Kapyat Online Shopping

  • Home
  • Kapyat Online Shopping

Kapyat Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kapyat Online Shopping, Travel Service, .

25/06/2024

ကားမပျက်ခင် ကားတွေက သတိပေးတဲ့ အချက်တွေ

(၁) ကားအင်ဂျင်ကနေ စက်စစနှိုးလိုက်ချိန် ရွှီရွှီ လိုအော်သံတွေ ကြားနေရတယ် ။
အဖြစ်နိုင်ဆုံးက ကားအင်ဂျင်မှာ တပ်ဆင်ထားတဲ့ Belt ကြိုးတွေ ချောင်နေတာ လျော့နေတာ ၊ ဒါမှမဟုတ် တင်းလွန်းနေတာတွေ ဖြစ်နိုင်ပါတယ် ။ သတိထားရမယ့်အချက်က အဲ့ Belt ကြိုးတွေ သက်တမ်းလွန်နေပြီး ဆွေးမြေ့ ပြတ်တောက်နိုင်တာပါပဲ ။

(၂) ကားအင်ဂျင်ခန်းထဲက တဂွီးဂွီး နဲ့ အော်သံတွေကြားရတယ် ။
အဖြစ်နိုင်ဆုံး ပြစ်ချက်က ကားမှာ တပ်ဆင်ထားတဲ့ Ball and Bearing တွေ ပျက်ဆီးချို့ယွင်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ် ။ ဘောတွေ ဂျမ်းဖြစ်ချင်တာကြောင့် ဒီလို အော်သံတွေ ထွက်လာရတာဖြစ်ပါတယ် ။ ရေလည်အုံဘော ၊ Tensioner ဘော ၊ ဒိုင်နမိုဘောတွေ ၊ Free Ball စတာတွေ ကြောင့်ဖြစ်တတ်ပါတယ် ။

(၃) ကားအဲကွန်း မအေးတော့ဘူး ၊ အဲကွန်း Magnet တွေ ကပ်လိုက် ကွာလိုက်ဖြစ်တယ် ။
အဖြစ်နိုင်ဆုံးက ကားမှာတပ်ဆင်ထားတဲ့ Fan Motor တွေ အလည်မမှန်တော့တာ ၊ မလည်တာတွေကြောင့် အဖြစ်များပါတယ် ။ အဲကွန်းအပူကွိုင်တွေနဲ့ လိုင်းတွေပိတ်ရင်လည်း ဖြစ်တတ်ပါတယ် ။

(၄) ကားဘီးတွေဆီကနေ တဝီဝီ အော်သံတွေကြားနေရတယ် ။
အဖြစ်နိုင်ဆုံးက ကားဘီးတွေမှာ တပ်ဆင်ထားတဲ့ Hub Ball တွေ ကနေ အသံထွက်နေတာဖြစ်နိုင်ပါတယ် ။

(၅) ကားဂီယာထိုးလိုက်ရင် ဒုတ်ခနဲဖြစ်သွားတယ် ။
အဖြစ်နိုင်ဆုံးကတော့ ဂီယာဘောက် မောင်းတိန်းတွေ မကောင်းတာ ၊ ပျက်နေတာတွေ ဖြစ်နိုင်ပါတယ် ။ နောက် ဂီယာဘောက်ကနေ ဆောင့်နေတာတွေလည်း ဖြစ်နိုင်ပါတယ် ။ ဂီယာဆီ အမြန်စစ်ဆေးသင့်ပါတယ် ။

(၆) အင်ဂျင်၀ိုင် အချက်ပြ မီးတချက် တချက်လင်းလာတယ် ။
အင်ဂျင်၀ိုင် နည်းနေတာ ၊ အင်ဂျင်၀ိုင် မရှိတာ ၊ အင်ဂျင်၀ိုင် မတက်တာ ၊ Oil Pump တွေ ပျက်စီးတာ တွေကြောင့် ဖြစ်တတ်ပါတယ် ။ အမြန်စစ်ဆေးမှ အင်ဂျင်ပျက်စီးမှု သက်သာပါမယ် ။

(၇) Battery Charging မီး တချက် တချက်လင်းလာတယ် ။
အဖြစ်နိုင်ဆုံးက Alternator ဒိုင်နမိုကနေ ချာချင် မဝင်တာ အဖြစ်များဆုံးပါ ။ အမြန်စစ်ဆေးမှ အဆင်ပြေပါမယ် ။ အားကုန်ပြီး စက်ထိုးရပ်နိုင်ပါတယ် ။
(၈) ကားစက်နှိုးရင် မော်တာက ထစ်ထစ် နေတယ် ။ ကပ်နေတယ် ။ ဝပ်နေတယ် ။
Starter Motor မကောင်းတာကြောင့် ဖြစ်နိုင်သလို ၊ Battery အိုးအားနည်းတာလည်း ဖြစ်နိုင်ပါတယ် ။ အမြန်စစ်ဆေးထားမှ လမ်းမှာ တိုင်မပတ်မှာဖြစ်ပါတယ် ။

(၉) ကားက လီဘာနင်းရင် တုန့်တုန့်တုန့် ဖြစ်နေတယ် ။
ဆီတိုင်ကီထဲက ဆီပန့်တွေ ကြေးပိတ်တာ ၊ ပလက်တွေ မကောင်းတာ ၊ Injector တွေ ကြေးပိတ်တာ တွေကြောင့်ဖြစ်တတ်ပါတယ် ။ အမြန်စစ်ဆေးပြုပြင်ထားမှ အဆင်ပြေပါမယ် ။

(၁၀) ကား ဘရိတ်နင်းလိုက်တိုင်း တဂျီးဂျီးနဲ့ သံပြားချင်း တိုက်တဲ့အသံတွေကြားနေရတယ် ။
အဖြစ်နိုင်ဆုံးက ဘရိတ်ရှုးတွေပါးတာ ၊ ဘရိတ် ဒရမ်တွေ အဆင်းကြောင်းတွေ များလာတာကြောင့် ဖြစ်တတ်ပါတယ် ။ဘရိတ်ပိုင်းတွေ အမြန်ဆုံး စစ်ဆေးသင့်ပါတယ် ။

(၁၁) ဘရိတ်နင်းလိုက်ရင် ဘရိတ်ခြေနင်းက ပျော့ဆင်းသွားတာ ။
အဖြစ်နိုင်ဆုံးက ဘရိတ်လိုင်းတွေ ပေါက်တာ ၊ ဝါရှာတွေကနေ ဆီယိုစိမ့်နေတာ ၊ Master Cylinder ဘရိတ်ဆုံက အ၀ိုင်းဆီးတွေကနေ ဆီယိုစိမ့်နေတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။

(၁၂) ကားဘယ်ညာ ကွေ့ရင် တတောက်တောက် အသံထွက်တာ ။
ဖြစ်တတ်တာက ကားမှာရှိတဲ့ ဒူးဆစ်တွေ ပျက်စီးဖို့ အစပြုလာတာဖြစ်ပါတယ် ။

(၁၃) ကားအောက်ခြေမှာ ဆီကွက်တွေ တွေ့တာ ။
ကားအင်ဂျင် တခုခုဆီက အင်ဂျင်၀ိုင် အော်တို၀ိုင်နဲ့ အခြားချောဆီ အမျိုးမျိုးတို့ ယိုစိမ့်ထွက်နေတာ ဖြစ်နိုင်ပါတယ် ။

(၁၄) ကားမှာ မူမမှန်တဲ့ အနံ့တွေ ရနေတာ ။ ဥပမာ ဓာတ်ဆီနံ့ တွေမွှန်နေတာ ၊ ညှော်နံတွေရနေတာ ။
အဖြစ်များဆုံးကတော့ အင်ဂျက်တာ Seal တွေ ယိုစိမ့်ပြီး ဆီနံ့ထွက်တာ ၊ ဆီပိုက်လိုင်းတွေကနေ ယိုစိမ့်နေတာ တွေနဲ့ ၊ ညှော်နံ့တွေကတော့ ဝါယာတွေ ရှော့ဖြစ်တာ ၊ ဖန်မော်တာတွေ လောင်တာ ၊ ဘောတွေ ဂျမ်းဖြစ်ချင်နေတာ ၊ Belt ကြိုးတွေ ဂျမ်းဖြစ်ပြီး လောင်ချင်နေတာတွေဖြစ်တတ်ပါတယ် ။

ဒီအချက်လေးတွေက ကားတွေ ကြီးကြီးမားမား ပျက်စီးမှုတွေ မဖြစ်ခင် ကားတွေကနေ သတိပေးလေ့ရှိတဲ့ အချက်လေးတွေ ဖြစ်ပါတယ် ။ သတိပေးပြောချင်တာကတော့ ကားတွေက မပျက်ခင် မူမမှန်တဲ့ ၊ ပုံမှန်မဟုတ်တဲ့ သတိပေးချက်တွေကို အချက်ပြလေ့ရှိတာပါပဲ ။

အဲ့ဒါလေးတွေကို သတိမူတတ်မယ်ဆိုရင် သတိထားစစ်ဆေးတတ်မယ်ဆိုရင်တော့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပြီး လူရော ကားရော အန္တရာယ်ကင်း ဘေးရှင်းမှာဖြစ်ပါတယ်ခင်ဗျာ။




Lynn Za Nee ( P.T.U )

02/10/2022

online shop နားထားတာကြာပီ😌
ကိုတေနယ်ဘက်မှာ ဘာပြန်ရောင်းရင်ကောင်းမလည်းပြောပေးကြပါဦး ဘာလေးတေတင်ရောင်းပေးရမလည်း😘

Address


Website

Alerts

Be the first to know and let us send you an email when Kapyat Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share