21/02/2018
....................မင်္ဂလာပါချစ်ဆွေတို့ရေ...................
"ခေါနူးစုမ်" ကို အလည်လာဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်ရှင့်....
ချစ်ဧည့်သည်တစ်ဦးလျှင် ခရီးစဉ် စဆုံးအတွက် ၁၉၀,၀၀၀ ကျပ် (တစ်သိန်း ကိုးသောင်း) သာကျသင့်မှာပါ။
အသေးစိတ်တင်ပြထားပါတယ်။ သေသေချာချာ ဖတ်ကြည့်ပေးပါနော်။
ပန်းလေပြေ ( ခေါနူးစုမ် ) ဟိုတယ် ရဲ့ ချစ်မိတ်သင်္ဂဟ တို့ရေ …………………
👉 👉 (သဘာဝဆိုင်ရာ ဗဟုသုတတွေ ထူးခြားပြီး ရိုးရှင်းတဲ့ လူနေမှုဘ၀တွေ အစရှိတဲ့ သဘာဝအခြေခံ ခရီးသွားဆိုင်ရာ ခရီးစဉ်လေးနှင့် မိတ်ဆက်တင်ပြချင်ပါရဲ့………
👉 👉 ညီနောင်သွေးချင်း - ချင်းအမျိုးသားတို့ရဲ့ “ ရွှေမြေ ” ဆီးနှင်းတို့ မွေးရာမြေ ချင်း တောင်ပိုင်း ကန်ပက်လက် အရပ်က အမြင့်ပေ ၁၀၂၀၀ ရှိပြီး သဘာဝကပေးတဲ့ အမွေအနှစ်တွေတည်ရာ ၊ အာဆီယံ ဒေသလုံးဆိုင်ရာ အမွေအနှစ် အဖြစ်သတ်မှတ်ခံထားရတဲ့ နတ်မတောင် (ခေါ်) ခေါနူးစုမ်တောင် (ခေါ်) Mt. Victoria သို့ အလည်တစ်ခေါက် အရောက် လှမ်းလာလှည့်စေချင်ပါရဲ့………
👉 ယခုနှစ် ဖေဖ၀ါရီ ၊ မတ်၊ ဧပြီလ တွေရဲ့ ချင်းပြည်နယ် တောင်ပိုင်း (ကန်ပက်လက်) ကို ခရီးစဉ်ထွက်ခွာမည့် ရက်တွေကတော့…..
🗓 ခရီးစဉ်ထွက်ခွါ မည့်ရက်တွေ ကတော့
(ခ) ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ဖေဖော်ဝါရီ
(ဂ) ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၀ မတ်
(ဃ) ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ မတ်
(င) ၃၀ ၊ ၃၁ ၊ ၁ ၊ ၂ ၊ ၃ ဧပြီ
(စ) ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ဧပြီ
(ဆ) ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ဧပြီ ( ဈေးနှုန်းအပြောင်းအလဲရှိသည်)
အစရှိတဲ့ နေ့ရက်တွေထဲက မိမိနှစ်သက်ရာ၊ အဆင်ပြေရာ ရက်အတွင်းလိုက်ပါနိုင်ကြပါတယ်ရှင့်။
ခရီးစဉ် အသေးစိပ်လေးကို ဆက်လက်တင်ပြပါရစေ………နော်
🗓 🗓 👉 ပထမနေ့ အစီစဉ်လေးကတော့ 🗓 🗓
👉 👉 (ည ၈း၀၀) နာရီ တိတိမှာ ရန်ကုန် ရွှေမြို့တော်ရှိ တောင်ဥက္ကလာ စုရပ်ကနေ Mt. Victoria တောင် ရှိရာ ကန်ပတ်လက်မြို့ သို့ ခရီးစဉ် စတင်ထွက်ခွာပါမယ်…………….
👉 ပထမစုရပ်ကို တောင်ဥက္ကလာ ၃၁ဂိတ်ဟောင်းမှတ်တိုင်အနီး မှာ သတ်မှတ်ထားပြီး 👉 👉 ဒုတိယစုရပ်ကို ပြည်လမ်းမပေါ်(၈)မိုင် လမ်းဆုံ ဂုံးတံတားအဆင်းမှာ သတ်မှတ်ထားပါတယ်ရှင့်။ 🍽 🍽 🍴 အမြန်လမ်းမကြီးပေါ်က မိုင်တိုင် ၃၉ မှာရှိတဲ့ ယာဉ်ရပ်နားစခန်း (သို့မဟုတ်) ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ ခေတ္တရပ်နားကာ ကိုယ်လက်အညောင်းဆန့်ရင်း ခဏအနားယူကြတာပေါ့……….နော်
🗓 🗓 ဒုတိယနေ့ အစီစဉ်လေးကတော့ 🗓 🗓
👉 👉 ခန့်မှန်းချိန် မနက် (၄း၀၀) ၀န်းကျင်မှာ မိတ္တီလာမြို့ သီးကုန်းအမြန်လမ်းဆုံ ယာဉ်ရပ်နားစခန်းသို့ရောက်ရှိမှာဖြစ်ပြီး ကျောက်ပန်းတောင်းလမ်းမှတဆင့် ခရီးဆက်လက် ထွက်ခွာကြ မယ်…….။
🍽 🍽 🍴 မန နံနက်စာကိုတော့ ကျောက်ပန်းတောင်းမှာ ရှိစားသောက်ဆိုင်မှာ သုံးဆောင်ကြမယ် - နေ့လည်စာကိုတော့ “ယော” သူတို့ဒေသရှိ “ဆော” လို့ခေါ်တဲ့မြို့လေးက အေးသရဖူ ထမင်းဆိုင်လေးမှာ သုံးဆောင်ကြတာပေါ့……….။
👉 👉 နေ့လည် (၂း၀၀)နာရီဝန်းကျင်မှာ ကန်ပတ်လက်မြို့- ပင်လယ်ရေမျက်နှာပြင်အထက် (၆၃၃၀) ပေ မှာရှိတဲ့ The Floral Breeze ( Mt. Victoria ) Hotel ပန်းလေပြေ (ခေါနူးစုမ်) ဟိုတယ် ရောက်ရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဘန်ဂလို အခန်းတွေမှာ စိတ်လက်အေးချမ်းစွာ အနားယူကြမယ်နော်……..။
👉 👉 ညနေ( ၄း၀၀) နာရီ ၀န်းကျင်မှာ ဟိုတယ်ရှေ့ မျက်နှာစာ ရှု့ခင်းဧရိယာထဲက “ မြို့ဟောင်း ” ဆိုတဲ့ ချင်းရွာလေးကို အလည်သွားကြရင်း လူနေမှုပုံစံတွေ လေ့လာကြမယ် ဓါတ်ပုံရိုက်ကြမယ်၊ အလှူအတန်းတွေပြုလုပ်ကြမယ်………။
🍽 🍽 🍴 👉 ညနေ (၆း၃၀) ၀န်းကျင်မှာ ဟိုတယ်ရဲ့ စားသောက်ခန်းမမှာ ညစာ သုံးဆောင်ကြမယ်
အဲညကိုတော့ ခေါနူးစုမ် ညချမ်းရဲ့ ဆီးနှင်း ဖျောက်ဖျောက်ကျသံတွေကြားက သန့်ရှင်းသပ်ရပ်လှတဲ့ အိပ်ခန်းဆောင်တွင်းမှာ အနားယူအိပ်စက်ကြမယ်….….။
🗓 🗓 တတိယနေ့ အစီစဉ်လေးကတော့ 🗓 🗓
🍽 🍽 🍴 မနက်( ၆း ၃၀ ) မှာ နံနက်စာသုံးဆောင်ကြမယ် ဟိုတယ်ကနေ ၁၀ မိုင် ဝေးကွာပြီး တစ်နာရီလောက်ကားစီး သွားကြရတဲ့ ကန်ပက်လက် - မင်းတပ် တောင်ပေါ်လမ်းက နတ်မတောင် (၁၀)မိုင် စခန်းကို ထွက်ခွာကြမယ်…….။
📸 📸 လမ်းတစ်လျှောက် ရှုခင်းလှပတဲ့ နေရာတွေမှာ ဓါတ်ပုံရိုက်ကြမယ်။ ရဲရဲနီအောင်လှနေတဲ့ တောင်ဇလပ်ပန်းပင်တွေ၊ ပုဇွန်ဆီရောင် သန်းနေတဲ့ ချယ်ရီပန်းပင်တွေ နောက်ခံထားလို့ selfie ဆွဲကြမယ်လေ
📸 📸.ကံကောင်းရင်တော့ ကမ္ဘာရှားပါး စာရင်းဝင် ငှက်မျိုးစိတ်တွေထဲက မျက်ခုံးမွှေးဖြူ ဌက်ပြာခြောက် ငှက်ကလေးတွေကို ဓါတ်ပုံ ရိုက်ယူ မှတ်တမ်းတင်နိုင်အုံးမှာလေ……….။
👉 👉 ဆယ်မိုင် တောင်တက်လမ်းတစ်နေရာ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေရှစ်ထောင်ဝန်းကျင် မှာရှိတဲ့ ထင်းရှုးပင်အိုကြီးတွေရဲ့ အလှကို ခံစားကြည့်ရှု့ကြရင်း မှတ်တမ်းဓါတ်ပုံရိုက်ကြအုံးမယ်……….နော်။
👉 👉 ဆယ်မိုင် တောင်ပေါ်စခန်းမှာ ကားထားခဲ့မှာဖြစ်ပြီး ခန့်မှန်း 3 ½ မိုင် ဝေးတဲ့နတ်မတောင်ထိပ်ကို လမ်းလျှောက်တက်ကြရအောင်………။
👉 👉 မိမိကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှုကိုပြသကြရမှာလေ………နော့။ အေးအေးလူလူလမ်းလျှောက် တက်ကြရင်း ချယ်ရီ၊ ထင်းရူး၊ တောင်ဇလပ် ပင်တွေ၊ နှစ်ချို့ ၀က်သစ်ချပင်အိုကြီးတွေရဲ့ အလှတွေကို မျက်စိပသာဒ ခံစားကြမယ်……ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်နော့…………။
🍽 🍴 နေ့လယ်စာကိုတော့ မိမိနဲ့ တစ်ပါတည်းသယ်ဆောင်လာတဲ့ ဟိုတယ်ကစီစဉ် ပေးထားသော အစားအသောက်တွေကို လမ်းတစ်နေရာမှာ သုံးဆောင်ကြမယ်။ ပြီးရင်တော့ ကန်ပက်လက်မြို့ထဲ ခဏ၀င်ပြီး ရိုးရာလက်မှု ပစ္စည်းများ ၀ယ်ယူကြမယ် ရိုးရာ ဓလေ့နှာခေါင်းပေါက်က “လေ” နဲ့ ပုလွေမှုတ်တဲ့ အနုပညာသည် ချင်းတိုင်းရင်းသူကြီး ထံဝင်လည်ရင်း…….ပုလွေဂီတသံ ချိုချိုကို နားသောတဆင်ကြမယ်……..အတူယှဉ်တွဲကာ ဓါတ်ပုံတွေရိုက်ယူကြမယ်……..။ ဒေသထွက် ရိုးရာ ချည်ထည်၊ ၀ိုင်တွေ နဲ့ ပုတီးလှလှလေးတွေကို အိမ်ပြန်လက်ဆောင် အဖြစ် ၀ယ်ယူကြမယ်။
👉 👉 ညမှာတော့ ဟိုတယ်ပြန်ဝင်ကြပြီး ဟိုတယ် မီးပုံကွင်းမှာ မီးပုံပွဲနှင့်အတူ “ ခေါင် ” သောက်ကြရင်းဝိုင်းဖွဲ့ “ က ” ကြကာ ညစာသုံးဆောင်ကြမယ်။ အအေးဒီဂရီ (ခန့်မှန်း) ( 10ံ CC ~ 4ံ CC ) လောက်အေးနေတဲ့ ညချမ်းအေးအေးမှာ ထူထဲလှတဲ့စောင်ပုံတွေကြားကွေးရင်း အဆောင်ခေါင်မိုးပေါ်က နှင်းစက်ကျသံတွေကြား အိပ်စက်အနားယူကြမယ်……..။
🗓 🗓 စတုတ္ထနေ့ အစီစဉ်လေးကတော့ 🗓 🗓
🍽 🍽 🍴 👉 မနက်(၇း၀၀)နာရီမှာ ဟိုတယ်တွင် နံနက်စာသုံးဆောင်ကြမယ်……..ထို့နောက် ဟိုတယ်သို့ အခန်းပြန်အပ်ကာ အိမ်အပြန် ခရီးစတင်မယ်……။
👉 👉 အပြန်မှာတော့ ကန်ပက်လက်မြို့မှာရှိတဲ့ အထက်တန်းကျောင်း (သို့မဟုတ်)ပရဟိတဘုန်းတော်ကြီးကျောင်းကို ၀င်လည်ပြီး ကလေးတွေ အတွက် စာအုပ်၊ မုန့်၊ ခဲတံ အစရှိတဲ့ အလှုပစ္စည်းတွေကို ၀င်ရောက်လှုတန်းကျရအောင်နော်……။
🍽 🍽 🍴 👉အပြန်ခရီးကို” စလေမြို့ “သို့ ထွက်ခွာကာ နေ့လည်စာသုံးဆောင်ပီး စလေမြို့ရှိ အံ့သြဖွယ် ချီးကျူးဂုဏ်ယူဖွယ်
မြန်မာတို့ရဲ့ ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းပုပညာရဲ့ အစွမ်း အဆင့်အတန်းကို ပြသနေတဲ့ ရုပ်စုံကျောင်း
ကိုသွားရောက်လေ့လာကာအမှတ်တရဓာတ်ပုံလှလှလေးတွေရိုက်ကြမယ်…....။
👉 ညနေမှာတော့ မိတ္ထီလာမြို့တွင်ညစာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့သို့ ဆက်လက် ထွက်ခွာပါမည်။
နောက်တစ်နေ့ မနက်စောစောမှာ မိမိအိမ်သို့ ခရီးလမ်း လုံခြုံချောမွေ့စွာ ပြန်ရောက်ကာ အားအင်အသစ်တွေနှင့် အတူ ဆက်လက်လျှောက်လမ်းကြမယ် ………နော်။
အဲ့ဒီတော့ ………. ချစ်ဆွေတို့ရေ
👉 👉 သတ်မှတ်ထားသော ခရီးစဉ်ရက်တွေထဲက မိမိနှင့် အဆင်ပြေမည့် ရက်ကို ရွေးချယ်ကာ ကြိုတင်စာရင်းပေးသွင်းကြရအောင်လား………။
ခရီးစဉ်တစ်လျှောက် ရိုးသားဖော်ရွေတဲ့ ခရီးစဉ်တာဝန်ခံမှ ဦးဆောင်မှာဖြစ်ပြီး နေ့စဉ် ရေသန့်ဘူး၊ သွားတိုက်ဆေး နှင့် သွားပွတ်တံ၊ စနိုးတာဝါ က အစ ရရှိမှာဖြစ်ပါတယ်။ ရှေးဦးသူနာပြု ကြက်ခြေနီသုံး ဆေးနှင့် ဆေးကိရိယာ Box ကိုလည်း ယူဆောင်လာမှာဖြစ်ပါတယ်။
အခုချိန်ကစ၍ အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ကာ စာရင်းပေးသွင်း နိုင်ကြပါပြီရှင့်……….။
☎ 09 257961231, ☎09 785960530