Mandalar Charm Travels & Tours

  • Home
  • Mandalar Charm Travels & Tours

Mandalar Charm Travels & Tours Information & Leisure
(7)

01/03/2024

✅ထိုင်းနိုင်ငံကို ဘယ်လိုသွားကြမလဲ။

✅ထိုင်းနိုင်ငံကို သွားချင်တယ်။ ဘာဗီဇာနဲ. သွားရင် အကောင်းဆုံးလဲ။

ထိုင်းနိုင်ငံကိုသွားချင်တယ် ဆိုရင် အလည်အပတ်ဗီဇာ လျှောက်သွားတာ အကောင်းဆုံးပါ။ Toursit Visa လို.ခေါ်တဲ. အလည်အပတ်ဗီဇာကို အတိုကောက် TR Visa လို.ခေါ်ပါတယ်။ ရန်ကုန်မှာရှိတဲ. ထိုင်းသံရုံးမှာ TR Visa လျှောက်သွားတာ အကောင်းဆုံးဘဲ လို. အကြံပေးပါစေ။

✅ဘာဖြစ်လို. TR Visa လျှောက်ပြီးသွားသင်.တာလဲ။

အလည်အပတ်ဗီဇာဖြစ်တဲ. TR Visa ယူသွားရင် ထိုင်းနိုင်ငံ ကို လေကြောင်းနဲ.သွားလို..ရသလို နယ်စပ်မြို.တွေကတဆင်. ကားလမ်းကြောင်းနဲ.လည်း သွားလို.ရပါတယ်။ ထိုင်းနိုင်ငံအဝင် လေဆိပ် Immigration သို.မဟုတ် နယ်စပ် Immigration တွေမှာ ရက် ၆၀ နေထိုင်ခွင်. တံဆိပ်တုံးထုပေးလိုက်ပါတယ်။ ဆိုတော. ရက် ၆၀ နေထိုင်ခွင်.ရသွားပါပြီ။

✅TR visa ရပြီး ဘယ်လောက်အကြာမှာ ထိုင်းနိုင်ငံကို သွားလို.ရသလဲ။

TR Visa ရပြီး ၃ လအတွင်း ထိုင်းနိုင်ငံကို အချိန်မရွေးထွက်လို.ရပါတယ်။ ဗီဇာစတစ်ကာရဲ. ညာဖက်မှာ Valid from …… , Valid Until … ဆိုတာ တွေ.ပါလိမ်.မယ်။ ဗီဇာစကပ်ထားတဲ.နေ.ကနေ သုံးလအတွင်း သွားခွင်.ရှိတာကို တွေ.ရပါမယ်။

✅TR Visa က ရက် ၆၀ နေထိုင်ခွင်.ရတယ်ဆိုတော. မြန်မာပြည်ကနေ ဗီဇာရပြီး ချက်ချင်းမထွက်သေးရင် မြန်မာပြည်မှာဘဲ သက်တမ်းကုန်သွားမှာလား။

မကုန်ပါဖူး။ အတော်များများကတော. အဲဒီ.အချက်ကို ရောနေကြပါတယ်။ ဗီဇာရပြီး ၃ လအတွင်းထွက်လို.ရတယ်။ နေထိုင်ခွင်.ရက် ( ၆၀ ) က ထိုင်းနိုင်ငံကို စရောက်တဲ.နေ.ကနေ စပြီး တွက်တာပါ။
ထိုင်းနိုင်ငံကို စရောက်တဲ.နေ.က နေ ရက် ( ၆၀ ) နေထိုင်ခွင်.ရပါတယ်။

✅TR Visa နဲ. ထိုင်းနိုင်ငံကိုရောက်သွားပြီ။ ရက် ၆၀ ပြည်.သွားရင် သက်တမ်းတိုးလို.ရလား။

သက်တမ်းတိုးလို.ရပါတယ်။ ထိုင်းနိုင်ငံ Immigration မှာ ဘတ် ၁၉၀၀ ပေးသွင်းပြီး ရက် ( ၃၀ ) ထပ်ပြီး သက်တမ်းတိုးနေထိုင်ခွင်.ရှိပါတယ်။ ဆိုတော TR Visa နဲ.က ရက် ( ၉၀ ) တိတိ နေထိုင်ခွင်.ရှိတာပေါ.။

✅ TR Visa က ဘာအားသာချက်ရှိလဲ။

Visa Category ဗီဇာအမျိုးအစားပြောင်းတဲ.အခါ TR Visa က recommended ပါ။ စိတ်ချလက်ချ ပြောင်းနိုင်ပါတယ်။ ဉပမာ -Student Visa ( Ed Visa ) / Retirement Visa ( Non-immigrant O-A Visa )/ Work Permit Visa ( Non-Immigrant B Visa ) စသည်. ဗီဇာအမျိုးအစားများကို လိုအပ်ချက်များနှင်.ပြည်.မှီလျှင် ပြောင်းနိုင်ပါတယ်။ သတိပြုရမှာတော. ရှိတာပေါ.လေ။ ဉပမာ Student Via ( Ed Visa ) ဆိုရင် ဗီဇာပေးတဲ.ကျောင်းတွေက TR ဗီဇာသက်တမ်း ၆၀ ရက်မှာ ၄၅ ရက်ကျန်မှ ဗီဇာ လျှောက်ပေးပါတယ်။

✅ TR Visa နဲ. ထိုင်းနိုင်ငံမှာနေတာ ရက် ၉၀ ရှိတော.မယ်။ ထပ်နေဖို.လိုအပ်သေးတယ်။ ဘယ်လိုလုပ်ရမလဲ။

Electronics Extension Visa လိုခေါ်တဲ. e- Extension Visa လျှောက်ရပါမယ်။ တကြိမ်လျှောက်ရင် တလ ရပါတယ်။ e_Extension Via က သုံးကြိမ် ၊ငါးကြိမ်ထိ သက်တမ်းတိုးပြီး ထိုင်းနိုင်ငံမှာနေထိုင်ခွင်. ရှိတယ်လို. ဆိုပါတယ်။

✅၁၄ရက် ဗီဇာဖရီး နဲ. သွားလို.ရတဲ. အကြောင်း ပြောပါဉီး။

၁၄ရက် ဗီဇာ ဖရီး လို. အလွယ်တကူခေါ်တဲ. ဗီဇာ အမျိုးအစားက Visa exemption ( ဗီဇာကင်းလွတ်ခွင်. ) ကို ခေါ်တာပါ။ ထိုင်းနိုင်ငံက နိုင်ငံပေါင်း ၆၄ နိုင်ငံကို ဗီဇာကင်းလွတ်ခွင်.ပေးထားပါတယ်။ နိုင်ငံအတော်များများကို တလ ကင်းလွတ်ခွင်.ပေးထားပြီး မြန်မာနိုင်ငံအတွက်တော. ( ၁၄ ) ရက် ဗီဇာ ကင်းလွတ်ခွင်.ရပါတယ်။ ဆိုတော. ပတ်စပို.ရှိရုံ နဲ. လေယာဉ်လက်မှတ် ဝယ်ပြီး ထိုင်းနိုင်ငံကို ဗီဇာကင်းလွတ်ခွင်. Visa Exemption သို.မဟုတ် မြန်မာအခေါ် ဗီဇာဖရီး ၁၄ ရက် နဲ. သွားခွင်.ရှိပါတယ်။

✅အဲဒီ. ၁၄ရက် ဗီဇာကင်းလွတ်ခွင်. နဲ.သွားတဲ.သူတွေရော e-Extension Visa လျှောက်လို.ရသလား။

ထိုင်းနိုင်ငံရောက်ပြီး ၁၄ရက်နဲ. မလုံလောက်ရင် e-Extension Visa လျှောက်ခွင်.ရှိပါတယ်။ တကြိမ်လျှောက်ရင် တလ ရရှိပါတယ်။ သုံးကြိမ် ၊ ငါးကြိမ်ထိ လျှောက်ထားနိုင်ငံတယ်လို. ဆိုပါတယ်။

✅လာအိုဖက်ကနေပြီးတော.ရော TR Visa လျှောက်ပြီး ထိုင်းနိုင်ငံပြန်ဝင်လို.ရလား။

ရပါတယ်။

✅TR Visa ကနေ ဘယ်ဗီဇာ ပြောင်းပြီး နေထိုင်တာ ပိုကောင်းမလဲ။

အဆင်ပြေဆုံးကတော. Language school တက်ပြီး Ed visa လို. ခေါ်တဲ. Student visa ပြောင်းလျှောက်ပြီးနေထိုင်တာပါ။ အဂ်လိပ် / ထိုင်း / တရုတ်ဘာသာ ရွေးချယ်တက်လို.ရပါတယ်။ Online သို.မဟုတ် Onsite တက်လို.ရပါတယ်။ ထိုင်းဘာသာသင်ယူရင် ခန်.မှန်း ၆ လဗီဇာအတွက် ဘတ် ၂သောင်းဝန်းကျင် နဲ. ၁နှစ် ဗီဇာအတွက် ဘတ် ၃၇၀၀၀ ဝန်းကျင် ကျပါမယ်။ တကျောင်းနဲတကျောင်း အနည်းငယ်ဈေးကွာခြားမှုရှိပါတယ်။ Visa Process က ရက် ၄၀ ကနေ ၄၅ ရက်လောက် ကြာပါမယ်။ ဒါကြောင်. TR Visa နဲ. လာသူဖြစ်ပြီး ကျောင်းအပ်ချိန်မှာ ဗီဇာသက်တမ်း အနည်းဆုံး ၄၅ရက်ကျန်ရပါမယ်။ ထိုင်းမှာ ကာလတခုအထိ နေဖို.ရည်ရွယ်ရင် ထိုင်းဘာသာစကား တက်ထားသင်.ပါတယ်။

✅တခြားဗီဇာတွေအကြောင်းပြောပြပါ။

🍀 အသက် ၅၀ ကျော်များအတွက် Retirement Visa

အသက် ၅၀ ကျော်များအတွက် အကောင်းဆုံး ဗီဇာကတော. Retirement visa ( Non-immigrant O-A visa ) ပါ။ ပထမလျှောက်စဉ်မှာ ၁၅လ ရပြီး တနှစ်တကြိမ်သက်တမ်းတိုးနိုင်ပါတယ်။

🍀ငွေကြေးချမ်းသာသူတို.အတွက် ကာလကြာရှည်နေထိုင်နိုင်သည်. ဗီဇာ

ထိုင်းနိုင်ငံက ငွေကြေးချမ်းသာသူတို.ကို သူတို.နိုင်ငံမှာ ငွေမြှုပ်နှံရန်ဖိတ်ခေါ်ပြီး Long term visa များ ပေးပါတယ်။ LTR Visa ဆိုရင် ဆယ်နှစ်နေထိုင်ခွင်.ပေးပါတယ်။

Elite Visa ကတော. တခါတည်း ထိုင်းအစိုးရကို ငွေသွင်းလိုက်ရတာမျိုးပါ။ ၅ နှစ်ကနေ အနှစ်၂၀ အထိ နေထိုင်ခွင်.ရှိပါတယ်။

🍀သတိပြုရန်ပြောပါဉီး။

ထိုင်းနိုင်ငံမှာ အလည်အပတ်ဗီဇာ ( TR Visa ), ကျောင်းသားဗီဇာ ( Ed visa ) , မှီခိုဗီဇာ/မိသားစုဗီဇာ ( Non-immigrant O Visa ), အငြိမ်းစားဗီဇာ ( Retirement Visa or Non-Immigrant O-A visa ), ၁၄ရက်ဗီဇာ ( Visa Exemption ) စတဲ.ဗီဇာတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင်.မရှိဖူးဆိုတာ သိထားသင်.ပါတယ်။ ဗီဇာစတစ်ကာမှာ Employment prohibited အလုပ်လုပ်ခွင်.တားမြစ်သည် လို. ရေးထားတာကို သိရှိထားရပါမယ်။ အလုပ်ဗီဇာ Non-immigrant B Visa ကသာ အလုပ်လုပ်ခွင်.ရှိပါတယ်။ ဒီဗီဇာရဖို.ကလည်း ထိုင်းအလုပ်ရှင်နဲ. စာချုပ်ချုပ်ထားတဲ.စာချုပ်တို.၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနကအသိအမှတ်ပြုစာရွက်စာတမ်းတွေ လိုအပ်တာမို.လို. အလုပ်ရတိုင်းလည်း Work Visa ( Non-immigrant B Visa ) ရဖို. မလွယ်ပါဖူး။

✅T Mandalar Charm က ထိုင်းနိုင်ငံအတွက် ဘာဝန်ဆောင်မှုတွေပေးသလဲ။ ✅T

၁။ ထိုင်းဗီဇာအမျိုးမျိုး ( သက်ဆိုင်ရာ ဗီဇာအမျိုးအစားအလိုက် လိုအပ်ချက်များရှိပါသည်။ )
၂။ ထိုင်းနိုင်ငံတွင်ဗီဇာသက်တမ်းများတိုးပေးခြင်း
၃။ ထိုင်းဘာသာစကားသင်တန်းကျောင်းများအပ်နှံပေးပြီး Student visa လို.ခေါ်တဲ. Ed Visa လျှောက်ပေးခြင်း
၄၊ အငြိမ်းစားဗီဇာ Retirement Visa လျှောက်ပေးခြင်း
၅။ ထိုင်းဘဏ်အကောင်.ဖွင်.ပေးခြင်း ( Bangkok Bank )
၆။ ထိုင်းနိုင်ငံတွင်နေထိုင်စဉ်ကျန်းမာရေးအာမခံဝယ်ပေးခြင်း ( Medical Insurance )
၇။ လေယာဉ်လက်မှတ် ၊ ဟိုတယ် ၊ ကားအငှား ၊ ဂိုက် ဝန်ဆောင်မှုများ ပေးခြင်း
၈။ အိမ်ခန်းအငှားဝန်ဆောင်မှုပေးခြင်း စသည်တို. ဖြစ်ပါတယ်.

✅ဆက်သွယ်ရန်လိပ်စာမှာ -

Mandalar Charm Travels & Tours Co.,Ltd.
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊အင်းစိန်ဆေးရုံ ကွယ်ကဘောဆေးရုံအကျော် ၊ မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊ စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
ဖုန်း ၀၁-၃၆၄၂၃၃၄ / ၀၁ ၃၆၄၄၂၇၁ / ၀၉ ၅၀၄ ၅၈၁၉
Viber - 09 504 5819

20/02/2024
18/02/2024

✅ထိုင်းနိုင်ငံကို ဘာဗီဇာတွေနဲ. သွားကြမလဲ။✅

✅၁။ ထိုင်းနိုင်ငံကို အကောင်းဆုံးနဲ. စိတ်အချရဆုံး ဘယ်လိုသွားရမလဲ။

မြန်မာပြည်ထိုင်းသံရုံးမှာ အလည်အပတ်ဗီဇာ TR Visa လျှောက်သွားခြင်းပါ။
အခုအခြေအနေကတော. လျှောက်ထားသူ အလွန်များတဲ.အတွက် ပထမဉီးဆုံး ထိုင်းသံရုံးမှာ တိုကင် ယူရပါမယ်။ တိုကင်ယူတာ မိမိပတ်စပို.အတိုင်းစာရင်းပေး. ယူရတာမို. ကိုယ်တိုင် ယူတာ အကောင်းဆုံးပါ။ စိတ်ပင်ပန်း ၊လူပင်ပန်းပြီး အချိန်ပေးရပါမယ်။ ဒါပေမယ်. မြန်မာပြည်က TR Visa ဗီဇာယူသွားတာ အကောင်းဆုံးပါ။ ဗီဇာရပြီး သုံးလ ကိုင်ထားလို.ရပါတယ်။ သုံးလအတွင်း အချိန်မရွေး ထွက်လို.ရပါတယ်။ ထိုင်းနိုင်ငံမှာ ရက် ၆၀ နေထိုင်ခွင်.ရပြီး ထိုင်း Immigration မှာ သက်တမ်းတိုးပြီး နောက်ထပ် ( ၁ ) လနေထိုင်ခွင်.ရတော. စုစုပေါင်း ရက် ၉၀ နေထိုင်ခွင်.ရပါတယ်။ တိုကင်ရပြီဆိုရင် သတ်မှတ်ထားတဲ.ရက်အတိုင်း လိုအပ်တဲ.စာရွက်စာတမ်းအပြည်.အစုံပြင်ဆင်ပြီး ထိုင်းသံရုံးကို ကိုယ်တိုင် သွားလျှောက်ရပါမယ်။ လိုအပ်တဲ.စာရွက်စာတမ်းပြင်ဆင်ဖို.အတွက် Mandalar Charm Travels & Tours မှာ ဝန်ဆောင်မှု မြန်မာကျပ်ငွေ လေးသောင်းကျပ်နဲ. အပ်နှံနိင်ပါတယ်။ ကိုယ်ဗီဇာတင်လို.ရတဲ.ရက်မှာ စာရွက်စာတမ်းပြည်.စုံပြီး တင်နိုင်ဖို. အရေးကြီးပါတယ်။ စာရွက်စာတမ်းတင်ပြီးရင် သံရုံးမှာ ဒေါ်လာ ၄၀ သွင်းရပါမယ်။ ဒါဆို ၂ ရက်အတွင်း ဗီဇာ ရပါပြီ။

✅၂။ အမြန်ဆုံးသွားချင်ပါတယ်။ ဘာဗီဇာနဲ.သွားရမလဲ။

၁၄ ရက် ဗီဇာဖရီး နဲ သွားလို.ရပါတယ်။
အမြန်ဆုံး သွားလိုသူတွေက PV Passport ကိုင်ဆောင်ထားသူဖြစ်ရမယ်၊ ပတ်စပို.သက်တမ်း အနည်းဆုံး ခြောက်လသက်တမ်းကျန်ရမယ်။ ဒါဆိုရင် လေယာဉ်လက်မှတ်ဝယ်ပြီး ထိုင်းနိုင်ငံကို ချက်ချင်း ထွက်ခွာလို.ရပါပြီ။

၁၄ရက်ကျော်နေမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

၁၄ရက်ကျော်နေထိုင်လိုသူများ အတွက် Mandalar Charm က ဝန်ဆောင်မှုပေးပါတယ်။ E Visa လို. အလွယ်တကူခေါ်နေကြတဲ. Electronics Extension Visa လျှောက်လို.ရပါတယ်။ တကြိမ်လျှောက်ရင် တလ ရပါတယ်။ ၁၄ ရက် ဗီဇာဖရီးနဲ. ထွက်လာသူတွေ သုံးကြိမ်အထိ တိုးခွင်.ရှိပါတယ်။ ဆိုတော. စုစုပေါင်း ရက် ၁၀၀ ခန်. နေထိုင်ခွင်.ရှိပါတယ်။ E Visa တကြိမ်တိုးရင် ဝန်ဆောင်ခ ဘတ် ၄၅၀၀ ကျသင်.ပါမယ်။

✅ ၃။ ရက် ၆၀ TR Visa နဲ. သွားသူတွေရော ရက်တိုးလို.ရလား။

ရက် ၆၀သံရုံး ဗီဇာယူသွားသူများက ထိုင်းနိုင်ငံအတွင်းမှာတလ သက်တမ်းတိုးနေထိုင်လို.ရပါတယ်။ ပြီးတော. E Visa တလသုံးကြိမ်တိုးနေထိုင်လို.ရပါတယ်။ ဆိုတော. စုစုပေါင်း ရက်ပေါင်း ( ၁၈၀ ) နေထိုင်ခွင်.ရပါတယ်။ E Visa တကြိမ်တိုးရင် ဝန်ဆောင်ခ ဘတ် ၄၅၀၀ ကျသင်.ပါမယ်။

✅ ၄။ လာအိုဖက်မှာ TR Visa လျှောက်လို.ရသလား။

မြန်မာပြည်မှာ ထိုင်းဗီဇာလျှောက်ရတာ ကြာလို. ၁၄ရက် ဗီဇာဖရီးနဲ. အရင်သွားပြီး လာအိုဖက်မှာ TR Visa လျှောက်တာတို. / သက်တမ်းသွားတို.လို.လည်းရပါတယ်။ လာအိုမှာ ၂ည အိပ်ရပါမယ်။ ကုန်ကျစရိတ်နဲ. ဝန်ဆောင်ခပေါင်း စုစုပေါင်း ဘတ် ၁၄၅၀၀ ကျသင်.ပါမယ်။ ဗီဇာဖိုး ၊ ကားခ ၊ ဟိုတယ်ခ အပါအဝင်ပါ။ မိမိစားစရိတ်ဘဲ မိမိကုန်ပါမယ်။ TR Visa လျှောက်တာဖြစ်တဲ.အတွက် ရက် ၆၀ နေထိုင်ခွင်.ရပြီး သက်တမ်းတလ တိုးခွင်.ရှိပါတယ်။ ပြီးတော. E Visa တလ သုံးကြိမ်တိုးပြီး နေထိုင်ခွင်.ရပါတယ်။ E visa တလသက်တမ်းတိုးတာကတော. တကြိမ် ဘတ် ၄၅၀၀ ထုံးစံအတိုင်းကျပါမယ်။ ဒါကတော. ရန်ကုန်မှာ သံရုံးကိစ္စ ဒုက္ခမခံလိုသူများနဲ. ထိုင်းနိုင်ငံသို. အမြန်ဆုံး ထွက်လာလိုသူများအတွက် သင်.လျော်ပါတယ်။

✅၅။ ထိုင်းမှာ တခြားဘယ်လိုဗီဇာနဲ. နေလို.ရမလဲ။

အဆင်ပြေဆုံးကတော. Language school တက်ပြီး Ed visa လို. ခေါ်တဲ. Student visa လျှောက်တာပါ။ အဂ်လိပ် / ထိုင်း / ဂျပန် / တရုတ်ဘာသာ တက်ရပါတယ်။ အွန်လိုင်းလည်း တက်လို.ရပါတယ်။ ခန်.မှန်း ၆ လဗီဇာအတွက် ဘတ် ၂သောင်းဝန်းကျင် နဲ. ၁၁လ ဗီဇာအတွက် ဘတ် ၃၇၀၀၀ ဝန်းကျင် ကျပါမယ်။ တကျောင်းနဲတကျောင်း အနည်းငယ်ဈေးကွာခြားမှုရှိပါတယ်။ Mandalar Charm က ဝန်ဆောင်ခ တဉီး ဘတ် ၂ထောင်ယူပါတယ်။ ကျောင်းလခ မိမိဖာသာ ကျောင်းကို တိုက်ရိုက်ပေးသွင်းပြီး ဗီဇာ စောင်.ရပါမယ်။ Visa Process က ရက် ၄၀-၄၅ ရက်လောက် ကြာပါမယ်။ ဒါကြောင်. TR Visa နဲ. လာသူဖြစ်ပြီး ကျောင်းအပ်ချိန်မှာ ဗီဇာသက်တမ်း အနည်းဆုံး ၄၅ရက်ကျန်ရပါမယ်။

✅ ၆။ အသက် ၅၀ ကျော်များအတွက် Retirement Visa

အသက် ၅၀ ကျော်များအတွက် အကောင်းဆုံး ဗီဇာကတော. Retirement visa ပါ။ ပထမလျှောက်စဉ်မှာ ၁၅လ ရပြီး တနှစ်တကြိမ်သက်တမ်းတိုးနိုင်ပါတယ်။ ပထမဉီးဆုံး လျှောက်ထားသူအတွက် ဝန်ထောင်ခ ဘတ် ၃၉၀၀၀ ကုန်ကျနိုင်ပါတယ်။ ထိုင်းဘဏ်စာအုပ် ရှိရပါမယ်။ ဘဏ်မှာ ဘတ်ရှစ်သိန်း ရှိရပါမယ်။ ဘဏ်မှာ ငွေမထားလိုသူများအတွက်လည်း ဝန်ဆောင်မှုပေးပါတယ်။ သက်တမ်းတနှစ်တိုးရင် ဘတ် ၂၅၀၀၀ ခန်.ကျသင်.ပါမယ်။

✅၇။ ငွေကြေးချမ်းသာသုတို.အတွက် ကာလကြာရှည်နေထိုင်နိုင်သည်. ဗီဇာများ ဝန်ဆောင်မှု ရှိပါလား။

ထိုင်းနိုင်ငံက ငွေကြေးချမ်းသာသူတို.ကို သူတို.နိုင်ငံမှာ ငွေမြှုပ်နှံရန်ဖိတ်ခေါ်ပြီး Long term visa များ ပေးပါတယ်။ LTR Visa ဆိုရင် ဆယ်နှစ်နေထိုင်ခွင်.ပေးပါတယ်။

Elite Visa ကတော. တခါတည်း ထိုင်းအစိုးရကို ငွေသွင်းလိုက်ရတာမျိုးပါ။ ၅ နှစ်ကနေ အနှစ်၂၀ အထိ နေထိုင်ခွင်.ရှိပါတယ်။ စိတ်ဝင်စားသူများအတွက် ဝန်ဆောင်ပေးပါတယ်။

✅ Mandalar Charm Travels & Tours Co.,Ltd.✅
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ခရီးလှည်.လည်ရေးလုပ်ငန်းလိုင်စင်အမှတ် - T/O(YGN )-0018
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင်အမှတ် - 1473 ( ACTM )
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

23/01/2024

မြန်မာကြိုက် ဘန်ကောက်ဟိုတယ်များ

✅ အောက်ပါဟိုတယ်များသည် တခန်းတွင် ၂ ဉီးအထိနေထိုင်နိုင်ပြီး ဖော်ပြထားသော ဈေးနှုန်းများမှာ တညအတွက် ကျသင်.သော ထိုင်းဘတ်ငွေ ဖြစ်ပါသည်။

✅( က ) မြန်မာကြိုက် ပရာတူနမ်ဧရိယာရှိ ဟိုတယ်များ

✅1. Grand Alpine Hotel
Superior : THB 1200
Deluxe : THB 1600
Extra Bed : THB 700
Breakfast : Included

✅2. Khurana Inn
2 Persons room : THB 1300
3 Persons room : THB 1600
Breakfast : Included

✅3. Tarawish Hotel
Design Bogie Room : THB 1300
Family Room for 3 people : THB 2400
Extra Bed : THB 700
Breakfast : Included
( Surcharge THB 300 on Chinese New Year Feb 8-18 , Songkran Day April 11-21 )

✅4. Tango Hotel
Superior : THB 1400
Deluxe : THB 1700
Extra Bed – THB 900
Breakfast : Included

✅5. Hotel De Bangkok
Urban Room : THB 1500
Urban Triple : THB 2150
Breakfast : THB 150 per person

✅6. Indra Regent Hotel
Superior : THB 1800
Extra Bed : 1100
Breakfast : Included
( 20 Dec to 6 Jan = Surcharge THB 600 )

✅7. Spenza Hotel
Modern Deluxe : THB 1900 ( Weekday ) / THB 2100 ( Fri, Sat , Sun )
3 Persons room : THB 2850 ( Weekday ) / THB 3050 ( Fri, Sat, Sun )
Breakfast : Included

✅8. Baiyoke Sky Hotel
✅Standard Zone – ( 22nd to 49th floor )
Superior : THB 2600
Extra Bed – THB 900
Breakfast : Included

✅Baiyoke Sky Hotel
✅Sky Zone – ( 50th floor to 68th floor )
Deluxe : THB 2800
Extra Bed – THB 900
Breakfast : Included

✅Baiyoke Sky Hotel
✅Space Zone – ( 70th floor to 74th floor )
Deluxe : THB 3600
Extra Bed – THB 900
Breakfast : Included
Chinese New Year 7h – 13th February – THB 400 / room / night

✅9. Centre Point Pratunam
Grand Deluxe Twin : THB 3200
Grand Deluxe Triple : THB 4300
Grand Deluxe Quad : THB 5000
Grand Deluxe Executive Twin : THB 3400
Grand Deluxe Executive Triple : THB 4500
Breakfast : Included

( ခ ) အမေရိကန်ဗီဇာဖြေရန်အတွက် အမေရိကန်သံရုံးနှင်.နီးသောဟိုတယ်များ

Bangkok Hotels near US Embassy

✅1.YWCA Hotel
Distance : 25 min walk
Deluxe Single : THB 1050
Standard Twin : THB 1420
Deluxe Double : THB 1640
Deluxe Twin : THB 1640
Family ( 3 persons ) : THB 2080
Breakfast : Included

✅2. 12 PM Bangkok Hotel
Distance : 2 min walk
Single : THB 1100
Double : THB 1300
3 Beds : THB 1700
Breakfast : THB 120

✅3. The Quarter Ruamrudee by UHG
Distance : 5 min walk
Superior: THB 2200 ( Nov to Apr )
THB 1800 ( May to Oct )
Breakfast : Included

✅4. Ambassador Bangkok Hotel
Distrance : 25 min walk
Standard Room ( Square Wing ) : THB 2400
Extra Bed : THB 1100
Breakfast : Included

🍀Booking ပြုလုပ်လိုပါက - အနည်းဆုံး ၃ ရက်အလိုတွင် ငွေပေးချေပြီး Confirmed Booking ပြုလုပ်နိုင်ပါသည်။

✅ Mandalar Charm Travels & Tours Co.,Ltd.✅
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ခရီးလှည်.လည်ရေးလုပ်ငန်းလိုင်စင်အမှတ် - T/O(YGN )-0018
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင်အမှတ် - 1473 ( ACTM )
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

23/01/2024

✅ နာမည်ကျော် ဘိုင်ရုတ်စကိုင်း ဟိုတယ် ဘူဖေး ( Baiyoke Sky Hotel Buffet ) နှင်. ဘန်ကောက်ဟိုတယ်ဈေးနှုန်းများ ✅

✅ အောက်ပါဟိုတယ်များသည် တခန်းတွင် ၂ ဉီးအထိနေထိုင်နိုင်ပြီး ဖော်ပြထားသော ဈေးနှုန်းများမှာ တညအတွက် ကျသင်.သော ထိုင်းဘတ်ငွေ ဖြစ်ပါသည်။

✅( က ) မြန်မာကြိုက် ပရာတူနမ်ဧရိယာရှိ ဟိုတယ်များ

✅1. Grand Alpine Hotel
Superior : THB 1200
Deluxe : THB 1600
Extra Bed : THB 700
Breakfast : Included

✅2. Khurana Inn
2 Persons room : THB 1300
3 Persons room : THB 1600
Breakfast : Included

✅3. Tarawish Hotel
Design Bogie Room : THB 1300
Family Room for 3 people : THB 2400
Extra Bed : THB 700
Breakfast : Included
( Surcharge THB 300 on Chinese New Year Feb 8-18 , Songkran Day April 11-21 )

✅4. Tango Hotel
Superior : THB 1400
Deluxe : THB 1700
Extra Bed – THB 900
Breakfast : Included

✅5. Hotel De Bangkok
Urban Room : THB 1500
Urban Triple : THB 2150
Breakfast : THB 150 per person

✅6. Indra Regent Hotel
Superior : THB 1800
Extra Bed : 1100
Breakfast : Included
( 20 Dec to 6 Jan = Surcharge THB 600 )

✅7. Spenza Hotel
Modern Deluxe : THB 1900 ( Weekday ) / THB 2100 ( Fri, Sat , Sun )
3 Persons room : THB 2850 ( Weekday ) / THB 3050 ( Fri, Sat, Sun )
Breakfast : Included

✅8. Baiyoke Sky Hotel
✅Standard Zone – ( 22nd to 49th floor )
Superior : THB 2600
Extra Bed – THB 900
Breakfast : Included

✅Baiyoke Sky Hotel
✅Sky Zone – ( 50th floor to 68th floor )
Deluxe : THB 2800
Extra Bed – THB 900
Breakfast : Included

✅Baiyoke Sky Hotel
✅Space Zone – ( 70th floor to 74th floor )
Deluxe : THB 3600
Extra Bed – THB 900
Breakfast : Included
New Year Eve on 31 Dec – Surcharge THB 2900 net / person for special dinner
Chinese New Year 7h – 13th February – THB 400 / room / night

✅9. Centre Point Pratunam
Grand Deluxe Twin : THB 3200
Grand Deluxe Triple : THB 4300
Grand Deluxe Quad : THB 5000
Grand Deluxe Executive Twin : THB 3400
Grand Deluxe Executive Triple : THB 4500
Breakfast : Included

( ခ ) အမေရိကန်ဗီဇာဖြေရန်အတွက် အမေရိကန်သံရုံးနှင်.နီးသောဟိုတယ်များ

Bangkok Hotels near US Embassy

✅1.YWCA Hotel
Distance : 25 min walk
Deluxe Single : THB 1050
Standard Twin : THB 1420
Deluxe Double : THB 1640
Deluxe Twin : THB 1640
Family ( 3 persons ) : THB 2080
Breakfast : Included

✅2. 12 PM Bangkok Hotel
Distance : 2 min walk
Single : THB 1100
Double : THB 1300
3 Beds : THB 1700
Breakfast : THB 120

✅3. The Quarter Ruamrudee by UHG
Distance : 5 min walk
Superior: THB 2200 ( Nov to Apr )
THB 1800 ( May to Oct )
Breakfast : Included

✅4. Ambassador Bangkok Hotel
Distrance : 25 min walk
Standard Room ( Square Wing ) : THB 2400
Extra Bed : THB 1100
Breakfast : Included

🍀အစားမက်သူတို.အတွက် နာမည်ကျော် Baiyoke Sky Hotel Buffet🍀
🍀၁။ အသီးအနှံဘူဖေး
နေရာ - ၁၈ ထပ် ( Food Court 18th Floor )
အချိန် - နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း
စားသောက်ချိန် - ၁ နာရီခွဲ
စားစရာ -ရာသီစာအသီးအနှံမျိုးစုံ ( ဒူးရင်းသီးပေါ်ချိန်ဖြစ်ပါက ဒူးရင်းသီးတပုဂံ ပါဝင်သည်)
ကျသင်.ငွေ - တဉီး ဘတ် ၆၀၀
🍀၂။ မနက်စာဘူဖေး
နေရာ - ၈၁ ထပ် ( Bangkok Balcony 81st Floor )
အချိန် - နံနက် ၆ နာရီ မှ မနက် ၁၀ နာရီအတွင်း
မနက်စာ စားစရာ - International Buffet Breakfast
ကျသင်.ငွေ - တဉီး ဘတ် ၄၀၀
🍀၃။ နေ.လယ်စာဘူဖေး
နေရာ - ၇၆ ထပ် နှင်. ၇၈ ထပ် ( Bangkok Sky 76th & 78th Floor )
အချိန် - ( ၁ ) မနက် ၁၁ နာရီမှ နေ.လယ် ၁ နာရီ
( ၂ ) နေ.လယ် ၁ နာရီ မှ နေ.လယ် ၃ နာရီ
နေ.လယ်စာ စားစရာ - ပင်လယ်စာနှင်. နိုင်ငံတကာဘူဖေး ( Seafood & International Buffet Lunch )
ကျသင်.ငွေ - တဉီး ဘတ် ၆၉၀
🍀၄။ ညနေစာ အကင် နှင်. ပင်လယ်စာ
နေရာ - ၇၆ ထပ် ( Bangkok Sky 76th Floor )
အချိန် ( ၁ ) ညနေ ၅ နာရီမှ ည ၇ နာရီ
( ၂ ) ည ၇ နာရီ ၁၅မိနစ်မှ ည ၉ နာရီ ၁၅မိနစ်
ညနေစာ စားစရာ - အကင် နှင်.ပင်လယ်စာ ( Grilled Steak & Seafood Buffet Dinner )
ကျသင်.ငွေ - တဉီး ဘတ် ၉၂၀
🍀၅။ ညနေစာ ၈၁ ထပ် အင်ဒိုး ဘူဖေး
နေရာ - ၈၁ ထပ် အင်ဒိုး ( Indoor Bangkok Balcony 81st Floor )
အချိန် - ( ၁ ) ညနေ ၅ နာရီ မှ ည ၇ နာရီ
( ၂ ) ည ၇ နာရီ ၁၅ မိနစ် မှ ည ၉ နာရီ ၁၅ မိနစ်
ညနေစာစားစရာ - နိုင်ငံတကာဘူဖေး ( International Premium Buffet Dinner )
ကျသင်.ငွေ - တဉီး ၁၁၅၀ ဘတ်
🍀၆။ ညနေစာ ၈၁ ထပ် အောက်ဒိုး ဘူဖေး
နေရာ - ၈၁ ထပ် အောက်ဒိုး ( Outdoor Sky Box 81st Floor )
အချိန် - ညနေ ၅ နာရီ မှ ည ၁၀ နာရီ
ညနေစာစားစရာ - နိုင်ငံတကာဘူဖေး နှင်. ယမကာ ( ၁ ) ခွက် ( International Premium Buffet Dinner +1 Drink Roof Top Bar on 83rd Floor )
ကျသင်.ငွေ - တဉီး ဘတ် ၁၉၀၀
🍀၇။ ညနေစာ - အကင် နှင်. ပင်လယ်စာ
နေရာ - ၈၂ ထပ် ( Crystal Grill 82nd Floor )
အချိန် - ညနေ ၆ နာရီ မှ ည ၉ နာရီ ခွဲ
ညနေစာ စားစရာ - ပင်လယ်စာ ၊ အကင်ဘူဖေး နှင်. ယမကာ ( ၁ ) ခွက် ( International Specialized Premium Seafood & Steak Buffet Dinner + 1 Drink at Roof Top Bar on 83rh Floor )
ကျသင်.ငွေ - တဉီး ဘတ် ၁၄၅၀
🍀ကလေးဈေးနှုန်း Child Policy
မိဘနှင်.အတူပါလာသည်. ၈၀ စင်တီမီတာ ( ၂ ပေခွဲခန်. ) အရပ်ရှိသည်.ကလေး - အခမဲ။
မိဘနှင်.အတူပါလာသည်. ၈၀ စင်တီမီတာ ( ၂ ပေခွဲခန်. ) နှင်. ၁၂၀ စင်တီမီတာ ( ၄ ပေခန်. ) အရပ်ရှိသည်.ကလေး - ၅၀ ရာခိုင်နှုန်း
၁၂၀ စင်တီမီတာ အရပ် ( ၄ပေအထက် ) ရှိသည်. ကလေး - အပြည်.ပေးချေရပါမည်။
၈၁ ထပ် အောက်ဒိုး တွင် ကလေးခ မရှိပါ။
🍀Booking ပြုလုပ်လိုပါက - အနည်းဆုံး ၃ ရက်အလိုတွင် ငွေပေးချေပြီး Booking ပြုလုပ်နိုင်ပါသည်။
✅ Mandalar Charm Travels & Tours Co.,Ltd.✅
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ခရီးလှည်.လည်ရေးလုပ်ငန်းလိုင်စင်အမှတ် - T/O(YGN )-0018
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင်အမှတ် - 1473 ( ACTM )
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

18/01/2024

✅Mandalar Charm မှာ မလေးရှားအီးဗီဇာ ( Malaysia eVisa ) လျှောက်ပေးပါတယ်။ အီးဗီဇာ ဆိုတော. အွန်လိုင်းကနေ လျှောက်ရတာမျိုးပါ။

✅ လိုအပ်ချက်တွေက ရိုးစင်းပါတယ်။

( ၁ ) ပတ်စပို.
( ၂ ) ၁လက်မခွဲ ၂လက်မ ပတ်လည် နောက်ခံအဖြူရောင် ကြည်လင်ပြတ်သားသည်. ဓာတ်ပုံ
( ၃ ) လေယာဉ်လက်မှတ် - ( မှတ်ချက် - Booking နှင်. တင်ကြည်.ပေးပါမည်။ )
( ၄ ) အိမ်ထောင်စုစာရင်း
( ၅ ) အိမ်ထောင်စုစာရင်း နိုတြီ
( ၆ ) ဖိတ်ခေါ်စာ
( ၇ ) ဖိတ်ကြားသူ၏ မှတ်ပုံတင် ( IC ) ရှေ.နောက် တို.ဘဲ လိုအပ်ပါတယ်။

✅လိုအပ်ချက်ထဲမှာ မပါပေမယ်. ဗီဇာရရှိမှု မြန်ဆန်အောင် အခြား ပူးတွဲတင်.သင်.သော စာရွက်စာတမ်းများမှာ

( ၁ ) ဘဏ်စာအုပ် နှင်. Bank Statement ( အနည်းဆုံး သိန်း ၂၀ ခန်. ရှိသင်.ပါတယ်။ )
( ၂ ) ဟိုတယ် Booking သို.မဟုတ် လျှောက်ထားသူသည် မိတ်ဆွေ ၊ ဆွေမျိုးအိမ်တွင် နေထိုင်မည်ဖြစ်ပါက မီတာစာရွက်တို. ဖြစ်ပါတယ်။

✅ မလေးရှားနိုင်ငံတွင် တလ နေထိုင်ခွင်.ရှိပါတယ်။ စာရွက်စာတမ်း ပြည်.စုံလျှင် ကြာမြင်.ချိန် ရုံးဖွင်.ရက် ၂ ရက်အတွင်း ဗီဇာ ရရှိပါတယ်။

✅ သိရှိရန်မှာ - အီးဗီဇာ လို. ခေါ်တဲ. အွန်လိုင်းကနေ လျှောက်ရတာဆိုပေမယ်. တခါတရံ လျှောက်ထားသူကို မလေးရှားမှာ နေခဲ.မည် ၊ အလုပ်သွားလုပ်မည် ဟု သံသယရှိပါက မလေးရှားသံရုံးမှ အင်တာဗျူးသဘောမျိုး ခေါ်တွေ.တတ်ပါသည်။ / မလေးရှား အသွားအပြန် လေယာဉ်လက်မှတ် ပို.ခိုင်းရင် ပို.ခိုင်းတတ်ပါသည် ။ )

✅ကျသင်.ငွေ - အမေရိကန်ဒေါ်လာ ၇၅ နှင်. ညီမျှသော မြန်မာကျပ်ငွေ
( ဗီဇာကြေး ၅၀ + ဝန်ဆောင်ခ ၂၅ )

✅အနည်းဆုံး လူ ၄ ယောက်ရှိပါက မလေးရှားနိုင်ငံ Tour package များလည်း စီစဉ်ပေးပါသည်။

✅Mandalar Charm Travels & Tours Co.,Ltd.
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

15/01/2024

✅အမေရိကန်ဗီဇာ လျှောက်သင်.သလား။

အမေရိကန်ဗီဇာ လျှောက်သင်.သလား ဆိုတဲ. မေးခွန်းနဲ. ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို သေချာဖတ်ပြီး စဉ်းစား ဆုံးဖြတ်ပါ။

✅အမေရိကန်နိုင်ငံကိုသွားဖို. ဘယ်ဗီဇာ အမျိုးအစား လျှောက်ရမလဲ။

အခု အမေရိကန်သံရုံးမှာ လျှောက်လို.ရတဲ. ဗီဇာက အလည်အပတ်ဗီဇာ ရယ် ၊ ကျောင်းသား ဗီဇာ ရယ် ၂ မျိုးပါ။

အလည်အပတ်ဗီဇာကို Visitor Visa သို.မဟုတ် B1/B2 Visa လို. ခေါ်ပါတယ်။ B1/B2 Visa မှာ Business/ Conference/Tourism/Medical Treatment အကြောင်းပြချက်နဲ. သွားမည်.သူတွေ လျှောက်ထားလို.ရပါတယ်။ အမေရိကန်နိုင်ငံမှာ ( ၆ ) လ နေထိုင်ခွင်. ပေးပါတယ်။

ကျောင်းသားဗီဇာ ကို Student Visa သို.မဟုတ် F1 Visa လို. ခေါ်ပါတယ်။ အနည်းဆုံး ကောလိပ်တက်ရန် ၂ နှစ်သို.မဟုတ် တက္ကသိုလ်တက်ရန် ၄ နှစ် ပေးပါတယ်။
မိမိတက်မည်.ကျောင်းပညာ သက်တမ်းနှင်.အညီ အမေရိကန်နိုင်ငံတွင် နေထိုင်ခွင်.ရပါတယ်။

✅အမေရိကန်ဗီဇာ လျှောက်ရတာ လွယ်သလား။

၁။ အလည်ဗီဇာအကြောင်း အရင် ပြောပါမယ်။

အလည်ဗီဇာ လျှောက်ဖို.အလွန်လွယ်ကူပါတယ်။ မည်သူမဆို လျှောက်နိုင်ပါတယ်။ ကိုယ်.ကို ဖိတ်ခေါ်သူ ရှိရှိ/ မရှိရှိ ၊ အမေရိကန်နိုင်ငံမှာနေထိုင်တဲ.ဆွေမျိုးမိတ်ဆွေ ရှိရှိ/မရှိရှိ ၊ လျှောက်ထားနိုင်ပါတယ်။ ဉပမာ- ကိုရီးယားဗီဇာ တို. ၊ ဉရောပဗီဇာတို. လျှောက်ရင် လိုအပ်ချက်တွေ ပြည်.စုံမှ လျှောက်လို.ရပါတယ်။ အမေရိကန်ဗီဇာက တော်တော်လွတ်လပ်ပါတယ်။ သတိထားရမှာက လျှောက်တာက လျှောက်လို. လွယ်သလောက် ဗီဇာရဖို.က မလွယ်ပါဖူး။

၂။ ကျောင်းသား ဗီဇာ လျှောက်ဖို.ကတော. သတ်မှတ်ထားတဲ.လိုအပ်ချက်တွေရှိရပါမယ်။ ပထမ Admission Letter လို.ခေါ်တဲ. ကျောင်း/ကောလိပ်/တက္ကသိုုလ်တွေက ကိုယ်.ကို ကျောင်းသားအဖြစ်ဝင်ခွင်.ပြုကြောင်းစာ ၊ ပြီးတော. I-20 လို.ခေါ်တဲ. Certificate of Eligibility for the Nonimmigrant student status စာရွက်ပါရမယ်။ I -20 စာရွက်မှာ မိမိအမည် ၊ ပတ်စပို.၊ နိုင်ငံ စသည် ပါမယ်။ မိမိတက်ရမည်.ကျောင်းအမည်၊ လိပ်စာ၊ ဆက်သွယ်ရမယ်.ကျောင်းတာဝန်ခံ ၊ တက်ရောက်မည်.ဘာသာရပ် ၊ တက်ရမည်.နေ, ကျောင်းပြီးမည်.နေ.တွေပါမယ်။ အမည်တွေပါမယ်။ နောက်တခါ တက်ရမည်. ကျောင်းစရိတ်တွေ ပါရမယ်။ ကျောင်းက တာဝန်ခံ လက်မှတ်ထိုးရမယ်၊ ကျောင်းသားက လက်မှတ်ထိုးရမယ်။ အရေးကြီးဆုံးအချက်က SEVIS Number ( Students and Exchange Visitor Information System ) ပါရမယ်။
တခါ အရေးကြီးတာက ကျောင်းသားဟာ I 901 လို.ခေါ်တဲ. SEVIS Fees -အမေရိကန်ဒေါ်လာ ၃၅၀ ကို အင်တာဗျူးမဝင်ခင် အနည်းဆုံး သုံးရက်အလိုမှာ သွင်းပြီး Receipt ရှိနေရပါမယ်။ အမေရိကန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာကျောင်းသားအဖြစ် တက်မည်. ကျောင်းသာတိုင်း SEVIS Fees ပေးရပါတယ်။ တနှစ်သက်တမ်းရှိပါတယ်။ တနှစ်အတွင်းဗီဇာ မအောင်ခဲ.လို. အင်တာဗျူးထပ်ဖြေရင် ပေးစရာမလိုပါဖူး။ ဗီဇာ အောင်ရင် ကျောင်းကာလတလျှောက်လုံးအတွက် ယင်းတကြိမ်သာ ပေးသွင်းရပါတယ်။ တခါ မိမိတက်ရောက်ခဲ.တဲကျောင်းတွေ ၊ အောင်လက်မှတ်တွေ ၊ အမှတ်စာရင်းတွေ အပြင် အဂ်လိပ်စာကျွမ်းကျင်မှု IELTS/ Dualingo / TOEFL / PTE တို.လိုမျိုး တခုခု ပါသင်.ပါတယ်။ အများဆုံး ပြကြတာက IELTS နဲ. Dualingo ပါ။ IELTS ဆိုရင် အနိမ်.ဆု့း 6.0 to 6,5 ရသင်.ပါတယ်။ Dualingo ဆိုရင် အမှတ် ၁၂၀ နဲ. ၁၅၀ အကြား ရသင်.ပါတယ်။ ဆိုလိုတာက ကိုယ်တက်ခဲ.တဲ.ကျောင်းက စာရွက်စာတမ်းတွေအပြင် အဂ်လိပ်စာကျွမ်းကျင်မှုအဆင်.တခုခု လိုပါတယ်။ နောက်အရေးကြီးတာက ကျောင်းတက်မယ်.ကလေးကို ကျောင်းတက်စဉ်ကာလတလျှောက်လုံး ထောက်ပံ.မယ်. မိဘ သို.မဟုတ် အုပ်ထိန်းသူ ၊ အမည်၊ အလုပ်အကိုင် ၊ ဝင်ငွေ Bank Statement ပြရပါမယ်။ ဆိုတော. Student visa က လိုအပ်ချက်တွေ ရှိပါတယ်။

✅အလည်ဗီဇာ လျှောက်ရင် ရနိုင် / မရနိုင် ဘယ်အချက်အလက်တွေနဲ. ဆုံးဖြတ်မလဲ။

✅အောက်ပါ ( ၅ ) ချက်နဲ. ဆုံးဖြတ်ချင်ပါတယ်။

•( ၁ ) ဖိတ်ခေါ်သူ ရှိခြင်း သို.မဟုတ် သွားရမည်. အကြောင်းအရာ ခိုင်လုံခြင်း

•( ၂ ) လျှောက်ထားသူ၏ အခြေအနေ -လုပ်ငန်. / ပိုင်ဆိုင်မှု / မြန်မာပြည်မှာ ကျန်မယ်.မိသားစုဝင် ( Tie )

•( ၃ ) လျှောက်ထားသူ၏ ခရီးသွားရာဇဝင်ကောင်းခြင်း ၊ ဉပမာ အမေရိကန်နိုင်ငံသို. ရောက်ဖူးခြင်း သို.မဟုတ် အကြိမ်ကြိမ်သွားရောက်ဖူးခြင်း ၊ ဉရောပ / ဂျပန် / ဩစတြေးလျ စသည်.နိုင်ငံကြီးများသို. လည်ပတ်/နေထိုင်ဖူးခြင်း

•( ၄ ) လျှောက်ထားသူ၏ အင်တာဗျူးဖြေရာတွင် ပါးနပ်လိမ်မာသည်. ဉာဏ်ရည်

•( ၅ ) လျှောက်ထားသူ၏ ကုသိုလ်ကံ ( အထက်ပါအချက်အလက်များမပြည်.စုံဘဲ ဗီဇာအောင်သွားသူများလည်း အကြိမ်ကြိမ်တွေ.ဖူးပါပြီ ။ အချက်အလက်များ ပြည်.စုံသော်လည်း ဗီဇာမရရှိသူများလည်း တွေ.ဖူးပါပြီ။ )

ဒါကြောင်. အမေရိကန်ဗီဇာ လျှောက်သင်.သလား ဆိုတဲ. အဖြေကို မိမိဖာသာ အထက်ပါအချက် ၅ ချက်နဲ. ချိန်ထိုးပြီး ဆုံးဖြတ်ပါ၊ ကျောင်းသားဆိုလျှင်လည်း လိုအပ်ချက်များ ပြည်.စုံအောင် ပြင်ဆင်ပါ။

✅အမေရိကန်ဗီဇာလျှောက်ဖို.ဆုံးဖြတ်ပြီးပြီဆိုရင် -

Mandalar Charm က တဉီးချင်းအတွက် အကောင်းဆုံး ပြင်ဆင်ပေးပါမယ်။ အကြံဉာဏ်ပေးပါမယ်။ သင်.တင်.တဲ. ဈေးနှုန်းယူပါမယ်။ ပထမဆုံး လုပ်ရမယ်. ၊ အရေးကြီးဆုံးဖြစ်တဲ. DS 160 ဆိုတဲ. အွန်လိုင်းဖောင်ဖြည်.ခြင်းကို စေ.စေ.စပ်စပ်ဖြည်.ပေးပါမယ်။ ပြည်ပနိုင်ငံတွေမှာ အင်တာဗျူးဖြေမယ်ဆိုရင် အင်တာဗျူးကြေးကျသင်.ငွေ အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာ ပေးသွင်းပေးပါမယ်။ အပွိုင်.မန်.ယူပေးပါမယ်။ ယေဘူယျ မေးခွန်း အဖြေတွေ ပေးပါမယ်။ လေယာဉ်လက်မှတ် ၊ ဟိုတယ် အစရှိသည်တို. ဆောင်ရွက်ပေးပါမယ်။ စိတ်ချလက်ချ လုပ်ငန်းအပ်နှံနိုင်ပါတယ်။

✅ဝန်ဆောင်ခငွေ ပြောပြပါ။

မြန်မာပြည်မှာဖြေရင် အမေရိကန်ဒေါ်လာ ၆၀ နဲ.ညီမျှတဲ. မြန်မာကျပ်ငွေ ၊ ပြည်ပနိုင်ငံတွေမှာ ဖြေရင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ. ညီမျှတဲ. မြန်မာကျပ်ငွေပါ။

✅ဆက်သွယ်ရန်လိပ်စာ ပြောပါ။

✅Mandalar Charm Travels & Tours Co.,Ltd.
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

03/01/2024

✅ အမေရိကန်ဗီဇာ အင်တာဗျူး ဘယ်မှာ ဖြေမလဲ။

အမေရိကန်နိုင်ငံသို. အလည်အပတ်သွားရောက်လိုသူများ ( B1/B2 Visa ) နှင်. ကျောင်းတက်ရန် သွားရောက်လိုသောသူများ ( F1 Visa ) အသိချင်ဆုံး မေးခွန်းဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဖြေရမလဲ ။

✅ မြန်မာနိုင်ငံမှာ ဖြေလို.မရတော.ဖူးလား။

မြန်မာနိုင်ငံမှာလည်း ဖြေလို.ရပါတယ်။ အချိန်ပေးနိုင်သူများ စောင်.ပါ။ ယခုတော. ၂၀၂၄ မေလအထိ SLOT ပြည်.နေပါပြီ။ နောက်တခါ ရက်ချိန်းပေးလျှင် ၂၀၂၄ ဇွန်လမှ စတင်ပေးမည်ဟု ယူဆရပါသည်။ သို.သော် ဩဂုတ်လ ၊ ၂၀၂၃ က အင်တာဗျူး SLOT ဖွင်.ရာတွင် လျှောက်ထားသူများလွန်းသဖြင် မမျှမတဖြစ်ကာ လျှောက်လွှာတင်သူအားလုံးကို အင်တာဗျူးရက်ချိန်း မပေးနိုင်ခဲ.ပါ။ သံရုံး၏ ဝက်ဆိုက်တွင်လည်း အမေရိကန်နိုင်ငံသို. ခရီးသွားလိုသူများ အနေဖြင်. တခြားနိုင်ငံ ( Other region ) များတွင် လျှောက်ထားဖြေဆိုနိုင်ကြောင်း အကြံပြုထားပါသည်။

✅ မြန်မာနိုင်ငံမှာ ဖြေတာနဲ. တခြားနိုင်ငံမှာ ဖြေတာ အားသာချက် ၊ အားနည်းချက် ပြောပြပါ။

မြန်မာနိုင်ငံမှာဖြေတာ အားသာချက်က ( ၁ ) မြန်မာလိုဖြေလို.ရတယ် ( ၂ ) MRV Fees ၁၈၅ ဒေါ်လာကို သံရုံးမှာ အင်တာဗျူးဖြေတော.မှ ပေးရတယ် ( ၃ ) ကိုယ်.အိမ်ကနေ ကိုယ်သွားဖြေရတာဖြစ်တဲ.အတွက် အကုန်အကျသက်သာတယ် ( ၄ ) စာရွက်စာတမ်း စီစဉ်ရတာ နည်းတယ်။ အားနည်းချက်က စောင်.ရတာ ကြာတယ်။ ၆ လလည်း ဖြစ်နိုင်တယ်။ တနှစ်လည်း ဖြစ်နိုင်တယ်။ စောင်.နိုင်ရင် ဖြေပါ။

ပြည်ပနိုင်ငံတွေဖြေရင် အားသာချက်က ( ၁ ) ရက်ချိန်း မြန်တယ် ( ၂ ) ဗီဇာရရင် အလည်အပတ်သွားလိုသူတွေ၊ အစည်းအဝေးသွားလိုသူတွေ မိမိသွားလိုတဲ.ရက်အတိုင်း .သွားနိုင်တယ် ( ၃ ) မိသားစုလိုက် ၊ အုပ်စုလိုက် တချိန်တည်း သံရုံးမှာ ဗီဇာအင်တာဗျူး ဝင်လို.ရတယ်။ ( ၄ ) အပွိုင်.မန်.ရပြီးမှ ရက်ကို ရှေ.တိုးချင်တာ နောက်ဆုတ်ချင်တာစသဖြင်. ရက်ရွှေ.လို.ရတယ်။ အားနည်းချက်က ( ၁ ) အဂ်လိပ်လိုဖြေရမယ် ( ၂ )MRV Fees ၁၈၅ ဒေါ်လာကြိုတင်သွင်းပြီးမှ အပွိုင်.မန်.ရက်ချိန်းရမယ် ( ၃ )လေယာဉ်ခအသွားအပြန် ၊ ဟိုတယ်ခ ၊ စားစရိတ် ကုန်မယ်။ ၄။ စာရွက်စာတမ်း သေသေချာချာ ပြင်ဆင်သွားရမယ်။

✅အဲဒီတော. ဘယ်မှာ ဖြေရမလဲ။

အင်တာဗျူး အပွိုင်.မန်. မြန်မြန်ရချင်သူများ ၊ အစည်းအဝေး ၊ သင်တန်း ၊ အလည်အပတ် စသဖြင်. ခရီးအမြန်သွားရန် ကိစ္စရှိသူများ ၊ ကျောင်းဖွင်.ချိန်အမှီတက်ရမည်. ကျောင်းသားများ ပြည်ပနိုင်ငံတွေမှာ ဖြေပါ။

လျှောက်လွှာတင်ထားပြီး မေ.ထားနိုင်သူများ ၊ ရက်ချိန်းရသည်.နေ.မှ သွားလိုသူများ မြန်မာနိုင်ငံမှာဖြေပါ။

✅ဘယ်နိုင်ငံတွေမှာ ဖြေလို.ရ.လဲ။

မြန်မာနိုင်ငံနဲ. လေယာဉ်တိုက်ရိုက်ရှိသည်. နိုင်ငံများ မှာ ဖြေသင်.ပါတယ်။ ထိုင်း ၊ စကာ်ပူ ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ မလေးရှား နိုင်ငံတွေမှာ ဖြေသင်.ပါတယ်။ မှတ်ချက်အနေနဲ. မလေးရှားနိုင်ငံသွားရင် မလေးရှားဗီဇာ သီးသန်.ယူရပါမယ်။

✅ ဘယ်နိုင်ငံမှာ ဖြေသင်.လဲ။ ဘယ်နိုင်ငံမှာ ဗီဇာအောင်တာများလဲ။

ဘယ်နိုင်ငံမှာမဆို ဖြေသင်.ပါတယ်။ ဗီဇာအအောင်များတဲ.နိုင်ငံ ၊ အကျများတဲ.နိုင်ငံရယ်လို. မရှိပါ။ ဉပမာ - ထိုင်းနိုင်ငံမှာ ဗီဇာ အကျများတယ်ဆိုပေမယ်. အောင်သူတွေလည်း ရှိပါသည်။ ကိုယ်လည်း အောင်နိုင်ပါသည်။ ဗီယက်နမ်နိုင်ငံမှာ ဗီဇာ အအောင်များတယ်ဆိုပေမယ်. ကျသူတွေလည်း ရှိပါသည်။ ကိုယ်က ကျနိုင်ပါသည်။

ဗီဇာအောင်ခြင်း ၊ ကျခြင်းသည် မိမိတယောက်ချင်းရဲ. DS 160 တွင်ဖြည်.ထားသည်. အချက်အလက်များ ၊ လိမ်မာပါးနပ်စွာဖြေဆိုနိုင်သည်.အရည်အချင်း ၊ မိမိကုသိုလ်ကံနှင်. ဆိုင်ပါသည်။

✅Mandalar Charm ရဲ. ဝန်ဆောင်မှု ပြောပြပါ။

မြန်မာပြည်မှာ ဖြေလိုသူအတွက်ရော ၊ ပြည်ပနိုင်ငံမှာ ဖြေလိုသူအတွက်ရော အကောင်းဆုံး ဝန်ဆောင်မှုပေးပါတယ်။

ပြည်ပနိုင်ငံမှာဖြေသူများအတွက် လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း ၊ သံရုံးနှင်.နီးသည်.ဟိုတယ်များ ဈေးသင်.တင်.သည်.ဟိုတယ်များတွင် စီစဉ်ပေးခြင်း ၊ အပွိုင်.မန်.ရယူရန် ငွေပေးသွင်းခြင်း ၊ မေးခွန်းအဖြေများ ပြင်ဆင်ပေးခြင်း ၊ အင်တာဗျူးဖြေရန်စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း တို.ကို ဆောင်ရွက်ပေးပါတယ်။

✅ဝန်ဆောင်ခပြောပြပါ။

မြန်မာပြည်မှာဖြေလျှင် တဉီး အမေရိကန်ဒေါ်လာ ၆၀ နှင်.ညီမျှတဲ. မြန်မာကျပ်ငွေ ၊ ပြည်ပနိုင်ငံမှာ ဖြေဆိုလျှင် တဉီး အမေရိကန်ဒေါ်လာ ၁၀၀ နှင်.ညီမျှတဲ. မြန်မာကျပ်ငွေ ယူပါတယ်။

✅မြန်မာနိုင်ငံကနေ သွားဖြေတာမဟုတ်ဘဲ တခြားနိုင်ငံတွေမှာ နေထိုင်သူတွေအတွက်ရော ဝန်ဆောင်မှုပေးပါလား။

မည်သည်.နိုင်ငံမှာမဆို တရားဝင်နေထိုင်ခွင်.ရှိသူများ အမေရိကန်နိုင်ငံကို သွားရောက်လိုသူများအတွက်ပါ ဝန်ဆောင်မှုပေးပါတယ်။

✅Mandalar Charm ကို ဘယ်လိုဆက်သွယ်ရမလဲ။

ရန်ကုန်မှာနေသူများ ရုံးသို.ကိုယ်တိုင် လာရောက်ဆွေးနွေး အလုပ်အပ်ခြင်းဖြင်.လည်းကောင်း ၊ နယ်နှင်. အခြားနိုင်ငံများတွင်နေသူများ ဗိုင်ဘာဖုန်း ၀၉ ၅၀၄ ၅၈၁၉ သို. ဆက်သွယ်မေးမြန်းပြီး စာရွက်စာတမ်းများ ပေးပို.ကာ အလုပ်အပ်နှံပါသည်။

✅Mandalar Charm Travels & Tours Co.,Ltd.
ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441
ခရီးလှည်.လည်ရေးလုပ်ငန်းလိုင်စင်အမှတ် - T/O(YGN )-0018
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဝင်အမှတ် - 1473 ( ACTM )
ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183
အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊
အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊
မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊
စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။
Viber Phone : 09 504 5819
Tel : 01 3642334 / 01 3644271 / 09 504 5819

Address


Alerts

Be the first to know and let us send you an email when Mandalar Charm Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalar Charm Travels & Tours:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share