Ko Thura Travel&Tour

  • Home
  • Ko Thura Travel&Tour

Ko Thura Travel&Tour hello

(၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီ(၃၇)မိနစ်တွင်မသာမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့်ကျဆုံးသွားသော ဗိုလ်ချုပ်အောင...
19/07/2024

(၁၉၄၇)ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီ(၃၇)မိနစ်တွင်
မသာမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့်ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါသည်...

အရင်ကတော့ အာဇာနည် ၉ဦးပါပဲ
အခုတော့ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ ဒီနိုင်ငံမှာ မနည်းတော့ဘူး

ကျဆုံးသွားတဲ့ ရဲဘော်သူရဲကောင်းများ နဲ့
ဆက်လက်တိုက်ပွဲဝင် တော်လှန်နေတဲ့ ရဲဘော် သူရဲကောင်းများ

Respect u all and Salute all

#အာဇာနည်နေ့

မော်လမြိုင်မြို့မှ ဂျေဂျေချစ်ခရီးသွားတို့အတွက် JJ Dream Bus Road SHOW အစီအစဥ်လာပါပြီ မော်လမြိုင်မြို့အတွင်း မွန်မင်းလမ်း...
22/02/2024

မော်လမြိုင်မြို့မှ ဂျေဂျေချစ်ခရီးသွားတို့အတွက် JJ Dream Bus Road SHOW အစီအစဥ်လာပါပြီ
မော်လမြိုင်မြို့အတွင်း
မွန်မင်းလမ်းအပန်းဖြေစခန်း၊ ကမ်းနားလမ်း၊ မြို့မစျေး၊ Ocean Super Center တို့တွင်
Feb 25 ရက်နေ့မှ Feb 27 ရက်နေ့အထိ
လှည့်လည်မောင်းနှင်ပြီး Dream Bus (အခန်းကား) ကို Show ပြပေးမှာဖြစ်တာကြောင့် စိတ်ဝင်စားသူများလာရောက်လေ့လာကြည့်ရှု့ပြီး လိုက်ပါစီးနင်းနိုင်ပါတယ်ရှင်
ရန်ကုန် - မော်လမြိုင် - ရန်ကုန်ခရီးစဥ်တွင်
Luxury ဆန်ဆန် အခန်းကား(Dream Bus)
First Class (2+1)
Super Seat (2+2)
Class (၃) မျိုးဖြင့်ပြေးဆွဲပေးမှာဖြစ်ပါတယ်ရှင်
ကဲ မော်လမြိုင် အချစ်တို့ရေ ကြည်နူးပျော်ရွှင်ခရီးစဥ်ကို JJ Express နဲ့ စတင်လိုက်တော့နော်...

Volvo 😍😍😍😍
22/10/2023

Volvo 😍😍😍😍

03/10/2023
03/10/2023

ko Thura Travel & Tour😘😘😘

 #မင်္ဂလာပါ၊ #မိတ်ဆွေတို့  မိုးကအေးအေးလေးနဲ့ ယခုလိုမိုးတွင်းလေးမှာ ခရီးသွားဖို့စဉ်းစားနေလား #၇၁ကြိမ်မြောက်  #အဘထွက်ပွဲ #ပု...
29/08/2023

#မင်္ဂလာပါ၊ #မိတ်ဆွေတို့
မိုးကအေးအေးလေးနဲ့ ယခုလိုမိုးတွင်းလေးမှာ ခရီးသွားဖို့စဉ်းစားနေလား

#၇၁ကြိမ်မြောက် #အဘထွက်ပွဲ
#ပုပ်ပါးသှားကွမလား ....
Company ,အသင်းအဖွဲ့များနှင့်
ကိုယ်ပိုင်ကျောင်းများ ပိတ်ရက်မှာခရီးထွက်ကြမလား ....

လူကြီးမင်းတို့ရဲ့ခရီးစဉ်များကို
စိတ်ချရစေရန် တာဝန်ယူပေးပါစေ ..🙏

မိသားစု/မိတ်ဆွေသူငယ်ချင်းများအတွက် ခရီးတို/ခရီးရှည် အပန်းဖြေခရီးများ

အဆင့်မြင့်သော အဲကွန်းကားမျိုးစုံ ၊ ကျွမ်းကျင်သောယဉ်မောင်းများ ယဉ်နောက်လိုက်များဖြင့် ဝန်ဆောင်မူ့ပေးနေပါပြီ
ရန်ကုန်
ပုဂံ/ညောင်ဦး
မန္တလေး
ကလော/အင်းလေး
ငှားရမ်းအသုံးပြုနိုင်ပါသည်။
ရရှိနိုင်သောကားအမျိုးစားများ
၄၅ ယောက်စီး၊၃၃ ယောက်စီး
၁၅ ယောက်စီး၊ ၁၀ ယောက်စီး၊
Alphard car, Saloon car ,များရရှိနိုင်ပါသည်။
#အဘထွက်ပွဲ #ပုပ်ပါး #၇၁ကြိမ်မြောက်
#ပုဂံ_ပုပ်ပါးခရီးစဉျ #ရန်ကုန် #အင်းလေး #ကလော
#မန္တလေး

Club  လဲသွားချင်တယ် အိမ်ကလဲမလွှတ်တဲ့သူ့တွေအတွက် 😂
24/08/2023

Club လဲသွားချင်တယ်
အိမ်ကလဲမလွှတ်တဲ့သူ့တွေအတွက် 😂

တိုက်တန်းနစ်သဘ်ောကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောလေးပေါ်မှာ ပါတဲ့ အောက်ဆီဂျင်ကုန်သွားကြောင်း အတည်ပြုလိုက်ကြပြီလွန်ခဲ့တဲ...
23/06/2023

တိုက်တန်းနစ်သဘ်ောကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောလေးပေါ်မှာ ပါတဲ့
အောက်ဆီဂျင်ကုန်သွားကြောင်း အတည်ပြုလိုက်ကြပြီ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၁ အကြာ 1912 ခုနှစ်တုန်းက ရေခဲတုံးကြီးကို တိုက်မိကာ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၀၀ လောက်သေဆုံးခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောပျက်ရှိရာကို သွားရောက်လေ့လာတဲ့ ရေငုပ်သဘ်ောငယ်လေးဟာ ပြီးခဲ့တဲ့ တန်နွေနေ့က ခရီးစဥ်စတင်ပီး ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပျက်သွားခဲ့ ရာ ယခုချိန် ဆိုရင် ပါသွားတဲ့ အောက်ဆီဂျင်ကုန်သွားပီလို့ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ ဝင်နိုင်ငံအားလုံးက သတ်မှတ်လိုက်ပါတယ်။။
လေ့လာရေးလုပ်တဲ့ ရေငုပ်သဘ်ောပေါ်မှာ pilot တယောက်နဲ့ ဘီလီယံနာ မီလီယံနာ သူဌေး ၄ ယောက် စုစုပေါင်း ၅ ယောက်ပါသွားတာ ဖြစ်ကာ ဒီနေ့ ထိ အဆက်အသွယ်မရ ရှာဖွေလို့မရပဲ အထဲမှာပါတဲ့ အောက်ဆီဂျင် လည်း ကုန်သွားလောက်ပါပြီလို့ အားလုံးက ကြေငြာဆုံးဖြတ်လိုက်ကြပါတယ်။

Titanic သင်္ဘောပျက်ကို သွားကြည့်ဖို့ ဒီ tourist adventure အတွက် ရေငုပ်သင်္ဘော OceanGate ကုမ္ပဏီကို လူတယောက် လက်မှတ်တစောင်အတွက် US$250,000 (မြန်မာငွေ သိန်း ၇ ထောင်ကျော်) ပေးရပြီးတော့ အထဲမှာ ၅ ယောက်ကို မလူးသာ မလွန့်သာ ဒုက္ခခံပြီး သွားခဲ့ကြရတာဖြစ်ပါတယ်။

Ref:Kaohsod News,Bangkok Post

ဝန်ထမ်း ထပ်မံခေါ်ယူခြင်း✅ လုပ်ငန်းအတွေ့အကြုံရှိသူများသာလျှောက်ထားပါရန်  ✅မြစ်ကြီးနား လားရှိုး ယာဉ်လိုင်းအတွက် အတွေ့အကြုံ...
26/09/2022

ဝန်ထမ်း ထပ်မံခေါ်ယူခြင်း

✅ လုပ်ငန်းအတွေ့အကြုံရှိသူများသာလျှောက်ထားပါရန် ✅

မြစ်ကြီးနား လားရှိုး ယာဉ်လိုင်းအတွက် အတွေ့အကြုံရှိ ယာဉ်မောင်းနှင့်စပါယ်ယာ (အမြန်) အလိုရှိသည်။

(လျှောက်ထားလိုသူများ ကျေးဇူးပြုပြီး အလုပ်ခေါ်စာကိုအဆုံးထိသေချာဖတ်ပီးမှ လာလျှောက်ပါ//တကယ်အလုပ်လုပ်ချင်စိတ်ရှိသူများသာ လာလျှောက်ပါရန်//လုပ်ငန်းအတွေ့အကြုံမရှိသူ လုံးဝမခန့်ပါဘူးရှင့်)

အသေးစိတ်အချက်အလက်များကို မြန်မာလိုအတိအကျသေချာစွာရေးပေးထားလို့ အလုပ်ခေါ်စာကိုအသေအချာဖတ်ပေးပြီး မိမိနှင့်ကိုက်ညီမည်ထင်မှသာ လာလျှောက်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်ရှင့်

ရာထူးတာဝန်- ယာဉ်မောင်းနှင့်စပယ်ယာ
အရေအတွက်-ယာဥ်မောင်း(6)ဦး စပါယ်ယာ(6)ဦး

လိုအပ်သောအရည်အချင်းများ

၁။ လျှောက်ထားလိုသူများ ယာဉ်မောင်းအတွေ့အကြုံအနည်းဆုံး(၅)နှစ် စပါယ်ယာအတွေ့အကြုံအနည်းဆုံး(၃)နှစ်ရှိရပါမည်။
၂။ အသောက်အစားကင်း၍ အလုပ်မှချမှတ်ထားသော စည်းကမ်းများကိုလိုက်နာနိုင်ပီး နွေးထွေးပျူငှာစွာဆက်ဆံ‌တတ်သူ အများနှင့်လိုက်လျောညီထွေစွာနေနိုင်တတ်သူ ဖြစ်ရပါမည်။

လျှောက်ထားလိုသူများအနေဖြင့်

ကိုယ်ရေးရာဇဝင်
မှတ်ပုံတင်မိတ္တူ
အိမ်ထောင်စုစာရင်းမိတ္တူ
သက်ဆိုင်ရာပညာရေး အောင်လက်မှတ်တို့ဖြင့်

မနောမန္တလာကားဂိတ်

ဆက်သွယ်ရန်ဖုန်း - 09672500800
092305451

အမှတ်၁၁၄×၇၅(ဘီ) ကျွဲဆည်ကန်ကားကွင်းဟောင်း
နောက်ကျောလမ်းတွင် လာရောက်လျောက်ထားနိုင်သည်။

Online မှလျှောက်ထားလိုသူများ လိုအပ်သောအချက်အလက်များအားလုံးနှင့် Effect မပါသောဓာတ်ပုံနှစ်ပုံနှင့်အတူ Page Messenger တွင်ပေးပို့လျှောက်ထားနိုင်ပါသည်။

သတ်မှတ်ချက်များ/ လိုအပ်သောအချက်အလက်နှင့်မကိုက်ညီသူများအား လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

❗️သွားသတိ❗️လာသတိ❗️စားသတိယခုလာမယ့်ဩဂုတ်လထဲမှာ ကျင်းပမည့် တောင်ပြုံးပွဲတော်ကို ပြည်သူတွေ မသွားကြဖို့ မန္တလေးမြို့ပြပြောက်က...
29/07/2022

❗️သွားသတိ❗️လာသတိ❗️စားသတိ

ယခုလာမယ့်ဩဂုတ်လထဲမှာ ကျင်းပမည့် တောင်ပြုံးပွဲတော်ကို ပြည်သူတွေ မသွားကြဖို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ဒီနေ့ (28.7.2022) အသိပေးချက် ထုတ်ပြန်ပါတယ်။

တောင်ပြုံးပွဲတော်ကို ဩဂုတ်လ (၄)ရက်ကနေ ဩဂုတ်လ (၁၁)ရက်အထိ ကျင်းပမှာဖြစ်ပြီး ကိုယ့်သဘောနဲ့ကိုယ် သွားရောက်တဲ့သူတွေ တစ်စုံတခုဖြစ်ခဲ့ရင် ပြောက်ကျားအဖွဲ့က တာဝန်ယူဖြေရှင်းမပေးနိုင်တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးက လူဦးရေ သိန်းနဲ့ချီ လာရောက်လေ့ရှိတဲ့ မန္တလေးတိုင်း မတ္တရာနယ်က တောင်ပြုံးပွဲတော်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလကြောင့် အဖြစ်သဘောလောက်သာ ကျင်းပခဲ့ရပါတယ်။

ဒါပေမယ့် နိုင်ငံတဝှမ်း အေးချမ်းသာယာနေပြီလို့ ပုံဖော်ချင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒီနှစ်မှာ သင်္ကြန်ပွဲတော်ကိုလည်း ပြုလုပ်ခဲ့သလို ရာသီအလိုက် ပွဲတော်တွေကိုပါ စည်ကားစွာ ပုံဖော်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်အာဏာရှင်ကို အတူတကွတွန်းလှန်ကြရာမှာ ပြည်သူတွေအနေနဲ့ ရှောင်သင့်ဆောင်သင့်တာတွေကို သိရှိနားလည် လိုက်နာပေးကြဖို့ကိုလည်း မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

#မန္တလေး #စစ်ကိုင်း #တောင်ပြုံးပွဲတော် #မတ္တရာ #ပြောက်ကျားတပ်ဖွဲ့ #မြန်မာ့ရိုးရာနတ်ကနားပွဲကြီး

1957 Harmening HKB 🇩🇪Credit
24/07/2022

1957 Harmening HKB 🇩🇪
Credit

 #တစ်ခုခု‌တော့ရင်းရတယ်အရက်သမားက  အသည်း ရင်းရတယ် ။ဆေးလိပ်သမားက  အဆုတ် ရင်းရတယ် ။သူတောင်းစားက  မာန ရင်းရတယ် ။ဆေးသမားက  ဘဝတ...
19/07/2022

#တစ်ခုခု‌တော့ရင်းရတယ်

အရက်သမားက အသည်း ရင်းရတယ် ။

ဆေးလိပ်သမားက အဆုတ် ရင်းရတယ် ။

သူတောင်းစားက မာန ရင်းရတယ် ။

ဆေးသမားက ဘဝတခုလုံး ရင်းရတယ် ။

လောင်းကစားသမားက ပိုင်ဆိုင်မှုတွေ ရင်းရတယ်။

ပြည့်တန်ဆာက အရှက်သိက္ခာ ရင်းရတယ် ၊၊

တတ်ယောင်ဝါးက ဟန်ဆောင်မှု ရင်းရတယ် ။

မသူတော်က ယုတ်မာကောက်ကျစ်မှု ရင်းရတယ် ။

သူတော်ကောင်းက အမှန်တရား ရင်းရတယ် ။

တရားဖြန့်ဝေသူက ခန္တီ ရင်းရတယ် ။

ယခု ဒီစာဖတ်နေသူက ဖုန်းဘေဖိုး ရင်းရတယ်။

အောင်မြင်ချင်သူက➡️အချိန်ရင်းရတယ် ငွေရင်းရတယ်။

တကယ်တော့လေ ဘဝမှာ ဘယ်အရာမှ

အလကား မရဘူး။

BA5 က တော်တော်ခံရပါတယ်Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်းပြောလိုက်တာနဲ့ ချက်ခ...
17/07/2022

BA5 က တော်တော်ခံရပါတယ်

Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်
ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်း
ပြောလိုက်တာနဲ့ ချက်ချင်းကူးသွားနိုင်ပြီး
ကလေးတွေကိုပါ ကူးစက်ပြီး ခံစားရစေပါတယ်။

Day 1 - ချမ်းစိမ့်ပြီး ကိုယ်လက်တွေ
မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊
သိသိသာသာကြီး အားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊
ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင်
ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ
ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊
အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူး ဖြစ်လာမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ
တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့
လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားမယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊
နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့
ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့
ရင်ဘတ်အောင့်တာပါဖြစ်မယ်၊
ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊
အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက
အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့
အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊
အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း
အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို
အအေးမမိအောင်လည်း နေရတယ်၊
ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊
ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ
စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative
ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအား
နည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊
ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်
ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ
ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် ( သို့ )
Swab test Positive ပြနေသေးရင် ( သို့ )
အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊
ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ
အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicron အစလို မပေါ့ပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိ ကိုဗစ်
ကူးစက်ခံရသည့် လူနာတော်တော်များများမှာ
အထက်ပါလက္ခဏာအများစုကို
ပြင်းထန်စွာခံစားရပါတယ်

Home_Q လုပ်ပြီး အိမ်မှာပဲနေမယ့်
လူအများစု လိုအပ်မည့် ဆေးတွေကတော့

Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ
အရေးကြီးဆုံးက ORS ခေါ် လူကြီးတိုင်း
ကလေးတိုင်းအတွက် ဓါတ်ဆားပါပဲ၊
သောက်ချင်ချင် မသောက်ချင်ချင်
တစ်ရက်ကို 1 ~ 2 Liter လောက် သောက်ပါ
အိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလိုသွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး အကူအညီရယူဆောင်ရွက်တာက အကောင်းဆုံးပါပဲ

အိုင်ဒီယာကို သဘော ကျလို့ ပါ 👌အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွ...
17/07/2022

အိုင်ဒီယာကို သဘော ကျလို့ ပါ 👌

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။

အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)
L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)
M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး(Leadership)
L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကိုစိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)
A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့စိတ်နေစိတ်ထားပါပဲ။

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့
ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။


ယာဉ်မောင်းကြီး - 10  ဦးအလိုရှိသည်။သတ်မှတ်ချက်များနှင့် ကိုက်ညီသူအား ဦးစားပေးခန့်ထားမည်။(31-7-22 )ရက်နေ့ နောက်ဆုံး လျှေ...
17/07/2022

ယာဉ်မောင်းကြီး - 10 ဦးအလိုရှိသည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီသူအား ဦးစားပေးခန့်ထားမည်။
(31-7-22 )ရက်နေ့ နောက်ဆုံး လျှောက်ထားရမည်။

ATW အန်တီဝင်း Express အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းတွင် တာဝန်ထမ်းဆောင်ရန်အတွက်

ယာဉ်မောင်းများအလိုရှိပါသည်။

"င"ယာဉ်မောင်းလိုင်စင်ရှိရမည်။
ထားဝယ်~မြိတ်~ကော့သောင်း နဲ့ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ် Express ကားကြီးများတွင် မောင်းခဲ့ဖူးသူ ဖြစ်ရမည်။
Express ယာဥ်မောင်းကြီး သက်တမ်း (5)နှစ် အထက် ရှိရမည်။
အနည်းဆုံး အခြေခံပညာ အထက်တန်း ပညာအရည်အရည်အချင်းရှိရမည်။
ရုပ်ရည်အသင့်အတင့်ရှိပြီး စကား အပြောအဆို ပြေပြေပြစ်ပြစ်ဖြစ်ရမည်။
အသက် (၂၅)နှစ်မှ (45)နှစ်အတွင်း ဖြစ်ရမည်။

အထက်ပါအချက်အလက်များဖြင့် ပြည့်စုံသူများသည် ကိုယ်ရေးရာဇဝင် လျောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး
ယာဉ်မောင်းလိုင်စင်မိတ္တူ
လိုင်စင် ဓါတ်ပုံ (၁)ပုံ
မှတ်ပုံတင် မိတ္တူ
ယာဉ်မောင်းလိုင်စင်မိတ္တူ
ရပ်ကွက် ထောက်ခံစာ(အဟောင်းရှိရင် ရပါသည်။)
သန်းခေါင်စာရင်းမိတ္တူတို့နှင့်အတူ
ATW အန်တီဝင်း Express၊ ဋ/A3မော်လမြိုင်လမ်း၊ အောင်မင်္ဂလာအဝေးပြေးဝန်းသို့ လူကိုယ်တိုင် လာရောက်လျောက်ထားနိုင်ပါသည်။

မှတ်ချက်-ရပ်ကွက်/ထောက်ခံစာ အခက်အခဲ ရွိပါက မှတ်ပုံတင် မူရင်း ယူလာပါရန်။


 #ဝါဆိုလပြည့်နေ့... - ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ……………………………………………………ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန...
12/07/2022

#ဝါဆိုလပြည့်နေ့... -
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣန္ဒြိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု

#ကိုးထောင်ဆီမီးထိန်ထိန်ညီး
Crd #🙏🙏🙏

Address

အေနာ္ရထာလမ္း

111111

Website

Alerts

Be the first to know and let us send you an email when Ko Thura Travel&Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share