25/02/2016
ဘန်ကောက် - ပတ္တရား ( ၄ ည အိပ်၊ ၅ ရက် ) ခရီးစဉ်
Day 1
မြန်မာစကားပြန် ဧည့်လမ်းညွှန်မှ သုဝဏ္ဏဘူမိလေဆိပ်တွင် လာရောက် ကြိုဆိုပါမည်။ ပတ္တရားသို့ သီးသန့် A/C Van ဖြင့် ခရီးစတင်ပါမည်။ လမ်းခရီးတွင် ဝင်ရောက်လည်ပတ်မည့် နေရာများမှာ -
1. Sriracha Tiger Zoo
- Tiger Show - ယဉ်ကျေးလိမ္မာလှသော ကျားကလေးများ၏ ဖျော်ဖြေပွဲ
- Elephant Show - ဆင်လိမ္မာလေးများ၏ ကပြ တင်ဆက်မှုများ
- Crocodile show - ယဉ်ပါးလှသော မိချောင်းများ၏ ဖျော်ဖြေမှု
- Pig Show - ချစ်စရာဝက်ပြပွဲတို့ကို ရှုစားနိုင်ပါသည်။
နေ့လည်စာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင် စားသောက်ပါမည်။ ထို့နောက် ခရီးဆက်မည့် နေရာများမှာ -
2. Art In Paradise (3D museum)
3D ပန်းချီများနှင့် အလှဓါတ်ပုံရိုက်လို့ကောင်းတဲ့ ရုပ်လုံးကြွ 3D ပြတိုက်
3. Mountain View point လို့ခေါ်တဲ့ ပတ္တရားကမ်းခြေရဲ့ ရှုခင်းကို အပေါ်စီးက မြင်တွေ့နိုင်မယ့်နေရာကို သွားရောက်လည်ပတ်ပါမည်။ ညနေခင်းမှာ သွားရောက်မယ့် နေရာကတော့
4. Alcazar Show
အလွန်လှပသော Ladyboy လေးများ၏ ကပြဖျော်ဖြေတင်ဆက်သော ရှိုးပွဲကို သွားရောက်ကြည့်ရှုကြပါမည်။
ညစာကို ထိုင်းရိုးရာစားသောက်ဆိုင်တွင် စားသောက်ကြပြီးနောက် ဟိုတယ်သို့ ပြန်ကာ အိပ်စက်အနားယူပါမည်။
Day 2 ( Pattaya – Coral island )
ဟိုတယ်တွင် မနက်စာ စားသောက်ပြီးနောက် ပတ္တရား မှ လှမ်းမြင်နေရသည့် 7.5 km အကွာအဝေးတွင်သာ ရှိသော ထိုင်းဘာသာစကားဖြင့် Koh Larn ခေါ်သော သဲဖြူကျွန်းသို့ သွားရောက်လည်ပတ်ပါမည်။ သဲဖြူကျွန်းမှ ကျွန်းများသည် ဖြူဖွေးသော သဲမှုန်များ၊ ကြည်လင်သော ပင်လယ်ရေ နှင့် လှပသော ကမ်းခြေအလှများကြောင့် နာမည်ကျော်ကြားထင်ရှားပါသည်။ ပတ္တရား ကမ်းခြေထက်ပင် ပင်လယ်ရေတွင် ဆော့ကစားဖို့ရာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းလှပါသည်။ ထိုကျွန်းသို့ Speed boat စီးကာသွားရပါမည်။ ကျွန်းတွင် ရေပေါ် Jet Ski စီးခြင်း၊ Banana boat စီးခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။
Nong Nooch Garden
နေ့ခင်းတွင် ပတ္တရားသို့ပြန်လာပြီး Nong Nooch Garden သို့ထွက်ခွာကာ ယင်းနေရာတွင် ဘူဖေးနေ့လည်စာကို သုံးဆောင်ကြပါမည်။ Nong Nooch Garden သည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် အလှပဆုံးသော ရုက္ခဗေဒဥယျာဉ်အဖြစ် ကျော်ကြားကာ ဆင်အလိမ္မာပြပွဲနှင့် ထိုင်းယဉ်ကျေးမှုရိုးရာကပွဲများကလည်း ကမ္ဘာသိထင်ရှားကျော်ကြားလှပါသည်။
Nong Nooch ဥယျာဉ်တွင် လည်ပတ်ပြီးနောက် ဘန်ကောက်မြို့သို့ခရီးဆက်လက်ထွက်ခွါပါမည်။ ညစာကို ဘန်ကောက်မြို့တွင်စား သောက်ကြပါမည်။
Day 3 - ( Safari World – Chocolate Ville )
မနက်စာကို ဟိုတယ်တွင် စားသောက်ပြီးနောက် Safari World သို့သွားရောက်လည်ပတ်ပါမည်။ Safari World တွင် Safari Park နှင့် Marine Park ဟူ၍ ၂ ပိုင်းရှိပါသည်။ Safari Park တွင် ကမ္ဘာတစ်ခုလုံးရှိ တောရိုင်းတိရစ္ဆာန်မျိုးစုံတို့၏ သဘာဝအတိုင်းနေထိုင်ကျက်စားပုံများကို အနီးကပ်ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။ Marine Park တွင် စိတ်လှုပ်ရှားဖွယ်ရာ Show ပွဲ ၇ မျိုးကို နေ့စဉ်ပြသပါသည်။
ယင်းတို့ထဲတွင်
- Hollywood Cowboy Stunt show : ဟောလိဝုဒ်ကောင်းဘွိုင် စတန့်ရှိုး
- Dolphin Show : ချစ်စရာ လင်းပိုင်လေးများ၏ သရုပ်ပြပွဲ
- Orang Utan Boxing Show : ရယ်မောဖွယ်ရာ မျောက်ကလေးများ လက်ဝှေ့ထိုးပွဲ
- Sea Lion Show : ပင်လယ်ဖျံလေးများ၏ ဖျော်ဖြေတင်ဆက်မှု စသဖြင့် ပါဝင်ပါသည်။
နေ့လည်စာဘူဖေးကို Safari World တွင် စားသောက်ကြပါမည်။
ညနေခင်းတွင် အလွန်လှပ၍ ဓာတ်ပုံလှလှလေးများရိုက်လို့ကောင်းသောနေရာ Chocolate Ville တွင် ညစာစားပါမည်။
Day 4 - (Dream World – Chaophraya River Cruise)
မနက်စာကို ဟိုတယ်တွင် စားသောက်ပြီးနောက် နာမည်ကျော် Dream World သို့ သွားရောက်လည်ပတ်ပါမည်။ Dream World ထဲတွင် Hurricane, Grand Canyon, Tornado, Super splash, နှင်းမြို့တော် ( Snow Town ) စသဖြင့် ကလေးလူကြီးအားလုံးပျော်ရွှင်စွာ ဝင်ရောက်ဆော့ကစားနိုင်ပြီး အခြား Show ပွဲများကိုလည်း ကြည့်ရှုနိုင်ပါသည်။ Dream World တွင် နေ့လည်စာဘူဖေး စားသောက်ပြီး တနေကုန် လည်ပတ်ကစားကြပါမည်။
ညနေခင်းတွင်မူ ညစာကို ကျောက်ဖရားမြစ်ပေါ်ရှိ သင်္ဘောကြီးတွင် ဘူဖေးသုံးဆောင်ရပါမည်။ ကျောက်ဖရားမြစ်ကြောင်းတစ်လျှောက်ရှိ သမိုင်းဝင်အဆောက်အအုံများကို ကြည့်ရှုရင်း စတိုင်ကျကျ အဆင့်တန်းမြင့်သော သင်္ဘောကြီးပေါ်မှ ဘန်ကောက်မြို့ကြီး၏ ညအလှကို ကြည့်ရှုခံစားကြပါမည်။
Day 5 ( Siam Ocean World – Madame tussauds Wax Museum – Shopping )
နံနက်ခင်းတွင် Prathunam တစ်ဝိုက်ဈေးဝယ်ထွက်ကြပါမည်။ ဟိုတယ်မှ Check out လုပ်ပြီးနောက် ရေသတ္တဝါလေးများ မျိုးပေါင်းမြောက်များစွာကို ကြည့်ရှုလေ့လာနိုင်မည့် ရေအောက်ကမ္ဘာ Siam Ocean World နှင့် ကမ္ဘာကျော် ပုဂ္ဂိုလ်တို့၏ ပုံတူ ဖယောင်းရုပ်တုများရှိရာ ဖယောင်းပြတိုက် Madame Tussauds သို့ သွားရောက် လည်ပတ်ကြပါမည်။ Madame Tussauds တွင် သင့်အကြိုက်နှစ်သက်ဆုံး ဟောလိဝုဒ် စတားများ၊ နာမည်ကျော်များ၊ အားကစားသမားများ၊ သူရဲကောင်းများ နှင့် ကမ္ဘာ့ခေါင်းဆောင်တို့နှင့် ပုခုံးဖက် ဓာတ်ပုံရိုက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။ နေ့လည်စာကို Platinum Shopping Mall တွင် စားသောက်ပြီး Shoppingလုပ်၍ ညနေခင်းတွင် လေဆိပ်ဆင်းပါမည်။
ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ
• ခရီးစဉ်တစ်လျှောက်လုံးအတွက် အကြိုအပို့ ။
• ခရီးစဉ်တစ်လျှောက်လုံး အတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ။
• ခရီးစဉ်တွင် ဖော်ပြထားသောနေရာများသို့လည်ပတ်ခ ဝင်ကြေးများ။
• ပတ္တရား နှင့် ဘန်ကောက် တွင် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်၌ တည်းခိုခွင့်။
• ဧည့်လမ်းညွှန်။
ခရီးစဉ်တွင် မပါဝင်သော ဝန်ဆောင်မှုများ
• သဲဖြုကျွန်းတွင် Banana Boat နှင့် ရေပေါ် Jet Ski စီးခြင်း။ ( ဆော့ကစား စီးနင်းလိုပါက မိမိအစီအစဉ်ဖြင့်သာ ပေးဆောင်ရန်)
• ခရီးစဉ်တွင် မပါဝင်သော နေရာများသို့လည်ပတ်မှုများ၊ ဝင်ကြေးများ။
• ခရီးဆောင်အိတ်များ ဝန်ပို သယ်ဆောင်ခ။
• စားသောက်ဆိုင်များတွင် အပိုသုံးစွဲသော အအေးနှင့် အဖျော်ယမကာ။
• ဟိုတယ်တွင် အပိုသုံးစွဲသော ရေသန့်၊ အအေး၊ အဖျော်ယမကာ စသည့် Mini Bar အသုံးပြုခ၊ အဝတ်လျှော်ခ၊ ဖုန်းသုံးစွဲမှု၊ အပို အခန်းတွင်း ဝန်ဆောင်မှုများ။
JNJ Travels and Car Rental
(Viber) 09-458028999၊ +66 892233111