Myanmar Agate Travels & Tours

  • Home
  • Myanmar Agate Travels & Tours

Myanmar Agate Travels & Tours Travel

24-2-2024 Passport Website မှာကြေငြာချက်အရ ‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိ...
28/02/2024

24-2-2024 Passport Website မှာကြေငြာချက်အရ

‼️🪪 Booking ရက်ချိန်းရရှိပီးသူများ လဝက ရုံးကထုတ်ပေးထားသော UID နံပါတ်ပါ မိမိကိုယ်ရေးအချက်နဲ့ Qr Code ပါတဲ့ ကဒ်ပြား ခုလူတွေခေါ်နေကျတဲ့ Smart Card တစ်ပါတည်းယူဆောင်ရလာမည် ‼️

ရန်ကုန် / နယ်ကလူတွေ အိမ်ထောင်စုစာရင်းရှိတဲ့မြို့နယ်လဝက ရုံးကိုသွားပီကြိုလုပ်ထားကျပါ ရန်ကုန်မှာရောက်နေတဲ့ နယ်ကလူတွေကတော့ ကိုယ်လက်ရှိ ရှိနေတဲ့ လဝက ရုံးကိုသွားပီလုပ်ကြည့်ပါ တစ်ချို့ လဝက ရုံးတွေကလုပ်ပေးကြပါတယ်

အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက server မှာသွင်းထားတဲ့အချက်လက်မှားနေတာမျိုးဆို နယ်ကရုံးကပြန်ပြင်ပေးမှရနိုင်တာမလို့ အဲ့လိုဖြစ်ခဲ့ရင် နယ်မှာရှိတဲ့ မိသားစုဝင်တစ်ယောက်ကို လဝက ရုံးသွားပီ ပြန်ပြင်ခိုင်းပါ ဒါမှဒီဘက်ရုံးကနေ ကဒ်ပြားထုတ်ပေးလို့ရမှာပါ

Booking ရက်ချိန်းရတာနဲ့ ကြိုတင်ပြင်ဆင်ထားကြပါဗျ။

owner

Thailand Tourist Visa အတွက် ကူညီပေးဖြစ်ခဲ့တာပါ။Myanmar Agate Travels & Tours
22/02/2024

Thailand Tourist Visa အတွက် ကူညီပေးဖြစ်ခဲ့တာပါ။

Myanmar Agate Travels & Tours

လက်ရှိ အနောက်နိုင်ငံတွေဗီဇာ အခြေအနေကို Girl Friend Terms နဲ့ ပြောရရင်ဖြင့်၁. Canada သူမကတော့ လောလောလတ်လတ် ၃၅၀၀၀၀ အထက် ဒိ...
21/02/2024

လက်ရှိ အနောက်နိုင်ငံတွေဗီဇာ အခြေအနေကို Girl Friend Terms နဲ့ ပြောရရင်ဖြင့်

၁. Canada

သူမကတော့ လောလောလတ်လတ် ၃၅၀၀၀၀ အထက် ဒိတ်မလုပ်နိုင်ဘူးပြောပြီး ပေါ်လစီ အမျိုးမျိုး ထုတ်နေတယ်။ အရင်နှစ်က ၁ သန်းအထက်ကို ဒိတ်လုပ်ခဲ့ပေမယ့် ဒီနှစ်တော့ အဲ့လောက်အများကြီးကို မဒိတ်နိုင်တော့ဘူး စိတ်ပင်ပန်းတယ်ဆိုပြီး လျှော့ချပါမယ် သူဒိတ်မယ့်သူတွေအတွက်
လိုအပ်ချက် အသစ်တွေ ထုတ်မယ်လို့ ပြောထားတယ်။

၂. Australia

သူမကတော့ တော်တော်ကို Toxic ဖြစ်တဲ့ Girl friend ထဲမှာ ထည့်ရမယ်။ အချိန်ပြည့် စိတ်မငြိမ်ပြီး
မြန်မာနိုင်ငံတင် မဟုတ်ဘဲ တစ်ကမာလုံး ပတ်ရမ်းပြီး သူလုပ်ချင်တိုင်းသာ လုပ်နေတာ။ တစ်ခါတစ်လေ သူသတ်မှတ်ထားတဲ့ လိုအပ်ချက် ပြည့်ရင်တောင် ဒိတ်ချင်မှ ဒိတ်ခွင့်ပေးတာ။ Emotionally Volatile ဖြစ်တယ်
သူ့ကို ဒိတ်ချင်ရင်တော့ စိတ်ပိုင်းဆိုင်ရင် တော်တော် ပြင်ဆင် ထားဖို့လိုတယ်။ ငွေလည်း မက်တယ် ။

၃. UK

သူမကတော့ ဒိတ်ဖို့ တော်တော်အဆင်ပြေတဲ့ထဲမှာ ပါတယ်။ သူသတ်မှတ်ထားတဲ့ လိုအပ်ချက် ပြည့်ရင် ဒိတ်ခွင့်ပေးတယ်။ Emotionally Stable ဖြစ်တယ်။ ပြောမယ်ဆို လောလောဆယ်တော့ Wife Material ထဲတောင် ထည့်ထားလို့ ရတယ်။

၄. USA

သူမကတော့ ဒီနှစ်ပိုင်းမှာ ပိုပြီးတော့ ပွင့်လင်းလာတယ်။ သူ့ရဲ့ Dating Standard က သူများနဲ့ မတူဘူး။ ရုပ်ချော မချောလည်း သိချင်လို့ ထင်တယ် အင်တာဗျူးခေါ်တယ်။ ပြီးရင်တော့ သူသတ်မှတ်ထားတဲ့ အတွင်း ဘောင်မဝင် အကဲခတ်တယ်။ ဝင်တယ် သူလည်း သဘောကျတယ် ဆိုရင်တော့ ပေးတာများတယ်။

၅. Germany

သူမကလည်း Single ဖြစ်တာကြာပြီး သူ့သူငယ်ချင်း UK က ထည်လည်တွဲနေရတာကို မြင်လို့ နေမှာ သူ့ကို ဒိတ်ချင်တဲ့ သူတိုင်းကို သူ့သတ်မှတ်ချက် မှီရင် ဒိတ်ခွင့်ပေးတယ်။ သူက ငွေကြေးကိုလည်း နည်းနည်းမက်တဲ့သူဆိုတော့ သူ့ဆီမလာခင် သူ့နိုင်ငံက ဘဏ်မှာ ငွေတွေ ကြိုသွင်းခိုင်းတာမျိုးတော့ လုပ်တယ်။

၆. New Zealand

သူမက ဒိတ်တော့ ဒိတ်ချင်တယ် တစ်ဖက်လူရဲ့ ခံစားချက်ကို နားလည် ပေးထာမျိုးထက် သူ့သတ်မှတ်ချက်တွေကို လိုက်နာမှ ဒိတ်တယ်။ ပြောမယ်ဆို ငါ့ကိုချစ်တဲ့သူကို မလိုချင်ဘူး ငါချစ်တဲ့သူကိုပဲ
ခေါ်မယ် ဆိုတဲ့ သူမျိုးထဲမှာ ပါတယ်။ အဲ့တော့ သူ့ကို ဒိတ်ချင်ရင်တော့ သူ့အကြောင်းကို သေချာလေ့လာဖို့လိုတယ်။

၇. Ireland

သူမလည်း သူ့သူငယ်ချင်း တွေဖြစ်တဲ့ UK , Ireland တို့ကိုကြည့်ပြီး တစ်ယောက်လည်း အထီးကျန်မှာ ကို ကြောက်လို့နဲ့တူတယ် ၂၀၃၀ ထိကို ရေရှည် ပလန်တွေ ဆွဲပြီး ဒိတ်ချင်တဲ့ သူတွေကို ဆွဲဆောင်နေတယ်။ သူ့သတ်မှတ်ချက်တွေလည်း သိပ်မများပေမယ့် သူ့ကို ဒိတ်ချင်ရင်တော့ ထိုင်းကို လာဒိတ်မှ စဉ်းစားမယ်ဆိုတဲ့ထဲမှာ ပါတယ်။

ကဲ ဘယ်သူ့ကို ဒိတ်ချင်လည်း Love Guru David ဆီ အသေးစိတ် မေးလို့ရတယ်။

လေးစားလျက်
Credit - ကိုဒေးဗစ်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရှိမှ ကြေငြာချက်လက်ရှိအချိန်အထိ Booking Appointment ကတော့ မတ်လအလယ်ထိ ပြည့်နေပါပြီ။သိလိုတာမျ...
20/02/2024

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရှိမှ ကြေငြာချက်

လက်ရှိအချိန်အထိ Booking Appointment ကတော့ မတ်လအလယ်ထိ ပြည့်နေပါပြီ။

သိလိုတာများရှိရင် စာပို့မေးမြန်းနိုင်ပါတယ်။

မင်္ဂလာပါ...တခြားနိုင်ငံသို့ သွားသည့်အခါ အရေးကြီးဆုံး ဖြစ်သည့် ဗီဇာဆိုင်ရာ ကိစ္စရပ်များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။Mya...
19/02/2024

မင်္ဂလာပါ...

တခြားနိုင်ငံသို့ သွားသည့်အခါ အရေးကြီးဆုံး ဖြစ်သည့် ဗီဇာဆိုင်ရာ ကိစ္စရပ်များကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

Myanmar Agate Travels & Tours

Address


Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 13:00

Alerts

Be the first to know and let us send you an email when Myanmar Agate Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Agate Travels & Tours:

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share