KSM's Heritage Tours

  • Home
  • KSM's Heritage Tours

KSM's Heritage Tours Welcome heritage tours lovers

တစ်ခါတုန်းက ရွှေပြည်ကြီးက ရုပ်ရှင်နယ်သို့တခေါက်ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်ကာလတွေကစလို့ ရွှေပြည်ကြီးက ရုပ်ရှင်နဲ့ ဗီဒီ...
20/09/2022

တစ်ခါတုန်းက ရွှေပြည်ကြီးက ရုပ်ရှင်နယ်သို့တခေါက်

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်ကာလတွေကစလို့ ရွှေပြည်ကြီးက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်လမ်းတွေမှာ ကားတိုင်းနီးပါး မပါမဖြစ်တဲ့ ကန်တော်ကြီး၊ ကရဝိက်နဲ့ မျှော်စင်ကျွနိးတွေဘက် ရောက်ဖြစ်တယ်။

ကရဝိက်မှာ မဂ်လာဆောင်ရင်၊ ကန်တော်ကြီးကရေခဲမုန့်စားရရင်၊ မျှော်စင်ကျွနိးက တေးသံစုံရှိုးပွဲတွေကြည့်ခဲ့ရရင် သင့်အသက်လည်း ၄၀ ကျော်ရောပေါ့။ 😁😁

ရွှေရောင်တဝင်းဝင်းနဲ့ ကရဝိက်ကြီးနဲ့ ကန်တော်ကြီးတစ်ဝိုက်နေရာတွေဟာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမတော့ မပါမဖြစ်ကို ထည့်ရိုက်ရတဲ့နေရာတွေ။ Landscaping ကောင်းကောင်းပြန်လုပ်ပြီး အထဲမှာ ဆိုင်ခနိးတွေ၊ စားသောက်ဆိုင်တွေနဲ့ လူအင်မတန်စည်ကားခဲ့တဲ့နေရာတွေ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတွေမှာ မျှော်စင်ကျွန်းမှာ အမြဲလုပ်တဲ့ ရှိုးပွဲတွေဟာ လူငယ်တွေအပြည့်နဲ့အင်မတန်စည်ကားခဲ့ပါတယ်။ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းတွေနဲ့ ဆယ်ကျော်သက်တွေ ခြေချင်းလိမ်ခဲ့တဲ့နေရာတွေပေါ့။

ကန်တော်ကြီးစောင်းရဲ့ ရှုခင်းကြည့်တဲ့ ရှူခင်းသာနေရာကျယ်ကြီးဆိုရင် ရွှေတိဂုံဘုရားကို တန်းနေအောင်ဖူးရပြီး ကရဝိက်ကြီးနဲ့ ကန်ရေပြင်က တိုက်လာတဲ့ လေကောင်းလေသန့်နဲ့ အင်မတန် လှပပြီး လူစည်လှတဲ့နေရာတွေပါ။

စုံတွဲတွေ ကျက်စားပျော်ရွင်ကြရာနေရာဆိုတော့ နေရာတိုင်း ထီးကလေးတွေကိုယ်စီနဲ့ ရေကန်စပ်နားတွတ်ထိုးနေကြသူတွေကို မမြင်ချင်မှအဆုံး။

ရိုက်ကွင်းရိုက်ကွက်နေရာတွေက လှတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ကားကြီးမှန်သမျှ ရှုတင်တည်ပြီး ရိုက်နေကြ ဒီနေရာတွေမှာ နေ့တိုင်းနီးပါး ရိုက်ကွင်းက အပြည့်ဖြစ်နေတတ်တာ။

ဒီနေရာတွေကို မရောက်တာ ဆယ်စုနှစ်တစ်နှစ်နီးပါးကျမှ ရောက်ဖြစ်တယ်။ ကိုဗစိဖြစ်ကတည်းက ပိတ်ထားလိုက်ရတဲ့နောက်၊ ခုပြန်ဖွင့်ချိန်မှာ ဘလိုတွေတောင် ဖြစ်တာပါလိမ့်လို့ အံ့ဩမိရတယ်။

ကြမ်းတွေကျိူးပဲ့ပြီး ကန်ဘောင်လက်ရမ်းတွေ ကျိူးကျနေတဲ့ ရွှေတိဂုံကို လှမ်းဖူးလို့ရတဲ့ရှုခင်းသာကြည့်နေရာ၊ ရေညှိတွေအလိပ်လိပ်တက်နေတဲ့ မျော်စင်ကျွန်းထဲက ဆိုင်ခန်းဟောင်းဆိုင်းဘုတ်တွေ၊ လူသူရှင်းလို့ ခြုံတွေကများလို့၊ အပင်တွေပေါက်နေပြီး ရေညှိအထပ်ထပ်နဲ့ မှိုင်းညိူ့ညို့ ကရဝိက်ကြီး၊ ခြောက်တိခြောက်ကပ် စားသောက်ဆိုင်တချို့၊ ပြိုကျနေတဲ့ဆိုင်ခန်းဘောင်တွေ၊ အရာရာဟာ လုံးဝကို ပြောင်းလဲသွားတယ်။ ကန်တော်ကြီးထဲလဲ တချို့နေရာတွေမှာ မှော်တွေပြည့်လို့။ ချယ်ရီ အက်ဖ်အမ်ဆိုတဲ့ ဆိုင်းဘုတ်ကလဲ တွဲကျပြီးရေညှိတွေနဲ့။

သစ်လွင်တောက်ပခဲ့တဲ့အရာတွေ အားလုံးးလုံးဝပျောက်ဆုံးသွားခဲ့ပြီး အရင်ကစည်ကားခဲ့တာတွေဟာပုံပြင်ထဲကလို။ ဒီထဲကို လာလည်ပြီး ထိုင်နေကြတဲ့တချို့ စုံတွဲ ၂ တွဲ ၃ တွဲတော့တွေ့ရတယ်။ ဝင်ကြေးကောက်ပြီးတော့ တော့ ဖွင့်ပေးနေတာရှိတယ်။ တစ်ဦး ၅၀၀ ကျပ်။

ဘာရယ်မဟုတ်ဖူး၊ ဖြစ်၊ ပျက်တွေ မြန်ဆန်တဲ့ အကြောင်းတရားကို တွေးမိရတယ်။ ဒီနေရာကို တာဝန်ယူထားတဲ့သူတွေလဲ maintenance fee မတတ်နိုင်တော့ဘူးနဲ့တူရဲ့။

ခုတော့ အရင်က နိုင်ငံခြားရုပ်ရှင် တွေထဲကလို နှစ်ဘယ်လောက်ကြာသောအခါဆိုပြီး ရိုက်ပြလို့ရနေလောက်ပါပြီ။

ဘဝထဲကဘဝများဘဝ (၁) ဒီဇယ်တစ်လီတာ ကျပ် ၃၀၀၀ နားရောက်တော့ အိမ်က ပိတုက ဆန်းဒေးဆို အပြင်ထွက်လေရှုနေကြရာက ဝေးဝေးမသွားးနိုင်တော့...
21/08/2022

ဘဝထဲကဘဝများ

ဘဝ (၁)

ဒီဇယ်တစ်လီတာ ကျပ် ၃၀၀၀ နားရောက်တော့ အိမ်က ပိတုက ဆန်းဒေးဆို အပြင်ထွက်လေရှုနေကြရာက ဝေးဝေးမသွားးနိုင်တော့တာနဲ့ ဆီလောက်မဲ့ နေရာလောက်သွားဖြစ်တယ်။

သွားတဲ့နေရာတွေကလည်းးတကယ့် ဘဝတွေအစုံမြင်ရတဲ့နေရာတွေ။ အမြန်လမ်း ၁၅ မိုင်ကဝင်ရတဲ့ ရွှေပြည်အေးဘုရားကြီးရှိတဲ့နေရာ။ ခါတိုင်းဆန်းဒေးဆို လူအပြည့် ကားအပြည့်နဲ့ တန်းစီရတဲ့နေရာက ခုကျတော့ ခြောက်တိခြောက်ကပ်၊ ဒါတောင် ဆီစျေးဘလောက်တက်တက် ဘုရားထူးတော့သွားရမှဆိုတဲ့သူတွေဖြစ်မှာပါ။ လေးငါးခြောက်ဖွဲ့တွေ့ရတယ်။ ထမင်းချိုင့်တွေနဲ့လေ။ ဘုရားကြီးက ၇-၈ ထပ်လောက်မြင့်တာကို ၃ ထပ်လောက်ထိ တက်လို့ရတော့ အပေါ်စီးကနေ အဲ့နားတဝိုက်လေတဖြူးဖြူးနဲ့မြင်ရ။ ကလေးတွေလဲပျော်နေကြတာတွေ့ရတယ်။

အဲ့ဘုရားကြီးဘေးဝင်းထဲမှာ တောစျေးတန်းလေးတခုရှိတယ်။ အဲ့တောစျေးတန်းလေးမှာ ရာသီပေါ်အသီးအနှံစုံ ဟင်းသီးဟင်းရွက် အစုံရတယ်။ စျေးတွေကလည်းး တန်ဘိုးမရှိဖူးဆိုကြတဲ့ ကျပ်ငွေတောင် အတော်ရှားတော့ ၅၀၀ ဖိုးလောက်ရောင်းရရင်ကိုပျော်နေကြပြီ။ လတ်လတ်ဆတ်ဆတ် ဖလံတောင်ဝှေးတွေ (၁၀၀၀ ဖိုး ၄ စီး)၊ ကြက်ဟင်းခါးသီးတွေ (၅ လုံးစီးတစ်တွဲကို ၂၅၀) ၊ ခရမ်းသီး (၅ လုံးစီးတစ်တွဲ ၃၀၀)၊ ဆူးပုပ်ရွက်တွေ၊ ဂုံမင်းဇ ဇယစ်ရိုး၊ မျှစ်၊ တခြားးမသိသေးတဲ့ ဟင်းသီးဟင်းရွက်တွေရှိသေး။ အဲ့စျေးထဲမှာ အများစုရောင်းကြတာက ပြာရေထုတ်သေးသေးလေးတွေနဲ့ ကောက်ညှင်းထုတ်ပိစိလေးတွေ ချစ်ဖို့ကောင်းလွန်းလို့ အများကြီးအားပေးခဲ့တယ်။ ရောင်းရတဲ့ဆိုင်တွေက ပျော်လို့။ လူလာလည်းးနည်းနေပြီလေ။ တမိသားစုလုံးး တတ်နိုင်သမျှ ကားထဲထည့်လို့ရသမျှ ဝယ်လာခဲ့တယ်။ ကိုယ်တတ်နိုင်တာလည်းးဒါပဲလေ။

ဘဝ (၂)
အဲ့တောစျေးလေးကအထွက်လမ်းကျတော့ ဦးမုတ်ဆိတ်ဆိုတဲ့ တောကြက်ကြော်၊ ငုံးကြော်၊ ငါးကြော် ဆိုင်လေးကိုတွေ့ရော။ မီးဖိုအကြီးကြီးးထဲ ဆီပွက်ဆူနေတာထဲ ကြက်အကောင်လိုက်တွေ ပစ်ပစ်ထည့်နေတဲ့ အမျိူးသမီးနှစ်ယောက်တွေ့ရတယ်။ ဆိုင်ထဲမလဲ ထိုင်စားနေတဲ့ လူတသိုက်တွေ့ရတယ်။

ကြာက်ကြော်ဆိုင်ထဲမှာ အစာပလာနယ်ထားတဲ့ ကြက်တွေကို ဇလားတွေထဲထည့်ထားပြီး လူလာဝယ်တာနဲ့ တခါ ပြန်နွေးကြော်ပေးပါတယ်။ ကြက်က တစ်ကောင်ကို အကြီးသေးပေါ်မူတည်ပြီး ၄၀၀၀-၅၀၀၀-၆၀၀၀ ရောင်းပါတယ်။ ခုက ဆီစျေးရော၊ ကြက်သားစျေးရောတက်သွားလို့ ဒီစျေးဖြစ်တာတဲ့။ အရင်ကဆို အကောင်သေး တစ်ကောင် ၂၅၀၀ ပဲရှိသတဲ့။ စျေးတွေတက်လွန်းတော့ ငုံးကြော်တောင်မရောင်းနိုင်တော့ဘူးတဲ့။ ခုလို ဆန်းဒေးရက်မျိူးဆို တစ်နေ့ ကြက်ကောင်ရေ ၁၀၀ ကျော်ရောင်းရတယ်ပြောတယ်။ ကိုယ်တွေတော့ ကြက် ၃ ကောင်ဝယ်ပြန်ခဲ့တယ်။ ဆီစျေးတွေကလည်းးတက်လွန်းတော့ နောက်ပိုင်း ပြန်ကြော်ဆီလုပ်နေရတယ်လို့လဲ ပြောချလိုက်သေးတယ်။

ဘဝ(၃)

၁၅ မိုင်ဘုရားကြီးက ထွက်လာတော့ အပြန်မှာ ခုတလော ဖဘမယ် နာမည်ထွက်နေတဲ့ ဓာတ်တော်မွေတော်ဆိုလားး ရှမ်းပြည်က ကက္ကူနဲ့တူတဲ့ ဘုရားဆိုတာ ဝင်ကြည့်ကြမယ်ဆိုပြီး အမှတ် (၃) လမ်းကနေပြန်လာကြရင်း ပုလဲမြို့သစ်၊ ပေါင်းကူး-ဉာဏရပ်ကွက် (မဥ ဘက်ကလာရင် ညာဘက်၊ အမြန်လမ်းဘက်ကလာရင်ဘယ်ဘက်) မှာရှိတဲ့လမ်းထဲ ဝင်လိုက်ပြီး ၁၀ မိနစ်လောက်မောင်းဝင်ပြီးတဲ့အခါ လမ်းဆုံးတာနဲ့ အဲ့ ဓာတ်တော်မွေတော်ကံကူဘုရားဆိုတာ တွေ့ရတာပဲ။

ရန်ကုန်ကလူတွေအတွက်တော့ အသစ်ပါ။ ဘုရားတည်ထားတာက ဒီဇိုင်းအများဆုံးတူထားတာက မန်းလေးက ကုသိူလ်တော်ဘုရားပုံစံ။ အပြင်ကကြည့်ရင်တော့ ရှမ်းပြည် မွေဆတာ်ကက္ကူက ဘုရားတွေ ပုံစံနဲ့လည်းတူပြန်တယ်။ စေတီအထွတ်ပုံကျတော့ ပုဂံက အာနန္ဒာ (ဗုဒ္ဓဂယာက မဟာဗောဓိ) ပုံစံ။ အတွင်းထဲကျပြနတော့ အာနန္ဒာဘုရားအတွင်းကလို ရပ်တော်မူလေးဆူတည်ထားတယ်။

စေတီလေးတွေကို ထုံးဖြူလေးတွေ သုတ်ထားတော့ ဖြူဖြူဖွေးဖွေးနဲ့ သပ္ပါယ်ပါတယ်။ ပြောချင်တာကတော့ ဘယ်နေရာမှ ဝေးဝေးမသွားနိုင်တဲ့ ရနိကုန်က ပရိတ်သတ်က လာလိုက်ကြတာ၊ ကားတွေကော ဆိုင်ကယ်တွေကော၊ တုတ်တုတ်တွေကော လူအပြည့်ပါပဲ။ ရင်ပြင်တော်ပေါ်မှာလည်း ရိုက်ပွဲသဘင်ဆင်နွဲနေကြသည်မှာ သူမတူအောင်ပို့စ်ပေါင်းစုံဖြင့်။ စေတီဝင်းအတွင်းမှာလည်း စားသောက်ဆိုင်၊ မုန့်ဆိုင်၊ တွန်းလှည်း အစုံဖြင့် ရောင်းချနေကြပြန်ပါတယ်။ ခေတ်ဆိုးခေတ်ကြပ်ထဲတွင် အသက်ရှုမကြပ်အောင်နေနေကြရသည့သူများပေါ့။ အဝေးမှနေ၍ ထိုသူများကို နေနိုင်လိုက်တာဟု သွားပြော၍ကားမရ။ သူ့အချိန်နဲ့သူပါပဲ။

လူပေါင်းစုံဘဝပေါင်းစုံ၊ ခက်ခဲကြပ်တည်းနေသောဘဝပေါင်းစုံအကြောင်းကို အပြင်ထွက်ကြည့်မှသိနိုင်ပါမည်။ ဖဘပေါ်ကကြည့်ပြီးတော့ ဘာမှမှန်းဆမရပါချေ။ ပြည်တွင်းကအကြောင်း ပြည်တွင်းမှနေသောသူများသာ အသိဆုံးးဖြစ်မှာအမှန်ပါပဲ။

🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂

Address


Telephone

959775455589

Website

Alerts

Be the first to know and let us send you an email when KSM's Heritage Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share