Khon's Travel Diaries

  • Home
  • Khon's Travel Diaries

Khon's Travel Diaries This Page is my Travel Diaries that Blog content and Video content will be Personal Journal Entires.

22/03/2024

ဒို့ရှမ်းပြည်မှာလဲ ကားသာပေါ်နေတာ ကားကို ဖြစ်သလိုမောင်းကြတာပဲ ။ တစ်ခုခုဖြစ်သွားရင်လည်း ကိစ္စမရှိဘူး လျှော်လိုက်မယ် ဘာညာနဲ့။

ဒီနေ့လိုဖြစ်ရပ်မျိုးဆိုခနခနကြုံရတာတစ်ခုရှိတယ် ။ ကိုယ်ရှေ့ကားကိုကျော်တက်ဖို့လုပ်တော့ အဲ့ကားက လမ်းခွဆီကို ကွေ့ဝင်သွားတယ်။ မီးမပြဘာမပြနဲ့ ကိုယ်သာ နည်းနည်းမြန်သွားရင် သွားပြီပဲ။ အဲ့လိုတွေကြောင့်ပဲ ခနခနကားတိုက်မှုဖြစ်နေကြတာ ။ ကွေ့ရင်ကွေ့တဲ့ဘက် မီးပြဖို့ ကားမောင်နှင်းသူ ၊ ဆိုင်ကယ်မောင်းနှင်းသူတိုင်းသိထားဖို့ အရမ်းအရေးကြီးတယ်။

နောက်တစ်ခုက အကွေ့မှာတို့ လမ်းက ကုန်းနည်းနည်းကျလို့ ဟိုဘက်ဒီဘက်မမြင်ရတဲ့ အခြေနေမျိုးမှာ မကျော်သင့်တာကို ကျော်လာတာလည်းရှိတယ် ။

ကိုယ်ကျော်တက်လို့ ကိုယ်တစ်ခုခုဖြစ်သွားရင် ကိုယ်ခံပေါ့ ။ ဒါမဲ့ လမ်းမှန်ပြီးမောင်လာတဲ့ တစ်ဖက်လူကို ထိခိုက်မိသွားရင် ဘယ်ကောင်းလဲ ။ ကားက ပျက်ရင် ပြင်လို့ရတယ် ။ လူက ဘာမှ အပိုပါမလားဘူး ။

နောက်ပြီး တစ်ချို့ ကားအကြီးမောင်းသမားတွေက ကိုယ့်ထက်ငယ်တဲ့ကားကိုတွေ့ရင် ကားငယ်ကားလို့မမြင်ကြဘူး ။ ကုန်ပါလို့ လမ်းမချတာက အပြစ်မဟုတ်ဘူး တစ်ချို့ ခါလီနဲ့သွားတဲ့ဟာကို ကားကို ဝုန်းဒိုင်းပဲ။ အရှိန်လည်း မလျှော့ကြဘူး ။

ဒါကြောင့် ကားကိုဆင်ဆင်ခြင်ခြင်မောင်းကြဖို့ လိုပါတယ်။

'straveldiaries

04/03/2024

ဒီ Page ကို လုပ်ရတဲ့ရည်ရွယ်ချက်ပြောပါဆိုရင် ပုံမှန်အားဖြင့်ဆို ကျွန်တော်က ခရီးသွားရတာတွေ ၊ တောင်တက်ရတာတွေ ၊ သူငယ်ချင်းတွေနဲ့စုပြီး တောထွက်ရတာမျိုးကိုကြိုက်ပါတယ် ။

ကျွန်တော်သွားခဲ့သမျှ ၊ လာခဲ့သမျှ နေရာတွေရဲ့ သိသင့်သိထိုက်တဲ့ အကြောင်းတွေ၊ အတွေ့အကြုံတွေကို မန်မိုရီတစ်ခုအနေနဲ့ သိမ်းထားချင်တာလည်းပါတယ် ။

နောက်ပြီး လူသူအသွားအလာနည်းတဲ့နေရာတွေ ကို ကိုယ်တိုင်စမ်းသွားရင်း ရလာတဲ့အတွေ့အကြုံတွေကို စုစည်းထားမှာပါ ။

Address


Website

Alerts

Be the first to know and let us send you an email when Khon's Travel Diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share