Lynn Kyaw Swar Travels & Tours Company Limited

  • Home
  • Lynn Kyaw Swar Travels & Tours Company Limited

Lynn Kyaw Swar Travels & Tours Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lynn Kyaw Swar Travels & Tours Company Limited, Travel Company, .

🏃🏃🏃🏃
11/09/2022

🏃🏃🏃🏃

21/04/2019
(၂၉.၃.၂၀၁၉) ရက်နေ့ သောကြာနေ့ စ ထွက်မယ့်ခရီးစဉ်လေးလိုက်ပါဖို့ ဖိတ်ခေါ်ပါရစေ မြန်မာပြည်ရဲ့ တန်းခိုးကြီးလှတဲ့အ လောင်တော်ကဿဖခ...
26/03/2019

(၂၉.၃.၂၀၁၉) ရက်နေ့ သောကြာနေ့ စ ထွက်မယ့်ခရီးစဉ်လေးလိုက်ပါဖို့ ဖိတ်ခေါ်ပါရစေ မြန်မာပြည်ရဲ့ တန်းခိုးကြီးလှတဲ့အ လောင်တော်ကဿဖခရီးစဉ်လေးပါ ဒါတင်မကအညာဒေသဘုရားဘူးလင်းကျော်စွာနဲ့ အတူ ခရီးသွားကြစို့ လားဗျာ....
💁🏻‍♀️အသေးစိတ်ကိုအောက်မှာဆက်ကြည့်ရအောင်နာ်👇👇👇👇
🙏၁ ။ ။မန္တလေး-မုံရွာ-စစ်ကိုင်း-မင်းကွန်း-အလောင်းတော်ကသဖ-ကျောက်စိမ်းဘုရား ခရီးစဉ်
👉တစ်ဦးနူန်း > (90,000) (March 29) ၃ ည ၄ ရက်
👉 March လ၂၉ ရက်နေ့ ညစ ထွက်ပီး ၁ရက်နေ့ ညပြန်ရောက်ပါမယ်ခင်ဗျာ....

👉 ရောက်ရှိမယ့်နေရာလေး တွေ က တော့👇
🙏မန္တလေးတောင်-🙏တန်ခိုးကြီး၍သပ္ပါယ်သော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ဘုရားကြီး🙏 ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးဟု တင်စားခေါ်ဝေါ်သော ကျောက်ထွင်း ပိဋကတ်တော်များတည်ရှိရာ ကုသိုလ်တော်ဘုရား👉 ဦးပိန်တံတား နှင့် တောင်သမန်အင်း🙏ကျောက်စိမ်းဘုရား
🙏မင်းကွန်းကြီးလေးကြီး နှင့် မြသိန်းတန်ဘုရား🙏အလောင်းတော်ကဿဖ🙏ဖိုဝင်တောင်🙏ရွှေဘတောင်🙏ဗောဓိတထောင်ဘုရား🙏ကျောက်က္ကာရွှေဂူနီဘုရား🙏မိုးညှင်းသံဗုဒ္ဓေဘုရား

💁‍♀️ ပါဝင်တဲ့ဝန်ဆောင်မူလေးတွေကတော့ 👇👇👇
🚃 အဆင့်မြင့် Air Con Bus
🍱 နေ့ လည်စာ🍛 ညစာ (ထမင်း ၄ နပ်ကျွေး)
☕️🥞အဆာပြေမုန့် နဲ့  Coffee
🚐 တဆင့်သွားကားခ
👉 ခရီးသွားအာမခံ
🥛🥛🥛 ရေသန့် ၊စနိုးတာဝါ ၊😬 သွားတိုက်ဆေးသွားပွတ်တံ
ခရီးစဉ်တွက်လိုအပ်တဲ့ အရေးပေါ်ဆေးဝါးများ
👱‍♂️ခရီးစဉ်လမ်းကြောင်းတာဝန်ခံ
👨 ကျွမ်းကျင်ယာဉ်မောင်း
သီးသန့် သွားလိုသူများတွက် Special ဈေးနူန်းလေးများ အချိုသာဆုံးသောဈေးနူန်းလေးများဖြင့်စီစဉ်ပေးပါတယ်

👉ဘိုကင်ဘယ်လိုတင်ရမှာလဲ ?

👉ထိုင်ခုံနေရာကောင်းရဖို့ Booking တင်ထားမှရမယ်နော်
💁‍♀️ရန်ကုန်မြို့ တွင်းအိမ်အရောက်အခမဲ့ လက်မှတ်ပို့ ဝန်ဆောင်မှုစနစ်လည်းရှိပါတယ်
👉နယ်ကဧည့်သည်တွေ ဆိုရင်တော့ ကမ္ဘောဇဘဏ်(KBZ Pay)&CB ဘဏ်(CB Pay)ဘဏ်မှတဆင့်ငွေပေးချေးနိုင်ပါတယ်ခင်ဗျာအသေးစိတ်သိချင်တာလေးတွေကို ph-09795138411,0943070739,09421000287,09266694054,09775464001သို့ ဆက်သွယ်မေးမြန်းနိုင်သလို
Lynn Kyaw Swar Travels &Tours Company page ,Massage Box မှတဆင့်လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

လင်းကျော်စွာမှစီစဉ်ထားတဲ့ခရီးစဉ်လေးတွေနော်March လနောက်ဆုံးပတ်တွက်ဖိတ်ခေါ်ပါတယ်နော်💦💦💦သက်ြန်တွင်းခရီးထွက် အနားယူချင်လည်းရတ...
20/03/2019

လင်းကျော်စွာမှစီစဉ်ထားတဲ့ခရီးစဉ်လေးတွေနော်

March လနောက်ဆုံးပတ်တွက်ဖိတ်ခေါ်ပါတယ်နော်

💦💦💦သက်ြန်တွင်းခရီးထွက် အနားယူချင်လည်းရတယ်နော်💦💦💦

💁🏻‍♀️အသေးစိတ်ကိုအောက်မှာဆက်ကြည့်ရအောင်နာ်👇👇👇👇

🙏၁ ။ ။မန္တလေး-မုံရွာ-စစ်ကိုင်း-မင်းကွန်း-အလောင်းတော်ကသဖ-ကျောက်စိမ်းဘုရား ခရီးစဉ်
👉တစ်ဦးနူန်း > (90,000) (March 29) ၃ ည ၄ ရက်

🙏၂ ။ ။ပုဂံ-ညောင်ဦး-ပုပ္ပါး-စွယ်တော်(၄)ဆူ ခရီးစဉ်လေးနော်
👉တစ်ဦးနူန်း > (85,000) (April 5) ၃ ည ၄ ရက်

🙏၃ ။ ။ရွှေစက်တော်-မြသလွန်-ကျောင်းတော်ရာ-နဂါးပွက်-ပုပ္ပါး-စွယ်တော်(၄)ဆူ ခရီးစဉ်လေးနော်
👉တစ်ဦးနူန်း > (150,000) (April 13) ၄ ည ၅ရက်

🙏၄ ။ ။ပုဂံ-ညောင်ဦး-ပုပ္ပါး-စွယ်တော်လေးဆူ ခရီးစဉ်လေးနော်
တစ်ဦးနူန်း > (110,000) (April 13) ၃ ည ၄ရက်

💁‍♀️ ပါဝင်တဲ့ဝန်ဆောင်မူလေးတွေကတော့ 👇👇👇

🏨 Hotel 3 star Guest Houseတဲကျောင်း (ရွှေစက်တော်)
🚃 အဆင့်မြင့် Air Con Bus
🍝 နံနက်စာ🍱 နေ့ လည်စာ🍛 ညစာ
☕️🥞အဆာပြေမုန့် နဲ့  Coffee
🚐 တဆင့်သွားကားခ
👉 ခရီးသွားအာမခံ
🥛🥛🥛 ရေသန့် ၊စနိုးတာဝါ ၊😬 သွားတိုက်ဆေးသွားပွတ်တံ
ခရီးစဉ်တွက်လိုအပ်တဲ့ အရေးပေါ်ဆေးဝါးများ
👱‍♂️ခရီးစဉ်လမ်းကြောင်းတာဝန်ခံ
👨 ကျွမ်းကျင်ယာဉ်မောင်း
⤵️⤵️⤵️⤵️
👨‍💻👩‍💻Company အသင်းဖွဲ့ များPrivate School💏[email protected]

မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက်ဦးပွားဘုရားစေတီတော်မှအားထူးထူး ခြားခြားမျက်နှာတော်ပေါ်နေသော ရုပ်သံ 🇲🇲🇲🇲🇲🇲🇲🇲
15/03/2019

မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက်ဦးပွားဘုရားစေတီတော်မှအားထူးထူး ခြားခြားမျက်နှာတော်ပေါ်နေသော ရုပ်သံ 🇲🇲🇲🇲🇲🇲🇲🇲

မန္တ​လေးမဟာမုနိဘုရားကြီး​တောင်​ဘက်​ ဦးပွားဘုရား​စေတီ​တော်​မှမျက်​နှာပုံ​ပေါ်​နေသည် ယ​နေ့ည.မန္တ​လေးမဟာမုန...

💛 မင်းဘူး (စကု)မြို့နယ် သမိုင်း ❤️      ••••• ••••• ••••• ••••• ••••• 🙏🙏🙏(သူငယ်ချင်းတို့ရေ အခြားသူတွေကိုလည်း ဗဟုသုတ ရကြရ...
15/03/2019

💛 မင်းဘူး (စကု)မြို့နယ် သမိုင်း ❤️
••••• ••••• ••••• ••••• •••••
🙏🙏🙏(သူငယ်ချင်းတို့ရေ အခြားသူတွေကိုလည်း ဗဟုသုတ ရကြရလေအောင် ကျေးဇူးပြုလို့ Page & Post ကို Like & Share လေး လုပ်ပေးကြပါလား ခင်ဗျား)🌷🌷🌷

💓 မင်းဘူးမြို့သည် မင်းပူးဆရာတော်ဦးသြဘာသရေးသည့် ဇာတ်တော်နိဂုံးလင်္ကာများအရ မန်းမြစ်၏ အညွန့်အဖူး၌ တည်သော အရပ်ဖြစ်၍ မန်းပူး မန်းချောင်းနှင့်ဧရာဝတီမြစ် ဆုံရာတွင်ရှိ၍ မန်းပူး အင်းဝခေတ် မိုးညှင်းမင်းနှင့် မိဘုရားရှင်ဘို့မယ်တို့မင်းနှစ်ပါးဆုံ၍ မင်းပူး ၊ ထိုမှ မင်းဘူး ဖြစ်လာခဲ့ပါသည် ။ ၁၈၈၅ခုနှစ် အထိ ရွာငယ်မျှသာ ရှိခဲ့ပါသည် ။(၁၈၈၆)တွင် တိုင်းမင်းကြီး ရုံးစိုက်ခဲ့ပါသည် ။နောက်မှ ခရိုင်ဝန်ရုံးစိုက်ရာ ဖြစ်ခဲ့ပါသည် ။
❤️ (စကု)မြို့သည် မဟာပုဏ္ဏမထေရ် တတိယ သီတင်းသုံးရာ နေရာဖြစ်ပြီး ငှက်များပေါ၍ (သကုန)ထိုမှ စကုဖြစ်လာခဲ့သည် ။ ရမ္မာဝတီ သကုန စကု စန်းကုမှ စကု ဖြစ်လာခဲ့ပါသည် ။ သက္ကရာဇ်(၁၂၀)တွင် နရပတိစည်သူမှ လူ (၁၄၀)ဖြင့် မြို့ကိုတံခါး ၉ ပေါက်နှင့် တည်ဆောက်ခဲ့ပါသည်​ ။ သက္ကရာဇ် (၄၂၀)တွင် စကုဟု စတင်ခေါ်ဝေါ် ခဲ့ပါသည် ။
💙 (၁၉၆၂)တွင် မင်းဘူးသည် ခရိုင်ရုံးစိုက်ရာဌာန သတ်မှတ်၍ စကုကိုမြို့နယ်ရုံးစိုက်ရာအဖြစ် သတ်မှတ်ခဲ့ကြပါသည် ။
(၁၉၇၂)တွင်ခရိုင်ရုံးများဖျက်သိမ်းရာ စကုရှိ မြို့နယ်ရုံးကို မင်းဘူးသို့ပြောင်းရွေ့ခဲ့ကြပါသည် ။
💛 (၁၉၇၄)တွင် မင်းဘူး(စကု)မြို့နယ်ဟု ခေါ်တွင်ကြပါသည် ။(၃၁-၃-၁၉၇၃)ရက်စွဲဖြင့် ဖွဲ့စည်းသည့်မြို့နယ်ဖြစ်သည် ။ မြို့နယ် နယ်နိမိတ်မှာ မြောက်ဘက်တွင် ပွင့်ဖြူမြို့နယ်(လည်ကိုင်းမြို့ဟောင်း)အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မကွေးမြို့ တောင်ဘက်တွင် မင်းလှမြို့နယ် အနောက်ဘက်တွင် ငဖဲ နှင့်စေတုတ္တရာမြို့နယ်တို့ ဖြစ်ကြပါသည် ။
🖤 မြို့နယ်အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်(၆၄၂့၇၃)ဖြစ်ပါသည် ။ပင်လယ်ရေမျက်နှာပြင်အထက်(၁၆၄)ပေတွင်တည်​ရှိပါသည် ။
💛 မင်းဘူးမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်၌ တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ် ဘုရားစေတီများလည်း တည်ရှိနေပါသည် ။ မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရား ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီ ၊ ရှင်ပင်စက္ကိန်းတဲ ဘုရားများနှင့် နဂါးပွတ်တောင်တို့မှာ ထင်ရှားသော နေရာများဖြစ်ကြပါသည် ။

💛 မန်း ရွှေစက်တော်ဘုရား 💙
••••• ••••• ••••• ••••• •••••
💗 မန်း ရွှေစက်တော်ဘုရားသည် မကွေးတိုင်း ၊ မင်းဘူး(စကု)မြို့နယ် တွင်တည်ရှိပါသည်။ မင်းဘူးမြို့နှင့် (၃၂) မိုင် ကွာဝေးပါသည် ။ (၁၀၈)ကွက် စက်လက္ခဏာနှင့် ပြည်စုံသော မြတ်ဗုဒ္ဓ၏ ခြေတော်ရာ အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး မန်းချောင်းအနီးတွင် တည်ရှိသဖြင့် မန်းစက်တော်ရာ ဘုရားဟုခေါ်ကြပါသည်။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရားဟုခေါ်ကြပါသည်။
💞 မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင့်  လှစ်ပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့ အထိ ပွဲတော်​ ကျင်းပကြပါသည်။
💞 ဗုဒ္ဓဘုရားရှင်သည် စန္နကူးနံ့သာ ကျောင်းတော်ရာသို့ သီတင်းသုံးရန် ကြွချီလာခဲ့ပါသည်။ မင်းဘူး စက္ကိန်းတဲ ဘုရားနေရာတွင် ကျိန်းစက်တော် မူခဲ့သောကြောင့် ထိုနေရာတွင် စက္ကိန်းတဲ စေတီကို တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ဘုရားရှင် ကျိန်းစက်တော်မူခဲ့သော မြသားသလွန်တော်ကို မကွေးဘက်မှ ဘီလူးညီနောင်​မှ လာရောက် တောင်းပန် ယူဆောင်ခဲ့ကြပြီး မြသလွန်ကို ဌာပနာ၍ မကွေးဘက်ကမ်းတွင် မြသလွန်စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြပါသည်။ မြတ်​စွာဘုရားရှင်​ အပြန်လမ်းခရီးတွင် မုဆိုးနှင့်နဂါးတို့မှ ကိုးကွယ်​စရာ တစ်​စုံတစ်​ရာ တောင်းပန်သောကြောင့် အထက်စက်တော်ရာ နှင့် အောက်စက်တော်ရာ ခြေတော်ရာများကိုချထားတော်မူခဲ့ပါသည်။
💞 မန်း စက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင် ကိုယ်တော်တိုင် ချထားသော ခြေတော်ရာများ ဖြစ်သဖြင့် သွားရောက်ဖူးမျှော်သင့်သလို ပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ စိမ့်စမ်းရေ မန်းချောင်းတွင်ရေချိုးရသော အရသာကိုလည်း ခံစားကြည့်သင့်ပါသည်။

💟နဂါးပွက်​ ရွံ့မီးတာင်💟
••••• ••••• •••••
💗 မင်းဘူးမြို့၏ တောင်ဘက် မိုင်ဝက်ခန့် အကွာတွင် တည်​ရှိပါသည် ။ ရွှံ့မီးတောင်၏ အမြင့်မှာ ပေ ၃ဝ ခန့်ရှိပြီး ၊ ရွှံ့ရည်များက ဆူပွက်နေပါသည်။ တစ်ခါတစ်ရံ ဆင်ခြေလျှောသို့ပင် စီးကျလာတတ်ကြောင်း သိကြရပါသည် ။

💟 ရှင်ပင် စက္ကိန်းတဲ စေတီ 💟
••••• ••••• ••••• ••••• •••••
💜 ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ဘုရားရှင်သည် ကျောင်းတော်ရာကို အလှူခံပြီး ခုနစ်ရက် သီတင်းသုံးတော် မူခဲ့သည်ဟု့ သိရှိရပါသည် ။ ထို့နောက် ပွင့်တော်မူခဲ့ပြီးဖြစ်သော နောင်တော် ဘုရားသုံးဆူတို့ ကျိန်းစက်တော် မူခဲ့သော ကေလာသဖတောင် ၊ ယခုအခါ စက္ကိန်းတဲတောင်သို့ ဆင်းသက်တော်မူကာ ကျိန်းစက်ခဲ့သော တောင်ဖြစ်ကြောင်း မှတ်သားရပါသည် ။ ရှင်ပင်စက္ကိန်းတဲ စေတီတော်သည် မူလစေတီတော်ရင်ပြင်မှ ဖူးမြော်ရာတွင် ဥာဏ်တော်အမြင့် ၄၈ ပေ ၊ လုံးပတ်တော် ၄၉ ပေ ၊ ဖောင်းရစ်လုံးပတ် ၁၇ ပေ ၊ စေတီတော်ကြားခံ လုံးပတ် ပေ ၄၄ဝ ၊ ပထမပစ္စယံ လုံးပတ် ပေ ၃၆ဝ ၊ ဒုတိယပစ္စယံ လုံးပတ် ပေ ၃၂ဝ ၊ တတိယပစ္စယံ လုံးပတ် ၂၇၂ ပေ ၊ ဂန္ဓကုဋိတိုက် ဘုံ ၂ဝ၈ ပေ ၊ ဂန္ဓကုဋိတိုက် ပေ ၁၉ဝ ၊ အတွင်းရှစ် မျက်နှာလုံးပတ် ၉၅ ပေ ၊ အောက်ကြာခုံမှ စေတီတော် အထိ ၁၁၉ ပေ ရှိပါသည် ။ ရှင်ပင်စက္ကိန်းတဲ စေတီတော် ဘုရားဒါယကာနှင့် သမိုင်းစဉ်မှာ သက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီးက သိကြားမင်း တည်ခဲ့သော စေတီကိုငုံ၍ ဆက်​တည်ခဲ့ပြီးနောက် မင်းအဆက်ဆက် ဖြစ်သော ကျန်စစ်သားမင်း ၊ အလောင်းစည်သူမင်းတို့ နှင့် တကွကျင့်စဉ် စခန်းဝင် ပထမံ မင်းခေါင်တို့က ခြုံငုံတိုးချဲ့ပြုပြင် ကိုးကွယ်ခဲ့ကြကြောင်း ဘုရားတည် မှတ်တမ်း ကမ္ပည်းစာတွင် ဖော်ပြထားရှိပါသည် ။

💖 စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီ💖
••••• ••••• ••••• ••••• ••••• ••••• •••••
💛မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ ခြေတော်ရာ နှစ်ဆူ (ယခု ရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော် မူခဲ့ပါသည်။
💗 ထိုကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍ အကျိုးထူးမည်) ဟူသော
သမိုင်းဆောင်ပုဒ် တွင်နေခြင်း ဖြစ်ပါသည်။
💓မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့် နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန် ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးမျှော်​ သင့်ပါသည်။
💜မင်းဘူးမြို့မှ မြောက်ဘက်​သို့(၁၉မိုင်) ဘုရားအထိ ကတ္တရာလမ်းဖြစ်ပါသည် ။ မကွေး-မင်းဘူး မြစ်ကူး တံတားကြီးနှင့် မန်းချောင်း တံတားမှနေ၍ နွေ ၊ မိုး ၊ ဆောင်း ရာသီမရွေး သွားလာမှု လွယ်ကူချောမောလှပါသည်။ ဘုရား၌ စားသောက်ဆိုင်များနှင့် တည်းခိုရိပ်သာများ ရှိပါသည်။
💟 စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီသည် ပွင့်ဖြူမြို့ ကျောင်းတော်ရာ မြို့သစ်တွင် တည်ရှိ ကိန်းဝပ်နေသောကြောင့် မင်းဘူးမြို့နယ် အတွင်းတွင် ပါရှိပါသည်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက လယ်ကိုင်း အရပ်၌ မဟာပုဏ္ဏ ကုန်သည်ကြီးက ဘုရားရှင်၏ တရားတော်ကို နာယူခဲ့ရပြီး တရားတော်၌ ကြည်ညို သက်ဝင်သဖြင့် ရဟန်းပြုခဲ့ကြပါသည် ။ ကုန်သည်တို့လည်း သမုဒ္ဒရာခရီးဖြင့် စန္ဒကူးပင်များ ပေါက်ရာ မာလာယု ဒေသသို့ ရောက်ခဲ့ပြန်​ပါသည် ။ အပြန်တွင် စန္ဒကူးသစ်များ တင်ဆောင်ခဲ့ပြီး မဟာပုဏ္ဏ သီတင်းသုံး နေထိုင်ရန် စန္ဒကူး ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြပါသည် ။ စန္ဒကူးနံ့သာ သစ်သားဖြင့် တည်ဆောက်သော ကျောင်းကြီးမှာ အဆောင်ပေါင်း ၁ဝ၈ ဆောင် ၊ လှေကား ၁ဝဝ ၊ ပြတင်းပေါက် ၁ဝ၆ဝ ရှိပြီး အလွန်ကြီးသော ကျောင်းကြီးဟု သမိုင်းမှတ်တမ်းများတွင် ရေးမှတ်ထားခဲ့ ကြပါသည် ။ ထိုအချိန် မဟာပုဏ္ဏ ရဟန်း၏ ပင့်ဖိတ်မှုဖြင့် ဘုရားရှင်သည် ဝါဏိဇဂါမ(မင်းဘူး)သို့ ကြွရောက်လာခဲ့ပြီး စန္ဒကူးနံ့သာ ကျောင်းတော်ကြီး၌ သုံးရက် သီတင်းသုံးတော်မူကာ ဝေနေယျ သတ္တဝါအပေါင်းတို့ကို တရားရေအေး တိုက်ကျွေးတော် မူခဲ့ပါသည် ။
💓 အဖိုးတန် သစ်များဖြင့် ဆောက်လုပ်ခဲ့သော ကျောင်းတော်ကြီး ၊ ဘုရားရှင် သုံးရက်တိုင် သီတင်းသုံး နေထိုင်တော် မူခဲ့သော ကျောင်းတော်ကြီးအား လောဘရှိသော လူသားများ ဖျက်ဆီးယူငင်ကြမည်ကို စိုးရိမ်၍ အဓိဋ္ဌာန်ပြုရာ ကျောင်းတော်ကြီး ကွယ်ပျောက်သွားခဲ့သည်ဟု့လည်း ရှေးမှတ်တမ်းများတွင် မှတ်သား သိရှိရပါသည် ။ ပုဂံ ခေတ်ဦးကာလတွင် ကျောင်းတော်ကြီးနေရာ၌ စေတီတစ်ဆူကို သက္ကရာဇ် ၁၇၆၄ ခုနှစ်တွင် တည်ထားခဲ့ရာ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက်တွင် ကျောင်းတော်ရာ စေတီဟောင်း၏ ပျက်စီးယိုယွင်း နေသည့်ပုံကို မြင်တွေ့ခဲ့ရသဖြင့် ပြုပြင်မွမ်းမံ ခဲ့ကြပါသည် ။ သက္ကရာဇ် ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းက ထပ်မံ ပြုပြင်ခဲ့ပါသည် ။ ထို့နောက် မင်းတုန်းမင်း လက်ထက် သက္ကရာဇ် ၁၈၇၆ ခုနှစ်တွင် ကင်းဝန်မင်းကြီး ဦးကောင်းကို တာဝန်ပေး၍ ပြုပြင်မှုများ ပြုလုပ်စေခဲ့ပါသည် ။ စန္ဒကူးနံ့သာ ကျောင်းတော်ကြီး တည်ဆောက်ရာတွင် ကိန်းဝပ်စံပျော်ခဲ့သော စေတီဖြစ်၍ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီဟူသော ဘွဲ့အမည်ဖြင့် ယနေ့တိုင် ဖူးတွေ့နေရခြင်း ဖြစ်ပါသည် ။
💞 စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီနှင့် အဆက်ပမာ ထူးခြားသော ဖြစ်စဉ်တစ်ခုမှာ ဝါဦးကာလတွင် ဘုရားဖူး ငါးကြီးများ လာရောက်ကြပြီး သီတင်းကျွတ် ကာလတွင် ထိုငါးကြီးများ ပျောက်ကွယ်သွားလေ့ ရှိခြင်းဖြစ်​ပါသည် ။
💗 စန္ဒကူးနံ့သာကျောင်း၏ ထူးဆန်းမှုများသည် မာလာယုကျွန်းမှ စန္ဒကူးသစ်များ သယ်လာစဉ် သစ်တောစောင့် ဘီလူးကြီးများက ထိုသစ်မွှေးများကို စောင့်ရှောက်ရန် ငါးအသွင်ဖြင့် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်ဟု့လည်း ရှေးစကားအရ မှတ်သားရပါသည် ။ မင်းဘူးမြို့နယ်တွင် လေ့လာစရာများစွာနှင့် အတူ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာလည်း ရှိနေပါသည် ။
💕 သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ လက်ထက်က ရေနံထွက်ရှိသည်ကို အကြောင်းပြု၍ မြို့အဖြစ် အဆင့်မြှင့်တင် သတ်မှတ် ပေးခဲ့သော မင်းဘူးမြို့သည် ယနေ့ အချိန်အခါတွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဘုရားစေတီများဖြင့် လာရောက် ဖူးမြော်ကြသူများနှင့်စည်ကားနေသော မြို့ဖြစ်ပါသည် ။
💕 ကျောင်းတော်ရာဘုရား၌ ကြည်ညိုလေ့လာရန် 💕

💖 ၁။ မြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်တော်နေရာ စေတီတော်မြတ်ကြီး ၊
💖 ၂။ စန္ဒကူးနံ့သာ ကျောင်းတော်၏ ဒေါင့်လေးဒေါင့် စေတီဘုရားလေးဆူ ၊
💖 ၃။ အဓိဌာန်တန်ခိုးကြီးမားတော်မူသော မဟာပုဏ္ဏ ရဟန္တာ အရှင်မြတ်၏ မူလကျောင်းတော်ရာ အဓိဌာန် ဂူဘုရားစေတီနှင့် ဓါတ်တော်စေတီ ။
💖 ၄။ ၀ါတွင်းကာလ၌ ၀ါထပ်ရက်ငင်ကိုသိ၍ ဘုရားဖူးရောက်လာသော အသက်လွတ်စား ဘုရားဖူးငါးများ၏ ပုံတူရုပ်ထုများနေရာနှင့် ၀ါတွင်းကာလ ငါးများလာရောက်၍ ဥပုသ်သီတင်းဆောက်တည်ရာ မုန်းချောင်းကမ်းပါး ငါးကျွေးဆိပ်နေရာ ။
💖 ၅။ ဘုရားဗျာဒိတ်ရ မဏိစည်သူမင်းမြတ်သည် ကျေးဇူးသိသောအားဖြင့် တည်ထားအပ်သော သိကြားမင်း ဂူတော် ။
💖 ၆။ မဏိစည်သူမင်းမြတ်၏ ဖောင်တော်ဆိုက်ရာ ဖောင်တော်ဦးဘုရား ။
💖 ၇။ ဘုရားဖူးဧည့်သည်များ တည်းခိုရန် ဘုရားဖူး ဇရပ်တန်းများ၊ ညအိပ်ဆောင်များ ။
💖 ၈။ မဟာဗောဓိပင် သတ္တဌာနဘုရား(၇)ဆူနှင့် စန္ဒကူးနံ့သာပင် တောအုပ်များ ။
💖 ၉။ ရှေးဟောင်းဘုရားများ၊ ကျောင်းတော်နှင့် ပြတိုက် ။
💖 ၁၀။ ဘုရားသမိုင်းနှင့် ပတ်သက်သော ရုပ်ထုရုပ်လုံးများ ၊ ပန်းချီကားများ ၊ ရှေးဟောင်းပြခန်းများ စသောလေ့လာရန်ဌာနများနှင့် အနုပညာပြောင်မြောက်သော သာသနာ့အဆောက်အဦးများ စသည်တို့ကို သပ္ပါယ် ကြည်ညိုစွာ ဖူးတွေ့ကြရမည် ဖြစ်ပါသည် ။
💛ဝါဆိုလပြည့်ကျော်(၁)ရက် နေ့မှ သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့အထိ ဝါတွင်း သုံးလတာ ကာလတွင် ရဟန်းသံဃာများသည် ရပ်ဝေးသို့ မသွားကြရပါ ။ သွားဖို့ ကိစ္စများရှိနေပါက ဝါပန်ပြီး သွားလာကြရပါသည် ။ ဗုဒ္ဓဘာသာဝင်များ အနေဖြင့်လည်း ဒီဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါသည် ။ ၀ါတွင်းကာလသည် တနှစ်တာ၏ ထူးခြား ထူးမြတ်သောကာလ ဖြစ်ပါသည်။ ဤသို့ ထူးခြားချက်များအနက် မကွေးတိုင်း ၊ ပွင့်ဖြူမြို့နယ် ၊ ကျောင်းတော်ရာရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဘုရားဖူး ၊ ဥပုသ်သီလ စောင့်ယူကြသော ငါးကြီးများသည် အံ့သြဆန်းပြားဖွယ် ဖြစ်ပါသည် ။
💖 ငါးကြီးများကို ဝါဆို လပြည့်နေ့တွင် ရဟန်းသံဃာများနှင့် လူကြီးများက မုန်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာဒေသတွင် သွားရောက်၍ ကြိုဆိုကြရပါသည် ။ ကြိုဆိုကြသော မော်တော်ယာဉ်များ ရောက်၍ မောင်းထုလိုက်ပြီဆိုလျှင် ငါးကြီးများက သူတို့ကိုယ်လုံးကိုဖော်ပြ၍ ရောက်ရှိကြောင်း အချက်ပြကြပါသည် ။
💓 ငါးကြီးများရောက်ရှိကြောင်း သိရလျှင် ကြိုဆိုသော ယာဉ်များသည် ကျောင်းတော်ရာဘုရား အရှေ့ ဘက် (၅) ဖာလုံ အကွာရှိ မုန်းချောင်းတွင် ရှိသော ဘုရားဖူးငါးများ အစာကျွေးဆိပ်သို့ ပြန်လည် မောင်းနှင်ကြပါသည် ။ ငါးကြီးများကလည်း မော်တော်ယာဉ် များနှင့်အတူ လိုက်ပါလာကြပါသည်။ ထို့ကြောင့် ဝါတွင်းကာလတွင် ကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ဘုရားဖူး လာကြရင်းနှင့် ငါးကြီးများအား အစာကျွေးသော ပရိတ်သတ်မှာ အလွန်များပြား စည်ကားလှပါသည် ။ ဘုရားဖူး ပရိတ်သတ်တို့သည် ကုန်းကြောင်းအပြင် မုန်းချောင်းအတွင်း ရေကြောင်းမှလည်း လာရောက်ကြပါသည် ။
💖 ဘုရားငါးကြီးများသည် အကောင် အရေအတွက်အားဖြင့် မည်ရွေ့မည်မျှဟု ရေတွက်၍မရပါ ။ များပြားလှပါသည် ။ ယင်းငါးကြီးများသည် ဝါထပ်ရက်များကို သိရှိကြပါသည်။ ဝါတွင်းကာလ၌သာ ဘုရားဖူး လာကြပါသည်။ ဝါမထပ်လျှင် ပထမ ဝါဆို လပြည့်နေ့ရောက်၍ ဝါထပ်လျှင် ဒုတိယ၀ါဆိုလပြည့်နေ့မှ ရောက်၍ သီတင်းကျွတ်လပြည့်ကျော်(၁) ရက်နေ့တွင် ပြန်ကြပါသည် ။
💕ရှေးမြန်မာဘုရင်များလက်ထက်အခါက ဘုရားဖူး ဆရာတော်တစ်​ပါးသည် ဘုရားငါးကြီးများအနက် ငါးကြီးတစ်ကောင်အား ဦးခေါင်းတွင် ရွှေချလွှတ်လိုက်ရာ နှစ်ပေါင်းအတန်ကြာ ဆက်၍ ပါလာသည်ကို တွေ့မြင်ကြရပါသည် ။

💞 ဘုရားဖူးငါးများ၏ ထူးခြားမှုအဖြာဖြာ အံ့ဖွယ်ရာ 💞
=================================
💕၁။ နှစ်စဉ်နှစ်တိုင်း ၀ါထပ် ၊ မထပ်ကို သိ၍ ၀ါဆိုလပြည့်မှာသာ လာရောက်ကြ ၍ ၀ါကျွတ်မှ ပြန်ကြခြင်း ။
💕၂။ မုန့်၊ ဖွဲ့နု၊ ပေါက်ပေါက်ဆုပ် စသော အသက်လွတ် အစားအစာများကိုသာ ကျွေးရခြင်း ။
💕၃။ မုန်းချောင်းအတွင်း ဘုရားဘက်ကမ်းမှသာ အစာကျွေးရခြင်း ။
💕၄။ မြစ်၊ ချောင်းအတွင်းနေသော ငါးများဖြစ်သော်လဲ လူများကိုင်တွယ်ပွေ့ဖက်၍ရခြင်း ။
💕၅။ လူများငါးအုပ်တွင်းကျသွားသော်လည်း လုံးဝ အန္တရာယ်မပြုခြင်း ။
💕၆။ ကြွေသားကဲ့သို့ လုံးဝဖြူဆွတ်နေသော ငါးများပင် ပါဝင်ကြလျက် အညှီနံ့ မရှိခြင်း၊ အခြားမျိုးကွဲ ငါးများလုံးဝ မပါခြင်း ။
💕၇။ မည်သည့် ခုနှစ်ကာလက မည်သည့် အရပ်ကလာသည်ဟု မည်သူမျှ မပြောနိုင်ခြင်း ။
💕၈။ ထို့ကြောင့် ဘုရားရှင်သည် ဤအရပ် စန္ဒကူးနံ့သာကျောင်းတော်ကို ၀ါတွင်းကာလ၌ ရဟန္တာငါးရာနှင့် ကြွရောက်၍ (၇) ရက်သီတင်းသုံး၍ သတ္တ၀ါများအား တရားဟော ချွေချွတ် သည်ဟု ကျမ်းဂန်မှာ ပါရှိသောကြောင့် ၀ါတွင်းကာလခြင်းတူနေသဖြင့် ဘုရားရှင်လက်ထက်ကတည်းက လာနေကြသည်ဟု ယူဆရန် ရှိပေတော့သည် ။
💕၉။ သို့အတွက် ဤကျောင်းတော်ရာဘုရား၏ တန်ခိုးတော်နှင့် ဘုရား ငါးများ၏ ထူးဆန်းမှုတို့ကား အံ့သြဖွယ်ရာများသာ ဖြစ်ပါတော့သည် ။
💕💖မင်းဘူးမြို့သည် ထူးခြားသည့်မြို့ ဖြစ်သောကြောင့် တစ်ခါတစ်ခေါက် အရောက်​သွားရောက် စေချင် ပါကြောင်း မျှဝေရေးသား လိုက်ရပါသည် ။

🙏🙏🙏Credit - မူရင်းရေးသားသူ
ကိုးကား - ဦးကျော်စိန်ဝင်း (သမိုင်း) 💝💝💝

DVB သတင်းဌာန၏ ဝက်ရောဂါဆိုင်ရာ သတင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း*********************************************၁။ ၂၀၁၉...
13/03/2019

DVB သတင်းဌာန၏ ဝက်ရောဂါဆိုင်ရာ သတင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း
*********************************************

၁။ ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက် ယနေ့ ညနေ ၅ နာရီခွဲခန့်မှစတင်ကာ DVB သတင်းဌာန၏ website တွင် "အိန္ဒိယတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် အမျိုးသမီး ၄ ဦးသေဆုံး" ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို လွှင့်တင်ထားပါသည်။

၂။ အာဖရိကဝက်အပြင်းဖျားရောဂါသည် African Swine Fever Virus (ASFV) ကြောင့် ဝက်များတွင်သာ ဖြစ်ပွားသည့် ရောဂါ ဖြစ်ပါသည်။ ယင်းသည် လူသို့ ကူးစက်ခြင်း လုံးဝ (လုံးဝ) မရှိသော ရောဂါ ဖြစ်ပါသည်။ ယင်းရောဂါသည် လတ်တလောတွင် တရုတ်၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယားနိုင်ငံများရှိ ဝက်ခြံများတွင် ဖြစ်ပွားလျက်ရှိပြီး လူသို့ ကူးစက်သည့် အခြေအနေ လုံးဝမရှိခဲ့ပါ။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ကလည်း လူသို့ ကူးစက်ခြင်းမရှိသည့် ရောဂါအဖြစ် တရားဝင် ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါသည်။

၃။ DVB ၏ သတင်းတွင် ပါဝင်သည့် H1N1 သည် တုပ်ကွေးရောဂါဗိုင်းရပ်စ်တစ်မျိုးသာ ဖြစ်ပြီး အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါ။

၎။ အာဖရိကဝက်အပြင်းဖျားရောဂါသည်လည်းကောင်း၊ H1N1 သည်လည်းကောင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခြင်း မရှိပါ။

၅။ အာရှဒေသတွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားနေမှု နောက်ဆုံးအခြေအနေများအပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် မွေးမြူရေးနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အခြား သတင်းအချက်အလက်များအား MLF Newsletter ၏ Facebook စာမျက်နှာတွင် အချိန်နှင့် တပြေးညီ တင်ပြလျက်ရှိပါသည်။ အခြားလိုအပ်သော သတင်းအချက်အလက်များအားလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

၆။ သတင်းမီဒီယာများအနေဖြင့် မွေးမြူရေးဆိုင်ရာ သတင်းအချက်အလက်များ၊ တိရစ္ဆာန်ရောဂါဆိုင်ရာ အချက်အလက်များအား သတင်းအဖြစ် ဖော်ပြရာတွင် အချက်အလက်မှန်ကန်မှုရှိစေရေးနှင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများထံ ဆက်သွယ်မေးမြန်းတင်ပြကြပါရန်လည်း အကြံပြုအပ်ပါသည်။ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ကူညီပေးရန် အဆင်သင့် ရှိနေပါသည်။

၇။ ပြည်သူလူထုအနေဖြင့်လည်း သတင်းအချက်အလက်များအား စီစစ်နိုင်သုံးသပ်ပြီးမှသာ မျှဝေကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မွေးမြူရေး၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ သတင်းများအား တိကျမှန်ကန်စွာ သတိရှိနိုင်ရန်အတွက် လိုအပ်သော အချက်အလက်များကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။အောင်မြင်မှုရရှိခ...
13/03/2019

ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။
တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။

အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန် နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။

ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေ ပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။ ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ် တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။

၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။

၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။

၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။

၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။

၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။

၁၃)ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။

၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။

၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။

၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။

၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။

၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

---------
Credit: Mitta online service

:D
12/03/2019

:D

ချစ်ခင်ရပါသော ခရီသွား ညီ အစ်ကို ဦးဦး ဒေါ်ဒေါ် မတ်မတ် ည လေး တို့  ရေ ကျွန်တော်တို့  Lynn Kyaw Swar Travels & Tours မှ ပျေ...
11/03/2019

ချစ်ခင်ရပါသော ခရီသွား ညီ အစ်ကို ဦးဦး ဒေါ်ဒေါ် မတ်မတ် ည လေး တို့  ရေ ကျွန်တော်တို့  Lynn Kyaw Swar Travels & Tours မှ ပျော်အစီစဉ်လေးတခု ကို ကြေငြာချင်ပါတယ် ခင်ဗျ အဲ့ဒါကတော့ ဖုန်းဘေ ကံစမ်းမဲဖောက်ပေးမယ့်အစီစဉ်လေးပဲ ဖြစ်ပါတယ်
ပထမဦးဆုံးပြုလုပ်ရမှာကတော့ ကျွန်တော်တို့ ရဲ့  Lynn Kyaw Swar Travels &Tours Page ကို LIKE ပြု လုပ်ပီး public share ပြု လုပ်ပေးရပါမယ်
နောက်ထပ် တဆင့် က တော့ မိမိကြိုက် နှစ်သက်တဲ့ ဂဏန်း ၃ လုံး ကို ပုံရိုက်ပီး မန့် ပေးရမှာ ဖြစ်ပါတယ် ဥပမာ ----( 123) ကံထူးရှင် အ ရေ တွက်ကို( ၁၀) ဦး ထိ သတ် မှတ် ထားပါတယ်ခင်ဗျ Like & Public Share လုပိထားဖို့ တော့ လိုမယ်နော်ကံထူးရှင်ကြီးများ :D ဆုမဲ ကို (14.3.2019) မှာရွေးချယ်ပီး (15.3.2019) မှာ ကျွန်တော်တို့ ရဲ့  Lynn Kyaw Swar Travels &Tours Page မှာကြေငြာပေးသွားမှာ ဖြစ်ပါတယ် အားလုံးကိုအထူးပဲ ကျေးတင်ရှိပါတယ် ခင်ဗျ :D :* :*
တိကျ​သောအချိန်​နှင့်​​စေတနာ​ရှေ့ထား​သောဝန်​​ဆောင်​မှု့တို့နှင့်​အားလပ်​ရက်​အချိန်​​တွေမှာချစ်​ခင်​ရသူ​တွေနဲ့ပဲဖြစ်​ဖြစ်
မိသားစု​တွေနဲ့ပဲဖြစ်​ဖြစ်
တရုံးထဲကသူငယ်​ချင်း​တွေနဲ့ပဲဖြစ်​ဖြစ်​အပန်း​ဖြေဖို့လားအဲ့တာဆိုရင်​သက်​သာ​သောဝန်​​ဆောင်​မှု့နဲ့ကျ​တော်​များတို့နဲ့အမြန်​ဆုံးဆက်​သွယ်​လိုက်​​တော့​နော်

အမှတ်တရလေး !!
23/02/2019

အမှတ်တရလေး !!

Address


Website

Alerts

Be the first to know and let us send you an email when Lynn Kyaw Swar Travels & Tours Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lynn Kyaw Swar Travels & Tours Company Limited:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share