29/03/2024
သင်္ကြန်တွင်း ထိုင်းမြေကိုလာလည်မယ့်သူများ
ကားကြီး/ကားသေး/ စကားပြန် guide လိုအပ်ရင် မင်မင်တို့ Best Way ကို သတိရလိုက်ပါနော် ❤️❤️
💦 21ရက်ကြာအောင်ကျင်းပမဲ့ဆုန်ကရန်ထိုင်းသင်္ကြန်အတွက် ဘန်ကောက်မှာလည်ပတ်သင့်တဲ့ နေရာများ 💦
💜2024 ခုနှစ်အတွက် ဘန်ကောက်ဆုန်ကရန်မှာလည်ရမယ့်နေရာလေး တွေကို ဖေါ်ပြပေးလိုက်ရပါတယ်။
(၁) Khao San Road
နိုင်ငံခြားသားအများဆုံး လည်ပတ်ရာနေရာဖြစ်တဲ့နာမည်ကျော် ခေါက်ဆန်လမ်းဟာလည်းဆုန်ကရမ်မှာ မလည်မဖြစ်လည်ပတ်ရမယ့်နေရာပါ။ ခပ်ကြမ်းကြမ်း ရေသေနတ်တိုက်ပွဲတွေနဲ့ မြူးကြွကြွတေးသံစုံပါတီတွေ ရှိတာကြောင့် ဆုန်ကရန်မှာမဖြစ်မနေ သွားသင့်တဲ့နေရာပါပဲ။
(၂) ဘန်ကောက်ရဲ့ Night life အတွက် နာမည်ကျော်တဲ့ဘားတွေရှိတဲ့ ဆူကိုဝစ်လမ်း နဲ့ စီးလုံလမ်းတစ်လျောက်မှာလည်း
ဆုန်ကရန်အတွက် ပြင်ဆင်မှုတွေရှိတာကြောင့် "နေ့လည်ရေကစား၊ ညဆို ဘား"ဆိုတဲ့ ညိုကီတွေအတွက် အဆင်ပြေမယ့်နေရာလေးတစ်ခုပါပဲ။
(၃) Thong Lor
ဖက်ရှင်အလန်းနဲ့ရေကစားဖေါ်တွေကို တွေ့ချင်ရင်တော့ Thong Lor ကိုသွားရောက်လည်ပတ်သင့်ပါတယ်။
ခေတ်ပေါ်ဖက်ရှင် ဒီဇိုင်းအလန်းတွေဝတ်တဲ့သူတွေချည်းပဲ ဘားတွေ ကလပ်တွေကိုလာတဲ့ နေရာတစ်ခုဖြစ်တဲ့ Thong Lor ဧရိယာမှာလည်း အရောင်စုံတဲ့ ရေကစားသူတွေကိုတွေ့ရမှာပါ။ ဖက်ရှင်ကျကျ ကဲဖို့ကတော့ Thong Lor ကိုသွားဖို့ အားပေးပါတယ်။
(၄) ပုံမှန်ရေကစားစရာနေရာတွေ အဖြစ်ကတော့ Central World, Big C, Aisatique စတဲ့ ရှောပင်းစင်တာကြီးတွေမှာတော့ ပုံမှန်ရေကစားစရာနေရာတွေကတော့ ပုံမှန်ရှိပါတယ်။
Credit to Original Uploder
Way Bkk Car Rental
#ထိုင်းနိုင်ငံကားအငှါးဝန်ဆောင်မှု့
all in one service
Car Rental