MayMyo Guesthouse

  • Home
  • MayMyo Guesthouse

MayMyo Guesthouse Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MayMyo Guesthouse, Travel Company, .

 #မဟာအံ့ထူးကံသာဘုရား #ပြည်​ချစ်​ဘုရား
30/09/2017

#မဟာအံ့ထူးကံသာဘုရား
#ပြည်​ချစ်​ဘုရား

30/09/2017
ပြင်​ဦးလွင်​အလည်​လာသူများအတွက်​မိသားစုများသူများအတွက်​ ​ခေတ္တတည်းခိုဖို့လုံးချင်းအိမ်​ ၄ အိမ်​ရှိပါတယ်​အခန်း ၃ခန်းပါ...
30/06/2017

ပြင်​ဦးလွင်​အလည်​လာသူများအတွက်
မိသားစုများသူများအတွက်​ ​ခေတ္တတည်းခိုဖို့
လုံးချင်းအိမ်​ ၄ အိမ်​ရှိပါတယ်
အခန်း ၃ခန်းပါပါတယ်
တစ်​ရက်​ ၅သောင်း ပဲယူပါတယ်​... တစ်​အိမ်​လုံးပါ
လူ ၁၀​ယောက်​စာ ​​စောင်၊ ​ခေါင်းအုံး၊ ​မွေ့ယာရှိပါတယ်
ဈေးဝယ်​ရန်​လည်း နီးပါတယ်

ပြင်​ဦးလွင်​မြို့တွင်း လည်​ပတ်​ဖို့ ကားလည်း
ငှါးနိုင်​ပါတယ်​...
၎သောင်းပါ
(ကန်​​တော်​ကြီး၊ ဘုံ​ကျောင်း၊ ပွဲ​ကောက်​​ရေတံခွန်​၊ မဟာအံ့ထူးကံသာဘုရား ၊ ဒီဇင်​ဘာခြံ၊ YGW ခြံ၊ ပိတ်​ချင်း​မြောင်​)

ဖုန်း 09955054100
09775054100

04/05/2017
လွပ်လပ်ရေး မရခင် မေမြို့ အစိုးရ ရုက္ခဗေဒ ဥယျာဉ်(ယခု ကန်တော်ကြီး ဥယျာဉ်)၏ အကြောင်း---မေမြို့ အစိုးရ ရုက္ခဗေဒ ဥယျာဉ်ကို(1914...
04/05/2017

လွပ်လပ်ရေး မရခင် မေမြို့ အစိုးရ ရုက္ခဗေဒ ဥယျာဉ်(ယခု ကန်တော်ကြီး ဥယျာဉ်)၏ အကြောင်း
-
-
-
မေမြို့ အစိုးရ ရုက္ခဗေဒ ဥယျာဉ်ကို(1914-1915) ခုနှစ်တွင် သစ်တော
သုသေသနအရာရှိ Sir Anexander Rodger(O.D.E) ကစတင်ပြီး ရုက္ခဗေဒဥယျာဉ် တစ်ခု ဖြစ်ပေါ်လားရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်..။
ရှေးဦးစွာ ရုက္ခဗေဒဥယျာဉ် တည်ထောင်မည့် မြေနေရာ ပေါ်တွင်မူလက ရွာအဖြစ်ရှိသော ကဒက်တောရွာ ကို ရွာနှင့် ၂-မိုင်ခန့်ဝေးသည့်နေရာသို့
ရွှေ့ပြောင်းပေးခဲ့ပါသည်..။ယုအခါ ထိုရွာမှာ ညောင်နီရွာ အမည်ဖြင့် တည်ရှိနေပါသည်…။
-
1917 ခုနှစ်တွင် အစိုးရရုက္ခဗေဒဥယျာဉ် Government Botanical Garden အဖြစ် တည်ထောင်ရန် အတွက် တရားဝင်ခွင့်ပြုမိန့် ထုတ်ပြန်ကြေငြာ
ခဲ့သည်..။
-
ထိုသို့အစိုးရက တရားဝင်ခွင့်ပြုမိန့် ထုတ်ပြန်ပြီးနောက် Sir Alexander Rodger (အမှု့ဆောင် အင်ဂျင်နီယာ) ၊ Otway Wheeler Cuffe ၏ ဇနီး Chorlotte Wheeler Cuffe(ရုက္ခဗေဒ ပညာရှင်) နှင့် Mr.R.C.J Swinhoe ဆိုသူတို့ ကအနီးကပ် ကူညီခဲ့ကြသည်။သူတို့ သုံးဦးသည် ရှေးဦးစွာ ရုက္ခဗေဒဥယျာဉ် အတွက် မြေများ ပြုပြင်ရှင်းလင်းခြင်း ၊ပုံစံထုတ်လုပ်ခြင်း၊
သိပ္ပံနည်းကျ သစ်ပင်အုပ်စုများခွဲခြားစိုက်ပျိုးရန် အတွက် မေမြို့ဒေသမှ စုဆောင်းရရှိသော သစ်ပင်များကို ပြုစု စိုက်ပျိုးကြသည်..။
-
ရုက္ခဗေဒဥယျာဉ်ကို တည်ထောင်နေစဉ်မှာပင် မြန်မာပြည် ဘုရင်ခံချုပ် Sir Harcourt Butler က ရုက္ခဗေဒဥယျာဉ်ကို ပဏာရစေရန်အတွက်သာမက တစ်ဆက်တည်း ဖြစ်စေရန် ကဒက်တောရေထွက်မှ စီးဆင်းလာသော ရေကို အခြေခံပြီး ကန်တော်ကြီး ကို တူးဖော်ခဲ့ပြီးနောက် ကန်တော်ကြီး ဖြစ်ပေါ်
လာသော အခါ ၄င်း၏ အမည်ကို အစွဲပြု၍ Harcourt Butler Lake
ဟု အမည် ပေးခဲ့လေသည်..။
-
ရုက္ခဗေဒဥယျာဉ်ကို (1920-1921)ခုနှစ်ထိ စိုက်ပျိုးရေးဌာနက တာဝန်ယူပြီးနောက် သစ်တောဦးစီးဌာန က တာဝန်ယူ ထိန်းသိမ်းခဲ့သည်..။
ရုက္ခဗေဒဥယျာဉ်ကြီး အတွက် ကမ္ဘာ့ကျော် KEW ဥယျာဉ်ကြီးကလည်း အကူအညီများပေးခဲ့ပြီး KEWဥယျာဉ်ကြီးမှ ရုက္ခဗေဒ နှင့် ဥယျာဉ်ပညာရှင် MR.R.E Cooper အား ပထမဆုံး အုပ်ချုပ်ရေးမှုး အဖြစ် စေလွှတ်ခန့်အပ်ခဲ့
သည်…။Mr.R.E Cooper သည် မေမြို့အစိုးရ ရုက္ခဗေဒ ဥယျာဉ် သာမက
မေမြို့၊မန္တလေး၊ရန်ကုန် ဘုရင်ခံ အိမ်တော်များ ရှိ ဥယျာဉ်များကိုပါ ကြည့်ကြပ် အုပ်ချုပ်ရလေသည်…။ MR.R.E Cooper လက်ထက်တွင် ကမ္ဘာ့အရပ်ရပ် မှ ထင်ရှားသောရုက္ခဥယျာဉ်ကြီးများနှင့် ဆက်သွယ်ကာ သစ်ပင် ၊ပန်းပင်များ ဖလှယ်မှု့ကို ပြုလုပ်ခဲ့သည်…။သို့သော် MR.R.E Cooper မှာ အထက်
ဖော်ပြပါ မေမြို့၊မန္တလေး၊ရန်ကုန် ဘုရင်ခံ အိမ်တော်များရှိ ဥယျာဉ်များကို ကြည့်ကြပ် အုပ်ချုပ်နေရသဖြင့် မေမြို့ အစိုးရ ရုက္ခဗေဒ ဥယျာဉ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသောအခါ 1922-ခုနှစ် တွင် မေမြို့ အစိုးရ ရုက္ခဗေဒဥယျာဉ် အုပ်ချုပ်ရေးမှုး တာဝန်မှ နုတ်ထွက်ပြီး ရန်ကုန်မြို့ရှိ Agri-Hoiticultural Garden သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်…။
-
1924-ခုနှစ် ၊ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဧက (240)ရှိ မေမြို့အစိုးရ ရုက္ခဗေဒဥယျာဉ်ကို သစ်တောဌာန က ကာကွယ်တော အဖြစ် အမိန့်ထုတ်ပြန် ကြေငြာခဲ့သည်…။
-
Mr.R.E Cooper နုတ်ထွက်ပြီးနောက် ၄င်းနေရာကို အိန္ဒိယ နိုင်ငံမှ ဥယျာဉ် ပညာရှင် MR.C.T Bogg ကို အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ယူစေသည်..။
Mr.R.E Cooper လက်ထက်တွင် မေမြို့အစိုးရ ရုက္ခဗေဒဥယျာဉ် နှင့် ပါတ်သတ်၍ ရည်ရွယ်ချက် (၄)ချက်ကို မေမြို့တွင် အခြေစိုက်ထားသော
မြောက်ပိုင်းတိုင်း သစ်တောမင်းကြီး Mr.C.B Smales (Conservator of
Forest,Nothern Circle) က ရေးဆွဲပေးခဲ့သည်..။ထိုရည်ရွယ်ချက်(၄)ချက်မှာ
အောက်ပါအတိုင်းဖြစ်သည်…။
-
(၁)သစ်ပင်များ အကြောင်း ဗဟုသုတ ရစေရန် နှင့် လက်တွေ့ ဥယျာဉ်
စိုက်ပျိုးရေး နှင့်သဘာဝအကြောင်း နားလည်ရေးအတွက် သင်ကြားပေး
သည့် ပညာရေး အဆောက်အအုံ တစ်ခုပေါ်ထွက်လာစေရန်…။
-
(၂)သုသေသန ဓါတ်ခွဲခန်း တစ်ခု အဖြစ် တည်ထောင်ပြီးသစ်ပင်မျိုးကွဲများ ရှာဖွေရန် တွေ့ရှိသည့် မျိုးသစ်များအား အများပြည်သူလူထု သိရှိနားလည်
စေရန်အတွက် အသိပေးရန်၊သစ်ပင် ပန်းပင်များ စိုက်ပျိုးရန် အတွက် နည်းပညာအသစ်များဖြင့်စမ်းသပ် စိုက်ပျိုးရန်၊သစ်ပင်များ အများအပြား စုဆောင်းပြီး ဒေသနှင့် ကိုက်ညီသည့် မျိုးသစ်များ ဖော်ထုတ်ရန်၊သစ်ပင်များ
တွင် ဖြစ်ပွားစေတက်သော ရောဂါများ လေ့လာပြီး ရောဂါနှိမ်နှင်းရေးအတွက် နည်းလမ်းရှာဖွေရန်နှင့် မြေဆီမြေနှစ်ကောင်းမွန်းရန်၊မြေသြဇာကျွေးရန် အတွက် စမ်းသပ်မှု့များ ပြုလုပ်ရန်…။
-
(၃)ပန်းဥယျာဉ်တစ်ခု တွင် ရှိသင့်သည့် ပန်းများ စိုက်ပျိုးပြသပြီး ကိုယ်တိုင်
စိုက်ပျိုးသည့် ဥယျာဉ်မှုးများ အဖြစ် ဆွဲဆောင်ပေးနိုင်သည့် ပြခန်းတစ်ခု
ဖြစ်လာစေရန်..။
-
(၄)ရှိသမျှ ပန်းဥယျာဉ်များအနက် မျိုးပေါင်းစုံလင်သည့် လှပသောဥယျာဉ်တစ်ခု အဖြစ်တည်ဆောက်ရန် နှင့် လာရောက်အပန်းဖြေသူများအား စိတ်ရော
ကိုယ်ပါ အနားယူအပန်းပြေစေရန် စသည့် တို့ဖြစ်ပါသည်…။
-
1923-1926 ခုနှစ်အထိ ရုက္ခဗေဒ ဥယျာဉ်ကို ရန်ပုံငွေ အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခဲ့ရ သဖြင့် ဥယျာဉ်၏လုပ်ငန်းများထင်တိုင်းမပေါက်ဘဲ ဖြစ်ခဲ့ရာ 1926-1928 ခုနှစ် တွင် သစ်တောမင်းကြီး Mr.H.R Blanford,O.B.E
(Conservator of Forests) လက်ထက်တွင် ရုက္ခဗေဒ ဥယျာဉ် လုပ်ငန်းများ
တွင်ကျယ်စေရန် ရန်ပုံငွေ လုံလုံလောက်လောက်ပိုမို၍ချပေးခဲ့ နိုင်ခဲ့သဖြင့်
(1932-1933)ခုနှစ်တွင် သိသိသာသာတိုးတက်လာခဲ့သည်…။
-
1942-ခုနှစ်တွင် အုပ်ချုပ်ရေးမှုး Mr.C.T Bogg သည် ဒုတိယ ကမ္ဘာ့စစ်တွင် ဗြိတိသျှ တပ်တွင် စစ်မှု့မထမ်း မနေရ အမိန့်ကြောင့် စစ်ထဲ ၀င်ခဲ့ရသဖြင့် အုပ်ချုပ်ရေးမှုး တာဝန်ကို စွန့်လွှတ်ခဲ့ရသည်မှ စ၍ ရုက္ခဗေဒဥယျာဉ် ကို ထိမ်းသိမ်းမည့်သူမရှိတော့ပေ..။
-
1942-1947 ခုနှစ် ဒုတိယ ကမ္ဘာ့စစ် (၅)နှစ်တာ ကာလ အတွင်း ရုက္ခဗေဒ
ဥယျာဉ် မှာ ထိမ်းသိမ်းစောင့်ရှောက်မည့်သူ လုံးဝ မရှိတော့ သဖြင့် ချုံနွယ်ပိတ်ပေါင်း များ ဖုံးလွှမ်းခြင်း အထူးသဖြင့် သစ်ပင် ပန်းမန် များကို အလွယ်တကူ ပျက်စီးစေနိုင်သော စိန်နားပန် ချုံပင်များ ထူထပ်စွာ
ပေါက်ရောက်လွှမ်းမိုးခံရခြင်း နှင့် တောမီးလောင်ကျွမ်းခြင်းတို့ကြောင့် ယခင်စိုက်ပျိုးထားသော သစ်ပင်များ ပျက်စီးဆုံးရှုံးခဲ့ရသည် သာမက ဥယျာဉ်အတွင်းရှိ အဆောက်အဦးများ လမ်းများလည်း ပျက်စီးခဲ့ရလေေ
တော့သည်…။

ကိုးကား-မေမြို့ချစ်ဆွေ ၏ သမိုင်းဝင်ဖြစ်စဉ် ပြင်ဦးလွင်မှ

Address


Opening Hours

Monday 07:00 - 17:00
18:00 - 19:00
Tuesday 07:00 - 17:00
18:00 - 19:00
Wednesday 07:00 - 17:00
18:00 - 19:00
Thursday 07:00 - 17:00
18:00 - 19:00
Friday 07:00 - 17:00
18:00 - 19:00
Saturday 07:00 - 17:00
18:00 - 19:00
Sunday 07:00 - 17:00
18:00 - 19:00

Alerts

Be the first to know and let us send you an email when MayMyo Guesthouse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share