03/06/2024
Hello Hello🛵🛵
⚜️ English Version Below⚜️
ထိုင်းကိုလာမယ့် ဘော်ဒါတို့ အတွက် အသုံးဝင်မယ့်
ဆိုင်ကယ်မငှါးခင်မှာ သိထားသင့်တာလေးတွေ
ပြောပြပေးချင်တယ်ဗျာ‼️
‼️မှတ်ချက်၊ ကျွန်တော် ဆိုင်ကယ်တိုက်ဖူးတဲ့ အတွေ့အကြုံရပြောပြချင်းသာဖြစ်ပါတယ်။
🛵ဘော်ဒါတို့ အနေနဲ့ ဆိုင်ကယ် ငှါးမယ်ဆို အရင်ဆုံးသိရမှာက ဆိုင်ကယ်မှာအာမခံပါလားမပါလားပါ။
ဒီဟာက တကယ့်ကိုအရေးကြီးလို့ပြောတာဖြစ်ပါတယ်။
ဘော်ဒါငှါးလိုက်တဲ့ ဆိုင်ကယ်မှာ အာမခံမရှိဖူးဆိုရင်
မတော်တဆ တစ်စုံတခု ဖြစ်တဲ့အခါ မလိုအပ်ပဲပိုက်ဆံအများကြီးဆုံးရှုံးနိုင်ပါတယ်။✅
🛑ကျွန်တော် ဆိုင်ကယ်တိုက် တုန်းကဆိုရင် ဆေးရုံရောက်သွားတဲ့အတွက် ပိုက်ဆံ 20000 THB လောက်အနည်းဆုံးတောင်းပါတယ်။
ကျွန်တော်ကံကောင်းတာကတော့ ကျွန်တော်ကို ဆိုင်ကယ်ငှါးပေးတဲ့အစ်ကိုမှာ အာမခံရှိတဲ့ အတွက် သက်သာရခြင်းဖြစ်ပါတယ်။🙏🙏
📍ဒါပဲလားဆိုတော့ ဘော်ဒါတို့ ငှါးမဲ့ဆိုင်ကယ်ပိုင်ရှင်ကို ဆိုင်ကယ်ပျက်စီး၊ထိခိုက်တဲ့အခါပြင်ပေးမှာလားဆိုတာကို မငှါးခင်မှာတစ်ခါတည်းမေးသင့်ပါတယ်။
တစ်ချို့နေရာတွေမှာ လိုင်စင်စစ်ပေမယ့် ရှောင်မောင်းလို့တော့ရနိုင်ပါတယ် မိရင်တော့ အနည်းဆုံးက 500 THB လောက်ကုန်မှာပါ😁😄
ကျောင်းသားဆိုရင်တော့ Discount ပေးတယ်ဗျ😂
စစ်တဲ့ Officer ကိုသေချာပြောပြရင်ပေါ့ဗျာ
ကျန်တဲ့အချက်တွေက သိပ်ပြဿနာမရှိဖူးဆိုတော့ ဒီနေ့တော့ဒီလောက်ပဲ နောက်ရက်ကြပြန်ဆုံကြမယ်ဗျာ🤩🤩
Please Don’t Forget To Like & Follow🥳
Hello Hello🛵🛵
For those planning to visit Thailand, here are some important things you should know before renting a motorbike‼️
‼️Note: I'm sharing this based on my personal experience of having had a motorbike accident.
🛵First and foremost, check if the motorbike you’re renting has insurance.
This is crucial because if the bike doesn’t have insurance and something happens, you might end up paying a lot more money unnecessarily.✅
🛑When I had my accident, I ended up in the hospital, and they charged me at least 20,000 THB.
I was fortunate because the owner of the motorbike I rented had insurance, so it wasn't as bad as it could have been.🙏🙏
📍Additionally, always ask the owner if they will cover any damages or repairs if the motorbike gets damaged before you rent it.
In some places, even if you have a license, you might get away with riding without one. But if you get caught, the fine is at least 500 THB.😁😄
Students often get discounts if you explain the situation to the officer properly.😂
There aren’t many other issues, so that’s it for today. See you next time!🤩🤩
Please Don’t Forget To Like & Follow🥳