှင်မှ ကိုယ့်ရထားတွဲကိုယ်ပြန်ရတဲ့ အထိပါပဲ။ 😁😁 အများနဲ့နေရတာ မကြိုက်ဘူး တစ်ယောက်တည်းအေးဆေးနေချင်တယ်ဆိုရင်လည်း ရသေးတယ်။ တစ်ယောက်တည်း သီချင်းနားထောင်မလား၊ စာဖတ်မလား၊ Game ဆော့မလား၊ Down ထားတဲ့ Videos တွေကြည့်မလား ... လုံးဝအငြိမ့်။ စားသောက်တွဲကမှာစားချင်တယ်ဆိုလည်း နာရီဝက်တစ်ခါ စားသောက်တွဲကဝန်ထမ်းတွေကအမှာစာလိုက်ယူတာမို့ မှာပြီးကိုယ့်နေရာမှာစားရုံပါပဲ။ 😊😊 စည်းချက်မှန်မှန်သွားနေတဲ့ရထားပေါ် လှုပ်ခါပြီးအိပ်ရတာကလည်း ဘယ်မှာမှမရနိုင်တဲ့လုံးဝအမိုက်စား Experience အသစ်ပါ။ 😄😄

ဘူတာ နှင့် ဈေးသည်များ .............

သာယာဝတီရောက်တော့ ဘူတာမှာခဏရပ်ပါတယ်။ ရထားဝင်လာတည်းကဈေးသည်တွေ လှုပ်လှုပ်ရွရွဈေးဗန်းကြီးရွက်လို့ အရှိန်မသေသေးတဲ့ရထားပေါ်အလုအယက်တက်ရောင်းကြတာ ဆပ်ကပ်ပြပွဲကြည့်ရနေရသလိုပဲ။ 😊😊 ဖက်နဲ့ထုပ်ထားတဲ့ထမင်း 1 ထုပ်မှ - 500 ကြက်သားနဲ့၊ မြေပဲပြုတ်၊ ပန်းသီး၊ ပြောင်းဖူးပြုတ်၊ ကွမ်းယာ၊ ဆေးလိပ်၊ သကြားလုံးအစုံပါပဲ။ ရေပူ၊ ရေအေးရောင်းတဲ့သူတွေတောင်ရှိပါသေးတယ်။ 🌽🥜 🍬 7 မိနစ်လောက်ပဲ ခဏနားပြီးရထားဆက်ထွက်လာပါတယ်။ မှော်ဇာရောက်တော့ တော်တော်ညဥ့်နက်နေပါပြီ။ မှော်ဇာဘူတာမှာ ကြုံရာအိပ်တဲ့သူတွေ၊ ဖြစ်သလိုဖျာစုတ်ခင်းပြီးအိပ်သူတွေ အပြည့်ပါ။ မနက်ကုန်ရထားအလာကို အိပ်ပြီးစောင့်ကြတယ်နဲ့တူပါတယ်။ ပန်း၊ ဟင်းသီးဟင်းရွက်ကုန်စည်တွေကလည်း ဘူတာမှာအပြည့်။ ညဥ့်နက်နေပေမယ့် ဘူတာထဲမှကထမင်းဆိုင်သေးသေးလေးတွေမှာတော့ မီးအရှိန်ကောင်းနေဆဲ၊ ဆိုင်ရှင်ကလည်းချက်ပြုတ်နေဆဲ။ 3 မိနစ်လောက်နေတော့ ရထားပြန်ထွက်လာပါတယ်။ ရထားဥသြသံနဲ့အတူ Admin ရဲ့ သက်ပြင်းရှည်ကြီးက မှော်ဇာဘူတာမှာကျန်ခဲ့ပါတယ်။ 😔😔

နံနက်မိုးသောက်ပြီ ........................

တလှုပ်လှုပ်ခုန်နေတဲ့ရထားက လူတွေကိုပခက်ထဲချော့သိပ်ထားသလို အိပ်မောကျနေစေတယ်။ 😄😄
နံနက် 5:30 နာရီက နေထွက်ချိန်ကိုကြည့်ဖို့အကောင်းဆုံးအချိန်ပါ။ 🌄🌄ရထားပြတင်းပေါက်တွေဖွင့်လိုက်တော့ လတ်ဆတ်တဲ့လေနုအေးက လူကိုလန်းဆန်းသွားစေတယ်။ 🛤🛤 ရောင်နီပေါ်ပြီး နေလုံးတဖြည်းဖြည်းချင်းထွက်လာတာကို သွားနေတဲ့ရထားပေါ်က မတူညီတဲ့ကျေးလက်ရှုခင်းတွေနောက်ခံထားပြီးကြည့်ရတာ ဘယ်လိုတောင်ကြည်နူးဖို့ကောင်းလိုက်သလဲ။ 🌅🌅(ကိုယ်တိုင်သွားပြီးခံစားကြည့်မှသိနိုင်မှာမို့ မပြောတော့ဘူးနော်။)
နံနက်စာကို ရထားရဲ့စားသောက်တွဲမှာပဲအေးအေးဆေးဆေးစားလို့ရပါတယ်။ ☕️☕️ ဒါမှမဟုတ်ဒေသအစားအစာစားချင်တယ်၊ထမင်းဟင်းမှစားချင်တယ်ဆိုရင် သာမြားဘူတာနဲ့၊ ကျောက်ပန်းတောင်းဘူတာမှာ ရထားခဏနားတုန်း အကြော်စုံ၊ ထမင်း၊ ဟင်း၊ ကောက်ညှင်းပေါင်းတွေဝယ်စားလို့ရပါတယ်။ 🌮🌮 ရထားပေါ်ကလူတော်တော်များများကတော့ သာမြားဘူတာမှာ အလုအယက်ထမင်းဟင်း ဆင်းဝယ်ကြပါတယ်။ ထူးဆန်းတာတစ်ခုက သာမြားဘူတာမှာရထားပေါ်တက်ထမင်းထုပ်မရောင်းပဲ ရထားပေါ်ကလူတွေဆင်းပြီးတိုးဝှေ့ဝယ်ကြရခြင်းပါ။ 🍛🍛Admin တောင်ဆင်းပြီးအပြေးလုဝယ်ချင်ပေမယ့် ရထားထွက်ရင်ပြန်ပါမလာမှာစိုးလို့ရထားပေါ်ကနေပဲလုဝယ်နေကြတဲ့သူတွေနဲ့အတူပျော်ရွှင်ရင်း သရေကျခဲ့ရတယ်။ 😁😁 နံနက်ခင်းရဲ့ရှုခင်းတွေက လတ်ဆတ်သစ်လွင်နေပြီး နေ့သစ်ရဲ့ခွန်အားသစ်တွေကလည်း လူတွေကိုတက်ကြွရွှင်လန်းနေစေတယ်။ 👩🏽‍🌾👩🏽‍🌾 ကျေးလက်ဒေသတွေရဲ့ဓလေ့ထုံးစံ၊ အလေ့အကျင့်၊ လူနေမှုပုံစံတွေက တစ်နေရာရောက်တိုင်းပြောင်းလဲမှုအသစ်၊ အတွေ့အကြုံအသစ်အဖြစ်မြင်တွေ့ရတာမို့ ရထားစီးခြင်းမှသာရနိုင်တဲ့ အကျိုးကျေးဇူးပါ။ 🏞🏞 ရေခံမြေခံပြောင်းလဲလာတာနဲ့အမျှ ခံစားသက်ဝင်ပြီးဆွဲဆောင်မှုရှိလှတဲ့ သဘာဝအလှတွေရဲ့ပြောင်းလဲမှုကို ခရီးစဉ်အစမှအဆုံးတွေ့ရမှာမို့ ရထားစီးပြီးခရီးသွားခြင်းက တကယ်ကိုတသက်စာအမှတ်တရဖြစ်စေမှာပါ။ 🛤🛤

ပုဂံရောက်ပြီ .....................

မိုးရွာပြီးစ မြူခိုးဝေနေတာကြောင့် ပုပ္ပါးတောင်မကြီးကိုမမြင်ရပေမယ့် ထန်းပင်တန်းကြီးတွေ၊ သဲချောင်းကြီးတွေ၊ သဲတောင်စောင်းပြတ်တွေနဲ့ လှပတဲ့ဒေသရှုခင်းတွေက ပုဂံသို့မကြာခင်ရောက်တော့မယ်လို့ပြောပြနေပါတယ်။ ပုဂံဘူတာကိုရောက်လာတော့ နေ့လည် 10:58 ရှိနေပါပြီး။ ကြီးကျယ်မြင့်မြတ်တဲ့ မြန်မာတို့ရဲ့မြတ်နိုးရာအသည်းနှလုံးပေါ်ခြေချရင်း ...... ။

ACMEံ

Address


Website

Alerts

Be the first to know and let us send you an email when ACMEံ Travels Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share