Moe’s Taste of Travel

  • Home
  • Moe’s Taste of Travel

Moe’s Taste of Travel Sharing cooking and life style

23/03/2024
Mustard pork ribs soup
23/03/2024

Mustard pork ribs soup

23/03/2024
အမြန်လုပ်လိုက်ရတော့video တွေမရိုက်လိုက်နိုင်ဘူးဖြစ်သွားတယ် ပြောင်းဖူးပေါင်း စတော်ဘယ်ရီကျောက်ကျော ကောက်ညှင်းပူတင်း ပူတင်း...
17/02/2024

အမြန်လုပ်လိုက်ရတော့video တွေမရိုက်လိုက်နိုင်ဘူးဖြစ်သွားတယ် ပြောင်းဖူးပေါင်း စတော်ဘယ်ရီကျောက်ကျော ကောက်ညှင်းပူတင်း ပူတင်းကျောက်ကျော

19/11/2023

ဒီနေ့လုပ်ပြမှာကတော့ သာကူလုံးပေါင်းပဲဖြစ်ပါတယ် ဝက်သားမစားတဲ့သူတွေကြက်သားနဲ့စမ်းကြည့်လို့ရပါတယ်

’sTasteofTravel

ဒီလုပ်နည်းလေးမှာအဓိက ကတော့
သာကူလေးကိုပူတုန်းစားရမှာပဲဖြစ်ပါတယ်အေးသွားရင်မာမာကြီးနဲ့လုံးဝစားမကောင်းတော့ပါဘူးနော်
နောက်တခုကသာကူအမျိုးစားတူတာကိုဝယ်တာပိုကောင်းပါတယ် မဟုတ်ရင်အကျက်မညီတတ်ပါဘူးနော်
သာကူလေးတွေရေဆေးရင်ခဏလေးရေမြုပ်အောင်ထည့်ပြီးချက်ချင်းရေသွန်လိုက်ပါ မဟုတ်ရင်ကြေကုန်ပါမယ်
သာကူလေးတွေကိုဆား သကြားနဲ့ဖွဖွနယ်ရပါမယ်မဟုတ်ရင်ကော်လုံးကြီးလိုဖြစ်သွားမှာနော်
ကျန်တာတော့သူ့အချိုးစားတိုင်းလေးလုပ်လိုက်ရင်ရပါပြီ
ပြီးတော့နောက်ထပ်အဓိကကျတာကကိုယ်ပေါင်းမဲ့ခွက်နဲ့အဖုံးနဲ့ကလုံနေမှရမှာနော် မလုံလို့အောက်ကရေနွေးတွေကပွက်လာပြီးအဖုံးထဲပြန်ဝင်ရင်တော့ပေါင်းထားတဲ့သာကူလုံးတွေပျော့ကုန်မှာပေါ့နော် ခုလိုလင်ဗန်းမှာ ငှက်ပျောဖက်လေးနဲ့ထည့်ပေါင်းရင်တော့ဖက်ရွက်နံ့လေးနဲ့မွှေးနေမှာပေါ့နော် ကျမကတောပြောင်းဖူးရွက်လေးနဲ့ဒုတိယအကြိမ်ပြန်နွှေးထားလိုက်ပါတယ် မုန့်လုပ်တာကညနေဖက်လုပ်တော့ မနက်ဘုရားကပ်ဖို့ ပြန်နွှေးတာမို့ပါ

ပါဝင်ပစ္စည်းတွေက
ဝက်သားကြိတ်သား ၂၀၀ဂရမ်
သာကူ ၆၀၀ ဂရမ်
ငရုတ်ကောင်းမှုန့် အနဲငယ်
ဆား လဖက်ရည်ဇွန်း နှစ်ဇွန်း
သကြား ထမင်းစားဇွန်း လေးဇွန်း
ပဲငံပြာရည် အကြည် အနောက် အနဲငယ်
နှမ်းနက်ဆီ အနဲငယ် (မရှိလို့မထည့်လည်းရပါတယ်)
ဆီ ထမင်းစားဇွန်းသုံးဇွန်း
ကြက်သွန်ဖြူ ၃တက်

ဝက်သားကြိတ်သားကို ဆား လဖက်ရည်ဇွန်းတစ်ဇွန်း ငရုတ်ကောင်းမှုန့်
နှမ်းနက်ဆီအနဲငယ်(မရှိလို့မထည့်လည်းရပါတယ်)ပဲငံပြာရည် အကြည် အနောက်အနဲငယ် ထည့်ပြီး
သေချာမွှေရပါမယ်
ဒယ်အိုးမှာဆီထမင်းစားဇွန်း၂ဇွန်းစာထည့်ပြီး ကြက်သွန်ဖြူထည့်ပါမယ်
ကြက်သွန်လေးနွမ်းတာနဲ့ခုနကဝက်သားတွေထည့်ပြီးလှိမ့်ပါမယ်
နဲနဲခြောက်သွားတဲ့ထိလှိမ့်လ်ိုက်ပါ
သာကူ၆၀၀ ဂရမ်ကို ရေဆေးပါမယ် အကြာကြီးမဆေးရပါဘူးနော်သာကူတွေကြေကုန်ပါမယ် ဖွဖွလေးရေထည့်ပြီးချက်ချင်းသွန်လိုက်ရင်ရပါပြီ
သာကူထဲကိုဆားလဖက်ရည်တစ်ဇွန်း
သကြားထမင်းစားသုံးဇွန်းထည့်ပြီးဖွဖွနယ်ပါမယ်
ပေါင်းမဲ့ပန်းကန်လေးကိုတော့ဆီသုတ်ထားရပါမယ် ဒါမှသာကူတွေမကပ်မှာပါနော်
သာကူရေဆေးထားတာလေးထဲကိုခုနကဝက်သားလှိမ့်ထားတာထည့်လုံးပါမယ်
ကျစ်ကျစ်လေးလုံးလိုက်ပါ မဟုတ်ရင်ပေါင်းရင်ပွထွက်သွားမှာပါ
အစာသွပ်နေတုန်းရေနွေးအိုးတည်ထားနိုင်ရင်ကောင်းပါတယ်
ရေနွေးဆူပြီး ၂၀-၂၅မိနစ်ဆိုကျက်ပါပြီနော်
သာကူလုံးလေးတွေကြည်ကြည်လေးဖြစ်ရင်ရပါပြီ သာကူအမျိုးစားပေါ်မူတည်ပြီးအချိန်ကွာနိုင်တာမို့ ရေနွေးဆူပြီး ဆယ်မိနစ်လောက်အကြာမှာတချက်အဖုံးဖွင့်ကြည့်လ်ိုက်ပါ
အချဉ်လေးနဲ့တို့စားရင်အရမ်းအရသာရှိတဲ့ ဘေဘီလေးတွေအရမ်းကြိုက်ကြတဲ့သာကူလုံးလေးရပါပြီရှင်

12/11/2023

🥗ချက်ပြမဲ့ဟင်းတွေကိုအကုန်တယောက်ထဲကိုယ်တိုင်ရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်အဆင်မပြေမှုများရှိရင်ခွင့်လွှတ်ပါ
🥙Healthy Foodဖက်ကိုချက်မှာဖြစ်တဲ့အတွက်ကြောင့် ဘေဘီပိစိလေးတွေကနေဖိုးဖိုးဖွားဖွားတွေ healthy life style ကြိုက်တဲ့သူတွေကိုရည်ရွယ်ပါတယ်

🚗သွားထားတဲ့ခရီးတွေကအစဆုံးမဟုတ်ပဲ လမ်းမှာခံစားရတဲ့သဘာဝရှုခင်းတွေကိုကိုယ်နဲ့တူတူလိုက်ခံစားဖို့ရည်ရွယ်တာမို့
🏕️ခရီးစဉ်အသေးစိတ်သိချင်ရင်တော့comment မှာမေးလို့ရပါတယ်
အကြံဉာဏ်ပေးချင်တာရှိရင်လည်းခုpost အောက်မှာပေးခဲ့ပါ
ဝါသနာအရချက်တာတွေနဲ့ခရီးသွားတာတွေကိုရိုက်ထားတာဖြစ်လို့အရမ်းprofessional ဆန်ဆန်လှမနေတာတော့နားလည်ပေးပါ

12/11/2023

ဒီနေ့လုပ်ပြမှာကတော့လှပပြီးလွယ်ကူရိုးရှင်း ဆီသိပ်မပါ သဘာဝအချိုလေးနဲ့ပေါင်းတဲ့ ဝက်မှိုပေါင်းပဲဖြစ်ပါတယ် ဝက်သားမစားတဲ့သူတွေကြက်သားနဲ့စမ်းကြည့်လို့ရပါတယ်

’sTasteofTravel

ဒီလုပ်နည်းလေးမှာအဓိက ကတော့
ဝက်သားကြိတ်သားထဲကိုကော်မှုန့်နဲ့အရသာတွေဝင်အောင်သေချာနယ်ရမှာပါ ကျန်တာတော့သူ့အချိုးစားတိုင်းလေးလုပ်လိုက်ရင်ရပါပြီ
ပြီးတော့နောက်ထပ်အဓိကကျတာကကိုယ်ပေါင်းမဲ့ခွက်နဲ့အဖုံးနဲ့ကလုံနေမှရမှာနော် မလုံလို့အောက်ကရေနွေးတွေကပွက်လာပြီးအဖုံးထဲပြန်ဝင်ရင်တော့ပေါင်းထားတဲ့မှိုတွေပျော့ကုန်မှာပေါ့နော်

ပါဝင်ပစ္စည်းတွေက ကြက်ဥ သို့ ဘဲဥ တစ်လုံး
ဝက်သားကြိတ်သား ၁၀၀ဂရမ်
(Baby corn သုံးခုလောက်ဆိုရပါပြီ
မရှိလို့မထည့်လည်းရပါတယ်)
မှိုအလုံးလေးတွေကအခု၂၀ဝန်းကျင်
ကော်မှုန့်ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်ကောင်းမှုန့်အနဲငယ်
တရုတ်မဆာလာအနဲငယ်
ဆားလဖက်စားဇွန်းတစ်ဇွန်း

ဝက်သားကြိတ်သားကို ဆား ကော်မှုန့် ငရုတ်ကောင်းမှုန့် တရုတ်မဆလာ ကြက်ဥခေါက်ထားတာတွေထည့်ပြီးသေချာမွှေရပါမယ်
မှိုလုံးလေးတွေကိုအညှာတွေကတ်ကြေးနဲ့ညှပ်ပြီး ခွက်လေးလိုဖြစ်သွားတဲ့ထဲ ဝက်ကြိတ်သားအရသာနယ်ထားတာတွေထည့်ပါမယ်
ပေါင်းမဲ့ပန်းကန်လေးကိုတော့ဆီသုတ်ထားရပါမယ် ဒါမှမှိုလေးတွေကပြောင်ပြောင်လေးနဲ့ကြည့်ရင်စားချင်စရာဖြစ်နေမှာပါ
မှိုလေးတွေအစာသွပ်နေတုန်းရေနွေးအိုးတည်ထားနိုင်ရင်ကောင်းပါတယ် ခုလုပ်ပြတာမတည်ထားနိုင်လိုက်ပါဘူးရေနွေးဆူပြီးဆယ်မိနစ်ဆိုကျက်ပါပြီနော် မြန်မြန်နဲ့လွယ်ကူရိုးရှင်းတဲ့ ဝက်မှိုလုံးလေးကိုအချဉ်လေးနဲ့တို့စားရင်အရမ်းအရသာရှိပေါ့ရှင်

06/11/2023

ဒီနေ့လုပ်ပြမှာကတော့လှပပြီးလွယ်ကူရိုးရှင်းသွားမရှိတဲ့အရွယ်ကောသွားရှိတဲ့အရွယ်တွေပါကြိုက် သွားကြားမညပ်တဲ့ 🤭 သုံးရောင်ခြယ်ဘဲဥ ပေါင်းပဲဖြစ်ပါတယ်

Moe’s Taste of Travel
ဒီလုပ်နည်းလေးမှာအဓိက ကတော့ ကြက်ဥခေါက်တဲ့ထဲကိုရေနဲ့ဆီထည့်မှပျော့ပြောင်းချောမွေ့နေမှာဖြစ်ပြီး
ကျက်မကျက်သိချင်ရင် ဓားပါးလေးနဲ့အလည်တည့်တည့်ကိုထိုးထည့်ပြီးပြန်ထုတ်ရင်ဘာမှဓားမှာကပ်််မပါလာရင်ကျက်ပြီဖြစ်ပါတယ်
ပြီးတော့နောက်ထပ်အဓိကကျတာကကိုယ်ပေါင်းမဲ့ခွက်နဲ့အဖုံးနဲ့ကလုံနေမှရမှာနော် မလုံလို့အောက်ကရေနွေးတွေကပွက်လာပြီးအဖုံးထဲပြန်ဝင်ရင်တော့ကြက်ဥကပျော့ပျော့ကြီးဖြစ်သွားမှာ ခုလုပ်ပြသလိုစတီးချိုင့်တစ်ဆင့်ကိုဖြုတ်ပြီးပေါင်းတာတော့အကောင်းဆုံးပဲ

ပါဝင်ပစ္စည်းတွေက ကြက်ဥ သို့ ဘဲဥ ငါးလုံး အရောင်ကိုဝါဝါလေးလှချင်လို့ဒီဗီဒီယိုလေးမှာဘဲဥသုံးထားပါတယ်
ဆေးဘဲဥလေးလုံးနဲ့
ငုံးဥဆယ်လုံးထည့်ထားပါတယ်
ဆေးဘဲဥကိုအခွံခွါပြီး အစိတ်ပိစိလေးတွေလှီးထားတယ်
ငုံးဥပြုတ်အခွံခွါပြီးလေးစိတ်စိတ်ထားတယ်
ကြက်ဥငါးလုံးကို ဆားလဖက်စားတစ်ဇွန်း ဆီထမင်းစားဇွန်းနှစ်ဇွန်း ရေပုံမှန်အပူချိန်၁၅၀ml ထည့်ပြီး ခေါက်ထားရပါမယ်
ပြီးမှပေါင်းဖို့အောက်ခံအိုးထဲရေထည့်ရပါမယ် ကြက်ဥခေါက်ထားတဲ့ထဲဆေးဘဲဥနဲ့ငုံးဥ အစိတ်လေးတွေထည့်ထားတဲ့ချိုင့်လေးကိုပေါင်းမဲ့အိုးထဲထည့်လိုက်တဲ့အခါ အပြင်ကရေကအထဲကပေါင်းခွက်ရဲ့တစ်ဝက်အနေထားဆိုအဆင်ပြေပါပြီ ရေနွေးဆူအောင်အရင်မီးပြင်းပေးလိုက်ပြီးမှရေနွေးပွက်သံကြားရင်မီးကိုအောက်ဆုံးထိလျှော့ပြီး ၁၅မိနစ်ခန့်ပေါင်း ကျက်မကျက်သိချင်ရင်အပေါ်ကနည်းလေးအတိုင်းစမ်းလိုက်ရင်ရပါပြီ

ခြံထဲကcosmosတွေ အရိုင်းဝင်သွားတာလား မျိုးမတူတာလား ရာသီဥတုကြောင့်လားမသိ ပိစိလေးတွေဖြစ်ကုန်တာလူတွေလဲအဲ့လိုပဲနေမှာ တချို့တွ...
02/11/2023

ခြံထဲကcosmosတွေ
အရိုင်းဝင်သွားတာလား
မျိုးမတူတာလား
ရာသီဥတုကြောင့်လားမသိ
ပိစိလေးတွေဖြစ်ကုန်တာ
လူတွေလဲအဲ့လိုပဲနေမှာ
တချို့တွေစိတ်ကောင်း
တချို့တွေစိတ်မကောင်း
(ပတ်ဝန်းကျင်အကြောင်းအမျိုးမျိုးကြောင့်လား
ရေခံမြေခံကိုကလား
မွေးထဲကအထုံလားဆိုတာ)

31/10/2023

ဒီနေ့လုပ်ပြထားတာကတော့ အလွယ်နည်းနဲ့လုပ်ထားတဲ့ချာပါတီဖြစ်ပါတယ်
Moe’s Taste of Travel

ဒီမုန့်လုပ်နည်းလေးမှာအဓိက ကတော့မကပ်တဲ့ဒယ်အိုးရယ် မီးအပူချိန်ရယ်ပဲဖြစ်ပါတယ်
ဆီကိုအိုးမှာပါတယ်ဆိုရုံသုတ်ပြီး အပူကိုတော့မီးအနဲဆုံးထားပေးရမှာပါ
အရင်ဆုံးအိုးပူအောင်မီးပြင်းပေးလိုက်ပြီးမှအောက်ဆုံးကိုပြန်လျှော့ချထားရမှာပါ

ဒီလုပ်နည်းလေးကအလွယ်ဖြစ်ပြီး
အိမ်ရှင်မတွေကိုယ်တိုင်လိုက်လုပ်ကြည့်နိုင်အောင်ပြထားတာမို့ အလေးချိန်အချင်တွယ်တွေကတော့အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲပြထားတာပါ
ခုမုန့်ကပွဆေးမပါလို့ဘေဘီလေးတွေလည်းနေ့လည်အစာပြေလုပ်ကျွေးလို့ရပါတယ်
အိမ်မှာကိုယ်တိုင်လုပ်တာမို့သကြားလျှော့ထည့်ပြီးပြင်လို့ရတဲ့အပြင်
လုပ်နည်းလေးကလွယ်ကူတဲ့အပြင်အချိန်သိပ်မပေးရတာအားသာချက်တခုမို့ ဆီသိပ်မပါလို့dietသမားတွေလည်းအမြန်လုပ်စားပြီးဗိုက်ပြည့်မှာပါ
ခုလုပ်ပြထားတဲ့ချာပါတီအဖတ်လေးကို ကြက်သွန်ဖြူကြိတ်ထားတာလေးထည့်လိုက်လည်းမွှေးမွှေးလေးနဲ့စားကောင်းမှာအသေချာပါပဲ
ခုလုပ်နည်းအတိုင်းလိုက်လုပ်ကြည့်ပြီး ကြက်သားဆီပြန်လေးနဲ့တွဲစားမလား
အာလူးပူတီလေးနဲ့တွဲစားမလား
အဖတ်ထဲကိုကြက်ကင်အသားနဲ့ chili sauce ရယ်ကြက်သွန်နီ ခရမ်းချဉ်သီးသခွါးသီးထည့်ပြီးdiet သမားတွေစားမလား
ဘယ်လိုလုပ်စားခဲ့သလဲဆိုတာလည်းကွန်မန့်မှာပြန်မျှဝေခဲ့ပါအုံးနော်
နောက်ပတ်တွေမှာလည်းvideo လေးတွေဆက်ဆက်တင်အုံးမှာမို့ like and shareလေးလုပ်ပေးခဲ့ပါအုံး
တကယ်လို့လုပ်ကြည့်ပြီးသိချင်တာရှိရင်လည်းcommentမှာမေးလို့ရပါတယ်နော်

တခါတလေလည်းဘဝမှာပြဿနာအခက်ခဲတွေကြုံလာတဲ့အခါ ခုထိုးထားတဲ့ပန်းအိုးလေးလိုပဲ အရောင်သွေးစုံပြီးတသတ်မတ်ထဲမရှိခြင်းကလည်းလှပခြင်းတ...
29/10/2023

တခါတလေလည်းဘဝမှာပြဿနာအခက်ခဲတွေကြုံလာတဲ့အခါ ခုထိုးထားတဲ့ပန်းအိုးလေးလိုပဲ အရောင်သွေးစုံပြီးတသတ်မတ်ထဲမရှိခြင်းကလည်းလှပခြင်းတမျိုးပဲလို့မှတ်ပြီးကိုယ့်စိတ်လေးထားတတ်အောင်ပြင်ဆင်ရတယ်လေ
ပုံလေးက ကလောကထမင်းဆိုင်ကပန်းအိုးလေးကိုရိုက်ခဲ့တာ သူတို့ရာသီဥတုနဲ့ပွင့်တဲ့ပန်းလေးတွေကအကုန်လှနေတာမျိုး

Lucky money လေးပါ password ကိုcomment မှာကြည့်ပါ
29/10/2023

Lucky money လေးပါ password ကိုcomment မှာကြည့်ပါ

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

20/10/2023

တောင်တက်ခဲ့တာလေးတွေရိုက်ထားတာပါ ကြည့်ရှုရင်းသဘာဝကြီးကိုခံစားပေးပါအုံးလို့

19/10/2023

9mountains one day trekking

19/10/2023

Hi everyone! I open this page for sharing travel and cooking. I want to give variety of taste. I hope you will get some idea from my page.

Address


Website

Alerts

Be the first to know and let us send you an email when Moe’s Taste of Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share