![ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးများ အလွယ်တကူ နေထိုင်နိုင်သော ဗီဇာ အမျိုးအစားများ📄✅ ဒီ Page လေးမှာ ထိုင်းမှာ နေထိုင်ပုံ နဲ...](https://img4.travelagents10.com/090/820/975016220908208.jpg)
18/02/2024
ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးများ အလွယ်တကူ နေထိုင်နိုင်သော ဗီဇာ အမျိုးအစားများ📄✅
ဒီ Page လေးမှာ ထိုင်းမှာ နေထိုင်ပုံ နဲ့ နေလို့ရမဲ့ နည်းလမ်းတွေကို ကြုံရင် ကြုံသလို Sharing လေးလုပ်ခဲ့ပြီး
ခု ဖြစ်လာတဲ့ အခြေအနေတွေကြောင့်
cb မှာစာတွေပို့ပြီး မေးလာတာ များလို့ ဒီ Post လေးကို ထပ်တင်ပါတယ်နော်….
ဒါကတော့ ကိုယ်တိုင် ထိုင်းမှာ နေရာပေါင်းစုံမှာ ၊
ဗီဇာ ပေါင်းစုံနဲ့ ၅ နှစ်ကျော်အောင်နေခဲ့ပြီး
ကိုယ်တိုင် ရှာခဲ့တဲ့ အတွေ့အကြုံတွေကို Sharing လုပ် ပေးတာမို့ အမှားပါရင် update ဝင်လုပ်လို့ရပါတယ် ✌🏼
၁။ ပန်းရောင်ကတ်ဗီဇာ 🪪
ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပြောရရင် အခြေခံလူတန်းစားကနေ လူလတ်စားတွေ
စရိတ်အများကြီးမကုန်ချင်တဲ့ သူတွေအထိ
ထိုင်းမှာ စရိတ်အသက်သာဆုံး၊ အကြာဆုံး နဲ့
အလုပ်ပါ တရားဝင်လုပ်ခွင့်နဲ့ပါ နေထိုင် ခွင့်ရတဲ့ ဗီဇာက ပန်းရောင်ကတ်ကနေ ရလာတဲ့ ဗီဇာပါ … ✅
ထိုင်းမှာ အနေကြာလာရင် Passport ရှိပြီးသားသူတွေအတွက် ပန်းရောင်ကတ် ဘယ်လောက်အသုံးဝင်လဲ တစ်ဖြေးဖြေးသိလာပါမယ်…
တစ်ချို့က မကြိုက်ပါဘူး ပန်းရောင်ကဒ်ကို…
နယ်မြေ သွားလာခွင့်တွေ ကန့်သတ်တာရယ် နဲ့
Passport မရှိပဲ တရားမဝင် ထိုင်းကို ရောက်လာတဲ့သူတွေအတွက် ထိုင်းအစိုးရဘက်က တရားဝင်ဖွင့်ပေးတဲ့ အလုပ်လုပ်ခွင့်နဲ့ နေထိုင်ခွင့်ပေးတဲ့ ကဒ်ဖြစ်တာကြောင့် ဗီဇာနဲ့လာပြီး Passport ရှိသားသူတွေအများစု နဲ့ တခြား နိုင်ငံကို ဆက်ကူးမဲ့သူတွေ
မရွေးချယ်ဖြစ်ကြတာများပါတယ်…
ဘာလို့ဆို အဲကတ်က ထိုင်းအစိုးရက တရားဝင်ဖွင့်တဲ့ အချိန်နဲ့တိုးမှ လျှောက်ထားလို့ရတာဖြစ်ပြီး အချိန်လဲ စောင့်ရတာကြောင့် အမြဲ မရနိုင်လို့ပါ…
အားသာချက်ကတော့ မှတ်ပုံတင်ရှိရုံနဲ့ လျှောက်လို့ရပါတယ်နော်…
ဒီအကြောင်းကတော့ နောက်ဆုံး option မရှိလို့ ထိုင်းမှာပဲ ဘယ်လိုပဲဖြစ်ဖြစ် နေပြီး အလုပ်လုပ်မယ်ဆိုတဲ့သူတွေ ရှိတာကြောင့် သေချာ အသေးစိတ် သပ်သပ်ထပ်ပြီးရေးတင်ပေးပါမယ်
၂။ Education Visa (Language schools and universities visa)
Language visa အကြောင်းကတော့ အရင် Post မှာလဲ ရေးဖူးပါတယ်… အသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်…
https://www.facebook.com/share/p/SDjbAimpnhv3XEKT/?mibextid=WC7FNe
အဲမှာ တစ်ခုပြောချင်တာက… ခုနောက်ပိုင်း ပြောင်းလဲလာတဲ့ policy တွေအရ ကိုယ်က ထိုင်းကို အဝင်အထွက် ခဏခဏ လုပ်မဲ့သူမျိုးဆိုရင်တော့ Language schools visa တွေက immigration မှာ ရစ်တာမျိုးတွေရှိတာကြောင့် ကိုယ်တက်မဲ့ကျောင်း background တွေကို သေချာကြည့်စေချင်ပါတယ် ✅
ကျောင်းမတက်ချင်တဲ့ သူတွေလဲ language school visa သီးသန့်ယူလို့ရပါတယ်နော်
နောက်တစ်ခုကတော့ university visa ကျောင်းကြီးတွေအတွက်ပါ ကိုယ်က ငွေရေးကြေးရေးလဲ သင့်တင့်သလောက် တက်နိုင်တယ်၊ ဒီဘက်မှာလဲ ပညာရေးကိုဆက်သွားဖို့ အစီစဉ်ရှိတဲ့ သူတွေအတွက် ကျောင်းကပေးတဲ့ စာရွက်စာတမ်းနဲ့ပဲ ဒီကို Tourist visa နဲ့အရင်လာပြီး ကိုယ်တက်မဲ့ ကျောင်းနဲ့ ကုန်ကျစရိတ်နဲ့ကို တွက်ချက်ပြီး ရွေးချယ်လို့ရပါတယ်…ပြီးရင် ထိုင်းနိုင်ငံအတွင်းမှာပဲ ဗီဇာ status change လိုက်လို့ရပါတယ်
ဒါအပြင် အရင်တစ်ခေါက်တင်ဖူးတယ် Design Institute တွေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို ရွေးချယ်လို့ရပါသေးတယ်နော် 👍🏻
https://www.facebook.com/share/p/ft31Aehp9zdp3f24/?mibextid=WC7FNe
၃။ Bussiness Visa
ဒါကတော့ ကိုယ်က ထိုင်းမှာ ရှိတဲ့ work visa and permit support လုပ်နိုင်မဲ့ company တစ်ခုခုမှာ အလုပ်ရတဲ့ အခါ company က စာရွက်စာတမ်းတွေနဲ့ ထိုင်းနိုင်ငံပြင်ပ မှာ လျှောက်ရပါတယ်နော် ✌🏼
အဲလို အလုပ် ထိုင်းမှာ ရဖို့ လွယ်လားဆို ကိုယ်လျှောက်တဲ့ နယ်ပယ်နဲ့ အတွေ့အကြုံနဲ့အများကြီးဆိုင်ပါတယ်နော်…
ညမတုန်းကဆို ထိုင်းစကားမတက်ပဲ ရောက်တာနဲ့
တန်းရခဲ့တာကြောင့် မလွယ်ဘူးလို့လဲ
ပြောလို့မရပါဘူးနော်…
Email တွေတော့ တစ်လက်စက်လွှတ်ရပါတယ်လို့ 😁
နောက်တစ်ချက်က လုပ်ငန်းရှင်တွေ အတွက်ပါ company registration လုပ်ပြီး Business visa နဲ့ နေလို့ရပါတယ်။
Business လုပ်ဖို့
Company Registration လုပ်ရတာကုန်ကျစရိတ်များမှာမို့
ကိုယ့် Budget နဲ့ မတက်နိုင်လောက်ဘူးလို့မတွေးပါနဲ့
ဘတ် ၃ ၄ သောင်း နဲ့တောင် စပြီး လုပ်လို့ရလို့
လုပ်ငန်း လုပ်မဲ့ သူအတွက်တော့
သင့်တင့်တဲ့ ပမာဏပါနော်…
တကယ်လို့ ကိုယ်က အသေးစားလုပ်ငန်းတစ်ခုခု
ထိုင်းမှာ စထားချင်တယ်ဆို ခု ကိုယ်တိုင်လဲ လုပ်နေသူတစ်ယောက်အနေနဲ့ Recommend ပေးပါတယ်နော်…
ဒါလေးလဲ သိချင်တဲ့သူများတယ်ဆို သပ်သပ်ထပ်ရေးပေးပါ့မယ် ✌🏼
၄။ Elite Visa
ဒါကတော့ တက်နိုင်တဲ့ မိသားစုတွေအတွက်ပါ ဘတ် ၅ သိန်းကစလို့ 2 million ထိ Packages အလိုက်အစားစားရှိပြီး VIP Exclusive services တွေ အများကြီးရတဲ့ ဗီဇာအမျိုးအစားပါ 👍🏻
၅။ Retirement Visa.
ဒါကတော့ အသက် ၅၀ ကျော် လူကြီးပိုင်းတွေနဲ့
ပြောင်းလာချင်တဲ့ မိသားစုက လူကြီးတွေအတွက် စရိတ်သက်သာပြီး အရမ်းကိုအဆင်ပြေတဲ့ အထူးတလည်စဉ်းစားစရာမလိုတဲ့ visa အမျိုးအစားပါ 🫰🏻
၆။ Visa Run
နောက်ဆုံး တစ်ခုကတော့ အခုလောလောဆယ် အနေအထားနဲ့ အများစု လုပ်နေတဲ့ Tourist Visa သို့မဟုတ် ၁၄ ရက် ဗီဇာ free နဲ့အရင်လာပြီး လာအို သို့မဟူတ် ထိုင်းနဲ့ အနီးနား နိုင်ငံတစ်ခုကို ၂ လ သို့မဟုတ် ၃ လတစ်ကြိမ် ထွက်ပြီး ဟိုဘက်နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ Tourist Visa ၂ လ ထပ်ယူလို့ရပြီး ကိုယ်က နည်းနည်းလေးပို တက်နိုင်ရင်တော့ ၁ လတစ်ကြိမ် ထိုင်း Immigration ရုံးမှာတင် E-extension ထပ်လုပ်လို့ရပါတယ်နော်
ဒီအတွက် လိုအပ်ချက်တွေကတော့ TM30 တို့ ၊ သံရုံးထောက်ခံစာတို့ အပြင်တစ်ခါတစ်လေ house released လဲပြဖို့ လိုအပ်မှာဖြစ်လို့ ကိုယ်တိုင်လဲ လုပ်လို့ရသလို လုပ်ပေးတဲ့ agent တွေလဲ အများကြီးရှိတာကြောင့် အခုအနေအထားနဲ့ တော်တော်များများ လုပ်နေတဲ့ way တစ်ခုပါ
ကိုယ်တိုင်လုပ်မယ်ဆိုလဲ စရိတ်တွေ အများကြီးတွေမကုန်တာကြောင့် try ကြည့်လို့ရပါတယ်နော် 🤘🏼
ဒီအချက်လေးတွေကတော့….
ခုလက်ရှိလောလောဆယ်ထိုင်းမှာ အများစုလုပ်နေပြီး လွယ်ကူစွာလုပ်လို့ရတဲ့ ဗီဇာအမျိုးအစားတွေကို သိသလောက် share ဖြစ်တာကြောင့် ကိုယ့်နဲ့ ကိုက်ညီမယ့် ဗီဇာအလိုက် လိုအပ်နဲ့ အသေးစိတ်ကို
ထပ်ပြီး ရှာကြည့်လို့ရပါတယ်နော်
အားရင်အားသလိုလဲ သိတာလေးတွေ ထပ်ပြီး ဆရာဝင်လုပ်သွားပါအုံးမယ်နော် 🌚🙏🏻
ထိုင်းမှာ ကိုယ်ပိုင်စီးပွါးရေး တစ်နိုင်တစ်ပိုင် လုပ်ချင်တဲ့သူတွေပဲ ဖြစ်ဖြစ် လုပ်ငန်းရှင်တွေအတွက်ပဲ ဖြစ်ဖြစ် ထိုင်းနဲ့ပတ်သတ်လို့ Bussiness Consultant နဲ့ Company Registration, VAT & Taxes ရှင်းပေးတာတွေလဲ လုပ်ပေးတာကြောင့် ThaiVisa Hub page လေးမှ ဆက်သွယ်လို့ရပါတယ်ရှင် 🙏🏻
https://www.facebook.com/profile.php?id=61555972495740&mibextid=LQQJ4d