10/02/2024
Passport နဲ့visaမတူပါဘူးနော်တချို့ကမှားနေကြလို့ပါ
ကို့သွားမဲ့အခြေနေပေါ်မူတည်ပီးpassport အရင်ရွေးချယ်လုပ်ထားဖို့လိုပါတယ်နော်
Passportရှိပီးမှသွားမဲ့နိုင်ငံပေါ်မူတည်ပီးvisa freeမရတဲ့နိုင်ငံတွေဆိုvisaထပ်လျှောက်ဖို့လိုပါတယ်ရှင်♥️
မြန်မာနိုင်ငံက ""Passport အကြောင်းသိကောင်းစရာ''''
----------------------------------------------------------
၁။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း။ Check
အမျိုးအစား( ၉) မျိုးဆိုတာက PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။
၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား
၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား
၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား
၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား
၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား
၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား
၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်
၁ / အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.
၂ / အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.
၃/ အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။
၄/ပန်းရောင်
ယာယီနိုင်ငံကူးလက်မှတ်...စသဖြင့်အမျိုးအစားခွဲခြားနိုင်ပါတယ်ရှင်
Crd #