20/02/2024
❤️ကျွန်မနှင့်ချစ်သောလေးရဲ့ အမှတ်တရ❤️
🤭 ကိုယ့်နိုင်ငံမှာချိန်းရင်တောင်မတွေ့ဖြစ်ကြသောငယ်ပေါင်း နှစ်ယောက်ရဲ့ ထိုင်းနိုင်ငံမှာ ချိန်းတွေ့ကြသော အမှတ်တရလေးမို့ 🤭
Wat Arun Ratchawararam မှာ Traditional Thai dress လေးဝတ်ခဲ့တုန်းက မေ့လို့မရတဲ့အမှတ်တရလေးတစ်ခုရှိခဲ့သေးတယ် 😅
🛥️Wat Arun Ratchawararam ခေါ် အာရုဏ်ဦးဘုရားကတော့ ကျောက်ဖရားမြစ်ကို Boat စီးပီးသွားရတဲ့နေရာလေးပါ ⛴️
🌍နိုင်ငံတကာခရီးသွားဧည့်သည်တွေ မဖြစ်မနေရောက်ရှိတဲ့နေရာလေးဆိုလည်းမမှားပါဘူးရှင့်🌎 💃🏼Traditional Thai dress အရောင်အသွေးစုံလင်စွာနဲ့ ကိုယ်စီလှပနေကြသော နိုင်ငံတကာက မိန်းကလေးများနဲ့ ယောကျ်ားလေးများကိုလည်း တမူထူးခြားစွာ မြင်တွေ့ရတဲ့နေရာလေး💃🏼
📸ထိုင်းနိုင်ငံကိုရောက်ရင် မဖြစ်မနေသွားရောက်ပြီး Traditional Thai dress လေးနဲ့ လှပသော အမှတ်တရလေး ရယူလိုက်ကြရအောင်နော်📸
👭ရောက်ခဲ့တဲ့နောက်တစ်နေရာလေးကတော့ Bangkok မြို့နဲ့ တစ်နာရီခရီးလောက် အကွာအဝေးရှိတဲ့ Bubble In The Forest ဆိုတဲ့ အရမ်းလှပြီး နိုင်ငံတကာခရီးသွားများကို ဆန်းသစ်သောအပြင်အဆင်များဖြင့် ဆွဲဆောင်ထားတဲ့ Cafe Shop လေး👭
🍀Bubble In The Forest ဆိုတဲ့ နာမည်လေးအတိုင်း ဝင်သွားတာနဲ့ တိတ်ဆိတ်ပီး အေးချမ်းတဲ့ခံစားချက်လေးအရင်ခံစားမိတာ🍀
👍🏼ဆိုင်ရဲ့ အကျယ်အဝန်းက အနေတော်လေးပေမယ့် ဖန်တီးထားတဲ့ စိတ်ကူးလေးက အရမ်းမိုက်👍🏼 💯ရေကန်ပြာပြာလေးပေါ်မှာ တံတားလေးနဲ့ လာရောက်တဲ့လူတွေအများအပြားရှိပေမယ့် နေရာလေးတွေက တသီးတသန့်လေးဆိုတော့ ဆူညံခြင်းလည်းမရှိပဲ အေးဆေးလေးနဲ့ အရမ်းနေလို့ကောင်း💯
🌝Cafe ချည်းမဟုတ်ပဲ အခြားပေါ့ပေါ့ပါးပါး အစားအသောက်လည်းရတဲ့အပြင် ဈေးနှုန်းလေးတွေကလည်း အသင့်တင့်ပဲဆိုတော့ Cafe ချစ်သူတွေရော Foodies လေးတွေအတွက်ရော အရမ်းအဆင်ပြေတဲ့ နေရာလေးတစ်ခု🌝
📸 ဓါတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်လည်း အပြင်အဆင်နဲ့background က အရမ်းမိုက်တော့ ဘယ်ချိန်ပြန်ကြည့်ကြည့် Fresh ဖြစ်စေတဲ့ ခံစားချက်မျိုးလည်း ခံစားရသေး🤭
🤗 ကိုယ့်မိသားစု ကိုယ့်သူငယ်ချင်း အုပ်စုလိုက်သွားရင်လည်း အရမ်းအဆင်ပြေတဲ့နေရာလေးမို့ ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရနေ့လေးပိုင်ဆိုင်ဖို့ သွားဖြစ်အောင်သွားကြည့်ကြပါရှင့်😊
Link လေးပါ ထည့်ပေးထားပါတယ်ရှင့်
https://www.facebook.com/profile.php?id=100064915220631&mibextid=PzaGJu
🤝SiamMyan Travel Consultancy Services နှင့်အတူ ပျော်ရွှင်ချမ်းမြေ့သော ခရီးစဉ်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်🤝
"Siammyan"
Viber,Line
+66946437881
+66947753731
Mail
[email protected]