Traveller's Notes

  • Home
  • Traveller's Notes

Traveller's Notes This pages is for sharing information about the interesting and attractive places for traveling on p

Melaka ရောက်ရင် မစားပဲမနေနိုင်တာက Asam Pedas မြန်မာလိုဆို ချဉ်စပ်ဟင်းလေးပါ။Asam က အချဉ်၊ Pedas က အစပ်ပါ။ပုံမှန်တော့ ဒီဟင...
22/12/2023

Melaka ရောက်ရင် မစားပဲမနေနိုင်တာက Asam Pedas မြန်မာလိုဆို ချဉ်စပ်ဟင်းလေးပါ။

Asam က အချဉ်၊ Pedas က အစပ်ပါ။
ပုံမှန်တော့ ဒီဟင်းချက်နည်းမှာ ငါးနဲ့ပဲချက်တာများပေမယ့် အခုနောက်ပိုင်းတော့ ပုဇွန်၊ ကင်းမွန်တို့လို ပင်လယ်စာတွေနဲ့လဲချက်လာကြပါတယ်။

Langkawi မှာတုန်းက Gulai လို့ခေါ်တဲ့ အုန်းနို့နဲ့ချက်တဲ့ curry လေးတွေ နေရာတိုင်းမှာတွေ့နိုင်သလို Melaka မှာတော့ Asam Pedas ဆိုင်လေးတွေ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။

နောက် vegetable အတို့နဲ့ မြန်မာလိုငပိထောင်းပုံစံမျိုး မျှင်ငပိကို ငရုတ်သီးစိမ်းနဲ့ထောင်း အချဉ်လေးညှစ်ထားတာလေးကလဲ ထမင်းနဲ့တွဲစားလို့မိန်တဲ့ မလေးအစားအစာလေးပါ။

Rompin မှာတုန်းက ပေးတဲ့ အသီးအရွက်နဲ့ ငပိရည်လိုမျိုးကငါးပိက မြန်မာငပိရည်အရသာနဲ့ပိုတူတယ် နောက်မှ Rompin အကြောင်းလေးလဲထပ်ရေးပါဦးမယ်ရှင်❤️

Melaka ကို သဘောကျတာနောက်တခုက ကြက်မောက်သီး၊ တောဒူးရင်းသီး၊ သရက်သီး အရမ်းပေါတာပါ။
ကြက်မောက်သီးသီးချိန်ဆို လမ်းဘေးတင်ကြက်မောက်ပင်တွေက ကြက်မောက်သီးတွေခဲပြီး မြေကြီးထိအောင်သီးနေပြီး ခူးမယ့်သူမရှိနဲ့ အရမ်းကြည့်လို့ကောင်းပါတယ်။

Melaka က စင်္ကာပူကနေ ၃နာရီလောက်ပဲကားစီးရတဲ့နေရာမို့ short break အနေနဲ့ long holiday weekend
လေးတွေမှာလည်လို့ကောင်းတဲ့နေရာလေးပါရှင်❤️

ဒီနေ့တော့ Johor က အရမ်းစျေးသက်သာတဲ့ Banana Leaf Rice Lunch buffet(ချစ်တီးထမင်း) လေးအကြောင်းပြောပြပါမယ်ရှင်❤️စျေးသက်သာတယ်...
22/11/2023

ဒီနေ့တော့ Johor က အရမ်းစျေးသက်သာတဲ့ Banana Leaf Rice Lunch buffet(ချစ်တီးထမင်း) လေးအကြောင်းပြောပြပါမယ်ရှင်❤️

စျေးသက်သာတယ်ဆိုတော့ ခန့်မှန်းဘယ်လောက်လို့ထင်ပါသလဲရှင်😃

Banana Leaf Rice Lunch Buffet ကို တယောက်ကို 20 rm ++ နဲ့ တယောက်ကို ၂၃ rm ( sgd ~7$ ) ပဲကြပါတယ်ရှင်❤️

သူ့ Buffet က Ala Carte ပုံစံမျိုးလေးဖြစ်ပြီး စထိုင်တာနဲ့ ငှက်ပျောရွက်ခင်းပြီး ထမင်းဟင်းရည်၃မျို: (dhal, chicken, fish curry)နဲ့ အသီးအရွက်ချက် ၂မျိုး၊ ချက်တနီး၊ မနုဿနီဟင်းရည်၊ ပါပရာကြော်လာချပေးပါတယ်

နောက်ဟင်း၆ မျိုး (chicken curry, fried chicken, Mutton curry, fried onions, fried potatoes ball, bean curd curry, dessert) ကို ပန်းကန်လေးတွေနဲ့ တမျိုးတပန်းကန်စီချပေးပါတယ်။

ပန်းကန်ထဲကဟင်းကုန်သွားရင် အဲ့ပန်းကန်လေးပြန်ပေးပြီး နောက်ထပ် ကိုယ်စားနိုင်သလောက်ထပ်မှာလို့ရပါတယ်။

ဟင်းတွေနဲ့ပါတ်သတ်ပြီးပြောရရင် ပေးရတဲ့စျေးထက် အများကြီးသက်သာပြီး စားလို့ကောင်းပါတယ်။ fine dining လို စျေးကြီးပြီးအရမ်းကောင်းတဲ့ restaurant နဲ့တော့ ဘယ်ရှငလို့ရမလဲနော်။ ဒါပေမယ့် ပေးရတဲ့စျေးနဲ့ယှဉ်ရင် အရသာက စားလို့ကောင်းတဲ့အထဲမှာပါပါတယ်❤️

ကြက်သားဟင်းက ပုံမှန် Indian ချက်တွေနဲ့ မတူပဲ အုန်းနို့နံ့လေးသင်းတယ်။ ကြက်ကြော်ကလဲ ပူပူလေးနဲ့ juicy ဖြစ်ပြီးစားကောင်းတယ်။ ကြက်သားက kampong chicken ကို သုံးထားတယ်

ပဲပြားကြော်ချက်လေးကတော့ ချိုပြီး စပ်တဲ့အရသာဘက်လေးသွားတယ်။

ကြက်သွန်ကြော်ကတော့ အကြော်မှုန့်များလို့သိပ်မကြိုက်ဘူး

ဆိတ်သားဟင်းကတော့ အမျိုးသားစားတာ ကောင်းတယ်ပြောတာပဲ😃

အာလူးကတ်တလိပ်လဲ ကိုယ်ကသိပ်မကြိုက်တဲ့ထဲပါတော့ ပုံမှန်လို့ပြောရမယ်

Dessert က ရွှေကြည်နဲ့လုပ်တဲ့ ဆနွင်းမကင်းလိုဟာလေး အဲ့တာလေးလဲ တော်တော်စားကောင်းတယ်

ကိုယ်တွေသွားစားတိုင်းတော့ ကြက်ကြော်နဲ့ ရွှေကြည်ဆနွင်းမကင်ရလေးကို ၂ခါစီလောက် ထပ်ဖြည့်ခိုင်းတယ် ❤️

သူက နေ့လည် ၁၂:၀၀ ကနေ ညနေ ၂:၃၀ လောက်အတွင်းပဲ Lunch Buffet အနေနဲ့ရောင်းပြီး ကျန်တဲ့ အချိန်ကတော့ ပုံမှန် Indian Restaurant ဆိုင်လေးပါ

နေရာကတော့ JB မှာ ကိုယ်အရမ်းသဘောကြပြီး မလေးရှားလို့မထင်ရလောက်အောင် အိမ်ခြံဝန်း အသစ်တွေနဲ့ ကိုယ်ပိုင် Bangalow house, terrace house တွေနဲ့ လှပပြီး လူနေနည်းသေးတဲ့ Eco Botanic ထဲမှာပါ။

JB ဘက် စိတ်ပြေလက်ပျောက် အလည်ထွက်ခဲ့ရင်း ချစ်တီးထမင်းလေးလဲ သွားစားချင်ရင် ဒီဆိုင်လေးမှာ try ကြည့်ပါလို့ လက်တို့ပါတယ်ရှင်❤️

Restaurant google link ကို first comment မှာကြည့်ပါနော်❤️

❤️Fish head curry နှင့် Jalan Pudu လမ်းမကြီးဘေးက လမ်းသွယ်ထဲက ညစျေးတန်း❤️ဒီနေ့ညတော့ KL ရောက်တိုင်း အမြဲစားနေကြ ငါးခေါင်းဟ...
12/11/2023

❤️Fish head curry နှင့် Jalan Pudu လမ်းမကြီးဘေးက လမ်းသွယ်ထဲက ညစျေးတန်း❤️

ဒီနေ့ညတော့ KL ရောက်တိုင်း အမြဲစားနေကြ ငါးခေါင်းဟင်းဆိုင်လေးကို ရောက်ဖြစ်တယ်။

ကိုယ်က ငါးခေါင်းဟင်းအရမ်းကြိုက်သူမို့ အရင်ကဆို အမြဲတမ်းနီးပါ ငါးခေါင်းဟင်းစားဖြစ်တယ်။ Indian လိုချက်တဲ့ငါးခေါင်းဟင်းလဲကြိုက်သလို တရုတ်လိုချက်တဲ့ အုန်းနို့ ပုဇွန်ခြောက်များများနဲ့ ငါးခေါင်းဟင်းလဲကြိုက်တာပဲ။ အရင်က Johor က နာမည်ကြီး ငါးခေါင်းဟင်းဆိုင်မှာ တလတခါလောက် သွားစားဖြစ်တယ်။ နောက်ပိုင်းကြ အဲ့ငါးခေါင်းဟင်းစားပြီးရက် ကိုယ်က အသကိရှုလို့မရ နေလို့မကောင်းတာ သတိထားမိလာတယ်။ တနေ့ JB က ငါးခေါင်းဟင်းဝယ်လာပြီး ရေခဲသေတ္တာထဲထည့်ထားပြီးနောက်နေ့ နွေးစားဖို့လုပ်တော့ ဆီက လက် ၂စစ်လောက် အပေါ်မှာခဲနေတာ။ ဆိုင်မှာစားချိန်ကျတော့ ပွတ်ပွတ်ဆူနေတော့ ကိုယ်တွေစားတဲ့အထဲ ဆီတွေ အဲ့လောက်ပါသွာမှန်းသတိမထားမိဘူး။ ကိုယ်က ဆီများတာ၊ ဆီမသန့်တာစားမိရင် ချက်ချင်း အသက်ရှုကြပ်တတ်သူမို့ အဲ့နောက်ပိုင်းကထဲက ငါးခေါင်းဟင်းတွေ မစားပဲရှောင်ရတော့တာပဲ။

အခု ဒီ KL က ငါးခေါင်းဟင်းဆိုင်လေးကလဲ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက စစားခဲ့ကြတာ၊ အဲ့အချိန်က အခုဆိုင်ပိုင်ရှင်ကငယ်သေးပြီး သူ့အဖေနဲ့တွဲ အလုပ်လုပ်တုန်း။
သူ့ငါးခေါင်းဟင်းက စလုံးက Indian, တရုတ် ငါးခေါင်းဟင်းတွေနဲ့မတူပဲ အုန်းနို့လဲမပါ၊ မဆလာနံ့လဲ မပြင်းဘူး၊ ဂေါ်ဖီ၊ ပဲသီး၊ ခရမ်းသီး၊ ရုံးပတေသီးရဲ့ အချိုကို ယူထားတယ်။
ဒီမှာတွေလို ငါးခေါင်းတခြမ်း၊ တခေါင်းလုံးမဟုတ်ပဲ ငါးခေါင်းကို အဆင်ပြေသလို ခုတ်ပြီး ချက်ထားတာ။ သဘာဝ အရသာနဲ့ ဆီမများပဲ စားလို့တော်တော်ကောင်းတယ်။
တချို့ Kl trip တွေက အဲ့ငါးခေါင်းဟင်းကို သတိရလို့ကို ပြန်လာစားတဲ့ ခရီးလေးတွေရယ်😃

နောက် အဲ့ငါးခေါင်းဆိုင်ရှိတဲ့ Jalan Pudu တောက်လျှောက်ဆက်လျှောက်သွားရင် ၅ မိနစ်လောက်လျှောက်ရတဲ့ နေရာမှာ KL က နာမည်ကြီး KL Clay pot rice ဆိုင် ရှိတယိ။ jalan kancil ပေါ်မှာ။ အမြဲလဲလူပြည့်နေတာ

နောက်တလမ်းလောက်ဆက်လျှောက်သွားရင် ညနေမှ ဖွင့်တဲ့ တရုတ် ညမုန့်စျေးတန်းလေးလဲရှိတယိ။

လမ်းထိမ်မှာ တရုတ် herbal tea ဆိုင်၊ အထဲ နဲနဲ ဝင်ရင် ကိုယ်စားနေကြ ကိုယ့်အကြိုက် ကြက်ကြော်ဆိုင်၊ နောက် ဘဲဥနဲ့ကြော်တဲ့ char kwey trowel ဆိုင်၊ အမြဲ ဝယ်သောက်ဖြစ်တဲ့ chin tan ဆိုင်လေး❤️

ဟိုတုန်းတွေကတော့ ညနေဘက် စျေးတန်းလျှောက်ပြီး ဝယ်စားချင်တာ စားပြီးရင် ငါးခေါင်းဟင်းနဲ့ ညစာ ဝင်စားကြတယ်။ အခုတွေကတော့ အကုန်မစားနိုင်တော့လို့ တခုပဲ ရွှေးပြီး စားရတော့တယ်။

KL ဘက်သွားလည်ဖြစ်ရင် ဘာလေးတွေစားလို့ကောင်းမလဲသိချင်သူလေးတွေအတွက် ကောင်းနိုးရာရာလေးတွေကို share ပေးပါတယ်ရှင်❤️

https://maps.app.goo.gl/meekvBGDZHniFb1K9?g_st=ic

အားလပ်ရင်လေးမှာ စားကောင်းတာလေးတွေစားပြီး အနားယူနိုင်ကြပါစေရဟှင်❤️

❤️RMSYဒီနေ့တော့ နံပြားဆိုရင် cheese naan မှကြိုက်တဲ့ကိုယ်ဟာ cheesey naan ဆိုင်တခုကိုရောက်ဖြစ်ခဲ့ပါတယ်❤️အရင်က cheese naan...
12/11/2023

❤️RMSY
ဒီနေ့တော့ နံပြားဆိုရင် cheese naan မှကြိုက်တဲ့ကိုယ်ဟာ cheesey naan ဆိုင်တခုကိုရောက်ဖြစ်ခဲ့ပါတယ်❤️

အရင်က cheese naan နှင့် Tandoori chicken ကို Johor က Indian ဆိုင်တဆိုင်မှာ အမြဲစားနေကျ သူက Covid ကာလအပြီးမှာ ဆက်မရပ်တည်နိုင်ပဲ ပိတ်သွားတော့ cheese naan စားဖို့ စိတ်တိုင်းကြဆိုင်မတွေ့တာနဲ့ မစားဖြစ်တာ ဒီတခေါက် KL လာတုန်းမှာ အမျိုးသားက ဒီဆိုင်လေးကို ခေါ်လာပေးတော့ အရမ်းဝမ်းသာမိသွားတယ်❤️

အရသာရော ပေးရတဲ့စျေးတွေရော အဆင်ပြေတန်တယ် ပြောလို့ရပါတယ်။
သူလဲ ည ၁၀ နာရီကျော်ရောက်တာတောင် စားပွဲအားလုံးပြည့်နေအောင်လူများပါတယ်

ကိုယ်ကတော့ cheese naan crazy မို့နောက်လဲ သွားစားဖြစ်မှာပါ❤️

ချစ်ရသူတွေလဲ KL ရောက်လို့ ကိုယ့်လို နံပြားကောင်းကောင်းလေးစားချင်ရင် စမ်းစားကြည့်လို့ရအောင် share ပေးလိုက်ပါတယ်ရှင်❤️

ဒီနေ့တော့ Sekinchan ကိုပြန်သွားဖြစ်ပြီး အရင်တခေါက်ကစားခဲ့တဲ့ chef Danial ရဲ့ halal Chinese cuisine ဆိုင်လေးမှာထပ်စားဖြစ်...
11/11/2023

ဒီနေ့တော့ Sekinchan ကိုပြန်သွားဖြစ်ပြီး အရင်တခေါက်ကစားခဲ့တဲ့ chef Danial ရဲ့ halal Chinese cuisine ဆိုင်လေးမှာထပ်စားဖြစ်ပါတယ်။

Sekinchan က KL ကနေ ၈၀ km ကျော်ဝေးပြီး ကား၂နာရီလောက်မောင်းရင်ရောက်ပါပြီ။

Sekinchan ရဲ့ထူးခြားချက်က လမ်းတဖက်အခြမ်းမှာ အခုဆိုရင် ဝင်းဝင်းဝါဝါနဲ့ စပါးခင်းတွေတွေ့ရပြီး တခြားတဘက်မှာတော့ ပင်လယ်ငါးဖမ်း သင်္ဘောတွေနဲ့ ကမ်းစပ်တင်ရောင်းနေတဲ့ ငါးဒိုင်တွေကိုတွေ့ရပါတယ်။

နောက် Sekinchan ကို သဘောကျတာတခုက ဘယ်ဆိုင်မှာပဲစားစား seafood တွေက လတ်ပြီး အရသ ရှိနေတာပါပဲ။

ဒီ chef Danial ရဲ့ဆိုင်လေးမှာလဲ Seafoods တွေက လတ်တဲ့ အပြင် စျေးလဲ သက်သာတော့ အမြဲတမ်း table တွေကပြည့်နေပြီး ကြိုတင် table reserved လုပ်မှသာ အဆင်ပြေပါတယ်။

Chef danial အကြောင်း YouTube မှာ တခါကြည့်ဖူးတာကတော့ သူက အရင်က KL က restaurant တခုမှာ chef ဖြစ်ပြီး သူ့ အမျိုးသမီးက အဲ့တုန်းက သူ့ရဲ့ kitchen assistant ပါတဲ့။ အဲ့တုန်းက အလုပ်ထဲမှာ အဲ့အမျိုးသမီးလေးကို အလုပ်လုပ်တာမမှန်ရင်ဆူရင်း ဟိုအမျိုးသမီးလေးကလဲ အဆူခံရလို့ ငိုရင်းနဲ့ ကြိုက်မိသွားကြပြီး လက်ထပ်ဖြစ်သွားတာပါတဲ့😃
လက်ထက်ပြီး အမျိုးသမီးလေးရဲ့ရွာကို လိုက်နေတော့ မြို့သား တောရောက် ရွာမှာ ဘာမှမလုပ်တတ်တာနဲ့ အချိန်တွေပို လူပိုလိုဖြစ်ပြီး ပျင်းလာတော့ Chinese Muslim စားသောက်ဆိုင်လေးကို သူတို့အိမ်ရှေ့မှာပဲ စဖွင့်ခဲ့ပါတယ်တဲ့။

သူက တရုတ်ကနေ သူ့အမျိုးသမီးလေးနဲ့လတ်ထပ်ပြီး Muslim ပြောင်းထားတာမို့ တရုတ်စာတွေကို Muslim တွေလဲ အရသာရှိရှိစိတ်တိုင်းကြစားသုံးနိုင်အောင်ရည်ရွယ်ပြီး ဒီဆိုင်လေးကို ဖွင့်ထားတာပါ။

အခုတော့ သူက chef၊ သူ့အမျိုးသမီးက ကောင်တာငွေကိုင်လို့ အရင်ကဆူခဲ့တဲ့ chef ကို ပြန်စီမံခန့်ခွဲရင်း ပျော်စရာမိသားစု စားသောက်ဆိုင်လေးကို ဖွင့်ထားကြတာပါ❤️

Sekinchan ကိုရောက်ခဲ့ရင် chef Danial ရဲ့ Halal Chinese Cuisine လေးကလဲ try ကြည့်သင့်တဲ့ ဆိုင်လေးမို့ တခေါက်လောက်သွားစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်❤️

https://maps.app.goo.gl/4U2JHKzALPVBMeEh8?g_st=ic

KL ကိုအခုလို ဒီပါပလီအချိန်သွားလည်ရတာ သဘောကြတဲ့အထဲမှာ Indian ညစျေးပါတ်လျှောက်ရတာလဲပါတယ်❤️ငယ်ငယ်ကဆို အိမ်နားက ကာလီမန်မယ်တေ...
11/11/2023

KL ကိုအခုလို ဒီပါပလီအချိန်သွားလည်ရတာ သဘောကြတဲ့အထဲမှာ Indian ညစျေးပါတ်လျှောက်ရတာလဲပါတယ်❤️

ငယ်ငယ်ကဆို အိမ်နားက ကာလီမန်မယ်တော်ကျောင်းမှာ ပွဲတော်ဖြစ်တဲ့အချိန် ညစျေးပွဲပါတ်လျှောက် စားချင်တဲ့ မုန့်လေးတွေ ဝယ်စားနဲ့ အရမ်းပျော်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ်။

နောက် Indian ရိုးရာလက်ကောက်ကွင်းတွေ ငယ်ငယ်ကတော့ ကော်လက်ကောက်ကွင်းလေးတွေပဲရလို့ နှစ်တိုင်းဝယ်၊ နှစ်တိုင်းကြိုးလို့ နှမျောနဲ့ပေါ့။

နောက် လက်မှာ ဒန်းစိုးတာလေးတွေ

ငယ်ဘဝ အလွမ်းပြေ လျှောက် ခဲ့တဲ့ ညပွဲစျေးတန်းလေး❤️

❤️Clay pot Biryani (Sattisorru) ❤️နောက်ထပ် KL မှာအမြဲစားဖြစ်တာကတော့ Clay pot Biryani (Indian အခေါ် Sattisorru) လေးပါ။သူက...
10/11/2023

❤️Clay pot Biryani (Sattisorru) ❤️

နောက်ထပ် KL မှာအမြဲစားဖြစ်တာကတော့ Clay pot Biryani (Indian အခေါ် Sattisorru) လေးပါ။

သူကတော့ restaurant သီးသန့်ဆိုင်မဟုတ်ပဲ Food court ကဆိုင်လေးပါ။ ဒါပေမယ့် အဲ့ Food court တခုလုံးမှာ စားနေတဲ့စားပွဲ ၁၀ခုမှာ ၉ဝိုင်းလောက်က ဒီဆိုင်က clay pot Sattisorru or clay pot curry with banana leave rice နဲ့စားနေကြတာများပါတယ်။

ကိုယ်တွေက Biryani အကြိုက်သမားတွေဆိုတော့ သူ့ဆိုင်က banana leaves rice ကို မစားဖြစ်သေးဘူး။

သူ့ biryani က ထမင်းတစေ့ချင်းချက်ထားတာမဟုတ်ပဲ ဟင်းအနှစ်နဲ့ ထမင်းနဲ့ရောနယ်ပြီး စိုဖက်ဖက်လေးချက်ထားတော့ ထမင်းမှာဟင်းရည်စိုစိုနဲ့ နယ်စားတတ်တဲ့သူတွေအတွက် curry အနံ့ အရသာ ထိထိမိမိနဲ့ စားလို့တကယ်ကောင်းပါတယ်။

Sattisorru ကို ငါး၊ ကြက်သား၊ ဂဏန်း၊ ပုဇွန်၊ ဆိတ်သားဟင်းနဲ့ရပြီး ကိုယ်မှာမှ ကိုယ့်ရှေ့တင် clay pot ထဲဆီသပ် ဟင်းအနှစ်ချက်ပြီး၊ ကြက်သား၊ ဆိတ်သားတော့ ပြုတ်ထားတာနဲ့ အရိုးပြုတ်ရည်ထည့်ပြီးဟင်းပြန်ချက်၊ ဟင်းအဆင်သင့်ဖြစ်ပြီဆိုမှ ချက်ထားပြီးသားထမင်း ပန်းကန်တလုံးကို clay pot ထဲထည့်ပြီး ရောမွှေပြီး စားသုံးသူဆီကို serve လုပ်ပေးပါတယ်။

ကိုယိကတော့ အမြဲ ကြက်သား၊ ပုဇွန် အရောမှာပါတယ်။ တပွဲမှာ ကြက်သားကတံုးကြီး ၄တုံး၊ ပုဇွန် အကောင်ကြီး ၄ ကောင်ထည့်ပေးတယ် ။

ကြက်သားရော၊ ပုဇွန်ရောက စားတဲ့အခါတိုင်း ချိုပြီး လတ်နေတာပါပဲ။

အမျိုးသားကတော့ ဆိတ်သားနဲစားလေ့ရှိပြီး ဆိတ်သားလဲ အတုံးလေးတွေ ၆တုံး ၇တုံးလောက် ပါပါတယ်။

တပွဲကို တယောက်ထဲ မနည်းကုန်အောင်စားရပြီး size က Small, medium, large ဆိုပြီးရှိပါတယ်။ ကိုယ်တွေစားတာက small size ပါ။

ကိုယ့်လို Indian curry ကြိုက်တဲ့သူတွေအတွက်စားကောင်းတဲ့ဆိုင်လေးမို့ ချစ်ရသူတွေကို စမ်းစားကြည့်လို့ရအောင် share ပေးပါတယ်ရှင်❤️

KL ကိုရောက်ရင် အမြဲတန်း ပထဆုံးသွားစားတဲ့ ဆိုင်လေးကတော့ Kak Jak ငါးကင်ဆိုင်လေးပါ❤️ဒီဆိုင်လေးမှာစစားခဲ့ဖူးတာ ၂၀၁၃ လောက်ထဲက...
10/11/2023

KL ကိုရောက်ရင် အမြဲတန်း ပထဆုံးသွားစားတဲ့ ဆိုင်လေးကတော့ Kak Jak ငါးကင်ဆိုင်လေးပါ❤️

ဒီဆိုင်လေးမှာစစားခဲ့ဖူးတာ ၂၀၁၃ လောက်ထဲကဆိုတော့ ၁၀နှစ် နီးပါးရှိပြီ။

ရောက်တိုင်း အမြဲစားတာ Terubuk လို့ခေါ်တဲ့ ငါးသလောက်ကင်ရယ်၊ နောက် Sotong ကင်းမွန်ကင်ရယ်က မပါမဖြစ်ပဲ။

စင်္ကာပူမှာလဲ ikan baker ဆိုင်တွေရှိပေမယ့် ဒီဆိုင်က sambal က တခြားဆိုင်တွေနဲ့မတူ ဆီမများပဲ အစပ်အဟပ် အရသာက ကိုယ်တွေပါးစပ်နဲ့ကိုက်လို့ ဒီဆိုင်လေးမှာပဲ အမြဲစားဖြစ်တာပါ။

နောက် မလေးအစားအစာ အရွက်သုပ်၊ ထမင်း၊ ဟင်း အစုံရတယ်။ မလေးဟင်းလေးတွက အုန်းနို့သုံးပြီးချက်တာလေးတွေတော့များတယ်။

သူ့အသုပ်တွေထဲမှာ မာလာဖူးလားမသိဘူးအဲ့အဖူးလေးထဲ့သုပ်တဲ့ အရွက်သုပ်လေးက မွှေးပြီး အရမ်းစားကောင်းတယ်။

နောက်တခုက tapioca leave ကို အုန်းနို့နဲ့ချက်တာလေး အမြဲရောက်တမ်းစားဖြစ်ပြီး စားကောင်းတယ်။

ငါးလိပ်ကျောက်ငါး Stingray ၊ ငါးခူ catfish နှင့် တခါးငါးတွေလဲရတယ်၊ ပုဇွန် ၊ဂဏန်း၊ cockles ကတော့ တခါတလေမှတွေ့တယ်။

အမှန်က ဒီငါးကင်ဆိုင်နေရာလေးမှာ ဘေးချင်းကပ်ရပ် ငါးကင်ဆိုင် ၄ ဆိုင်ရှိတယ်။

ကိုယ်တွေစားနေကျက ဘယ်ဘက်ကစရေရင် ၃ဆိုင်မြောက်ဆိုင်၊ သူက မနက် ၁၁ ကနေ ညနေ ၃နာရီအထိပဲဖွင့်ပြီး Sunday တရက်ပိတ်ပါတယ်။

တခြားဆိုင်၂ဆိုင်ကတော့ ညဘက်ဖွင့်တယ်။ ကိုယ်တွေက ဒီဆိုင်မှာစားတာသဘောကြလို့ နေ့လည်ဘက်ပဲ လာစားတာများတယ်။

Lunch Time ဆိုရင်တော့ ထိုင်စရာနေရာမရှိလောက်အောင် လူများပါတယ်။

ဒီတခေါက်လဲ KL ရောက်တုန်းလေး သတိရနေနဲ့ ငါးကင်လေးသွားစားပြီး ချစ်ရသူတွေ KL ရောက်ရင် ဝင်ပြီးစားကြည့်စေချင်လို့ share ပေးလိုက်ပါတယ်ရှင်❤️

https://maps.app.goo.gl/3PAKdSzyf8cNPc1eA?g_st=ic

ဒီတပါတ်တော့ Langkawi သွားတုန်းက စားခဲ့တဲ့ အုန်းထမင်းလေးကို သတိရလို့ အုန်းထမင်းဆိုင်လေးအကြောင်းရေးမယ်နော်❤️ဒီဆိုင်လေးကို ...
20/10/2023

ဒီတပါတ်တော့ Langkawi သွားတုန်းက စားခဲ့တဲ့ အုန်းထမင်းလေးကို သတိရလို့ အုန်းထမင်းဆိုင်လေးအကြောင်းရေးမယ်နော်❤️
ဒီဆိုင်လေးကို ၂၀၁၉ Langkawi သွားတုန်းပထမဆုံးရောက်ဖြစ်ခဲ့ပြီး စားလို့ကောင်း၊ ပါတ်ဝန်းကျင်က လယ်ကွင်းတွေနဲ့ လေတဖြူးဖြူးနဲ့မို့ သဘောကျခဲ့ပေမယ့် လူတွေများပြီး kitchen ကလဲချက်မလောက်ဖြစ်နေတော့ ရတာကိုပဲစားခဲ့ပြီး အရသာကို သေချာခံပြီး မစားဖြစ်ခဲ့ဘူး။
ဒီတခေါက် Langkawi သွားတော့ ဒီဆိုင်လေးကို ပြန်သွားဖို့စာရင်းထဲသေချာထည့်ထားပြီး ကိုယ်တွေရောက်သွားချိန်က နေ့လည် ၂နာရီကျော်ဆိုတော့ လူရှင်းပြီး အေးဆေးလေး အစားအစာရော sceneries လေးကိုလဲ သေချာ enjoyed ဖြစ်ခဲ့တယ်။
ဟင်းတွေကတော့ မစုံတော့ပဲ ထပ်ချက်နေတုန်းမို့ ငါးဟင်းနဲ့ပဲ စားဖြစ်ခဲ့တယ်။
သူ့ဆိုင်လေးက ဟင်းအမယ်ကလဲ ရှင်းရှင်းလေးနဲ့ ၄ မျိုးပဲရတယ်။ ကြက်ကြော်ရယ် သူတို့ဒေသအခေါ် gulai လို့ခေါ်တဲ့ အုန့်နို့နဲ့ချက်တဲ့ curry ကို ကြက်သား၊ အမဲသား၊ တူနာငါးနဲ့ချက်ထားတာရယ်ပဲ။
နောက်ပြီး ဟင်းတွေ၊ အုန်းထမင်းကို ပန်းကန်လေးတွေနဲ့ထည့်ထားပြီး ကိုယ်စားချင်တာလေး ယူစား ပြီးရင် ကိုယ်ဘာတွေ ယူစားလဲ ပြောပြီး ပိုက်ဆံရှင်းယုံပဲ။
ဆိုင်ရှင် မလေး ဦးလေးကြီးက စျေးရောင်းနေပေမယ့် လာစားတဲ့သူတွေကို အမျိုးတွေအိမ်လာလည်သလို နွေးနွေးထွေးထွေးဆက်ဆံပြီး စားသူပြောတဲ့အတိုင်းပဲ ပိုက်ဆံယူ customer ကို ယုံကြည်မှု့အပြည့်ထားထားပြီး ဆက်ဆံတာ မြင်ရတာ တကယ်အေးချမ်းတယ်။
သူ့ဆိုင်လေးမှာ အဓိက ကြိုက်တာ အုန်းထမင်းလေး၊ အုန်းနို့နံ့လေးသင်းပြီး မအီပဲ စားလို့ကောင်းတာ ထမင်းကို ၁ဇွန်းထက်ပိုမစားတဲ့ကိုယ်ဟာ အဲ့နေ့က ထမင်းတပန်းကန်လုံး အပြောင်စားခဲ့တယ်😃။
ပိုက်ဆံရှင်းတော့ အဲ့အယ်ကယ်နဲ့စကားပြောရင်း ထမင်းက အရမ်းကောင်းလို့ ဘာဆန်သုံးတာလဲမေးတော့ သူက သူ့လယ်က ထွက်တဲ့ဆန်ပဲသုံးတာပါဆိုတာနဲ့ ကိုယ်တွေလဲ ထပ်မမေးဖြစ်တော့ဘူး။
စလုံးပြန်ရောက်ပြီး တနေ့ အမျိုးသားက Food youTuber show တွေကြည့်ရင်း အဲ့အန်ကယ်ဆိုင်ကို interview ထားတာတွေ့တော့ သူတို့ချက်တဲ့ အုန်း ထမင်းက Langkawi ပုံစံမဟုတ်ပဲ သူ့အမျိုးသမီးက Kelantan ဘက်ကမို့ Kelantan ပုံစံချက်တာပါတဲ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သူက mosque ကအပြန် အခုဆိုင်ဖွင့်ထားတဲ့နေရာမှာ နေလုံးကြီး တက်လာတာမြင်ပြီး ဒီနေရာမှာ ဆိုင်ဖွင့်ရင်အောင်မြင်မှာပဲလို့ အတွေးရလို့ အဲ့နေရာကိုဝယ်ပြီးဆိုင်ဖွင့်ခဲံတာပါတဲ့။
အဲ့ show မှာ သူ့အမျိုးသမီးက ထမင်းချက်ပြတာနဲ့ ကိုယ်လဲ ဟင်းချက်ဝါသနာပါသူပြီပြီ သူချက်တဲ့နည်းလေးကို မှတ်သားခဲ့ပါတယ်။
သူချက်ပုံက မြန်မာတွေလို အုန်းနို့နဲ့ ထမင်းရောချက်တာမဟုတ်ပဲ ထမင်းကို traditional ပေါင်းအိုးတွေလို အပေါ်အိုးမှာ အပေါက်ပါပြီး အောက်ကအိုးက ရေနွေးငွေ့နဲ့ ၂ထပ်ပေါင်းအိုးနဲ့ပေါင်းပါတယ်။
နောက် အုန်းနို့ရယ်၊ ကြက်သွန်လှီးထားတာရယ်၊ သကြားရယ်၊ ဆားရယ်၊ ပဲနံသာစေ့လေးတွေရယ်ကို အဆင်သင့်ပြင်ထားပြီး ထမင်း အဆင်သင့်ဖြစ်ချိန်မှာ ဇလုံတခုထဲကို ထည့်ပြီး အကုန်လုံးကိုထည့် နှံ့အောင်မွှေပြီးရင် အုန်းထမင်း မွှေးမွှေးလေးရပါပြီရှင်❤️
အရေးကြီးတာက အုန်းနို့က readymade မဟုတ်ပဲ ကိုယ်တိုင်ညှစ်တဲ့ အုန်းနို့လေးပါ❤️
တနေ့နေ့တော့ ကိုယ်လဲ အဲ့လိုလေး ပြန်ချက်စားပါဦးမယ်😃
နောက်ဆုံးပုံမှာ ဆိုင်နာမည်နဲ့ မီနူလေးပါပါတယ်။
တချို့ကိုယ့်ရဲ့ပုံတွေကတော့ ၂၀၁၉ တုန်းက ပုတ်လောက်ဝနေတဲ့ ပုံတွေပါ😃
ချစ်မိတ်ဆွေတွေလဲ Langkawi ဘက်ကို သွားလည်ဖြစ်ရင် မတူထူးခြားတဲ့ အုန်းထမင်းလေး သွားစားကြည့်ပါလို့❤️

❤️စိမ်းစိမ်းစိုစို စပါးခင်းများနဲ့ Sekinchan❤️အပိုင်း။ ၁ပြီးခဲ့တဲ့အခေါက်က ခရီးသွားဖို့စဉ်းစားတော့ Covid ကာလကထဲက Road tri...
20/09/2023

❤️စိမ်းစိမ်းစိုစို စပါးခင်းများနဲ့ Sekinchan❤️

အပိုင်း။ ၁

ပြီးခဲ့တဲ့အခေါက်က ခရီးသွားဖို့စဉ်းစားတော့ Covid ကာလကထဲက Road trip သွားတာကိုသဘောကျနေတဲ့စိတ်ရယ်၊ ပိတ်ရက်နားနီးမှ စီစဉ်တဲ့ခရီးဆိုရင် လေယာဉ်လက်မှတ်ခတွေလဲစျေးများတာရယ်ကြောင့် နီးနီးနားနား မလေးရှားထဲပဲသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
မလေးရှားထဲလဲ မရောက်ဖူးတဲ့နေရာပဲသွားချင်လို့ရှာဖွေရင်းနဲ့ ဒီ Sekinchan ဒေသလေးကို သဘောကြလို့ အဲ့ကိုပဲရွေးချယ်ခဲ့လိုက်တယ်။
Sekinchan က KL ကနေ ကားနဲ့မောင်းရင် ၂နာရီလောက်မောင်းရတဲ့ အကွာအဝေးမှာရှိပါတယ်။
Sekinchan လေးက ပင်လယ်ကမ်းနဲ့ကပ်နေတဲ့ဒေသဖြစ်ပြီး စပါးလဲစိုက်တဲ့ဒေသလေးဖြစ်ပါတယ်။
မြို့ရဲ့ တဖက်အခြမ်းမှာ ငါးဖမ်းစက်လှေတွေနဲ့ ရေလုပ်ငန်းလုပ်ကိုင်တဲ့သူတွနေကြပြီး၊ တဖက်အခြမ်းကတော့ စိမ်းစိမ်းစိုစို စပါးခင်းတွေနဲ့ လယ်လုပ်တဲ့သူတွေနေထိုင်ကြတယ်။
စပါးခင်းကတော့ ရာသီနဲ့စိုက်တာမို့ ကိုယ်သွားတဲ့အချိန်ပေါ်မူတည်ပြီး စိမ်းစိမ်းစိုစို စပါးပင်ပျိုတွေတွေနိုင်သလို၊ ဝင်းဝင်းဝါဝါ စပါးပင်မှည့်တွေလဲတွေနိုင်မှာပါ။ တချို့လတွေဆိုရင်တော့ စပါးရိတ်သိမ်းချိန်မို့ ရိုးပျက်တွေပဲရှိတာလဲဖြစ်နိုင်ပါတယ်။
ငါးဖမ်းစက်လှေတွေရပ်ပြီး အဲ့ကမ်းစပ်တင်ငါးဒိုင်တွေက ငါးရောင်းနေတာမို့ ငါးတွေ၊ ပုဇွန်တွေက အရမ်းလတ်ဆတ်တယ်။
Sekinchan မှာ စားခဲ့သမျှ seafoods ဆိုင်တိုင်းမှာ seafoods က တခြားနေရာတွေနဲ့မတူပဲ လတ်ဆတ်ပြီး သဘာဝအချိုအရသာကိုရတာတော့ သဘောအကြဆုံးပါပဲ။
နောက်တခုက Sekinchan မှာလဲ မြန်မာအလုပ်သမားတွေ နေရာတိုင်းမှာတွေ့ခဲ့တယ်။ ကိုယ်တွေ ဝင်စားတဲ့ restaurants တိုင်းနီးပါးမှာတဆိုင်မှာ မြန်မာအလုပ်သမားအနဲဆုံး ၃ယောက်လောက်စီတွေ့တယ်။
ငါးဖမ်းသင်္ဘောပေါ်မှာ မြန်မာသီချင်းတွေဖွင့်ထားတာတွေကြားခဲ့တယ်။ နောက် ငါးဖမ်းသင်္ဘောနဲ့ကပ်ပြီးဖွင့်ထားတဲ့ ငါးဒိုင်တွေမှာ ငါးကိုင်နေတာတွေက မြန်မာအမျိုးသမီးလေးတွေ ပါပဲ။
သူတို့ကိုကိုယ်က နုတ်ဆက်ပေမယ့် သူတို့ကတော့ ပြုံးရုံပဲပြံုးပြီး သိပ်မဖေါ်ရွေကြဘူး။ အမျိုးသားကတော့ သူဌေးက စကားပြောတာတွေ့ရင်ဆူလို့ စကားမပြောရဲတာနေမှာလို့ပြောတယ်။
ကိုယ်ကတော့ နိုင်ငံရပ်ခြားမှာ မြန်မာတွေ့ရင် စပြီးနုတ်ဆက်တာအကျင့်ဖြစ်နေတော့ တွေ့ရင်နုတ်ဆက်တာပဲ😃

ငါးတွေ၊ ပုဇွန်တွေကို သေခြာကိုင်ပြီး လေစုတ်အိတ်နဲ့ ထည့်ပေးတာမို့ ဝယ်ပြီးခဲထားပြီး စင်္ကာပူကိုသယ်လာခဲ့သေးတယ်😃
ပုဇွန်ခြောက်တွေလဲ လတ်ပြီးချိုနေတာပဲ။ ပုဇွန်ခြောက်မြင်ရင် မနေနိုင်တဲ့ကိုယ်က ပုဇွန်ခြောက် ၂ကီလိုဝယ်လာခဲ့သေးတယ်😃
နောက်ရက်မှ ကျန်တဲ့ Sekinchan အကြောင်းလေးတွေထပ်ရေးမယ်နော်❤️

Miss U, Sekinchan ❤️

27/08/2023

❤️KUROMA Buffet & Dining❤️

https://maps.app.goo.gl/R3h7nrqqNdditBpH6?g_st=ic

ဒီနေ့အမျိုးသားမွေးနေ့အကြိုအနေနဲ့ သွားစားဖြစ်တဲ့ Japanese Buffet အကြောင်းလေးပြောမယ်နော်❤️

ဒီ Japanese Buffet restaurant လေးက Malaysia, Johor Bahru မှာရှိတာပါ❤️

Japanese food နဲ့ပါတ်သက်ပြီး အမယ်တွေအရမ်းများပြီး အရသာလဲ ကောင်းတဲ့ အထဲပါတယ်ပြောရမယ်။❤️

ကိုယ်တွေက အဲ့လောက် အမယ်များမယ်မထင်လို့ သိပ်လဲမစာချိန်စားမိတော့ အများကြီး မစားနိုင်၊ မစားဖြစ်ခဲ့တဲ့အမယ်တွေတော်တော်များများကျန်ခဲ့တယ်❤️

Sashimi ကိုလဲ တခြားကိုယ်ရောက်ဖူးတဲ့ seafood buffet restaurants တွေနဲ့ အပုံကြီးကွာစွာ အမျိုးအမယ်အစုံတွေ့ရတယ်။ ဆူရှိတွေကတော့ ထမင်းလဲပါတော့ မစားနိုင်၊ မစားဖြစ်တဲ့အထဲပါသွားတယ်။ soba noodles လဲရပေမယ့် မစားနိုင်လို့ မစားဖြစ်တော့ဘူး❤️

Lobsters အသေးလေးတွေကို mala sauce နဲ့ချက်ထားတာလဲကောင်းတယ်❤️

Seafood ကို ချက်ထားတာရော ၊ sashimi ၊ shu shi ပုံစံမျိုးစုံနဲ့ရတယ်❤️

Shishamo လေးတွေလဲ လတ်ပြီး ကင်ထားတာ အရမ်းကောင်းတယ်❤️

Saba fish ကင်လေးကလဲလတ်ပြီး အရမ်းကောင်း❤️

နောက်တခုက JBမှာ ကြုံတောင့်ကြံုခဲ ပထမဆုံးကြံုဖူးတာ စားသောက်ဆိုင် တဆိုင်လုံး managers ၄၊ ၅ ယောက်ကလွဲရင် ဆိုင်ဝန်ထမ်းတွေ အကုန်က မြန်မာတွေဖြစ်နေကြတာပါပဲ။ shu shi ပြင်တဲ့သူ၊ ချက်တဲ့ကင်တဲ့သူ၊ waiters တွေအကုန်လုံးက မြန်မာတွေ❤️

မြန်မာကလေးတွေအကုန်လုံး သဘောကောင်းပြီး ခင်မင်ကြတယ်။ ကိုယ့်ကို မြန်မာမှန်းသိသွားတော့ တယောက်ပြီး တယောက်ဖေါ်ဖေါ်ရွေရွေလာပြီးနုတ်ဆက်ကြ၊ စကားပြောကြတယ်။ အများစုက ရခိုင်ကလာတာတဲ့။

စျေးနုန်းကတော့ basic buffet က 175 rm ++ နဲ့ တခြား crab set ကို top up လုပ်ရင် 185 rm++ပါ
Japanese wagyu beef set ကတော့ 200rm++ နဲ့တူတယ်။ menu ကို ပုံရိုက်ဖို့ မေ့သွားလို့❤️

Buffet ပေမယ့် အချိန်အကန့်အသက်ရှိပြီး reservations လဲလုပ်ဖို့လိုပါတယ်။ အချိန်က ၂နာရီပါ❤️

ရေခဲမုန့်နဲ့ dessert တွေလဲပါပါတယ်❤️

ရနိုင်တဲ့ အစားအစာတွေကို အောက်က video click လေးမှာကြည့်လို့ရပါတယ်❤️

ဆိုင်နာမည်လေးက Kuroma Buffet and Dining ဖြစ်ပါတယ်ရှင်❤️

Muslim ချစ်မိတ်ဆွေများအတွက်တော့ Restaurant က Halal cert or no pork no lard လို့ မကြေငြာထားပေမယ့် Pork နဲ့ပါတ်သက်ပြီးဘာမှ မရတာရယ်၊ main chef 👨‍🍳 တယောက်က မလေး Muslim မို့လို့ စားလို့အဆင်ပြေမယ်ထင်ပါတယ်ရှင်။ မလေး Muslim customers တွေလဲတော်တော်များများလာစားတာ တွေ့ခဲ့ပါတယ်ရှင်❤️

Seafood lovers တွေအတွက် try ကြည့်သင့်တဲ့ buffet ဆိုင်လေးမို့ Taveller’s Note လေးက ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်❤️

ဒီတပါတ်တော့ Traveler’s Notes လေးက ပိုစ့်မတင်ဖြစ်တာလဲကြာပြီဆိုတော့ JB မှာ ညနေစျေးတန်းလျှောက်ခဲ့တာလေးကို ပြန်လည်ပြောပြ မျှ...
21/08/2023

ဒီတပါတ်တော့ Traveler’s Notes လေးက ပိုစ့်မတင်ဖြစ်တာလဲကြာပြီဆိုတော့ JB မှာ ညနေစျေးတန်းလျှောက်ခဲ့တာလေးကို ပြန်လည်ပြောပြ မျှဝေပေးပါမယ်ရှင်❤️

စလုံးမှာနေတဲ့သူတွေအဖို့က မလေးရှားနိုင်ငံ Johor ကိုသွားလည်ဖို့က အိမ်ရှေ့ အိမ်နောက်သွားသလို လွယ်ကူပါတယ်ရှင်❤️

တခုသတိထားရမှာက မလေးရှားက မြန်မာ passport holder တွေကို visa free မပေးတာမို့ visa ရှိဖို့တော့လိုပါတယ်။ visa ကို peninsula plaza က agent တွေကလျှောက်လို့ရသလို အခုနောက်ပိုင်းမှာ https://malaysiavisa.imi.gov.my/evisa/evisa.jsp ကနေပြီး online visa ကို သူတောင်းထားတဲ့ စာရွက်စာတမ်းတွေပို့ပေးပြီးလျှောက်ရင် ရပါတယ်။ E-visa ကလဲmulti entry visa ရပြီး အများဆုံး ၆လရပါတယ်ရှင်❤️
Visa အကြောင်းပြီးသွားတော့ ဘယ်လိုသွားလို့ရလဲပြောပါမယ်။ Johor ကို car, bus နဲ့ သွားလို့ရသလို ရထားနဲ့လဲသွားလို့ရပါတယ်။ လူအရမ်းမများတဲ့နေ့ အချိန်ဆိုရင် ၁နာရီလောက်အတွင်း Sg to JB ကိုရောက်ပါတယ်❤️
Visa နဲ့ ဘယ်လိုသွားတာလဲသိချင်သူရှိလို့ ဒီပိုစ််အောက်မှာ ကျွန်မကိုလာမေးရင် တခြား post တခုထပ်တင်ပြီး အသေးစိတ်ပြန်ပြောပြပေးပါမယ်ရှင်။ အခုက စာရှည်မှာစိုးလို့ပါ❤️
JB ရောက်ရင် ကျွန်မသဘောကျတာလေးတခုက ညနေစျေးတမ်းလျှောက်ပြီး လိုချင်တာဝယ်၊ စားချင်တာစားရတာပါပဲ။
သူတို့ စျေးတန်းလေးတွေက လမ်းဘေးစျေးတန်းလေးတွေမို့ တပါတ်ကို တခါပဲဖွင့်ကြပြီး နေရာလေးတွေမတူကြပါဘူး။ woodlands ဘက်နဲ့နီးတဲ့ JB ဘက်မှာတော့ Monday ညနေဆို KSL shopping mall ရှေ့မှာ pasar malam လေးရှိတတ်ပြီး Sunday ဆို Renaissance hotel အနောက်နားမှာ စျေးတန်းလေးရှိပါတယ်။ ညနေ ၃နာရီကျော်လောက်စဖွင့်ကြပေမယ် ၅နာရီဝန်းကျင်ဆို ပိုစုံပြီး ည ၇နာရီလောက်ဆိုရင်တော့ စျေးစသိမ်းကြပါပြီ။

Pasar malam လေးမှာ မြန်မာပြည်က ပျံကြစျေးလေးတွေလို အသား၊ ငါး၊ တောကြက်ဥ၊ တောဘဲ၊ အသီးအရွက်၊ အသီး အနံ့၊ အဝတ်အစားကနေစပြီး ချက်ချင်းစားလို့ရတဲ့ မလေး snack မျိုးစုံ၊ နောက် ညစာ မချက်ချင်သူတွေအတွက် အသင့်စား ထမင်းဟင်းဘူး၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ satay ၊ ပင်လယ်စာအကင်လေးတွေလဲရပါတယ်။
နောက်ထပ်နေရာတိုင်းမှာတွေ့ရတာ KFC လို မုန့်နှစ်ကပ်ကြော်ထားတဲ့ ကြက်ကြော်တွေပါ။ တခုကို 1rm ကနေ ၃rm လောက်ထိပဲရှိပါတယ်❤️
အသား၊ ငါး အသီး အရွက်၊ သစ်သီးတွေက ရေခဲရိုက်တာမျိုးမဟုတ်ပဲ လတ်ဆတ်ပြီး စျေးလဲ ချိုကြပါတယ်ရှင်❤️
ကျွန်မနဲ့ အမျိုးသားကတော့ စျေးတန်းထိပ်တဖက်ကနေ စလျှောက်ပြီး စားချင်တာလေးတွေဝယ်လိုက်၊ လမ်းလျှောက်ရင်းစားလိုက် နောက်တဖက်ရောက်ရင် တခြားတခြမ်းကနေပြောင်းလျှောက်ပြီး တခါ စားချင်တာလေးတွေဝယ်လိုက် နဲ့ ပျော်နေတာ ကားဆီပြန်ရောက်တော့ နှစ်ယောက်စလုံး လက်၂ဖက်အပြည့် အထုတ်တွေနဲ့ပေါ့ရှင်😃

အဲ့မှာ ကျွန်မရောက်တိုင်း အမြဲစားတာကတော့ စပ်ပြဲလန်ပြီး ထပ်ခါထပ်ခါစားချင်တဲ့ ကင်းမွန်ကင်ပါ။ နောက် အသီးတွေ စိတ်ကြိုက်ဝယ်တာပေါ့နော်။ မြန်မာပြည်က ခေါက်မုန့်အလွမ်းပြေ ခေါက်မုန့်လေးတွေလဲစားခဲ့တယ်။ နောက် မုန့်တွန်ဇံလေးကလဲ ကိုယ့်အကြိုက် မစားမဖြစ်လေး၊ satay လေးကလဲ ကောင်းတယ်။ ပြောရင်းတောင်သတိရပြီး ထပ်သွားချင်လာပြီ😃

Traveler’s notes ရဲ့ချစ်ရသူတွေကိုလဲ JB ကို အလည်သွားဖြစ်ခဲ့ရင် မြန်မာပြည်အလွမ်းပြေစျေးတန်းလျှောက်ပြီး စားချင်တာလေးတွေကို စားလို့ရအောင်လို့ sharing လုပ်ပေးလိုက်ပါတယ်ရှင်❤️

❤️ထိုင်းနိုင်ငံတောင်ပိုင်းကိုရောက်တုံးက စားခဲ့တဲ့ Kanom Jeen ဆိုင်လေးတွေ❤️ကိုယ်က မုန့်ဟင်းခါး crazy ဆိုတော့ ထိုင်းနိုင်င...
11/07/2023

❤️ထိုင်းနိုင်ငံတောင်ပိုင်းကိုရောက်တုံးက စားခဲ့တဲ့ Kanom Jeen ဆိုင်လေးတွေ❤️

ကိုယ်က မုန့်ဟင်းခါး crazy ဆိုတော့ ထိုင်းနိုင်ငံတောင်ပိုင်းကိုသွားလည်တုန်းက အမျိုးသားက သူရှာတွေ့သလောက် ထိုင်းမုန့်ဟင်းခါးဆိုင်တွေကို ခေါ်သွားပေးတယ်❤️

ထိုင်းမုန့်ဟင်းခါးမှာ မုန့်ဟင်းခါးဖက်နဲ့ တွဲစားတဲ့ ဟင်းရည်က အနည်းဆုံး ၅မျိုးလောက်တော့ရှိတယ်
ထိုင်းအခေါ် kanom jeen ဆိုတာ မြန်မာတွေခေါ်တဲ့ မုန့်ဟင်းခါးမုန့်ဖက်လေးပါ။ wiki ကနေရှာဖက်ကြည့်သလောက် ဒီမုန့်ဟင်းခါးဖက် or Kanom Jeen လေးရဲ့အစက မွန်လူမျိုးတွေဆီကပါတဲ့။ မွန်လိုက hanom cin ပါတဲ့။

ထိုင်းလူမျိုးတွေက ဒီ kanom Jeen မုန့်ဖတ်ကို ဟင်းရည်အမျိုးမျိုးနဲ့တွဲစားကြပါတယ်။ ကျွန်မသွားခဲ့တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းကတော့ yellow curry လိုပုံစံနဲ့ ငါးနဲ့ချက်တဲ့ Namya ဟင်းရည်နဲ့စားပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ကြက်သား၊ ကြက်ရိုး၊ ကြက်သွေးနဲ့ ချက်တဲ့ nam ngiaw red curry လို ဟင်းရည်မျိုးနဲ့စားပါတယ်

ကျွန်ရောက်ခဲ့တဲ့ hat Yai က kanom Jeen ဆိုင်လေးမှာတော့ ဟင်းရည်က ကြက်သားနဲ့ရည်၊ ငါးနဲ့ရယ်၊ fermented fish ငါးပိကောင်ငါးနဲ့ချက်တာရယ်၊ peanut sauce ဆိုတဲ့ မြေပဲနဲ့ချက်တာရယ်၊ Nam ya လို့ခေါ်တဲ့ ငါးနဲ့ အုန်းနို့နဲနဲရောပြီးချက်တာ ၄မျိုးရပါတယ်။
ကျွန်မကတော့ ငါးပိကောင်နဲ့ချက်တာနဲ့ ငါးနဲ့ချက်တာကို စမ်းစားကြည့်ခဲ့တယ်
fermented fish ငါးပိကောင်ငါးနဲ့ချက်တဲ့ထဲမှာ မျှစ်တွေလဲပါပါတယ် ငရုတ်သီးစိမ်းများပြီး ပူစပ်ငံအရသာမို့ အရမ်းမကြိုက်ပဲ ငါးနဲ့ချက်တဲ့ Nam Ya ကို ပိုကြိုက်ခဲ့တယ်။
ထိုင်းမုန့်ဟင်းခါးနဲ့ တွဲစားဖို့ကြို အသီးအရွက် fresh vegetables ရော preserved vegetables ပါ အမျိုး ၂၀ လောက်ထားပေးတားတယ်။ အဲ့ဒါတွေက free flow နဲ့ကိုယ်ကြိုက်သလောက် စားကုန်သလောက်ယူစားလို့ရပါတယ်
နောက် ကြက်ကြော်၊ ကြက်ဥ ပြုတ်နဲ့ တွဲစားကြတယ်

အဲ့မှာ kanom Jeen စားပြီးကလဲက ထိုင်းမုန့်ဟင်းခါးရောဂါစွဲသွားတဲ့ ကျွန်မဟာ ရောက်တဲ့နေရာမှဦ kanom Jeen ကိုရှာပါတယ်😃

ရေပေါ်စျေးမှာရောင်းတာ၊ buffet စားတော့ buffet ထဲမှာပါတာရော၊ လမ်းမှာစားတဲ့ restaurant တွေမှာရော kanom Jeen ကို မှာစားနေတော့တာပါပဲ😃

ဒီလိုနဲ့ krabi ရောက်တော့ အဲ့မှာ popular ဖြစ်တဲ့ kanom jeen ဆိုင်လေးကို အမျိုးသားကခေါ်သွားပေးတယ်။
ဆိုင်လေးက အတွင်းထဲ တော်တော်ဝင်ရပေမယ့် ရေကန်အပေါ်မှာဆိုင်ဆောက်ထားတဲ့ အျမ်ဆိုင်လေးဆိုတော့ အရမ်းသာယာတာပဲ

ဆိုင်လေးက local ဆိုင်ဆိုတော့ English လိုပြောလို့ အဆင်မပြေ၊ ထိုင်းလိုမတက်နဲ့ ဘယ်လိုမှာရမလဲ မသိချိန်မှာ သနပ်ခါး ပါးကွပ်ကြားလေးနဲ့ မြန်မာညီမလေးတယောက်ကိုတွေ့တော့ အတိုင်းမသိ ဝမ်းသာတာပေါ့😃

အဲ့ညီမလေးအကူအညီနဲ့ အဆင်ပြေပြေမှာပြီး စားဖြစ်ခဲ့တယ်။ အမှန်က မုန့်မှာတာလဲ အရမ်းမရှုတ်ထွေးပါဘူး။ ဆိုင်က အမျိုးသမီးကြီး တယောက်က မုန့်ဖက်ပွဲတွေပြင်ထားပေးပြီး ကိုယ်က မုန့်ဖက်ပန်းကန်ယူပြီး ဟင်းရည်ပုံးတွေထဲက ကြိုက်တဲ့ဟင်းရည်ကို ကြိုက်သလောက်ထည့်စားလို့ရပါတယ်။ အဲ့တော့ ဟင်းရည် ၄မျိုးကို ဟိုနဲနဲ ဒီနဲနဲလဲ စပ်စားပြီးမှ ကိုယ်ကြိုက်တဲ့ ဟင်းရည်ကို များများထည့်စားတယ်
ထိုင်ူလူမျိုးတွေက Kanom Jeen Nam ya ကို မုန့်ဖက်များများ ဟင်းရည်နဲနဲနဲ့ စားကြပါတယ်။ ကျွန်မကဟင်းရည်များများကြိုက်သူဆိုတော့ ကိုယ့်စိတ်ကြိုက်ဟင်းရည်များများနဲ့ မုန့်ဖက်နဲနဲနဲ့စားရတာကို အလွန်သဘောတွေ့မိပါတယ်
နောက် စားပွဲတိုင်းမှာ kanom Jeen နဲ့တွဲစားဖို့ အသီးအရွက် အမျိုး ၂၀ လောက်ကို အဆင်သင့်ထည့်ထားပြီး ပုဝါပါးလေးနဲ့ အုပ်ထားပေးပါတယ်။
သူ့ဆိုင်မှာနောက်ထပ်စားကောင်းတာက ကြက်ကြော်နဲ့ ငါးပေါင်းထုတ် (Otah) လေးတွေပါပဲ
နောက် မုန်ကျိုးလိမ်နဲ့ ရွှေရင်အေးလဲရတယ် ။ Thai tea တွေ စိတ်ကြိုက်ဖျော်ခိုင်းလို့ရတယ်။
အဲ့ဆိုင်လေးမှာစားပြီး သဘောတွေကြလို့ hotel ကနေ အဲ့ဆိုင်ရောက်ဖို့ နာရီဝက်လောက် ကားမောင်းရပေမယ့် မပြန်ခင်တရက်ကို နောက်တခေါက်ရောက်အောင်သွားစားဖြစ်ခဲ့ပါသေးတယ်
Thai နိုင်ငံ krabi ဘက်ရောက်ရင် သွားစားသင့်တဲ့ ဆိုင်လေးတဆိုင်ပါရှင်❤️

ဒါက hat Yai ကဆိုင်ပါ
https://maps.app.goo.gl/frXTJP4HdqvEvQrn8

ဒါက krabi ကဆိုင် link ပါ
https://maps.app.goo.gl/ztimwnSBgs6GK9jj8

သူက hat Yai ကဆိုင်ထက်ပိုကောင်းပါတယ်❤️

ဒီတခေါက်တော့ Batam, Indonesia ဘက်ရောက်ရင် အမြဲတမ်းသွားစားဖြစ်တဲ့ အသည်းစွဲ Indonesia traditional restaurant လေးအကြောင်းပြ...
20/06/2023

ဒီတခေါက်တော့ Batam, Indonesia ဘက်ရောက်ရင် အမြဲတမ်းသွားစားဖြစ်တဲ့ အသည်းစွဲ Indonesia traditional restaurant လေးအကြောင်းပြောပြမယ်နော်❤️

ဆိုင်နံမည်လေးက Pondok Batam Kuring တဲ့

ဆိုင်နေရာကတော့ Nagoya Hill Mall နဲ့ ကား ၁၀ မိနစ်လောက်ပဲစီးရတဲ့နေရာလေးမှာပါ။ Nagoya Hill mall ကနေ gojek နဲ့သွားရင် စင်္ကာပူ ၃$ လောက်ပဲပေးရပါတယ်။

Batam က စင်္ကာပူကနေ ferry စီးသွားရင် တနာရီလောက်ပဲကြာပြီး အလွယ်တကူ နေ့ချင်းပြန်လည်ချင်ရင်တောင် လည်လို့ရတဲ့ နေရာလေးပါ။

ခွင့်ရက်ရှည်မယူချင်တဲ့သူတွေ weekend ၂ ရက် စလုံးအပြင်ဖက် ခဏလည်ချင်သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။

Batam ကို သွားလည်ဖို့သဘောကြတာ နောက်တခုက အစားအသောက်ပါ။ Indonesia အစားအစာတွေက အစပ်အရသာများတာမို့ မြန်မာပါးစပ်နဲ့လဲ အရသာတွေ့ပါတယ်။ စျေးကလဲ စလုံးငွေနဲ့ ပြန်တွက်ရင် တော်တော် ကြီးကို သက်သာပါတယ်❤️

နောက်တခုက Batam ဘက်အခြမ်းမှာ အိမ်သုံးကုန်၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ အလှကုန် စတဲ့ပစ္စည်းတွေက စလုံးမှာဝယ်တာထက် တော်တော် သက်သာပါတယ်❤️

အဲ့တော့ ဘုရားလဲဖူး လိပ်ဥလဲတူးဆိုသလို မွန်းကြပ်တာလေးတွေ ခဏပြေပျောက်ဖို့ စလုံးအပြင်ဖက်ခဏထွက်၊ အစားအသောက်ကောင်းတာလေးတွေစား၊ အပြန် အိမ်သုံးပစ္စည်းလေးတွေ ဝယ်ပြန်တော့ တချက်ခုတ် ၃ချက်ပြတ်တာပေါ့ရှင်😃

Ferry ticket ခလေးစျေးတက်သွားတာကလွဲရင်ပေါ့နော်😃

နောက်တခုက Indonesia က Myanmar passports holder တွေအတွက် visa free ပေးထားပါတယ်❤️

အခုသွားစားဖြစ်တဲ့ ဆိုင်လေးက တကယ့်ကို Indonesia traditional အရသာရပြီး နေရာထိုင်ခင်းလေးကလဲ အေးချမ်းပြီး သူတို့ traditional လို စားပွဲနဲ့ ကြမ်းခင်းပေါ်ထိုင်စားလို့ရအောင် သပ်သပ်ရပ်ရပ် ပြင်ထားပေးပါတယ်။

Aircon room ကြိုက်တဲ့သူတွေအတွက်လဲ ပုံမှန် restaurant table နဲ့ aircon room ရှိပါတယ်။

ကျွန်မတို့ကတော့ ပါတ်ဝန်းကျင် အလှတရားလေးတွေငေးပြီး ထမင်းစားရတာသဘောကြလို့ outdoor မှာပဲထိုင်ဖြစ်ခဲ့ပါတယ်။ ပုံထဲက အနောက်က ငရုတ်သီးတောင့်ကြီးက waiter ခေါ်တဲ့ bell ကြီးပါ😃

ဒီတခေါက်စားတဲ့အထဲမှာ သဘောအကျဆုံးက မှို ငှက်ပျောရွက်ပေါင်းလေးပါ။ ကိုယ်က မှိုကြိုက်တော့ မှာလိုက်တာ လာချတော့ ငှက်ပျောရွကမဖွင့်လိုက်တာနဲ့ ပင်စိမ်းရွက်နံ့သင်းသင်းလေးက မစားရမနေနိုင်အောင် စွဲဆောင်နေတာပါပဲရှင်❤️

ကောက်ရိုးမှုလေးကို ကန်စွန်းရွက်၊ မြောက်ငိုသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်လေးနဲ့ထည့်ပြီးပေါင်းထားတာ အသီးအရွက်တွေကလတ်တော့ ချိုပြီး မွှေးနေတာပဲ❤️

နောက်တခုက သူတို့ရိုးရာ ကျောက်ပြားပေါ်မှာ ကြိတ်တဲ့ ငရုတ်သီးအနှစ်လေးပါ။ စပ်ပြဲလန်နေပေမယ့် မစားပဲလဲမနေနိုင်ပါဘူး😃

တခြားဟင်းတွေ လဲကောင်းပါတယ်။ chendol လေးလဲကောင်းတယ်။ ငါးကြော်လေးလဲ လတ်ဆတ်ပြီးကောင်းတယ်။ ထမင်းလေးကလဲ ငှက်ပျောရွက်ထဲထည်းတားတော့ အနံ့လေးမွေးပြီး ဆန်သားလေးကလဲ အရမ်းကောင်း😃

Batam ဘက်ကို သွားလည်ဖြစ်ရင် စမ်းစားကြည့်လို့ရအောင် မျှဝေပေးပါတယ်ရှင်❤️

https://maps.app.goo.gl/GtnW78o8bZLcSxcz8?g_st=ic

❤️Langkawi Wildlife Park❤️ကိုယ်ရောက်ဖူးတဲ့ နိုင်ငံလေးတွေထဲက wildlife park တွေထဲမှာ အခုချိန်ထိသဘောအကြဆံုးက Langkawi Wildl...
08/06/2023

❤️Langkawi Wildlife Park❤️

ကိုယ်ရောက်ဖူးတဲ့ နိုင်ငံလေးတွေထဲက wildlife park တွေထဲမှာ အခုချိန်ထိသဘောအကြဆံုးက Langkawi Wildlife Park ပါပဲ။ Langkawi သွားတိုင်းလဲ မသွားမဖြစ် စာရင်းထဲ ထိပ်ဆံုးမှာပါတယ်❤️

ကိုယ်တို့ ၂ယောက်ရဲ့ အဓိက ဝါသနာက animal feeding လို့ပြောလို့ရတယ်။ ရောက်တဲ့အရပ်မှာ အစာကျွေးဖို့ သတ္တဝါလေးတွေကိုရှာကြလို့လေ😃

ကားထဲမှာလဲ ခွေးစာ၊ ကြောင်စာ၊ ငါးစာ၊ လိပ်စာ အစံုရှိပြီး ရောက်တဲ့နေရာ ရောက်တဲ့နိုင်ငံမှာ လမ်းဘေးမှာ သွားရင်းလာရင်း ခွေး၊ ကြောင်တွေ့ရင် ကားရပ်ပြီး အစာအတင်းကျွေးတာပဲ😃

Zoo တွေထက်စာရင် animal feeding တွေကို ခွင့်ပြုပေးတဲ့ wildlife park , Farm တွေကို ပိုကြိုက်တယ်❤️

Langkawi Wildlife Park က နေရာကျယ်သလို animal feeding အတွက် အဆင်ပြေအောင် စီစဉ်ထားပေးတယ်။

Tickets counter ကို animal foods ဝယ်လို့ရသလို ကျွေးရင်းကုန်သွားရင်လဲ သက်ဆိုင်ရာ animal session တွေမှာ counter လေးနဲ့ ရောင်းပေးတယ်။

Gate အစကနေ ထွက်တဲ့ animals feeding လုပ်ရင်း အထိ ၁-၂နာရီလောက်တော့ အချိန်ပေးရမယ်။

ဘာမှပြန်မမျှော်လင့်ပဲပေးတဲ့ လက်တစံုက စိတ်ချမ်းသာရဆံုးမို့ ဘဝအမောတွေပြေပျောက်ပြီး ခဏတာစိတ်လွတ်လက်လွတ်လေးပျော်ရအောင် animal feeding လေးတွေလုပ်ရင်း langkawi ကိုရောက်ရင်လည်နိုင်ဖို့ မျှဝေပေးပါတယ်ရှင်❤️

Langkawi Wildlife Park
+60 4-966 5855
https://maps.app.goo.gl/49MrT23TqZhFWG8Y9?g_st=ic

❤️Thale Noi❤️(One of the largest natural freshwater lakes in south East Asia)ဒီနေ့တော့ Thai နိုင်ငံက Thalenoiကြာကန်ကြီးအ...
28/05/2023

❤️Thale Noi❤️
(One of the largest natural freshwater lakes in south East Asia)

ဒီနေ့တော့ Thai နိုင်ငံက Thalenoiကြာကန်ကြီးအကြောင်းလေးအမှတ်တရရေးပါမယ်ရှင်❤️

ဒီကြာကန်ကြီးက ထိုင်းနိုင်ငံတောင်ပိုင်း Hat Yai ကနေ ၂နာရီလောက် ကားမောင်းရတဲ့ အကွာအဝေးမှာရှိတဲ့ phattalung province ထဲမှာရှိပါတယ်။
Hat Yai က ထိုင်းနိုင်ငံတောင်ဘက်စွန်းက မလေးရှားနဲ့နီးတဲ့မြို့လေးဖြစ်ပြီး စင်္ကာပူကနေ မလေးရှားကို ကားနဲ့ဖြတ်ပြီးထိုင်းနိုင်ငံထဲသွားလို့ရသလို Hat Yai မှာ international airport ရှိတာမို့ လေကြောင်းလိုင်းနဲ့လဲ သွားလို့ ရပါတယ်။
Myanmar passport holder တွေအတွက် ထိုင်းနိုင်ငံက လေယာဉ်နဲ့ဆို visa free ဖြစ်ပေမယ့် ကုန်းလမ်း၊ သင်္ဘောနဲ့ဝင်ရင်တော့ visa လိုပါတယ်ရှင်။

ဒီကြာကန်ကြီး က 460 km2 ကျယ်ပါတယ်တဲ့။

ကြာကန်ကြီးထဲကိုလည်ဖို့ စက်လှေလေးတွေငှါးရပါတယ်။ စက်လှေငှါးခက တစီးကို ဘက် ၆၀၀ - ၈၀၀ အတွင်းလောက်တောင်းတက်ကြပါတယ်။ စက်လှေတစီးကို လူ ၆ယောက်ထိစီးလို့ရတော့ လူများရင် တယောက်ချင်းစီအတွက် ပိုသက်သာပါတယ်။

ဒီကန်ကြီးမှာ သဘောကြတာတခုက အရောင်အသွေးစံုပြီး အပြင်မှာ မမြင်ဖူးတဲ့ ငှက်တွေ အများကြီးကို တွေ့ရတာတာပါ။ တချို့ငှက်တွေက အပြာရောင်၊ ခရမ်းရောင်တွေနဲ့ တော်တော်လှတဲ့ ငှက်တွေပါ။ ငှက် ကြည့်ဝါသနာပါသူတွေအတွက် သွားသင့်တဲ့နေရာလေးပါ။

ကန်တပါတ် အသွားအပြန် စက်လှေ ၂နာရီလောက်ကြာပါတယ်။ တချို့နေရာတွေမှာ ကျွဲတွေ အုပ်စုလိုက် နွံ့လူး နေပူလှုံနေတာလဲ တွေ့ရပါမယ်။

နောက် အပြန်မှာ ကြာတွေပွင့်တဲ့ဘက်ကို စက်လှေသမားကခေါ်သွားပေးပါတယ်။ ကိုယ်တွေသွားတဲ့ အချိန်က ကြာပန်းတွေ အများကြီး ပွင့်တဲ့ရာသီမဟုတ်ပေမယ့် ကြာဖြူ၊ ကြာနီလေးတွေတွေ့ ပွင့်တာလေးတွေ တွေ့ခဲ့ပါတယ်။

မဆံုးနိုင်တဲ့ ကမ်းမမြင်အောင်ကျယ်တဲ့ ရေပြင်ကြီးပေါ်မှာ ကြာပန်းတွေကြည့်ရင်း၊ ငှက်လေးတွေကိုလဲကြည့်ပြီး ဘဝအမောတွေခဏမေ့ဖျောက်ဖို့ Thai နိုင်ငံတောင်ပိုင်းကိုရောက်ရင် လည်ကြည့်လို့ရအောင် အမှတ်တရအနေနဲ့ share ပေးပါတယ်ရှင်❤️

Thale Noi Non-Hunting Area
+66 74 685 430
https://maps.app.goo.gl/LPqKifSeyyqzmRpe6?g_st=ic

❤️Bubbles Dive Resort ❤️ဒီ Page လေးကို ၂၀၁၅ ထဲက create လုပ်ထားပြီး ခရီးသွားတာလေးတွေမျှဝေဖို့ စဉ်းစားခဲ့ပေမယ့်အလုပ်လာဘကြီ...
12/05/2023

❤️Bubbles Dive Resort ❤️

ဒီ Page လေးကို ၂၀၁၅ ထဲက create လုပ်ထားပြီး ခရီးသွားတာလေးတွေမျှဝေဖို့ စဉ်းစားခဲ့ပေမယ့်အလုပ်လာဘကြီးတဲ့ကိုယ်ဟာ အချိန်မရ သတိမရတာနဲ့ ဒီ page လေးကို ပစ်ထားခဲ့တာကြာပါပြီ။ အခုတော့ ခရီးသွားတာလေးတွေကို အမှတ်တရ မှတ်စုအနေနဲ့ memory လေးလဲ fresh ဖြစ်တုန်းလေး ပြန်တင်ဖို့စဉ်းစားမိလို့ ဒီ Page လေးကို ပြန်အသက်သွင်းပါရစေ❤️

ပထမဆံုး ပိုစ့်လေးအနေနဲ့ ကိုယ်တွေ Anniversary ခရီးလေး သွားခဲ့တဲ့ Bubbles Dive Resort လေးအကြောင်း အမှတ် တရလေးတွေ နဲ့ information လေး share ပေးသွားပါမယ်ရှင်❤️

တခုရှိတာ ကျွန်မက လောလောဆယ် Singapore မှာနေတာမို့ ခရီးသွားတဲ့ information တွေက Sg ကနေသွားတဲ့ information တွေပဲ ဖြစ်ပါမယ်ရှင်❤️

အခုတခေါက် Anniversary trip အတွက်နေရာရွေးတော့ မသွားဖူးသေးတဲ့နေရာလေးသွားချင်ပြီး Malaysia ထဲပဲ သွားချင်တာရယ် ကျွန်းလိုနေရာမျိုးသွားချင်တာရယ်ကြောင့် အမျိုးသားက ဒီ Bubbles Dive Resort လေးမှာ နေဖို့ ရွေးချယ်ခဲ့ပါတယ်❤️

သူရွေးချယ်တဲ့ အထဲမှာ အဓိက အကြောင်းရင်း ၂ခုကတော့ Snorkeling လုပ်ဖို့နဲ့ ပင်လယ်လိပ်ကြီးတွေကို ကြည့်ဖို့လဲ ပါပါတယ်❤️

Bubbles Dive Resort လေးက မလေးရှားက Palau Perhentian Baser ကျွန်းပေါ်မှာတည်ရှိပြီး Kuala Besut Jetty, ကနေ စက်လှေ မိနစ် ၄၀ လောက်စီးရပါတယ်ရှင်❤️

SG ကနေ Kuala Besut Jetty ကားမောင်းသွားရင်တော့ ၉နာရီလောက်မောင်းရပါတယ်❤️

ကျွန်မတို့ကတော့ Kuala Besut ကိုကားမောင်းပြီး အဲ့မှာ တညအိပ်ပါတယ်။ နောက်တနေ့မနက်မှ jetty ကို သွားပါတယ်။ Jetty နားက car parking မှာ ကားကို ညအိပ်ထားခဲ့ပြီး Jetty စီးပြီး Bubbles Dive ကို ခရီးဆက်ပါတယ်။❤️

Resort ကို မနက် ၁၂:၃၀ လောက်ရောက်ပြီး early check in ပေးတာမို့ အခန်း ထဲစောစော နားလိုရပါတယ်။

ဒီ Bubbles Dive Resort လေးက private Beach Resort ဖြစ်ပြီး အခန်းလည်း နဲတာမို့ family resort လေးလို အရမ်း အေးချမ်းပြီး relax ဖြစ်ပါတယ်❤️

အခန်းထဲ ဝင်လိုက်တာနဲ့တော့ အိမ်မြောင် အသံလေးတွေက စနုတ်ဆက်ပါတယ်❤️

ကျွန်မအမှတ် မမှားရင် နေ့လည်ဘက် အိပ်ပျော်နေတုန်း ခေါင်းရင်းက တောက်တဲ့အော်သံကြားတာပါပဲ။ တောက်တဲ့ကြောက်တဲ့ ကျွန်မ ချက်ချင်းထထိုင်ပြီး အခန်းထဲရှာကြည့်ပေမယ့် တောက်တဲ့တော့မတွေ့မိတော့ဘူး။ နောက်ပိုင်းတော့လဲ ထပ်မကြားမိတော့ပါဘူး။ နောက် ဖွတ်လေးတကောင် အခနိးဝလာပြီး နှုတ်ဆက်တယ်❤️

Resort အခန်းလေးတွေက Jungle ထဲကအိမ်လေးမို့ nature life ကို ချစ်မြတ်နိုးတဲ့သူတွေ အတွက် သင့်တော်ပါတယ်ရှင်❤️

အေးအေးချမ်းချမ်း အပန်းဖြေ၊ ရေကူး၊ Snorkeling လုပ်၊ scuba diving ၊hiking လုပ်၊ တခြား ကျွန်းလေးတွေကို သွားလယ်တာကလွဲရင်တော့ ဘာမှ လုပ်စရာမရှိပါဘူး❤️

ရေကူးဖို့၊ life jacket , snorkeling google, floating ball, kayak boat တွေလဲ free provided ထားပါတယ်။ ကလေးတွေ သဲဆော့ဖို့ toys မျိုးစံုလဲ free provided ထားပါတယ်❤️

Turtles 🐢 research program လဲ resources မှာရှိတာမို့ ညတိုင်း ၈:၃၀ မှာ Turtles talk အစီအစဉ်လေးနဲ့ Turtles တွေအကြောင်း ပြောပြ ပညာပေးပါတယ်❤️

အစားအသောက်အတွက်က တခြား restaurant လဲရှိလို့ Resort ကပေးတဲ့ food package လေးပဲဝယ်ပြီး အဲ့မှာပဲ breakfast, Lunch, Dinner စားပါတယ်။ food package မဝယ်ချင်ရင်တော့ near by beach တွေကို water taxi booking လုပ်ပြီး အဲ့က restaurant တွေမှာ သွားစားလို့ရပါတယ်။ resort က food တွေက No MSG နဲ့ သဘာဝအရသာချက်ထားလို့ စားလို့ အဆင်ပြေပါတယ်❤️

Internet နဲ့ driving water ကို resort ရဲ့ restaurant မှာ free provide လုပ်ပေးပါတယ်။ telephone Line တော့ မမိပါဘူး❤️

ဒီ Resort လေးက တနှစ်ကို April to Oct အထိ ၇လပဲ ဖွင့်ပါတယ်❤️

ကျွန်မကတော့ စရောက်တဲ့နေ့မှာ တခြားက စားတာတဲ့ အစားအစာကြောင့်ဝမ်းလျှောပြီး တနေ့လံုး မလှုပ်နိုင်ပဲ အခန်းထဲမှာ နားရတယ်❤️

နောက်တနေ့မှ သက်သာလာလို့ Snorkeling သွားကြပါတယ်။ Snorkeling သွားခဲ့ဖူးသမျှထဲမှာတော့ ဒီ Resort က သွားတဲ့ snorkeling လေးကို သဘောအကြဆံုးပါပဲ။

Snorkeling point ၃ နေရာမှာ ငါးတွေ အများကြီး တွေ့ရသလို ငါးမန်းကိုလဲ ကိုယ်တွေ အနား ရစ်သီရစ်သီနဲ့ ကူးသွားတာ တွေ့ရပါတယ်😃

နောက်သဘောကြတာ ပင်လယ်လိပ် Turtles တွေကိုသွားကြည့်တဲ့နေရာပါ။ သူကတော့ အချိန်တော်တော်ယူပြီးမှ ပင်လယ်လိပ်ကို တွေ့လိုက်ရပါတယ်။ ရေပေါ်ကနေ လိပ်ကြီး အရိပ်တွေ့လို့ ကိုယ်တွေ ရေထဲဆင်းရင် သူက တခြားနေရာကူးသွားတော့ မတွေ့ရတာနဲ့ ။ တခါတလေ ကိုယ်က ရေအောက်မှာသူ့ကို ငံု့ရှာနေတာ သူက ရေပေါ်တက်ပြီး အသက်ရှူနေတာနဲ့ မတွေ့ရဘူး။ နောက်ပိုင်း အမျိုးသားပဲ ရေထဲဆင်းရှာ ကိုယ်က လှေပေါ်ထိုင်နေမှ ရေပေါ်အသက်တက်ရှုတဲ့ လိပ်ကြီးကို တွေ့ရတယ်။ နောက်တခါကတော့ ကိုယ်ရေထဲဆင်းချိန် ကိုယ့်အောက်နားကြမ်းပြင်မှာ လိပ်ကြီးကို တွေ့လိုက်ရတာတော့ အမှတ်တရပါပဲ❤️

Resort မှာ ညဘက်ဆို ပင်လယ်လိပ်ကြီးတွေ တက်လာပြီး ဥဥတက်တာမို့ လိပ်ဥဥတာ ကြည့်ချင်းင် သူတို့ကို ပြောထားရင် သူတို့က လိပ်တွေလာချိန်ကြရင် လာနှိုးပါတယ်။ ကိုယ်တွေ ပြန်မယ့်မနက်မှာ လိပ်တွေ တက်လာတဲ့ လမ်းကြောင်းတွေ ကမ်းခြေမှာတွေ့ခဲ့ရတယ်။ ကိုယ်တွေပဲ အိပ်ပျော်တာ မနိုးလို့လားတော့မသိဘူး လာနိုးသံတော့ မကြားလိုက်ရဘူး❤️

နောက်တခုက Jungle ထဲက အိမ်မို့ ညလယ်မှာ ကြယ်တွေ အဖွေးသားမြင်ရတာလဲ တော်တော် ကြည်နူးစရာကောင်းပါတယ်❤️

မနက်ဖက် resort ရှေ့ကJetty မှာ လမ်းလျှောက်ရင်း ရေတွေအရမ်းကြည်လို့ snorkeling မနက်ပိုင်းလုပ်ဖို့ စဉ်းစားနေတုန်း အဲ့ရှေ့နားက ငါးတွေကိုလာစားတဲ့ ငါးမန်းသားပေါက်ကြောင့် ရေထဲ မဆင်းရဲခဲ့ဘူး😃

Resort ရှေ့မှာ Snorkeling လုပ်တာလဲ ငါးတွေ အများကြီး တွေ့ရပါတယ်❤️

Resort က သူဌေးရော ဝန်ထမ်းတွေရော အကုန်ဖေါ်ရွေပြီး စက်လှေနဲ့ရောက်လာချိန်ရော ပြန်ချိန်မှာပါ အထုတ်တွေဝိုင်းသယ်ပေးပြီး ကြိုဆို / နှုတ်ဆက်တာလဲ အမှတ်တရပါပဲ❤️

နိဂံုးချုပ်ရရင် ပင်လယ်လိပ်၊ ငါးမန်း၊ snorkeling ကနေ ပျော်ရွှင်မှု့တွေပေးပြီး၊ အစားအသောက်၊ customer service ကလဲ ကျေနပ်မှု့တွေပေး၊ လူမများပဲ Relax လုပ်ရတာအေးချမ်းလို့ အရမ်းကို ကျေနပ်ပျော်ရွှင်ခဲ့ရတဲ့ခရီးလေးဖြစ်ပါတယ်ရှင်❤️

ဒီပိုစ့်လေးမြင်ပြီး သွားလယ်ချင်ရင်တော့ အခု check in လုပ်ထားတဲ့ page လေးမှာ စံုစမ်းလို့ရပါလိမ့်မယ်ရှင်❤️

Address


Website

Alerts

Be the first to know and let us send you an email when Traveller's Notes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share