10/02/2024
DV ပေါက်ပီး US ကိုလာခဲ့ရတဲ့ ခရီးစဉ် အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ်ခင်ဗျ
2024AS4730 နဲ့ စင်္ကာပူမှာရှိတဲ့ US သံးရုံးကနေ
အင်တာဗျူးအောင်ပီး January 02 2024မှာ US Visa ရရှိခဲ့ပါတယ်
Singapore to US ခရီးစဥ်အတွက်
ဈေးသက်သာတဲ့ Flight ကို ရွေးပြီး
Air Tickets ကိုဝယ်ယူခဲ့ပါတယ်
တစ်ယောက်ကို SGD1200 ကုန်ကျပါတယ်
1- Singapore to Hong Kong (transit)
2- Hong Kong to Chicago လေဆိပ်ထိဖြစ်ပါတယ်
Baggage က 23 kg တစ်လုံးစီ သယ်ခွင့်ရှိပါတယ်။
Check in counter မှာ weight ချိန်တဲ့အခါမှာတော့
2kg လောက်ပိုနေတာကို အိပ်ထဲကနေ ပြန်ထုတ်ခိုင်းပါတယ်။23kg ပဲ လက်ခံပါတယ်။
Hand carry အိပ်တွေကိုတော့ ကီလို မစစ်ပါဘူး
Window Seat ရနိုင်မလားဆိုပီး Request လုပ်ကြည့်တဲ့အခါမှာ
Flight 2ခုစာအတွက် Boarding pass ထုတ်ပေးတဲ့အခါမှာ
window seat ခုံနေရာကို ရွေးပေးပါတယ်။
ပထမဆုံး Check in ကောင်တာကနေ ခရီးစဉ်၂ခုစာအတွက်
Boarding pass တခါတည်းထုတ်ပေးပါတယ်။
Baggage checked through ဖြစ်မဖြစ် Confirm
ဖြစ်အောင်အောင်မေးကြည့်တဲ့အခါမှာ Connecting flight ဖြစ်လို့ Next flight မှာ
Baggage ထုတ်ပီး check in ပြန်လုပ်စရာမလိုတော့ကြောင်း ရှင်းပြပါတယ်။
Singapore ကနေ 01:25 မှာ ခရီးစဉ်စခဲ့ပါတယ်
ပျံသန်းချိန် ၃နာရီခွဲအတိ ကြာပီးနောက်မှာဟောင်ကောင် လေဆိပ်ကို ရောက်ပါတယ်။
Baggage Check through ဖြစ်တာ သိထားတဲ့အတွက် ဟောင်ကောင် Immigration ကိုဖြတ်စရာမလိုတော့တာကြောင့် လေဆိပ်ထဲက Transfer
နေရာကို လိုက်ရှာပီး ယာယီနားဖို့ အိပ်ဖို့ ခုံနေရာ လိုက်ရှာခဲ့ပါတယ်။ 7နာရီလောက် ဟောင်ကောင်
လေဆိပ်ထဲမှာ နားခဲ့ရပါတယ်။မနက်စာကို
ဟောင်ကောင်လေဆိပ်ထဲက စားသောက်ဆိုင်မှာ
စားခဲ့ပါတယ်။
Next Flight အတွက် Gate နံပါတ်ကို information board ကနေ ကြည့်ပီးနောက်
Gate Number 2 , Flight number CX806
ဆိုက်ကပ်ထားတဲ့နေရာကို မေးမြန်းပီး
ရောက်အောင်သွားခဲ့ပါတယ်
Hand Carry အဖြစ်သယ်လာတဲ့အိပ်တွေကို
ဟောင်ကောင်လေဆိပ်မှာ Security checked
ထပ်လုပ်ရပါတယ်။
Hong Kong to Chicago သွားမည့် flight ✈️နဲ့
14 နာရီ 14 မိနစ်လောက် တဆက်တည်းစီးခဲ့ရပါတယ်။
လေယာဥ်ပေါ်မှာ နေ့လည်စာ တစ်ခါနဲ့မနက်စာတကြိမ် စားခဲ့ရပါတယ်။
Chicago လေဆိပ်ရောက်တဲ့အခါမှာ
လေယာဥ်ပေါ်က ဆင်းပီး
Immigration ကောင်တာကို ၅မိနစ်လောက်ပဲ
လမ်းလျှောက်ရပါတယ် ။
Immigration ဖြတ်ဖို့ တန်းစီရပါတယ်
ကိုယ့်အလှည့်ရောက်တဲ့အခါမှာ
Passport နဲ့ စာအိပ်အဝါ တွဲပီး
တခါတည်းပေးလိုက်ပါတယ်
Officer က သိပါတယ် ဘာမှ မမေးပါဘူး
စာအိပ်အဝါဖိုင်တွဲကို ခဏချပီး Computer
ထဲမှာ တခုခု သူ Key in လုပ်နေတာ ကို ကျနော်
သတိထားမိတော့ လိပ်စာ ပြောင်းစရာရှိနေတာ
ကြောင့် Can I change my address?ဆိုပီး
မေးလိုက်တော့ ရတယ် ပြောင်းလို့ရတယ်ဆိုတာနဲ့
လက်မှာကိုင်ထားတဲ့ ဖုန်းထဲက လိပ်စာကို
ပေးလိုက်ပါတယ်
Main applicant ဖြစ်တဲ့ကျနော်ကို
လက် 🤚✋၁၀ချောင်းလုံး Fingers print ယူပါတယ်
ကျနော်အမျိုးသမီးကိုတော့ ညာဘက်
လက်၄ချောင်းပဲ နှိပ်ခိုင်းပါတယ်
အဲ့နောက်မှာတော့ ကျနော်တို့ပေးလိုက်တဲ့လိပ်စာအသစ်ကို Change ပေးပါတယ်
Officer က Passport စာအုပ်ကို တုံးထုပေးပီးတော့ တနှစ်သက်တမ်းပါတယ်ဆိုတဲ့အကြောင်း
ရှင်းပါတယ်။ Green Card ရဖို့က ၃လ အထက်
ကြာနိုင်တဲ့အကြောင်းရှင်းပြပီး စာအုပ်တွေပြန်ပေးလိုက်ပါတယ်
Immigration ကောင်တာရဲ့နောက်ဘက်မှာ
Baggage ရွေးတဲ့နေရာရှိပါတယ်
ရွေးရမည့်နေရာကိုလည်း
လေယာဥ်ပေါ်က မဆင်းခင် ကောင်တာနံပါတ်
၉မှာ ရွေးရမည်ဆိုတာ
information ပေးလိုက်တာကြောင့် အဆင်ပြေခဲ့ပါတယ်
Baggage တွေယူပီး အထွက်မှာ လူတယောက်က
အစားအသောက်ပါသလား
ထပ်မေးပါတယ်
ဘယ်န်ိုင်ငံကလာသလဲမေးပါတယ်
မျက်လုံးကို သေချာစိုက်ကြည့်ပါတယ်။
ရဲလား ဘာလားတော့မသိပါဘူး
မပါဘူးပြောလိုက်တော့ ဘာ Form မှ မဖြည့်ရပဲ
Gate အပြင်ထွက်ခဲ့ရပါတယ်။
Arrival, Terminal 5 exit Eကနေ လာကြိမည့်သူ
နဲ့တွေ့ပြီးနောက် နားခိုရမည့် နေရာသို့ရောက်ရှိခဲ့ပါတယ်။
ခရီးစဉ်အစအဆုံးက ဒီလောက်ပါပဲခင်ဗျ
အရေးအသားနဲ့ စာသားအသုံးအနှုန်းမှားခဲ့ရင်
ကြိုတင်တောင်းပန်အပ်ပါတယ်။
အာရှကနေ Electronic Devices တွေသယ်လာမယ်ဆိုရင် USမှာ Electricity ကို 110~120 Voltage သုံးတာကြောင့် 220V နဲ့သုံးရတဲ့
Device တွေကိုသတိထားသင့်ပါတယ်။
What is the voltage of electricity in the US?
Answer: 110-120V.
USရောက် စီနီယာမိတ်ဆွေများကို
လေးစားလျှက်…..ပါ
3-Feb-2024
Credit မောင်ပိုင်ဝင်း