13/06/2020
ဘုရား ရှိခိုးရင်ပဲ ဖြစ်ဖြစ်
ပဌာန်း ပူဇော်ရင်ပဲ ဖြစ်ဖြစ်
အာရုံက လွင့်တယ်။
ပါးစပ်ကသာ ရွတ်နေတာ
စိတ်က ဟိုရောက် ဒီရောက် ဖြစ်ဖူးကြလိမ့်မယ်။
အမှန်က ကိုယ်က ဘုရား ရှိခိုးတဲ့ ဆီမှာပဲ
စိတ်ကို ထားချင်တာ
ဒါပေမယ့် စိတ်ကတော့ ပြေးမြဲပဲတဲ့။
ဒါဟာ ဘာကြောင့်လဲ
ရှုတတ်ရင် ဒီနေရာမှာတင်
ဘာဝနာ ကုသိုလ်အပြင်
ဝိပဿနာကုသိုလ်ကိုပါ တစ်ပြိုင်တည်း ရနိုင်ပါတယ်တဲ့။
စိတ်ဆိုတာ ကိုယ်မဟုတ်ဘူးလေ
ပုဂ္ဂိလ် သတ္တဝါ ယောက်ျား မိန်းမ ငါ သူ စသည်မဟုတ်တဲ့
အစိုးမရတဲ့
ငါမဟုတ်တဲ့
ငါ့ဟာ မဟုတ်တဲ့
နာမ်ခန္ဓာတစ်ပါး ဖြစ်တဲ့
အနတ္တ တရား မို့ပေါ့။
သူ့သဘောကကို
အနိစ္စတရားပဲ
မမြဲဘူးလေ
ပါးစပ်က ဩကာသ ဆိုနေ
ဆိုစိတ်ကလေး ပျက်
မနက်ဖြန် ဘာလုပ်ရမယ် ဘာကိုင်ရမယ်
စသဖြင့် အတွေးကမ္ဘာထဲ ရောက်
ဒီကနေ ခြင်ကိုက်တော့ ယားနာတဲ့ ဝေဒနာရှိတဲ့
ခန္ဓာကိုယ်ကြီးပေါ် စိတ်ရောက်
ပြီးတော့
ဟာ ငါ ဘုရား ရှိခိုးနေတာပဲ ဆိုပြီး
ပစ္စုပ္ပန် ပြန်ရောက်
စတာတွေနဲ့ သံသရာ လည်နေတာပါပဲ။
ငါမဟုတ် ငါမပိုင်တဲ့ အရာတွေရဲ့
မမြဲတဲ့ သဘောတွေ အဖြစ်အပျက်တွေ
ကြားထဲမှာ
လိုချင်တာ မရလို့
ဖြစ်ရတဲ့ ဒေါသကလည်း ကိလေသာဆိုတဲ့
သင်္ခါရခန္ဓာ ပေါ်လာတာပဲ။
တစ်ခါ မြင်သမျှ ကြားသမျှ လိုချင်ပြန်တာလည်း
လောဘ ဆိုတဲ့ သင်္ခါရခန္ဓာ ကိလေသာပဲ။
ဒီ ငါမဟုတ် ငါမဆိုင် ငါမပိုင်တဲ့ အနတ္တ တွေရဲ့
မမြဲခြင်းဆိုတဲ့ သဘောတွေထဲမှာ
ရုပ်နာမ်ခန္ဓာကြီးကို ငါလို့ ဆွဲပြီး
ဒုက္ခရောက်နေကြရတာ
ပုထုဇဉ်တွေပါပဲ
အချိန်တန်တော့
အမှားတွေ တစ်လှေကြီးနဲ့ သေကြရော
ဒီလိုနံ့သံသရာဟာ
ပုံမှန်လည်ပတ်နေတဲ့
ဖြစ်ရပ်တစ်ခု အဖြစ်
ရပ်တည်နေဆဲပေါ့။
မြတ်စွာဘုရား ပေးတဲ့ဉာဏ်ကို
ရအောင် မယူသရွေ့
သံသရာ ခရီးမှာ
ဒုက္ခရောက်နေဦးမှာပါ။
သုညတ
၇-၆-၂၀၂၀