09/09/2024
ဖုန်းထဲမှာ ပုံတွေကအကုန်ရောနေတာနဲ့ စိတ်ကူးတည့်ရာတွေ တင်ပစ်လိုက်တယ်.. ခရီးမသွားရတာလည်း ကိုဗစ် ဖြစ်ကတည်း နေ အခုဆို ၅ နှစ်ပြည့်တော့မယ်.. ခရီးသွား mood တွေလည်းပျောက်နေပြီ .. စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဘဝ ကြီးက ဒီလိုပါပဲ။ ကိုယ့်ထက် ပိုဆိုးတဲ့ ဘဝတွေ ကို ကြည့်ပြီး အားယူရင်း အားပေးရင်းနဲ့ပဲ။ တနေ့ တနေ့ ကိုယ်ချင်းစာပေးရမှုတွေပြည့်နှက်နေလို့ ရင်ဘတ်တွေကတော့ အောင့်လှပါပြီ။ ဒါပေမယ့်လည်း အားတင်းရင်းနဲ့အတူတူ ရှေ့ဆက်သွားကြရမှာ ပါပဲ။ အေးချမ်းတဲ့ နေ့ရက်တွေ အမြန်ဆုံး ပိုင်ဆိုင်ကြပါစေ ။ ။