Shwe Htoo

Shwe Htoo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Htoo, Private plane charter, .

7-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် ကော့သောင်းမြို့နယ်များ မိုးအသင့်အတင့်ရွာနိူင်ချေရှိပြီးတစ်ခါတစ်ရံမိုးကြီးနိူင်ပ...
06/09/2024

7-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်းမြို့နယ်များ မိုးအသင့်အတင့်ရွာနိူင်ချေရှိပြီးတစ်ခါတစ်ရံမိုးကြီးနိူင်ပါသည်။
ဘုတ်ပြင်းမြိုနယ် ရာသီဥတုသာယာ၍မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍မိုးအသင့်အတင့်မှ မိုးကောင်းနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

6-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီး မြိတ်  ဘုတ်ပြင်း  မြို့နယ်များ မိုးကောင်းပါမည်။(မြေနိမ့်ပိုင်းနှင့်မြစ် ချောင်းနှင့်...
05/09/2024

6-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း မြို့နယ်များ မိုးကောင်းပါမည်။
(မြေနိမ့်ပိုင်းနှင့်မြစ် ချောင်းနှင့်နီးသောဒေသများတွင်ရေကြီး ရေလျှံခြင်းများဖြစ်ပေါ်နိူင်သဖြင့်အထူးသတိပြုပြင်ဆင် ထားရန်လိုအပ်ပါသည်)
မွန်ပြည်နယ်
သထုံမြို့နယ်
ကရင်ပြည်နယ်
ဘားအံမြို့နယ် များ နေသာချိန်အနည်းငယ်ရှိသော်လည်း မိုးကောင်းပါအုန်းမည်။

(Windy App ခန့်မှန်းချက် 80%ပါ)

5-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်း မြို့နယ်များ မွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြည်နယ် ဘားအံမြ...
04/09/2024

5-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ်များ
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ
နေ့လည်ပိုင်းနေသာပြီး မိုးအသင့်အတင့်ရွာပါမည်၊အချိူ့နေရာများ၌နေရာကွက်ပြီးမိုးကြီးနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

4-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို နယ်များ နေရာကွက်ကျား မိုးထစ်ချူန်းရွာနိူင်ပါသည်။မွန်...
03/09/2024

4-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို နယ်များ နေရာကွက်ကျား မိုးထစ်ချူန်းရွာနိူင်ပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ မိုးအနည်းငယ်ရွာနိူင်ချေရှိပြီး အများအားဖြင့်သာယာပါမည်။

(Windy App ခန့်မှန်းချက် 80%ပါ)

3-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် ကော့သောင်းမြို နယ်များ မိုးအသင့်အတင့်ရွာပြီးတစ်ခါတစ်ရံမိုးကောင်းနိူင်ပါသည်။မွန်...
02/09/2024

3-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်းမြို နယ်များ မိုးအသင့်အတင့်ရွာပြီးတစ်ခါတစ်ရံမိုးကောင်းနိူင်ပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် နေ့လည်ပိုင်းနေသာပြီး မိုးအသင့်အတင့်ရွာနိူင်ပါသည်။

(Windy Appခန့်မှန်းချက် 80%ပါ)

"" ရာဘာလောက အမှတ်တရများ အပိုင်း(29)""(4)ရာဘာစိုက်ပျိူးရေးလုပ်ငန်း၏အဓိကအခက်အခဲတစ်ရပ်ဖြစ်သောကျွမ်းကျင်လုပ်သားထိန်းသိမ်းရေး...
01/09/2024

"" ရာဘာလောက အမှတ်တရများ အပိုင်း(29)""

(4)ရာဘာစိုက်ပျိူးရေးလုပ်ငန်း၏အဓိကအခက်အခဲတစ်ရပ်ဖြစ်သောကျွမ်းကျင်လုပ်သားထိန်းသိမ်းရေးအတွက်လုပ်သား၏သဘောသဘာဝကိုသိရှိထားရန်နှင့်လိုအပ်ပါကအစားထိုးနိူင်ရန်ပြင်ဆင်ထားဘို့လိုအပ်ခြင်း။ ရာဘာစိုက်ပျိူးရေးလုပ်ငန်းသည်ကုန်ထုတ်လုပ်မှုအပိုင်းတွင်လူစွမ်းအားအရင်းအမြစ်နှင့်စက်မှုစွမ်းအားပါေင်းစပ်လုပ်ကိုင်ရသည်ဆိုသော်ငြားလည်းအဓိကကျသောအစေးလှီးလုပ်ငန်းအတွက်ကျွမ်းကျင်လုပ်သားလိုအပ်ချက်သည်အလွန်အရေးပါ ပါသည်၊မြေယာရှင်ယာရှင်းလင်းခြင်း၊အပင်စိုက်ပျိုးခြင်း၊ပေါင်းရှင်းလင်းခြင်း၊ပလက်ဖောင်းပေါက်ခြင်း၊မြေသြဇာကျွေးခြင်း အစရှိသောစိုက်ပျိူးရေးလုပ်ငန်းစဥ်များကို(6)နှစ်မှ(7)နှစ်တိုင်အောင်ကုန်ကျစရိတ်များစွာရင်းနှီးမြုပ်နှံပြီးအစေးထုတ်ကာလတွင် ကျွမ်းကျင်အစေးလှီးလုပ်သားလိုအပ်ချက်သည် မျက်မှောက်ကာလတွင် မိသားစုတစ်ပိုင်တစ်နိူင်စိုက်ခြံများမှအပ ဧရိယာဧကများစွာစိုက်ပျိူးထားသောခြံကြီး ကုမ္ပဏီ ကြီးများအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်၊မြန်မာနိုင်ငံအောက်ပိုင်းမွန်၊တနင်္သာရီတိုင်းများတွင်ကျွမ်းကျင်လုပ်သားအများစုမှာ ရှေးယခင်ကတည်းက နီးစပ်ရာ အဆက်အသွယ်များဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်ကြရာ လက်ရှိစျေးနှူန်းကွာခြားချက် ထိုင်းနိုင်ငံ၏ရာဘာအရည်အသွေးထိန်းသိမ်းရေးမှုဝါဒအရ လုပ်သားအရည်အတွက် ပမာဏ အချိူးအစားတစ်ခုက ပြည်တွင်းခြံရှင်များအတွက်ဆုံးရှူံးနေအုန်းမည်ဖြစ်သည်၊အကြမ်းဖျဥ်း (3)ဧကလုပ်သားတစ်ဦးနှူန်းလိုအပ်သည်ဖြစ်ရာ စိုက်ခြံဧရိယာကျယ်ပြန့်လာလေလုပ်သားလိုအပ်ချက်မြင့်မားလေဖြစ်သည်၊လူ့သဘောသဘာဝအရ မည်သူမဆို မိမိဘက်တစ်ဘက်သားအများစုကြည့်တတ်သည်ဖြစ်ရာ(အားလုံးကို မဆိုလိုပါ)ကောင်းမွန်သောလုပ်သားတစ်ဦးခြံတွင်တည်မြဲရေးအတွက် ပိုင်ရှင်နှင့်လုပ်သား နှစ်ဦးနှစ်ဘက်နားလည်မှုရှိရန်လိုအပ်ပါသည်၊မှုလကတည်းက ခြံတွင်ရှိပြီးသားလူဟောင်းများ တစ်ယောက်သဘောတစ်ယောက်သိရှိပြီးသားလုပ်သားမိသားစုများအတွက်ပြဿနာမရှိသော်လည်း အစေးလှီးအပင်သစ် အကွက်သစ်များအတွက် ကျွမ်းကျင်လုပ်သားခေါ်ယူရာတွင် အများအားဖြင့်ကြိုတင်ငွေပေးခေါ်ယူရသည်ဖြစ်ရာမည်မျှအထောက်အထားခိုင်လုံစွာဖြင့်စာချူပ်စာတမ်းချူပ်ဆိုထားသည်ဖြစ်စေ မရိုးဖြောင့်သောသူများနှင့်တွေ့ဆုံ၍ဆုံးရှူံးရသည်မှာခြံရှင်တိုင်း အုပ်ချူပ်သူတိုင်း မလွှဲမသွေကြုံတွေ့ရမည့်ကိစ္စတစ်ရပ်ဖြစ်ပါသည်၊ထို့ကြောင့်ပိုင်ရှင်/အုပ်ချူပ်သူနှင့်လုပ်သားအကြားသံယောဇဥ်တရားဖြင့်ချည်နှောင်ထားရန်လိုအပ်ပါသည်၊အများစုလုပ်သားများသည် ခြံရှင်ထက်ငွေကြေးမပြည့်စုံသည်ဖြစ်သောကြောင့်လုပ်သား၏လူမှုရေး၊ကျန်းမာရေး၊ဘာသာရေးလိုအပ်ချက်များပေါ်ပေါက်လာပါကဖြည့်ဆည်းပေးရန်လိုအပ်ပါသည်၊ရေရှည်လုပ်ကိုင်သည့်ကာလကြာရှည်လာလျှင်ပိုင်ရှင်နှင့်လုပ်သား တစ်ဦးနှင့်တစ်ဦးစိတ်သဘောထားသိရှိလာသည်ဖြစ်၍ခြံအပေါ်အနစ်နာခံလုပ်ကိုင်တတ်သောလုပ်သားများအတွက်ပိုင်ရှင်ဘက်မှအနစ်နာခံပေးရသလို မိမိအတ္တတစ်ဘို့တည်းသာကြည့်၍လုပ်ဆောင်မှုပိုင်းရော အကျင့်စာရိတ္တပါမကောင်းသောလုပ်သားများကိုပြတ်ပြတ်သားသားထုတ်ပယ်တတ်ရန်လိုအပ်ပါသည်၊အသင့်တော်ဆုံးကတော့စိုက်ခြံနှင့်နီးစပ်ရာဒေသများတွင်အခြေချနေထိုင်သည့်မိသားစုရှိသောလုပ်သားများကို မကျွမ်းကျင်သည့်တိုင်လေ့ကျင့်သင်ကြားမွေးမြူစေခိုင်းခြင်းဖြင့်နေရပ်သံယောဇဥ်၊ခြံသံယောဇဥ်ဖြင့်ရေရှည်လုပ်ကိုင်နိူင်သောလုပ်သားရရှိမည်ဖြစ်ပါသည်၊လုပ်သားသစ်ခေါ်ယူရာတွင်လည်းယခင်ရှိပြီးသားယုံကြည်စိတ်ချရသောလုပ်သားများနှင့်အဆက်အသွယ်ရှိသောနေရပ်မှလုပ်သားများကိုခေါ်ယူလေ့ကျင့်ပေးပြီးလုပ်သားသစ်မွေးနိုင်ပါသည်၊မည်သို့ပင်ဖြစ်စေကာမှုရာဘာစိုက်ပျိူးရေးလုပ်ငန်းအတွက်ကျွမ်းကျင်လုပ်သားလိုအပ်ချက်သည် အဓိကပြဿနာတစ်ရပ်အနေနှင့်ရှိနေအုန်းမည်ဖြစ်ပြီး ယခုအခါမြန်မာ့နှစ်ရှည်ပင်လုပ်ငန်း စိုက်ပျိူးရေးဌာနမှလည်း အစေးလှီးကျွမ်းကျင်သင်တန်းများဖွင့်လှစ်သင်ကြားလျှက်ရှိရာရေရှည်အကျိူးအတွက်လုပ်သားရွှေးချယ်စေလွတ်သင်ကြားကာနည်းပညာပြန့်ပွားနိူင်ပါသည်၊လုပ်သားပြဿနာနှင့်ပတ်သက်လာလျှင်ခြံရှင်တိုင်း အုပ်ချူပ်သူတိုင်းတွင်ညသုမနကျောမှာဒဏ်ရာ ကိုယ်စီနှင့်ရှိနေမည်မှာသေချာပါသည်။
(5)အများအားဖြင့်ပြည်တွင်းစျေးကွက်ထက်ပြည်ပစျေးကွက်ကို မှီခိုနေရသည်ဖြစ်ရာစျေးကွက်အနေအထား၊စျေးကွက်လိုအပ်ချက်နှင့်ထုတ်ကုန်အရည်အသွေးကိုအမြဲဆန်းစစ်နေရန်လိုအပ်ခြင်း။ ထွက်ရှိလာသောရာဘာအစေးပြားများရောင်းချရာတွင်နိုင်ငံတကာအဆင့်မှီအရည်အသွေးကို အရင်းအနှီးများစွာမြုပ်နှံနိူင်သောကုမ္ပဏီကြီးများမှအခြားပြည်တွင်းခြံကြီး ခြံငယ်များမှမစွမ်းဆောင်နိူင်သေးပါ၊နိုင်ငံတော်၏ပံ့ပိုးကူညီမှုဆိုသည်ကား ရာဘာစိုက်တောင်သူများအတွက် အစိုးရအဆက်ဆက် ရွှေပြည်တော် မျှော်တိုင်းဝေးပါ၊ပြည်တွင်းသုံးစွဲမှုစျေးကွက်ရှိသည်ဆိုသော်လည်းတစ်နိုင်ငံလုံး၏ကုန်ထုတ်လုပ်မှုကိုမဖြုန်းတီးနိူင်သေးသဖြင့်နီးစပ်ရာ ထိုင်း/တရုတ်စသောအိမ်နီချင်းနိုင်ငံများ၏ဝယ်လိုအားအပေါ်များစွာမှီခိုနေရဆဲဖြစ်ပါသည်၊သို့ဖြစ်၍ ဝယ်ယူသောဝယ်လက် အပေါ်မူတည်ကာ ရာဘာပြားအရည်အသွေးကိုမြှင့်တင်နေဘို့လိုအပ်ပါသည်၊နေလှန်းပြား/မှိူင်းခံပြားထုတ်လုပ်ရာတွင်အစေးပြားအထူအပါး၊သုံးစွဲသည့်အက်စစ်အမျိုးအစားနှင့်စျေးကွက်အနေအထား၊အခြားဆင့်ကဲပြောင်းလဲလာတတ်သည့်နည်းပညာများကိုလည်းလေ့လာ
ဆန်းစစ်နေရန်လိုအပ်ပါသည်။
(6)အခြားဖော်ပြရန်ခက်ခဲသောကြိုတင်သိရှိထားရန်မစွမ်းသာသည့်အခြေအနေများ။အနီးစပ်ဆုံးဖော်ပြရလျှင်လက်ရှိတိုင်းပြည်အနေအထားပင်ဖြစ်ပါသည်၊ပြည်ပပို့ကုန်အတွက်နယ်စပ်လမးကြောင််းများပုံမှန်အနေအထားမရှိမှု၊နယ်မြေမအေးချမ်း၍အချို့စိုက်ခြံများလုပ်ငန်းရပ်တန့်ထားရှိရမှုနှင့်အိမ်နီချင်းထိုင်းနိုင်ငံ၏ရာဘာအရည့အသွေးထုတ်ကုန်ပမာဏကန့်သတ်လိုက်မှုအခြေအနေများသည် ရာဘာခြံရှင်များအတွက်မျှော်မှန်းမထားသောအခက်အခဲများဖြစ်ပြီး ထိုက်တန်သောစျေးနှူန်းအမြတ်အစွန်းရှိမှုထက်လုပ်ငန်းလည်ပတ်နိူင်ရေးသာရုန်းကန်နေရသောအခြေအနေဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
Shwe Htoo(ဟန်ကဒိုင်း)1-9-24

2-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ်များ မိုးကောင်းဆဲပါ။မွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြ...
01/09/2024

2-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ်များ မိုးကောင်းဆဲပါ။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ မိုးအသင့်အတင့်မှ မိုးကြီးနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

1-9-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်း မြို့နယ် များ မိုးကောင်းပါမည်။မွန်ပြည်နယ် သထုံမြို့နယ်ကရ...
31/08/2024

1-9-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ် များ မိုးကောင်းပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေရာကွက်ကျား မိုးကြီးနိူင်ပါသည်။

(Wundy App ခန့်မှန်းချက် 80%ပါ)

31-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ် မိုးကောင်းပါမည်။ဘုတ်ပြင်း  ကော့သောင်းမြို့နယ်များ နေ့လည်ပိုင်း မိုးအသ...
30/08/2024

31-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် မြို့နယ် မိုးကောင်းပါမည်။
ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ နေ့လည်ပိုင်း မိုးအသင့်အတင့်ရွာပြီး နေရာကွက်ကျား မိုးကြီးနိူင်ပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးစံအတိုင်း မိုးကောင်းဆဲပါ။

(Windy App ခန့်မှန်းချက် 80%ပါ)

30-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို့နယ်များ....မွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြည်နယ် ဘားအ...
29/08/2024

30-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ....
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များအားလုံး မုန်တိုင်းအရှိန်ကြောင့် မိုးကောင်းပါအုန်းမည်။

(Windy Appခန့်မှန်းချက် 80%ပါ)

29-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို နယ်များမွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြည်နယ် ဘားအံမြိ...
28/08/2024

29-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို နယ်များ
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ အားလုံး မိုးအသင့်အတင့်မှ မိုးကောင်းပါအုန်းမည်။

(Windy Appခန့်မှန်းချက် 80%ပါ)

28-8-24ရက်နေ့-တနင်္သာရီ တိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို့နယ်များ တစ်ကျော့ပြန် မိုးကောင်းပါအုန်းမည်။မွန်ပြည်...
27/08/2024

28-8-24ရက်နေ့-
တနင်္သာရီ တိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ တစ်ကျော့ပြန် မိုးကောင်းပါအုန်းမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် မိုးဆက်လက်ကောင်းဆဲပါ။

(Windy App ခန့်မှန်းချက် 80%ပါ)

"" ရာဘာလောက. အမှတ်တရများ  အပိုင်း(28)""   ရာဘာစိုက်ပျိူးရေးလုပ်ငန်းသည် ရေရှည်အစီအစဥ် လုပ်ငန်းစဥ်များချမှတ်လုပ်ကိုင်ရသော ...
26/08/2024

"" ရာဘာလောက. အမှတ်တရများ အပိုင်း(28)""

ရာဘာစိုက်ပျိူးရေးလုပ်ငန်းသည် ရေရှည်အစီအစဥ် လုပ်ငန်းစဥ်များချမှတ်လုပ်ကိုင်ရသော စက်မှုကုန်ကြမ်း ထုတ်ကုန်တစ်ခုဖြစ်သည့်အားလျှော်စွာ(ဧရိယာကြီးမားကျယ်ပြန့်သောစိုက်ခြံကြီးများနှင့်စိုက်ပျိူးရေးကုမ္ပဏီကြီးများကိုဆိုလိုပါသည်၊တစ်ပိုင်တစ်နိူင်ခြံငယ်များသည်လည်းနှစ်ရှည်ပင်စိုက်ပျိူးရေးလုပ်ငန်းဖြစ်သည့်အတွက်မှတ်တမ်းမှတ်ရာများနှင့်ထုတ်လုပ်မှုကို နှစ်အလိုက် အပင်သက်တမ်းအလိုက် စာရင်းပြုစုထားလျှင်သင့်တော်ပါသည်)အောက်ဖော်ပြပါအချက်များသည် အထူးအရေးကြီးပါသည်-
(1)စိုက်ပျိူးမည့်ရေမြေဒေသနှင့်ကိုက်ညီသောမှန်ကန်သည့်မျိူးရွှေးချယ်မှု၊
(2)စတင်စိုက်ပျိုးချိန်မှစ၍ အစေးထုတ်လုပ်သည့်အချိန်ကာလ အနည်းဆုံး(6)နှစ်မှ(7)နှစ်အထိ ပေါင်းရှင်းလင်းခြင်း၊အစားထိုးစိုက်ပျိူးခြင်း၊မြေသြဇာကျွေးခြင်းနှင့်ပလက်ဖောင်းပေါက်ခြင်းအစရှိသော စိုက်ခင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်လုံလောက်သောရင်းနှီးမြုပ်နှံမှုပမာဏရှိရန်လိုအပ်ခြင်း၊
(3)စိုက်ခင်းအားထိန်းသိမ်းစောင့်ရှောက်ရန် ပိုင်ရှင်ဖြစ်စေ၊သီးခြားတာဝန်ပေးအပ်ခြင်းခံရသောကျွမ်းကျင်ဝန်ထမ်းဖြစ်စေ မိမိစိုက်ခင်း၏စိုက်ပျိုးပြီးရာဘာပင်များ၏အခြေအနေနှင့်ခေတ်နှင့်အညီပြောင်းလဲတတ်သောစ်ိုက်ပျိူးရေးလုပ်ငန်းများ၏သဘောသဘာဝကို မျက်ခြေမပြတ် စူးစမ်းလေ့လာနေရန်လိုအပ်ခြင်း၊
(4)ရာဘာစိုက်ပျိူးရေးလုပ်ငန်း၏အဓိက အခက်အခဲတစ်ရပ်ဖြစ်သော ကျွမ်းကျင်လုပ်သား ထိန်းသိမ်းရေးအတွက် လုပ်သား၏သဘောသဘာဝကိုသိရှိထားရန်နှင့်လိုအပ်ပါက အစားထိုးနိူင်ရန်ပြင်ဆင်ထားရှိဘို့လိုအပ်ခြင်း၊
(5)အများအားဖြင့်ပြည်တွင်းစျေးကွက်ထက်ပြည်ပစျေးကွက်မှီခိုနေရသည်ဖြစ်ရာ စျေးကွက်အနေအထား၊စျေးကွက်လိုအပ်ချက်နှင့်ထုတ်ကုန်အရည်အသွေးကိုဆန်းစစ်နိူင်ရန်လိုအပ်ခြင်း၊
(6)အခြားဖော်ပြရန်ခက်ခဲသောကြိုတင်သိရှိထားနိူင်ရန်မစွမ်းသာသည့်အခြေအနေများ။

(1)စိုက်ပျိူးမည့်ရေမြေဒေသနှင့်ကိုက်ညီသောမှန်ကန်သည့်မျိုးရွှေးချယ်မှု။ ရာဘာစိုက်ပျိူးရေးလုပ်ငန်းတွင် ရှေးအစဥ်အဆက် မိရိုးဖလာစိုက်ပျိုးခဲ့ကြသော အစေ့စိုက်မျိူး၊နောင်နန်းမျိူးများမှသည် ပထမမျိူးဆက် ဒုတိယမျိူးဆက်ကျော်လွန်ပြီး အစေးထွက်နှူန်းကောင်းသော ကိုင်းဆက်မျိူးများကိုရွှေးချယ်စိုက်ပျိူးလာကြသည်ဖြစ်ရာ ရင်းနှီးမြုပ်နှံရသောငွေကြေးပမာဏသည်လည်းပိုမိုများပြားလာသည်ဖြစ်သည်၊ထို့ကြောင့်မိမိစိုက်ပျိူးမည့်အရပ်ဒေသ၊ရေမြေသဘာဝနှင့်ကိုက်ညီမည့်မျိူးများကိုသာရွှေးချယ်စိုက်ပျိူးရန်လိုအပ်ပါသည်၊ယခင်ခေတ်ကာလက စိုက်ခြံဟောင်းများ ရှေးကစိုက်ပျိုးထားသူများ၏စိုက်ပင်များကိုသာမေးမြန်းစုံစမ်း၍စိုက်ပျိူးခဲ့ကြသော်လည်း ယခုအခါအင်တာနက်ဆက်သွယ်ရေးစံနစ်များကောင်းမွန်စွာသုံးစွဲလာနိူင်ပြီဖြစ်ရာ မိမိစိုက်ခြံနှင့်နီးစပ်ရာ စိုက်ခြံကြီးများ၊စိုက်ပျိူးရေးကုမ္ပဏီများနှင့်အိမ်နီချင်းနိင်ငံများမှသင့်တော်မည့်မျိူးများကို လေ့လာရှာဖွေစိုက်ပျိူးရန်အခွင့်အလမ်းပိုသာပြီး ရာဘာစိုက်ပျိူးရေးအတွက် စိုက်ပျိူးရေးဌာန၊မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းမှသုတေသနပြုလုပ်ပြီး သင့်တော်သောမျိူးကောင်းမျိူးသန့်များလမ်းညွန်ပြသမှုကိုရွှေးချယ်နိူင်သလို၊ရာဘာစိုက်ပျိူးရေးအသင်းအဖွဲ့များ၊လုမှုကွန်ယက်ပေါ်မှအောင်မြင်ဖြစ်ထွန်းနေသောနီးစပ်ရာစိုက်ပျိူးရေးခြံကြီးများသို့သွားရောက်လေ့လာကာရွှေးချယ်စိုက်ပျိူးနိူင်ပါသည်။

(2)စတင်စိုက်ပျိုးချိန်မှစ၍အစေးထုတ်သည့်အချိန်ကာလအနည်းဆုံး(6)နှစ်မှ(7)နှစ်အထိပေါင်းရှင်းလင်းခြင်း၊အစားထိုးစိုက်ပျိူးခြင်း၊မြေသြဇာကျွေးခြင်းနှင့်
ပလက်ဖောင်းပေါက်ခြင်းအစရှိသောစိုက်ခင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက်လုံလောက်သောရင်းနှီးမြုပ်နှံမှုပမာဏရှိရန်လိုအပ်ခြင်း။ ဤအချက်သည်ရာဘာစိုက်ပျိူးရေးလုပ်ငန်းတွင်သာမကပဲနှစ်ရှည်ပင်စိုက်ပျိူးရေးလုပ်ငန်းအားလုံးအတွက်အရေးကြီးသောအချက်ဖြစ်သည်၊နှစ်ရှည်စိုက်ခြံတစ်ခု၏စတင်စိုက်ပျိူးချိန်မှကုန်ထုတ်လုပ်ငန်းစတင်သည့်အချိန်ကာလအထိလုံလောက်သောရင်းနှီးမြုပ်နှံမှုငွေရေးကြေးရေးကိုတွက်ချက်ထားခြင်းမရှိပဲ ကျယ်ပြန့်ကြီးမားသော ဧရိယာဧက များကိုစိုက်ပြီးထားရှိပြီး လုံလောက်သောစိုက်ပျိူးရေးလုပ်ငန်းစဥ်များလုပ်ဆောင်ရန်ရေရှည်ငွေရေးကြေးရေးမထည့်သွင်းနိူင်ပါက စိုက်ခင်းများပေါင်းဖုံးလွမ်း၍တောကောင်ဖျက်ဆီခြင်း၊မီးဘေးအန္တရာယ်ကြုံတွေ့ပျက်စီးနိူင်ခြင်း၊သူတပါးဝင်ရောက်ကျူးကျော်ခြင်း အစရှိသောအခက်အခဲများကြုံတွေ့ကာ ရင်းနှီးမြုပ်နှံထားရသောငွေပမာဏ တစ်စိတ်တစ်ပိုင်း(သို့မဟုတ်)အလုံးစုံဆုံးရှူံးရခြင်းမျိူးကြုံတွေ့ရနိူင်ပါသည်၊ထို့ကြောင့်မိမိစိုက်ပျိူးမည့်ဧရိယာ အပင်တန်ဘိုး လုပ်အားခ ပြုပြင်ထန်းသိမ်းစရိတ် ဒေသအလိုက်လုပ်အားခပေါက်စျေး နှင့် ငွေကြေးဖောင်းပွမှုနှူန်း အလေအလွင့်(20%)ထိ အသေးစိတ်တွက်ချက်ပြီးမှ နိူင်နင်းမည့်ဧရိယာဧက ကိုရွှေးချယ်စိုက်ပျိူးသင့်ပါသည်။

(3)စိုက်ခင်းထိန်းသိမ်းစောင့်ရှောက်ပိုင်ရှင်ဖြစ်စေ၊သီးခြားတာဝန်ပေးအပ်ခြင်းခံရသောကျွမ်းကျင်ဝန်ထမ်းဖြစ်စေ
မိမိစိုက်ခင်း၏စိုက်ပျိုးပြီးရာဘာပင်များအခြေအနေနှင့်ခေတ်နှင့်အညီပြောင်းလဲတတ်သောစိုက်ပျိုးရေးလုပ်ငန်း၏သဘောသဘာဝကိုမျက်ခြေမပြတ်စူးစမ်းလေ့လာနိူင်ရန်လိုအပ်ခြင်း။ နှစ်ရှည်ပင်စိုက်ခြံတစ်ခုစတင်တည်ထောင်ပြီဆိုလျှင်စိုက်ခြံထိန်းသိမ်းစောင့်ရှောက်ရန် စိုက်ခြံ အတွင်းအမြဲတစေနေထိုင်နိူင်ရန်လိုအပ်ပါသည်၊စိုက်ပျိူးပြီးပစ်ထားပါက အဟောသုကံဖြစ်ဘို့ကသေချာပါသည်၊ထိုသို့နေထိုင်ရန်အတွက် ပိုင်ရှင်ဖြစ်စေ၊ပိုင်ရှင်မှအခြားစီးပွားရေးလုပ်ငန်းများနှင့်မအားလပ်ပါက ယုံကြည်စိတ်ချရသောဆွေမျိူးသားချင်းဖြစ်စေ၊စိုက်ခြံ၏ဧရိယာ အကျယ်အဝန်းအလိုက်စိုက်ပျိူးရေးလုပ်ငန်းကိုစိတ်ပါဝင်စားပြီးကျွမ်းကျင်သောအုပ်ချူပ်သူဝန်ထမ်းထားရှိရန်လိုအပ်ပါသည်၊သို့မှသာစိုက်ပျိူးပြီးအပင်များအသေအပျောက်၊အစားထိုးစိုက်ပျိူးမှု၊မြေသြဇာကျွေးခြင်းနှင့်အခြားသောစိုက်ပျိူးရေးလုပ်ငန်းစဥ်များကိုလုပ်ကိုင်နိူင်မည်ဖြစ်ပါသည်၊ပြောင်းလဲလာသောသဘာဝဖြစ်သည့်အစေ့စိုက် အပင်စိုက်ပျိူးခြင်းမှကိုင်းကူးစိုက်ပျိူးခြင်း၊သဘာဝမြေသြဇာ၊ဇီဝမြေသြဇာများသုံးစွဲရာမှအပင်များစားသုံးရန်လွယ်ကူသည့်ဓာတ်မြေသြဇာကျွေးခြင်းသို့ကူးပြောင်းလာရာတွင်မှန်ကန်သောမြေသြဇာအမျိူးအစားရွှေးချယ်မှု၊မြေသြဇာကျွေးချိန်၊ပမာဏ ကိုစူးစမ်းလေ့လာသုံးသပ်ရွှေးချယ်တတ်ရန်လိုအပ်ပြီးလူစွမ်းအားဖြင့်ပါပေါင်းရှင်းလင်းခြင်းစံနစ်မှမြက်ဖြတ်စက်များသုံးစွဲပြီး စက်စွမ်းအားသို့ တဖြည်းဖြည်းပြောင်းလဲလာပြီဖြစ်ရာ လုပ်အားခ၊စက်ပစ္စည်း၊စက်သုံးဆီ၊မြေသြဇာတန်ဘိုးများအလေအလွင့်အဆုံးအရှူံးမဖြစ်ပေါ်စေရေး အမြဲမပြတ် စိတ်ပါဝင်စားစွာ မှန်ကန်သောသုံးသပ်နိူင်စွမ်းရှိရန်လိုအပ်ပါသည်။

(မိမိစိုက်ပျိူးရေးလုပ်သက်အတွေ့အကြုံအရဖော်ပြခြင်းဖြစ်ပြီးလိုအပ်ချက်များနှင့်အယူအဆကွဲလွဲစရာများရှိကောင်းရှိနိူင်ပါသည်။)

(ဆက်လက်ဖော်ပြပါမည်)
Shwe Htoo(ဟန်ကဒိုင်း)26-8-24

27-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ကော့သောင်း  ဘုတ်ပြင်းမြို့နယ် များ နေရာကွက်ကျား မိုးထစ်ချူန်းရွာနိူင်ပါသည်။မွ...
26/08/2024

27-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်း ဘုတ်ပြင်းမြို့နယ် များ နေရာကွက်ကျား မိုးထစ်ချူန်းရွာနိူင်ပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များနေ့လည်ပိုင်းနေသာ၍မိုးအသင့်အတင့်ရွာပါမည်။

(Windy App ခန့်မှန်းချက် 80%ပါ)

26-8-24ရက်နေ့ -တနင်္သာီတိုင်းဒေသကြီးမြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များမွန်ပြည်နယ် သထုမြို့နယ်ကရင်ပြည်နယ် ဘားအံမြို့န...
25/08/2024

26-8-24ရက်နေ့ -
တနင်္သာီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ
မွန်ပြည်နယ် သထုမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာနိူင်သော်လည်း မိုးအသင့်အတင့်မှ မိုးကောင်းနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

24-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်း မြို့နယ် များ နေရာကွက်ကျားမိုးရွာနိူင်သော်လည်း အများအား...
23/08/2024

24-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ် များ နေရာကွက်ကျားမိုးရွာနိူင်သော်လည်း အများအားဖြင့်သာယာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာ၍ မိုးကောင်းပါမည်။

Windy App ခန့်မှန်းချက် 80%ပါ။

23-8-24ရက်နေ့-တနင်္သာရီတိုင်းမြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ်များ မိုးအနည်းငယ်ရွာနိူင်ခြေရှိသော်လည်း များသောအားဖြင့်ရ...
22/08/2024

23-8-24ရက်နေ့-
တနင်္သာရီတိုင်း
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ်များ မိုးအနည်းငယ်ရွာနိူင်ခြေရှိသော်လည်း များသောအားဖြင့်ရာသီဥတု သာယာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် နေ့လည်ပိုင်းနေသာနိူင်သော်လည်း မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

22-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို့ နယ်များ နေ့လည်ပိုင်းနေသာပြီး မိုးအသင့်အတင့်ရွာနိူင...
21/08/2024

22-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့ နယ်များ နေ့လည်ပိုင်းနေသာပြီး မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ်များ မိုးထစ်ချူန်းရွာနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

21-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ကော့သောင်း  ဘုတ်ပြင်း မြို့နယ် များ မိုးရွာနိူင်ခြေအသင့်အတင့်ရှိသော်လည်း များ...
20/08/2024

21-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်း ဘုတ်ပြင်း မြို့နယ် များ မိုးရွာနိူင်ခြေအသင့်အတင့်ရှိသော်လည်း များသောအားဖြင့်သာယာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာ၍တစ်နေကုန် မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

ညနေ(5)နာရီထိုးလို့..ဝက်သား......ဒီအတိုင်းဆို......တွယ်  ပါ   မယ်.........
18/08/2024

ညနေ(5)နာရီထိုးလို့..
ဝက်သား......ဒီအတိုင်းဆို......
တွယ် ပါ မယ်.........

19-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် ကော့သောင်းမြို့နယ်များ ရာသီဥတုသာယာ၍မိုးအသင့်အတင့်ရွာနိူင်ပါသည်။ဘုတ်ပြင်း မြို့...
18/08/2024

19-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်းမြို့နယ်များ ရာသီဥတုသာယာ၍မိုးအသင့်အတင့်ရွာနိူင်ပါသည်။
ဘုတ်ပြင်း မြို့နယ် နေ့လည်ပိုင်းမိုးအသင့်အတင့်ရွာပါမည်။
မွန်ပြည်နယ် သထုံ မြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များနေ့လည်ပိုင်းနေသာ၍မိုးအသင့်အတင့်ရွာနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

16-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ကော့သောင်းမြို နယ်များ နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍မိုးအသင့်အတင့်ရွာနိူင...
15/08/2024

16-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်းမြို နယ်များ နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍မိုးအသင့်အတင့်ရွာနိူင်ပါသည်။
ဘုတ်ပြင်းမြို့ နယ် မိုးထစ်ချူန်းရွာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေသာချိန်နဲပြီးမိုးကောင်းနေပါအုန်းမည်။

(Windy App ခန့်မှန်းချက် 80%ပါ)

15-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းမြို့နယ် နံက်ပိုင်းနေသာ၍နေ့လည်ပိုင်း မိုးထစ်ချူန်းရွာနိူင်ပါသည်။မြိတ် ကော့သ...
14/08/2024

15-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
ဘုတ်ပြင်းမြို့နယ် နံက်ပိုင်းနေသာ၍နေ့လည်ပိုင်း မိုးထစ်ချူန်းရွာနိူင်ပါသည်။
မြိတ် ကော့သောင်းမြို့နယ်များ
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များနေ့လည်ပိုင်းနေသာ၍ မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

14-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း ကော့သောင်းမြို့နယ်များမွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြည်နယ် ဘာအံမြို့...
13/08/2024

14-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘာအံမြို့နယ် များအားလုံး နေ့လည်ပိုင်းနေသာ၍ မိုးအသင့်အတင့်ရွာကာ တစ်ခါတစ်ရံ မိုးကောင်းနိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

13-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်း မြို့နယ် များ နေ့လည်ပိုင်းနေသာ၍မိုးအသင့်အတင့်ရွာနိူင်ချ...
12/08/2024

13-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်း မြို့နယ် များ နေ့လည်ပိုင်းနေသာ၍မိုးအသင့်အတင့်ရွာနိူင်ချေရှိပါသည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေသာချိန်အနည်းငယ်ရှိ၍ အထိုက်အလျှောက် မိုးကောင်းနေပါအုန်းမည်။

(Windy App ခန့်မှန်းချက် 80%ပါ)

"" ရွာကျောင်း  အပိုင်း(8) ""    ကိုးတန်း(တတိယနှစ်)ဥသျှစ်ပင်တွဲဘက်အထက သို့ရောက်ရှိချိန်မှာတော့ ရှစ်တန်းနှစ်တစ်နှစ်လာတက်ဖူ...
11/08/2024

"" ရွာကျောင်း အပိုင်း(8) ""

ကိုးတန်း(တတိယနှစ်)ဥသျှစ်ပင်တွဲဘက်အထက သို့ရောက်ရှိချိန်မှာတော့ ရှစ်တန်းနှစ်တစ်နှစ်လာတက်ဖူးပြီးသားဖြစ်၍ကျောင်းသည် မိမိနှင့်မစိမ်းတော့ပါ၊ယခင်တွဲဖော်တွဲဖက်သူငယ်ချင်းများဖြစ်ကြသော ညွန့်ဝင်း(မဥ္ဇူ)၊ဇော်မင်းအောင်(သစ်တော-ဆုံးပြီ)၊မြင့်ဝေ(ဆုံးပီ)၊ညီထွေး(ဆုံးပီ)၊မင်းအောင်လွင်(လဲရွာ)၊ကျော်နိူင်(ရန်ကုန်-ရွှေပြည်သာ)၊စိုးနိူင်(သခွတ်တန်း-ဆိုင်ကယ်ပြင်ဆိုင်ဖွင့်နေ)၊ခင်အောင်ထွန်း(မဆုံးသေး၊ညောင်ခြေထောက်မှာကျောက်ကန်ထရိုက်လုပ်နေ)တို့နှင့်အတူပြန်လည်တက်ရပါသည်၊သင်တရာများကတော့ရှေ့ကအပိုင်းများတွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်၊ကိုးတန်းနှစ်တွင်တွဲမိသူများထဲတွင်မှညွန့်ဝင်း၊ဇော်မင်းအောင်နှင့်ကျော်နိူင်တို့မှာကျောင်းစာနဲ့ပတ်သက်ပြီးထူးချွန်သူများဖြစ်သည့်အပြင်စာကို အပတ်တကုတ်ကြိုးစားသူများဖြစ်ကြသဖြင့်မိမိပါယောရောင်ကာ ကြိုးစားရပါတော့သည်၊နှစ်စပိုင်းတွင်မည်မျှပင်ကြိုးစားကြိုးစား နှစ်လည်လောက်ရောက်သောအခါ ထုံးစံအတိုင်းကျောင်းတက်မမှန်ချင်တော့ပါ၊ည(8)နာရီထိုးလျှင်ကိုကြည်လက်ဘက်ရည်ဆိုင်နောက်ဘက်က ဗွီဒီယိုရုံ(ထိုစဥ်ကတစ်ယေယက်နှစ်ကျပ်ပေးရပါသည်)ရောက်နေပြီဖြစ်သလို တစ်ပတ်တစ်ခါလောက် ရွှေပင်ခန်းမ တွင်ပိတ်ကားထောင်ပြသောရုပ်ရှင်ကိုလဲကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မလွတ်တမ်းအားပေးပါသည်၊ခန်းမအတွင်း ပိတ်ကားထောင်ပြီး ထိုင်ကြည့်စရာဖျားများကိုနံပတ်စဥ်များတပ်၍ခင်းထားပြီး ဇတ်ပွဲပုံစံအတိုင်းဖျာရောင်းပါသည်၊ဖျာတစ်ချပ်ခြောက်ကျပ် ဖျာတစ်ချပ်ဝယ်လျှင်လူကြီးလက်မှတ်လေးစောင်ရသဖြင့် လူလေးယောက်စုလိုက်လျှင်ဖျာတစ်ချပ်ဖြင့်သာသာယာယာကြည့်၍ရပါပြီ၊ပုံမှန် ညကိုးနာရီဝန်းကျင်ခန့်စပြတတ်ပြီး ရုပ်ရှင်စပြတော့မည်ဆိုလျှင် အဆိူတော်တင်တင်မြ၏အစိန္တေယ သီချင်းကိုအမြဲဖွင့်ပါသည်၊ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် အစိန္တေယ သီချင်းသံကြားလိုက်တိုင်း ရွှေပင်ခန်းမကြီးနှင့်ဥသျှစ်ပင်ကို ထိထိမိမိလွမ်းမိသည်ကတော့ အဝေးရောက်ဥသျှစ်ပင်ရှေးဟောင်းလူသားတိုင်းကြုံဖူးကြမည်ထင်ပါသည်။
နှစ်လည်လောက်ရောက်တော့ကျောင်းတက်မမှန်တော့ပါ၊တစ်ပတ်လျှင်စနေ၊တနင်္ဂနွေ နှစ်ရက်ပန်တောင်းမြို့တွင်ဖွင့်လှစ်သော ဆရာဦးမောင်မောင်ကြီးနှင့်ဆရာဦးမျိုးမြင့်တို့၏အင်္ဂလိပ်စာ၊သင်္ချာကျူရှင်သို့သာ သွားတက်ပြီးလေချင်တိုင်းလေပါတော့သည်၊တစ်အိမ်သားလုံးက ရိုးမပေါ်တက်စီးပွားရှာနေရသည်ဖြစ်သဖြင့်တစ်ယောက်တည်းပြောမဲ့ဆိုမဲ့သူမရှိတာလဲပါ ပါသည်၊ဆရာဦးလှမျိူးထွန်း လက်တိုလက်တောင်းခိုင်းနေကျဖြစ်သဖြင့် သူ့အခန်းတွင့အနေများပြီးစာနဲ့တော့သိပ်စိမ်းလှသည်မရှိခဲ့ပါ။
ထုံးစံအတိုင်း မိုးကုန်လို့သီတင်းကျွတ်ဆိုလျှင်ပြည်မြို့မှာမီးထွန်းပွဲတော်ကျင်းပပါပြီ၊ထိုစဥ်က လျှပ်စစ်မီးယခုလို ဒုက္ခမများသောကာလဖြစ်သဖြင့် ပြည်မြို့၏သီတင်းကျွတ်ပွဲတော် မီးထွန်းပွဲညများသည်ရပ်ကွက်အတွင်းရှိလမ်းများတွင်ဝါးတိုင်များဖြင်းအုပ်မိုး၍ရောင်စုံမီးသီးများထွန်းထကြရာ ဖြတ်သွားသည့်အခါတိုင်းမီးရောင်စုံလှိူဏ်ဂူကြီးထဲဝင်သွားသည့်အရသာမျိူးကိုပြည်သီတင်းကျွတ်မီးထွန်းပွဲတော်တွင်သာရရှိပါသည်၊ထိုအချိန်ဆိုပြည်မြို့ရှိအထက(3)မှသူငယ်ချင်းများဖြစ်ကြသော သိန်းနိူင်၊ရဲသူ၊သင်းကျော်ဆွေမိုး တို့ဖြင့် မီးထွန်းပွဲတော်လည်ပတ်ကြပါတော့သည်၊ထိုစဥ်ကအထက်တန်းကျောင်းသားဘဝ လူပျိူပေါက်ဆိုသော်ငြားလည်း ထိုခေတ်ထိုကာလ လူငယ်များသည် အရက်သေစာဝေးလို့ ဆေးလိပ်ပင်မသောက်တတ်ကြပါ၊(ဆေးပြားဆိူတာကတော့ဝေးရော)သီတင်းကျွတ်ပွဲတော်ပြီလျှင် မကြာပါဘူးပြည်တန်ဆောင်တိုင်စွယ်တော်လှည့်ပွဲလာပါပြီ၊ပုံမှန်စွယ်တော်လှည့်လည်အပူဇော်ခံခြင်းကိုရွှေဆံတော်ဘုရားပေါ်၌ကျင်းပပြီး သုံးနှစ်တစ်ကြိမ်မြို့ထဲလှည့်လည်အပူဇော်ခံသည့်ပွဲကနတာ့ ပြည်မြို့၏အစည်ကားဆုံးတန်ဆောင်တိုင်ပွဲတော်ကြီးပင်ဖြစ်သည်။
ရွှေဆံတော်ဘုရားမြောက်ဘက်မုဒ်ကားလမ်းမကြီးမှအထက(1)ကျောင်းရှေ့ထိလမ်းဘေးဘယ်ညာစျေးဆိုင်ခန်းများအပြည့်၊ဗိုလ်ချူပ်ကြေးရုပ်မှခေတ္တရာမြို့သစ်ဘက်သွားရာလမ်းတစ်လျှောက်လဲဘယ်ညာစျေးဆိုင်ခန်းများဖြင့်မီးရောင်တထိန်ထိန် လော်စပီကာသံတညံညံဖြင့်လည်မဆုံးပတ်မဆုံးဖြစ်နေတတ်သည်၊အမှတ်အရဆုံးကိုပြောရလျှင်ကောက်ညှင်းကျည်တောက်နှင့်အမဲကြော်ပါ။
မှတ်မိနေသည့်ဇတ်ပွဲများက ယာဥ်ကျေးမှုရုံတွင် ဘီအီးဒီအောင်သိုက်၊လိပ်ကန်ဝန်းမှာပုလင်းစိန် ဖန်ခွက်စိန် အမြည်းစိန်နှင့်မန္တလေးသိန်းဇော် နှစ်ရုံအပြိုင်၊အမှတ်(1)ကျောင်းဘောလုံးကွင်းတွင် ဦးမောင်မောင်ဆပ်ကပ်နှင့်မုန်တိုင်းဇတ်သဘင်၊ဓာတ်လှေကားအခြေရှိကွင်းတွင် စိန်မာဒင်သားမိုးဝင်း၊လိပ်ကန်အဝင်လမ်းတွင်မျောက်ဖိုးစိန်နှင့်သုံးကားတစ်ကျပ်နှင့်အတိုအစဇတ်ကားလေးတွေပြသောရုပ်ရှင်ရုံ၊အနောက်ဘက်မုဒ်တွင် အဏဝါ ဒုတ်ထိုးရုပ် အခြားမမှတ်မိတော့သောနေရာများနှင့်ဇတ်အဖွဲ့များစွာကျန်ပါသေးသည်။
နောက်နောင် အကြိမ်ကြိမ် ဇာတိမြို့သို့ရောက်ရှိသော်လည်း တန်ဆောင်တိုင်ပွဲတော်ရက်နှင့်မကြုံကြိုက်တော့ပါ။
အဲဒီတော့ သီတင်းကျွတ်၊တန်ဆောင်တိုင်ပြီးလို့ ကြည့်စရာ ရွစရာ ပြီးသွားပြီ မထင်ပါနဲ့ ရွှေပင်ခန်းမကြီးဆီသို့ ပွဲတွေ ဇတ်တွေ တခြိမ်းခြိမ်းဝင်လာပါပြီ၊ဗိုင်းကောင်းကျောက်ဖိကျောင်းသားကျောင်းသူများကတော့ အိမ်ကမိဘများ မလွှတ်ရင်မကြည့်ရဘူးပေါ့၊မိမိကတော့ ကိုယ့်ရပ်ကိုယ့်ရွာ တကူးတကလာကရှာသည် ပွဲကို အားမငယ်ရအောင် တညမပျက်အားပေးပါသည်၊အဲ့ဒါတွေတင်ပြီးသွားပြီလား မဟုတ်ပါ စာမေးပွဲတွေနီးချိန်မှတ်မှတ်ရချမ်းချမ်းစီးစိးအချိန်ကြိးတွင် ငါးမျက်နှာ ဘုရားပွဲတော်ကြီးကလည်း စည်စည်ကားကား ကျင်းပလိုက်ပါသေးသည်။

(ဆက်လက်ဖော်ပြပါမည်)
Shwe Htoo(ဟန်ကဒိုင်း)11-8-24

12-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ် ဘုတ်ပြင်းမြို့ နယ်များ တစ်ခါတစ်ရံ မိုးကျဲကျဲရွာနိူင်ခြေရှိသော်လည်းအများအားဖြင့...
11/08/2024

12-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်းမြို့ နယ်များ တစ်ခါတစ်ရံ မိုးကျဲကျဲရွာနိူင်ခြေရှိသော်လည်းအများအားဖြင့်ရာသီဥတုသာယာပါမည်။
ကော့သောင်းမြို့နယ်
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာပြီးတစ်ခါတစ်ရံ မိုးအသင့်အတင့်ရွာနိူင်ခြေရှိပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

11-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ကော့သောင်းမြို့နယ်များ နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍ မိုးအသင့်အတင့်ရွာနိူ...
10/08/2024

11-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ကော့သောင်းမြို့နယ်များ နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍ မိုးအသင့်အတင့်ရွာနိူင်ပါသည်။
ဘုတ်ပြင်း မြို့နယ် နေ့လည်ပိုင်းမိုးအနည်းငယ်ရွာနိူင်ပြီးများသောအားဖြင့်သာယာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ် နေ့လည်ပိုင်းမိုးအသင့်အတင့်မှမိုးကောင်းနိူင်ပါသည်။
ကရင်ပြည်နယ် ဘာအံမြို့နယ် နေ့လည်ပိုင်းနေသာချိန်အနည်းငယ်ရှိ၍ မိုးကောင်းပါမည်။

(Windy Appခန့်မှန်းချက် 80%ပါ)

10-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း ကော့သောင်းမြို့နယ်များမွန်ပြည်နယ် သထုံမြို့နယ်ကရင်ပြည်နယ် ဘားအံမြို...
09/08/2024

10-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ နေ့လည်ပိုင်းနေသာပြီး မိုးအသင့်အတင့်ရွာနိူင်ပါသည်။
(ရာဘာအစေးလှီးတောင်သူများ နေ့လည်ပိုင်းမိုးရွာသွန်းမှုအခြေအနေနှင့်မျက်နှာပြင်ခြောက်သွေ့မှုအနေအထားပေါ်မူတည်ကာ လုပ်ငန်းခွင်ဝင်ရောက်နိူင်ပါသည်။

(Windy App ခန့်မှန်းချက် 80%ပါ)

8-8-24ရက်နေ့-တနင်္သာရီတိုင်းဒေသကြီးမြိတ်  ဘုတ်ပြင်း  ကော့သောင်းမြို့နယ်များ နံက်ပိုင်းမိုးအနည်းငယ်ရွာနိူင်ချေရှိသော်လည်း...
07/08/2024

8-8-24ရက်နေ့-
တနင်္သာရီတိုင်းဒေသကြီး
မြိတ် ဘုတ်ပြင်း ကော့သောင်းမြို့နယ်များ နံက်ပိုင်းမိုးအနည်းငယ်ရွာနိူင်ချေရှိသော်လည်း များသောအားဖြင့်သာယာပါမည်။
မွန်ပြည်နယ် သထုံမြို့နယ်
ကရင်ပြည်နယ် ဘားအံမြို့နယ် များ အစဥ်အလာမပျက် မိုးကောင်းဆဲပါ။

(Windy App ခန့်မှန်းချက် 80%ပါ)

Address


Website

Alerts

Be the first to know and let us send you an email when Shwe Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share