ဘားအံ Tour Plan လေး မကြေငြာခင်မှာ🫶🏼🫶🏼
တိမ်တဝက် မြူတစ်ဝက်နဲ့ လှနေတဲ့ တောင်တန်းတွေ အကြောင်း နဲ့ လှပတဲ့ ရှုခင်းလေးတွေကို အတူတူခံစားကြည့်လို့ရအောင် မင်မင်တို့ Vlog လေး တစ်ခု လုပ်ထားပါတယ်🤗🥰🦋
ပထမဆုံး လုပ်ထားတဲ့ vlog လေးတွေ ဖြစ်လို့ ချစ်တဲ့စိတ်နဲ့ သည်းခံကြည့်ပေးပါနော်😘💙🫶🏼
အဓိက ရည်ရွယ်ချက်ကတော့ customer လေးတွေကို မပို့ခင်မှာ အရင်ဆုံး မင်မင်တို့ ကိုယ်တိုင်သွားကြည့်ပြီးမှ စိတ်ချမ်းသာစွာလည်ပတ်စေဖို့ ပို့ပေးချင်တာမို့ပါ🦋🦄🍀🌱
vlog လေး ပြီးခါနီးမှာ အမှိုက်တွေနဲ့ ပွနေတဲ့ ဇွဲကပင် တောင်တက်လမ်းတလျှောက်က နေရာလေးကို ရိုက်ပြပေးထားပါတယ်☹️☹️
မင်မင်တို့ မျှဝေချင်တာလေးကတော့ လှပတဲ့ သဘာဝကို ထိန်းသိမ်းကြဖို့အတွက် အားလုံး အတူတကွ စည်းကမ်းလေးနဲ့ လည်ပတ်ရင်း အမှိုက်ကင်းစင်တဲ့ သဘာဝအလှကို အတူတူ ခံစားကြမယ်နော်🌱🍀🦋
ချစ်တဲ့
VIAJAR 🍀
#viajartraveltourmyanmar #traveltour #butgettrip #relax
ဘားအံ Tour Plan လေး မေးကြလွန်းလို့😍
မင်မင်တို့ ကိုယ်တိုင် အခုရက်ထဲ သွားထားတာလေး ကို မျှဝေ လိုက်ပါတယ်🤩
Hiking ချစ်သူများအတွက် ဇွဲကပင် တောင်တက်ခဲ့တာလေးကို vlog လေးလုပ်ပေးထားလို့ လေ့လာကြည့်လို့ရပါတယ်နော်💙
First Vlog မို့ အားနည်းချက်တွေရှိရင် ချစ်တဲ့စိတ်နဲ့ ဖြည့်ကြည့်ပေးနော်🥰
လမ်းပြ ကလေး( ခွေးလေး) နှစ်ကောင် နဲ့ တောင်ပေါ်အထိ ပင်ပင်ပန်းပန်း တက်ခဲ့ရတာလေးပါ….
ဇွဲကပင် က မိုးရာသီမှာ တကယ်ကို သိပ်လှလွန်းပါတယ်….
တိမ်တွေ မြူတွေ ရစ်သိုင်းနေတဲ့ မြင်ကွင်းနဲ့တင် ပင်ပန်းသမျှ အကုန်မေ့😍😎
မကြာခင် ဘားအံ ခရီးစဉ် အတွက် Tour Plan လေးကို ကြေငြာပေးသွားမှာမို့ Ready နော်🤩
အခုမြင်နေရတဲ့ မြင်ကွင်းလေးကတော့ 🤩🤩
အရင်တပတ်က မြင်ကွင်းလေးရဲ့ နောက်ဆက်တွဲလေးပေါ့နော် ။
စိမ်းစိုနေတဲ့ ကျောက်စိမ်းရောင် ဓနိတောကို ဖြတ်ပြီး ကျိန်တလီမြို့ ရောက်ခါနီးမှာတော့ ချောင်းလေး ထဲကနေ ပင်လယ်ဝကို ပြန်ထွက်တဲ့ မြင်ကွင်းလေးပေါ့ ။ 🦈🌴
🦀🐳အခုတခါမှာတော့ ကျွန်းငယ်လေးတွေ / တောင် တွေ / ငါးဖမ်းစက်လှေတွေ ဆိုက်ကပ်နေတဲ့ တံငါ ရွာတွေကို ပန်းချီကားတစ်ချပ်သဖွယ် မြင်တွေ့ရမှာပါ။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ် ကမ်းခြေတွေက ရေပြာပြာ ကြည်ကြည်နဲ့ သဘာဝဆန်ပြီး အရမ်းလှသလို အခုလို ချောင်းထဲက ဓနိတောတွေ ပင်လယ်ဝ တွေကို စက်လှေနဲ့ သွားကြည့်ရတာကလဲ ရင်သပ်ရှုမောစရာပါပဲ။
မင်မင်တို့ကတော့ ပလင်မော် ကမ်းခြေကနေ စက်လှေနဲ့ ကျိန်တလီ မြို့ကို သွားတယ် ။
🌴🦐🦑🦞🦀ကျိန်တလီမှာ ပင်လယ်စာ စက်လှေတွေ / ဒိုင်တွေ ဆီကတဆင့် လတ်ဆတ်တဲ့ ပင်လယ်စာတွေ ဝယ်ပြီး က
🐬🏕️ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ပလင်မော် ကမ်းခြေ မှတစ်ဆင့် ကျွန်းကို သွားတဲ့ သဘာဝ အလှလေးပဲ ဖြစ်ပါတယ် ရှင်🌴🫶🏼🍀
🌴ပလင်မော် ကမ်းခြေ ကနေ ကြောင်မချိုင်ကျွန်းကို ဓနိတော ထဲက ဖြတ်သွားရတဲ့ အရသာ ဟာ ဘာနဲ့မှ မလဲနိုင်သလို စက်လှေပေါ် အတူတူ ပါလာတဲ့ သူငယ်ချင်းတွေကိုတောင် စကားမပြောနိုင်လောက်အောင် ငေးမော နေရတာမျိုးပါ။
🌴ကျောက်စိမ်းရောင် ရေပြင် နဲ့ လိုက်ဖက်နေတဲ့ ဓနိတော၊ ရေကျနေတဲ့အချိန် မြင်နေရတဲ့ ဓနိတော သဘာဝ အလှ၊ ရေငန်တွေ မှာပဲ ပေါက်တတ်တဲ့ အပင်ကြီးတွေရဲ့ ရေကျချိန်မြင်နေရတဲ့ အမြစ်ကြီး တွေ ၊ ဒါတွေ အားလုံးက ကိုယ်တွေ ချောင်းသာ/ငွေဆောင် သီးသန့် အပန်းဖြေဖို့ သွားလေ့ရှိတဲ့ နေရာတွေ လို မဟုတ်ပဲ ကွဲ ထွက် ပြီး ကြည့်ရတာကိုက အရသာ တမျိုးပေါ့🤭
🦞ရွှံ့တွေထဲမှာ လက်မအကြီးကြီးတွေကို မြင်ရနေရပြီး Body သေးသေးလေးတွေ နဲ့ ဂဏာန်း အကြီး/အသေး အစုံ၊ ချေ