03/04/2019
🎉🎉🌺 အတာသင်္ကြန်ခရီးစဉ်လေးပါ 🎉🎉🌺
April 12 / Salay Chin Kanpetlet Bagan / 6 Days 5 Night
Ks 230, 000 per person
💗💗🌺 ချင်း-ပုဂံ ခရီးစဉ်ကို ဝန်ဆောင်မှု ကောင်း ကောင်းနဲ့သွားဖို့ဖိတ်ခေါ်ပါတယ်...... 😘 🌺 💖🍀
🍁🍁🌹 (၆ရက် ၅ညအိပ်) ခရီးစဉ်
တစ်ဦးလျှင် = ၂၃၀, ၀၀၀ ကျပ် 💖🍀☘️
***ပထမနေ့၊ ၊ ရန်ကုန် ~ ချောက် ~ စလေ (Apr 12)
ညနေ (၆း၀၀) အချိန်ခန့်တွင် စုဝေး၍ ည (၇း၀၀) အချိန် ရန်ကုန်မှ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်သို့ ကားဖြင့် စတင်ထွက်ခွာပါမည်။ လမ်းခရီးတွင် လူကြီးမင်းတို့ အစာပြေစာစားရန်နှင့် ကျန်းမာရေးအတွက် ခေတ္တရပ်နားပေးပါမည်။
*** ဒုတိယနေ့၊ ၊ စလေ ~ ကန်ပက်လက် (Apr 13)
နံနက်စာ သုံးဆောင် ပြီးနောက် စလေရုပ်စုံကျောင်းသို့ ၀င်ရောက်လေ့လာရင်း အညာဒေသထွက် အစားစာများ စားကြမည်။ နာမည်ကျော်စလေဇီးယို ၊ ဇီးဖျော်ရည် နှင့်အခြားအိမ်ပြန် လက်ဆောင်များ ၀ယ်ယူနိုင်ပါသေးသည်။ ထို့နောက် ပုဂံခေတ်အပြိုင် လက်ရာများတွေ့ရှိ နိုင်သည့် အေးချမ်းလှပသော ရှင်ပင်စာကြိုလှ သို့သွားရောက်လည်ပတ်ပြီး ဓာတ်ပုံလှလှလေးများရိုက်နိုင်ပါသည်။ ထို့နောက် ၀ိတိုရိယတောင်ရှိရာ ကန်ပက်လက်မြို့သို့ ဆက်လက် ထွက်ခွာပါမည်။ ညနေပိုင်းတွင် ကန်ပက်လက် သို့ရောက်ရှိပြီး ဟိုတယ် Check In ၀င်ပါမည်။ ထို့နောက် ပင်ပန်းမှုမှန်သမျှကို ပြေပျောက်စေဖို အေးချမ်းစွာ ခေတ္တအနားယူရင်း တိမ်တွေ လွင့်မျောနေတဲ့ ချင်းတောင်တန်းတစ်လျှောက် ကို ငေးမောခံစားရင်း အေးချမ်းတဲ့ အရသာလေးနဲ့အတူ ညစာစားသုံးပြီးနောက် ကန်ပက်လက်ရဲ့ ထင်းရူးတောထဲက ဘန်ဂလိုလေးတွေမှာ အိပ်စက်အနားယူပါမည်။
*** တတိယနေ့၊ ၊ ကန်ပက်လက် (Apr 14)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် အင်္ဂလိပ်တို့ အခြေချ နေထိုင်သွားခဲ့တဲ့ Mt.Victoria ၊ နတ်မတောင် (ခေါ်) ခေါနူးစုမ်တောင်သို့ တက်ရောက်ပါမည်။ အာဆီယံဒေသရဲ့ အမွေအနှစ် အမြင့်ဆုံး မြေသား နတ်မတောင် အမျိုးသားဥယျာဉ် အတွင်း ချင်းသစ်ခွပန်းများ၊ တောင်ဇလပ်ပန်းများ၊ တောပန်းလေးများ ကိုလေ့လာ ရင်းအမှတ်တရဓါတ်ပုံရိုက်ကာ ငှက်သံလေးတွေ နားထောင်ကြမည်။ တောင်ဇလပ်ပန်းတွေ ရဲရဲနီပွင့်ဖူးနေတဲ့ လွမ်းမောဖွယ် စိမ်းညို့နေတဲ့ ချင်းတောင်တန်းကြီးပေါ်မှာ အမှတ်တရ ဓါတ်ပုံတွေရိုက်ပြီး နေ့လည်စာကို တောင်ပေါ်မှာသုံးဆောင်ပါမည်။ ထို့နောက် တောင်အောက်သို့ ပြန်လည်ဆင်းသက်ပြီး ရိုးရာထည်များနှင့် အမှတ်တရ ဓာတ်ပုံလှလှလေးရိုက်မယ်။ ထို့နောက် ချင်းရိုးရာ ထည်များ အမှတ်တရ၀ယ်ယူ ပြီး ဟိုတယ်သို့ပြန်လည်ရောက်ရှိပါမည်။ ဟိုတယ်တွင် ချင်းရိုးရာဓလေ့ မီးပုံပွဲနှင့် ညစာကို သုံးဆောင်ရင်း အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
*** စတုတ္ထနေ့၊ ၊ ကန်ပက်လက် ~ ပုဂံ (Apr 15)
ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီးနောက် ပုဂံသို့ ဆက်လက် ခရီးထွက်ပါမည်။ နေ့လည်စာကို လမ်းခုလတ်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် ညနေပိုင်တွင် ပုဂံသို့ရောက်ရှိပြီး ဟိုတယ် Check In ၀င်ပြီး ညနေပိုင်းတွင် ပုဂံဘုရား များဖူးမြော်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနား ယူကြပါမည်။
*** ပဉ္စမနေ့ ၊ ၊ ပုဂံ ~ ရန်ကုန် (Apr 16)
ဟိုတယ်မှ နံနက်စာ သုံးဆောင်ပြီး နောက် ဟိုတယ်မှ Check Out လုပ်ကာ ကျန်ရှိနေသော ပုဂံမြို့ရှေးဟောင်လက်ရာများ ၊ ခမ်းနားထည်ဝါသော နေရာများသို့ သွားရောက်လည်ပတ်ရင်း ရန်ကုန် အပြန်ခရီးကိုစတင်ပါမည်။ ညပိုင်းတွင် ရန်ကုန် ရွှေမြို့တော်သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိ ပြီးခရီးစဉ် ပြီးဆုံးပါမည်။
*** ပါဝင်သောဝန်ဆောင်မှုများ
- မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊
- သွားပွတ်တံ၊Snow Towel ၊ Company Logo Hat
- ခရီးသွား အသက်အာမခံကြေး ၊
- အတွေ့အကြုံရှိ ဧည့်လမ်းညွှန်
*** မပါဝင်သောဝန်ဆောင်မှုများ
- ခရီးစဉ်တွင် မပါဝင်သော နေရာများနှင့် ဝန်ဆောင်မှုများ
- အရက်၊ ဘီယာ
- တစ်ကိုယ်ရေအသုံးစရိတ်များ
- တောင်တက် ခ
- သမိုင်းပြတိုက် ၀င်ကြေး
ခရီးစဉ်လေး စိတ်ဝင်စားရင် ကြိုတင်စာရင်းပေးဝယ်ယူကြပါနော်။ Hotel အခန်း Limited
ဖြစ်လို့ပါ။
Go Go Star Travels & Tours Company Ltd
Tel: 09 443 190 376, 01 20 90 64
[email protected]