မြန်မာ့ အစိုးရ မတရားမှုကို တိုက်ဖျက်မယ် မကျေနပ်လဲသေလိုက်

  • Home
  • မြန်မာ့ အစိုးရ မတရားမှုကို တိုက်ဖျက်မယ် မကျေနပ်လဲသေလိုက်

မြန်မာ့ အစိုးရ မတရားမှုကို တိုက်ဖျက်မယ် မကျေနပ်လဲသေလိုက် မတရား မှု များ ပပျောက်ရမည်
(1)

03/07/2016

ဘာပဲပြောပြော ရှက်စရာတော့ကောင်းတယ်....

ဘာသာခြား အော်ရီဒူးက

စည်းရုံးတယ်ပဲပြောပြော ..ဘယ်လိုရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်. ...

မဟာဂန္ဓာရုံလို အထင်ကရ ဘုန်းကြီးကျောင်းတွေကို ဆွမ်းကပ်ပြီး ဆင်းကတ်ပေါင်းထောင်နဲ့ချီ လှူနေချိန်မှာ ....

ကျုပ်တို့ဆီမှာ ..ဆင်းကတ်တစ်ကတ် ငါးသိန်းလောက် အမြတ်တင်ရောင်းပြီး ..ပြည်သူကို.နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ် ၀ါးမျိုလို့ အမြတ်အစွန်းများပြားချမ်းသာခဲ့တဲ့ ...

Elite tech, Asia Mega Link, IGE, အစရှိတဲ့ ..ဗုဒ္ဓဘာသာ ပြည်တွင်း ခရိုနီတွေက..

ဘယ်ဘုန်းကြီးကျောင်းတွကို ဘယ်လိုဆွမ်းကပ်ပြီး ဆင်းကတ် ဘယ်လောက် လျူဒါန်းခဲ့ဖူးသလဲ....။

ပြန်တွေးကြည့်ရင်.....

တကယ် ရှက်တယ်ဗျာ....။

03/07/2016

မနေ့က လမ်းကူးနေတဲ့ အဘွားကြီး တစ်ယောက် ... လက်ထဲမှာလဲ အထုတ်တွေနဲ့ ဆိုတော့ ကျွန်တော် ကူသယ်ပေးခဲ့တယ်။ ဘေးမှာ ဓါတ်ပုံရိုက်ပြီး စေတနာကြီးမားကြောင်း လော်ဘီလုပ်ပေးမယ့် ဝန်ကြီးတစ်ယောက် ခန့်မထားမိတာ နာလိုက်တာလို့ စဉ်းစားမိတယ်။

ဒီလိုနဲ့ လမ်းဆက်လျှောက်လာတာမှာ ရှေ့ခပ်လှမ်းလှမ်းမှာ စတားဘစ်ခ် (Starbucks) ကော်ဖီဆိုင်တွေ့ပေမယ့် .. အေးအေးလူလူ မိုလ်ဘိုင်းဖုန်းနဲ့ ရေဒီယိုသတင်းနားထောင်ရင်း ဈေးတစ်ခုရဲ့ အဝင်ဝမှာ လမ်းဘေး ကော်ဖီဆိုင် သေးသေးလေးကိုသွားပြီး ကော်ဖီဝယ်သောက်ခဲ့တယ်။ ဘေးမှာ ဓါတ်ပုံရိုက်ပေးမယ့်လူ မပါတော့ FB ပေါ် ဓါတ်ပုံအဖြစ်ရောက်မလာဘူး။
နောက်နေ့တွေမှာ ... ရေနှုတ်မြောင်းဘေး မြက်ခင်းပေါ်ထိုင်ပြီး နေ့လည်စာ ထိုင်စားနေပုံတွေ၊ လမ်းဘေးသူတောင်းစားတွေကို ပိုက်ဆံထည့်နေပုံတွေ၊ အိုးမဲ့အိမ်မဲ့တွေရဲ့ ခွေးတွေကို အစာဝယ်ပြီးကျွေးပုံတွေ .... စတဲ့ စေတနာ သိပ်ကြီးနေတဲ့ ပုံတွေ ရိုက်နိုင်ဖို့... လူတစ်ယောက်လောက်ကို လခပေး ခေါ်ရင်ခေါ် .... မခေါ်ရင်လည်း ... အနီးနားက လူတွေကို (အရှက်မရှိတဲ့မျက်နှာနဲ့) ငါ့ကို ဒီပုံလေး ရိုက်ပေးပါ ဆိုပြီး ... FB ပေါ်တင်ရမယ်။

(တိုက်ဆိုင်မှု ရှိရင် ... တိုက်ဆိုင်တယ်လို့ မှတ်ပါ။)

(ကိုထိုက်)

ကမ္ဘာကျော် Time magazine မှာ The Face of Buddhist Terror လို့ ဖေါ်ပြခံခဲ့ရသူ ဦးဝီရသူ ဆိုတာ တချိန်က အမရပူရမြို့ မဟာဂန္ဓာရ...
03/07/2016

ကမ္ဘာကျော် Time magazine မှာ The Face of Buddhist Terror လို့ ဖေါ်ပြခံခဲ့ရသူ ဦးဝီရသူ ဆိုတာ တချိန်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို သွားရောက် မီးတင်ရှို့ဖို့ စည်းရုံးလှုံ့ဆော် ကြိုးစားခဲ့ဖူးတယ် ဆိုတာ......

******************************

ပြောဖို့ အချိန်တန်ပြီလို့ ယူဆတာမို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတဲ့ ဖြစ်ရပ်တချို့ကို ပြောရပါတော့မယ်။

၂၀၀၀ ပြည့်နှစ် ရောက်လုနီး ကာလလောက်ကပါ။ မန္တလေးမှာ သံဃာအချင်းချင်းအကြား ပဋိပက္ခတစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အစိုးရပထမပြန်စာမေးပွဲလို့ ခေါ်တဲ့ သံဃာတွေ ဖြေဆိုရတဲ့ စာမေးပွဲနောက်ဆုံးရက်မှာ ရဟန်းငယ်အချင်းချင်းကြား ဖြစ်ခဲ့တာပါ။

မန္တလေး မစိုးရိမ်တိုက်သစ်မှ ရဟန်းသံဃာအချို့ နဲ့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ရဟန်းသံဃာအချို့ အကြား ခိုက်ရန်ဖြစ်ပွားမှု အသေးအဖွဲလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာက ထိုမျှနဲ့ ရပ်မသွားခဲ့ပါဘူး။ မစိုးရိမ်တိုက်သစ်က ရဟန်းငယ် တချို့ ဟာ ဒိုင်နာကား ဆယ်စီးလောက်နဲ့ ဓါတ်ဆီထည့်ထားတဲ့ ဂါလံပုံးတွေ တင်ပြီး မဟာဂန္ဓာရုံကျောင်းတိုက်ကို မီးတင်ရှို့မယ်ဆိုပြီး အမရပူရကို လာဖို့ စိုင်းပြင်း ပြင်ဆင်ခဲ့ကြပါတယ်။ ည ၉ နာရီလောက်မှာ ထိုသတင်းကို မဟာဂန္ဓာရုံကျောင်းတိုက်က သံဃာတွေ ကြားသိလိုက်ရတော့ အတော်ပင် စိုးရိမ်ထိတ်လန့်သွားခဲ့ရပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အစီအစဉ် ပျက်သွားခဲ့ပါတယ်။ ထိုအချိန်က မစိုးရိမ်တိုက်သစ် နာယက ဆရာတော်ကြီးတစ်ပါး ဖြစ်တဲ့ ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မက အချိန်မှီ သွားရောက် ဟန့်တားနိုင်ခဲ့ပါတယ်။ မဟာဂန္ဓာရုံကို မီးတင်ရှို့ဖို့ လှုံ့ဆော်စည်းရုံးခဲ့သူဟာ ဦးဝီရသူဖြစ်ကြောင်း မကြာခင်မှာပဲ သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းဟာ မန္တလေး သံဃာအဝန်းအဝိုင်းမှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။

ဒီသတင်း ဟုတ်မဟုတ် ဆိုတာကို ထိုအချိန်က မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးခဲ့တဲ့ သံဃာတွေကိုရော မစိုးရိမ်တိုက်သစ်မှာ သီတင်းသုံးခဲ့တဲ့ သံဃာတွေကိုပါ ယခုအချိန်မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ ထိုအချိန်က စာရေးသူ ကိုယ်တိုင် မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဝီရသူရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားကို လူတိုင်း သိသင့်တယ် ယူဆလို့ ရေးသားဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားအရ ဆင်းရဲမွဲတေမှုနဲ့ ပညာသင်ကြားရေး အခွင့်အလမ်း နည်းပါးခဲ့မှု အကျိုးဆက်တွေကြောင့် သာမာန်ပြည်သူလူထုဟာ ဝမ်းရေးအတွက် ရုန်းကန်နေကြရတာနဲ့ အချိန်ကုန်ပြီး အထွေထွေ ဗဟုသုတမှာလည်း အားနည်းလာပါတယ်။ အများအားဖြင့် ရတနာသုံးပါးကို ယုံကြည်ဆည်းကပ် ကိုးကွယ်ကြတဲ့ သာမာန်ပြည်သူလူထုဟာ ရဟန်းသံဃာများကို ကြည်ညိုရင်းစွဲနဲ့ ဘုန်းကြီးပြောသမျှ အဟုတ် မှတ်နေတတ်ကြပါတယ်။ ယုံကြည်မှု သဒ္ဓါအားကြီးပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ပညာအားနည်းတဲ့ ရိုးသားကြသူ ပြည်သူလူထု အတော်များများဟာလည်း ခေတ်နောက်ပြန်ဆွဲ ဘုန်းကြီးတချို့ရဲ့ ဟောပြောမှုနောက်မှာ ရောယောင် ပါကုန်ကြပါတယ်။

ပြောလိုတာက လူမျိုးရေးအစွန်းရောက် ဘာသာရေးအစွန်းရောက်တွေဟာ ဘယ်လူမျိုး ဘယ်ဘာသာမှာမဆို လူ့အဖွဲ့အစည်းတိုင်းမှာ ရှိနေမှာပါ။ အစွန်းရောက်တွေကို အသုံးချမယ့် လူယုတ်မာတွေလည်း အမြဲ ရှိနေမှာပါ။ ဒီအကွက်ကို ပြည်သူလူထုအနေနဲ့ နားလည်သဘောပေါက်ထားကြဖို့ သိပ်အရေးကြီးပါတယ်။

ကိုယ်ကြည်ညိုလေးစားတဲ့ ကိုယ့်ဆရာသမားရဲ့ မိန့်မြွက်စကားပဲ ဆိုပြီးတော့လည်း အဟုတ်အမှန်လို့ မယုံကြည်လိုက်ပါနဲ့ ဆိုတဲ့ ကာလမသုတ်တော်လာ ဘုရားရှင်ရဲ့ သြဝါဒတော်ကို အလေးအနက်ထား ပြန်လည် အမှတ်ရစေချင်ပါတယ်။ ကိုယ်အထင်ကြီးနေတဲ့ ကိုယ့်ဆရာသမားဆိုသူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဆိုတာကို သိထားသင့်ပါတယ်။ ကမ္ဘာကျော် Time magazine မှာ The Face of Buddhist Terror လို့ ဖေါ်ပြခံခဲ့ရသူ ဦးဝီရသူ ဆိုတာ တချိန်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို သွားရောက် မီးတင်ရှို့ဖို့ စည်းရုံးလှုံ့ဆော် ကြိုးစားခဲ့ဖူးတယ် ဆိုတာကို ပြည်သူအများ သိထားသင့်တယ်လို့ ယူဆပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုယ်ကျိုးပဓာန အာဏာရှင်စစ်အုပ်စုကို အသုံးတော်ခံနေကြတဲ့ လူမိုက်အားပေး အစွန်းရောက် ဘုန်းကြီးတွေ ထွက်ပေါ်လာပါပြီ။ ရဟန်းရှင်လူ ပြည်သူပြည်သားများသာမက တပ်မတော်သား အောက်ခြေရဲဘော် များအနေနဲ့ ငတေမာ လက်တဆုပ်စာ ခေတ်သစ် မင်းဆိုးမင်းညစ်တွေရဲ့ လူမိုက်အပြုံးကို မြင်စေချင်ပါတယ်။

အေးအေးချမ်းချမ်း နေလိုကြတဲ့ မြန်မာနိုင်ငံသား ပြည်သူပြည်သားများအနေနဲ့ လူယုတ်မာတွေရဲ့ အသုံးချခံဘဝမှ လွတ်မြောက်ဖို့ ဆိုရင် အမြင်ကျယ်ကြဖို့ လိုအပ်ပါတယ်။ ကာလမသုတ်တော်လာ ဘုရားရှင်ရဲ့ သြဝါဒတော်နဲ့ အညီ အကောင်းနဲ့ အဆိုး အမှန်နဲ့ အမှား ဖြစ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို သေချာဃနစွာ ကိုယ်တိုင် ဝေဖန်ပိုင်းခြား စိစစ်သိမြင် နားလည်သဘောပေါက်ပြီးမှ အရာရာတိုင်းကို ဆုံးဖြတ်ချက်ချ ယုံကြည်လက်ခံကြဖို့ လိုလိမ့်မယ်လို့ ထင်မြင်ယူဆပါတယ်။

(မှတ်ချက် - ယခုဆောင်းပါးမှာ ပါဝင်တဲ့ ဦးဝီရသူနဲ့ ပတ်သက်နေတဲ့ အကြောင်းအရာ တချို့ကို ဖေါ်ထုတ်ရေးသားဖို့ သင့်မသင့် စဉ်းစားနေခဲ့တာ အတော်လေး ကြာပါပြီ။ ဒါပေမယ့် တိုင်းပြည် နဲ့ ပြည်သူလူထု အတွက် လိုအပ်တဲ့ ဖေါ်ထုတ်မှုလို့ သဘောထားပြီး ဒီဆောင်းပါးကို ရေးလိုက်တာ ဖြစ်ပါတယ်။ ဦးဝီရသူနဲ့ လူချင်း မဆုံဖူးသလို ပုဂ္ဂိုလ်ရေး အာဃာတလည်း မရှိပါဘူး။)

အရှင်စန္ဒိမာ (မွန်စိန်တောရ)

မူရင်းလင့်
Original Link

@[c3Rvcnk6UzpfSTEwMDAwNjAyMDcwMjc2OToxNDcyMzMxMzA2MzM2NzY0:@[c3Rvcnk6UzpfSTEwMDAwNjAyMDcwMjc2OToxNDcyMzMxMzA2MzM2NzY0:https://www.facebook.com/aungsanthakhin/posts/1472331306336764]]

03/07/2016

ယနေ့အနောက်ပိုင်းခရိုင်တရားသူကြီရုံ့းအမှတ်၇

တရားသူကြီးဒေါ်ခင်သစ်ဆွေ၏ရုံး၌ဖြစ်ခဲ့သော
ဖြစ်စဉ်

လင်းမယားကွာရှင်းလိုမူ့တရားမအမူ့တွင်
တရားသူကြီးနေ့စဉ်မှတ်တမ်း
ရှေ့နေနေ့စဉ်မှတ်တမ်းများအရရုံးချိန်းအချိန်မှာ၁၁နာရီဖြစ်ကြောင်းပေါ်လွင်ပါသည်

သို့သော်တရားသူကြီးမှ၁၀နာရီတွင်ခေါ်ပြီး
တရားလိုနှင့်ရှေ့နေမရောက်ရှိသဖြင့်တရားပြိုင်၏ရှေ့နေပါဝါအားတဘက်သတ်လက်ခံပြီးအမူ့တွဲကူးယူခွင့်ပြုခဲ့ပါသည်
ထိုအမူ့တွင်9/6အမိန့်အရတဘက်သတ်
စစ်ဆေးနေသည်မှာအပြီးသတ်အမိန့်ချရန်သာကျန်သောအခြေအနေဖြစ်ပြီးပြီးခဲ့သောရုံးချိန်းတွင်အမိန့်မချဘဲယနေံအားချိန်းဆိုထားပါသည်စုစုပေါင်းရုံးချိန်း၂ခါအမိန့်မချပါအချိန်ကာလအားဖြင့်တလခန့်ကြာပါသည်
တဘက်သတ်အမိန့်လျောင်ထားစဉ်ကလည်း
ကြန်ံကြာစေခဲ့ပါသည်

ထိုသို့မတရားလုပ်နေသောတရားသူကြီအား
တရားဥပဒေနှင့်အညီမည်သူကမည်သို့မည်ပုံအရေးယူမည်နည်း

01/07/2016

မြန်မာပြည်ရဲ့ လက်ရှိ အာဏာရ ပုဂ္ဂိုလ်တွေ သောက်လုပ်မလုပ်ဘူး

17/02/2016
17/11/2015

မြန်မာစစ်ဗိုလ်ချုပ်ရယ်၊ ထိုင်းစစ်ဦးစီချုပ်ရယ် မြ၀တီမှာတွေ့ ကြတယ်။ သူတို့နှစ်ယောက်မူးလာ
တော့ သူတို့ စစ် သားတွေဘယ်လောက် အမိန့်နာခံကြောင်း အကြွား ပြိုင်ကြသတဲ့ …

ထိုင်း စစ်ဦးစီင်္းချုပ်က သူ့ စစ်သားတယောက်ကို ခေါ် လိုက်ပြီး …
ထိုင်းစစ်ဦးစီချုပ် …
“မင်းခြေတောက်ကို မင်း သေနပ်နဲ့  ပစ်ချိုးပြလိုက်စမ်းလို့” အမိန့်ပေးသတဲ့
ထိုင်းစစ်သားက …
“ကျနော်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်”
ဆိုပြီး မလုပ်ဘူးတဲ့။ ဒီတော့ ထိုင်းစစ်ဦးစီးချုပ် မျက်နှာပျက်သွားတယ်။

ဒီအခါမှာ မြန်မာစစ်ဗိုလ်ချုပ် က မြန်မာစစ်သားတယောက်ကိုခေါ်လိုက်ပြီး “မင်းခြေထောက်ကိုမင်း
သေနပ်နဲ့  ပြစ်ချိုး လိုက်စမ်း”
လို့ အမိန့်ပေးလိုက်တဲ့အခါမှာ မြန်မာစစ်သားက စဉ်းစားမနေဘူး …
“ဒိုင်း”
ကနဲ ဆိုပြီး သေနပ်နဲ့ သူခြေထောက်ကို သူဖါသာသာသူ ပစ်ချိုးလိုက်သတဲ့။

မြန်မာဗိုလ်က …
“ငှဲ ငှဲ ငှဲ ငှဲ”
နဲ့ ထိုင်းစစ်ဦးစီးချုပ်ကို ပြုံးပြလိုက်သတဲ့။

ထိုင်းစစ်ဦးစီးချုပ်လည်း အရှက်ကွဲသွားတယ်။ ပြီးတော့ မြန်မာစစ်သားကို မဲဆောက်
ဆေးရုံကို တင်ပေးဖို့ခေါ်လာရင်း လမ်းမှာ ထိုင်းစစ်ဦးစီးချုပ်က …
“မင်းနဲ့  ကွာ ဘာကြောင့်မစဉ်းမစား သူအမိန့်ပေးတိုင်း ခြေထောက်ကို
ပစ်ချိုးလိုက်ရ တာလဲ” လို့ မေးသတဲ့

မြန်မာစစ်သားက မျက်နှာကိုရှုံ့မဲ့ရင်း …
“ကျနော့်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ် ခင်ဗျ”
လို့ ပြန်ဖြေသတဲ့။
ကဲ ဘယ်လိုလုပ် မလည်း နော်
ပြုံးပျော်နိုင်ကြပါစေ

Credit-Mc wai yan

13/11/2015

NLD က နိုင်ငံရှေ့ဆက်မယ့် မူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။

(၁) အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေး များရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကိုနှိင်နင်းပြီး အခွန်အခများ အပြည့်အဝ ရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားပါမည်။

(၂) လာဘ်စားမှုများ တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနများ တာဝန်ယူတတ်မှုရှိရေးတို့ကို လုပ်ဆောင်ပါမည်။ စုစည်းလုပ်ကိုင်မှုအားနည်းနေသော အစိုးရဌာန ယန္တယားများကို ပြင်ဆင်ဖွဲ့စည်းသွားပါမည်။

(၃) စိုက်ပျိုးရေးကဏ္ဏ ဖွံ့ဖြိုးအောင် နိုင်ငံတကာ ရင်းနှီးမြုပ်နံမည့် ကုမ္ပဏီများကိုဖိတ်ခေါ်ပြီး၊ လယ်သမားများကိုချေးငွေများ၊ လယ်လုပ်ပိုင်ခွင့်များ ဖေါ်ဆောင်ပေးသွားပါမည်။

(၄) တိုင်းပြည်ဘဏ္ဍာရေး ငွေးကြေးခိုင်မာရေးများအတွက် ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး ငွေးကြေးကဏ္ဏ ကို ထိန်းညှိသွားပါမည်။

(၅) အခြေခံအဆောက်အအုံများကို နိုင်ငံခြားချေးငွေများ အကူညီများနဲ့ ဖြည့်တင်း တည်ဆောက်ပေးသွားပါမည်။

Source: The Myanmar Times
Credit: Ye Wunna Hlaing

ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်
05/11/2015

ထိရောက်စွာ အရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်

15/06/2015

. ဓမ္မစေတီခေါင်းလောင်းရှာတဲ့ ဦးစံလင်းလေ သိတယ်မှတ်လားး.. သူ့ခေါင်းလောင်းလည်းတွေ့ရော မင်းအုပ်စိုးလည်း သူ့လုပ်ဖော်ကိုင်ဖက်ကို ရိုက်သတ်တော့တာပဲ.. အာ့မှာ လောက်ကိုင်တိုက်ပွဲ စဖြစ်တာ၊

တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာစုံစမ်းကြည့်တော့ ပြည်မြို့က ဂတုံးနဲ့ ဘာမှမသက်ဆိုင်ဘူးဖြစ်နေတယ်

တော်သေးတယ်ဗျာ တည်ငြိမ်သူဆူးကယ်လို့ပေါ့။ နို့မို့ဆိုရင်ဇွန်သင်ဇာလည်း မချောင်ဘူးလေ ဟုတ်တယ် မှတ်လားး ကျောင်းသားတွေကလည်း သိတဲ့အတိုင်းပဲ.. ထစ်ကနဲဆို သပိတ်မှောက်ပြီးကြပြီ..

ပါတီဝင်တွေကို မေးကြည့်တော့လည်း ၀ါးတားပါတီ ရေပါတီးက သူတို့ပြိုင်ဖက်အစစ်မဟုတ်ပါဘူးတဲ့.. အဲဒါနဲ့ ဖြူဖြူကျော်သိန်းက Native speaker အသံနဲ့ မထွက်ရကောင်းလားဆိုပြီး ဂျာနယ်မှာ ဖြဲပါလေရော..ကြေးစားအသဲခွဲတယ်ဆိုတာ အာ့မှာစတာ.. ဖွေးဖွေးကတော့ပြောရှာပါတယ်'' ကျမက ဟိုဟာနဲ့... အဲလေ ယောင်လို့.. ကျမက နှင်းဆီပါမောင် '' တဲ့။

ပြောလည်းပြောချင်စရာပဲလေ ပိုင်းလော့မ သူ့ဟာသူ နေနေတဲ့ဥစ္စာ.. ဘာကိစ္စဖုန်းဘေလ်မှာ ၅% အခွန်ဖြတ်ရတာတုန်းးး

ခင်ဗျားတို့ပဲ စဉ်းစားကြည့် သူ့ကို ရဲကဖမ်းသွားတာ နဲ့ မြန်မာ U23ကလည်း ထိုင်းကို ဂိုးပြတ်နဲ့ ရှုံးသွားတယ် .ငိငိ

14/01/2015
11/08/2014

ရန်ကုန်မြို့ တချို့နေရာတွေမှာ ရေးထားတဲ့ စာတွေ တွေ့ရတယ်။

"အမှိုက်များကို အမှိုက်ပုံးအတွင်းသို့ စွန့်ပစ်ကြပါရန်" ..... ဆိုတာမျိုးတွေပေါ့။

ဒါဆို အမှိုက်ပုံးထဲက အမှိုက်တွေကိုရော ဘယ်သူက တာဝန်ယူစွန့်ပစ်မှာလဲ။ စွန့်ပစ်နေသလဲ ...။

အမှိုက်ပုံးထဲက အမှိုက်တွေကို တာဝန်ယူသူ မရှိရင် ... လူတွေက အမှိုက်ပုံးထဲ ပစ်လဲ ဘာထူးမှာလဲ။

သူများတွေကို တာဝန်ယူဖို့အတွက် တာဝန်ရှိသူတွေက ရေးပြီး ... အဲဒီ ရေးတဲ့ လူတွေရဲ့ တာဝန်မကျေမှုတွေကို ဘယ်လို ဆောင်ရွက်ကြမလဲ ...

အိုင်ဒီယာတွေ ထုတ်ပြီး လူတွေ စိတ်ဝင်စားမှု ရှိလာအောင်နဲ့ ရန်ကုန်စည်ပင်သာယာက သူ့အလုပ် သူလုပ်အောင် တွန်းအားပေးတဲ့ အမှိုက်ကမ်ပိန်းတွ ရန်ကုန်မြို့မှာ လုပ်နိုင်ရင် ကောင်းမယ်။

(ကိုထိုက်)

06/08/2014

ရန်ကုန်တက္ကသိုလ်ကြီးကို သူပုန်တက်တဲ့ကျောင်းလို့...ပြောပြောနေတဲ့ သေခါနီးတွေနဲ့ ဘောင်းဘီချွတ်တွေသိစေဖို့က...
အဲဒီ ရန်ကုန်တက္ကသိုလ်ကြီးကို တက်ခဲ့တဲ့ သူပုန်တွေကပဲ....အမျိုးသားရေးအသိနဲ့. လွတ်လပ်ရေးရအောင် ယူပေးခဲ့တာ
အဲဒီရန်ကုန်တက္ကသိုလ်ကြီးကို တက်ခဲ့တဲ့ သူပုန်တွေကပဲ..တပ်မတော်ကို မွေးဖွားပေးခဲံ့တာ...
အဲဒီရန်ကုန်တက္ကသိုလ်ကြီးကို တက်ခဲ့တဲ့ သူပုန်တွေကပဲ..ပြည်သူကို ဒီမိုကရေစီဆိုတဲ့ မျှော်လင့်ချက်ရောင်ချည် ပေးခဲ့တာ...
ဘယ်ကောင်...သူပုန်ကျောင်း ခေါ်ရဲ သလဲ...

Nga Ye Thar

05/08/2014

သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ အဖွဲ့ဝင်တွေ ကို
ကျွန်တော်အပါအ၀င် မြန်မာလူမျိုးတွေက ဝေဖန်ကြတယ်။ အကြံပြုကြတယ်။

ဒါကို တချို့က မကြိုက်ကြဘူး။ ဟင့်အင်း လူကြီး တွေ ကို ဒီလို မပြောရဘူးတဲ့။

အဝေဖန် မခံ နိုင်ရင် အစိုးရ မလုပ်ပါနဲ့ခင်ဗျာ။

ခင်ဗျားတို့ သမ္မတကြီး မုန့်ဟင်းခါး ရောင်းစား လို့ လက်ရာမကောင်း ရင် လဲ စားသုံးသူ ရဲ့ ဝေဖန်တာကို ခံ ရမှာပါဘဲ။

ဒါကြောင့် နာမည်ကောင်းလိုချင်ရင် သမ္မတကြီး အပါအ၀င်အစိုးရ အဖွဲ့ဝင်တွေ ရိုးသားကြပါ။ တိုင်းပြည်အပေါ် စေတနာ ထားကြပါ။ ကမ္ဘာ က တောင် အသိအမှတ်ပြုလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆက်ဆံပါ။

ဆို ခဲ စေ မြဲ စေ ဆိုတာ အမြဲ သတိရှိစေချင်ပါတယ်။ ပေးထားတဲ့ ကတိ ကို စောင့်ထိန်းပေးပါ။

ဆင်းရဲမွဲတေမှုလျော့ချရေး တို့ ၊ တရားဥပဒေစိုးမိုးရေးတို့ ဘယ်ရောက်ကုန်ပါပြီလဲ။ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ် ပါ ဗိုလ်ချုပ်ကြီး တို့ ခင်ဗျာ..

Credit ……………Melvin Moe

05/08/2014

ကိုကိုကျွန်းကနေ ထောင်ဖောက်ပြေးတဲ့ မန်းငြိမ်းမောင်ဟာ အခုဆိုရင် အစိုးရကပါ သူ့ကို ဆရာကြီးတစ်ဆူအဖြစ် အားကိုးနေပါတယ်။ နိုင်ငံခြားမှာ ထောင်ဖောက်ပြေးတဲ့လူကို ပြစ်ဒဏ်တိုးမြှင့်လေ့ရှိတယ်။ မြန်မာပြည်မှာက ထောင်ဖောက်ပြေးတဲ့လူက ပြန်ပြီးအဖမ်းမခံတဲ့အပြင် သူရဲကောင်းကြီးဖြစ်လို့ ။

ဘုန်းကျော်

05/08/2014

ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ ထောက်ခံတာလဲ။
လက်ရှိ သမ္မတ သိန်းစိန် အပါအဝင် စစ်တပ်ကလာသူတွေကို ဘာလို့ လက်မခံတာလဲ။

ဒီမေးခွန်းက ၂ ခု ဖြစ်ပေမယ့် အဖြေက တစ်ခုတည်း။

အဲဒီ အဖြေကတော့ ... "ကိုယ်ကျင့်တရား" ... ဆိုတာပဲ။

လက်ရှိ တိုင်းပြည်မှာ အာဏာယူထားတဲ့ လူတွေအားလုံး နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြားသော အရည်အချင်းတွေ ... ကွာခြားချက်တွေကို ပြောရင် ... အငြင်းပွားနေဦးမယ်။

ဒါပေမယ့် ဘယ်သူမှ ငြင်းမရနိုင်တဲ့ အချက်ကတော့ ...
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ကျင့်တရား ကောင်းမွန်သလောက် .... လက်ရှိ ချိတ်ထမိန်ဝတ်တွေ၊ စစ်ဗိုလ်ချုပ်တွေ အားလုံး ကိုယ်ကျင့်တရား မကောင်းကြဘူး။

ဒါ အဓိကပဲ။
နိုင်ငံရေးမှာ ဘယ်သူ ဘာပြောပြော ... ကိုယ်ကျင့်တရား မကောင်းသူတွေကို ဘာကောင်ကြီးဖြစ်ဖြစ် ထောက်ခံစရာ ဘာအကြောင်းမှ မရှိဘူး။ ကိုယ်ကျင့်တရား ကောင်းသူတွေထဲကမှ ဒုတိယ အချက် ...အရည်အချင်းကို ဆက်ကြည့်မယ်။

လက်ရှိကောင်တွေကတော့ ... ကိုယ့်ကျင့်တရားမှာတင် ... အကုန်မြောင်းထဲ ရောက်တော့တာပဲ။ ဆက်ကြည့်စရာ မရှိဘူး။

(ကိုထိုက်)

03/08/2014

မနေ့က အော်ရီဒူးဆင်းကတ် ကို သွား register လုပ်ပြီး ပြန်လာတဲ့ အိမ်ဘေးက..
ရှက်ကီဘဲ အစ်ကိုကြီးက အနော့်ကိုတွေ့တော့ ....

ညီလေး ......ဟေ့ရောင် ...(သူလည်းအတော်ကွဲနေတယ်..)

-
-
ရွှေပြည်တံခွန်က ငါးထောင်တန် ဆင်းကတ် ထုတ်ဖို့ကြေညာတုန်းက ..

မြန်မာ့အသံမှာ ....သတင်းစာရှင်းလင်းပွဲလုပ်ပြီး ....

ဆင်းကတ်တကတ် ငါးထောင် ဆိုတာ နည်းပညာအရ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ...

ပြောတဲ့ ... ဘောင်းဘီချွတ် ...နားမပါးမလည်. .အင်ဂျင်နီယာယောင်ယောင် စစ်ဗိုလ်ယောင်ယောင် ..ဘာယောင်ယောင် ...သေခါနီးကြီးတွေကို ...

နားရွက်တံတွေးဆွတ်ပြီး ဖုန်းဆိုင်တွေကို ခေါ်သွားလိုက်ကွာ .....

ပြီးရင် ...လူပုံအလည်မှာ ...ပါးရိုက်ပြီး ...

တွေ့လား ....တကယ်လုပ်ပိုင်ခွင်ပေးရင်

ငါးထောင်ဖိုး တစ်ကတ်တောင် မဟုတ်ဘူး ..သုံးကတ်ရတယ်လို့ .....

ရိုက်ရိုက်ပြီးပြော .....

တဲ့..။

(Myo Htet)

01/08/2014

သန္တိသုခမှာ ဘုန်းကြီးတွေကို ဖမ်းတယ်။ ပြီးတော့ သာသနာရေး ဝန်ကြီး ဆန်းဆင့်ကို စကားနားမထောင်လို့ ဆိုပြီး ... လာဘ်စားမှု အကြောင်းပြ ဖမ်းတယ်။ လက်တွေ့မှာ ဘုန်းကြီးတွေကို ဖမ်းတာ သမ္မတ ရုံးက ဦးဆောင်တယ်။

သတင်းသမားတွေကို ဖမ်းတယ်။ ထောင်ချတယ်။ ဆိုင်းမဆင့် ဘုံမပါ ... ပြန်ကြားရေး ဝန်ကြီးကို ဖြုတ်လိုက်တယ်။ သမ္မတရုံးက သတင်းသမားတွေကို ဦးဆောင်ဖမ်းတယ်။

အခု အနားပေးလိုက်တဲ့ အောင်ကြည်ဆိုတာ တချိန်က ဆက်ဆံရေးဝန်ကြီးဆိုပြီး ဝန်ကြီးရာထူးတစ်ခုကိုတောင် ပေးထားရပြီး ဒီမိုကရေစီ ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းဆောင်ရွက်ရသူ ... နောက်တော့ အလုပ်သမားဝန်ကြီး ... အဲဒီနောက် အရေးပါတဲ့ ပြန်ကြားရေး ဝန်ကြီး ဖြစ်ခဲ့တယ်။ အခုတော့ ပြုတ်ပြန်တယ်။

အထက်က ၂ ယောက်ဟာ ... လက်ရှိ အစိုးရ အဖွဲ့မှာ သဘောထား ပျော့သူတွေလို့ နာမည်ရှိသူတွေ ဖြစ်တယ်ဆိုတော့ ...သူတို့ကို ကိုင်တွယ်လိုက်တဲ့ .... သိန်းစိန်ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလား ... ဒီမိုကရေစီ ဖြိုခွင်းရေး ပီပီပြင်ပြင်လား ...

အပြုံးအောက်မှာ ဘီးလူးအစွယ် တဖွေးဖွေးရဲ့ အရောင်ကို လက်ခနဲ မြင်လိုက်ရသလိုပဲ ...။

(ကိုထိုက်)

29/07/2014

စာဖတ်နေသူကြီး၏ မြေး နေရွှေသွေးအောင် ခေါ်

ဖိုးလပြည့်မှ အေးနေ၀င်း ကို ပြန် ချဲ ပြီ ...။
-----------------------------------------
ထောင်ထွက်က ကျယ်ကျယ် ကျယ်ကျယ် လာမလုပ်နဲ့ ...

ငါးလောင်းပြိုင်တွေ ဘာတွေတော့ မသိဘူး ...

ငါ့အဘိုးက မင်းအဖေလို ... ဖော်မိုဆာ သွားဖို့ ဖာခန်း

လိုက်မခေါ်ရဘူး ... မိန်းမ တွေ ပတ်ယူပြီး ... အားမရလို့

အင်္ဂလန်မှာ လက်စားချေပွဲ မနွှဲခဲ့ဘူး ...။

ငါ့အဖိုးက မင်းအဖေလို မိန်းမ မရှုပ်ဘူး ...

( ယောက်ျားချင်းသာ နည်းနည်း ဟဲ ဟဲ .... )

မင်းအဖေလို ကျောင်းသားသမဂ္ဂ ဖောက်ခွဲ ဖျက်ဆီး

မပစ်ခဲ့ဘူး ...။

( ကျောင်းတွေကို လယ်တောကြားကိုသာ ပို့ပစ်တာ )

မင်းအဖေလို တိုင်းပြည် ဘဏ္ဍာကိုခိုးဝှက် သုံးခဲ့တဲ့ကောင်

မဟုတ်ဘူး ...။

( ဗြောင်ယူတာကွ ရှင်းလား ... )

ဟျောင့် ... မင်းတို့ ကင်းမြီးကောက် ခေတ်ကုန်သွားဘီ

လာမလုပ်နဲ့ ဟျောင့် ... ကားပြိုင်မောင်းမလား ...။

၅ ဘီလျံကြေး ဟွင်းဟွင်း ...။

credit original updater

28/07/2014

အေးနေဝင်းက ဦးသန်းရွှေကို စိန်ခေါ်လိုက်ပြီ ...။
-------------------------------------------------
ကျနော်တို့မျိုးရီုးက တိုင်းပြည်သံယံဇာတကို
လက်ညှိုးထိုးရောင်းစားတဲ့ အမျိုးယုတ်ထဲမှာ မပါဘူး
တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ အစားထဲမှာလဲမပါဘူး ...။

ခင်ဗျားတို့သိတဲ့အတိုင်း ငါးလောင်းပြိုင်လူသတ်မှုက
ခုထိတရားခံဖော်လို့ မရနိုင်သေးဘူးမဟုတ်လား ...။။

AGD ဘဏ်ကိုဝယ်လိုက်တဲ့ပိုက်ဆံတွေက
ဘယ်ကရောက်လာသလဲဆိုတ ကျနော်တို့ပြနိုင်တယ် ...။

ခင်ဗျားတို့ ငါးလောင်းပြိုင်လူသတ်မှု တရားခံအစစ်ကို
ဖော်နိုင်ပြီလား ဖော်ရဲသလား ...။

ငါးလောင်းပြိုင်လူသတ်မှု တရားခံ အစစ်ကို
ဖော်ရဲပြီဆိုရင် ကျနော့်ဆီလာခဲ့ ...။

ကျနော့်ဆီမှာ ငါးလောင်းပြိုင်လူသတ်မှုရဲ့
သဲလွန်စတွေ အများကြီးရှိတယ်
တကယ်ဖော်ရဲပြီဆိုရင်လာခဲ့ ...။

ပုံ / အေးနေ၀င်း

28/07/2014

"""စကောလောက်မှ ဇောက်မနက်တဲ့ အကြံတွေ ထပ်လာ မှာ ကို စိုးရိမ်တယ်"""

စစ်အုပ်စုဟာ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေမှာ ငြိမ်သွားပြန်လို့၊ ဒီလို လုပ်ရပ်တွေ ထပ်မလာနိုင်တော့ဘူး လို့ စိတ်အေးချမ်းသာ မနေစေချင်ဘူး။
ကျနော်စိုးရိမ်တာက အဆိုးဆုံးအခြေအနေတခုကို ဖန်တီးလိုက်မှာကိုပဲ။

မွတ်စလင်အင်အားစုတွေထဲက နာကြည်းပြီး၊ အစွန်းရောက်တုန့်ပြန်ချင်နေတဲ့ အုပ်စုတွေကို စစ်တပ်က တဘက်လှည့်နဲ့ လက်နက်တပ်ဆင်ပေးမှာကို စိုးရိမ်မိတယ်။ ပြီးရင် မြန်မာပြည်သား
မွတ်စလင်တွေကို အကြမ်းဖက်သမား ISIS လို ကင်ပွန်းတပ်ပြီး၊ နှိမ်နှင်းမယ်။ ပြီးရင် ကမ္ဘာကို
လဲ ပြ၊ တွေဝေနေတဲ့ ငြိမ်းချမ်းရေးလိုလားသူမြန်မာပြည်သူအပေါင်းကိုလဲ ပို သွေးခွဲ လို့ရသွားမယ်။ ဒါကြောင့် နိုင်ငံသား မွတ်စလင်တွေ အနေနဲ့ ပါးပါးနပ်နပ်နဲ့ကို စစ်အုပ်စုဖန်တီး
ခင်းကျင်းတဲ့ လမ်းကို မလှမ်းမိအောင် အချင်းချင်း ထိန်းသိမ်းကြဖို့၊ လိုပါတယ်။

ရန်ကုန်မန္တလေးနဲ့ မြို့ကြီးတွေကို စစ်တလင်းဖြစ်အောင် ဖန်တီးပြီး၊ စစ်အာဏာသိမ်းဖို့ လမ်းစ ခင်းပစ်လိုက်မှာကို စိုးရိမ်တယ်။ ၂၀၁၅ ဟာ ကြံ့ဖွံ့စစ်အုပ်စု အတွက် အကြီးအကျယ်နိုင်ငံရေး
အကြပ်အတည်း ကို တွန်းပို့နေတဲ့အတွက် ဘာမဆို လုပ်နိုင်တယ် လို့ မြင်ထား၊ ပြင်ထားပါ။

ဘာသာအသီးသီးက အမြှော်အမြင်ရှိကြသူတွေဟာ
ဒါတွေရဲ့ နောက်ကွယ်က လုပ်ရပ်တွေ၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို မျက်ဆုံးတဆုံးပဲ၊
မကြည့်ဘဲနဲ့၊ အမြှော်အမြင်ရှိရှိနဲ့ ကိုယ့်လူ့အဖွဲ့အစည်းကိုယ် ထိန်းသိမ်းကြဖို့၊

ဘာသာရေးအဖွဲ့အစည်းအသီးသီး၊ လူမှုရေးအဖွဲ့အစည်းအသီးသီးချိတ်ဆက်နားလည်ချစ်ကြည်မှုတွေနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ညီညွတ်ကြဖို့ အင်မတန်လိုပါတယ်။

ပြည်သူလူထုအကြားမှာ ညီညွတ်ရေး စည်းကြီး လုံနေမှ
အာဏာရှင် ခလောက်ဆန် လို့ မရမှာ။

လက်ရှိ မြန်မာပြည် မှာ အာဏာရှင်နဲ့ ပြည်သူနဲ့ နှလုံးရည်တိုက်ပွဲကြီး ဖြစ်နေတာပါ။
ပြည်သူက ယဉ်ကျေးသိမ်မွေ့စွာ တုန့်ပြန်လေလေ၊ အာဏာရှင် အထိနာလေဖြစ်နေတာပါ။

ဒီလို ယဉ်ကျေးသိမ်မွေ့စွာ တုန့်ပြန်တဲ့ လက်နက်က အထိရောက်ဆုံးပါ။ ဒါကိုပဲ ဆုပ်ကိုင်ပြီး
ဆက် ဆန့်ကျင်ဖေါ်ထုတ်ကြပါ။

ချိုတူးဇော်

27/07/2014

ငါက ဒေါ်အောင်ဆန်းစုကြည်ကို

ကိုးကွယ်တာ မဟုတ်ဘူး

လွတ်လပ်မှုကို ကိုးကွယ်တာ။

စစ်အုပ်စုကို မုန်းတာမဟုတ်ဘူး

ဖိနှိပ်ချုပ်ချယ်မှုကို မုန်းတာ။

ငြိမ်ဝပ်ပိပြား မနေချင်ဘူး

တက်ကြွလှုပ်ရှား ရှင်သန်နေချင်တယ်။

ငါ့ပါးစပ်က အမှန်တွေကို ထုတ်ပြောခွင့်

ငါ့လက်တွေက အမှန်တွေကို ထုတ်ရေးခွင့်

ငါ့ခြေတွေက အမှန်တွေဘက်က

ရပ်တည်ခွင့်ကို ဘယ်သူမှ ကြောက်စရာ

မလိုဘဲ ပြည့်ပြည့်ဝဝ ရချင်တယ်။

24/07/2014

Breaking News-

ရွေးကောက်ပွဲ စနစ် ပြောင်းလဲကျင့်သုံးရေး အဆို ဒေါ်အောင်ဆန်းစုကြည်နှင့် အမတ် ၄၁ ဦး ကန့်ကွက်သော်လည်း ဆက်လက်ဆွေးနွေးရန် အတည်ပြု

ဧရာဝတီ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF) မှ ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က မြန်မာနိုင်ငံ နှင့် သင့်တော်သော ရွေးကောက်ပွဲစနစ် တရပ်ပြောင်းလဲကျင့်သုံးရေး အဆိုတရပ်ကို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရာ ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမတ် ၄၁ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံသဖြင့် ဆက်လက်ဆွေးနွေးရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ NDF ပါတီသည် အမျိုးသားလွှတ်တော်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးရန် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုမှာ အောင်မြင်သွားပြီး အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့ပြီဖြစ်သည်။

24/07/2014

အာဏာမရှိတဲ့မိန်းမ
လက်နက်မရှိတဲ့မိန်းမ
ပါတီအနိုင်ရဖို့ငွေထင်တိုင်းကြဲ
မသုံးနိုင်တဲ့မိန်းမ
ပုဒ်မ၁၈ နဲ့ အချုပ်ကား ရဲသားမရှိတဲ့မိန်းမ
ပါတီနိုင်ရဖို့သတ်ရဲဖြတ်ရဲတဲ့
စွမ်းအားရှင်မရှိတဲ့မိန်းမ

တပ်မတော်ကို
ကိုယ်ကျိုးအတွက်အသုံးမချတဲ့မိန်းမ
အားကိုးစရာ လင်သားမရှိတဲ့ မုဆိုးမ
ယုယကြင်နာစွာ တီတီတာတာ ပြောမဲ့ သားတွေနဲ့ဝေးနေရတဲ့မိန်းမ
ဘဏ်တွေ company တွေ မထူထောင်ထားနိုင်တဲ့မိန်းမ

သူမမှာ တိုင်းပြည်ကိုကောင်းစေချင်တဲ့ စိတ်ဓါတ်ပဲ ပိုင်ပါတယ်
သူမဘေးနားမှာ သူမလို စိတ်ဓါတ်ရှိသူတွေနဲ့ အပြန်အလှန်အားပေးရင်း တိုင်းသူပြည်သားတွေ ကောင်းစားဖို့လုပ်နေတာပါ

ဒီလို သူမထက် ယှဉ်လို့မရအောင်သာနေတဲ့
လုပ်ပိုင်ခွင့်တွေ အပြည့်ရှိပါလျက် ပြည်သူအတွက် အကျိုးရှိတဲ့ စီမံကိန်းတွေ လုပ်ပေးပြီး စည်းရုံးမဲဆွယ်လို့ရပါလျက်

ဒီမုဆိုးမကြီးကို ရန်ရှာနေတဲ့ တပ်မတော် စစ်ဗိုလ်ချုပ်ကြီးများကို
ဘယ်လိုစိတ်ထားမျိုးနဲ့နားလည်ပေးရမှန်းတောင်မသိတော့ပါဘူး
===========
Thiri Khay Mar

22/07/2014

ကမ္ဘာကျော်တက်ကျမ်းကြီးတွေမှာရော ဆရာပီမိုးနင်းရဲ့ကြီးပွားရေးကျမ်းတွေမှာပါ မတွေ့ဖူးတဲ့ ဘီလီယံနာဖြစ်နည်းကို ခုမှပဲ သိတော့တယ်။
တိုင်းပြည်ကြီးချောက်ထဲကျခါနီးမှာ ကယ်တင်ရှင်ဝင်လုပ်လိုက်ရင် ဘီလီယံနာ ဖြစ်တယ် ဆိုတာပဲ။ ၁၉၆၂ မှာ ပြည်ထောင်စုကြီးပြိုကွဲခါနီးပဟဲ့ဆိုပြီး ဦးနေ၀င်းက အချိန်မီကယ်တင်လိုက်တယ်။ ၂၆ နှစ်ကြာသွားတယ်။ ဟော - ခု သူ့မြေးတွေဆီက ထွက်လာပြီ။ AGD မှာ ရှယ်ယာထည့်တာ ဒေါ်လာ (၅)ဘီလီယံနီးပါး။ ဒါတောင် ပိုင်ဆိုင်တာ အကုန်မဟုတ်သေးဘူး။ ကျန်ဦးမယ်။
နောက်တစ်ခါ ၁၉၈၈ မှာ တိုင်းပြည်ကြီးချောက်ထဲကျခါနီးပြီဆိုပြီး တပ်မတော်က ကယ်တင်ပြန်ရော။ အနှစ်(၂၀)ကျော်ထပ်ကြာသွားပြန်တယ်။ ၈၈ မတိုင်ခင်က မာဇဒါဂျစ်အစုတ်စီးနေရတဲ့ ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်လေးလည်း ဘီလီယံနာတွေ ဖြစ်ကုန်တယ်။ တလောက သတင်းကြားမိပါတယ်။ ဗိုလ်ချုပ်ကြီးတွေ နိုင်ငံခြားဘဏ်မှာအပ်ထားတာ ဒေါ်လာ (၁၁) ဘီလီယံဆိုလားပဲ။ ဒါတောင် တခြားဘဏ်တွေမှာ အပ်ထားတာတွေ၊ ပြည်တွင်းမှာ သိမ်းထားတဲ့မြေတွေ၊ ယာတွေ၊ နားလည်မှုနဲ့ လက်ဝါးကြီးအုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေ မပါသေးဘူး။
တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေလည်းဖြစ်၊ ဘီလီယံနာတွေလည်းဖြစ် - ဟန်ကျပါဘိ။
နိုင်ငံတော်အကြီးအကဲသူခိုးတွေဆိုတော့ State sponsored thieves လို့ ခေါ်ရမလားပဲ။

21/07/2014

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ်တွင် ရွှေညောင်ပင်ကျေးရွာ အတွင်း မြန်မာစစ်တပ်တို့ သေနတ်ပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူများထိခိုက်
ဒဏ်ရာရ
---------------------------------------------------------------------------------
၂၁ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ် ရွှေညောင်ပင်ရွာနှင့် ဆိုင်းလိန်ရွာအကြားတွင် တအန်းတပ်မတော်TNLA တပ်မဟာ (၂) အောက်ရှိ တပ်ရင်း (၅၂၇)နှင့် မြန်မာစစ်တပ် ခလရ (၇၁)တို့

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ် ၁၄း၄၀ မှ ၁၄း၅၅ အထိ ဖြစ်ပွားသော တိုက်ပွဲ အပြီးတွင် မြန်မာစစ်တပ်မှ တပ်ရင်းမှူးဗိုလ်မှူး စိုးအောင် ဦးဆောင်သော ခလရ (၇၁) တပ်ဖွဲ့သည် ၁၈း၅၅ နာရီ အချိန်ခန့် ရွှေညောင်ပင်ကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်အေး အား ခေါ်ယူရိုက်နက်ကာ ကျေးရွာအတွင်း လက်နက်ငယ်များ ရမ်းကား ပစ်ခတ်မှုကြောင့် ရွှေညောင်ပင်ကျေးရွာနေ ဒေါ်ယာအငွေ (၈၀)နှစ်၊ ဒေါ်စောမြ(၄၅)နှစ်၊ မောင်ထွန်းအောင် (၁၅)နှစ် တို့ (၃)ဦးအား သေနတ်ထိမှန် အသီးသီး ဒဏ်ရာရရှိ ခဲ့ကြောင်းသိရှိရသည်။

မြန်မာ့စစ်တပ်မှ ရွှေညောင်ပင် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင် သွားကာ ယခုထိ နေအိမ်သို့ပြန်လည်ရောက်ရှိမှုမရှိသေးဘဲ မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
http://pslf-tnla.blogspot.ae/2014/07/blog-post_2681.html

21/07/2014

ဦးနေဝင်းမြေး ကျော်နေဝင်းက ဦးတေဇရဲ့ ADG BANK အစုရှယ်ယာတွေ ၀ယ်လိုက်တဲ့ငွေပမာဏက အမေရိကန်ဒေါ်လာ (၄.၉) ဘီလီယံတဲ့....

အမေရိကန်ဒေါ်လာ သန်း (၅) ထောင်နီးပါးဆိုတော့....

မြန်မာငွေနဲ့ဆို သန်းပေါင်း (၅၀၀၀) နီးပါးပေါ့....

ဖျား... ဖျား....

နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ကျပြီးပြန်လွတ်လာတဲ့ ပုဂ္ဂိုလ်တွေ၊ ချမ်းသာသွားတာ အတော်မြန်တာပဲ။ ဧကန္တ ရုပ်ရှင်ထဲကလို နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ချမ်းသာသွားကြတာပဲဖြစ်မယ်....

19/07/2014

တိုင်းရင်းသားတွေကို ..အင်္ဂလိပ်တွေက သွေးခွဲအုပ်ချုပ်ခဲ့တယ်လို့ ...

စစ်တပ်အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်ကတည်းက ..လေသံပစ်ကြတယ်..။

ဒါပေမယ့် ...

အဲလို ၀ါဒဖြန့်ခဲ့တဲ့ ...

တက်လာတဲ့ စစ်အစိုးရအဆက်ဆက် ကိုယ်တိုင်က .....

(၁) ပင်လုံစာချုပ်ပါအချက်တွေကို ..မျက်ကွယ်ပြုတာ.

(၂) ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ တိုင်းရင်းသားပြည်နယ်တွေက သယံဇာတတွေကို စီမံဝါးမျိုသိမ်းပိုက်တာ..

(၃) ကိုယ်ပိုင်ပြဌာန်းခွင့် ... ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မပေးခဲ့တာ....

အဲဒါတွေကို ..ကျူးလွန်ခဲ့ကြတာ. ..အမှန်ပဲဖြစ်တယ်...။

ဒါပေမယ့်...

တိုင်းရင်းသားတွေ လုံးဝ ထည့်မတွက်တဲ့အချက်က ....

အဲဒီကာလတွေမှာ ...

ဗဟိုအစိုးရအဆက်ဆက်ဟာ ..

တိုင်းရင်းသားတွေကို ..အဲသလိုကျင့်သုံးသလို ...

ဗမာလူမျိုးတွေ အပေါ်မှာလည်း ....အဲသလို ကျင့်သုံးခဲ့တယ်ဆိုတာပါပဲ..။

ချောက်တို့ ..ရေနံချောင်းတို့ ....ဥပမာပါပဲ..။.

ဆိုလိုချင်တာက ..

စစ်အာဏာရှင် အုပ်ချပ်ရေးဟာ..

ပြည်ထောင်စု တစ်ခုလုံးကို ..စုတ်ပြတ်သတ်စေတယ်ဆိုတာပါပဲ..။

Address


Website

Alerts

Be the first to know and let us send you an email when မြန်မာ့ အစိုးရ မတရားမှုကို တိုက်ဖျက်မယ် မကျေနပ်လဲသေလိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share