Panda English Language Center

  • Home
  • Panda English Language Center

Panda English Language Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Panda English Language Center, Travel Service, .

26/01/2025

နေ့စဉ်သုံး အင်္ဂလိပ်စကားပြောဝါကျများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. I usually wake up at 6 am.
ငါ များသောအားဖြင့် မနက် (၆) နာရီမှာနိုးတယ်။

2. I stay in bed about 10 minutes before I get up.
မထခင် ၁၀ မိနစ်လောက် အိပ်ယာထဲ လှဲနေသေးတယ်။

3. I wash my face, brush my teeth and take a shower.
ငါ မျက်နှာသစ် သွားတိုက်ပြီး ရေချိုးတယ်။

4. Then I dry and comb my hair.
အဲ့နောက် ရေသုတ်ပြီး ခေါင်းဖြီးတယ်။

5. I have breakfast around 8.
၈ နာရီလောက် မနက်စာ စားတယ်။

6. You are almost late for school.
မင်း ကျောင်းနောက်ကျတော့မှာ။

7. I'm full, mom.Thanks for the breakfast.
ဗိုက်ပြည့်ပြီ အမေ။ မနက်စာအတွက် ကျေးဇူး။

8. Hurry up or the bus will leave you behind!
မြန်မြန်လုပ် ဘတ်စ်ကားက မစောင့်ပဲနေလိမ့်မယ်။

9. Put your hat on. It's hot outside.
အပြင်က နေပူတယ်။ ဦးထုပ်ဆောင်းထား။

10. Dad's gone to work already.
အဖေက အလုပ်သွားနှင့်ပြီ။

11. Take a few more bites.
တစ်ကိုက် နှစ်ကိုက်လောက် ထပ်စားဦး!

12. We're going far from home today. Get ready in 10 minutes.
ဒီနေ့ အိမ်နဲ့ နည်းနည်းဝေးတဲ့ဆီ သွားမှာ။ ၁၀ မိနစ်အတွင်း အဆင်သင့်လုပ်ထား။

13. Can you stay still for a moment?
ခဏလောက် ငြိမ်ငြိမ်နေပေးလို့ရမလာ?

14. How can we get to the zoo?
တိရိစ္ဆာန်ရုံကို ဘယ်လို သွားလို့ရလဲ?

15. We're going to take the bus to the city.
မြို့ထဲသွားတဲ့ ဘတ်စ်ကားကိုစီးပြီး သွားမယ်။

16. Go get your shoes.
ဖိနပ်သွားယူ။

17. Now, we're at the entrance of the zoo.
အခု ငါတို့ တိရိစ္ဆာန်ရုံ ၀င်ပေါက် ရောက်ပြီ။

18. Did you lock the door before we leave?
ငါတို့ မထွက်ခင် မင်း တံခါး သော့ခတ်ခဲ့လား။

19. I've never seen such a big tiger like that before.
အရင်က အဲ့လောက်ကြီးတဲ့ ကျား တစ်ခါမှ မမြင်ဖူးဘူး။

20. Look! There's an elephant over there.
ကြည့်စမ်း.. ဟိုမှာ ဆင်ကြီး။

21. Wow! I want to look at it more closely.
နည်းနည်းကပ်ပြီး ကြည့်ချင်တယ်။

22. Why don't you listen to me? Is it hurt?
ငါ့စကား ဘာလို့ နားမထောင်တာလဲ? နာလား?

23. I've finished my meal, mom!
ကျနော် စားလို့ပြီးပြီ။

24. Do you want some more?
နောက်ထပ် ယူဦးမလား?

25. There is no sunshine in our shady garden.
ခြံထဲမှာ နေမပူဘူး။

26. Get in the house right now!
အခုချက်ချင်း အိမ်ထဲ၀င်။

27. That's enough TV. Turn it off and do your homework, now!
TV ကြည့်တာ တော်ပြီ။ TV ပိတ်ပြီး အခု အိမ်စာလုပ်တော့။

28. Thanks mom for cheering me up.
ကျနော့်ကို အားပေးတဲ့အတွက် ကျေးဇူးပါအမေ။

29. Have you tidied up your room?
အခန်းသန့်ရှင်းရေး လုပ်ပြီးပြီလား။

30. No more talking, children!
ကလေးတွေ စကားထပ်မပြောတော့နဲ့။


10/11/2024

ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ အင်္ဂလိပ်စာ အခြေခံ ပိုင်ချင်တယ်ဆို ဆရာချစ် ယူကျူ့ချန်နယ်မှာ တင်ပေးထားတဲ့ Videos တွေကို အကုန်ကြည့်ပါ။

စာအုပ်၀ယ်စရာမလိုဘူး။ မှတ်စုစာအုပ်ထဲသာ သင်သမျှ ချရေးပါ။

တစ်ပုဒ်ကို အနည်းဆုံး ၃ ခါ ကြည့်ပါ။ ‌၃ လနေရင် အင်္ဂလိပ်စာ အခြေခံ တတ်ပြီ။

First Comment မှာ လင့် ချပေးထားပါမယ်။

အမှိုက်ပုံးကို English လို?
10/08/2024

အမှိုက်ပုံးကို English လို?

ဒီဘူတာမှာ ဆင်းမယ်ဆို English လို?
10/08/2024

ဒီဘူတာမှာ ဆင်းမယ်ဆို English လို?

လျှောစင်ကို English လို ဘယ်လိုခေါ်လဲ?
08/08/2024

လျှောစင်ကို English လို ဘယ်လိုခေါ်လဲ?

As far as အသုံး (၃) မျိုး နမူနာဝါကျတွေနဲ့ တကွ လေ့လာလိုပါ ဆရာချစ် ယူကျူ့မှာ တင်ပေးထားပါတယ်။
02/08/2024

As far as အသုံး (၃) မျိုး နမူနာဝါကျတွေနဲ့ တကွ လေ့လာလိုပါ ဆရာချစ် ယူကျူ့မှာ တင်ပေးထားပါတယ်။

As long as you love me, we'll be together forever.  မြန်မာလို ဘာသာပြန်ပါ။
01/08/2024

As long as you love me, we'll be together forever.

မြန်မာလို ဘာသာပြန်ပါ။

01/08/2024

ယူကျူ့မှာ အရမ်းအသုံး၀င်သော စကားပြော ဝါိကျ ၁၀၀ တင်ပေးထားပါတယ်။

See the first comment!

၈ တန်းလောက်ကတည်းက ကျက်ထားတော့ ခေါင်းထဲ စွဲနေပြီ။ 😀😀
18/04/2024

၈ တန်းလောက်ကတည်းက ကျက်ထားတော့ ခေါင်းထဲ စွဲနေပြီ။ 😀😀

08/03/2024

အလွတ်ကျက်ထားသင့်သော စကားစုများ
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

1. Keep quiet. ငြိမ်ငြိမ်နေ
2. Listen to me. ငါပြောတာ နားထောင်
3. Look at me. ငါ့ကိုကြည့်
4. Look here. ဒီကိုကြည့်
5. I forgot. ငါ မေ့သွားပြီ။
6. Why are you not answering?
မင်းဘာလို့ မဖြေတာလဲ။
7. Why are you silent?
မင်းဘာလို့ ငြိမ်နေတာလဲ။
8. What is this? ဒါ ဘာလဲ။
‌9. What happened? ဘာဖြစ်တာလဲ။
‌10. What did you eat?
မင်း ဘာစားခဲ့လဲ။
11. How did you get hurt?
ဘယ်လို ခိုင်းမိတာလဲ?
12. Are you hungry?
မင်း ဗိုက်ဆာလား။
13. Are you thirsty?
မင်း ရေဆာလား။
14. Move aside. ဘေးဖယ်။
15. Your hands are dirty.
လက်တွေ ညစ်ပတ်နေတာပဲ။
16. Never give up.
ဘယ်တော့မှ အရှုံးမပေးနဲ့။
17. No problem. ကိစ္စမရှိဘူး။
18. Shut up. ပါးစပ်ပိတ်ထား။
19. Stand still. မတ်မတ်ရပ်။
20. Take a bite. တစ်ကိုက် ကိုက်။
21. Take a sip. တစ်ငုံသောက်။
22. Walk slowly. ဖြည်းဖြည်းလျှောက်။
23. I am angry with you .
မင်းကို ဒေါသထွက်လာပြီ။
24. What time is it?
ဘယ်နှစ်နာရီထိုးပြီလဲ။
25. It's not your fault.
ဒါ မင်းအမှား မဟုတ်ဘူး။
26. Please don't blame yourself.
ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။
27. Talk to you later.
နောက်မှ မင်းနဲ့စကားပြောမယ်။
28. Please forgive me.
ငါ့ကို ခွင့်လွှတ်ပါ။
29. My watch is slow.
ငါ့နာရီက နှေးနေတယ်။
30. Don't waste your time doing nothing.
ဘာမှမလုပ်ပဲ အချိန်မဖြုန်းနဲ့။


29/02/2024

Phrasal Verbs အလုံး (150)

1. Look = ကြည့်သည်။
2. Look at = ကြည့်ပါ။
3. Look after = ကြည့်ရှု့စောင့်ရှောက်သည်။
4. Look ahead = အနာဂတ်ကို မျှော်ကြည့်သည်။
5. Look back = ပြန်လည်သတိရသည်။
6. Look down = ငုံ့ကြည့်သည်။
7. Look down on = အထင်သေးသည်။
8. Look for = ရှာဖွေသည်။
9. Look forward to = ရှေ့ရှု့သည်။
10. Look in = ခေတ္တအလည်သွားသည်။
11. Look into = စုံစမ်းစစ်ဆေးသည်။
12. Look like = အမည်တူသည်။
13. Look on = လေ့လာကြည့်ရှု့သည်။
14. Look onto = တည့်တည့်မြင်ရသည်။
15. Look out = သတိထားသည်။
16. Look out of = လှမ်းကြည့်သည်။
17. Look out for = စောင့်ကြည့်သည်။
18. Look over = ပြန်လည်စစ်ဆေးသည်။
19. Look to = သတိမူသည် ။ မျှော်လင့်သည်။
20. Look up = မော့ကြည့်သည်။
21. Look up to = အရိုအသေပေးသည်။လေးစားသည်။
********************

"Come"
1. come = လာသည် ၊ ရောက်လာသည်။
2. come across = တွေ့ဆုံသည်။
3. come along = မြန်မြန်လုပ်သည်၊ လိုက်လာသည်။
4. come back = ပြန်လာသည်။
5. come down = ဆင်းလာသည် ၊တန်ဖိုးကျသည်။
6. come for = လာယူသည်။
7. come from = မှလာသည် ၊ ဇာတိဖြစ်သည်။
8. come home = အိမ်ပြန်လာသည်။
9. come into = အထဲ၀င်လာသည်။
10. come of = ဆင်းသက်လာသည် ၊ ပေါက်ဖွားလာသည်။
11. come off = ပြုတ်ကျသည် ၊ ဖြစ်လာသည်။
12. come on = စိတ်ခေါ်သည် ၊ မြန်မြန်လုပ်သည်။
13. come out of = ထွက်ပေါ်လာသည် ။
14. come to = ရောက်လာသည်။
15. come to an end = ပြီးဆုံးသွားသည်။
16. come up = အပေါ်သို့ တက်သည် ၊ အနားရောက်လာသည်
17. come up with =မှီလာသည်
*****************

"Have"
1. have = ပိုင်သည် ၊ ပါသည် ၊ မှာရှိသည်။
2. have an accident = ထိခိုက်မှုဖြစ်သည်။
3. have a chat = စကားစမြည်ပြောသည်။
4. have a dream = အိပ်မက် မက်သည်။
5. have a drink = အရည်တစ်မျုိုးမျိုးသောက်သည်။
6. have a good time = ပျော်သည်။
7. have a headache = ခေါင်းကိုက်သည်။
8. have a holiday = ကျောင်းပိတ်သည် ။
9. have an idea = သိသည်။
10. have a meal = အစာ စားသည်။
11. have (one's ) own way = ကိုယ့်သဘောနှင့်ကိုယ်လုပ်သည်။
12. have a party = ဧည့်ခံပွဲ ကျင်းပသည်။
13. have a seat = ထိုင်သည်။
14. have to = ပြုရသည် ၊ လုပ်ရသည်။
15. have a walk = လမ်းလျှောက်သည်။
16. have on = ၀တ်ဆင်သည်။
************************--

"Lay"
1. Lay = ထားသည် ၊ ချထားသည်။
2. lay aside = စွန့်လွှတ်သည် ၊ ဘေးဖယ်ထားသည်။
3. lay by = စုဆောင်းသည် ၊ စွန့်လွှတ်သည်။
4. lay down = ချထားသည် ၊ အလောင်းအစားလုပ်သည်။
5. lay off = ရပ်စဲသည်။
6. lay out the plan = စီိမံချက်ချသည်၊ စီစဉ်သည်။
7. lay out the money = အကုန်အကျခံသည်။
8. lay hold on = ဖမ်းဆီးသည်။
9. lay the blame = အပြစ်တင်သည်။
10. lay to outside = အပြင်မှာ ရပ်ထားသည်။
11. lay up with = လဲကျသည်။
*****************

"Change"
1. change = ပြောင်းလဲသည် ၊ လဲလှယ်သည် ။
2. change the dress = အ၀တ်လဲသည် ။
3. change into =ပြောင်းလဲသည် ။
4. change hands = လွှဲပြောင်းသည် ။
5. change (One's mind) = စိတ်ပြောင်းသွားသည် ။
6. change the name = နာမည်ပြောင်းသည် ။
7. change the notes = အကြွေလဲသည် ။
8. change the place = နေရာချင်းလဲသည် ။
9. change the train = ရထားပြောင်းစီးသည် ။
***************

"Call"
1. call = ခေါ်သည် ၊အော်ခေါ်သည်။
2. call at = ခေတ္တရပ်နားသည် ၊ အလည်သွားသည်။
3. call away = ဆင့်ခေါ်သည် ၊ ပင့်ဖိတ်သည်။
4. call back = ပြန်လည်ဆက်သွယ်သည်။
5. call down = ဆူပူကြိမ်းမောင်းသည် ၊ အပြစ်တင်သည်။
6. call for = လိုအပ်သည် ၊တောင်းဆိုသည်။
7. call in = အကြံတောင်းသည် ၊ ဆင့်ခေါ်သည်။
8. call off = ဖျက်သိမ်းသည် ။
9. call on = အလည်သွားသည်။
10. call out for = အကူအညီတောင်းသည်။
11. call the names = ဆဲဆိုသည်။
12. call a taxi = တက္ကစီငှားသည်။
13. call up = ဖုန်းဆက်သည်။
************************

"Let"
1. let = ခွင့်ပြုသည် ၊ ပြုစေသည်။
2. let alone = အေးအေးဆေးဆေးနေစေသည်။
3. let down = အောက်သို့ နှိမ့်သည်။
4. let go of = လျော့ပေးသည် ၊ လွှတ်သည်။
5. let in = ၀င်ခွင့်ပြုသည်။
6. let loose = လွှတ်သည် ။
7. let on = သိစေသည်။
8. let off = ဖေါက်ခွဲသည်၊ ခွင့်လွှတ်သည်။
9. let out = ငှါးရမ်းသည် ၊ ဖေါ်ထုတ်သည်။
10. let up = ရပ်တန့်သွားသည်။
*******************

"Cast"
1. cast = ပစ်လွှင့်သည် ၊ ချသည်။
2. cast about = အကြံထုတ်သည် ၊ ရှာဖွေသည်။
3. cast away = ပယ်ချသည် ၊ စွန့်ပစ်သည်။
4. cast back = ပြန်ညွန်းသည် ၊ ပြန်စဉ်းစားသည်။
5. cast down = စိတ်ဓါတ်ကျသည်။
6. cast a look = ကြည့်သည်။
7. cast the lot =မဲချသည်၊ မဲခွဲသည်။
8. cast the net = ကွန်ပစ်သည်။
9. cast off = လွှင့်ပစ်သည် ၊ စွန့်လွှတ်သည်။
10. cast out = ထုတ်ပစ်သည်။
11. cast up = တွက်ချက်သည် ၊ အံထုတ်သည် ။
12. cast the vote = မဲထည့်သည်
****************

"Mark"
1. mark = မှတ်သားသည်၊ သတ်မှတ်ထားသည်။
2. mark down = ရေးမှတ်သည် ၊စျေးနှုန်းလျော့သည်။
3. mark on = ရေးမှတ်သည်၊ မှတ်သားသည်။
4. mark off for = အမှတ်လျော့သည်။
5. mark out = ဖြုတ်ပယ်သည်။
6. mark my word = မှတ်ထားသည် ၊ လိုက်မှတ်သည်။
7. mark time = ချိန်မှတ်သည် ။
8. mark up = စျေးနှုန်းတက်သည်။
*******************

"Pass"
1. pass = ဖြတ်ကျော်သည် ၊ အောင်မြင်သည်။
2. pass away = ကွယ်လွန်သည် ။
3. pass for = ဖြတ်သွားသည်။
4. pass the exam = စာမေးပွဲအောင်သည်။
5 .pass over = ဖြတ်ကျော်သည် ၊ ခွင့်လွှတ်သည်။
6. pass the time = အချိန်ကုန်သည်။
7. pass through = ဖြတ်သန်းသည်။
******************

"Clear"
1. clear = သန့်ရှင်းသည် ၊ ကြည်လင်သည် ။
2. clear off = ရှင်းပစ်သည်။ ထွက်ခွာသွားသည်။
3.clear out = နှင်ထုတ်သည်၊ စွန့်ပစ်သည်။ရှင်းလင်းပစ်သည်။
4. clear away = ပျောက်ကွယ်သွားသည်။
5. clear the throat = လည်ချောင်းရှင်းသည် ။
6. clear up = ဖြေရှင်းသည်။
*****************

"Close"
1. close down = ပိတ်သည် ၊ ရပ်ဆိုင်းသည်။
2. close in = နီးကပ်လာသည်။
3. close out = လျော့စျေးနှင့်ရောင်းသည်။
4. close up = ခေတ္တပိတ်သည် ။
5. close with = တင်းကြပ်စွာ ဆုပ်ကိုင်သည်။
6. close = ပိတ်သည် ၊ ရပ်စဲသည်။
*****************

"Keep"
1. keep = သိမ်းဆည်းထားသည်
2. keep away = ရှောင်နေသည်
3. keep back = နောက်ဆုတ်သည်
4. keep the change = အကြွေလှဲသည်
5. keep down = ချွေတာသည် ချိုးနိမ်သည်
6. keep on = ဆက်လက်ပြုလုပ်သည်
7. keep up = ထိန်းသိမ်းထားသည်
8. keep up with = အမီလိုက်သည်
9. keep in touch with = ဆက်သွယ်သည်
10. keep still = ငြိမ်ငြိမ်နေသည်
11. keep time = အချိန်မှန်သည်
12. keep the promise = ကတိတည်သည်
13. keep waiting = စောင့်နေသည်
14. keep a secret = လျို့ဝှက်ထားသည်
15. keep warm = နွေးနွေးထွေးထွေးနေသည်
16. keep out of trouble= ပြဿနာမဖြစ်အောင်နေသည်
17. keep company with = ပေါင်းသင်းသည်
******************

"Get"
1. get = ရသည် ၊ ယူသည် ၊ ရောက်သည်။
2. get along with = လိုက်ပါသည် ၊ အဆင်ပြေသည်။
3. get along = လုပ်ဆောင်နိုင်သည်။
4. get around = ပျံ့နှံ့သည် ။
5. get away with = ယူပြေးသည်။
6. get at = လာဘ်ထိုးသည်။
7. get back = ပြန်လာသည်။
8. get down = ဆင်းသည်။
9. get in = အထဲသို့၀င်သည်။
10. get in the way = ဟန့်တားသည်။
11. get into trouble = ဒုက္ခရောက်သည်။
12. get off = ယဉ်ရထားပေါ်မှ ဆင်းသည်။
13. get on =ကြီးပွားသည် ၊ တိုးတက်သည်။
14. get out of = ထွက်သွားသည် ။
15. get over = ကျော်လွန်သည်။
16. get to = ဆိုက်ရောက်သည် ။
17. get together = သဘောတူသည် ၊ ညှိနှိုင်းသည်။
18. get together with = တွေ့ဆုံသည် ၊ ပူးပေါင်းသည်။
19. get through = အောင်မြင်သည် ၊ ပြီးစီးသည်။
20. get up = အိပ်ယာမှထသည် ။ မတ်တပ်ရပ်သည်။
**********************

"Make"
1. make = ပြုလုပ်သည် ၊ ဖြစ်စေသည်။
2. make after = နောက်ကလိုက်သည် ။
3. make a bed = အိပ်ရာခင်းသည် ။
4. make a deal with = ရောင်း၀ယ်သည် ။
5. make a match = အောင်သွယ်ပေးသည် ။
6. make a mistake = မှားသွားသည်။
7. make a noise = ဆူညံသည်။
8. make a stand = အာခံသည် ၊ ခံပြောသည်။
9. make a statement = ထင်ပြသည်။
10. make a believe = ဟန်ဆောင်သည် ။
11. make contact with = ထိတွေ့သည် ၊ ဆက်ဆံသည် ။
12. make fire = မီးမွှေးသည်။
13. make fun of = ဟာသလုပ်သည်၊ လှောင်သည်။
14. make haste of = မြန်မြန်လုပ်သည် ။
15. make into = ပြောင်းလဲသည် ။
16. make matter worse = ပိုဆိုးလာသည်။
17. make merry = ပျော်ရွှင်သည် ။
18. make money = ပိုက်ဆံရှာသည်။
19. make off = လုထွက်ပြေးသည်။
20. make out = နာလည်သည် ၊ သဘောပေါက်သည် ။
21. make profit = အမြတ်ရသည် ။
22. make tea =လဖက်ရည်ဖျော်သည် ။
23. make towards = ချဉ်းကပ်သွားသည်။
24. make trouble = ဒုက္ခပေးသည်။
25. make over = လွှဲပြောင်းပေးသည်။
26. make up a story = လုပ်ကြံပြောသည်။
27. make up (one's )mind = စ်ိတ်ဆုံးဖြတ်သည်။
28. make away with = ဝှက်ထားသည်။

မူ‌ရင်းရေးသားသူကို လေးစားစွာ Credit ပေးပါတယ်။
မူရင်းရေးသားသူ ဘယ်သူလဲဆိုတာ မသိလို့ နာမည်မရေးတာပါခင်ဗျ။

25/02/2024

အလွတ်ကျက်ထားရမည့် ဝါကျ (၅၀)
🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥🟥

ရေးသားသူ - ဆရာချစ် (မြစ်သား)

1. It's right in front of you.
အဲ့တာက မင်းရှေ့မှာ။

2. It's so much fun.
ပျော်စရာ အရမ်းကောင်းတယ်။

3. It's time for bed.
အိပ်ယာ၀င်ဖို့ အချိန်ကျပြီ။

4. Did you take a shower?
မင်း ရေချိုးခဲ့လား။

5. I feel strange.
ငါ ထူးဆန်းသလို ခံစားရတယ်။

6. This class is boring.
ဒီအတန်းက ပျင်းစရာကြီး။

7. I want to relax at home.
ငါ အိမ်မှာ အနားယူချင်တယ်။

8. The bank is closed.
ဘဏ်ပိတ်ထားတယ်။

9. Stop talking to me.
ငါ့ကို ပြောတာရပ်တော့။

10. I returned home by train.
ငါ အိမ်ကို ရထားနဲ့ ပြန်ခဲ့သည်။

11. This box is full of books.
ဒီသေတ္တာက စာအုပ်တွေနဲ့ ပြည့်နေတာ။

12. How long did you live in England?
မင်း အင်္ဂလန်မှာ ဘယ်လောက်ကြာကြာ နေခဲ့တာလဲ။

13. The supermarket opens at 10 o'clock.
စူပါမားကတ်က ၁၀ နာရီမှာ ဖွင့်တယ်။

14. Give me a hand with this bag.
ငါ့ကို ဒီအိပ်လေး သယ်ကူဦး။

15. I used to take a walk every morning.
ငါ မနက်တိုင်း လမ်းလျှောက်လေ့ရှိတယ်။

16. Read after me.
‌ငါ့နော်က လိုက်ဆို။

17. I met nobody on my way home.
အိမ်ပြန်လမ်းမှာ ငါ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။

18. My wife is preparing dinner right now.
ငါ့ ဇနီးက အခု ညစာပြင်နေတယ်။

19. I fell in love with her at first sight.
ငါ သူမကို မြင်မြင်ချင်း ချစ်သွားပြီ။

20. Don't make so much noise. I'm working.
အရမ်းမဆူနဲ့။ ငါ အလုပ် လုပ်နေတယ်။

21. How many are there in your family?
မင်း မိသားစုမှာ မိသားစု၀င်အရေအတွက် ဘယ်လောက်ရှိလဲ။

22. What would you like to eat?
ဘာစားချင်လဲ။

23. Could you tell me the quickest way to get there?
အဲဒီကို ရောက်ဖို့ အမြန်ဆုံးလမ်းကို ပြောပြနိုင်မလား။

24. Would you please give me a hand?
ကျေးဇူးပြု၍ ငါ့ကို ကူညီပါ့လား။

25. Who do you think you are talking to?
မင်းစကားပြောနေတာ ဘယ်သူလို့ထင်နေတာလဲ။

26. He was absent yesterday. Do you know why?
သူ မနေ့က မလာဘူး။ ဘာလို့လဲ မင်းသိလား။

27. What do you plan to do tomorrow?
မနက်ဖြန် မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ။

28. I usually go to bed at about midnight.
ည သန်းခေါင်လောက်မှ ငါ အိပ်ယာ၀င်တယ်။

29. I'm afraid that I have to go.
ငါသွားရတော့မယ်။ အားနာလိုက်တာ။

30. What's the matter with you?
မင်း ဘာဖြစ်နေတာလဲ။

31. Mary gave birth to a baby last week.
လွန်ခဲ့တဲ့အပတ်က မယ်ရီ ကလေးမွေးခဲ့တယ်။

32. He does exercises every day in the morning.
သူ နေ့တိုင်း မနက်မှာလေ့ကျင့်ခန်းလုပ်တယ်။

33. That house is for sale.
အဲ့အိမ်က ရောင်းမှာ။

34. Let me introduce my friend to you.
မင်းကို ငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ။

35. We're planning a tour to Italy this summer.
နွေရာသီမှာ အီတလီကို ခရီးသွားဖို့ စီစဉ်နေတယ်။

36. You should always depend on yourself rather than someone else.
အခြားသူကို အားကိုးတာထက် မင်း ကိုယ့်ကိုယ်ကို အားကိုးသင့်တယ်။

37. I have a lot in common with my sister.
ငါ နဲ့ ငါ့ညီမမှာ တူတာတွေ အများကြီးရှိတယ်။

38. Can you wake me up at 7 o'clock tomorrow morning?
မနက်ဖြန်မနက် မင်း ငါ့ကို နှိုးပေးလို့ရလား။

39. He is taking a walk.
သူ လမ်းလျှောက်နေတယ်။

40. Cut the cake with a knife.
ဓါးနဲ့ ကိတ်မုန့်ကို လှီးလိုက်။

41. Can I keep this?
ဒါလေး သိမ်းထားလို့ရမလား။

42. I can't stand this cold.
ဒီအအေးဒဏ်ကို ငါ မခံနိုင်ဘူး။

43. I will be here from Monday to Thursday.
တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ငါ ဒီမှာ ရှိမယ်။

44. The ship is now in the harbor.
သ‌‌င်္ဘောက အခု ဆိပ်ကမ်းမှာ။

45. He is always friendly to me.
သူက အမြဲတမ်းငါ့ကို ဖော်ရွေတယ်။

46. The train was crowded.
ရထားက လူပြည့်ညှပ်နေတာ။

47. Draw a line on the paper.
စာရွက်ပေါ်မှာ မျဉ်းတစ်ကြောင်း ဆွဲပါ။

48. What did you say?
မင်း ဘာပြောလိုက်တာလဲ။

49. We are out of tissue paper.
ငါတို့ တစ်ရှူးကုန်နေပြီ။

50. Fill out this application form.
ဒီလျှောက်လွှာကို ဖြည့်ပါ။


23/02/2024

Speaking တိုးတက်ချင်ရင် ဒါမျိုးဝါကျတွေကို များများဖတ်ပါ။

Address


Website

Alerts

Be the first to know and let us send you an email when Panda English Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share