NCA Travel & Tours

  • Home
  • NCA Travel & Tours

NCA   Travel & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NCA Travel & Tours, Tour Agency, .

"ကလောက ကာတွန်းအိမ်လေးကို အလည်သွားကြမယ်လေ...35000 ပဲနော် တန်မှတန်"😘Ticktelရဲ့အသဲလေးတွေကလာလာမေးကြတယ်​😁😁 ကလောမြို့ကhotelလေး...
12/08/2018

"ကလောက ကာတွန်းအိမ်လေးကို အလည်သွားကြမယ်လေ...35000 ပဲနော် တန်မှတန်"😘

Ticktelရဲ့အသဲလေးတွေကလာလာမေးကြတယ်​😁😁 ကလောမြို့ကhotelလေးတွေမှာရော promotion လေးတွေရှိလားတဲ့🤔🤔 အဲ့လိုလာမေးတဲ့ အသဲလေးတွေကို Ticktelလေးက ပြတ်​ပြတ်​သားသားတစ်​ခွန်းပဲပြောလတ်​မယ်​😐😐 ရှိပါတယ်​ရှင့်​လို့ 😁😁❤️❤️ ကဲ မေးတဲ့အသဲတွေကမေးထားသလို😘😘 မိုးရာသီမှာပါသွားလို့အဆင်​ပြေစေမဲ့ မြို့လေးတစ်​ခုမို့😍😍 ကလောက ဈေးအဇမ်းအဇမ်းတန်​တဲ့💸💸luxury motelလေးတစ်​ခုနဲ့💓💓Ticktelလေးက မိတ်​ဆက်​ပေးလိုက်​မယ်​နော်​😉😉😘😘 အော်​ အသဲလေးတို့ Motel ဆိုပြီး အဆင်​မပြေမှာမကောင်းမှာကိုမစိုးရိမ်​ကြနဲ့နော်​ Banglowပုံစံလေးဆောက်​ထားတာမို့ အခန်းရေ ၂၀မပြည့်​လို့သာ Motel ဆိုပြီး ဖြစ်​နေတာ😅တကယ့်​ကို Hotelတွေရဲ့ standard အတိုင်း service တွေ facilities တွေပေးတာမို့လို့ စိတ်​သာချပါနော်​ 😘😘

ပြည်​ထောင်​စုလမ်းမကြီး အောင်​ပန်းဘက်​ကိုထွက်​တဲ့ ဘက်​မှာရှိတဲ့ Mount Royal💚💚 လို့ခေါ်တဲ့ ဒီLuxury Motel လေးက ကလောဈေးရဲ့ အလွန်​လေးမှာရှိတာမို့ အသဲလေးတို့ ကလောဈေးကိုသွားချင်​လား??? တခြားအစားအသောက်​တွေစားချင်​လား??? ဒါမှမဟုတ်​ ကားဂိတ်​တွေကိုသွားချင်​လား??? ၇မိနစ်​စာလောက်​အကွာအဝေးလေးမို့လို့😮😮လွယ်​လွယ်​ကူကူသွားနိုင်​မှာပါအသေအချာပါပဲနော်​😍😍 မြို့ပြင်​မဟုတ်တဲ့ မြို့ရဲ့အဓိကနေရာလေးတွေနဲ့ မနီးမဝေးအနေအထားလေးမို့ သွားရလာရဆင်​ပြေစေမဲ့ နေရာမျိုးကို အဓိကထားမေးတတ်​တဲ့ အသဲတွေ❤️❤️ အတွက်​ သင့်​တော်​တဲ့နေရာလေးတစ်​ခုပေါ့နော်​😘😘
နောက်​တစ်​ခုက Ticktelလေးတွေ အမေးအများဆုံးမေးခွန်းထဲကတစ်​ခုဖြစ်​တဲ့ လာကြိုပေးလား😁😁 ဟုတ်​ကဲ့ ရန်​ကုန်​ဘက်​ကသွားတဲ့အသဲတွေ ညကားစီးမိလို့ မနက်​စောစောရောက်​သွားရင်​လဲ စိတ်​မပူနဲ့နော်​😘😘ဖုန်းသာဆက်​လိုက်​😉😉 လာကြိုပြီးသားပဲနော်​😁😁 free pick up မို့လို့😍😍 သာသာယာယာပဲပေါ့လို့ အယ်​လဲ့ 😝😝❤️❤️
အင်းလာကြိုပေးမှာကဟုတ်​ပါပြီ🤔🤔 စောစောရောက်​နေတယ်​ဆိုတော့ early check-in အတွက်​ကရော အဆင်​ပြေပါ့မလား😓😓 ဆိုတဲ့ အသဲလေးတို့ရေ စိတ်​မပူနဲ့နော်​ high seasonအချိန်​တွေကလွဲရင်​😁😁 အခုလိုရာသီတွေမှာ booking လုပ်​ထားလိုက်​ပြီဆိုတာနဲ့😉😉early check-in အတွက်​ တခါထဲ စီစဉ်​ထားမှာမို့လို့😮😮 ဘယ်​လောက်​အဆင်​ပြေလိုက်​လဲ😍😍 high season ချိန်​မှာ အခန်းတွေပြည့်​နေခဲ့လို့😣😣early check-in မရခဲ့ရင်​လဲ lobbyမှာထိုင်​စောင့်​အနားယူရင်း လက်​ဆောင်​အနေနဲ့တိုက်​မဲ့ သဘာဝကော်ဖီစစ်​စစ်​လေးရယ်​☕️☕️ ပလောင်​တောင်​တန်းဒေသထွက်​ ရေနွေးကြမ်း မွှေးမွှေးလေးရယ်​🍵🍵 ကိုသုံးဆောင်​ရင်း ကလောရဲ့ အာရုဏ်​ဦးအလှအပဆုံးအချိန်​လေးတွေကို🌄🌄ခံစားနိုင်​ပါတယ်​နော်​😘😘💚💚 အဲ့လို lobbyမှာအနားယူနေတုန်းအချိန်​လေးတွေမှာလဲ အအေးသက်​သာအောင်​ ❄❄စောင်​လေးတွေပေးမှာပါလို့😘😘

တခြား service တွေရောဘာတွေရှိသေးလဲ ကား ဆိုင်​ကယ်​ စက်​ဘီးတွေရောငှားပေးရဲ့လား Ticktelရေ???😅😕
ဟိဟိ😁😁 Mount Royal က staffလေးတွေက ဖော်​ရွေပျူငှာသလို service တွေကိုလဲ စုံစုံလင်​လင်​ပေးပါတယ်​နော်😍 ကလောမြို့ကိုလွတ်​လွတ်​လပ်​လပ်​လည်​ပတ်​ ကျန်းမာရေးလိုက်​စားချင်​တဲ့သူတွေအတွက်​ စက်​ဘီးလေးတွေငှားပေးသလို🚲🚴ဆိုင်​ကယ်​လေးတွေလဲငှားပေးပါတယ်​နော်​❤️❤️ကားငှားချင်​တယ်​ဆိုရင်​လဲ ကျွမ်းကျင်​မှုရှိပြီးစိတ်​ရှည်​တဲ့Taxi driverတွေကိုပဲ🚖 ငှားပေးတဲ့အပြင် hotel ကိုဆက်​သွယ်​လို့ရမဲ့ဖုန်းနံပါတ်​တွေပါတစ်​ခါထဲထည့်​ပေးထားတာဖြစ်​လို့ စိတ်​ချလက်​ချသာလည်​ပတ်​နိုင်​ပါတယ်​နော်​😘😘တခြားservice တွေအနေနဲ့ Laundry service👔👕👖👗 အခန်​ထဲမှာပဲအေးဆေးနေပြီး မှာစားချင်​တဲ့အသဲလေးတွေအတွက်​ room service🍜 🍚🥓🍗honeymoonerတွေ romanticဆန်​ဆန်​လေးတွေဖြစ်​အောင်​လဲ သေချာပြင်​ဆင်​ပေးထားတဲ့ candle light dinner❤️❤️ service ကိုတကယ်​စေတနာပါပါ အားကြီးနဲ့ကိုပေးမှာနော်​ 😜😜😘😘

😊အခန်းအမျိုးအစားလေးတွေကတော့......
From August ~ September 2018
🛏️Superior Room: 35000 MMK
🛏️Deluxe Room: 43000 MMK
🛏️Royal Deluxe Room: 60000 MMK

All rates are including Breakfast :)

ဒီ Mount Royal ရဲ့ အားသာချက်​တွေကိုပြောပြပေးဆိုရင်​တော့ 😘😘 သွားရလာရ လွယ်​တဲ့နေရာမှာ ရှိနေတာမို့လို့🚶‍♀️🚶 location ကောင်းတယ်​☑️ ပန်းခြံလေးထဲမှာရောက်​နေသလားထင်​ရလောက်​အောင်​ ခြံဝန်းလေးကလဲ သီးသီးသန့်​သန့်​နဲ့မို့လို့😍😍 အေးဆေးအနားယူချင်​သူတွေအတွက်လဲ အဇမ်းတွေအဆင်​ပြေစေသလို💓💓ကလောရဲ့အနှစ်​သာရတွေကိုသဘာဝအတိုင်းခံစားနိုင်​မဲ့ viewတွေကြောင့်​🌄🌲🍃ဓာတ်​ပုံလှလှလေးရိုက်​ချင်​ကြတဲ့ အသဲလေးတွေ📷📷 တည်းစရာနေရာလှလှပပလေးရှာနေကြတဲ့ အသဲတွေအတွက်​ရော❤️❤️လုံးဝကိုအံကိုက်​ပဲနော်​😘😘


Crd :

လားရှိုး ကနေ ဟိုက်ပါ သွားကြမလား။အရှေ့တောင်အာရှမှာအလှဆုံး ဟိုက်ပါရေတံခွန်သွားလည်ကြမယ်။ပို့စ်တော်တော်များများက တောင်ကြီးဘက်...
27/04/2018

လားရှိုး ကနေ ဟိုက်ပါ သွားကြမလား။

အရှေ့တောင်အာရှမှာအလှဆုံး ဟိုက်ပါရေတံခွန်သွားလည်ကြမယ်။

ပို့စ်တော်တော်များများက တောင်ကြီးဘက်ကနေသွားလည်ကြဖို့ ဖိတ်ခေါ် လမ်းပြထားတာပဲတွေ့လို့ ကျွန်တော်တို့ လားရှိုးမြို့ဘက်ကနေ သွားရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါရစေ။ လမ်းလဲပိုသာသလို နီးလဲ ပိုနီးပါတယ်။

လားရှိုးကနေဆို နေ့ခြင်းပြန်သွားချင်တောင် သွားလို့ရပါတယ်။ မနက်အစောကြီး ကြက်မတွန်ခင်လောက်ထထွက်မှ အေးအေးဆေးဆေးလည်ပတ်လို့ရမှာမို့ နေ့ခြင်းပြန်သွားဖို့တော့ အားမပေးချင်ပါ။
သွားမယ်ဆို တစ်ညအိပ်တော့သွားလိုက်ပါ။ ဟိုက်ပါမှာတော့အိပ်လို့မရပါဘူး။ တန့်ယန်းမှာဖြစ်ဖြစ် မိုင်းရှူးမှာဖြစ်ဖြစ် အိပ်လို့ရပါတယ်။ တန့်ယန်းနဲ့ မိုင်းရှူးတို့မှာ တည်းခိုခန်းတွေရှိပါတယ်။

လားရှိုးကနေ ဟိုက်ပါအထိဆို အားလုံး မိုင် ၁၅၀ ရှိပါတယ်။ ခရီးကြာချိန်ကတော့ ၆နာရီခန့်ပါ။
လားရှိုး - တန့်ယန်းက မိုင်(၈၀)၊ တန့်ယန်း - မိုင်းရှူးက မိုင်(၅၅)၊ မိုင်းရှုး - ဟိုက်ပါက (၁၅)မိုင်ပါ။ လမ်းလဲကောင်းပါတယ်။ ကတ္တရာလမ်းတွေပါပဲ။ ဟိုက်ပါရွာရောက်မှ ရွာကနေ ရေတံခွန်ဆီသွားတဲ့လမ်းက လယ်ကွက်တွေထဲက ဖြတ်သွားရတဲ့ မြေသားလမ်းပါ။ အောက်ပိုင်းနိမ့်လွန်းတဲ့ကားတွေကတော့ အောက်ပိုင်းထိပါမယ်။ မြေသားလမ်းဖြစ်တဲ့အတွက် မိုးတွင်းဆိုသွားလို့မရပါဘူး။ ရွာကနေ ရေတံခွန်ထိ လမ်းလျှောက်သွားမှရပါမယ်။

ဒီဘက်လမ်းကြောက တိုင်းရင်းသားလက်နက်ကိုင် ဂိတ်တွေမရှိပါဘူး။ တစ်ခုပဲသတိထားရမှာက ဟိုက်ပါကနေ တန့်ယန်းပြန်မယ်ဆိုရင် အဲ့ဒီဘက်လမ်းကြောမှာ လုံခြုံရေးအတွက်ထိုင်တဲ့ အစိုးရစစ်တပ်ဂိတ်လေးတွေက ည(၆း၀၀)နာရီဆိုပိတ်ပါတယ်။ ကားတွေပေးမဖြတ်တော့ပါဘူး။ ဒါကြောင့် ဟိုက်ပါကနေ ပြန်ထွက်လာရင် ညနေ ၃နာရီထက်နောက်မကျစေပဲ ပြန်ထွက်လာကြဖို့ လိုအပ်ပါမယ်။

ရန်ကုန်ကလာရောက်လည်ပတ်ချင်တဲ့လူတွေ ကိုယ်ပိုင်ကားမရှိလဲ ရန်ကုန် - လားရှိုးပြေးတဲ့ express ကားကြီးတွေစီးလာရင် အောင်မင်္ဂလာကားကွင်းကနေ နေ့လည် (၃း၀၀)နာရီလောက်ထွက်ကြပါတယ်။ လားရှိုးကိုတော့ နောက်နေ့မနက် ၈နာရီ-၉နာရီလောက်ဆိုရောက်ပါပြီ။ လားရှိုးမှာ မအိပ်ချင်လို့ တခါထဲတန်းသွားချင်လဲရပါတယ်။ လားရှိုးကနေ ဟိုက်ပါထိကို တစ်ညအိပ်ခရီးပို့ဆောင်ပေးနေတဲ့ ကားငယ်လေးတွေရှိနေပါပြီ။ ဈေးကတော့ ကားတစ်စီးလုံးကို တစ်ညအိပ် အသွားအပြန် တစ်သိန်းခြောက်သောင်း(၁၆၀၀၀၀)ဝန်းကျင်ရှိပါတယ်။ ကားကိုတော့ ကြိုချိတ်ထားဖို့တော့လိုတာပေါ့။ နို့မို့ဆို လားရှိုးရောက်မှ လိုက်ရှာနေရမယ်။
လားရှိုးကနေ တန့်ယန်းမှာဖြစ်ဖြစ် မိုင်းရှူးမှာဖြစ်ဖြစ် သွားအိပ်လိုက်ပေါ့။ နောက်နေ့မနက်မှ ဟိုက်ပါကိုသွားလည် နေ့ခင်းပိုင်း ပြန်ထွက်လာပြီး လားရှိုးမှာ ညလာအိပ်လိုက်ပါ။

လားရှိုးပြန်ရောက်ရင် ညနေပိုင်းလောက်ဖြစ်ပြီမို့ သွားလည်ချင်ရင် လားရှိုးမြို့ရဲ့ နာမည်ကြီးရေပူစမ်းနဲ့ ညဈေးတန်းကို သွားရောက်လည်ပတ်ပြီး တစ်ညတာ အိပ်စက်အနားယူလိုက်ပါ။
လားရှိုး - ရန်ကုန်ကားတွေကလဲ လားရှိုးကနေ ညနေ ၄း၀၀နာရီလောက်မှ ထွက်ကြတာမို့ မနက်ပိုင်း ရှမ်းခောက်ဆွဲလေးစားပြီး တစ်နေကုန် လားရှိုးမြို့ရဲ့ နာမည်ကြီးဘုရားတွေ သွားလည်လို့ရပါတယ်။ ဒီလိုလည်ပတ်ဖို့အတွက်လဲ လားရှိုးမှာ ကားလေးတွေ ဟိုက်ဂျက်တွေ ဒါမှမဟုတ် တုတ်တုတ်ခေါ်တဲ့ သုံးဘီးတွေ ငှါးလို့ရပါတယ်။ ဘုရားတွေလည်ပတ်ပြီးလို့ အချိန်ပိုသေးရင် လားရှိုးမြို့မဈေးကြီးကိုလဲ ဝင်ရောက် ရှော့ပင်ထွက်လို့ရပါသေးတယ်။ လားရှိုးမြို့မဈေးကြီးက လပြည့် လကွယ် (၂)ရက်တော့ပိတ်တက်ပါတယ်။
လားရှူိးကနေ ညနေ၄နာရီထွက်တဲ့ကားစီးသွားရင် ရန်ကုန်ကို နောက်နေ့မနက် ၈နာရီလောက်ပြန်ရောက်ပါပြီ။ express ကားခတွေကလဲ လူတစ်ယောက်ကို ၁၅၀၀၀ ကနေ ၂၀၀၀၀ကျပ် ကြားမှာပဲရှိပါတယ်။
အချိန်လဲအများကြီးမပေးရပါဘူး။ ရန်ကုန်ကနေ ဟိုက်ပါ အသွားအပြန် ၃ရက်ခရီးပါပဲ။ လမ်းကြောလဲ ဒီဘက်က ပိုစိတ်ချရပါတယ်။

ဟိုက်ပါရေတံခွန်တည်ရှိတဲ့နေရာက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရှိတဲ့ နေမြေအတွင်းရောက်နေလို့ အခုလို ငြိမ်းချမ်းတဲ့အချိန်သွားရောက်လည်ပတ်ထားသင့်ပါတယ်။ အခြေအနေဆိုတာမပြောနိုင်ဘူးလေ။ တော်ကြာသွားလာခွင့်ပိတ်သွားလို့ သွားချင်တောင် သွားမရဖြစ်သွားနိုင်ပါတယ်။ တစ်ကယ်လဲလှပတဲ့နေရာမို့ တစ်ခါတစ်ခေါက်လောက် အရောက်လာလည်ကြစေချင်ပါတယ်။

ဓာတ်ပုံများကို ဖေ့စ်ဘုတ်ပေါ်မှရယူပါတယ်။ ဓာတ်ပုံပိုင်ရှင်များ ခရက်ဒစ်ပါ။

ခရက်ဒစ်။ ။ မင်းညွှန့် ( လားရှိုးသတင်းထောက်)

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်====================ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ...
01/04/2018

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်
====================
ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံး မြို့လည်းဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဖက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်သည်။ ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးပြီး ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။
ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်းရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျှော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အာသောကမင်းလက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စနဂရ ဟုခေါ်တွင်ခဲ့သည်။ ပုဂံခေတ် မင်းယဉ်နရသိင်္ခလက်ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျှက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လောကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုလ်ကျသဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။

ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး မြန်မာသက္ကရာဇ် ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တြဖစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လုပ်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အား အင်္ဂလိပ်အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။ သမိုင်းမှတ်တမ်း အတော်များများတွင် ပုသိမ် ကို ကုသိမ် ဟူ၍လည်းတွေ့ကြပါသည်။

သို့သော် ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရတ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဖြစ်သည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာမွတ်စလင်မ်မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်။

ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အလောင်းမင်းတရားလက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အခွင့်အရေးများ ပြန်လည်ရုတ်သိမ်း ခံခဲ့ရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန်မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဗြိတိသျှအင်ပါယာ လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။
ပုသိမ်မြို့သည် ယခင်က မွန်တို့ပိုင်နက်ဖြစ်ခဲ့သော်လည်း မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး မြန်မာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယ၊ တရုတ်အနွယ်များ လူနည်းစုအဖြစ်နေထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကတ်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ စပါးကျည်ကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကျိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်း တို့ဖြင့် ရန်ကုန်နှင့် အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ် ဆိပ်ကမ်းသည် ဧရာဝတီတိုင်းအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့သည် အစိုးရပိုင် မှန်စက်ရုံ ရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံး မှန်နှင့် ဖန်ထည် အမျိုးမျိုးကိုပါ ထုတ်လုပ် ဖြန့်ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်း များ၊ ငပိငါးခြောက်ငံပြာရည် လုပ်ငန်းများအပြင် ဟာလဝါလုပ်ငန်းများပါ ဖွံဖြိုးသည်။

မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းကြောင့် ရေကြောင်းခရီးမှာ များစွာအရေးပါလှသည်။ ရေကြောင်းခရီးအား အဓိက အားကိုးရခြင်း ကြောင့်လည်း မြေပြန့်ဒေသများ နှင့် နှိုင်းယှဉ်လျှင် လမ်းပန်းဆက်သွယ်ရေး အနည်းငယ် နောက်ကျေနခဲ့သည် ဟုဆိုနိုင်သည်။ ယခင်က အခြားဧရာဝတီတိုင်းရှိ မြို့ရွာများနှင့် ဆက်သွယ်ရန် ရထားလမ်း၊ ကားလမ်း အချို့ ရှိခဲ့သော်လည်း ရန်ကုန်သို့ တစ်ညအိပ် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၅ နှစ်အတွင်း လမ်း၊ တံတားအချို့ဆောင်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ခရီးသွားလုပ်ငန်းများ အနည်းငယ် ဦးမော့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ သို့ပြေးဆွဲသော မော်တော်ယာဉ် လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄နာရီခန့်သာ ကြာမြင့်သည်။ လေ ကြောင်းခရီးအတွက် ပုသိမ်လေယာဉ်ကွင်း ရှိပြီး ပြေးလမ်း ၄၄၀ဝေပရှည် ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်သည်။ မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ် နှင့် ပုဂံလေကြောင်းမှ ရန်ကုန်-ပုသိမ်ခရီးစဉ်များ ပြေးဆွဲ ပေးနေသည်။ ထို့အပြင် ရေလမ်းခရီးမှာလည်း လူသုံးများဆဲ ဖြစ်သည်။
မြို့တွင်း ခရီးသွားလာရန် အတွက် မော်တော်ယဉ်လိုင်း အချို့ရှိပြီး စင်းလုံးငှား မော်တော်ယာဉ်များပါ ရှိသည်။ ယခင်က မြို့တွင်း သွားလာရေး အတွက် သုံးဘီးကား များကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် လေးဘီးကား၊ ဒိုင်နာ၊ ဟိုင်းလပ် စသည်တို့ဖြင့် အစား ထိုးခဲ့သည်။
ပညာရေးဘက်တွင်လည်း-
ပုသိမ်တက္ကသိုလ်
ပုသိမ်ပညာရေးကောလိပ်
ပုသိမ်နည်းပညာတက္ကသိုလ်
ပုသိမ်ကွန်ပျူတာတက္ကသိုလ်များ ရှိကြသည်။

ရွှေမုဋ္ဌောစေတီသည် ပုသိမ်မြို့လည်တွင် တည်ရှိပြီး ပါးစပ်ရာဇဝင် အရ အာသောက မင်းကြီးမှ ဘီစီ ၃၀၅တွင် စတင် တည်ခဲ့သည်။ ၁၁၅၁ အေဒီတွင် အလောင်းစည်သူ မင်းကြီးမှ ဉာဏ်တော် ၁၁မီတာ ထိမြှင့်တင် ခဲ့သည်ဟု ဆိုသည်။

လေးကျွန်းရန်အောင် ဖေါင်တော်ဦးစေတီသည်လည်း ပုသိမ်မြို့၏ ရေကြည်ဦးအရပ်တွင် တည်ရှိပြီး အလောင်းစည်သူ မင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် ဖောင်တော်ဆိုက်ရာ အရပ်၌ စေတီတည်ခဲ့ခြင်း ကြောင့် ဖေါင်တော်ဦး စေတီဟု အမည်တွင် ခြင်းဖြစ်သည်။ ရေကြည်ကန်နှင့် ရေနောက်ကန် ရှိခြင်းကို အစွဲပြု၍ ရေကြည်ရေနောက် ဘုရား ဟုလည်း ခေါ်သည်။

ကန်သာယာပန်းဥယျာဉ်သည် ပုသိမ် တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နေဘးတွင် တည်ဆောက်ထားသော ပန်းဥယျာဉ် ဖြစ်ပြီး ပြခန်းများနှင့် ကစားကွင်းအချို့ ပါဝင်သည်။

မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများမှာ မော်တင်စွန်းဘုရားပွဲ
ငဝန်မြစ်ကြောင်း အတိုင်း သင်္ဘောနှင့် စုံဆင်းသွားပါက ကပ္ပလီပင်လယ် ဝရှိ မော်တင်စွန်း အငူသို့ ရောက်ရှိ နိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖေါ်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပေလ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။
ချောင်းသာကမ်းခြေသည်လည်း ပုသိမ်မြို့မှ ၄ဝ ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ် များတွင် စတင် လူသိများ လာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုးခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင် များရှိသည်။
ငွေဆောင်ကမ်းခြေမှာ
ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ခုနှစ်တွင် စတင်ဖွင့်လှစ် သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများ ရှိရာ နေရာ ဖြစ်သည်။

ပုသိမ် ၃၂-မြို့
ရွှေတိုက်တော် စာရင်း ပုရပိုက်မှ၊ ယခု အမည်ကို နောက်ဆက်ကော်မာနှင့် ပြထားသည်။
ကျကျိုက်စတည်မြို့ ' ဟိုင်းကြီး'၊
ကျိုက်သရဲမြို့'မော်တင်'၊
ကျိုက်ခရံမြို့'ဘုရားလှ, ကျုံထူး'၊
ကျိုက်ထူပါရရုံ ကမ်းဖြူမြို့'မြစ်တရာ'၊
ကျိုက်ဇလဘမော် မြို့၊
ကျိုက်ပေဒါမြို့'ပန်းမဝတီ'၊
ကျိုက်အမွန်မြို့'ဆိပ်ကြီး'၊
ကျိုက်ဝှန်မြို့ 'ကျုံတုံးကံကြီး'၊
ကျိုက်ဇလဲထော်မြို့'မြောင်းမြမြို့ဟောင်း'၊
ကျိုက်မိမြို့'သစ်ရောင်းချောင်း'၊ (၁၀)
ကျိုက်ဓောမြို့'တကောင်း'၊
ကျိုက်ပိမြို့'ကျုံတေရာ်, ကျုံပျော်'၊
ကျိုက်မော်ဓော ထလျော် မြို့'ထောင်လုံ'၊
ကျိုက်သေထာမြို့'ရေကြည်ပန်းတော'၊
ကျိုက်ပတီသာရေဝါမြို့'မြို့ကွင်း'၊
ဘုရားကြီးသံသေတန်ခွန်မြို့ 'ဒမ္ဘီ'၊
ကျိုက် တုံလုံတောမြို့ 'မြန်အောင်'၊
ကျိုက်ပြိုတောင်မြို့ 'အင်္ဂပူ, အုတ်ဖို'၊
ကျိုက်ငူသုနန္ဒမြို့'မန်းကြာ'၊
ကျိုက်တောင်တော်မြို့'ပန်းတောကြီး '၊ (၂၀)
ကျိုက်မင်းပေတာမြို့'ကျောက်ချောင်းကေလး'၊
ကျိုက်အဝှန် ကျုံတုံးမြို့'ဘိုးတော်ဘုရားကြီး'၊
ကျိုက်ခရံဂေဟနံမြို့'ခေနံ '၊
ကျိုက်သေတာမြို့'ဘုရားကုန်း'၊
ကျိုက်ခေတ်ာတုံမြို့'ထန်းဖူး'၊
ကျိုက်ခရံထော်, ကျိုက်ဖြူမြို့'သိမ်ချောင်း, သာပေါင်း'၊
ကျိုက်နံကလံ တနပေဝါရိမြို့'ကျောက်ချောင်းကြီး'၊
ကျိုက်တည်မုဋ္ဌော -သြမင်းတုံးမြို့'ပန်းတေနာ်'၊
ကျိုက်သလွန်မွန် 'ဒေါင်းဖြူမြို့ ဓနုဖြူမြို့'၊
ကျိုက်အနန္ဒပူရမြို့ 'ဟင်္သာတ'၊ (၃၀)
ဟင်္သာတမြို့၊
ပုသိန်မြို့မ (၃၂)။ [၂] [၃]

မှတ်ချက်။ ။ အချို့စာမူတို၌ ဟင်္သာတမြို့ မပါ၊ ၃၁-မြို့သာ ရှိ၏။
ဝီကီပီးဒီးယားစွယ်စုံကျမ်းမှ ကူးယူဖော်ပြထားပါသည်။
Ven Cakkinda

Credit # ရိုးမပန်း
(ပြန်လည်မျှဝေသည်)
photo credit ပါ

 #ပခုက္ကူမြို့နှင့်၁၀မိုင်ဝေးသည့်ဧရာဝတီမြစ်ကမ်းဘေးက ပလင်းကမ်းသာယာဆင်စခန်း (သို့)  #ပုဂံညောင်ဦးဒေသရဲ့ပထမဆုံးဆင်စခန်းမြန်မ...
21/03/2018

#ပခုက္ကူမြို့နှင့်၁၀မိုင်ဝေးသည့်
ဧရာဝတီမြစ်ကမ်းဘေးက ပလင်းကမ်းသာယာဆင်စခန်း (သို့)
#ပုဂံညောင်ဦးဒေသရဲ့ပထမဆုံးဆင်စခန်း

မြန်မာနိုင်ငံရဲ့အလယ်ပိုင်း၊ မြန်မာနိုင်ငံရဲ့အသည်းနှလုံး၊
မြန်မာတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ
ပြည်တွင်းပြည်ပ အားလုံးကစိတ်ဝင်တစား
လာရောက်လည်ပတ်ကြတဲ့ ပုဂံ/ညောင်ဦးဒေသ မှာ
ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ဆင်စခန်းလေး…..
ဆင်စခန်းရဲ့နာမည်က ပလင်းကမ်းသာယာ ဆင်စခန်း…..

ပလင်းကမ်းသာယာဆင်စခန်းတည်နေရာကတော့
ညောင်ဦး-ပခုက္ကူ-မြင်းခြံ လမ်းမကြီးရဲ့မြောက်ဘက်၊
ညောင်ဦးက ၅ မိုင် ၅ ဖာလုံ အကွာ၊
မိုင်တိုင်အမှတ် 9 Km နဲ့ အတည့် မြေလမ်းလေးအတိုင်း
အတွင်းကို ၂ ဖာလုံလောက် ၀င်လိုက်ရင်
အလွယ်တကူ ရောက်ရှိနိုင်တဲ့
ဧရာဝတီမြစ်ကမ်းဘေးက
ဆင်စခန်းလေး ဖြစ်ပါတယ်။
ကားလမ်းနဘေးမှာလည်း အလွယ်တကူမြင်သာနိုင်အောင်
သဘာဝ ပျဉ်ပြားတွေနဲ့
ဆိုင်းဘုတ်တွေလည်း စိုက်ထူထားရှိထားပါတယ်။

ဆင်စခန်းကို ညောင်ဦးကလာမယ်ဆိုရင်
ကားမောင်းချိန် ၁၅ မိနစ် သာကြာမှာဖြစ်ပြီး
E bike နဲ့ လာမယ်ဆိုရင်လည်း
မိနစ် ၂၀ ခန့်သာ ကြာမြင့်မှာပါ။
ဆင်စခန်းရှိရာကို ညောင်ဦးက
အသွားအပြန် အကွာအဝေးကလည်း
E bike –Battery ကောင်းကောင်းသွားလို့
ရနိုင်တဲ့ အနေအထားမှာရှိတဲ့အတွက်
Battery အားကုန်သွားမှာလည်း ပူစရာမလိုပါဘူး။
ညောင်ဦးမြို့ရှောင်လမ်းကလာမယ်ဆိုရင်
ဆင်စခန်းရှိရာ လမ်းခွဲကို ၂ မိုင်လောက်ပဲ
ကွာဝေးပြီး ကားမောင်းချိန် ၇ မိနစ်လောက်ဆိုရင်
ရောက်နိုင်တဲ့ သိပ်အလှမ်းမဝေးလှတဲ့
ဆင်စခန်းလေးပါပဲ။

မြင်းခြံ/ ပခုက္ကူဘက် က လာမယ်ဆိုရင်လည်း
ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ )က ၁၀ မိုင်သာ
ကွာဝေးပြီး ကားမောင်းချိန် ၁၅ မိနစ်ပဲ ကြာမှာပါ။

ရေကြောင်းကလာမယ်ဆိုရင်လည်း
ဧရာဝတီမြစ်ကြောင်းအတိုင်း
အပျော်စီးသဘောင်္တွေ၊ မော်တော်တွေနဲ့
အလွယ်တကူ လာရောက်နိုင်ပြီး
ညောင်ဦးကနေ ရေမိုင် ၆ မိုင်ခန့်သာ
ကွာဝေးပါတယ်။

ကဲ ဒီလို သွားလာရေးလွယ်ကူတဲ့
ပလင်းကမ်းသာယာ ဆင်စခန်းမှာ
ဘာတွေကြည့်ရှုခံစားနိုင်မလဲ……

ဆင်စခန်းမှာ သက်တမ်းရင့်
သစ်ပင်ကြီးတွေရဲ့ အရိပ်အာဝါသနဲ့
မြစ်ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့
လတ်ဆတ်တဲ့လေညှင်းကို ရှုရှိုက်ရင်း
မောပန်းသမျှ ပြေပျောက်လို့
အညာရဲ့ သရုပ်သကန် အပူဒဏ်က
သက်သာရာရစေနိုင်မှာလည်း
အမှန်ပဲဖြစ်ပါတယ်။

ဆင်စခန်းအတွင်းမှာတော့ ထန်းရွက်တဲကြီးတွေမှာ
ဝန်တင်ဆင် နှစ်ကောင်၊
ဆင်သားအမိ မိခင်ဆင်မကြီးနဲ့ ဆင်ကလေးတစ်ကောင်
စုစုပေါင်း လေးကောင်ရှိပြီး
လာရောက်လည်ပတ်သူ ဧည့်သည်များအနေနဲ့
ဆင်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်နိုင်ခြင်း၊
ဆင်နဲ့ပတ်သက်တဲ့ သိသင့်တာတွေကို
ဗဟုသုတအဖြစ် လေ့လာသိရှိနိုင်ခြင်း ၊
ဆင်စာကျွေးနိုင်ခြင်း၊ ဧရာဝတီမြစ်ကမ်းတလျှောက်
မြစ်ဧရာရဲ့အလှကို ခံစားရင်း ဆင်စီးနိုင်ခြင်း၊
နံနက်နဲ့ ညနေအချိန်တွေမှာ ဆင်တွေကို
မြစ်ဧရာအတွင်း ကိုယ်တိုင်
ရေချ (ရေချိုး) ပေးနိုင်ခြင်း တို့
ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ဆင်စီးခြင်းအနေနဲ့ မြစ်ကမ်းဘေးတလျှောက်
ကမ်းပါးကတစ်ဖက် ၊ မြစ်ဧရာက တစ်ဖက်ထားလို့
လှပတဲ့ရှုခင်းတွေ တ၀ကြီး တွေ့မြင် ကြည့်ရှုနိုင်သလို
အောက်ဘက်က မြစ်ပြင် ၊ တစ်ဖက်က ကမ်းပါးအမြင့်ကြီးနဲ့
ကမ်းပါးမှာ ပေါက်နေတဲ့ သဖန်းပင်တွေ၊ မြစ်ကမ်းဘေးက
ရင်းရဲခြုံတွေရဲ့ တောဆန်ဆန် သဘာဝအလှနဲ့
သစ်ရိပ်၊ ကမ်းပါးရိပ်အောက်မှာ နေပူဒဏ်မခံရဘဲ
သဘာဝကျောက်တုံး ကျောက်ခဲတွေကြားက
ဆင်စီးရတဲ့ ရသကို
ရင်ခုန်လှုပ်ရှား ခံစားရမှာပါ…..ဒါပြီးရင်
မြစ်ကမ်းဘေးယာခင်း/ကိုင်းခင်းတွေကြားက တဆင့်
သဘာဝအလှအပများ ခံစားရင်း
အသွားအပြန်ခရီး ငါးဖာလုံခန့်ကို
မိနစ် နှစ်ဆယ်ကြာ ဆင်စီးနိုင်မှာ ဖြစ်ပါတယ်။
နေ၀င်ရိုးရီ ညနေဆီမှာလည်း
မြစ်ဧရာနောက် ငုပ်ဆင်းဝင်ရောက်သွားတဲ့
သူရိယနေမင်းကြီးအလှကို ဆင်စီးရင်း
မြင်တွေ့ခံစားနိုင်ဦးမှာလည်း ဖြစ်ပါတယ်……

ဆင်စခန်းအတွင်း သစ်ရိပ်အောက်နဲ့
မြစ်ကမ်းဘေးမှာလည်း
ဧရာဝတီမြစ်ကြီးကို မျှော်ငေးရင်း
ပန်းချီကားတစ်ချုပ်အလား ရှုခင်းများကို ခံစားရင်း
လေညှင်းခံရင်း
အပန်းဖြေ နားနေနိုင်ဖို့
အေးမြတဲ့ ထန်းရွက်တဲလေးတွေလည်း
ရှိပါသေးတယ်........
ဝါးကြမ်းခင်း နဲ့ ထန်းရွက်တဲလေးတွေမှာ
စားသောက်ဖွယ်ရာ တွေနဲ့ အနားယူ
အပန်းဖြေနိုင်ပါသေးတယ်…..

ဒါ့အပြင် ဧရာဝတီမြစ်အတွင်းမှာ
မော်တော်စီးပြီး ပုဂံရဲ့ နာမည်ကျော်ကြားလှတဲ့
နေ၀င်ချိန်အလှကိုလည်း ကြည့်ရှုခံစားနိုင်သလို
မြစ်ကမ်းတလျှောက်ရဲ့ သဘာဝအလှအပတွေကိုလည်း
မြင်တွေ့ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။
မော်တော်ပေါ်မှာလည်း ခံတွင်းမြိန်စေတဲ့
ကြက်ကာလသား ဟင်းလျာတွေလည်း
ရရှိနိုင်မှာဖြစ်လို့ စားရင်းသောက်ရင်း အပန်းဖြေလို့
ရနိုင်ပါသေးတယ်။

လာရောက်လည်ပတ်သူများအနေနဲ့
ကုန်းပေါ်မှာသာမက ရေပေါ်မှာပါ
အပန်းဖြေ အနားယူလို့ရအောင်
ရေပေါ်နားနေစရာအဖြစ် ရေထဲမှာရှိတဲ့
ဖလက်ဘောတွဲကြီးပေါ်မှာ မြစ်လှိုင်းများရဲ့
တသော့သော့ တိုးခတ်မှုကြားမှာ ငြိမ့်ညောင်းခံစားရင်း…
စားရင်းသောက်ရင်း….လေညှင်းခံရင်း ….
နေ၀င်ချိန်အလှကို ခံစားကြည့်ရှုနိုင်ပါသေးတယ်။

ဆင်စခန်းဝင်ကြေးအနေနဲ့
ပြည်တွင်းတစ်ဦးကို တစ်ထောင်ကျပ်၊
ပြည်ပ တစ်ဦးကို နှစ်သောင်းကျပ်(ဆင်စီးခအပါအ၀င်)ဖြစ်ပြီး
ဆင်စီးခ ပြည်တွင်း တစ်ဦးကို ငါးထောင်ကျပ် ကျသင့်မှာ
ဖြစ်ပါတယ်။
ဆင်စခန်းအတွင်းမှာ ကားရပ်နားဖို့အတွက်လည်း
နေပူဒဏ်သက်သာအောင်
နေရာတွေ စီစဉ်ထားပေးမှာပါ။

ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်
ဆင်စခန်းအတွင်းမှာ ပုဂံရဲ့အမှတ်​သညာ တစ်​ခုဖြစ်​တဲ့
သစ်ကိုင်းလေးတွေမှာ ကြိုးချည်ထားတဲ့
ရုပ်သေးရုပ်ကလေးတွေနဲ့
မြစ်ပြင်ကို နောက်ခံထားပြီး
ဓာတ်ဖမ်းလို့ ရပါသေးတယ်။ နောက်ပြီးတော့
စခန်းအတွင်းက သစ်ပင်တွေမှာ
သစ်ခွပင်လေးတွေအလှ နဲ့ ဓာတ်ဖမ်းလို့လည်း
ရပါသေးတယ်….

နောက်ပိုင်းမှာ ဆင်နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို
အလွယ်တကူ သိရှိနိုင်ဖို့ ပြတိုက်လေးလည်းစီစဉ်သွားဖို့ရှိပါတယ်။
ပြတိုက်ကို ထန်းလုံး၊ ထန်းရွက် နဲ့ ပဲ အေးမြဖို့နဲ့ သဘာဝကျကျ လှပအောင်
တည်ဆောက်ထားပြီး ပြတိုက်ထဲမှာ ဆင်ပုံသဏ္ဍန် ဆင်အရိုးစု၊
ဆင်အကြောင်းသိကောင်းစရာ အဖြာဖြာ အပြင်
ဖောင်ဖွဲ့ရေးနဲ့ပတ်သက်လို့ လုပ်ငန်းသဘာဝ သိမြင်နိုင်အောင်
ဖောင်ဆွဲမော်တော်၊ ဖောင် ပုံစံငယ် လေးတွေနဲ့ ဗဟုသုတ ရရှိနိုင်ဖို့
ပြသပေးထားဦးမှာပါ။

နောက်ပြီး ပွင့်လင်းကာလမှာဆိုရင် ဧရာဝတီမြစ်လယ်သောင်ဆီကို
မော်တော်နဲ့ ပို့ပေးပြီး သောင်ခြေသဲပြင်မှာ ထီးအမိုးတဲအောက်မှာ
အနားယူ အပန်းဖြေနိုင်ဖို့ … သောင်ပြင်ပေါ်မှာ ပြေးလွှားကစားနိုင်ဖို့
သောင်ပြင်ကမ်းစပ်မှာ မြစ်အတွင်း ရေကူး ရေချိုး နိုင်ဖို့
ဝန်ဆောင်မှုတွေ ပေးသွားဖို့လည်း ရှိပါတယ်။

ဒါကြောင့် မိတ်ဆွေ၊သူငယ်ချင်း၊ အမျိုးများ၊
ညီအစ်ကို မောင်နှစ်မများ၊
ဧည့်သည်တော်များအနေနဲ့
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
ပုဂံညောင်ဦး ဒေသကို ဘုရားဖူးပဲဖြစ်ဖြစ်၊
အလည်အပတ်ပဲဖြစ်ဖြစ်၊ လေ့လာရေးပဲ ဖြစ်ဖြစ်၊
ရောက်ခဲ့ရင်…..
ရှေးနှစ်ပေါင်းများစွာက စေတီ၊ ဘုရား၊ ပုထိုး ၊ ကျောင်းကန်
သာသနိကအဆောက်အဦများ ဖူးမျှော်ကြရင်း….
လည်ပတ်ကြရင်း….လေ့လာကြရင်း….

အညာဒေသမှာ တွေ့မြင်နိုင်ခဲတဲ့ ဆင်တွေကို
ကိုယ်တိုင် ကြည့်ရှု ထိတွေ့ခံစားနိုင်မယ့် ….
အညာရဲ့အပူဒဏ်က သက်သာရာရစေနိုင်မယ့်….
မြစ်ရနံ့ပါတဲ့ သဘာဝလေနုအေးကို ရှုရှိုက်ရင်း
ဆင်စီးရင်း……မော်တော်စီးရင်း
မြစ်ဧရာရဲ့အလှကို ကြည့်ရှုခံစားနိုင်မယ့်
ပုဂံ/ညောင်ဦးနဲ့ အလှမ်းမဝေးတဲ့
ပုဂံဒေသရဲ့ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့
ပလင်းကမ်းသာယာ ဆင်စခန်းကို
လာရောက်အပန်းဖြေလည်ပတ်ဖို့
ကြွလှမ်းခဲ့ပါလို့
ဖိတ်ခေါ်လိုက်ပါရစေ………….

ဆင်စခန်းဖွင့်ပွဲကိုတော့ 28.3.2018 ရက်မှာ
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့
လာရောက် ကြွလှမ်းခဲ့ကြဖို့
ထပ်မံဖိတ်ခေါ်လိုက်ပရစေ…..

(ဓာတ်ပုံများအားလုံးကို စေတနာထား
ရိုက်ကူးပေးတဲ့ အစ်ကိုကြီး U SoeLwinthu
ကျေးဇူးအထူး တင်ပါတယ်)
credit-Myomin Ko

မြန်မာတို့ ရဲ့ ပုဂံမြေ
21/03/2018

မြန်မာတို့ ရဲ့ ပုဂံမြေ

21/03/2018

ပုဂံညောင်ဦးမြို့ရှိ Hotel၊တည်ခိုခန်းများ
ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါသည်။
အဆင်ပြေမှု့တစ်ခုသာအသုံးပြုရန်ဖြစ်ပါသည်။

ညောင်​ဦးမြို့တွင်းရှိ တည်းခိုခန်းများ Hotel များ

1. Eden Motal
09256184737
ဈေးနှုန်း 20000 ကျပ်​ 25000

2. Innwa Motal
Ph .061-2460902
Ph.09791411452
ဈေးနှုန်း 30000 ကျပ်​ (2​ယောက်​ခန်း) 

3. Goden Myanmar
Ph. 061-2460901
ဈေးနှုန်း 25000ကျပ်​ (2​ယောက်​ခန်း)

4.ပဉ္စရူပ တည်းခိုခန်း
Ph.061-2460607
ဈေးနှုန်း 25000 ကျပ်​ (2​ယောက်​ခန်း)

5.Grand Empire Hotal
Ph.061-2460206
ဈေးနှုန်း 35000ကျပ်​ (2​ယောက်​ခန်း)

6.​စောငြိမ်းစံ တည်းခိုခန်း
Ph.09796927138
ဈေးနှုန်း 35000 ကျပ်​ (2​ယောက်​ခန်း)

7.​မေခလာတည်​ခိုခန်း
Ph.061-2460304

8.Linn တည်းခိုခန်း
Ph.0947105063

9.Thumbula Hotel
Ph.0979977744

10.​ရွှေနဒီ တည်းခိုခန်း
Ph.09402510136

11.ဝတ်​မှုံသစ်
Ph.061-2460795

12.​အောင်​ဆုပြည့်
Ph.061-2460755

13.ပန်းချယ်​ရီ
Ph.061-2460075

14.Gold Star
Ph.0943059023

15.ေ​ရွှပြည်​နန်း Hotel
Ph.061-2460179

16. ​အောင်​မင်္ဂလာ Hotel
Ph.061-2460847

17.မင်းသား တည်းခိုခန်း
Ph061-2460411

18.Zfreeti Hotel
Ph.061-2460921

19.New park Hotel
Ph.061-2460322

20.ယာခင်းသာ Hotel
Ph.061-2460051

21.Oasis Hotel
Ph.061-2460923

22.Motel Zein
Ph.061-2460204

23.Goden House
Ph. 061-2460373

24.New Life Ghest house
Ph. 09406661969

25.ညောင်ဦးသံတဲHotel
Ph.061-2460315

26.​ရွှေအိုးကြီးတည်းခိုခန်း
Ph.09797749276
ဈေးနှုန်း 25000 ကျပ်​ (2​ယောက်​ခန်း)

27.View point တည်းခိုခန်း
Ph.061-2461070
ဈေးနှုန်း 20000(2​ယောက်​ခန်း)

28.Bagan Star Hotel
Ph.09974492828

29.​ရွှေရတနာဦး တည်းခိုခန်း
Ph.061-2460934

30.Royal Diamond Motel
Ph. 061-2460386

31.Sky View hotel
Ph. 061-2461255

32.​ရွှေ​ကောင်းကင်​ Motel
Ph. 095006554

33.Thiri mingalar Hotel *
Ph. 0612461217;09258484266
ဈေးနှုန်း 35000ကျပ်

34.သီရိရတနာ (Glorious )Hotel
09962012141
ဈေးနှုန်း 35000 ကျပ်

35.မြစိမ်းဒီပါ (Green Land )
095039118
ဈေးနှုန်း 35000 ကျပ်

36.Ever New တည်းခိုခန်း
061-2461178
ဈေးနှုန်း 25000ကျပ်​.

37.Diamond Lion တည်းခိုခန်း
09798769866
ဈေးနှုန် 25000 ကျပ်

38.Bagan Air port Hotel
Ph.061-2461228

39.Heritage Bagan Hotel
Ph.095090846

40. Famous Hotel
0943114552

41.The Regency hotel
Ph.092540440345

42.မြရတနာ(Bagan Emerald)
Ph.09787044467

43.Myanamr han Hotel
09778777785

44.Bagan Lotus Hotel
Ph.09444736660

45.Bagan Princess Hotel
Ph.0949225312
ဈေးနှုန်း 40000 ကျပ်

46.Winner တည်းခိုခန်း
Ph.061-2461069
ဈေးနှုန်း 25000 ကျပ်

47. Bagan May
Ph.061-2461124

48. Six stars တည်းခိုခန်း **
Ph.061-2462015
ဈေးနှုန်3း5000 ကျပ်

49.Bagan Umbra Hotel
09256016382/061-2460381/-2460034 အခန်းဈေး Standard price- 56000/
Deluxe price-84000/
Grand Deluxe price-112000

ပုဂံ မြို့သစ်​ မြို့ရှိ Hotel တည်းခိုခန်းများ...

1.Yadanabon Hotel
Ph.06165240
ဈေးနှုန်း 40000 oန်းကျင်

2.Razagyo Hotel
Ph.06165326

3.Nan Eain Thu Hotel
Ph.06165214

4.Arthawka Hotel
Ph.09258726812

5.Blue Bird Hotel
Ph.06165440

6.Bawga Theiddhi Hotel
Ph.06165045

7.Kaytumadi Dynasty Hotel
Ph.01381743

8.Ruby True
Ph.09254443453

9.​လောကနတ်​ Hotel
Ph.06165046

10.မဏိစန္ဒာ Hotel
Ph.06165437

11.ကွမ်းသီး(NK Betelnut)Hotel
Ph.06165054

12.မြသီတာ Hotel
Ph.09450066777

13.Bagan Nova တည်းခိုခန်း
Ph.095018134
ဈေးနှုန်း 35000 ဝန်းကျင်

14.Bagan Empress
Ph.095040436

15.Bagan Central Hotel******
Ph.09257136019
ဈေးနှုန်း 25000 ဝန်းကျင်​ခန့်

16.​ရွှေပိုး​အိမ်​ Hotel
Ph.06165471

17.Northern Breeze တည်းခိုခန်း *****
Ph.06165472
ဈေးနှုန်း 35000 ဝန်းကျင်​ခန့်

18.Areindmar hotel
09421030833

19.Sky Palace Hotel
Ph.09777959959

20.Yun Myo Thu
Ph.09784512021

21. Crown Prince
Ph .06165407
ဈေးနှုန်း 40000 ကျပ်​ ဝန်းကျင်​ခန့်

22.Thiri Marlar Hotel
Ph.06165050

23.Kaday Aung Hotel ***
ph.06165070

24.Kumudara Hotel
Ph.06165402

25.Kyaw Hotel
Ph.06165132

26. Floral breeze Hotel
Ph.0943176607

27. ​လောကသစ္စာ Hotel
Ph.09421129735

28.​ရွှေရည်​ပွင့်​ Hotel
Ph.06165421

29.Gracious Hotel
Ph.09421016243

30. Cheery Bagan Hotel
09452229797

မြန်မာမှန်လျင်ပုဂံရောက်ဖူးသင်သည် မှကူးယူဖော်ပြသည်

- လက်ရာအမြောက်ဆုံးပန်းပုဆိုသည်မှာ ---------------------------------------------------ရွှေကူတံကဲသည် မကွေးတိုင်းပခုက္ကူခရိုင...
27/02/2018

- လက်ရာအမြောက်ဆုံးပန်းပုဆိုသည်မှာ -
--------------------------------------------------
ရွှေကူတံကဲသည် မကွေးတိုင်းပခုက္ကူခရိုင် ၊ ပခုက္ကူ မြို့ ၊အမှတ် (၉) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ရွှေကူမြတ်စွာဘုရားတွင် တည်ရှိသော စာဖွဲ့လို့မမှီအောင် လက်စွမ်းအကုန်ထုတ်ပြ ထားသည့် ဘုရားပလ္လင် နောက်ခံတံကဲ ကိုဆိုလို ခြင်းဖြစ်ပါသည်။ စာဖွဲ့မမှီ ရခြင်းဟုဆိုရာတွင် နန်းကြီးသုတ် ခေါက်ဆွဲလုံး ထက်ပင် ယောင်ယောင်သေးနေသော သစ်ထွင်း ပန်းသားများအတွင်းတွင် အရုပ်များကိုထည့်ထားသကဲ့သို့ တစ်ဆက်တည်းထွင်းထုထား သည်ကား သမိုင်းအဆက်ဆက် ပန်းပုဆရာတို့ လက်မြောက် သွားစေနိုင်သော ပန်းပုမျိုးဖြစ်သည်။ ဤကဲ့သို့ အနုစိတ်ရှုတ်ထွေး လွန်းသော သစ်ထွင်း ကနုတ်မျိုးသည် နောက်တစ်ခုမရှိတော့သည့် ကမ္ဘာအံ့ဖွယ်ရွှေကူတံကဲ တော်မြတ်ဟု မှတ်တမ်း ရေးထိုးထားသော ပန်းပုလက်ရာကောင်း ရွေကူတံကဲ ပင်ဖြစ် လေသည်။

ပန်းပုပညာရှင်များ

ဤတံကဲတော်ကြီးကို ထုလုပ်ခဲ့သူများမှာ ဆရာကံကြီး နှင့် သား မောင်တေ တို့ဖြစ်ကြသည်။ ဆရာကံကြီး တို့သားအဖသည် တံကဲထုလုပ်မှုအလုပ်ကို လက်ခံရာတွင် မိမိ၏ဘဝတစ်သက်သာမှ ပညာ၊ စေတနာသဒ္ဒါတရား အားလုံးကို မြှပ်နှံပုံဖော်လိုသော ဘဝဆန္ဒ ဖြစ်သည်။ ပထမဦးစွာ ဆရာကံကြီး သည် တံကဲတော်ကြီး မထုလုပ်ခင် ပုံစံငယ်အရင်ရေးဆွဲကာ ဆရာတော်များနှင့် အလှူရှင်များကို ဦးစွာပြသသည်။ ဤတံကဲကြီးကိုထုလုပ်ရန် စိတ်တည်ငြိမ် အောင် သီးသန့်တရားထိုင်သမာဓိထူ ရသည်။ ယမနေသစ်သား ( ၅ ) တုံးအား စုပေါင်းကာ အမြင့် ( ၁၂ ) ပေ ( ၁၀ ) လက်မ ၊ အလျား( ၅ ) ပေ ( ၁၀ ) လက်မ ထုထည် ( ၆ ) လက်မရှိသော တံကဲတစ်ခု ဖြစ်အောင်ထုလုပ်ခဲ့သည်။
( ၆ )လက်မသာရှိသည့် သစ်သားတုံးကို ပန်း( ၈ ) ထပ်ရအောင် ထုခြင်းသည် တစ်ထပ်တွင် တစ်လက်မပင် မရှိပါ။ သစ်တုံး အပေါ်နှင့်အောက်တစ်လှည့် ဘေးဘယ်ညာ တစ်လှည့်စီနေရာ ယူကာ ထုလုပ် ခဲ့ပြီး တံကဲတော်ကြီးပြီးစီးရန် အချိန်( ၄ ) နှစ်နှင့် (၃) လကြာအချိန်ယူခဲ့ရသည်။ ထွင်းထုသော ဆောက်နှင့် အခြား ပန်းပု ကိရိယာများသည် သာမာန်နှင့် မတူဘဲ အမျိုးစားပေါင်း ( ၅၇ ) မျိုးခန့် ပန်းပဲတွင် စိတ်ကြိုက်မာ ယူခဲ့သည်။ အဆစ် အချိုးများစွာ ပါဝင်သော ဆောက်ကိရိယာများစွာ ၊ ပုံစံမျိုးစုံပါကိရိယာဆန်းများ တံကဲပြီးစီးသည့်အခါ ထိုလက်နက် ကိရိယာများအားလုံးကို ဧရာဝတီမြစ်တွင် ချပြစ်ခဲ့ပြီး ( ၁၉၀၈ ) တွင် ပစ္စည်း အပ်နိုင်ခဲ့သည်။ လက်ခမှာ( ၄၀၀၀ ) ကျပ်ဖြစ်ပြီး ကိုလိုနီခေတ်တွင် ရွှေတစ်ကျပ် သား ( ၂၀ ) ကျပ်ရှိသည့်အတွက် စုစုပေါင်း ရွှေ ( ၂ ) ပိသာနှင့် တန်ကြေးတူညီသည်။ ဤတံကဲ အလှူရှင်မှာ ပခုက္ကူမြို့ ဈေးဟောင်း ရပ်၊ ကျောင်းတော်ရာလမ်း၊ တိုက် အမှတ် ( ၅၇၅ ) နေ ဦးဟင်းဝါး ဇနီး ဒေါ်ဇီးဇံ၊ သမီးမယ်သစ်၊ မယ်မြစ် တို့ဖြစ်ကြသည်။

ပါဝင်သော ဇာတ်ထုတ်များ

ဇာတ်ထုတ် ( ၄ ) ထုတ်အား အခန်း( ၁၂ ) ခန်းဖြင့်ထွင်းထုထား သည်။ ထိုဇာတ်များမှာ ဒေဝါရောဟဏဇာတ် ၊ တေမိဇာတ်၊ သာဓိနဇာတ် ဗိမ္ဗိသာရ ဇာတ်တို့ဖြစ်ကြသည်။ လူရုပ် ( ၁၃၆ ) ရုပ်နှင့် တိရိစ္ဆာန်ရုပ် ( ၁၈ ) ရုပ်တို့ ထည့်သွင်းထွင်းထုထားသည်။ ထို့ကြောင့် ပခုက္ကူမြို့သို့ ရောက်ရှိပါက သွားရောက် လေ့လာသင့် သော နေရာတစ်ခုဖြစ် ပါကြောင်း ရေးသား တင်ဆက် လိုက်ပါသည်။

Ref :

- ရွှေကူမြတ်စွာဘုရားကြီးသမိုင်း

🙏🙏🙏 " NCA " Group 🙏🙏🙏                🌟ခရီးသွားဝန်ဆောင်မူလုပ်ငန်းဓနုဖြူ~ဇလွန်~ဟင်္သတခရီးစဉ်NCA Group ကားအငှားနှင့်ခရီးသွားဝ...
12/02/2018

🙏🙏🙏 " NCA " Group 🙏🙏🙏

🌟ခရီးသွားဝန်ဆောင်မူလုပ်ငန်း

ဓနုဖြူ~ဇလွန်~ဟင်္သတခရီးစဉ်

NCA Group ကားအငှားနှင့်ခရီးသွားဝန်ဆောင်မှုမှ ဈေးနှုန်းချိုသာစွာဖြင့် ကားစီးလုံးငှားဝန်ဆောင်မှုပေးပါတယ်။

ပိတ်ရက်တွေမှာ မိသားစုနဲ့ဘုရားဖူး ခရီးဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေအနားယူချင်တဲ့ ခရီးလေးဘဲဖြစ်ဖြစ် လူကြီးမင်းတို့ သွားမယ်ဆိုရင် NCA Group ကားအငှားဝန်ဆောင်မှုကို သတိရလိုက်နော်။

💵ချိုသာသောဈေးနှုန်း
👨‍✈️ကျွမ်းကျင်သောယာဉ်မောင်း
🚗သန့်ရှင်းကြံ့ခိုင်သော Full Aircon
-၁၅ယောက်စီး
-၃၃ယောက်စီးကားများအား လူကြီးမင်းတို့ သွားရောက်လိုသော နေ့ချင်းပြန်ခရီး ညအိပ်ခရီးစဉ်များကို ကားအငှားဝန်ဆောင်မှုပေးပါတယ်။
...✔✔✔✔✔✔✔✔✔✔✔✔✔✔
" NCA " Group မှ ခရီးစဉ်တိုင်း အတွက် ဝန်ဆောင်မှုများကတော့ ✏ အဆင့်မြင့် AirCon Car

✔☏ " NCA " Group Travels✔
No,(25)B 13st Lower Block Yangon
Lanmadaw 13st NyaungDone
09783000331
09783000332
09764440123

🙏🙏🙏 " NCA " Group 🙏🙏🙏                🌟ခရီးသွားဝန်ဆောင်မူလုပ်ငန်း🎉  🎉 မိမိသွားလိုသော နေ့ ရက် နှင့် ခရီးစဉ် များကိုလည်း စိ...
10/02/2018

🙏🙏🙏 " NCA " Group 🙏🙏🙏

🌟ခရီးသွားဝန်ဆောင်မူလုပ်ငန်း

🎉 🎉 မိမိသွားလိုသော နေ့ ရက် နှင့် ခရီးစဉ် များကိုလည်း စိတ်တိုင်းကျ
စီစဉ်ဆောင်ရွက်ပေးနေပါပြီ 🎉 🎉

1. ချင်းပြည်နယ် ခရီးစဉ်
2. ပုဂံ ~ စွယ်တော်လေးဆူ ~ ပုပ္ပါး ခရီးစဉ်
3. လွိုင်ကော် ~ ဒီမောဆို ~ ပန်ပက် ခရီးစဉ်
4. ကလော Trekking ခရီးစဉ်
5. ထားဝယ် ~ ရှင်ကိုးရှင် ~ မောင်းမကန် ကမ်းခြေ ~ မျှော်ရစ်ခရီးစဉ်
6. မြိတ်ကျွန်းစု ခရီးစဉ်
7. တောင်ကြီး ~ အင်းလေး ~ မြသပိတ် ရေပြာအိုင်
~ ပင်းတယ ~ ကလော ~ ထမ့်စမ်းဂူခရီးစဉ်
8. မန္တလေး ~ ပြင်ဦးလွင် ~ ကျောက်စိမ်းဘုရား ~ စစ်ကိုင်းခရီးစဉ်
9. ငပလီ ကမ်းခြေ ခရီးစဉ်
10. မန္တလေး ~ မုံရွာ ~ အလောင်းတော်ကဿပ ~ စစ်ကိုင်း ခရီးစဉ်
11. မြစ်ကြီးနား ~ ဗန်းမောက် ~ အင်းတော်ကြီး ~ ဆဒုံးရေတံခွန် ခရီးစဉ်
12. မိုးကုတ် ~ မန္တလေး ခရီးစဉ်
14. ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်
15. ကရင်ပြည်နယ် ခရီးစဉ်
16. မော်လမြိုင် ခရီးစဉ်
17.မန်းရွှေစက်တော်- မကွေး -ပြည် ခရီးစဉ်
18.သံတောင် …. ခရီးစဉ် အမျိုးမျိုးအတွက်

NCA Group ကားအငှားနှင့်ခရီးသွားဝန်ဆောင်မှုမှ ဈေးနှုန်းချိုသာစွာဖြင့် ကားစီးလုံးငှားဝန်ဆောင်မှုပေးပါတယ်။

ပိတ်ရက်တွေမှာ မိသားစုနဲ့ဘုရားဖူး ခရီးဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေအနားယူချင်တဲ့ ခရီးလေးဘဲဖြစ်ဖြစ် လူကြီးမင်းတို့ သွားမယ်ဆိုရင် NCA Group ကားအငှားဝန်ဆောင်မှုကို သတိရလိုက်နော်။

💵ချိုသာသောဈေးနှုန်း
👨‍✈️ကျွမ်းကျင်သောယာဉ်မောင်း
🚗သန့်ရှင်းကြံ့ခိုင်သော Full Aircon
-၁၅ယောက်စီး
-၃၃ယောက်စီးကားများအား လူကြီးမင်းတို့ သွားရောက်လိုသော နေ့ချင်းပြန်ခရီး ညအိပ်ခရီးစဉ်များကို ကားအငှားဝန်ဆောင်မှုပေးပါတယ်။
...✔✔✔✔✔✔✔✔✔✔✔✔✔✔
" NCA " Group မှ ခရီးစဉ်တိုင်း အတွက် ဝန်ဆောင်မှုများကတော့ ✏ အဆင့်မြင့် AirCon Car

✔☏ " NCA " Group Travels✔
No,(25)B 13st Lower Block Yangon
Lanmadaw 13st NyaungDone
09783000331
09783000332
09764440123

Address


Website

Alerts

Be the first to know and let us send you an email when NCA Travel & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share