11/01/2023
Update 😍
🥳 09450186225 🥳သို့ မေးမြန်းနိုင်ပါတယ်
လက်မှတ်များလည်း စိတ်ကြိုက်မေးမြန်းပီးဝယ်ယူအားပေးနိုင်ပါတယ်နော်
ထိုင်းနိုင်ငံသို့လာရောက်မည့် မြန်မာနိုင်ငံသားများအတွက် လမ်းညွန် 😍
ယနေ့ ဇန္ဒဝါရီ 11 ရက်နေ့မှစပြီးထိုင်းနိုင်ငံသို့ လာရောက် မည့်မြန်မာနိုင်ငံသူ/သား တိုင်းအတွက် အပိုင်း ၃ ပိုင်းခွဲခြားကာ လိုအပ်ချက်များကိုဖော်ပြပေးလိုက်ပါတယ်။
( ၁ ) 💢ထိုင်းနိုင်ငံသို့Tourist Visa / Visa Free 45 ရက်ဖြင့် အလည်အပါတ်လာမည့် သူများ
🍀ကိုဗစ်အာမခံ ဝယ်ယူလာရန်မလိုပါ။
🍀ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် သက်သေခံ လက်မှတ် ပြသရန် မလိုပါ ။
🍀 ကိုဗစ်ရှိမရှိ RT-PCR -Test ဆေးစစ်လာရန်မလိုအပ်ပါ။
မှတ်ချက် -
🔶Show Money $ 500 သို့မဟုတ် ဘတ် ၂ သောင်း
🔶ဟိုတယ် ဘိုကင်အထောက်အထား ( သို့ )ထိုင်းနိုင်ငံတွင်နေထိုင်သည့်မိမိ မိတ်ဆွေ ၊ညီအစ်ကိုမောင်နှစ်မ ၏ အလုပ်အကိုင်ဖော်ပြချက် ကိုယ်ရေးအကျဉ်း
🔶လေယာဉ်လက်မှန်အသွားအပြန်
( ထိုင်းမြန်မာ နယ်စပ် မှဝင်ရောက်သူများ မလိုပါ)
12 Jan 2023 ရက်ကြာသာပတေးနေ့တွင်အမှတ် ၁ ထိုင်းမြန်မာချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်မည်။
( ၂ ) 💢 Transit ဖြင့် ထိုင်းနိုင်ငံမှ ဆက်လက်ထွက်ခွါမည့်သူများ
🍀ကိုဗစ်အာမခံ ဝယ်ယူလာရန်မလိုပါ
🍀ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် သက်သေခံ လက်မှတ် ပြသရန် မလိုပါ ။
🍀 ကိုဗစ်ရှိမရှိ RT-PCR -Test ဆေးစစ်လာရန်မလိုအပ်ပါ။
( ၃ ) 💢 Business Visa Non-B , Student Visa ကိုင်ဆောင်ထားသူများနှင့် လေယာဉ်မောင်မယ်များ
စီးပွါးရေး ၊ ကျောင်းသားဗီဇာ ကိုင်ဆောင်ထားသူများဟာ ထိုင်းနိုင်ငံတွင် ကိုဗစ်ဖြစ်သည့်အခါတွင်ကုသရန်ဆေးရုံဆေးခန်းအာမခံမရှိသည့်အတွက် Us10,000 အကျုံးဝင်သည့် ကျန်းမာရေးအာမခံ ဝယ်ယူရန်လိုအပ်ပါသည်။
🍀ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် သက်သေခံ လက်မှတ် ပြသရန် မလိုပါ ။
🍀 ကိုဗစ်ရှိမရှိ RT-PCR -Test ဆေးစစ်လာရန်မလိုအပ်ပါ။
ဖော်ပြပါ။ ကန့်သတ်ချက်များကို ထိုင်းနိုင်ငံလေကြောင်းဦးစီးဌာန နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ထိုင်းနိုင်ငံတွင်းဝင်ရောက်မယ့် ခရီးသွားများ အတွက် ကိုဗစ်ကန့်သတ်ချက်
များကို ဇန်နဝါရီလ ၁၀ ရက်နေ့က အသစ်တဖန် ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ တရုတ် နှင့် အန္ဒိယနိုင်ငံ နှစ်နိုင်ငံမှ ခရီးသွားများသာ ကိုဗစ်အာမခံ ဝယ်လာရန်လိုအပ်ပြီး ထိုင်းနိုင်ငံ လေဆိပ် သို့ဝင်ရောက်သည့်အခါတွင် ထိုင်းလူဝင်မူ့ကြီးကြပ်ရေးမှ အာမခံ ပါမပါ စစ်ဆေးမှာဖြစ်ကာ အာမခံ မဝယ်လာရင် လေဆိပ် Immigration ကောင်တာမရောက်မီမှာ အာမခံကို ဝယ်ယူရမယ်လို့ ပါရှိပါတယ်။
ထိုင်းနိုင်ငံလေဆိပ်တွင် ကိုဗစ်ရောဂါ လက္ခာရှိသူများအားလုံးကတော့မည်သည့်နိုင်ငံသားမဆို RT-PCR testစစ်ဆေးရန်လိုအပ်ကြောင်းညွန်ကြားထားပါသည်။
မှတ်ချက် ။
မည်သည့်နိုင်ငံသားမဆို လေယာဥ်မောင် / မယ်များစီးပွားရေး အလုပ်နှင့် လာရောက်သူများ ၊နှင့်ကျောင်းသားများအားလုံးအား ဟာ ကျန်းမာရေးစောင့်ရှောက်မူ့အာမခံ မဝယ်ယူချင်ပါက ထိုင်းနိုင်ငံရှိ ၄င်းတို့ကို လက်ခံခေါ်ဆောင်ထားမည့် အဖွဲ့ အစည်းတခုခုမှ ကိုဗစ်ဖြစ်ရင် ဆေးကုပေးနိုင်ကြောင်းအာမခံ ပေးနိုင်ပါက ကျန်းမာရေးအာမခံဝယ်ယူရန်မလိုအပ်ကြောင်းသိရပါသည်။
အသေးစိတ်အချက်များကို
https://ddc.moph.go.th/index.php ကို စုံစမ်းနိုင်ပါတယ်။
Ref: Public Health Ministry or Thailand
ကိုစိုင်း