Ran Koun - ရန်ကုန်

  • Home
  • Ran Koun - ရန်ကုန်

Ran Koun - ရန်ကုန် We have been experienced by cross cultured through different events.

This page is created by a team that would like to share the experiences of living in Yangon among different religions, ethnic people, and people from different backgrounds.

24/10/2022

ဒီပါ၀လီ ခ) ဒိဝါလီဆိုသည်မှာ

ဒီပ - ဆီမီးနှင့်
အ၀လီ - တန်းရှည်ထွန်းညှိခြင်းဟူသည် စကားလုံးနှစ်လုံးပေါင်းစပ်ထားခြင်းဖြစ်၍ ဆီမီးများကို တန်းရှည် ထွန်းညှိ၍ ပူဇော်ခြင်းဟု အဓိပ္ပာယ်ရပါသည်။

ဟိန္ဒူဘာသာ၀င်တို့ဟာ ဒီပါ၀လီကာလတွင် ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် မုန့်ချိုများဝေမျှခြင်းတို့ကို ပြုလုပ်ကြပါသည်။

ဒီပါ၀လီညကို တစ်နှစ်ပတ်လုံးတွင် အမှောက်မိုက်ဆုံးညအဖြစ် သတ်မှတ်ပါသည်။
ထိုအမှောင်ထုကို အလင်းရောင်ဖြင့် အနိုင်ယူလိုသောအားဖြင့် ဆီမီးထွန်းညှိပူဇော်သောညမြတ်လည်းဖြစ်ပါသည်။

ထို့ကြောင့် ဒီပါ၀လီသည် အမှောင်ထုအပေါ် အလင်းက အနိုင်ရခြင်း၊ အဓမ္မအပေါ် ဓမ္မက အနိုင်ရခြင်း၊ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းအား ကိုယ်စားပြုကျင်းပသောနေ့မြတ်ဖြစ်သည်။

ဒီပါ၀လီဖြစ်ပေါ်ရခြင်း၏ နောက်ခံသမိုင်းကြောင်းများအနက် ထင်ရှားသော သမိုင်းမြတ် ၂ ခုရှိပါသည်။

ပထမတစ်ခုမှာ သ်ရေသားယုဂ်တွင် ရားမ်ဘုရားမြတ်ဟာ ရာ၀ဏကို နှိမ်နင်းအနိုင်ယူပြီး ၁၄ နှစ်ကြာ တောထွက်ရာမှ အယိုးဓယားပြည်တော်အတွင်း စီသား၊ လက်ရှ်မန်းတို့နှင့်အတူ ပြန်လည်၀င်ရောက်သောကြောင့်ဖြစ်သည်။
ထိုညသည် အမှောင်မိုက်ဆုံးညဖြစ်လင့်ကစား ရားမ်ဘုရားမြတ်အပေါ် ထားရှိသောချစ်ခြင်းမေတ္တာနှင့် တိုင်းသူပြည်သားတို့သည် တိုင်းပြည်တစ်ခုလုံးတွင် ဆီမီးများ ထွန်းညှိပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြသော နေ့မြတ်ဖြစ်သည်။

ဒုတိယတစ်ခုမှာ ဒွာပါရ်ယုဂ်တွင် အမျိုးသမီးတို့အား နိုင့်ထက်စီးနင်းပြုလုပ်သော နရ်ကာစူးရ်အမည်ရှိသော အသူရာအား ကရိသ်ျှဏဘုရားမြတ်က သုတ်သင်အောင်မြင်ပြီး ၁၆၀၀၀ သော အမျိုးသမီးတို့ကို ကယ်တင်ခဲ့ခြင်းကြောင်း တိုင်းပြည်တစ်ခုလုံးမှ ဆီမီးထွန်းညှိပြီး ကြိုဆိုသောကြောင့်ဖြစ်သည်။

ရာမာယဏ်း၊ ပဒ်မပူရာဏ်၊ ဗိသ်ျှဏုပူရာဏ်၊ စကန္ဒပူရာဏ်တို့တွင် ဒီပါ၀လီအကြောင်းကို ဖော်ပြထားပါသည်။

ဒီပါ၀လီကာလတွင် အဓိကအားဖြင့် ချမ်းသာကြွယ်၀ခြင်းကို အစိုးရတော်မူသော လက်ရှ်မီးမယ်တော်အား ပူဇော်ကြပြီး လက်ရှ်မီးမယ်တော်၏ သားအရင်းသဖွယ်ဖြစ်သော ဂနေ့ရှ်ဂျီးကိုပါ ပူးတွဲ၍ ပူဇော်ကြသလို ဆရဆွသီးမယ်တော်ကိုပါ ပူဇော်ရှိခိုးလေ့ရှိကြပါတယ်။
ဘ၀တွင် အောင်မြင်မှုရရှိနိုင်အောင် ဂနေ့ရှ်ဂျီးမှ ပေးစွမ်းပြီး ထိုအောင်မြင်မှုမှ လက်ရှ်မီးမယ်တော်ပေးသနားသော စည်းစိမ်းချမ်းသာကို ရရှိကာ ထိုချမ်းသာကြွယ်၀မှုကို ထိန်းသိမ်းနိုင်ရန် ဆရဆွသီးမယ်တော်မှ ပေးသနားသော အသိဉာဏ်နှင့် အပြောအဆိုကို လိုအပ်ကြောင်း ရည်ညွှန်းခြင်းဖြစ်သာ်။

ဒီပါ၀လီသည် အမှန်တွင် ၅ ရက်တိတိကျင်းပရသော ပွဲတော်ဖြစ်သည်။

ပထမရက်ကို "ဓန်းသိရ(စ်)" ဟု ခေါ်ပြီး ထိုနေ့တွင် အိမ်ကို သန့်ရှင်းရေးပြုလုပ်ပြီး လက်ရှ်မီးမယ်တော်ကို ပူဇော်ကြသည်။ သမုဒ္ဒရာမွှေနှောက်ရာမှ လက်ရှ်မီးမယ်တော်ထွက်ပေါ်လာသော နေ့မြတ်ဟုလည်း မှတ်ယူကြသည်။ ထို့အတွက် ဗိသ်ျှဏုဘုရား၏ အသွင်တစ်ခုဖြစ်သော "ဓန်ဗန်သရိ" ခေါ် ဆေးပညာ၏ဘုရားရှင်ကိုလည်း ပူဇော်ရှိခိုးကြသည်။

ဒုတိယရက်ကို နရ(က်) ကျသုရ်ဒရှီး ခ) ချိုတီး ဒိဝါလီဖြစ်ပြီး ထိုနေ့တွင် နရကာစူးရ်အမည်ရှိသော အသူရာကို ကရိသ်ျှဏဘုရားနှင့် ကြင်ရာတော် စသ်ယဘားမားက နှိမ်နင်းအနိုင်ရ‌ပြီး ၁၆၀၀၀ သော အမျိုးသမီးတို့ကို ကယ်တင်ခဲ့သောနေ့မြတ်ဖြစ်သည်။

တတိယရက်သည် အဓိကရက်ဖြစ်ပြီး လက်ရှ်မီးပူဂျားပြုလုပ်ကြသောနေ့မြတ်ဖြစ်သည်။ ဤနေ့တွင်ပင် ရားမ်ဘုရားကို ပူဇော်သောအားဖြင့် ဆီမီးထွန်းညှိကြိုဆိုကြသလို ဂနေ့ရှ်ဘုရားကိုပါ ပူဇော်ကြပါသည်။

စတုတ္ထမြောက်နေ့တွင် ဂိုဗရ်ဓန်းပူဂျားပြုလုပ်ကြပါသည်။
ရှေးယခင်က လူသားတို့ဟာ အကြောက်တရားနှင့် နတ်မင်းများကို ကိုးကွယ်ကြပါသည်။ မဿုရာမြို့အနီးရှိ ဂိုကူးလ်ရွာသူ ရွာသားများကလည်း အင်ဒြနတ်မင်းကသာ သီးနှံစပါး ဖြစ်ထွန်းစေသော မိုးကို ရွာပေးသည်ဟု ယူဆကာ ကိုးကွယ်ကြသည်။ ဒါပေမဲ့ ကရိသ်ျှဏဘုရားမြတ်ဟာ နတ်မင်းကို ကိုးကွယ်မဲ့အစား မြေဩဇာအဆီအနှစ်နှင့် ပြည့်၀သော ဂိုဗရ်ဓန်တောင်မြတ်ကိုသာ အားထားအလေးပေးဖို့ လမ်းပြခဲ့ပါသည်။ ထိုအခါမှာ အင်ဒြနတ်မင်းမှ ဒေါသဖြစ်ပြီး မိုးကြီးခြင်း မိုးကြိုးပစ်ခြင်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုအခါ ရွာသူရွာသားများက ကရိသ်ျှဏဘုရားရှင်ကို အကူအညီတောင်း‌ပါလေတော့သည်။ ထိုအခါ ဘုရားမြတ်ဟာ တောင်တော်တစ်ခုလုံးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် မပြီး ရွာသားတို့ကို ကယ်တင်ခဲ့ပါသည်။ ထို့အတွက် ဂိုဗရ်ဓန်းပူဂျားပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပဉ္စမနေ့တွင် ဘိုင်း(ဟ်)ဒူဂ်ျ ခေါ် မောင်နှမများအကြားထားရှိသော နှောင်ဖွဲ့မှုကို ရည်ညွှန်းကျင်းပသောပွဲကို ကျင်းပကြသည်။

Address


Website

Alerts

Be the first to know and let us send you an email when Ran Koun - ရန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Ran Koun - ရန်ကုန်

ခိုမြို့တော်ဟာ ရန်ကုန်ကို ကိုယ်စားပြုတဲ့ စာမျက်နှာလေးဖြစ်ပါတယ် ခုတော့ ကိုယ်စားပြုတာတွေကို သွယ်ဝိုက်မနေဘဲ ရန်ကုန်လို့ တိုက်ရိုက်ခေါ်လိုက်ပါရစေ

ရန်ကုန်ဟာ အရင်လိုပဲ တန်ဖိုးထားစရာ၊ အလေးထားစရာ၊ ငြိမ်းချမ်းရာ၊ သဟဇာတဖြစ်စေရာအဖြစ်နဲ့ ရပ်တည်နေခဲ့ ရပ်တည်နေဆဲဖြစ်သလို ဒီရန်ကုန် စာမျက်နှာဟာလည်း ဒီသဘောတရားတွေကို ဖော်ထုတ်နေဦးမှာဖြစ်ပါတယ်

Yan Koun ကို R အသံထွက်အောင်နဲ့ ပေါင်းထားတာ ဖြစ်ပါတယ် Ran Koun - ရန်ကုန် ဖြစ်ပါတယ်