Traveling in Myanmar

  • Home
  • Traveling in Myanmar

Traveling in Myanmar Sharing information about Myanmar.
(2)

ဘယ်မှလည်း မသွားရတော့ 😂😂😂
22/12/2020

ဘယ်မှလည်း မသွားရတော့ 😂😂😂

ထီးပနူးဂူ သွားတုန်က အမှတ်တရ ။ အဆင်းမှာ မိုးကနည်းနည်းလေးရွာလိုက်တော့ ခြေချောလဲပီး အောက်ကို လိမ့်ဆင်းသွားတာ … ကျောပိုးအိပ်...
22/12/2020

ထီးပနူးဂူ သွားတုန်က အမှတ်တရ ။ အဆင်းမှာ မိုးကနည်းနည်းလေးရွာလိုက်တော့ ခြေချောလဲပီး အောက်ကို လိမ့်ဆင်းသွားတာ … ကျောပိုးအိပ်မှာ ချိတ်ထားတဲ့ ဓားမြှောင်က ပြုတ်ထွက်ပြီး လည်ပင်းရှေ့က ဖြတ်ပြေးသွားတယ် … ပြန်းစဥ်းစားတိုင်း လန့်နေတုန်း ။ ခြေထောက်လည်း ကွဲ သွေးက တော်တော်နဲ့မတိတ်ဘူး … ဒါပေမဲ့ ထပ် ယွ ချင်သေးတယ် 😁😁😁

မနှစ်က ဒီလိုအချိန် လောက်ပေါ့ ဗျာ … အခုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး ။ကျန်မာရေးဂရုစိုက်ကြပါ ။ လူတွေအသွားနည်း တော့ သဘ...
22/12/2020

မနှစ်က ဒီလိုအချိန် လောက်ပေါ့ ဗျာ … အခုတော့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး ။
ကျန်မာရေးဂရုစိုက်ကြပါ ။ လူတွေအသွားနည်း တော့ သဘာဝကြီးက ပိုလှနေပြီ… ဒီကာလကြီးပြီးရင် … သွားကြမယ်လေ …
ဒီနေရာလေးက ကယန်းဒေသတခုရဲ့ စိန်မော့တောင်လို့ ခေါ်ပါတယ် ။ သာယာတယ်ထက်ပိုပါတယ်

လတ်ဆတ်တဲ့ လေကို ရှုရှိုက်ရင်း ဖယ်ခုံအင်းမှာ တညတာ … 😍
11/10/2020

လတ်ဆတ်တဲ့ လေကို ရှုရှိုက်ရင်း ဖယ်ခုံအင်းမှာ တညတာ … 😍

လွမ်းမောဖွယ် ကယားတို့ဌာဏီ … Covid ကြီးပြီးရင် သွားကြမယ်နော် …။ အခုတော့ ခဏလောက်သီးခံပြီး အိမ်ထဲမှာပဲ နေကြရအောင် … ။ ကိုယ်...
10/10/2020

လွမ်းမောဖွယ် ကယားတို့ဌာဏီ … Covid ကြီးပြီးရင် သွားကြမယ်နော် …။
အခုတော့ ခဏလောက်သီးခံပြီး အိမ်ထဲမှာပဲ နေကြရအောင် … ။

ကိုယ်စိတ်နှစ်ပါ ကျန်မာကြပါစေဗျာ 🙏🙏🙏

ရန်းခူ 😍😍
06/10/2020

ရန်းခူ 😍😍

ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်နှင့် ၃ နာရီ ခရီးအကွာခန့်တွင် ရှိသော ကျေးရွာတခုဖြစ်သည့် ဆီးဘူးတွင် ကျနော်...

ဒေသခံတွေပါ သဘောကျတဲ့ စိန်မော့တောင်..https://m.facebook.com/story.php?story_fbid=1055419314850674&id=126231994436082
06/10/2020

ဒေသခံတွေပါ သဘောကျတဲ့ စိန်မော့တောင်..
https://m.facebook.com/story.php?story_fbid=1055419314850674&id=126231994436082

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နယ် အနောက်ပဒေါင်လို့ လူသိများတဲ့ ပီကင်း၊ လအိ၊ လတိန်နားက ရွှေမန်းတောင်(...

ဒီpost လေးကို သဘောကျနေလို့ 😍
06/10/2020

ဒီpost လေးကို သဘောကျနေလို့ 😍

Traveling in Myanmar ရဲ့ ကယန်းဒေသ ခရီးစဥ်တွေသွားဘူးပြီလား? ?ကျနော်တို့ခရီးစဥ်တွေက Nature Base Tourism လို့ ပြောရမှာပါ ။ ...
04/10/2020

Traveling in Myanmar ရဲ့ ကယန်းဒေသ ခရီးစဥ်တွေသွားဘူးပြီလား? ?

ကျနော်တို့ခရီးစဥ်တွေက Nature Base Tourism လို့ ပြောရမှာပါ ။ သဘာဝ အတိုင်းလေး သွားလည်ပတ်ရတဲ့ ခရီးစဥ်တွေပါ ။

တောင်ပေါ် လမ်းလေးတွေမှာ တောင်တက်ကားတွေနဲ့ သွားရတာ အသဲယားစရာ ။ ပုံမှန်ယဥ်မောင်းတွေထက် တောင်ပေါ် လမ်း မောင်းနေကျသူတွေမှပိုအဆင်ပြေတယ် ။

ဒေသခံတွေအတူ နေမယ် ၊ သွားမယ် ၊ စားမယ် 😍 စကားတွေ ဝိုင်းဖွဲ့ပြောမယ် ။ စိတ်ဖိစီးမှုတွေ ပျောက် သွားမယ် ခရီးသွားခြင်းရဲ့ ရသစစ်စစ်ကို ရမှာပါ။

ခရီးတခုကို ကိုယ်တိုင် ဘာတခုမှ စီစဥ်စရာ စဥ်းစားစရာ မလိုပဲ အိတ်တလုံးနဲ့ အဝတ်အစား ၂စုံလောက်ထဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလို့ရတယ် ။ (ခရီးတိုအတွက်ပေါ့နော်)

ကိုယ့်အစီအစဥ်နဲ့ကိုယ် ခရီးသွားဘူးတယ်မလား ။ စားဖို့တွက်ရ နေဖို့တွက်ရ အချိန်တွက်ရ ။ ကိုယ်ပိုင်ကားနဲ့ဆို ပိုဆိုး ။ ခရီးတခုလောက် သွားမယ်ဆိုရင် မသွားခင် ကားစစ်ဆေးရတယ် အောက်ပိုင်းတွေ ဘရိတ်တွေ တာယာတွေ Eng Oil, Geer Oil. ဒါပုံမှန်ခရီးနော် ။ ကျနော်တို့လို တောင်ပေါ် ခရီးလမ်းတွေဆို ပြန်ရောက်ရင် တခါပြန်စစ်ရသေးတယ် ။ ဒါတင်ဘဲလား လမ်းမှာ ကားက ဘာအသံလေး ညာအသံလေး ကြားရရင် စိတ်ပူရပြန်ရော ။ ရောက်ပြီဆိုတော့လည်း နေတရာတခုသွားဖို့ ဟိုမေးဒီမေး အချိန်တွေကုန် လူတွေပင်ပန်းပြီး ရောက်ဖူးတယ်၊ ရောက်ခဲ့တယ်ဆိုတာနဲ့ ပြန်လာခဲ့ရတဲ့ ခရီးက များနေမှာပါ ။

ဒါတွေအားလုံးကို ကျနော်တို့က တာဝန်ယူထားပေး ပါတယ် ။

ခရီးတခုအတွက် ဘာမှ အပူအပင်မရှိပဲ စိတ်ပေါ့ပေါ့ပါးပါးနဲ့ သွာလို့ရအောင် စီစဥ်ထားပေးတယ် ။ သွားမယ့်အချိန် ။ လမ်းခရီးမှာ ဖြစ်နိုင်တဲ့ လိုအပ်ချက်တွေ အားလုံးကို ကျနော်တို့က စီစဥ်ပြင်ဆင်ထားပါတယ် ။

ကျနော်တို့က ပုံမှန်မဟုတ်တဲ့ ခရီးစဥ်လမ်းကြောင်းတွေဆိုတော့ ပုံမှန်ထက် ကိုပိုပြီး စဥ်းစားရတယ် စီစဥ်ထားရပါတယ် ။ ပိုက်ဆံထက် ကိုယ့် ဧည့်သည် risk လျော့ဖို့အတွက် ပိုပြီး အလေးထားစီစဥ်ရပါတယ် ။

အဲ့ဒါကြောင့်လည်း ခရီးစဥ်တခုလုံးအတွက် တာဝန်ကြီးပါတယ် ။

ကျနော်တို့နဲ့ခရီးသွားဘူးတဲ့သူတိုင်းသိပါတယ် ။ ကျနော်တို့ရဲ့ ခရီးစဥ်တွေကို ဘယ်လို survey လုပ်ထားတယ် ။ ဘယ်လိုပြင်ဆင် ထားသလဲဆိုတာမျိုးပါ ။

ဒီရောဂါကြီးပြီးရင် ကျနော်တို့နဲ့ တစ်ခေါက်လောက် လိုက်လည် ဖို့ ဖိတ်ခေါ်ချင်ပါတယ် ။ အခုတော့ …

အိမ်ထဲမှာပဲနေပါနော် ။ နောက်တချိန်မှာ ကျန်းကျန်းမာမာနဲ့ ကျနော်တို့နဲ့အတူ ခရီးတွေသွားကြမယ်နော် …
ချစ်ခြင်းများစွာဖြင့်
အရည်ဖျော် … အဲ့ ဟုတ်ပါဘူး
Traveling in Myanmar 😍😍

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Bamboo Rafting ပါ ။ ဒီခရီးစဥ်လေးက ပုံမှန် Dec လအကုန်လောက်ဆိုရင် ပြန်စပါတယ် ။ Jan - Feb - Mar...
02/10/2020

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Bamboo Rafting ပါ ။ ဒီခရီးစဥ်လေးက ပုံမှန် Dec လအကုန်လောက်ဆိုရင် ပြန်စပါတယ် ။ Jan - Feb - Mar လကုန်လထိ သွားလို့ရတဲ့ Day trip လေး ။ တကယ်လို့များ Dec ကုန် covid ကြီးပြီးရင်တော့ နေချင်ပြန် ခရီတိုလေး အရင် သွားကြမယ် OKi…?

Fb မှာ Bamboo Rafting in Myanmar လို့ ရှာကြည့်လိုက် … 😁

အက်မင်ဆိုသည်မှာလည်း ဘယ်ဝဋ်ကြွေးလည်းမသိဘူး တောထဲတောင်ထဲ သွားနေရရင် ပျော်နေတာ 😂😂😂 ။ နောက်တခါသွားရင် ခေါ်မယ် … လိုက်ခဲ့ ၁။ ...
02/10/2020

အက်မင်ဆိုသည်မှာလည်း ဘယ်ဝဋ်ကြွေးလည်းမသိဘူး တောထဲတောင်ထဲ သွားနေရရင် ပျော်နေတာ 😂😂😂 ။ နောက်တခါသွားရင် ခေါ်မယ် … လိုက်ခဲ့
၁။ သဘာဝအတိုင်းနေနိုင်လား
၂။ ဘာလာလာဒေါင်းလား
၃။ တောထဲမှာ ချက်ပြုတ်စားနိုင်လား
အဲ့ဒါဆို လက်မလေးထောင်ခဲ့…

အော် … ဒီလိုသွားရတာ သေခြာတာတခုက ခရီးသွားလို့ အပြန် လက်ဆောင်ဝယ်စရာမလိုဘူး 😂😂 ကိုယ်ဟာကိုတောင် နေစရာမရှိလို့ tentထိုးနေ စားစရာဆိုင်မရှိလို တောထဲမှာချက်ပြုတ်စားရတာ … ဘာလက်ဆောင် ဝယ်စရာရှိမှာလည်း နော် 😂😂

အခုတော့ အိမ်ထဲမှာနေကြအုန်းနော်… လက်ဆေး …အားရှိအောင်နေ …

Covid ကြီးပြီးသွားရင် အဲလိုလေး ထိုင်ပြီးတဝကြီးသွားငေးကြမယ်… -  အဲ့ဒါအတွက် ကျနော့်တာဝန်ထား …- အခုချိန်မှာ ကျန်းမာအောင်နေဖ...
01/10/2020

Covid ကြီးပြီးသွားရင် အဲလိုလေး ထိုင်ပြီးတဝကြီးသွားငေးကြမယ်…

- အဲ့ဒါအတွက် ကျနော့်တာဝန်ထား …
- အခုချိန်မှာ ကျန်းမာအောင်နေဖို့က မိတ်ဆွေတို့တာဝန် ။
အိမ်ထဲမှာနေကြနော် - လက်ကို ခနခနဆေး … အိပ်ရေးဝဝအိပ်ကြပါနော့် 😍😘

Covidကြီး ပြီးရင် သွားမယ် ။ စိန်မော့တောင် ခရီးစဥ် ။
14/09/2020

Covidကြီး ပြီးရင် သွားမယ် ။ စိန်မော့တောင် ခရီးစဥ် ။

FA ဆို ဘေးလေး နည်းနည်း လောက်ဖယ်ပါ ။ ကျနော် post​လေးတင်ချင်လို့ ဟိ… 😜😜 (Admin အဆဲတောင်းနေပြီ😂😂)စိန်မော့တောင်ဆိုသည်မှာ ဘယ်...
14/09/2020

FA ဆို ဘေးလေး နည်းနည်း လောက်ဖယ်ပါ ။ ကျနော် post​လေးတင်ချင်လို့ ဟိ… 😜😜 (Admin အဆဲတောင်းနေပြီ😂😂)

စိန်မော့တောင်ဆိုသည်မှာ ဘယ်လိုတွေလှလည်းဆိုတာ … ကဲ့ Rs တွေ ဒီလိုလေး ပဒီဝယ်ဒင်လေး ရိုက်ကြမလား 😁

https://m.facebook.com/story.php?story_fbid=1055419314850674&id=126231994436082

Photo

Wow လွိုင်ကော်တဲ့ ။ လက်မှတ်က ကျနော်ရောင်းတာမဟုတ်ဘူးနော် ။ info share ပေးတာ 😁
12/08/2020

Wow လွိုင်ကော်တဲ့ ။ လက်မှတ်က ကျနော်ရောင်းတာမဟုတ်ဘူးနော် ။ info share ပေးတာ 😁

We do this my way. There is no highway option.😍😍
10/08/2020

We do this my way. There is no highway option.
😍😍

ကယန်းဒေသဆိုတာ သူများတွေလို view point ရယ်လို့ သွားစရာမလိုဘူး ။ ဘယ်နားဖြစ်ဖြစ် view point တွေကြီးပဲ ။ လွိုင်ကော်နဲ့ ကယန်း...
05/08/2020

ကယန်းဒေသဆိုတာ သူများတွေလို view point ရယ်လို့ သွားစရာမလိုဘူး ။ ဘယ်နားဖြစ်ဖြစ် view point တွေကြီးပဲ ။

လွိုင်ကော်နဲ့ ကယန်းဒေသကို သေချာရောက်ဖူးတဲ့သူနည်းတယ် ။ ခရီးကလည်း နည်းနည်းဝေးတယ် ။

ကယန်းဒေသကို သွားမယ်ဆို ဒေသခံ နဲ့ သေချာစီစဥ်ပြီးမှ သွားသင့်တဲ့ နေရာပါ ။ တညအိပ် ၂ရက်ဆိုတာ လွိုင်ကော် မှာတောင် ဘယ်မှာမှ သေခြာရောက် မယ်မထင်ဘူး ။

Photo credit: ဆရာ nge ba tho (ဆီဘူးသား photography)

ဒီချိန် ကယားပြည်နယ်ကို လာမယ်ဆိုရင် ဖားကြော် ၊ ခေါင်ရည် နဲ့ ဧည့်ခံမယ်ဆိုရင်  ကြိုက်လား? Photo Credit: ဆရာ  Myo Htun
28/07/2020

ဒီချိန် ကယားပြည်နယ်ကို လာမယ်ဆိုရင် ဖားကြော် ၊ ခေါင်ရည် နဲ့ ဧည့်ခံမယ်ဆိုရင် ကြိုက်လား?

Photo Credit: ဆရာ Myo Htun

😍😍
26/07/2020

😍😍

♥♥ Irrawaddy Dophins လေးတွေဆီ အလည်တခေါက်♥♥♥♥Irrawaddy Dophin တွေက ကမ္ဘကျော် ရဲ့ Dophin လေးတွေပါ ။ ကိုယ့်နိုင်ငံမှာ ထိန်း...
18/07/2020

♥♥ Irrawaddy Dophins လေးတွေဆီ အလည်တခေါက်♥♥♥♥

Irrawaddy Dophin တွေက ကမ္ဘကျော် ရဲ့ Dophin လေးတွေပါ ။ ကိုယ့်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ကြားက ရှော့တိုက် ငါးဖမ်းတဲ့သူတွေကြောင်​ တဖြေးဖြေး လျှော့နည်းလာပါပြီ ။ နောင်တချိန်မှာ ရှိပါအုန်းမလားလို့ နှမျောမိတယ် ။

ဒီ Dophin လေးတွေသွားကြည့်ဖို့က စျေးနည်းနည်းကြီးပါတယ် ။ မြန်မာပြည်မှာ ဒီdophin လေးတွေနဲ့ ငါးဖမ်းကြတဲ့ ရွာ ၂ရွာ ၃ရွာ လောက်ရှိပါတယ် ။ မြစ်ကြောင်း ၊ ရေ နဲ့ သူတို့ကျက်စားရာ ပေါ်မူတည်ပြီးသွားကြည့်ရတယ် ။ တခါတလေမှာ တနေကုန်မတွေ့ဘူး တညအိပ်စောင့် နောက်တရက်မှ တွေ့တာမျိုး ၊ တခါတလေမှာ လည်း မတွေ့ရတတ်ဘူး ။
…ခရီးအတိုချုပ်ဆိုရင် …
မန်းလေးကနေ boat နဲ့ မင်းကွန်းအထက်ပိုင်းလောက်ထိ တက်ရတယ် (တခါတလေမှာ ကံကောင်းရင် မင်းကွန်းနားမှာတွေ့ရတတ်တယ်) မန်းးလေးကနေ ၅နာရီလောက် အထက်ပိုင်းကိုတက်သွားရတယ် ။ မသွားခင် ဟိုဘက်က အဖွဲ့ကို ချိတ်ထားရတယ် ။ သူတို့က ကိုယ်မရောက်ခင် သူတို့ ကျက်စားရာနေရာကို ရှာထားပေးတယ် ။
ဟုတ်ပြီး… မန်းလေးကနေမနက် ၆နာရီလောက်ထွက်တယ် ။ ဟိုဘက်က စီစဥ်သူတွေ ပြောတဲ့နေရာထိ boat ကိုမောင်းသွားရတယ် ။

(Mdy ကတော့ မဖြူဖြူသက် 09 402746060 သူက စီစဥ်ပေးတယ် ။ အခန်းနဲ့ ဘုတ်လား ရိုးရိုးတရက်ပဲသွားမှာလား dophins တွေ မြင်ရလား သူတို့စုံစမ်းပေးတယ် ။ Dophins တွေကို မြင်ရနိုင်ဖို့ % များတဲ့အချိန် ကို သူတို့ ပြောပါတယ် ။ သူ့ကိုပဲပြောလိုက်ပါ ။ အစ အဆုံးစီစဥ်ပေးပါတယ် ။)

အဲ့နေရာရောက်ပြီဆိုရင် သူတို့လာကြိုတဲ့ စက်လှေအသေးလေးတွေပေါ်တက်ပြီး dophins တွေနဲ့ ငါးဖမ်းတာလိုက်ကြည့်ရတယ် ။ စက်လှေကလည်း စက်မနိုးပဲ လက်နဲ့လှော်ပေးပြီးလိုက်ကြည်ရြတယ်။ ငါးဖမ်းပြမဲ့ ကွန်ပစ်ပြမဲ့လှေကလည်း စောင့်နေတယ် ။
အခုမှ ပွဲကစမှ 😁 ငါးဖမ်းဖို့ Dophins လေးတွေကို တံငါလှေပေါ်ကနေ သူတို့မှာ ပါတဲ့ ပစ္စည်းလေးနဲ့ အသံ စ ပေးးတယ် ။ သူတို့အခေါ် ငါးချော့ တယ်ပေါ့ဗျာ ။ အဲ့မှာ သူတို့ပျော်တယ်ဆို တံငါလှေနားကို လာတယ် ။ တခါတလေးဆို အမြင့်ကြီး ပျံပြတာမျိုးတွေလည်းရှိတယ် ။
တံငါဆရာက လှေထိပ်ကနေ ငါးဖမ်းဖို့ ပြင်ပြီး ဒူးခေါင်းကို လှုတ်ပြီး အချက်ပြတယ် … အဲ့မှာ Dophin လေးတွေက ငါးအုပ်ကို ကူပြီး ဝိုင်းပေးတယ် … ကွန်ပစ်မဲ့သူနဲ့အချိန်းအချက်လုပ်ပြီ Dophin က သူအမြီးနဲ့ ရေကို ရိုက်ပြီး ငါးကို မောင်းပေးတယ် ၊ ဒီဘက်က ကွန်ပစ်မဲ့ သူက ​ပစ်လိုက်တယ် ။ အဲ့လိုနဲ့ ငါးဖမ်ကြတယ် ။ ဒါကလည်း တကယ်ကို အံ့သြလောက်တယ် ။ အခုငါးဖမ်းတဲ့ သူတွေ၊ ရွာတွေက ဒီ Dophin လေးတွေကို မိသားစုလို သာသမီးလိုကို ချစ်ကြတယ် ။ ခေါ်ရင်တောင် သမီးလေး … ဘယ်သွားမှာလည်း သမီးရေ အဲ့လိုလေးခေါ်ကြတာ ။

နောက်တချက် က ဒီ Dophin လေးတွေကို တွေ့ရပြီဆိုတာနဲ့ စိတ်က အလိုလို ကြည်နူးတယ် ။ သူတို့ရုပ်လေးတွေက ချစ်စရာလေးတွေလေ ။ ဖက်ပြီး မွှ မွှ နဲ့ နမ်းပလိုက်ချင်တယ် ။ သူတို့ နာမှုတ်သံခေါ်မလား အဲ့ဒါကလည်း ကြားနေရတယ် ။ နောက် သူတို့ စကားပြောသံလေးကလည်း ကိ… ကိ… ကိ နဲ့ ချစ်စရာလေး ။ တခါတရံကြားရတယ် 😍

နိုင်ငံတကာကနေ လာကြည့်နေတဲ့ ကိုယ်ပြည်တွင်းက နေရာလေးတခု ၊ မြန်မာ့အမွေမနှစ်တခုအနေနဲ့ တခေါက်တခါတော့ သွားသင့်တဲ့နေရာလေးတခုပါ ။

ခရီးစဥ်မှာ ဘယ်လိုတွေ ကုန်ကျနိုင်သလဲ ဆိုရင် ။ ခရီးစဥ်တွေအမျိုးမျိုးရှိတော့ စျေးနှုန်းတွေ အမျ်ုးမျိုးဖြစ်မှာပါ ။
အတိုချုပ်အားဖြင့် ~
- မန်းလေး ကနေ Boat နဲ့သွားရတဲ့ boat ခ ။ Boat တွေက အမျိုးမျိုး ရှိတော့ ခပ်မိုက်မိုက်ဘုတ်တွေ ဆိုရင် စျေး ပေးရမယ် ။ အလယ်အလတ် တွေလည်းရှိတယ် ။ လူများများ နဲ့ သွားတဲ့ အကြီးတွေလည်းရှိတယ် ။ (အပေါ်မှာ ပြောတဲ့ အမ ကို ဆက်ပြီးသာမေးလိုက် ၊ ရွာက အဖွဲ့တွေ တံငါဖမ်းပြမဲ့သူတွေလည်း အဲ့အမ ပဲ စီစဥ်ပေးတယ်)
- Dophin နဲ့ ငါးဖမ်းတာ လိုက်ကြည့်ဖို့အတွက် စက်လှေခ ။ သူကလည်း ၅ယောက် ၆ယောက် စီးတဲ့ စက်လှေရှိသလို နှစ်ယောက် လှေတစီး အနေနဲ့လည်း သွားလို့ရတယ် ။ ကိုယ်က ဓာတ်ပုံတွေဘာတွေ ကောင်းကောင်းရိုက်မယ်ဆိုရင်တော့ နှစ်ယောက်တစီး ယူရင်ပိုကောင်းတယ် ။ (ဓာတ်ဖမ်းမဲ့ ဝါသနာရှင်တွေအတွက်ပေါ့နော် ဓာတ်ပုံရိုက်မဲ့သူတွေက tele len တော့ လိုမယ် ။ zoom အမျာကြီးဆွဲမရိုက်ပါနဲ့ ၊ အပေါက်က ချောင်းမရိုက်နဲ့ ပုံရဖို့မလွယ်ဘူး ။ ကမရာကို အပြင် landscape view display ကနေကြည့်ရိုက်မှ ပုံရနိုင်တယ် ။ ပုံမှန် နေ့လည် ၁၁ လောက်မှ စတာဆိုတော့ အပြင်က အလင်းရောင်နဲ့ Display ကို သေခြာမမြင်ရဘူး ။ ပဝါတထည်ယူသွားပြီး ကမရာနဲ့ ခေါင်းကို အုပ်ပြီးရိုက်မှ မြင်ရမယ် ။ ပဝါတထည်ယူဖို့မမေ့ပါနဲ့ ။)

- Dophin တွေနဲ့ အတူ ငါးဖမ်းပြမဲ့ တံငါလှေအတွက် ပေးရပါမယ် ။

- နေ့လည်စာ ရှိသေးတယ် ။ နေ့လည်စာကလည်း စျေးအမျိုးမျိုးရှိတော့ ကိုယ်သုံးနိုင်တဲ့ဘအပေါ်မူတည်ပါတယ် ။ ကိုယ်တိုင်ယူလာမယ်ဆို ဘုတ်က ပြင်ဆင်ခယူတာမျိုး ၊ တချို့လည်း ပြင်ပအစားအစားအတွက် % ကောက်တာမျိုး ။ မတူကြဘူးပေါ့နော် ။ သေသေခြာခြာတိုင်ပင်ပါ ။ ကိုယ်သုံးနိုင်တဲ့ budget ကို adjust လုပ်လို့လည်းရပါတယ် ။ အကောင်းဆုံးက စီစဥ်ပေးမဲ့သူနဲ့သာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပါ ။

- အပြန်ညနေ မင်းကွန်းဝင်လည်းမလား? မင်းကွန်းတော့မဝင်ဘူး Sunset တော့ကြည်ချင်တယ် ၊ မန်းလေးပဲ တန်းပြန်မယ် စသည်ဖြင့် boat ငှားရမ်းခ က ထပ်ပေါင်းသွားတာမျိုးတွေလည်းရှိပါတယ် ။

ကဲ ကမ္ဘကျော် irrawaddy Dophins တွေဆီကို ဒီနှစ်တော့ အရောက်သွားကြည့်ပါ ။ အကောင်းဆုံးအချိန်က Nov Dec လ တွေပါ ။ ဧည့်သည်ရာသီဆိုတော့ ကိုယ်က သွားဖို့စိတ်ကူးရှိရင် စောစောတိုင်ပင်ပေါ့ ဗျာ ။

We do this my way, There is no hightway Option.  #ရန်းခူ
12/07/2020

We do this my way, There is no hightway Option.
#ရန်းခူ

သင် သိသလား? Facebook searches မှာ ရန်းခူ / ရန်ခူး / ရန်ခူ / rankhu လို့ရှာလိုက်တာနဲ့ သွားဘူးသူတိုင်းကြိုက်တဲ့ သဘာဝနေရာလေ...
10/07/2020

သင် သိသလား?
Facebook searches မှာ ရန်းခူ / ရန်ခူး / ရန်ခူ / rankhu လို့ရှာလိုက်တာနဲ့ သွားဘူးသူတိုင်းကြိုက်တဲ့ သဘာဝနေရာလေးတခုဆိုတာ …

သင်သိပါသလား?
ရန်းခူခရီးစဥ်ဆို လမ်းခရီးတလျှောက်လုံးက view point တွေကြီးပဲ ဆိုတာ …

သင်သိပါသလား?
ရန်းခူ ခရီးစဥ်အတွက် ခရီးစဥ်ကို ညဘက်ထွက်တယ် ၊ မနက်စောစော ခရီးဝေးဝေးရောက်ရောက် မောင်းရတယ်၊ မနက်မိုစလင်းပြီးဆိုတာ နဲ့ ဟိုးနာရပ်ပါအုံး ဒီနားရပ်ပါအုံး ဓာတ်ပုံရိုက်ချင်လို့ ဆိုပြီပြောတယ် ။ နောက်ဆုံးမရရင် ရူးရူးပေါက်ချင်လို့လို့ပြောတယ် 😂😂 ဆင်းပြီးရင် ပြန်မတက်ချင်တော့ပဲ Tour Leader ခေါ်ရင်လည်း မကြားချင်ရောင်ဆောင်နေရတယ် ဆိုတာ 😂😂😂 အဲ့ဒါကြောင့် ဒီခရီးစဥ်မှာ အလင်းရောင် မလာခင်ထိကို ကားဆရာကြီးများက မနားတမ်းမောင်းရတယ် ။ နို့မို့ဆိုလို့ကတော့
ခရီးစဥ်မှာ ရောက်တာတွေနောက်ကျကုန်ရော ။ အဲ့အချိန်ကျရင် လူညီတယ်ဗျာ ကိစ္စမရှိပါဘူး နောက်ကျလည်းရပါတယ် ။ အံမယ် ထမင်းလည်းမစာသေးဘာဘူး လို့ တက်ညီညီလက်ညီ ပြောကြပါတယ်ဆိုတာ 😂😂😂

သင်သိပါသလား… ?
ခရီးသွားပြီး အပြန် ဘာလက်ဆောင်မှ ဝယ်လာစရာမလိုဘူး ဆိုတာ ( ရွာထဲသွားလည်တာ ဆိုင်ဆိုတာ မပြောနဲ့ ထမင်းတောင် သူများအိမ်ကချက်ကျွေးတာ စားလာတာ 😂😂)

သင်သိပါသလား…?
ဒီခရီးက သွားဘူးတဲ့သူတိုင်း Nature Base Tourism လို့ခေါ်တဲ့ သဘာဝအတိုင်းလေးခရီးသွားရတဲ့ အရသာကို ကြိုက်သွားပြီး အပြန်ကျရင် ရေခဲတောင်တွေ ထိ သွားမယ်လို့ တိုင်ပင် တဲ့အထိဖြစ်သွားတယ်ဆိုတာ 😂😂😂

မိုးရာသီမှာ Trekking လျှောက်ဖိုဆိုတာ အလေ့အကျင့်ရှိသူတွေအတွက် လွယ်ပေမဲ့ အလေ့အကျင့်မရှိသူတွေအတွက်တော့ မလွယ်ပါဘူး ။ အခုချိန...
07/07/2020

မိုးရာသီမှာ Trekking လျှောက်ဖိုဆိုတာ အလေ့အကျင့်ရှိသူတွေအတွက် လွယ်ပေမဲ့ အလေ့အကျင့်မရှိသူတွေအတွက်တော့ မလွယ်ပါဘူး ။

အခုချိန်မှာ မွန်းကြပ်နေတဲ့ ဒီမြို့ကြီးကနေ ခြေစုံပြစ်သွားချင်ပေမဲ့ အားလုံးက ခရီးတွေသွားနေတော့ လူတွေများ ပြီး ရှုပ်နေမယ် ။ အေးအေးဆေးဆေး လူ ရှင်းရှင်းလေးသွားဖို့ကျတော့လည်း ၂ရက်လောက်ပဲ ရုံးပိတ်တယ် ။ ဘယ်သွားမလည်း ???

ဒါဆိုရင် ရှမ်းပြည်နယ် က ကယန်းဒေသတခုဖြစ်တဲ့ ရန်းခူဆိုတဲ့ ရွာလေးမှာ တရက်လောက်သွားနားမယ် ။
တောင်ပေါ် လမ်းလေးမှာ အရင်က 4x4 ကားတွေနဲ့တက်ပေမဲ့ မိုးတွင်းဆိုတော့ ဆိုင်ကယ်နဲ့ တက်ကြမယ် ။ ဆိုင်ကယ် 1.5 နာရီလောက်စီးရမယ် ။ ဒါပေမဲ့ ဓာတ်ပုံရိုက်လိုက် သွားလိုက်နဲ့ဆို ၂နာရီလောက် သွားကြမယ် ။ အေးအေးဆေးဆေး သွားမယ် ။
ရက်ကလည်း သောကြာညထွက် တနင်္ဂနွေ ပြန်ရောက်မှာ ။ ရုံးပိတ်ရက် ကွက်တိပဲ… ခရီးစဥ်လေးက …

️‼️‼️ အရမ်းမိုက်တယ် လို့ ပြောပြော နေတဲ့ ရန်းခူ ခရီးစဉ်လေး ပါ ‼️‼️

Wow ~❗️❗️❗️

⛰⛰⛰⛰ရန်းခူ Rankhu ခရီးစဉ်ကို Group လိုက်ရှိတဲ့သူတွေအတွက်ပဲ စီစဉ်လေ့ရှိပါတယ် ။ Group မရှိတဲ့ သူတွေအတွက် ပုံမှန် တလတကြိမ် စီစဉ်ပေးပါတယ်။
နောက်တခုက ခရီးစဉ်တခုကို လူဦးရေ ၁၀ယောက်ပဲ လက်ခံမှာမို့လို့ ☎️☎️☎️09781183493 / 095191189 ကိုဆက်သွယ်လိုက်ပါခင်ဗျာ ။

💢💢 ခရီးစဉ် 💢💢
Departure - 17/07/2020((သောကြာည) Ygnမှ ည (8)ဝန်းကျင် ထွက်ခွါ ပါမည်။
Arriva 19/7/2020 (တနဂ်နွေ ည ၁၁ဝန်းကျင်ခန့် ) Ygn သို့ ပြန်လည်ရောက်ရှိပါမည်။

~~ ခရီးစဉ်အစ အဆုံး ပါဝင်မှာက~~
- ရန်ကုန်- ဆီးဘူး -ရန်ကုန် ကားခ
-တောင်ပေါ် ဆိုင်ကယ် အသွားအပြန်ခ
- စနေနေ့မနက်စာ နေ့လည်စာ ညစာ တောင်ပေါ် ညအိပ်ခ ခေါင်ရည်
တနင်္ဂနွေနေ့ မနက်စာ နေ့လည်စာ တို့ပါဝင်ပါတယ် ။( အမြန်လမ်းစားစရိတ်မပါပါဘူး ခင်ဗျာ ) ခရီးစဉ်တွင် တလျောက်လုံးအတွက် ကယန်းရိုးရာ အစားအစာ ဒေသအစားအစာ များသာ ကျွေးမည်ဖြစ်ပါသည်။

💸💸 ဈေးနှုန်း 💸💸
- တဦး 175,000/-
( လူဦးရေ အကန့်အသတ်ရှိပါတယ် ။ အများဆုံး ၁၀ယောက် သီးသန့်ခရီးစဉ်)

- ကိုယ်ပိုင်ကားဖြင့်သွားချင်သူများ အဖွဲ့လိုက် ( ၈ယောက် (သို့) 10ယောက် ) ရှိရင် စီစဉ်ပေးပါတယ် ။
- company , အသင်း အဖွဲ့ များ အနေနဲ့ အနည်းဆုံး ၈ ယောက် (သို့) ၁၀ ယောက် အဖွဲ့ ရှိလျှင် မိမိကြိုက်နှစ်သက်တဲ့ နေ့ ကို ကျနော်တို့ စီစဉ်ပေးပါတယ်။
*** ခရီးစဉ်များ အားလုံးဟာ ဒေသဖွံ့ဖြိုးရေး အတွက် အဓိက ထားပြီး လုပ်ဆောင်ပေးသော ခရီးစဉ်များဖြစ်ပါတယ်။ ဒီခရီးစဉ်ကြောင့် ဒေသရံပုံငွေ နှင့် ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိမှာဖြစ်ပါတယ် ။***

♦♦♦ တောင်ပေါ်ခရီးစဥ်ကို ဆိုင်ကယ်နဲ့ သွားမှာဖြစ်လို့ လူငယ်တွေအတွက်ပို အဆင်ပြေပါတယ် ခင်ဗျာ ♦♦♦

ခရီးစဉ်ကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်
မေးချင်တာရှိရင်ပဲဖြစ်ဖြစ်
ဒီခရီးစဉ်ကို လိုက်ချင်လို့ပဲဖြစ်ဖြစ်
Traveling in Myanmar cb ( သို့)
☎️☎️☎️Ph: 09781183493 , 095191189 သို့ဆက်သွယ်ပါ ခင်ဗျာ

#ရန်းခူ #ကယန်း #ရန်ခူး #ရန်ခူ

Rankhu 😍😍
07/07/2020

Rankhu 😍😍

ကဲပိတ်ရက်တွေမှာ ခရီးသွားဖို့ Ready ဖြစ်ပြီလား?အိမ်ထဲမှာ နေရတာလည်း ကြာပြီ ။ တောတောင်သဘာဝလေးအတိုင်း ခပ်ကြမ်းကြမ်းလေးခရီးတခ...
07/07/2020

ကဲပိတ်ရက်တွေမှာ ခရီးသွားဖို့ Ready ဖြစ်ပြီလား?

အိမ်ထဲမှာ နေရတာလည်း ကြာပြီ ။ တောတောင်သဘာဝလေးအတိုင်း ခပ်ကြမ်းကြမ်းလေးခရီးတခုသွားမယ်။ လူတွေ လည်း မများဘူး ။ သဘာဝလေးအတိုင်း သွားလည်ချင်တယ် ၊ ပိတ်ရက်လေးမှာလည်း အနားယူမယ် ဆိုရင် ရန်းခူ ခရီးစဥ် ရှိပါတယ် ။

ရန်းခူ ခရီးစဥ် စပါပြီ ။ 17.7.2020 ည ၈နာရီ
ရန်ကုန်က ထွက်ပါမယ်။ 18.7.2020 ည တောင်ပေါ်ရွာလေးမှာ တညအိပ်ပါမယ် ။ 19.7.2020 ည ရန်ကုန်ပြန်ရောက်ပါမယ် ။
မိုးရာသီတောင်ပေါ် ခရီးသွားရတာ ရှယ်ပဲ ။
လူဦးရေ ၈ယောက် ပြည့်ရင်ထွက်ပါမယ် ။ ၁၀ယောက်အများဆုံးပါ ။
မိုးရာသီဖြစ်လို့ လူငယ် တွေ ပိုအဆင်ပြေပါတယ် ။ Yangon ကနေ လိပ်သိုလမ်းအတိုင်း ဆီဘူးမြို့ ထိသွားမှာပါ ။ ဆီဘူးမြို့ကနေ ရန်းခူကို ဆိုင်ကယ်နဲ့ ခရီးဆက်ပါမယ်။ ဆိုင်ကယ် ၁.၅ နာရီလောက်စီးရမှာပါ ။
အသေးစိတ် သိချင်တာ ရှိရင် Cb သို့ 09 781183493 ကို Hello လိုက်ပါနော်

Adventure ခရီးတွေသွားရင် အချင်းချင်းလက်တွဲခေါ်ပါဆိုတာ အဲ့ဒါကြောင့်ပြောတာ 😁😁Photo
22/06/2020

Adventure ခရီးတွေသွားရင် အချင်းချင်းလက်တွဲခေါ်ပါဆိုတာ အဲ့ဒါကြောင့်ပြောတာ 😁😁

Photo

နံပါတ် ၁၀က နှစ်ခုဖြစ်နေတယ် ။ ဒုတိယ နံပါတ်၁၀ နဲ့ ၁၁ အတွက်က ကျနော်တို့တာဝန်ထားလိုက် 😁😁 ၁၆ က မေတ္တာလက်ဆောင် ပို့စ်တင်ထားပေး...
18/06/2020

နံပါတ် ၁၀က နှစ်ခုဖြစ်နေတယ် ။ ဒုတိယ နံပါတ်၁၀ နဲ့ ၁၁ အတွက်က ကျနော်တို့တာဝန်ထားလိုက် 😁😁

၁၆ က မေတ္တာလက်ဆောင် ပို့စ်တင်ထားပေးတယ် ( https://www.facebook.com/126231994436082/posts/1156567334735871/ )

၂၂ ကလည်း ပိုစ်တင်ပေးထားတယ်နော်

https://www.facebook.com/126231994436082/posts/930498400676100/

11/06/2020

ဖိုတိုရှော့တွေတင်နေတယ် ထင်မှာဆိုးလို့ ။ ဖုန်းကမရာနဲ့ ရိုက်ထားတာလေး ပါ ။

တောင်ပေါ်ရွာလေးမှာ တရက်လောက် သွားလည်ကြည့်ပါ ။

စိန်မော့ရွာခရီးစဥ် ကျနော် ဒီပုံတွေနဲ့စိန်မော့ ရွာခရီးစဥ်လေးကို တခါမှ မကြေငြာခဲ့ဘူး ။ ဘာလို့လဲဆိုရင် ဒီလိုမျိုးက မိုးရာသီ...
11/06/2020

စိန်မော့ရွာခရီးစဥ်
ကျနော် ဒီပုံတွေနဲ့စိန်မော့ ရွာခရီးစဥ်လေးကို တခါမှ မကြေငြာခဲ့ဘူး ။ ဘာလို့လဲဆိုရင် ဒီလိုမျိုးက မိုးရာသီမှာပဲ မြင်ရတာ ။ (video file လေးပါ တင်ထားပေးမယ် )
တောင်ပေါ်ဒေသတွေမှာ မိုးရာသီဆို အရမ်းလှပါတယ် ။ သွားလို့ခက်တာလေးတခုပဲ ။ ဥပမာ ဝါးဖောင်စီးတဲ့ တညအိပ်ခရီးစဥ်က ရွာတွေဆို မိုးရာသီဆို ဆိုင်ကယ်ပါသွားလို့မလွယ်ဘူး ။ ရန်းခူဆိုလည်း မိုတွင်းဆိုပိတ်ရပြီ ။ တောင်ပေါ်တက်ရတာ သိပ်မလွယ်ဘူး ။ အခြားဒေသတွေလည်းအတူတူပါပဲ မိုးရာသီမှာ တောင်ပေါ်ဒေသတွေ အရမ်းလှသလောက် သွားလို့ခက်တယ် ။

စိန်မော့တောင်ခရီးစဥ်ကတော့ မိုးရာသီပါ သွားလို့ရတော့ ပျော်ပြီလေ။

ဒီလို မိုးလေးနဲ့ ကားပေါ်ကနေ တစိမ့်စိမ့်ကြည့်မယ် ။ အရမ်းလှတဲ့နေရာတွေ လမ်းတလျှောက်လုံး ဓာတ်ဖမ်းမယ်။

မိုးရာသီ တောင်တန်းတွေအလှကို ကားထဲကနေ တစိမ့်စိမ့်ကြည့်ရင်း ~~~

ခရီးစဥ်အတွက် cb ကပဲဖြစ်ဖြစ် 09781183493 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။
https://m.facebook.com/story.php?story_fbid=1055419314850674&id=126231994436082

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Traveling in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Traveling in Myanmar:

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share