24/09/2014
ရန်ကုန်လေဆိပ်သို့ ရောက်လာသော ခရီးသည်များလေဆိပ်တွင် ဆိုက်ရောက်ဗီဇာရယူမှုများပြားလာနေသည်။
၂၀၁၄ ခုနှစ် ပထမ ရှစ်လအတွက် လေဆိပ်သို့ ၀င်ရောက်လာသူ ခရီးသည် ၇၄,၅၀၃ ဦးသည် ဗီဇာကြိုတင်ယူခြင်းမရှိဘဲ ရန်ကုန်လေဆိပ်ရောက်မှသာလျှင် ကမ္ဘာလှည့်ခရီးသည် ဗီဇာ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းဗီဇာယူနေကြသည်ဟု ဆိုသည်။ မြန်မာလူဝင်မှု အာဏာပိုင်များ၏ ပြောဆိုချက်အရ ဆိုက်ရောက်ဗီဇာယူသူများတွင် တရုတ်နှင့် ဂျပန်နိုင်ငံသားများက အများဆုံးဖြစ်ကြောင်း သတင်းရရှိသည်။
ဆိုက်ရောက်ဗီဇာဝန်ဆောင် မှုများ လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်ပေးနေသော်လည်း ဗီဇာငြင်းပယ် ခဲ့ပါက ပြန်လည်ခေါ်ဆောင်လာ ရမည့် စရိတ်ကို ထည့်သွင်းစဉ်း စားပြီး လေကြောင်းလိုင်းအများစု က ဗီဇာမပါသည့် ခရီးသည်များ ကို လက်ခံသယ်ဆောင်ပေးခြင်း မရှိကြပေ။ ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းများ၏ ဗီဇာအ တွက် တောင်းဆိုချက်များကို ဦး စွာလေ့လာစုံစမ်းပြီးမှသာ လေ ယာဉ်လက်မှတ်ဝယ်ယူသင့်သည် ဟု ဆိုသည်။
Ads By ConstaSurf× မြန်မာနိုင်ငံတွင် နိုင်ငံခြား သားဧည့်သည်များအတွက် အစီအစဉ်ချမှတ် လုပ်ဆောင်လျက်ရှိရာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစ၍ အွန်လိုင်းမှ E-Visa များကို(၄၂)နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများအတွက် ၀န်ဆောင်မှုပေးနေ ကြောင်း သိရသည်။ လက်ရှိဗီဇာ ကြေးမှာ ဒေါ်လာ ၅၀ ဖြစ်ပြီး ပြည်ပနိုင်ငံ ကောင်စစ်ဝန်ရုံးများ၏ ၀က်ဘ်စာမျက်နှာတွင် ၀င်ရောက် လျှောက်ထားနိုင်သည်ဟု ဆို သည်။ အဆိုပါဗီဇာဖြင့် ၃ လအ တွင်း လာရောက်နိုင်ပြီး ရောက်ရှိ သည့်နေ့မှ ၂၈ ရက်နေထိုင်နိုင် မည်ဖြစ်သည်။ ယင်းအွန်လိုင်း ဗီဇာစနစ်ကို အနာဂတ်တွင် အ ခြားဗီဇာအမျိုးအစားများအတွက် လည်း တိုးချဲ့ဝန်ဆောင်မှုပေးသွားမည်ဟု မြန်မာအာဏာပိုင်များက ပြောဆိုထားကြောင်းလည်း သိရ သည်။
မြန်မာနိုင်ငံအတွင်းသို့ အ လည်အပတ်ဗီဇာနှင့် စီးပွားရေးဗီ ဇာများဖြင့် ယခုအခါ လျင်မြန် လွယ်ကူစွာ ရယူဝင်ရောက်နိုင်သ ဖြင့် အလုပ်ရှင်များအနေနှင့် မိမိ တို့၏ ၀န်ထမ်းများအတွက် အ လုပ်လုပ်ခွင့် ဗီဇာအစား စဉ်းစား သင့်သည်ဟု အကြံပြုထားသည်။
credit by 7 days