KWEL GYI PYAL GYI

  • Home
  • KWEL GYI PYAL GYI

KWEL GYI    PYAL GYI W**d မရောင်းပါ။

15/01/2024
29/12/2023

Today is brand new day👾

Bigger than bigger 🍀👾
27/12/2023

Bigger than bigger 🍀👾

27/12/2023

Happy New years ဆိုပြီး ဂျင်းထဲ့ခံရတဲ့ အခိုက်အတန့်တွေ လာအုန်းမှာပဲ....

#ဆရာဗေလု၀

21/12/2023

Dr myo kyike 💓

19/12/2023

တစ်လကျော်ပြီး သကာလ💥

Day-14 Ak47🥰
12/11/2023

Day-14 Ak47🥰

10/10/2023

Lil U*i Vert

Local, Auto, Photoperiod, Feminized, Regular အထက်ဖော်ပြပါ အသုံးနှုန်းတွေကို Cannabis အကြောင်းစတင်လေ့လာနေတဲ့ စတင်စိုက်ပျိ...
06/10/2023

Local, Auto, Photoperiod, Feminized, Regular

အထက်ဖော်ပြပါ အသုံးနှုန်းတွေကို Cannabis အကြောင်းစတင်လေ့လာနေတဲ့ စတင်စိုက်ပျိုးမယ့် Beginner grower တွေအများဆုံး ရောထွေးတတ်ကြပါတယ်။ အဲ့ရောထွေးနေတာ‌က တချို့ချို့သော စိုက်ဖူးတဲ့သူတွေမှာပါ ရောထွေးနေတတ်ပါတယ်။
ကျွန်တော် အဲ့အပိုင်းလေးကို နည်းနည်းလေး နားလည်သလောက် ရှင်းပြပေးပါမယ်။
*စာလည်း နည်းနည်းလေးရှည်ချင်ရှည်သွားပါမယ် စာရှည်လို့ မဖတ်ဖူးဆိုတဲ့ ညိုကီတို့ကိုလည်း လာမေးရင် ဒီ post ကိုပဲ Link လုပ်ပြီး ပြန်ပို့မှာပါ
ဟဲ ဟဲ :3

1. Local
Local ဆိုတာ ဘာကိုခေါ်တာလဲ။ Local ဆိုတာ ဒေသတစ်ခု နိုင်ငံတစ်ခုမှာ ပေါက်ရောက်တဲ့ Domestic Strain or Landrace strain တစ်ခုကိုပြောတာပါ။ ကျွန်တော်တို့နိုင်ငံက သမပိုင်းဇုန်အတွင်းမှာ ‌တည်ရှိတဲ့နိုင်ငံဖြစ်တာနဲ့အညီ ရာသီဥတုက ပူနွေးပါတယ်။ အဲ့လိုပူနွေးတဲ့ နိုင်ငံတွေမှာ Quality ကောင်းတဲ့ ဒေသမျိုးရင်း Sativa တွေရှင်သန်ပေါက်ရောက်ကြပါတယ်။ ကျွန်တော်တို့ မြန်မာမှာဆို ကျောက်၊ သရက်၊ ရှမ်း အစရှိသဖြင့်ခေါ်နေတဲ့ မျိုးတွေပေါ့။ BoB ဆိုတာကတော့ Bay of Bengal ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဘက်တွေမှာ ပေါက်တဲ့ Sativa အပင်တွေပါ။ တခြားနိုင်ငံရဲ့ Local တွေဆိုရင် ထိုင်းဆို Thai Sativa၊ Hindu Kush ဆိုရင် ပါကစ္စတန်နဲ့ အာဖဂန်ကြားမှာ‌ပေါက်တဲ့ ရှားပါး Rare Indica Landrace ၊ အာဖဂန်နစ္စတန်မှာဆိုရင် Afghani အစရှိသဖြင့်ပေါ့။ သူတို့တွေဟာ သူတို့နိုင်ငံတွေရဲ့ Local တွေပါပဲ။

2. Auto or Automatic Flowering
Auto ဆိုတာကတော့ စိုက်ပျိုးချိန်တိုတောင်းပြီး အလိုအလျောက်ပန်းပွင့်နိုင်တဲ့ Cannabis အမျိုးအစားပါ။ အလင်းဘယ်လောက်ပဲ ရနေပါစေ သူ့ရဲ့ အပင်သက်တမ်းရောက်ရှိရင် ဖူးလာကြတဲ့အပင်မျိုးတွေပါ။ ရာသီစက်ဝန်းကို လုံးဝမမှီခိုတဲ့ အပင်တွေဖြစ်ပါတယ်။ ရာသီအချိန်မရွေးစိုက်ပျိုးနိုင်ပါတယ်။
Indoor မှာစိုက်ပျိုးမယ်ဆိုရင် 9 weeks to 12 weeks အတွင်းမှာ Harvest လုပ်လို့ရပါတယ်။ Outdoor မှာစိုက်မယ်ဆိုရင်တော့ အပင်ရဲ့ အိုးအရွယ်အစားနဲ့ စိုက်ပျိုးသူပေါ်မှာမူတည်ပြီး 12 weeks ကနေ 16 weeks လောက်ထိကြာနိုင်ပါတယ်။ Cannabis Ma*****na သုံးမျိုးဖြစ်တဲ့ Sativa, Indica and Ruderalis ဒီသုံးမျိုးမှာ Cannabis Ruderalis တစ်ခုထဲမှာပဲ Automatic Flowering type ဖြစ်ပါတယ်။ Sativa and Indica တွေကို Auto Type ဖြစ်ချင်ရင် Ruderalis နဲ့မျိုးဖောက်ရပါတယ်။

3. Photoperiod
Photoperiod အပင်တွေဆိုတာကတော့ ရာသီစက်ဝန်းနဲ့ နေ့အလင်း၊ ညအမှောင်ရရှိမှုအပေါ်မှာ အပြည့်အဝမှီခိုပြီး ပန်းပွင့်ကြတဲ့အပင်မျိုးတွေပါ။ ရုရှားနိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ ပေါက်တဲ့ Cannabis Ruderalis တွေကလွဲရင် ကျန်တဲ့မျိုးရင်း Local cannabis တွေအားလုံးဟာ Photoperiod အပင်အမျိုးအစားတွေပါ။ သူတို့တွေကို Outdoor မှာစိုက်မယ်ဆိုရင် ရိတ်သိမ်းဖို့အတွက် 6 လကနေ 8 လကြားကြာနိုင်ပါတယ်။ Photoperiod အပင်တွေဟာအဖူးဖူးဖို့ရာ ရာသီစက်ဝန်းနဲ့ အလင်းအမှောင်ရရှိမှု ပမာဏာကို မှီခိုတဲ့အတွက် နေ့တာတိုပြီး ညတာရှည်တဲ့ ရာသီဥတုဖြစ်တဲ့ ဆောင်းတွင်းရောက်မှ ဖူးပါတယ်။ အဲ့တာကြောင့် Local Photo ပင်ကိုစိုက်ထားတဲ့ ညိုကီတို့အမေးများသော မေးခွန်းဖြစ်တဲ့ 1 လပိုင်းထဲက စိုက်ထားတာ အခုထိမဖူးသေးဆိုတဲ့အဖြေကတော့ ဆောင်းထိစောင့်ပါ။

4. Feminized
လာပါပြီ အဓိက ဇာတ်လိုက်တွေထဲက တစ်ကောင်။Feminized ဆိုတဲ့ အသုံးအနှုန်းကို Premium seed bank တွေက ထုတ်တဲ့ Seed တွေကို စိုက်ချင်လို့ စုံစမ်းတဲ့အခါ Seed ရောင်းတဲ့ Page တွေမှာ အများဆုံးမြင်ဖူးပါလိမ့်မယ်။ အလားတူ Seed bank တွေရဲ့ Website တွေမှာပါပဲ။ Feminized ဆိုတာဟာ Female ဆိုတာသေချာ‌တဲ့ Female ဖြစ်အောင်လုပ်ပေးထားတဲ့ အစေ့တွေကို ဆိုလိုတာပါ။ ဒီမှာ နှစ်ခု ထပ်ကွဲပါတယ်။ Auto Feminized နဲ့ Photoperiod Feminized နဲ့ဆိုပြီးပါ။
Auto Feminized ဆိုတာကတော့ No.2 မှာရေးထားတဲ့ Auto ပင်တွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီး Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။ Photo Feminized ဆိုတာကတော့ No.3 မှာရေးထားတဲ့ Photo အပင်အမျိုးအစားတွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီးတဲ့အခါမှာ Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။ ဒီမှာ ရောသွားတတ်တာက Seed page တွေမှာ ရေးထားတတ်တဲ့ Auto/ Feminized ပါ။ Auto လို့ တစ်လုံးထဲ ရေးထားရင် အဲ့တာ Auto flower Feminized ပါ။
Feminized ပဲရေးထားတယ်ဆိုရင်တော့ အဲ့တာ Photoperiod Feminized ပါ။

5. Regular
နောက်ထပ် ဇာတ်ကောင်တစ်ခုပါပဲ။
Regular ဆိုတာဘာလဲ။ Regular ဆိုတာ Cannabis Seed တစ်ခုကို Male or Female မခွဲခြားထားတဲ့ အမျိုးစားပါ။ စိုက်လိုက်လို့ ပေါက်လာတဲ့အခါ အဖိုပင်ဖြစ်ချင်ဖြစ်မယ် အမပင်ဖြစ်ချင်ဖြစ်မယ်။ ဒီနေရာမှာ Feminized တွေလိုပဲ နှစ်ခုထပ်ကွဲပါမယ်။ Auto regular and Photo regular !!! Auto Regular တွေဆိုတာ Auto ပင်တွေကိုမှ အဖို အမ မခွဲထားတဲ့ Seed တွေဖြစ်ပါတယ်။ တချို့သော Seed bank ကြီးတွေက Regular seed ထုတ်မရောင်းပါဘူး။ တချို့ကတော့ ထုတ်ရောင်းပါတယ် (eg. Ethos Genetic)၊ တချို့ကတော့ လက်ဆောင်ပါပေးပါတယ်။ Regular seed စိုက်ပြီး အဖိုပင်ပေါက်လာတဲ့အခါ သာမန်စိုက်ပျိုးသူတွေအတွက် အဖူးမရလို့ စိတ်ညစ်တတ်ကြပေမယ့် Breeder တွေအတွက်ကတော့ အပျော်ကြီးပျော်ကြတာပါ။ Genetic တည်ငြိမ်ပြီးသား Strain တစ်ခုရဲ့ Male pollen ဟာ Breeding လုပ်တဲ့အပိုင်းမှာ တန်ဖိုးကြီးပါတယ်။ ဒါပေမယ့် ပိုပြီးတည်ငြိမ်တဲ့ Stable pollen ကိုလိုချင်ရင်တော့ Male seed သီးသန့်ကို ရွေးဝယ်ရပါမယ်။ ဈေးကတော့ ပိုများပါတယ်။ Photo Regular ကလည်း အပေါ်ကနဲ့ အကြောင်းအရာ အတူတူပဲမို့လို့ ထပ်မရေးတော့ပါဘူး။ :3

တစ်ခုဖြည့်စွက်ပြီးပြောချင်တာကတော့ Group တွေထဲမှာ ရောင်းနေတဲ့ F1, F2 ဆိုတာတွေသည် Strain တစ်ခုရဲ့ Breeding လုပ်ထားသော မျိုးဆက်အဆင့် Generation 1 and 2 ဆိုတာတွေကို ရည်ညွှန်းတာပါ။ Auto ဖြစ်သည် မဖြစ်သည်ကို မရည်ညွှန်းပါဘူး။ Auto male + Auto Female ကို breeding လိုက်တဲ့အခါမှာ True breeding ဖြစ်တဲ့အတွက် Auto F1 regular seed ရပါတယ်။ အဲ့ဒီ F1 သည် အဖိုအမ မခွဲခြားနိုင်တဲ့ Auto F1 ဖြစ်ပါတယ်။ Auto + Photo Breed တာတွေက True Breeding မဖြစ်တဲ့အတွက် ရလာတဲ့ seed ကလည်း F1 အဆင့်မှာ Auto မဖြစ်ပါဘူး။ Auto+Photo breeding လုပ်တာက‌နေ Auto ပြန်ရဖို့အတွက် မျိုးဆက် သုံးဆက်ထိ အနည်းဆုံး ဖောက်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဝယ်လိုက်တဲ့ F1, F2 တွေသည် Auto ဖြစ်တယ် မဖြစ်ဘူးဆိုတာ Breeder နဲ့သာဆိုင်ပါတယ်။ Colloidal Silver ဆေးရည်သုံးပြီး မျိုးယူထားတဲ့ F1 တွေကတော့ Feminized တွေဖြစ်ပါတယ်။ သူတို့ကိုတော့ F1 လို့မခေါ်တော့ပဲ S1 လို့ခေါ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်

ဆေးခြောက်ဤဆောင်းပါးသည် ဆေးဝါးအသုံးအနှုန်း အကြောင်း ဖြစ်သည်။ အပင် အတွက် ဆေးခြောက်ပင် ကို ကြည့်ပါ။ဤဆောင်းပါးသည် သဒ္ဒါ၊ သတ...
05/10/2023



ဆေးခြောက်

ဤဆောင်းပါးသည် ဆေးဝါးအသုံးအနှုန်း အကြောင်း ဖြစ်သည်။ အပင် အတွက် ဆေးခြောက်ပင် ကို ကြည့်ပါ။

ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။

ဆေးခြောက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဆေးခြောက်ပင်ရဲ့ အဖူးတွေ၊ အနှစ်ချည်းသက်သက် ချောကလက်လိုဖြစ်အောင်ထုတ်ထားတဲ့ Hash နဲ့ ပဲဆီလို အဆီထုတ်ထားတဲ့ ဆေးခြောက်ဆီတွေအဖြစ် ထုတ်လုပ်ကြတယ်။ နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာရှိတဲ့ ကော်ဖီဆိုင်တွေရဲ့ ဆေးခြောက် Menu မှာတော့ ကမ္ဘာအနှံ့က ဆေးခြောက်အမျိုးအစားပေါင်း (၃၀)ကျောက်လောက် တွေ့ခဲ့ရလို့ ဆိုင်ရှင်ကိုပဲ ဘယ်ဟာကောင်းလဲဆိုပြီး Recommend လုပ်ခိုင်းခဲ့ရတယ်။ မြန်မာပြည်ကထွက်တဲ့ ဆေးခြောက်အမျိုးအစားတစ်ခုဟာလည်း အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ Menu ထဲမှာပါပြီးသားလို့သိရပါတယ်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံရှိလားလို့မေးရင် ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပြီး ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိပါတယ်။ ဆေးခြောက်ဟာ ဘယ်လိုမူးယစ်ဆေးမျိုးလဲ ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းထဲကနေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ပယ်ဖျက်လိုက်ပါပြီ။ ဆေးခြောက်ကို စွဲစွဲလမ်းလမ်း ဖွာရှိုက်လာသူတယောက်ဟာ ဆေးခြောက်မဖွာရရင် အလွန်ဆုံး လေးငါးညလောက် ကောင်းကောင်းအိပ်မပျော်ရုံပါပဲ။ WY၊ ICE၊ ကိုကင်းနဲ့ ဘိန်း စတဲ့မူးယစ်ဆေးဝါးတွေလို ဆိုးဆိုးရွားရွားရင်းကိုက်တာမျိုး မဖြစ်တာကြောင့်ပါ။ ပညာရှင်ဆန်တဲ့ တခြားအကြောင်းပြချက်တွေ အများအပြားရှိနေလို့ အခုလို ပယ်ဖျက်လိုက်ကြတာဆိုတာ အသေအချာပါပဲ။

ဘာကြောင့် ဆေးခြောက်ကို တရားဝင်ဖြစ်သင့်လဲ အာဖဂန်နစ်စတန်ပြီးရင် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ မြန်မာ့ဘိန်းစိုက်တောင်သူတွေရဲ့ဘဝကို လူလူသူသူဖြစ်စေဖို့၊ စိုက်ပျိုးသီးနှံသစ်တခုအဖြစ် တောင်သူတွေစီးပွားဖြစ်စိုက်ပျိုးနိုင်စေဖို့၊ အထက်တန်းကျောင်းတွေထဲအထိရောက်နေပြီဖြစ်တဲ့ အလုံးရေ သိန်းသန်းချီဖမ်းမိနေတဲ့ အပေါစားစိတ်ကြွရူးသွပ်ဆေးပြား WY နဲ့ ဈေးကြီးတဲ့ ICE တွေ နိုင်ငံတကာဆီပျံ့နှံ့နေတာကို လျော့ပါးသွားစေဖို့၊ လွယ်လွယ်ဝယ်နေကြတဲ့ အရက်တုနဲ့ အပေါစားအရက်တွေသောက်ပြီး အရက်သမားဘဝနဲ့ အရွယ်မတိုင်ခင်သေဆုံးနေကြတာတွေ လျော့ပါးသွားစေဖို့၊ စိတ်ဖိစီးမှုအပေါင်း သရဖူဆောင်းနေတဲ့ လူနေမှုစနစ်မှာ စိတ်အေးချမ်းသက်သာစရာ ထွက်ပေါက်တစ်ခုဖြစ်စေဖို့၊ ဆေးခြောက်တစ်လိပ်လောက်နဲ့ ထောင်နန်းစံနေရတဲ့ လူငယ်တွေရဲ့ဘဝကို ကယ်တင်ဖို့၊ ဆေးလိပ်သောက်နှုန်းလျော့ကျစေဖို့၊ နိုင်ငံတော်အခွန် ရပေါက်ရလမ်းတွေ တိုးပွားစေဖို့၊ ထုတ်ကုန်အသစ်တွေ တိုးပွားလာစေဖို့၊ မူးယစ်ရမ်းကား သတ်ဖြတ်တာတွေ လျော့ပါးသွားစေဖို့၊ နိုင်ငံသားတွေ တဟီးဟီးတဟားဟားနဲ့ အေးရာအေးကြောင်း ပေါ့ပေါ့ပါးပါး တွေးတွေးခေါ်ခေါ် စကားတွေပြောပြီး ပျော်နေကြစေဖို့ စတာတွေကြောင့်ပါပဲ။ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေလည်း ရှိနေပြီလို့ ဖတ်ရတယ်။

ဆေးခြောက်က လူတိုင်းအတွက်လား ဆေးခြောက်သောက်ပြီး ဘာမှမခံစားရတဲ့ သူတွေလည်းရှိပါတယ်။ ဆေးခြောက်ရဲ့ အေးရာအေးကြောင်း မူးယစ်ပုံကို မကြိုက်ကြသူတွေလည်းရှိပါတယ်။ ဒါကြောင့် ABC နဲ့ G&Gလို စတိုးဆိုင်လေးတွေမှာ တင်ရောင်းရင်တောင် လူတိုင်းဝယ်ပြီး ဖွာရှိုက်နေကြမှာမဟုတ်ပါဘူး။ ဆေးခြောက်တရားဝင်ဖွာရှိုက်လို့ရတဲ့ အရည်အသွေးအကောင်းဆုံး ဆေးခြောက်အမျိုးအစားစုံစုံလင်လင် ဝယ်လို့ရနေတဲ့ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ဆေးခြောက်တော့ ဖွာလို့ရပါတယ်။ နယ်သာလန်နိုင်ငံက ဒတ်ချ်လူမျိုးမိတ်ဆွေတွေပြောပုံအရတော့ တရားဝင်ဖွာရှိုက်လို့ရနေတော့ အလုပ်သွားခါနီး ဘယ်သူမှ ဖွာရှိုက်မနေကြဘူး။ လုပ်စရာရှိတာတွေလုပ်ပြီး အေးရာအေးကြောင်း အနားယူချိန်ကျမှပဲ ဖွာရှိုက်ကြတယ်လို့ဆိုပါတယ်။

ဆေးခြောက်ပင်

မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာသည်။ ဆေးခြောက်အဆီကို bhang, g***a, hashish, resin ဟု ခေါ်ကြသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, ma*****na, spliff, w**d ဟုခေါ်ကြသည်။ Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။

Crd:

တော်တယ်ငါ့သား။
02/10/2023

တော်တယ်ငါ့သား။

မနေ့က ကျနော့် သူငယ်ချင်းတစ်ယောက်နဲ့ 4/20 အကြောင်းပြောဖြစ်တယ်။သူက 4/20 ဆိုတာ 4နာရီ 20မိနစ်လို့ဆိုတယ်။4/20ဆိုတာ stoner တွေ...
30/09/2023

မနေ့က ကျနော့် သူငယ်ချင်းတစ်ယောက်နဲ့
4/20 အကြောင်းပြောဖြစ်တယ်။
သူက 4/20 ဆိုတာ 4နာရီ 20မိနစ်လို့ဆိုတယ်။
4/20ဆိုတာ stoner တွေရင်းနှီးပြီးသား
နံပါတ်တစ်ခုပါ။သို့သော်
ထို4/20အကြောင်း သေချာ သိတဲ့လူကနည်း မယ်ထင်ပါတယ်။

ကျနော်လေ့လာဖူးတဲ့ 420ဆိုတာက
အမေရိကန် မှာ ဆေးခြောက်ကို တရားမဝင် သက်မှတ်ထားတဲ့အချိန်က ဆေးခြောက်သောက် တဲ့ stoner တွေဟာ

နှစ်စဥ် လူ ၄၀၀၀လောက် စုစည်းပြီး 4လ ၂၀ရက်နေ့ ရောက်တိုင်း လူစုလူဝေးနဲ့ ပြဲ ကြပါ တယ်။
ထိုနေ့ကို မိတ်ဆွေများ သူငယ်ချင်းများ
စုဝေးရာနေ့ အဖြစ်လည်း stoner များက မြတ်နိုးကြသည်။

ထို ဆန္ဒပြပွဲများသည် အမေရိကန် နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သည်။
အထူးသဖြင့် ကော်လိုရာဒို | ကယ်လီဖိုးနီးယား နှင့် ဆေးခြောက်ကို တရားဝင်သည့်
အခြားပြည်နယ် 15ခုတွင် ဖြစ်ပွားခဲ့သည်။

ထို ဆန္ဒပြပွဲများအတွက် အဓိက ရလာဒ်ကတော့ ဆေးခြောက်မှောင်ခို လုပ်ငန်းများက သူတို့ ကုန်ပစ္စည်းများရောင်းချရန်အတွက်နည်းလမ်း အားလပ်ရက် တစ်ခုဖြစ်လာခဲ့သည်။

ထို 4/20ယဥ်ကျေးမှုနေ့ကို တိုက်ဖျက်ရန်အတွက် သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥပဒေ
4/20ကိုထည့်သွင်းခဲ့သည်။

တိုတိုပြောရရင် 4/20ဆိုတာ ဆေးခြောက်ပွဲတော်ကျင်းပသည့် အားလပ်ရက် တစ်ခုဖြစ်သည်။

4/20 ဖြစ်ပေါ်လာပုံကို ရှင်းပြနိုင်စရာ
ကောလဟာလ နောက်တစ်မျိုးရှိသေးသည်။

ဆေးခြောက်ကို လေ့လာသူ High Times သတင်းစာမှ အယ်ဒီတာဟောင်းစတီဗင်ဟတ်ဂ် က New York Times သို့ပြောကြားရာတွင်
4/20ဖြစ်ပေါ်လာပုံသည် 1970ပြည့်လွန်နှစ်များတွင် အထက်တန်းကျောင်းသားများ တစ်စုမှ စတင်ခဲ့သည်ဟုဆိုသည်။

ကယ်လီဖိုးနီးယား ဆယ်ကျော်သက် လူငယ်တစ်စုသည် ညနေ 4နာရီ 20မိနစ်ရောက်တိုင်း ဆေးခြောက်ကို နေ့တိုင်းသောက်သုံးရာမှ ဓလေ့ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။
ထို ဓလေ့ သည် နိုင်ငံတစ်ဝှမ်း ပြန့်နှံ့လာပြီး
ဆေးခြောက်သောက်သုံးရာ ကုဒ် တစ်ခုဖြစ်လာသည်။
နောက်ပိုင်းတွင် အခမ်းအနားကျင်းပရန် အတွက် နာရီမှ နေ့သို့ပြောင်းလဲပြီး
ဆေးခြောက်အခမ်းအနား ကျင်းပသည့်
နေ့အဖြစ်မွေးဖွားခဲ့သည်။
ကယ်လီဖိုးနီးယား မှ လူတစ်စုက
ဒီသီအိုရီကို ထောက်ခံသော စာရွက်များ
ဖြန့်ဝေခဲ့ဖူးသည်။

ထိုသူများပြောပြချက်များမှာ မှန်ကန်မှု ရှိမရှိဆိုတာကမသေချာပါ။

တူညီသောယုံကြည်ချက်တစ်ခုမှာ 4/20
သည်ကယ်လီဖိုးနီးယား
ဆေးခြောက်အတွက်ပြစ်မှုဆိုင်ရာဥပဒေဖြစ်သည်။

4/20ဖြစ်ပေါ်လာပုံ ဇစ်မြစ် သည် ယနေ့အချိန်ထိ သီအိုရီများနှင့် ဆန်းကြယ် လျှို့ဝှက်နေဆဲဖြစ်ပါသည်။

Crd to owner✌️
30/09/2023

Crd to owner✌️

(Ma*****na အကြောင်း သိကောင်းစရာ) #ဆေးခြောက် (cannabis) ခေါ် ma*****na သောက်ဖူးသူတွေရော မသောက်ဖူးသူတွေရော ဆေးခြောက်အကြောင...
30/09/2023

(Ma*****na အကြောင်း သိကောင်းစရာ)

#ဆေးခြောက် (cannabis) ခေါ် ma*****na သောက်ဖူးသူ
တွေရော မသောက်ဖူးသူတွေရော ဆေးခြောက်အကြောင်း
သိသင့်သိအပ်စရာလေးတွေပါ။ လူအတော်များများက
ဆေးခြောက်ဆိုတာ ကြားရင် မူးယစ်နွံတွင်း နယ်ကျွံဆင်း
ဘာညာဆိုပြီး ကြောက်ကုန်၊ လန့်ကုန်ကြတာမြင်ရလို့
Ma*****na education ပေးတယ်ဆိုရင်လည်း မမှားပါဘူး။
Ma*****na မှာ ယေဘူယျအားဖြင့် အမျိုးအစားသုံးမျိုး
ရှိတယ်။Sativa ၊ Indica နဲ့ ruderalist ဆိုပြီးအပင်မျိုး သုံးမျိုး
ယေဘူယျခွဲခြားလို့ ရတယ်။ အသုံးများကြတာကတော့
ရှေ့က နှစ်မျိုးပါ။Sativa က အရှေ့ဘက်အာရှမှာ
ပေါက်ရောက်ပြီး Indica ကတော့အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နဲ့
ပါကစ္စတန်တို့လို အရှေ့အလယ်ပိုင်းဒေသတွ မှာ
ပေါက်ရောက်တယ်။ ယခင်ကတော့ ဆေးခြောက်
ဆိုတာကို မူးယစ်ဆေးဝါးတစ်ခုအနေနဲ့ သတ်မှတ်ထားခဲ့
ပေမယ့် (အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် လက်ထက်မှာ
နိုင်ငံရေးအရ မက္ကဆီကန်လူမျိုးတွေကို ban လုပ်ချင်လို့
ဆေးခြောက်ကို အင်မတန်အန္တရာယ်ရှိတဲ့ gateway
(အစပြု) တားမြစ်မူးယစ်ဆေးဝါးအနေနဲ့ သတ်မှတ်ခဲ့)
ယခုခေတ်ကာလမှာတာ့ အမေရိကန်က ပြည်နယ်တော်
တော်များများနဲ့ဥရောပ တိုင်းပြည် အများစုမှာ တရားဝင်
သုံးစွဲနိုင်တဲ့ drug အနေနဲ့ သတ်မှတ်ပေးကုန်ကြပါပြီ။
တကယ်က controlled substance တွေဖြစ်တဲ့
ဆေးဝါးတွေကို အမျိုးအစား သုံးစားခွဲပြီး သတ်မှတ်ထား
ပါတယ်။

Class a (အန္တရာယ်ရှိကြောင်း သုတေသနလုပ်ထားတဲ့
တားမြစ် ဆေးဝါးများ စာရင်းဟာ ဒီအထဲမှာပါပါတယ်) ၊
class b (အန္တရာယ် အလွန်အကျွံမဖြစ်စေဘဲ (substance
abuse လုပ်) သုံးစွဲလို့ ရကြောင်း သုတေသန လုပ်ထားတဲ့
ဆေးဝါးများ အတန်းအစား) နဲ့ class c ( လုံခြုံပြီး သုံးစွဲခွင့်
ရာနှုန်းပြည့်ပေးထားတဲ့ အိမ်သုံးဆေးဝါးများအတန်းအစား)
ဆိုပြီး ဖြစ်ပါတယ်။ psychostimulant (စိတ်ကြွမူးယစ်
ဆေးဝါးများဖြစ်တဲ့) ရာမတို့ ၊ ice တို့လို
methamphetamine အမျိုးအစား ဆေးဝါးတွေဟာ
အန္တရာယ်အများဆုံး class a ထဲမှာ ပါပါတယ်။
ဆေးခြောက်ကတော့ Psychedelic လို့ခေါ်တဲ့ မူးယစ်ပြီး
ထင်ယောင်မြင်မှားဖြစ်စေတဲ့ ဂုဏ်သတ္တိ
ရှိတဲ့ မူးယစ်ဆေးဝါးအတန်းအစားထဲမှာ ပါပြီး သူ့ကို
class b အတန်းအစားထဲမှာ သတ်မှတ်ထားပါတယ်။
ဆေးခြောက်ကို လက်ရှိ တစ်ကမ္ဘာလုံးမှာ နာကျင်မှုကို
သက်သာစေတဲ့ (pain reliever) အဖြစ်အသုံးပြုနေကြတဲ့
အပြင် အခြားကျန်းမာရေး ရည်ရွယ်ချက် အများအပြား
အတွက်ပါ အသုံးချလျှက် ရှိပါတယ်။ဆေးဘက်ဆိုင်ရာ
ရည်ရွယ်ချက်အပြင် ma*****na ကို recreation အတွက်
အသုံးပြုတဲ့ သူတွေလည်း ရှိကြပါတယ်။ ဆေးခြောက်
သောက်ပြီးတဲ့အချိန်မှာ အလွန်အမင်း ပျော်ရွှင်စေတဲ့
အခြေအနေ euphoria ကို ရရှိစေသလို အချို့သူတွေ
ကတော့ ထင်ယောင်ထင်မှား သံသယတွေဝင်ပြီး
စိုးရိမ်စိတ်လွန်ကဲတဲ့ အခြေအနေ state of paranoia
ကိုလည်း ကြုံတွေကြရတယ်လို့ သတင်းပို့ချက်တွေလည်း
ရှိနေပါတယ်။

ဆေးခြောက်သောက်တဲ့အခါ လူတွေ ဘာကြောင့်
အလွန်အမင်းပျော်ရွှင်တဲ့ အခြေအနေ ကိုခံစားရကြသလဲ။
တစ်ဆက်တည်း လူအချို့ ဘာလို့ paranoia လို့ခေါ်တဲ့
စိုးရိမ်စိတ်နဲ့ ထင်ယောင်ထင်မှား သံသယတွေ ဝင်တာကို
ခံစားရသလဲ
----------------------------------------------------------------
ဆေးခြောက်မှာ အဓိက ပါဝင်တဲ့ ဒြပ်ပေါင်းနှစ်မျိုး ရှိတယ်။
ပထမ ဒြပ်ပေါင်းက THC (tetrahydrocannabinol) ဖြစ်ပြီး
CBD (cannabidiol) ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဒုတိယ
တစ်မျိုး ဖြစ်ပါတယ်။ ဆေးခြောက်တွေကိုမီးနဲ့ ရှို့ပြီး ရှူသွင်း
သောက်လိုက်တဲ့အချိန်မှာ အငွေ့အဖြစ်ထွက်လာတဲ့ THC
ဒြပ်ပေါင်းဟာ အဆုတ် သွေးလွှတ်ကြောတွေကနေတဆင့်
နှလုံးဆီကို ဖြတ်ကာ ဦးနှောက်ဆီကို မြန်မြန်ဆန်ဆန်ပဲ
ရောက်ရှိပြီး လူ့ရဲ့ အာရုံကြော ကွန်ယက်ထဲက
endocannabinoid system နဲ့ ချိတ်ဆက်ထားပြီး THC
ကို ခြေရာခံတဲ့ Cannabinoid receptors တွေဆီကို
ရောက်ရှိပါတယ်။ အဲ့အချိန်မှာ လူ့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ
အပေါ် အချိန်အနည်းငယ်မျှ THC ဟာ ဝင်ရောက်
လွှမ်းမိုးပြီး အစာစားချင်စိတ်ကို မြင့်တက်စေခြင်း၊
စိတ်ခံစားမှု အခြေအနေကိုပြောင်းလဲစေခြင်းတို့ဖြစ်စေပြီး
Euphoria လို့ခေါ်တဲ့ အလွန်အမင်းပျော်ရွှင်စေတဲ့
အခြေအနေကို ရောက်ရှိစေပါတယ်။ ဒါကို high တယ်လို့
ခေါ်တာပေါ့။THC ရဲ့ အလုပ်က ဒီတင်ပဲ မရပ်သေးပါဘူး။
cannabis strain (ဆေးခြောက်အမျိုးအစား) နဲ့ ပါဝင်တဲ့
THC concentration အပေါ်မှာ မူတည်ပြီးEuphoria
အဆင့်ကနေ ကျော်လွန်ပြီး ကိုယ့်ဘေးမှာ ရှိနေတဲ့
သူတွေနဲ့ ကိုယ့်ကိုယ်ကို အပေါ် ထင်ယောင်ထင်မှား
သံယဝင်တဲ့ paranoid ဖြစ်တဲ့ အခြေအနေကိုလည်း
ရောက်ရှိစေပါတယ်။ အရမ်းဆိုးဆိုးရွားရွားပြင်းထန်တဲ့
အထိတော့ မဟုတ်ပါဘူး။ လူတွေက ငါ့ high နေတာကို
သိနေတာလား။ငါက မူးယစ်ဆေးဝါးသမားလား၊
ငါ့သူငယ်ချင်းက ငါ့အပေါ် တစ်မျိုးမြင်နေတာလား
အစရှိသဖြင့် ခပ်ပျော့ပျော့ အခြေအနေလောက်ပဲ
paranoia ဝင်တာ ဖြစ်ပါတယ်။

ဆေးခြောက်ကို သောက်ဖူးသူတိုင်း ဒီလို သံသယ ဝင်နိုင်တဲ့
အခြေအနေ ဖြစ်ဖူးကြဖို့ များပါတယ်။ ဒီလိုဖြစ်စေတဲ့
အကြောင်းရင်းတွေထဲမှာ ဆေးခြောက် အမျိုးအစား၊
THC ပမာဏ၊ ပင်ကိုယ် စိတ်ခံယူချက်၊ သက်တောင့်
သက်သာ မဖြစ်တဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ မိမိရဲ့
ပင်ကိုယ် စိတ်အခံ (Personal Disposition) စတဲ့
အခြေအနေတွေ ပါဝင်ပါတယ်။
THC ဟာ စိတ်ခံစားမှု ၊ အကြောက်တရားနဲ့ သက်ဆိုင်တဲ့
ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို သက်ရောက်မှု ရှိတာမို့
paranoid ဝင်တာ၊Euphoria ဝင်တာနဲ့ အမြင်ပိုင်းဆိုင်ရာ
အာရုံခံစားမှု မြင့်တက်လာခြင်း၊ အစာစားချင်စိတ် မြင့်တက်
လာခြင်း တို့ အတွက်အဓိကတာဝန် ရှိတဲ့ အရာဖြစ်ပါတယ်။
ကုန်ကုန်ပြောရရင် High စေတယ်ပေါ့ဗျာ။ ဒီလိုဆိုလို့
ဆေးခြောက်ဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ မူးယစ်ဆေး
တစ်မျိုးလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ မဟုတ်ပါဘူး။
ဆေးခြောက်မှာ နောက်ထပ်ပါဝင်တဲ့ CBD ဒြပ်ပေါင်းကို
လည်း ထည့်မတွက်လို့ မရပါ။ အဲ့ CBD ဒြပ်ပေါင်းရဲ့ အကျိုး
သက်ရောက်မှုက ကောင်းကျိုးတွေချည်းဖြစ်စေတာပါ။
စိုးရိမ်စိတ် လွန်ကဲမှုကို တိုက်ဖျက်ပေးခြင်း၊ နာကျင်မှုကို
သက်သာလျော့ပါးစေခြင်းနဲ့ ရောင်ရမ်းမှုတွေကို လျော့ကျ
စေခြင်း စတဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
CBD ဟာ ထင်ယောင်ထင်မှား သံသံယစိတ်ကို ဖြစ်စေတဲ့
psychotic effects တွေကိုတိုက်ဖျက်ပေးတဲ့
အတွက်ကြောင့် သူ့ကို ကျန်းမာရေး ရည်ရွယ်ချက်
များစွာအတွက် ဆေးခြောက်ကနေ ထုတ်ပြီး အသုံးပြုနေ
ကြပါပြီ။ စိတ်ကစဉ့်ကလျားရောဂါ Schizophrenia နဲ့
psychotic disorder ကို ကုသတဲ့နေရာမှာ CBD ကို
အသုံးပြုနေကြပါပြီ။ ဆိုတော့ ဆေးခြောက်သောက်တဲ့ အခါ
CBD ပါဝင်မှု နည်းပြီး THC ပါဝင်မှု များတဲ့ strain တွေကို
သောက်မိတဲ့အခါ ထင်ယောင်ထင်မှား သံသယစိတ် ဝင်ဖို့
အခြေအနေ ပိုများလာတာပေါ့။

ဆေးခြောက် သုံးစွဲခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ
-------------------------------------------------------------
ကောင်းကျိုးများ
******************
ဆေးခြောက်သောက်တဲ့အခါ

-ပျော်ရွှင်မြူးကြွလာတယ်
-စိတ်ကို အနားရစေတယ်
-ပင်ပန်းနွမ်းနယ်တာတွေ ပျောက်စေပြီး သက်တောင့်သက်သာ
ဖြစ်စေတယ်
-အစာစားချင်စိတ်ကို မြင့်တက်စေတယ် (ဝိတ်ချနေသူတွေ
အတွက်တော့ဆိုးကျိုးပေါ့)
-အိပ်ပျော်စေတယ်
-စိတ်ဖိစီးမှုကို လျော့ပါးစေတယ်
-ဆေးခြောက်သုံးပြီးတဲ့အခါ ခင်ဗျားရဲ့ စိတ်ဓာတ်ကျစရာတွေ
ဟာဟာသဖြစ်သွားဖို့ များပါတယ်
-လိင်ဆက်ဆံလို့ ကောင်းစေတယ်
-ဂီတဟာ ပိုမိုစီးမျောလို့ ကောင်းလာတယ်
- ကင်ဆာဖြစ်စေတဲ့ ရာခိုင်နှုန်းကို လျှော့ချပေးပြီး နီကိုတင်း
ထက် များစွာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ CBD ပါရှိပါတယ်။
-အခြား မူးယစ်ဆေးဝါးတွေလို ခန္ဓာကိုယ်ကလည်း
မစွဲစေသလိုစိတ်ကလည်း မဖြစ်မနေသောက်ရမှ ဆိုတဲ့
အနေအထားအထိ မစွဲစေပါ။

ဆိုးကျိုးများ
**************
ဆေးခြောက်သောက်တဲ့အခါ

- ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အပျင်းထူစေတယ်
- အစားမတရား စားနိုင်စေတဲ့အတွက် အဝလွန်သူတွေအဖို့
ကယ်လိုရီများတဲ့ အဆီအဆိမ့်တွေကို ပိုမိုစားစေနိုင်တယ်
-ဥပဒေအရ နိုင်ငံအများအပြားမှာ ဆေးခြောက်ဟာ
တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးစာရင်းထဲ ပါနေတာမို့
ဥပဒေကြောင်းအရ ပြဿနာတွေဖြစ်စေနိုင်တယ်။
- အသက် ၁၂ နှစ်အရွယ် မတိုင်ခင် သောက်မယ်ဆိုရင်
ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တယ်လို့ သုတေသန
ရလဒ်အချို့က ဆိုထားပါတယ်။
(အသက် ၁၂ နှစ် ကျော်ပြီး ဦးနှောက်ကောင်းစွာ ဖွံ့ဖြိုး ချိန်
ရောက်တော့မှသောက်တာကတော့ သင့်ရွေးချယ်မှုပါပဲ)
- မသန့်တဲ့ မှိုပါနိုင်တဲ့ အခြောက်ခံ ထားတဲ့ ဆေးခြောက်
အဖူးတွေမှာမှိုတွေပါနိုင်လို့ မသန့်တဲ့ ပစ္စည်းကို မီးရှို့
သောက်သုံးသူတွေအနေနဲ့ ရေရှည် အသက်ရှူလမ်းကြောင်း
ဆိုင်ရာနဲ့ အဆုပ်ရောဂါတွေဖြစ်စေနိုင်ပါတယ်
(အခြားနိုင်ငံတွေမှာတော့ ဒီပြဿနာက ရှောင်ဖို့
အခြောက်ခံထားတဲ့ အဖူးတွေကို ပြန်ပေါင်းထားတာမျိုး၊
cannabis concentrate တွေသီးသန့် ထုတ်ထားတဲ့
အရည်မျိုးကို V**e နဲ့ သောက်တာမျိုး၊THC နဲ့ CBD
သီးသန့် ထုတ်ယူထားတဲ့ shatter လို့ခေါ်တဲ့ အမျှင်ပုံ၊
အရည်ပုံနဲ့ လာတဲ့ ဆေးခြောက်ထုတ်ကုန်တွေ အစရှိသဖြင့်
ရွေးချယ်မှု များစွာ ရှိနေပါပြီ)
- အမြဲတမ်း နိစ္စဓူဝ ရေရှည် မီးရှို့ရှူပြီး သုံးစွဲမယ်ဆိုရင် ၊
drug binge ဖြစ်နေမယ်ဆိုရင် အသက်ရှူလမ်းကြောင်း
ဆိုင်ရာ ပြသနာတွေ၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ပြသနာ
တွေနဲ့ ကြွက်သားလှုပ်ရှားမှု motor skill နဲ့ ပတ်သက်တဲ့
ပြသနာတွေ ဖြစ်နိုင်တယ်။
- THC ပါဝင်မှု များပါက ( အထက်ကရှင်းပြခဲ့တဲ့ အကြောင်း
အရင်းများလည်း အပါအဝင်) ထင်ယောင်မြင်မှားမှု
သံသယစိတ်ကို ခပ်ပါးပါးဖြစ်စေနိုင်တယ်
- ဆေးခြောက် နေ့တိုင်းသောက်၊ တစ်နေကုန်သောက်နေ
သူအဖို့ လူမှုရေး ပြဿနာတွေ ရှိလာနိုင်တယ်။ လင်မယားကြား၊
မိသားစုကြားဆက်ဆံရေး ကတောက်ကဆ ဖြစ်လာ
နိုင်တယ်။ (အရက်နေ့တိုင်းသောက်နေတဲ့ အရက်သမား
တွေမှာလည်း ဒီလိုဆိုးကျိုးတွေ ရှိပါတယ်။အဓိကကတော့
တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံမဖြစ်စေပဲ
တာဝန်သိသိ တာဝန်ရှိရှိ responsibly smoke ဖို့ကသာ
အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။


Address


Website

Alerts

Be the first to know and let us send you an email when KWEL GYI PYAL GYI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share