Fauzia travel and tours co.ltd

  • Home
  • Fauzia travel and tours co.ltd

Fauzia travel and tours co.ltd fauzia
travelling

Famous Traveller Express ကို အစဉ်အမြဲ အားပေးကြသော ခရီးသွားပြည်သူမိဘများအား ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင...
09/05/2020

Famous Traveller Express ကို အစဉ်အမြဲ အားပေးကြသော ခရီးသွားပြည်သူမိဘများအား ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ခြင်း

မေလ ၁၆ရက်နေ့ (16.5.2020)တွင်
(၁) ရန်ကုန် - မန္တလေး - ပြင်ဦးလွင် / ပြင်ဦးလွင် - မန္တလေး - ရန်ကုန်
(၂) ရန်ကုန် - ပုဂံ - ပခုက္ကူ / ပခုက္ကူ - ပုဂံ - ရန်ကုန်
(၃) ရန်ကုန် - မြင်းခြံ / မြင်းခြံ - ရန်ကုန်
(၄) ရန်ကုန် - တောင်ကြီး / တောင်ကြီး - ရန်ကုန်
စသည့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးတော့မည်ဖြစ်ပီး

မေလ ၁၈ ရက်နေ့ (18.5.2020) တွင်
(၅) ရန်ကုန် - ရွှေဘို / ရွှေဘို - ရန်ကုန် ခရီးစဉ်ကို ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ပါသည်။

Covid-19 ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ခရီးသွား မိဘ ပြည်သူများအတွက် လုံခြုံစိတ်ချမှုရှိစေရန် နှင့် သက်တောင့်သက်သာ စီးနင်းလိုက်ပါနိုင်သော VVIP ( 1+1 ) ကားကြီးများကိုလည်း ရန်ကုန် - မန္တလေး - ပြင်ဥိးလွင် ခရီးစဉ်တွင် (16.5.2020) မှစ၍ ထည့်သွင်း ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ကြိုတင်လက်မှတ်များဝယ်ယူနိုင်ပါပြီ
09456854522/095156631/09255599439/09760152635/09456854521သို့ဆက္သြယ္မွယူနိုင္ပျါပီ

03/03/2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့်မြန်မာ့ခရီးသွားကျဆင်းပြီ
==============================
၀၁ ဖေဖော်ဝါရီလ ၂၀၂၀.
ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုး အန္တရာယ်ဟာ အခုဆိုရင်
WHO က အရေးပေါ်အခြေအနေကြေငြာရတဲ့
အခြေအနေဖြစ်လာခဲ့ပါပီ။
မြန်မာတနိုင်ငံလုံးနဲ့ တကမ္ဘာလုံးက လူသားတွေရဲ့ အသက်ဘေးအန္တရာယ်ကျရောက်နေချိန်ပါ။
ကျမ်းမာရေးအသိပညာနဲ့ စောင့်ရှောက်မှုအားနည်းတဲ့ ဒီနိုင်ငံမှာ ပိုလို့စိတ်ဒုက္ခရောက်နေရတာပါ။..
ဟိုတုန်းက SARs ရောဂါ အီဘိုလာရောဂါတွေကြောင့် ထိတ်လန့်တုန်လှုပ်ရမှုထက် ပိုမိုခံစားနေကြရတာပါ။
ဒီလိုအချိန်မှာ
ခရီးသွားလောကရဲ့ အခြေအနေတွေကလည်း
တော်တော့်ကို ဆိုးဝါးလာနေတာပါ
ကမ္ဘာပေါ်မှာကပ်ရောဂါဆန်ဆန်တွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတွေရဲ့ ခရီးသွားစီးပွားရေးက ပထမဆုံးအထိနာတာပါ..
နေ့စဥ်လိုလို ခရီးသွားလောကသားများနဲ့ မီဒီယာမောင်နှမများရဲ့ တယ်လီဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားနေရင်း
ဒီနေရာကနေ တစ်ပေါင်းထဲ ဖြေကြားလိုက်ပါရစေ။

၁။ လက်ရှိမြန်မာ့ခရီးသွားအခြေအနေ
တရုတ်ခရီးသည်အဝင်တွေကတော့
၈၀%ကျော်ရပ်တန့်သွားခဲ့ပါပီဆက်ပီးလဲ
ကျဆင်းနေဦးမှာပါ။ ဆိုက်ရောက်ဗီဇာပေးထားတာကိုလဲ ယာယီရပ်ဆိုင်းလိုက်ပါပီ။...
အခုအချိန်မှာ တရုတ်မဟုတ်တဲ့ခရီးသွားတွေကတော့
(လေယာဥ်အ၀င်အထွက်တွေပြေးဆွဲနေဆဲမို့)
(ကြိုတင်ဘွတ်ကင်ငွေပေးချေထားပီးသားမို့)
ခဏတော့လည်ပတ်နေကြတာတွေ့နေရဦးမှာပါ။
ဒါပေမဲ့
မြန်မာပြည်ကိုလွန်ခဲ့တဲ့ ရက်သတ္တ ၂ ပတ်ကစပြီး
နောက်လများအတွက်
ဘွတ်ကင်တင်တာ မေးမြန်းတာတွေ
အားလုံးနီးပါးရပ်တန့်သွားခဲ့ပါပီ။
လောလောဆယ်
ဖေဖေါ်ဝါရီလကုန်အထိလောက်တော့
ငွေပေးပီးသားဧည့်သည်တွေလာလည်တာ
မြင်နေကြရမှာပါ။
နောက်ပိုင်းလတွေ ဘွတ်ကင်မရှိသလောက်ပါ။
ထိုင်းလူမျိုးတွေလာလည်မဲ့ ဘွတ်ကင်တွေလဲ cancel ဖြစ်လျှက်ရှိပါတယ်..အခြားနိုင်ငံသားများရဲ့ ဘွတ်ကင်များလဲ အနည်းနဲ့အများ cancel ဖြစ်လျှက်ပါ...
၂။ ခရီးသွားစီးပွား၏ လာမဲ့လတွေရဲ့အခြေအနေ
၂၀၀၃ မှာဖြစ်ပွားခဲ့တဲ့ SARs ရောဂါလိုပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ခရီးသွားလောကကို ထိခိုက်မှာပါ။ အထူးသဖြင့် တရုတ်နဲ့ အရှေ့တောင်အာရှကိုပါ..။
မြန်မာပြည်ကို ခန့်မှန်းရရင်တော့ ဟိုတယ်၊ပို့ဆောင်ရေး၊စားသောက်ဆိုင်၊တိုးအေးဂျင့်နဲ့ လက်ဆောင်ပစ္စည်းဆိုင်၊
ရတနာဆိုင် ဧည့်လမ်းညွှန်လုပ်ငန်း စတဲ့ ကဏ္ဍအစုံမှာ ၆၀%ကနေ ၈၀%ထိကို ခရီးသွားစီးပွားကျဆင်းလာမှာပါ....
အချိန်ကာလခန့်မှန်းချက်ကတော့
ပထမဦးဆုံးအနနေဲ့
အခုကနေ ဖေဖော်ဝါရီ၊မတ်ချ်၊ဧပြီလတွေမှာ
ပြည်ပဧည့်အ၀င်တွေထပ်လာဖို့မမျှော်လင့်ကြပါနဲ့တော့။..
Outbound တိုး မြန်မာခရီးသည်ပြည်ပအထွက်တွေလဲ
ကျဆင်းသွားမှာပါ..၅၀% မှ ၈၀% အထိ
ကမ္ဘာ့ကူးစက်ရောဂါတွေကြောင့်
ခရီးသွားလာမှုကျဆင်းတတ်ပါတယိ..။
ပြည်တွင်းဘုရားဖူးခရီးသည်တွေကတော့
အနည်းငယ်မြင်တွေ့နေရဦးမှာပါ။...
ဒီ ၃လ အပြီး တိုးပြန်၀င်မလားဆိုတော့ မဟုတ်ပါဘူး
ဧပြီလအကုန်မှာတော့ မြန်မာပြည်ရဲ့ ခရီးသွား Low Season စတော့တာမို့ နောက် ၆ လလောက် ဆက်လက်ပီး SLOW DOWN ဖြစ်လိမ့်ဦးမယ်လို့ခန့်မှန်းပါတယ်....
အစိုးရခန့်မှန်းသင့်တဲ့ Myanmar Tourism Recovery Stage ကတော့ ၂၀၂၀ နှစ်ကုန်ပိုင်း
နို၀င်ဘာ ဒီဇင်ဘာလခန့်မှာမှ ခရီးသွားတွေ တစ တစ ပြန်တွေ့လာရမှာပါ။...
၃။ အစိုးရ GDP ထိမှာလား
သေချာပါတယ်
ဝူဟန်ကြောင့် ခရီးသွားဦးရေကျဆင်းမယ်
ခရီးသွား၀င်ငွေကျဆင်းမယ်
အလုပ်အကိုင်အခွင့်အလမ်းနှုန်းကျမယ်
အလုပ်လက်မဲ့နှုန်းတွေတက်လာမယ်၊
ဒါတွေကြောင့်နိုင်ငံ့ GDP လဲ ကျဆင်းနိုင်ပါတယ်
(မှန်ကန်တဲ့ data တွေ မရှိလို့ အကြမ်းဖျင်း အစိုးရကိန်းဂဏန်းတွေကို မှီငြမ်းပြောရရင်တော့
၂၀၁၉ခုနှစ်ရဲ့ ခရီးသွားစီးပွားကဏ္ဍမှာ
ကုမ္ပဏီ ၃၅၀၀ နီးပါး
ဧည့်လမ်းညွှန် ၁၀၀၀၀ ခန့်
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၀၀၀ ခန့်
ဗီဇာကြေးတခုတည်းကပင် နှစ်စဥ် သန်းရာချီ၀င်လျှက်
အလုပ်အကိုင် ၅သိန်းခန့်
လည်ပတ်လှုပ်ရှားနေတဲ့ မီးခိုးမဲ့စက်ရုံကြီးပါ။..
၄။ ခရီးသွားရဲ့ကဏ္ဍအစုံမှာဘာတွေဆက်ဖြစ်လာမလဲ
အစိုးရအတွက်ကတော့
👉ခရီးသွားစီးပွား SLOWDOWN ဖြစ်ပါ့မယ်
ကျဆင်းပါမယ်
👉ပုဂ္ဂလိကခရီးသွားလုပ်ငန်းတွေ Slowdown ဖြစ်ပါ့မယ်..
👉လုပ်ငန်းငယ်လေးတွေရပ်ဆိုင်းသွားနိုင်ပါတယ်
👉လုပ်ငန်းကြီးတွေ resize လုပ်ပါလိမ့်မယ် (ယေဘုယျပြောရရင်-လုပ်ငန်းချုံ့မယ် လူလျှော့မယ် အလုပ်ပမာဏလျှော့မယ် လခလျှော့မယ် စားရိတ်တွေ အကုန်လျှော့မယ်ပေါ့)
👉အခြား တိုးအေးဂျင့် စားသောက်ဆိုင် ဧည့်လမ်းညွှန် အားလုံးလဲ ဟိုတယ်လိုမျိုး resize လုပ်တာ အခြားအလုပ်အကိုင်တွေ ပြောင်းလုပ်တာဖြစ်လာကြပါ့မယ်..
👉အလုပ်လက်မဲ့နှုန်းမြင့်လာပါ့မယ်
ဒါတွေအားလုံးရဲ့ဖြစ်စဥ်တွေဟာ ၂၀၂၀ တနှစ်လုံးမှာ ဖြစ်နေအုံးမှာပါ..။

၅။ လုပ်ငန်းတွေရဲ့လက်ပူတိုက်ကုထုံး
စီးပွားရေးထိခိုက်မှုတွေအတွက် လုပ်ငန်းတွေရဲ့
လက်ပူတိုက် ကုထုံးကတော့
အထက်ကပြောခဲ့သလို resize လုပ်ကြတာပါပဲ

၆။ အစိုးရ ဘာကူညီနိုင်မလဲ?
လောလောဆယ် ထိုင်းမှာတော့ ခရီးသွားကုမ္ပဏီတွေကို
ချေးငွေပြန်သွင်းမှုအချိန်ဆိုင်းငံ့ပေးတာ
အခွန်လျှော့တာ စတဲ့ ကုမ္ပဏိများမပြိုလဲသွားဖို့
အထောက်အပံ့ရနိုင်မှာတွေ စီစဥ်ပေးသွားမယ်လို့သိရပါတယ်....
မြန်မာအစိုးရကူညီနိုင်တာကတော့
~ယခုအချိန်မှာပွင့်လင်းမြင်သာတဲ့ သတင်းထုတ်ပြန်မှု
~WHO နဲ့ပိုမိုပေါင်းစည်းလုပ်ဆောင်မှုတွေ
အဓိကလိုအပ်ပြီး....
ရှေ့ကာလတွေမှာ/ဝူဟန်ဗိုင်းရပ်စ်ရဲ့ဆိုးကျိုးကြောင့်
တိုးရစ်စ်ခြောက်ခမ်းနေစဥ်ကာလမှာတော့
⛳ခရီးသွားကဏ္ဍက ပြိုလဲနိုင်မဲ့စီးပွားရေးအစိတ်အပိုင်းတချို့ကိုမြင်အောင်လေ့လာပီး ထိန်းမတ်ပေးဖို့
⛳အလုပ်လက်မဲ့များ unpaid ခွင့်ပေးခံရမဲ့လုပ်သားများအတွက် HR လရှည် training တွေစီစဥ်နိုင်ပါကစီစဥ်ပေးဖို့
⛳တရုတ်မားကပ် အဓိကဖြစ်နေတာကိုလျှော့ချနိုင်မဲ့
တရုတ်မဟုတ်တဲ့အခြားနိုင်ငံများသို့ခရီးသွားမြင့်တင်ရေးတွေမှာ အားထဲ့လုပ်ဆောင်ဖို့
⛳ခရီးသွားပြုံကျခဲ့လို့ ခရီးစဥ်ဒေသတွေမှာ
ပျက်စီးနေတဲ့ သဘာ၀ပတ်၀န်းကျင်တွေ ကိုပြန်လည်ထိန်းသိမ်းပေးဖို့
⛳၂၀၂၀ အလွန်မှာ Recovery stage ကို ပြန်ရောက်လာမဲ့ မြန်မာ့ခရီးသွားအတွက်
တိုးဆိုက်အသစ်တွေ
လူလုပ်ခရီးသွားအပန်းဖြေစရာတွေကို
အများအပြားဖန်တီးထားကြဖို့..
စတာ စတာတွေ အကြံပြုရေးသားလိုက်ရပါတယ်..
မြန်မာ့ခရီးသွားရေရှည်တည်တံ့ပါစေကြောင်း
စပယ်အောင်
Nature Dream Travel

28/02/2020
26/02/2020
18/02/2020
09/11/2019
06/10/2019
09/09/2019
07/09/2019
06/09/2019
05/09/2019
05/09/2019
03/09/2019
30/08/2019
30/08/2019

စိုးခရီးသွားအကောက်logကျသွားလို့ပါနော်fauziaကိုဆက်လက်အားပေးကြပါအုံးနော်

Fauziaနဲအကျိုးတူပူးပေါင်းဘို့ဖိတ်ခေါ်ပါတယ်နော်
13/12/2018

Fauziaနဲအကျိုးတူပူးပေါင်းဘို့ဖိတ်ခေါ်ပါတယ်နော်

13/12/2018

Address


Website

Alerts

Be the first to know and let us send you an email when Fauzia travel and tours co.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share