26/01/2022
𝐅𝐋𝐘 𝐀𝐋𝐋𝐈𝐀𝐍𝐂𝐄 𝐁𝐘 𝐎𝐍𝐄 𝐓𝐈𝐂𝐊𝐄𝐓
FLY ALLIANCE အား မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း နှင့် အဲသံလွင် လေကြောင်းလိုင်း ၃ လိုင်း အကျိုးတူပူးပေါင်း ဖွဲ့စည်းထားပြီး ထိုလေကြောင်းလိုင်း များမှ ခရီးစဉ်လက်မှတ်များကို ဝယ်ယူသော ခရီးသည်များ အနေဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှစတင်၍ "တူညီသည့်ခရီးစဉ်" အတွက် ပျံသန်းမည့်ရက်အတိုင်းတိုက်ရိုက် (သို့) ရက်အကန့်အသတ်မရှိ လေကြောင်းလိုင်းပြောင်းရွေ့စီးနင်းနိုင်မှာ ဖြစ်ပါတယ်ရှင်။
ခရီးသည်များ လေကြောင်းလိုင်းပြောင်းလဲစီးနင်းရာတွင် သတိပြုရန် -
- Promotion ကာလကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့အထိသက်မှတ်ထားပြီး ထိုကာလတွင် Change Fee ပေးရန်မလိုအပ်ပဲ ကြိုက်နှစ်သက်ရာ ရက်တွင် ကြိုက်နှစ်သက်ရာ လေကြောင်းလိုင်းသို့ပြောင်းလဲစီးနင်းနိုင်ပါသည်။
- Date Change/ Airline Change Fee အတွက် USD 10 (သို့) မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ် သာ ပေးအပ်ရန် လိုအပ်ပါသည်။
- မိမိ စီးနင်းလိုက်ပါမည့် လေကြောင်းလိုင်း၏ Check-in Counter သို့သာသွားရောက်၍ Check-in ပြုလုပ်ရပါမည်။
- Refund/ Cancellation ပြုလုပ်လိုပါက လက်မှတ် ဝယ်ယူထားသော လေကြောင်းလိုင်းသို့ ဆက်သွယ်ပြုလုပ်ရပါမည်။
- ဝယ်ယူထားသော ခရီးစဉ်အတွက် လေကြောင်းလိုင်းပြောင်းလဲလိုပါက လေယာဉ်မထွက်ခွာမီ ၂ နာရီအလိုအထိ ပြောင်းလဲခွင့်ရှိပါသည်။
- Frequent Flyer Member များအနေဖြင့် မိမိရရှိထားသော လေကြောင်းလိုင်းတွင်သာ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
- လေကြောင်းလိုင်း ပြောင်းလဲစီးနင်းရန် ပြုလုပ်ပြီးပါက ထိုလက်မှတ်အတွက် Non-refundable ဖြစ်ပါသည်။
- မိမိစီးနင်းလိုက်ပါမည့် လေကြောင်းလိုင်း၏ Baggage Allowance နှင့် Extra Baggage Fee သတ်မှတ်ချက်များ အတိုင်းလိုက်နာရပါမည်။
[English]
FLY ALLIANCE is the alliance created between Myanmar National Airlines (UB), Mann Yadanapone Airlines (7Y) and Air Thanlwin (ST), to ensure better flying experience for the passengers!
Our FLY ALLIANCE passengers will be able to change flights between UB, 7Y and ST, for the same sector, either on the same date or choose any date of your desired, starting from 27 January 2022.
Terms & Conditions for flight change are as follow:
- Change date or airline for free during promotion period, until 28 February 2022.
- Date change/ Airline change fee is USD 10 or MMK 10,000 only.
- You will have to check-in at the counter of the airline that you are boarding.
- If you want to make refund/ cancellation, you must contact the airline that you purchased ticket.
- If you want to change airline for your purchased ticket, you must inform at least 2 hours prior to the flight departure time.
- Frequent flyer members will only receive the frequent flyer benefits from the airline that purchased ticket from.
- Ticket is non-refundable once you have changed the airline.
- You must comply with the "Baggage Allowance and Extra Baggage Charges" requirements of the airline you are flying.
Office Address - အမှတ်(၂၉) အေ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone - 09953077753 ၊ 018605576
Email - [email protected]