World Quest International Tourism Company Limited

  • Home
  • World Quest International Tourism Company Limited

World Quest International Tourism Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Quest International Tourism Company Limited, Travel Company, .

08/02/2021

World Quest International Tourism Company Limited သည်

Civil Disobedience Campaign

တွင် ပြည်သူ့များနှင့် အတူ ရပ်တည်သွားပါမည်။

We stand with the people in the Civil Disobedience Movement. 🕊

03/08/2017

ထိုင်းနိုင်ငံ အလည်အပတ် ခရီးစဉ်
5 Days / 4 Nights

DAY 1: ရန်ကုန် - ဘန်ကောက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်းတွင် ထွက်ခွာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်ပါမည်။ လေဆိပ်တွင်ကြိုနေသောဒေသခံဧည့်လမ်းညွှန် နှင့် တွေ့ဆုံပြီးနောက် ဘန်ကောက်မြို့၏ မရောက်မဖြစ် မြဘုရား Emerald Buddha, Grand Palace ဘုရင့်နန်းတော် နှင့် အလွန် ကြည်ညို သပ္ပာယ်လှသောWat Pho လျောင်းတော်မူ ဘုရားကြီး တို့ကို သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် လေးမျက်နှာဘုရားသို့ သွားရောက်ဖူးမျှော်ကြပြီးနောက် လွတ်လပ်စွာ ဈေးဝယ် ထွက်ရန် အချိန်ရပါမည်။ ညနေပိုင်းတွင် ဘန်ကောက် နာမည်ကြီး ကျောက်ဖရားမြစ်ထဲတွင် သင်္ဘောစီး၍ ငြိမ့်ညောင်း သာယာသော တေးသံ၊ အေးမြသောလေညင်း၏ အထိအတွေ့များဖြင့် အရသာရှိသော Dinner သုံးဆောင်ကာရောင်စုံညအလှကို ကြည့်ရှု့ ခံစားနိုင်ပါမည်။ ထို့နောက် ဟိုတယ်တွင် အိပ်စက် အနားယူမည်ဖြစ်ပါသည်။

DAY 2: ဘန်ကောက်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ နာမည်ကြီးကစားကွင်းဖြစ်သော Dream World အပန်းဖြေကစားကွင်းတွင် များပြားလှသောကစားနည်းများနှင့် လေ့လာကြည့်ရှုကြပါမည်။ ညနေပိုင်းတွင် Shopping Center ကြီးတွင် လွတ်လပ်စွာ စိတ်ကြိုက် ဈေးဝယ်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 3: ဘန်ကောက် - ပတ္တရား

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးသောတိရစ္ဆာန် ဥယျာဉ် အပန်းဖြေစခန်းဖြစ်သည့် Safari World အတွင်းရှိကုန်းနေရေနေလေပေါ် ထဲပျံနေသော သတ္တ၀ါများ၏ သဘာဝအလေ့အထများအား လေ့လာပြီး ချစ်စရာ သတ္တ၀ါ
လေးများ၏ ပြပွဲမျိုးစုံကို မြင်တွေ့ခံစားရမည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Marine Park သို့ သွားရောက် လည်ပတ်ပြီးနောက် ပတ္တရားမြို့သို့ ခရီးဆက်ပါမည်။ ပတ္တရားသို့ သွားရာလမ်းခရီးတွင် လှပကျယ်ပြန့်သော NoongNooch ဥယျာဉ် သို့ သွားရောက် လေ့လာပြီးညနေစာသုံးဆောင်ပါမည်။ ဟိုတယ်တွင် Check In ၀င်ရောက်ပြီးနောက် ပတ္တရားမြို့၏ နာမည်ကြီး မကြည့်မဖြစ် Alcaza Show ပွဲသို့ သွားရောက် ကြည့်ရှု့ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

DAY 4: ပတ္တရား

နံနက်စာသုံးဆောင်ပြီးနောက် Coral Island သို့ Speed Boat ဖြင့် သွားရောက်လည်ပတ်ပါမည်။ ကမ်းခြေတွင် Banana Boat Rides, Paragliding, Skydiving, Jet – Skiing, Para sailing, Sailing စသည့်ဖြင့် စုံလင်လှသော Water Sports များကိုမိမိတို့ အစီအစဉ်ဖြင့် နှစ်သက်သလို လွတ်လပ် ပျော်ရွှင်စွာ ဆော့ကစားနိုင်ပါသည်။ ကမ်းခြေတွင် စိတ်လွတ်လပ်စွာ အပန်းဖြေနိုင်ပါသည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ပတ္တရားမြို့၏အလွန်နာမည်ကြီးလှသော Laser Buddha သို့ သွားရောက် ဖူးမျှော်ပါမည်။ ပတ္တရားမြို့၏အကြီးဆုံး Beach Front အဆောက်အဦးကြီးဖြစ်သည့် Shopping Mall တွင် စိတ်ကြိုက် ဈေးဝယ် လှည့်ပတ်ကြည့်ရှုကာ ညနေစာကို သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

DAY 5: ပတ္တရား - ဘန်ကောက် - ရန်ကုန်

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ပြင်ပမှ တကယ့် နေရာအစစ်များနှင့် ထင်ယောင်ထင်မှား ဖြစ်စေသည့် ရုပ်ကြွပန်းချီ များကို မြင်တွေ့နိုင်မည့် Art In Paradise အမည်ရသော 3D ပြတိုက်သို့ သွားရောက်ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကြပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့ သို့ ပြန်လည်ထွက်ခွာလာကာဘန်ကောက်လေဆိပ် မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာ လာမည် ဖြစ်ပါသည်။

Singapore Trip စင်္ကာပူခရီးစဉ်5 Days / 4 NightsDAY 1: ရန်ကုန် - စင်ကာပူရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ စကာင်္ပ...
03/08/2017

Singapore Trip စင်္ကာပူခရီးစဉ်
5 Days / 4 Nights

DAY 1: ရန်ကုန် - စင်ကာပူ

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ စကာင်္ပူနိုင်ငံသို့ နေ့လည်ပိုင်းတွင် ရောက်ရှိပါမည်။ ဒေသခံ ဧည့်လမ်းညွှန် နှင့် တွေ့ဆုံပြီး စင်ကာပူနိုင်ငံ၏ အမှတ်အသားဖြစ်သောကမ္ဘာာကျော် Merlion ရုပ်ထု၊ Foundation of Wealth ရေပန်း၊ ကြီးကျယ်ခမ်းနားသော အရောင်းပြပွဲများ ပြုလုပ်လေ့ ရှိသည့် Suntec City၊ နိုင်ငံ၏ အထင်ကရ အဆောက်အဦးများ ဖြစ်သည့် လွှတ်တော်ရုံး နှင့် လှပခမ်းနားသည့် Esplanade Theater စသည်တို့ကို လှည့်ပတ်ကြည့်ရှု့ပြီးလျှင် ကမ္ဘာ့အကြီးဆုံး ချားရဟတ် ဖြစ်သည့် Singapore Flyer ကြီးပေါ်သို့ တက်ရောက်လိုက်ပါကာ စင်ကာပူနိုင်ငံ၏ ၃၆၀ ဒီဂရီ ပတ်ပတ်လည် View ကို တစ်ဝကြီး ရှု့စားကြမည် ဖြစ်ပါသည်။ ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-in ၀င်ရောက်ပြီး အိပ်စက်အနားယူပါမည်။

DAY 2: စင်ကာပူ

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်စင်ကာပူ၏ တတိယ အမြင့်ဆုံးတောင် ဖြစ်သော Mount Faber အား သွားရောက် လည်ပတ်ပါမည်။ ထို့နောက် စင်ကာပူနိုင်ငံ၏ မရောက်မဖြစ် ကမ္ဘာကျော် အပန်းဖြေ ကစားကွင်း Universal Studio ထဲရှိ ကြည့်ရှု့စရာ ကပွဲပြပွဲများ၊ အမှတ်တရဓါတ်ပုံရိုက် လူရွယ် လူကြီးမရွေး အကြိုက်တွေ့စေ နိုင်ပါမည်။ ညနေစာ သုံးဆောင်ပြီးလျှင် Sentosa ပေါ်ရှိ Song of the Sea (Musical Fountain) စသည်တို့ကို ကြည့်ရှုခံစားစေပြီး တစ်နေ့တာကို ကုန်ဆုံးစေပါမည်။ ထိုပွဲအား ကြည့်ရှု့ပြီးနောက် Hotel သို့ ပြန်လာပြီး အိပ်စက်အနားယူပါမည်။

DAY 3: စင်ကာပူ

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အရောင်အသွေးစုံလင်သော ငှက်ကလေးများ၏ သီဆိုကပြ ဖျော်ဖြေဟန်များကို ကြည့်ရှု့ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ရန်အတွက် နာမည်ကြီး Jurong Bird Park သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် စင်ကာပူနိုင်ငံ၏ နာမည်ကျော် Orchid Road လမ်းတစ်လျှောက်ရှိ ပြည့်နှက်နေသော ကမ္ဘာ့အဆင့်မီ Shopping Mall ကြီးများတွင် ပျှော်ရွှင်စွာ ဈေးဝယ် ထွက်ကြမည့် အစီအစဉ်ဖြစ်ပါသည်။ ညနေစာ သုံးဆောင်ပြီးလျှင် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေး၍ အိပ်စက် အနားယူစေပါမည်။

DAY 4: စင်ကာပူ

ဟိုတယ်တွင် နံနက်စာကို သုံးဆောင်ပြီးနောက် ကလေးများသာမက လူကြီးများပါ သဘောကျ နှစ်ခြိုက်စေမည့် Trick Eye Museum ဟုအမည်ရသော 3D ပြတိုက်သို့ သွားရောက်ကာ ပြင်ပမှ တကယ့်နေရာအစစ်များ နှင့် ထင်ယောင်ထင်မှား ဖြစ်စေလောက်သည့် ရုပ်ကြွပန်းချီများကိုနောက်ခံထားပြီးအမှတ်တရဓါတ်ပုံရိုက်ပါမည်။ ထို့နောက် စင်ကာပူနိုင်ငံ၏ အကြီးဆုံး Outdoor ဥယျာဉ်ကြီးဖြစ်သော Garden by the Bay သို့ သွားရောက်ပြီး လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာဈေးအမြင့်ဆုံး ကာစီနိုမြေနေရာဖြစ်သည့် Marina Bay Sands Hotel တွင် ရှိသောကမ္ဘာကျော် Branded များတွင် စိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည်
ပို့ ဆောင်ပေး၍ အေးချမ်းစွာ အိပ်စက်အနားယူစေပါမည်။

DAY 5: စင်ကာပူ

ဟိုတယ်တွင် နံနက်စာကိုအရသာရှိစွာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်၍ မှ ရန်ကုန်မြို့ သို့  အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိလာပါမည်။

ဗီယက်နမ် ဟိုချီမင်း ~ မိုးနဲ ~ ဒါလတ် (5D/4N)Day : 1 HOCHIMINH CITY ARRIVAL (Dinner On Cruise)ရန်ကုန်မှ နေ့ လည် ၁ နာရီလေယ...
03/08/2017

ဗီယက်နမ် ဟိုချီမင်း ~ မိုးနဲ ~ ဒါလတ် (5D/4N)

Day : 1 HOCHIMINH CITY ARRIVAL (Dinner On Cruise)

ရန်ကုန်မှ နေ့ လည် ၁ နာရီလေယာဉ်ဖြင့် Tan Son Nhat International လေဆိပ်သို့  ရောက်ရှိပါမည်။ မြန်မာ Tour Leader နှင့် အတူ ဒေသခံ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် 3star ဟိုတယ်သို့ Check In ၀င်ပါ မည်။ ခေတ္တခဏ အနားယူပြီးနောက် Saigon မြစ်အလှကို ခံစားရင်း Cruise ပေါ်တွင် ဖျော်ဖြေမှုများ ကြည့်ရှုကာ Dinner သုံးဆောင်ကြပါမည်။ ညစာသုံး ဆောင်ပြီးနောက် Ben Thanh night market တွင် မိမိစိတ်တိုင်းကျ သွားလာ လည်ပတ်ပြီး ဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

Day : 2 HOCHIMINH CITY - MUI NE BEACH (B, L, D)

နံနက်စာကို ဟိုတယ်၌ပင် Buffet Breakfast သုံးဆောင်ပြီးနောက် ဟိုချီမင်းမြို့ မှ ကီလို 220 ကွာဝေးသော Mui Ne ကမ်းခြေ သို့  စတင် ထွက်ခွာပါမည်။ Nui Ne တွင် နေ့ လည်စာသုံးဆောင်ပြီးနောက် အလွန်လှပသော အနီရောင် သဲသောင်ခုံး၊ အဖြူရောင် သဲသောင်ဖို့ များရှိရာ ကန္တာရ ဆန်ဆန် လှပနေသော နေရာများသို့  သွားရောက်လည်ပတ် ဓါတ်ပုံရိုက်ကြပြီးနောက် ဒဏ္ဍာရီဆန်သော Fairy Stream သို့  သွားရောက်ကာ Bamboo Forests နှင့် တံငါရွာလေးများ၏ အလှအပကို ကြည့်ရှုခံစားရင်း ကျောက်ဆောင်ကြီးများ၊ သဲသောင်ခုံများ တွင် ဓါတ်ပုံရိုက်ခြင်း၊ Beach တွင် ရေကူးခြင်း များပြုလုပ် လည်ပတ်ပြီးနောက် Dinner သုံးဆောင်ကာ ထိုညကို ဟိုတယ်၌ ပင် အိပ်စက် အနားယူ ပါမည်။

DAY 03: MUI NE BEACH – DA LAT (B, L, D)

နံနက်စာကို ဟိုတယ်၌ပင် သုံးဆောင်ပြီးနောက် Mui Ne Sea Beach တွင် Free and relax မိမိစိတ်တိုင်းကျ ရေကစားကြပါမည်။ ထိုနောက် Mui Ne မှ ကီလိုမီတာ 150 ကွာဝေးသော Da Lat မြို့ သို့ ဆက်လက်ထွက်ခွာပါမည်။ နေ့ လည်စာ သုံးဆောင်ပြီးနောက် Da Lat City Tour အနေဖြင့် Tuyen Lam Lake မှ Robin Mountain နှင့် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးသော ဘုန်းတော်ကြီးကျောင်းဖြစ်သည့် Truc Lam Monastery တို့ သို့  ကေဘယ်ကား ဖြင့် သွားရောက်ကာ လည်ပတ်ပါမည်။ Da Lat မြို့ ၏ နာမည်ကျော် Flower Garden တွင် အနည်းဆုံး အမျိုးပေါင်း ၃၀၀ ကျော်သော သစ်ပင်ပန်းမန်များနှင့် တစ်နှစ်ပတ်လုံး ပွင့်သည့် ပန်းမျိုး ၁၀၀ခန့် ကို တွေ့ မြင်ရမည်ဖြစ်ပါသည်။ ထိုနောက် Da Lat မြို့ ၏ အလှပဆုံးနဲ့ အကြီးဆုံးကန်ဖြစ်သည့် Xuan Huong Lake ကန်တော်သို့ သွားရောက်လည်ပတ်ပြီးနောက် Crazy House သို့ သွားရောက်လည်ပတ်ကာ ညနေစာဖြင့် တည်ခင်းဧည့်ခံပါမည်။ ညစာသုံးဆောင်ပြီးနောက် Da Lat Night Market ညဈေးသို့  မိမိစိတ်တိုင်းကျ သွားလာ လည်ပတ်ပြီး ထိုညကို Da Lat ရှိ 3star ဟိုတယ်တွင်ပင် အိပ်စက်အနားယူပါမည်။

DAY (04) DA LAT - HOCHIMINH CITY (B, L, D)

နံနက်စာကို ဟိုတယ်၌ပင် Buffet Breakfast သုံးဆောင်ပြီးနောက် Da Lat မြို့ တွင်းမှာ 5 ကီလိုမီတာကွာဝေးသော ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် Datanla ရေတံခွန်သို့ Alpine Coaster စီးကာ Round Trip လည်ပတ်ပါမည်။ ထိုနောက် 350 ကီလိုမီတာကွာဝေးသော ဟိုချီမင်းမြို့  သို့  ပြန်လည်ထွက်ခွာလာကာ ထိုညကို ဟိုချီမင်းမြို့ ရှိ ဟိုတယ်၌ပင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

DAY (05) HOCHIMINH CITY DEPARTURE (Hotel Buffet Breakfast)

နံနက်စာကို ဟိုတယ်၌ပင် သုံးဆောင်ပြီးနောက် Tan Son Nhat International Airport မှတစ်ဆင့် မြန်မာနိုင်ငံ Yangon International Airport သို့ ပြန်လည်ထွက်ခွာပြီး မိမိတို့ အိမ်ဂေဟာဆီသို့ ပျော်ရွှင်စွာဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

ခရီးစဉ်တွင် ပါဝင်မည့် ၀န်ဆောင်မှု့များ”
- ဟိုတယ်တွင် ( ၄ ) ညတည်းခိုခွင့်ရှိပါမည်။ (နှစ်ယောက် ၁ ခန်းနှုန်း-Single $85)
- ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
- မြန်မာ Tour Leader (၁) ဦးအပြင် Vietnam ဘက်မှ Local Guide (၁)ဦး
- နေ့စဉ် တစ်ဦးလျှင် ရေသန့်ဘူးတစ်ဘူး
- ခရီးစဉ်တွင် ဖော်ပြထားသော နေရာများအတွက် ၀င်ကြေးများ
- အသွားအပြန် လေယာဉ်လက်မှတ်
- Guide နှင့် Driver များအတွက် Tip Money

ဗီယက်နမ် ခရီးစဉ်4 Days / 3 NightsDAY 1: ရန်ကုန် - ဗီယက်နမ်(ဟနွိုင်း)ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ် နိုင်ငံသို...
03/08/2017

ဗီယက်နမ် ခရီးစဉ်
4 Days / 3 Nights

DAY 1: ရန်ကုန် - ဗီယက်နမ်(ဟနွိုင်း)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ် နိုင်ငံသို့ လေယာဉ်ဖြင့် စတင်ထွက်ခွာပြီး ညပိုင်းတွင် ဗီယက်နမ် နိုင်ငံရှိ NOI BAI လေဆိပ်သို့ ရောက်ရှိပါမည်။ ဒေသခံ ဧည့်လမ်းညွှန် နှင့် တွေ့ဆုံပြီး ဟိုတယ်တွင် Check-in ၀င်ရောက်ပြီး အိပ်စက်အနား ယူပါမည်။

DAY 2: ဟနွိုင်း - ဟလောင်း

နံနက်စာသုံးဆောင်ပြီးနောက် လှပသော သဘာဝ ပတ်ဝန်းကျင် ရှုခင်းများအား ကြည်ရှုခံစားရင်း Halong ပင်လယ်အော်သို့ ခရီးဆက်ပါမည်။ UNESCO မှ သဘာဝ အရင်းအမြစ် တစ်ခုဟု သတ်မှတ်ပေးထားသော Ha Long Bay သို့ လည်ပတ်ကြည့်ရှု့ပါမည်။ သင်္ဘောဖြင့် ခရီးစဉ်တစ်လျှောက်တွင် ဗီယက်နမ် လူမျိုးများ၏ လူနေမှု စနစ် ကွဲပြားခြားနားပုံများနှင့် သာယာ လှပသော နေရာများအား လေ့လာခံစားနိုင်ပါမည်။ ထို့နောက် Dinh Huong and Ga Choi အစရှိသော ကျွန်းများကို လေ့လာနိုင်ပြီး ဟလောင်း ပင်လယ်အော်ရှိ Thien Cung, Dau Go (or) Sung Sot အမည်ရှိသော ဂူများကို သွားရောက်လေ့လာပါမည်။ ညစာကို သင်္ဘောပေါ်တွင် သုံးဆောင်ကာ အေးချမ်းစွာ အိပ်စက် အနားယူ ပါမည်။

DAY 3: ဟလောင်း - ဟနွိုင်း

နံနက်ခင်းတွင် ကြည်နူးဖွယ် Halong ပင်လယ်အော်၏ အလှတရားနှင့် အတူ ဗီယက်နမ်၏ နာမည်ကြီးလှသော ကော်ဖီ အပါအ၀င် နံနက်စာ သုံးဆောင်ပြီး Bai Tu Long Bay သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hanoi သို့ ပြန်လည် ထွက်ခွာလာပါမည်။ ဟိုတယ်သို့ Check In ၀င်၍ ကိုယ်ပိုင်အချိန်ပေးကာ အနားယူပါမည်။ ညစာ သုံးဆောင်ပြီး ဗီယက်နမ်နိုင်ငံရိုးရာ ရေရုပ်သေးပွဲဖြစ်သည့် Water Puppet Show ကို သွားရောက်ကြည့်ရှုပြီး ဟိုတယ်သို့ Checkin ဝင်၍ အေးချမ်းစွာ အနားယူ အိပ်စက်ပါမည်။

DAY 4: ဟနွိုင်း - ရန်ကုန်

နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး ထို့နောက် Hanoi မြို့ရှိ Ho Chi Minh Complex (Ho Chi Minh's Mausoleum and Stilt House) သို့ သွားရောက်လေ့လာပါမည်။ ကြာပန်းပုံသဏ္ဍာန် တည်ဆောက်ထားသော One Pillar Pagoda, Temple of Literature (စာပေကျောင်းတော် (သို့) ပထမဦးဆုံးသော တက္ကသိုလ်)၊ (၁၈ ရာစုနှစ်က တည်ဆောက်ခဲ့သော ဒဏ္ဍာရီဆန်ဆန် Haon Kiem Lake – Ngoc Sou ဘုရားကျောင်း လေ့လာကာ Old Quarter တွင် ဈေးဝယ်ထွက်ပါမည်။ ထိုမှတဆင့် နေ့လည်(၁၂း၀၀)နာရီတွင် ဟိုတယ်မှ Check-out ထွက်ကာ နေ့လည်စာ သုံးဆောင်ပြီးနောက် နွိုင်ဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ပါသည်။

Special trip to Korea ကိုရီးယားမြေ ခရီးစဉ်7 Days / 6 NightsDAY 1: Arrival from Yangon - Incheonရန်ကုန် အပြည်ပြည်ဆိုင်ရာေ...
03/08/2017

Special trip to Korea ကိုရီးယားမြေ ခရီးစဉ်
7 Days / 6 Nights

DAY 1: Arrival from Yangon - Incheon

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် - အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။

DAY 2: Seoul - Jejudo

အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ရောက်ချင်း ကျနော်တို့ ကုမ္ပဏီရဲ့ ဧည့်လမ်းညွှန်က မိတ်ဆွေကို နွေးထွေးစွာ ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ Gyeongbok နန်းတော်ကို သွားရောက်လေ့လာပြီး Presidential Blue House (Drive pass)သမ္မတ အိမ်တော်ဝန်းကျင်ကို သွားရောက် လေ့လာနိုင်ပါမည်။ ထို့နောက် လေယာဉ်ဖြင့် သွားရောက်ပါမည်။ ညနေပိုင်းတွင် မီးတောင်ချော်ရည်များ ခဲသွားပြီး နဂါးဦးခေါင်း ပုံသဏ္ဍာန်ဖြစ်တည်ကျန်ရစ်ခဲ့တဲ့ နဂါးဦးခေါင်းပုံ ကျောက်ဆောင်ဟာ ကို သွားရောက်လေ့လာပါမည်။ ထူးဆန်းအံ့သြဖွယ်လမ်းလို့ အမည်တွင်တဲ့ တစ္ဆေလမ်းလို့ လူသိများတဲ့ ဒိုဂဲဘီ ဒိုးရိုး လမ်းကလေးကိုလည်းသွားရောက်ပါမည်။

DAY 3: Jejudo Sightseeing

ဂျဲဂျူးကျွန်းရဲ့ အမည်ကျော်ကြားတဲ့ ရှုခင်းနေရာ ၁၀ခု အနက် တစ်ခုဖြစ်သော ဆာင်းဆန်းတောင်ဟာ Seo-wipo မြို့ Seongsan-oeupမှာ ရှိသော မီးတောင်ဟောင်းပဲ ဖြစ်ပါတယ်။ ထို့နောက် Seongeup Folk Village ဆောင်းအုကျေးရွာ
သို့ သွားရောက် လေ့လာပါမည်။ စိမ်းပြာနေသော ဂျဲဂျူးကျွန်းမှာပဲ ခံစားနိုင်တဲ့ သာယာလှပ ထူးခြားဆန်းပြားသော ပင်လယ် ရေအောက် အမှတ်တရများကို တ၀ကြီး ခံစားနိုင်မည့် အပျော်စီး ရေငုတ်သင်္ဘောစီးနိုင်ပါသေးသည်။ ထို့နောက် ဂျဲဂျူးကျွန်း Seogwipo မြို့ Seongsan-oeup Goseongri မှာတည်ရှိတဲ့ ဆော့ပ်ဂျီခိုဂျီ ပင်လယ်ကမ်းခြေလေးဟာ အလွန် သာယာလှပတဲ့ ရှုခင်းဖြင့် ပြည့်စုံပြီး Years of Uphealveal, legend of Gingko, High Kick, Running Man, All in အစရှိသော ထင်ရှားတဲ့ ဒရာမာဇာတ်လမ်းတွဲ များနှင့် ရုပ်ရှင်များ ရိုက်ကူးရာဒေသ အဖြစ်လည်း ခရီးသွားများအကြား အမည်ကျော်ကြားနေသော ကမ်းခြေအား သွားရောက်ပါမည်။ ထို့နောက် ပြည်တွင်းမှာ ပထမဦးဆုံး တင်ဆက်ခဲ့တဲ့ ဆပ်ကပ်အဖွဲ့ဖြစ်သလို ယနေ့ထိတိုင် ပရိသတ်ရဲ့ တခဲနက် အားပေးမှုကို ရယူနေတဲ့ Happy Town အဖွဲ့ရဲ့ အမျိုးသမီး သူရဲကောင်း ၇ ဦးရဲ့ ရင်သပ် ရှုမောဖွယ် တင်ဆက်မှုများကို ကြည့်ရှု အားပေးရင်း မိတ်ဆွေတို့ရဲ့ စိတ်တင်း ကြပ်မှုများကို ဖြေလျှော့ နိုင်ပါတယ်။

DAY 4: Jejudo - Nami Island - Ganwondo

ဂျဲဂျူးလေဆိပ်မှ ဆိုးလ်သို့ မနက်လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာပြီးနောက် ကိုရီးယားနိုင်ငံ ကိုယ်စားပြု ဆေးဘက်ဝင်အပင် ginsengဂျင်းဆင်းစိုက်ခင်း လေ့လာရေး သွားရောက်ပါမည်။ ထို့နောက် Ganwondo Chuchoun မြို့ Nansammun Banharri မှာ ရှိတဲ့ ဆာင်းဦးရွက်ကြွေ ချစ်သက်သေ ဒရာမာ ရိုက်ကွင်း နာမီကျွန်းသို့ သွားရောက် လေ့လာပါမည်။

DAY 5: Seorak Mountain - Seoul

နာမည်ကြီး Seorak တောင်ဟာ Ganwon-do Seoukcho မြို့မှာ ပင်လယ်မျက်နှာပြင်အထက် အမြင့် ၁၇၀၈ မီတာရှိတဲ့ ဆော်လက်တောင် အမျိုးသားပန်းခြံ နှင့် ဂွမ်ဂုမ်တံတိုင်းကို ကေဘယ်လ်ကားဖြင့် ကောင်းကင်ခရီး အရှည် ၁၂၀၀ မီတာကို ကျော်ဖြတ်ပြီးဂွမ်ဂုမ်တံတိုင်းရှိရာ တောင်ပေါ် တက်ရောက်လေ့လာပါမည်။ ထို့နောက် ဆော်လက်တောင်ခြေရှိ ထင်ရှားတဲ့ ရှင်ဟွန်းဆာ ကျောင်းတော်အ၀င်ဝရှိ တောင်မြောက် ပူးပေါင်းရေးကို ရည်စူး တည်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို ဖူးမြော် နိုင်ပါတယ်။
ညနေပိုင်းတွင် ဆိုးလ်မြို့တော်သို့ ပြန်လည်ထွက်ခွာပြီးနောက် စကား ပြောဆိုမှုမပါ အသံနှင့် အမူအရာ ဟန်ပန်ဖြင့်သာ ဖျော်ဖြေတင်ဆက်တဲ့ စကားမဲ့ဖျော်ဖြေမှု (နန်တာ သို့မဟုတ် ဖန်တာစတစ်ရှိုး) သို့ သွားရောက်လေ့လာနိုင်ပါသည်။

DAY 6: Seoul Sightseeing

အမြင့် ၂၃၆.၇မီတာ ပင်လယ်မျက်နှာပြင်အထက် ၄၇၉.၇ မီတာတွင်တည်ရှိသော ဆိုးလ်မျှော်စင် သို့ သွားရောက်ပါမည်။ မျှော်စင်ထိပ် အဝေးကြည့် မှန်ပြောင်းမှတဆင့် မြို့တော်တခုလုံးကို ထင်ရှားစွာ ရှုစားနိုင်ပြီး ကိုရီးယား ခရီးလာရောက်သူတိုင်း လာရောက်လည် ပတ်လေ့ရှိတဲ့ ထင်ရှားတဲ့ နေရာပဲဖြစ်ပါတယ်။
ကိုရီးယားရိုးရာရွာဓလေ့ကို အပြည့်အ၀ လေ့လာခံစားနိုင်ပြီး ရိုးရာယဉ်ကျေးမှု ပြဇာတ်၊ ကစားနည်းနှင့် အက စတဲ့ ရှေးယဉ်ကျေးမှု တင်ဆက်မှုများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်များတဲ့ နမ်ဆန်းရှေးဟောင်းရိုးရာရွာလေးသို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ဆိုးလ်မြို့လယ်ခေါင်ရှိ ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံခြားသား များအကြား အထူးထင်ရှားတဲ့ မြောင်ဒုန်ဈေး သို့ သွားရောက်ပါမည်။

DAY 7: Departure from Seoul

မုန်ညှင်းထုပ်၊ မုန်လာဥ စတာတွေကို ဆားဖြင့် နယ်ပြီး ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငန်ပြာရည်တို့ထည့်ကာ သိုလှောင် အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ ရိုးရာအစားအစာ ကင်းမ်ချီ ပြုလုပ်ခြင်းကို လက်တွေ့လုပ်ကိုင် လေ့လာ နိုင်ပါတယ်။ ထို့နောက် ကိုရီးယားလူမျိုးများရဲ့ ဘုရင်၊ ဘုရင်မ၊ မှူးမတ်၊ သူကြွယ် အလွှာအသီးသီးမှ လူများရဲ့ ရိုးရာဝတ်စုံများကိုလည်း ကိုယ်တိုင် စိတ်တိုင်းကျ ရွေးခြယ် ၀တ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်ပါတယ်။ ထို့နောက် အင်ချွန်းမြို့ရှိ စနိုးဝှိုက်၊ စင်ဒရဲလား အစရှိတဲ့ ကမ္ဘာကျော် လူကြိုက်များ ကာတွန်းကားများထဲက ကာတွန်းဇာတ်ကောင်များဖြင့် ပြည့်နှက်နေတဲ့ ဆုန်းဝေါ်လ်ဒုန် ကာတွန်းကျေးရွာ သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးပြီး အင်ချွန်းလေဆိပ်တွင်း ဈေးဝယ်ပြီး မိခင်နိုင်ငံသို့ ထွက်ခွာလေဆိပ်တွင်းရှိ ဈေးသက်သာသည့် နာမည်ရှိပစ္စည်းများကို အိမ်အပြန် လက်ဆောင်အဖြစ် စိတ်တိုင်းကျ ၀ယ်ယူပြီး ကိုရီးယားမြေအား နှုတ်ဆက်ထွက်ခွာနိုင်ပါတယ်။

06/05/2016

Address


Alerts

Be the first to know and let us send you an email when World Quest International Tourism Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share