SMT Travels

SMT Travels ဘုရားဖူးအပန်း‌ဖြေခရီးစဉ်များ Group Tour Package များနှင့် ကားစီးလုံးငှားပေးခြင်းများကိုဝန်ဆောင်ပေးနေပါသည်။
(52)

ပြည်တွင်းဘုရားဖူးအပန်း​ဖြေခရီးစဥ်များအတွက် Group Tour Package များကို အ​ကောင်းဆုံး၀န်​ဆောင်မှု​ပေးလျှက်ရှိပါတယ်ရှင်

အကြောင်းအမျိုးမျိုး ကြောင့် ခရီးတစ်ခု သွားရတဲ့အခါ ကျမရဲ့ ခရီးသွားမိတ်ဆွေများ အနေနဲ့ လမ်းခရီး သက်တောင့်သက်သာ နဲ့ အချိန်ကု...
03/08/2024

အကြောင်းအမျိုးမျိုး ကြောင့် ခရီးတစ်ခု သွားရတဲ့အခါ ကျမရဲ့ ခရီးသွားမိတ်ဆွေများ အနေနဲ့
လမ်းခရီး သက်တောင့်သက်သာ နဲ့ အချိန်ကုန်
လူပင်ပန်းမဖြစ်စေဖို့ SMT Travel ကနေ အိမ်အရောက်ကြို/ပို့ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေပါပြီနော် 🚘

မဖြစ်မနေ တစ်ယောက်တည်း သွားရမယ့် အမျိုးသမီးများ နဲ့ အသက်ကြီးပိုင်းဧည့်သည်များ ကလေးငယ်ပါတဲ့ မိတ်ဆွေများအတွက် လမ်းခရီး Safe ဖြစ်စေဖို့က အဓိက အရေးကြီးတဲ့အတွက် ဒီဝန်ဆောင်မှုလေးက တော့ အသင့်တော်ဆုံးဖြစ်စေမှာပါ 💯

သာမန် Express ကားကြီး တွေနဲ့သွားရတဲ့ ခရီးစဉ်တွေနဲ့မတူ သက်တောင့်သက်သာနဲ့ စီးနင်းနိုင်မယ့်အပြင် အိမ်ရှေ့အရောက်လာကြိုတာကို အသာလေးထိုင်စီးသွားရုံပဲဆိုတော့
💸အိမ်ကနေ အဝေးပြေးကားဝင်းကို သွားရတဲ့ တစ်ဆင့် Taxi ခတွေ
💸အပြန်ခရီးမှာလည်း အိမ်အထိပြန်ငှားရမယ့် Taxi ခ / အိုးဝေခတွေ အကုန်ခံစရာမလိုတော့ဘဲ ကုန်ကျစရိတ်ကို လျော့ချနိုင်မှာပဲဖြစ်ပါတယ်

✅အိမ်စီးကားလေးနဲ့ ပို့ဆောင်ပေးသွားမှာဖြစ်လို့စစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့အခါမှာလည်း Express ကားကြီးနဲ့ လူအများခရီးသွားရသလို ကြန့်ကြာတာမျိုး
မဖြစ်စေဘဲ အချိန်ကုန် သက်သာစွာနဲ့ ဖြတ်သန်းသွားလာနိုင်မှာပါရှင့်။

📌ဝန်ဆောင်မှုပေးသွားမယ့်ကားတွေကလည်း
Aircon Fully အိမ်စီးကား ဆလွန်းကားသန့်များဖြင့် လူကြီးမင်းတို့အိမ်အရောက် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တဲ့အတွက် လမ်းခရီးမှာ ကားမကောင်းလို့ စိတ်ညစ်ရတာမျိုး လူပင်ပန်းရတာမျိုးမဖြစ်စေဘဲ ခရီးမပန်းဘဲ လိုရာခရီးကို အချိန်ကုန်သက်သာစွာနဲ့ အမြန်ဆုံးသွားရောက်နိုင်မှာပဲဖြစ်ပါတယ်။

ကားပေါ်မှာလည်း အမျိုးတို့ သက်တောင့်သက်သာနဲ့ စီးနင်းနိုင်ဖို့ Aircon Fully ဖွင့်ထားပေးတဲ့အတွက် ဘယ်ပဲသွားသွား ပေါ့ပေါ့ပါးပါးနဲ့ သွားနိုင်ဖို့ SMT Travel ရဲ့ ကားအငှားဝန်ဆောင်မှုလေးနဲ့အတူ သွားလိုက်တော့နော်✨

📌အသေးစိတ်သိရှိလိုပါက
Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

🏠 ရုံးခန်း လိပ်စာ-အမှတ် - ၁၉၇
(မြေညီထပ်)၊ မင်္ဂလာလမ်း13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်,ရန်ကုန်မြို့ ။

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉



👑

🧡 12.7.24 ~ 14.7.24 ❤️🙏ကျိုက်ထီးရိုးဘုရားဖူး ဝါဆိုသက်န်းကပ်အလှူ ခရီးစဉ်အတွက် ယုံကြည်စွာဖြင့်အားပေးခဲ့ပါသော ဧည့်သည် တော်က...
13/07/2024

🧡 12.7.24 ~ 14.7.24 ❤️
🙏ကျိုက်ထီးရိုးဘုရားဖူး ဝါဆိုသက်န်းကပ်အလှူ ခရီးစဉ်အတွက် ယုံကြည်စွာဖြင့်အားပေးခဲ့ပါသော ဧည့်သည် တော်ကြီးများအား SMT Travels 👑 မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် 🤩🙏



👑

💙 10.7.24 ~ 12.7.24 💙ချောင်းသာ ခရီးစဉ် 🌊Fully Package ဖြင့် ယုံကြည်စွာအားပေးခဲ့ပါသော Ethic and Honest Private Limited မှ...
13/07/2024

💙 10.7.24 ~ 12.7.24 💙
ချောင်းသာ ခရီးစဉ် 🌊
Fully Package ဖြင့် ယုံကြည်စွာအားပေးခဲ့ပါသော Ethic and Honest Private Limited မှ CEO မိသားစုနှင့် ၀န်ထမ်းများအား SMT Travels👑 မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့် 😍🤩🙏

👑

❤️ ပုဂံ ~ ညောင်ဦး ~ ပုပ္ပါး ခရီးစဉ် ❤️30.6.24 ~ 3.7.24 VIP fully Package ဖြင့် ယုံကြည်စွာ အားပေးခဲ့‌ပါသော အိမ်ဆောက်ပစ္စည...
05/07/2024

❤️ ပုဂံ ~ ညောင်ဦး ~ ပုပ္ပါး ခရီးစဉ် ❤️
30.6.24 ~ 3.7.24
VIP fully Package ဖြင့် ယုံကြည်စွာ အားပေးခဲ့‌ပါသော အိမ်ဆောက်ပစ္စည်း ရောင်း/၀ယ်ရေး ပိုင်ရှင်မိသားစုနှင့် ၀န်ထမ်းများ အားလုံးကို SMT Travels 👑 မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့် 😍🤩🙏

👑

တာချီလိတ် ❤️ မယ်ဆိုင် 🧡 ချင်းရိုင် 🩵 ချင်းမိုင် 💙6ညအိပ် 7ရက် ခရီးစဉ် အားပေးခဲ့ပါသော ဧည့်သည်တော်ကြီး များအား SMT Travels ...
05/07/2024

တာချီလိတ် ❤️ မယ်ဆိုင် 🧡 ချင်းရိုင် 🩵 ချင်းမိုင် 💙
6ညအိပ် 7ရက် ခရီးစဉ် အားပေးခဲ့ပါသော
ဧည့်သည်တော်ကြီး များအား SMT Travels 👑 မှ
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏😍🤩

👑
☎️ 0943155637
☎️ 09785555637

🫰 ချင်းမိုင် ခရီးစဉ် 001🫰

ပုဂံကို မိုးရာသီအလှအပတွေခံစားရင်း လည်ပတ်ဖူးကြပြီလား❓⛈️မှိုင်းညို့ညို့ကောင်းကင်ကြီးရဲ့အောက်မှာ ထည်ဝါစွာ လှပနေတဲ့ ပုဂံမြေရ...
25/06/2024

ပုဂံကို မိုးရာသီအလှအပတွေခံစားရင်း လည်ပတ်ဖူးကြပြီလား❓

⛈️မှိုင်းညို့ညို့ကောင်းကင်ကြီးရဲ့အောက်မှာ ထည်ဝါစွာ လှပနေတဲ့ ပုဂံမြေရဲ့ စေတီပုထိုးကြီးတွေ...

🌿နွေတုန်းကနဲ့မတူ ဘယ်နားကြည့်ကြည့် စိမ်းစိုနေတဲ့ ယာကွင်းပြင်တွေကြား မြေသင်းရနံ့ သင်းသင်းလေးနဲ့ လည်ပတ်ရတဲ့အခိုက်အတန့်ဆိုတာ တစ်ခါရောက်ဖူးတာနဲ့ တစ်သက်တာစွဲသွားစရာ အခိုက်အတန့်တွေပါပဲနော်

🏞️နွေအချိန်ခါမှာ ရိုးတံပဲကျန်ခဲ့တဲ့ သစ်ပင်တွေ... ကွင်းပြင်တွေကနေ မိုးရယ်လို့အသံကြားလိုက်တာနဲ့ စိမ်းစိုကာနေတော့ "ဪပုဂံမှာ ဒီလို ရှု့ခင်းတွလည်းရှိသေးတာလား" ဆိုပြီးတွေးမိစေမှာအသေအချာပါပဲရှင်။

🌡️နွေထပ်ပိုလည်ပတ်လို့ကောင်းသွားတာက ပုဂံမှာ မိုးရာသီဆို အပူချိန်က သိသိသာသာကြီးလျော့ကျသွားတဲ့အတွက် အေးအေးချမ်းချမ်း လည်ပတ်ချင်တဲ့ သူတွေအတွက် မိုးရာသီဟာ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်

🏨ဘုရားဖူးကာ ကုသိုလ်ပြုရင်း စိတ်အေးလက်အေး အနားယူနိုင်ဖို့ Hotel တွေကလည်း မိုးရာသီဆို Promotion တွေကအပြည့်နော်

SMT Travel ကနေလည်း သွားတဲ့ခရီးလမ်းတစ်လျှောက်မှာ

🚍 Private Aircon Car နဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပြီးတော့
🏡 4stars Hotel တွေမှာတည်းခိုရမယ့်အပြင်
🍽 မနက်စာ + နေ့လည် + ညစာ
(ဟိုတယ် + စားသောက်ဆိုင်ကျွေး)
Ebike or မြင်းလှည်းစီးခွင့်
👧လမ်းကြောင်း တာ၀န်ခံ 👦
🌭🧃ရေသန့် + အဆာပြေမုန့်
💥 ခရီးသွား အာမခံအပါအ၀င်နဲ့ ဝန်ဆောင်မှုပေးသွားမှာမို့

ပုံမှန်သွားနေကျနဲ့မတူ တစ်မူထူးတဲ့ သဘာဝ ရှု့ခင်းတွေကို လွမ်းရင်းဆွေးရင်း ငေးကြည့်ချင်လို့
ပုဂံရဲ့မိုးရာသီကို အလည်တစ်ခေါက်အရောက်သွားချင်တယ်ဆိုရင်တော့

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို ဆက်သွယ်ကာ ပုဂံခရီးစဉ်အကြောင်းကို အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်နော်...

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉




👑👸

မြန်မာပြည်တွင်း ခရီးထွက်ဖို့ ပြင်ဆင်နေကြတဲ့ သူတိုင်းဆီသို့... 🫰SMT Travel က အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ကို ချစ်သောတိ...
17/06/2024

မြန်မာပြည်တွင်း ခရီးထွက်ဖို့ ပြင်ဆင်နေကြတဲ့ သူတိုင်းဆီသို့... 🫰

SMT Travel က အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ကို
ချစ်သောတို့အတွက် အမြဲ ပေးစွမ်းလျှက်ရှိပါတယ်ရှင် 🤩🙏

🚌တစ်မြို့ကနေ တစ်မြို့ကို သွားဖို့အတွက် အဝေးပြေး ကားလက်မှတ်ဝယ်မှာလား... ❓

🚗ဒါမှမဟုတ် အိမ်စီးကားစင်းလုံးသီးသန့် ငှားပြီး အေးအေးချမ်းချမ်း ခရီးသွားချင်တာလား...❓

ဘယ်လိုပဲသွားသွားခရီးသွားဖို့ ကားလိုအပ်လာပြီဆိုရင်တော့ 🫰One stop services ရတဲ့ SMT Travel ကို ဖုန်းလေးတစ်ချက်လောက်ဆက်လိုက်ရုံပါပဲနော်😘

👨‍💼 Solo လား ? Couple လား ?
👨‍👩‍👧‍👦မိသားစုသူငယ်ချင်း, ရုံးအဖွဲ့နဲ့သွားမှာလား?

✅Express ကားလက်မှတ် ၀ယ်ယူဖို့အတွက်
သွားမည့် ခရီးစဉ် /သွားမည့်နေ့ရက် လေးပြောပေးရပြီး

✅ကားစင်းလုံး ငှားဖို့အတွက် ဆိုရင်တော့
စီးချင်တဲ့ ကားအမျိုးအစားလေးသာပြောလိုက်ပါနော်

လူကြီးမင်းတို့ အလုပ်ရှုပ်စရာမလို‌အောင် ညီမတို့ဘက်ကနေအစအဆုံး တာဝန်ယူဆောင်ရွက်ပေးသွားပါ့မယ်ရှင့်...

ကားလက်မှတ်ဈေးနှုန်းတွေကတော့ Express ယာဉ်လိုင်းဂိတ်ကြီးတွေရဲ့ သတ်မှတ်ထားတဲ့ မူရင်းဈေးနှုန်းတွေအတိုင်းသာ မှန်ကန်စွာရောင်းချပေး‌နေတာမလို့ ဈေးပိုများမှာကိုလည်း စိတ်ပူနေစရာမလိုပါဘဲ အဝေးပြေးကား၀င်းအတွင်း မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းမျိုးစုံ ရဲ့လက်မှတ်ကို ဝယ်ယူနိုင်ပါတယ်ရှင့်🚐🚌🚙

👑ကားစင်းလုံးငှားပြီး ခရီးသွားမယ့် လူကြီးမင်းတို့အတွက်လည်း

📌ကား + ယာဉ်မောင်း + ဆီဖိုး + လမ်းတံတားကြေး အပြီးစီး နဲ့ ငှားလို့ရသလို

📌ကား + ယာဉ်မောင်း အပါလည်းငှားလို့ရပါတယ်ရှင့်
(ဆီဖိုး + လမ်းကြေးကတော့ ဧည့်သည်ဘက်မှ ကျခံပေးရပါမယ်)

အိမ်စီးကားငှားတဲ့ ခရီးသည်တို့အတွက် အထူးဝန်ဆောင်မှုတစ်ရပ်အနေနဲ့ လူကြီးမင်းတို့ရဲ့ စထွက်မည့်နေရာမှ သွားရောက်မည့်နေရာထိ အိမ်အရောက် ကြို/ပို့ ၀န်ဆောင်မှုပေးတဲ့အတွက် လုံခြုံစိတ်ချရဖို့ကိုတော့ 100% အာမခံပါတယ်ရှင့် 💯

မှတ်ပုံတင်လေးယူဆောင်လာရုံနဲ့ လမ်းခရီးတစ်လျောက်မှာ အတားအဆီးအစစ်အဆေးမရှိဘဲ စိတ်အေးသက်သာစွာနဲ့ ခရီးသွားနိုင်မှာဖြစ်လို့ စိတ်အနှောင့်အယှက်မခံချင်တဲ့ လူကြီးမင်းတို့အနေနဲ့ Travel ရဲ့ #အိမ်စီးကားဝန်ဆောင်မှုက အကောင်းမွန်ဆုံးသော ရွေးချယ်မှုတစ်ခုဖြစ်နေစေမှာပါနော်...🤩🤩

အသေးစိတ်သိရှိလိုပါက
Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို
👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉





👑👸

ပြည်တွင်း၊ပြည်ပ ခရီးသွားဖို့ ရှိပေမယ့် လေယာဉ်လက်မှတ်၀ယ်ဖို့ ဘယ်ကို ဆက်သွယ်လို့ ဘယ်က ဝယ်ရမယ်မှန်းမသိဖြစ်နေတာလား❓အွန်လိုင်...
11/06/2024

ပြည်တွင်း၊ပြည်ပ ခရီးသွားဖို့ ရှိပေမယ့် လေယာဉ်လက်မှတ်၀ယ်ဖို့ ဘယ်ကို ဆက်သွယ်လို့ ဘယ်က ဝယ်ရမယ်မှန်းမသိဖြစ်နေတာလား❓

အွန်လိုင်းပေ့ခ်ျအတုတွေက လည်း ပေါနေလို့ အလိမ်အညာခံရမှာကိုလည်း စိုးရိမ်နေတယ်မလား ❓

အဲ့အတွက် Travels ကို သာ ဆက်သွယ်လိုက်မယ်ဆိုရင် ကမ္ဘာ‌ပေါ် ရဲ့ ဘယ်နိုင်ငံကိုပဲသွားသွား လေယာဉ်လက်မှတ် ဖြတ်ဖို့အတွက်က ခဲယဉ်းနေစရာမလိုတော့ပါဘူးရှင် 👑

✈️ပြည်တွင်း၊ ပြည်ပ ဘယ်ကိုပဲ ခရီးထွက်ချင် ထွက်ချင် လေကြောင်းလိုင်းအစုံရဲ့ လေယာဉ်လက်မှတ်တွေကို SMT Travel ကိုဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ ဈေးနှုန်းမှန်ကန်စွာဖြင့် စုံစုံလင်လင်ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်🥰

လူကြီးမင်းတို့ဘက်က သွားမယ့်အချိန်၊နေ့ရက်၊ခရီးသွားမည့်သူအမည်၊ မွေးသက္ကရာဇ် /မှတ်ပုံတင် / ပတ်စပို့စ်နံပါတ် တို့ကို မှန်ကန်စွာ ပြောပြပေးရုံနဲ့ ညီမတို့ဘက်က ကြိုတင် Booking စနစ်နဲ့ဝယ်ယူပေးသွားမှာပါ

ကြိုတင် Booking နဲ့ဝယ်ယူရတာဆိုတော့ ငွေအရင်ကြိုချေရမှာလားဆိုပြီး စိတ်ပူနေစရာမလိုပါဘူးနော်

ညီမတို့က Booking Ticket ပြန်ပို့ပေးတဲ့အခါ လူကြီးမင်းတို့ဘက်က ပေးပို့ထားတဲ့ အချက်အလက်တွေကို မှန်မမှန်စစ်ဆေးပြီးတော့ Confirm Ticket ယူမယ့်အချိန်ကျမှသာ ငွေလွှဲပေးရမှာပဲဖြစ်ပါတယ်ရှင့်🥰

ဒီတော့ ခရီးသွားဖို့ လေယာဉ်လက်မှတ်ကိုဘယ်မှာဝယ်ရမလဲဆိုပြီး စိတ်ညစ်မနေပါနဲ့တော့ လူကြီးမင်းတို့ကိုယ်စား ဝယ်ယူပေးသွားမယ့် SMT Travel ကိုသာ ယုံကြည်စွာအပ်နှံလိုက်ပါနော် ...

📌 မှာယူချင်တယ်ဆိုရင်တော့

ရုံးကို ကိုယ်တိုင်လာရောက်ကာဝယ်ယူလို့လည်းရနိုင်သလို Viber Messenger တို့ကနေလည်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်

“ SMT_Travels “
🏠 ရုံးခန်း လိပ်စာ
📪အမှတ် - ၁၉၇
(မြေညီထပ်)၊ မင်္ဂလာလမ်း,
13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်,ရန်ကုန်မြို့ ။

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09785555637,0943155637 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

👑

🤩လည်လို့ကောင်း၊ အစားအသောက်ကောင်း တွေပေါတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့လေးကို အလည်တစ်ခေါက်သွားကြရအောင် 🤩😍🖼...
05/06/2024

🤩လည်လို့ကောင်း၊ အစားအသောက်ကောင်း တွေပေါတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့လေးကို အလည်တစ်ခေါက်သွားကြရအောင် 🤩😍

🖼️သာယာလှပတဲ့ တောင်တန်းကြီးတွေ၊ ရိုးရာမပျက် ထိန်းသိမ်းထားနိုင်တဲ့ သမိုင်းအမွေအနှစ်တွေနဲ့ ဒီဘက်ခေတ်ရဲ့ အပြင်အဆင်တွေက လာရောက်လည်ပတ်သူအဖို့ စိတ်ကျေနပ်မှုအပြည့်အဝရစေမှာအသေအချာပါပဲနော်🫰

🛕၁၇ ရာစုလောက်က တည်ဆောက်ထားတဲ့ ဝက်ဖရာသတ်ဒွေစူဖ် (Wat Phra That Doi Suthep) ဘုရားကစလို့ စားသောက်စရာနဲ့ ဝယ်စရာပေါများလှတဲ့ ချင်းမိုင်ရဲ့ညဈေးက အမှတ်တရကောင်းတွေဖန်တီးဖို့အတွက် အကောင်းဆုံးဖြစ်စေမှာပါ👌

⛰️သဘာဝရေတံခွန်နဲ့ တောင်တန်းတွေရဲ့အလှအပတွေကို ကြည့်ရှု့ခံစားနိုင်မယ့် ဝေလဝံမင်းသားတောင်ပေါ်မှာရှိတဲ့ ကျားဝင်စခန်း

🐈အိမ်မွေးတိရိစ္ဆာန်လေးတွေ သဘာဝအတိုင်းဆော့ကစားနေတဲ့မြင်ကွင်းနဲ့အတူ ကလေးငယ်တွေကို ပျော်ရွှင်မှုအပြည့်အဝပေးနိုင်မယ့် Chiang Mai Night Safari

🏞️သဘာဝတရားကြီးနဲ့အတူ ရေတံခွန်တွေကြားမှာ လမ်းလျှောက်ချင်သူတိုင်းလည်ပတ်သင့်တဲ့ ချင်းမိုင်မြို့မြောက်ပိုင်းမှာရှိတဲ့ Mae Sa Waterfall တို့ကတော့ ချင်းမိုင်ရောက်တာနဲ့ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ဖို့အတွက် သွားရောက်သင့်တဲ့ နေရာလေးတွေပါပဲနော်

📌ပြည်ပဆိုလို့ သွားရေးလာရေးခက်ခဲမှာကို စိတ်ပူနေစရာမလိုပါဘူးရှင်

ညီမတို့ရဲ့ SMT Travel မှာ

🔸Passport ကိုင်ထားသူတွေ အတွက် အချိန်ကုန်သက်သာစေမယ့် ရန်ကုန် ချင်းမိုင် တိုက်ရိုက် လေယာဉ် ခရီးစဉ်

🔸Passport မရှိလဲ မှတ်ပုံတင်ရှိရုံနဲ့ သွားရောက် ‌လည်ပတ်လို့ရမယ့် တာချီလိတ် မယ်ဆိုင် ချင်းမိုင် ချင်းရိုင် ခရီးစဉ်

🔸လမ်းကြောင်းတစ်လျှောက်ရှိ မြို့များရဲ့ အထင်ကရ နေရာများကိုပါ ၀င်ရောက်လည်ပတ်လို့ရမယ့် အဆင့်မြင့်ကားများစွာနဲ့ ထွက်ရှိမယ့် တောင်ကြီး၊ ကလော၊
ကျိုင်းတုံ၊ တာချီလိတ်၊ ချင်းမိုင်၊ ချင်းရိုင် ခရီးစဉ်

ချင်းမိုင် ကို သွားလို့ရတဲ့ နည်းလမ်း ခရီးစဉ် ၃ မျိုး တောင်ရှိတာဆိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ ခရီးစဉ်ကို အလွယ်လေးရွေးချယ်ပြီးသွားလိုက်ရုံပါပဲ 👌🤩

📌ခရီးလမ်းတစ်လျှောက်မှာလည်း

သွားရောက်လည်ပတ်မယ့် နေရာတိုင်းကို စိတ်ချယုံကြည် နွေးထွေး လုံခြုံတဲ့
မြန်မာဘက်အခြမ်းက Tour Leader + Thai Guide တွေနဲ့ ခရီးစဥ်တစ်လျှောက်လွတ်လပ်ပေါ့ပါးစွာလည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်••
>>>ပါဝင်သောဝန်ဆောင်မှုများ
🔸 လေယာဥ်လက်မှတ် အသွား /အပြန်
🔸အဆင့်မြင့် ဟိုတယ်တည်း
🔸မနက် နေ့လည် ညစာ
ရိုးရာ အစားအသောက်များ
🔸လေဆိပ်ကြို/ပို့သီးသန့် လည်ပတ်တဲ့ကား VIP Seat
🔸ပန်းခြံ ၀င်ကြေး များအားလုံးပါ၀င်ပြီး
🫰 စီစဥ်ပေးထားပါတယ်ရှင်။

>>>✳️❇️ခရီးစဥ် ထွက်မယ့် ရက်တွေကတော့ ပြည်တွင်းလေကြောင်း ထွက်ရှိမည့်ရက်များအတိုင်း မိမိစိတ်ကြိုက် ရွေးချယ်လို့ သွားနိုင်ပါတယ်ရှင့်•••

ခရီးစဥ်လေးကို စိတ်၀င်စားတယ်ဆိုရင်တော့ အခုပဲ SMT Travels ကို Message Box (Or) 📞Phone 09 - 785 555 637,
09 - 431 55 637 သို့ တိုက်ရိုက်ဆက်သွယ်နိုင်သလို••
ခရီးစဥ် စျေးနှုန်း နဲ့ အသေးစိတ်မေးမြန်းပြီး ကိုယ်တိုင်လာရောက်၀ယ်ယူလိုပါက••• ရုံးခန်းလေးကို လာရောက်နိုင်ပါတယ်ရှင် 💁‍♀️
“ SMT_Travels “
🏠 ရုံးခန်း လိပ်စာ
📪အမှတ် - ၁၉၇
(မြေညီထပ်)၊ မင်္ဂလာလမ်း,
13ရပ်ကွက်,တောင်ဥက္ကလာပမြို့နယ်,ရန်ကုန်မြို့ ။
👑

30/05/2024

ခရီးတစ်ခုထွက်တော့မယ်ဆိုရင် အဓိကအရေးအကြီးဆုံးထဲမှာ မပါမဖြစ် က ဟိုတယ်‌ရွေးချယ်မှုပဲ ဖြစ်ပါတယ် 🙋‍♀️

💥 ကိုယ်တိုင်ရောက်ဖူးတဲ့နေရာတွေကို သွားရောက်လည်ပတ်တဲ့အခါမှာ တည်းခိုဖို့အတွက် နေရာရှာရတာက မိတ်‌ဆွေများအတွက် အခက်အခဲမရှိနိုင်ဘူး လို့ထင်ရပေမယ့်

🛎️တစ်ခါတလေမှာကိုယ်တည်းနေကျ Hotel တွေက အခန်းပြည့်သွားတာမျိုး

🤳 အခြားကိုယ်သိတဲ့ ဟိုတယ် တွေကိုဖုန်းဆက်တော့လည်း ဖုန်းမကိုင်တာမျိုးတွေကြောင့် ဟိုတယ် ဘိုကင်တင်တဲ့အချိန်မှာ များစွာ အခက်အခဲဖြစ်နိုင်ပါတယ်ရှင့်

💥 တစ်ခါမှ မရောက်ဖူးသေးတဲ့နေရာကိုသွားမယ်ဆိုရင်လည်း သူ့ဒေသရဲ့ Location နဲ့ Hotel အခန်းအနေအထား‌ ကို မသိတဲ့အတွက်

💢 ရောက်သွားပြီးမှ Hotel ကအခန်းမရတာမျိုးတွေ

💢 ရတဲ့အခန်းက ကိုယ်နဲ့အဆင်မပြေတာမျိုးတွေ ဖြစ်နိုင်ပါတယ်ရှင့်

သင့်တော်တဲ့ ဟိုတယ်တည်းခိုနိုင်ဖို့ အတွက်
SMT Travel မှာဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးအနှံ့ကြိုက်တဲ့နေရာကိုသွား မြို့နယ်တိုင်းမှာရှိတဲ့ ဟိုတယ်တွေရဲ့ အားသာချက် အားနည်းချက် နဲ့ စျေးနှုန်းတွေကို သိဖို့ အချိန်မကုန် ဖုန်း‌‌ဘေလ်မကုန်ပဲ တစ်နေရာတည်းမှာ ပဲ ရွေးချယ်၀ယ်ယူနိုင်ဖို့အတွက် SMT Travels မှာ Hotel Booking Services ကို စီစဉ်ပေးထားပါတယ်နော်...

🏨သွားမယ့်နေရာမှာရှိတဲ့ အကောင်းဆုံး ဟိုတယ် ရဲ့အခန်းကိုလိုချင်တာလား ?

ဒါမှမဟုတ် 🛌ကိုယ့်ရဲ့ Budget နဲ့ချိန်ညှိပြီးတော့ သင့်တော်တဲ့အခန်းကိုလိုချင်တာလား ?

🏠မိသားစုလိုက် ဘန်ဂလိုတွေမှာပဲတည်းချင်တာလား?

ကိုယ်လိုချင်တဲ့ အခန်းကို ခေါင်းရှုပ်ခံစရာမလို ဈေးနှုန်းမှန်ကန်စွာနဲ့ ရနိုင်ဖို့ SMT Travels ကို ဖုန်းလေးတစ်ချက်လောက်ဆက်လိုက်ရုံပါပဲရှင်👌

Booking ကြိုတင်ထားလို့ဈေးကြီးမယ်လို့လည်းမထင်လိုက်ပါနဲ့...

Hotel တိုက်ရိုက် 🤳ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ အတွက် မိတ်ဆွေများအတွက် ပိုမို အဆင်ပြေလွယ်ကူပြီးသက်သာစေနိုင်ရန် စီစဥ်ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်ရှင် 🤩

ဒီတော့ အနီးကပ်မှ Hotel လိုက်ရှာရတာမျိုးမဖြစ်ပဲ ကိုယ်သွားလည်ချင်တဲ့နေရာတွေကို စိတ်အနှောင့်အယှက်ကင်းကင်း နဲ့ ပျော်ပျော်ရွှင်ရွှင်သွားနိုင်ဖို့ အတွက်
Travels 👑 မှာ Hotel Booking တင်ဖို့ မမေ့နဲ့နော်

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09785555637,0943155637 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉





👑👸

🍀လန်းဆန်းမှုအပြည့်နဲ့ စိတ်အေးလက်အေးအနားယူနိုင်ဖို့ ကမ်းခြေ Package တွေဈေးချလိုက်ပြီရှင့်...🏖️🪁ကမ်းခြေမှာ လူရှင်းတာ ကြိုက...
16/05/2024

🍀လန်းဆန်းမှုအပြည့်နဲ့ စိတ်အေးလက်အေးအနားယူနိုင်ဖို့ ကမ်းခြေ Package တွေဈေးချလိုက်ပြီရှင့်...🏖️

🪁ကမ်းခြေမှာ လူရှင်းတာ ကြိုက်ပြီအေးအေးဆေးဆေး အနားယူ ချင်တဲ့ မိတ်ဆွေ များအတွက်🪁

🍃နွေရာသီရဲ့‌ လေနဲ့မတူ ရေခိုးရေငွေ့တွေပြည့်ဝနေတဲ့ သဘာဝရေငွေ့ရနံ့လေးတွေ
🌊မှိုင်းအုံ့အုံ့ ကောင်းကင်ကြီးရဲ့အောက်မှာ မိုးပြာရောင်ပင်လယ်နဲ့ ဖြူဖြူဖွေးကာလှနေတဲ့ လှိုင်းကြက်ခွပ်လေးတွေရဲ့ သဘာဝ အလှအပတွေက နွေအကုန် မိုးအကူးကာလမှာအေးအေးဆေးဆေးအနားယူချင်သူတို့ အဖို့ စိတ်ရွှင်လန်းမှုအပြည့်ရရှိစေမှာပါ💞

ပိုပြီးတော့ကောင်းသွားတဲ့အချက်က နွေအကုန်မိုးအကူးဆို ကမ်းခြေတွေကို သွားရောက်လည်ပတ်တဲ့သူက နည်းသွားပြီဆိုတော့

Hotel တွေမှာ Seaview လိုချင်လား... နွေရာသီလို အခန်းလုနေစရာမလိုဘဲ စိတ်ကြိုက်သာရွေးချယ်လို့ရနိုင်တာပေါ့နော်🥰

သဘာဝပတ်ဝန်းကျင်ရဲ့အလှအပကို အပြည့်အဝ တဝကြီးခံစားချင်တယ်ဆိုရင်လည်း... ဒီချိန်က ခရီးသွားဖို့အတွက်အကောင်းဆုံးပါပဲ...

🌧️ကံကောင်းလို့ ကိုယ်သွားတဲ့အချိန်မှာ မိုး လေး တစ်ဖြိုက် နှစ်ဖြိုက်လောက်ရွာဖြစ်ခဲ့ရင် မိုးရွာတဲ့ သံစဉ်တွေကို အပြည့်အဝသာခံစားလာခဲ့

မြို့ပြမှာ ရွာတဲ့မိုးနဲ့မတူ ကမ်းခြေမိုးရဲ့ သံစဉ်တွေက စိတ်ကိုပိုပြီးတော့လန်းဆန်းစေနိုင်မှာပဲဖြစ်ပါတယ်ရှင့်...

မိုးရွာပြီးကာစ ကမ်းခြေက သဲမြေလေးတွေပေါ်မှာ လေတဖြူးဖြူးနဲ့ ခရုလေးကောက်၊ လမ်းလေးလျှောက်ရင်း အမှတ်တရဓာတ်ပုံတွေလည်း ရိုက်လို့ရသေးတယ်နော် 🎥

🏖️ငွေဆောင်ပဲသွားမလား?
🏝️ချောင်းသာပဲသွားမလား?
🪨ဒါမှမဟုတ် အရိုင်းဆန်ဆန် သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့ ဂေါ်ရန်ဂျီကျွန်းကိုပဲအလည်အပတ်သွားမလား?

🌊အကောင်းဆုံးနဲ့ အမိုက်ဆုံးအချက်က ညီမတို့ SMT Travel မှာ မေလလယ် ကနေစပြီးတော့ Package ဈေးတွေ ရှယ်ချလိုက်ပီဆိုတော့ 🫰

⛵သွားချင်တဲ့ ကမ်းခြေ အတွက် လိုချင်တဲ့ ဟိုတယ်ရွေးပြီး အခုပဲ SMT Travels ကို ဖုန်းဆက်ပြီး Booking တင်လိုက်တော့နော်

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉



👑👸

04/05/2024

"ဘယ်ချိန်သွားသွား မရိုးတဲ့ ရှမ်းပြည်ခရီးစဉ်"...🌲🌳

ရှမ်းပြည်ရယ်လို့ပြောလိုက်ပြီဆိုရင် နွေ/မိုး/ဆောင်း ဘယ်အချိန်ကိုပဲ သွား သွားလိုက်တဲ့အခါတိုင်းမှာ မတူညီတဲ့ရသတွေကို ခံစားရရှိစေနိုင်ပါတယ်...

နွေရာသီသွားမှာလား...ရှမ်းပြည်ရဲ့ အေးမြတဲ့ရာသီဥတုနဲ့
☀️အင်း‌လေး ရေပြင်ကျယ်ပေါ် ခြေတစ်ဖက်နဲ့ လှော်ခတ်ပုံတွေ
☀️သန့်ရှင်းမှုအပြည့်နဲ့ သဘာဝအတိုင်း ရေပြင်ကျယ်ပေါ်မှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေနဲ့အတူ
☀️ဒေသထွက်အစားအစာတွေက ရောက်ပြီးရင် မပြန်ချင် ဖြစ်နေစေမှာ အသေအချာပါပဲ...

မိုးရာသီဆို
🌦️မြင်သူတိုင်းကို အံဩစေမယ့် ရင်သပ်ရှူ့မောဖွယ် စိမ်းစိုနေတဲ့ သဘာဝရှမ်းတောင်တန်းကြီးတွေ
🌦️ဒီတောင်ကုန်းမြင့်တွေပေါ်မှာ စိုက်ပျိုးထားတဲ့ လှေကားထစ်ပုံစံ စိုက်ခင်းတွေ နဲ့အတူ
🌦️လတ်ဆတ်တဲ့ သဘာဝလေကောင်းလေသန့်တွေက ရှူသွင်းလိုက်ရုံနဲ့တင် လန်းဆန်မှုကိုအပြည့်အဝရရှိစေမှာပါနော်

ဆောင်းရာသီကတော့ ရှမ်းပြည်မှာ ပွဲတော်များ စည်ကားတဲ့ရာသီလို့ပဲပြောရမလား...

❄️ အင်းလေးကန် က ဖောင်တော်ဦးဘုရားပွဲ
❄️နိုင်ငံကျော် တောင်ကြီး မီးပုံးပျံပွဲတော် တွေက ခရီးသွားတွေအတွက်တော့ မမေ့နိုင်စရာ အတွေ့အကြုံတွေပါပဲ
❄️နောက်ပြီး ဆောင်းရာသီမှာ မြူနှင်းဝေဝေကြားက နေထွက်လာတဲ့ပုံနဲ့ တိမ်ပင်လယ်၊ ရှမ်းတောင်တန်းကြီးတွေကြား နေဝင်သွားတဲ့မြင်ကွင်းတွေကလည်း မြင်ရသူအဖို့ အေးချမ်းမှု အပြည့်ရရှိစေမှာပဲဖြစ်ပါတယ်...

❗ဒီလို သဘာဝအလှတရားတွေ အပြည့်အဝခံစားနိုင်ဖို့ ဘယ်လိုနေရာတွေကို သွားရမလဲဆို

📌Trekking လျှောက်ရင်း ရှုမဆုံးတဲ့ တောတောင် သဘာ၀ ရှုခင်းတွေကို တဝကြီး ရှုစားနိုင်မယ့် "ကလော"ရဲ့

🌲 City View Point
🌲 ရှန်ဘဲလာ View Point
🌲ကလောဘူတာ
🌲ကလောနာရီစင်
🌲ထင်းရူးတော(ပန်းခြံ)
🌲ကလောနှီးဘုရား
🌲မြင်းမထိဂူ
🌲ဗျိုက်တောင်
🌲ရထားတောင်ကြားလမ်း
🌲ကလောမြို့မဈေး

📌လှပတဲ့မြင်ကွင်းနဲ့အတူ ဒဏ္ဍာရီဆန်ဆန်သမိုင်းကြောင်းတွေကြောင့် ‌ထင်ရှားတဲ့ "ပင်းတယမြို့"ရဲ့

▪️ပင်းတယ သဘာဝလှိုဏ်ဂူ
▪️မြသပိတ် ရေပြာအိုင်
▪️တောကျယ်ရေတံခွန်
▪️ရေပြာစမ်း ရေတံခွန်
▪️မိန်းမရဲတောင်
▪️ယူကလစ်လမ်း

📌တောင်ပတ်လည် ဝန်းရံထားတဲ့ရေပြင်ကျယ်မှာ ထိုင်ခုံပါ
စက်လှေလေးစီးရင်း စမတ်ကျကျ လည်ပတ်နိုင်မယ့် အင်းလေးရဲ့

🌻ဖောင်တော်ဦးဘုရား
🌻အလိုတော်ပေါက်ဘုရား
🌻ကြောင်ခုန်ကျောင်း
🌻 ရက်ကန်းရုံ
🌻လက်ဆောင်ပစ္စည်းဆိုင်
🌻မိုင်းသောက်တံတား
🌻ရေပေါ်စိုက်ခင်း
🌻ရေပေါ်မှာတည်ထားတဲ့ အင်းရွာတွေဆီ လှေစီးပြီးလည်ပတ်တဲ့အခါ ဖော်ရွေမှုအပြည့်နဲ့ နှစ်လိုဖွယ်အပြုံးတွေကို မြင်တွေ့ရစေမှာပါ။

📌အသက်ဝင်နေတဲ့ပန်းချီကားလို့တင်စားခေါ်ဝေါ်ကြတဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရဲ့ "View Point မရောက်ရင် တောင်ကြီး မရောက်ဘူး"လို့ ဆိုကြတဲ့

◾ရွှေဘုန်းပွင့်
◾မြစိမ်းတောင် တို့အပြင်

အထင်ကရနေရာတွေဖြစ်တဲ့
◾️စူဌာမုနိ
◾️မွေတော်ကက္ကူ
◾️ထမ့်စမ်းဂူ
◾️ဘ၀သံသရာ ရထားလမ်း
◾️သီခေါင်တောင် ဗျူးပွိုင့်
တို့ကို လည်ပတ်ပြီး

အိမ်အပြန် လက်ဆောင်ဝယ်ဖို့ စုံလင်တဲ့
◾မြို့မဈေးကတော့ အဓိကလည်ပတ်သင့်တဲ့နေရာတွေပဲဖြစ်ပါတယ်...

ဒီလိုနေရာတွေကိုတော့လည်ပတ်ချင်တယ်.... ဒါပေမယ့် တစ်နေရာနဲ့တစ်နေရာသွားဖို့‌ ကားငှားရ၊Hotel စီစဉ်ရနဲ့ အလုပ်ရှုတ်မခံချင်ဘူး....ကျွမ်းကျင်တဲ့ Tour Guide ရဲ့ လမ်းပြမှုနဲ့အတူ လည်ပတ်ချင်တာဆိုရင်တော့ ညီမတို့ရဲ့ SMT Travel မှာ

🚍 Brand New Aircon Express Car
🏡အဆင့်မြင့် ဟိုတယ် 2ညအိပ်
🍽 မနက်စာ + နေ့လည် + ညစာ
🚤 အင်းလေး စက်လှေခ
🚙 တစ်ဆင့်သွားတောင်တက်ကားခ
👧လမ်းကြောင်း တာ၀န်ခံ 👦
🌭ရေသန့် + အဆာပြေမုန့်
🌟ခရီးသွားအာမခံ အပြည့်နဲ့ နွေးထွေးပျူငှာစွာ ဝန်ဆောင်မှုပေးနေပါဝာယ်ရှင့်...

ဘယ်တော့သွားသွား မတူညီတဲ့အတွေ့အကြုံတွေပေးစွမ်းနိုင်တဲ့ ရှမ်းပြည်မှာ သဘာဝအလှတရားတွေရှူ့စားရင်း ဖြတ်သန်းနိုင်ဖို့ ရှမ်းပြည်ခရီးစဉ်အကြောင်း အသေးစိတ်လာရောက်စုံစမ်းချင်တယ်ဆိုရင်တော့

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉





👑👸

သစ်တော သစ်ပင် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးခြင်းရဲ့ ရလဒ်အနေနဲ့ ဒီနှစ်နွေရာသီမှာ ညီမတို့ မြန်မာနိုင်ငံရဲ့အပူချိန်က 40 ဒီဂရီ ...
01/05/2024

သစ်တော သစ်ပင် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီးခြင်းရဲ့ ရလဒ်အနေနဲ့ ဒီနှစ်နွေရာသီမှာ ညီမတို့ မြန်မာနိုင်ငံရဲ့အပူချိန်က 40 ဒီဂရီ စင်တီဂရိတ်ကျော်တဲ့အထိ တဟုန်ထိုးတိုးတက်လို့လာခဲ့ပါတယ်..

နောင်လာမယ့် နွေရာသီကာလမှာ အခုလို အပူချိန် တွေလျော့ပါးသွားစေရန် ရည်ရွယ်၍

ကျမတို့ SMT Travels ကနေ အပင်ရေ ၂၀၀ တိတိ မတည်ပြီးတော့ ရန်ကုန်မြို့ရဲ့ အနီးတဝိုက်မှာ သစ်ပင်စိုက်ပျိုးသွားမယ့် Campagin လေးဆောင်ရွက်သွားဖို့ရှိပါတယ်နော်🥰

SMT Travel မှာ ခရီးသွားနေကြတဲ့ချစ်မိတ်ဆွေတို့ကိုလည်း ဒီ Campaginလေးမှာ ပါဝင်ဆင်နွှဲကြဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်💕

Campaign မှာပါဝင်ဖို့အတွက်ဆို

🌱စိုက်မယ့် ပျိုးပင်ကိုကိုယ်တိုင်ယူလာချင်ရင်လည်းအဆင်ပြေသလို

🌱ပျိုးပင်သယ်လာဖို့အတွက် အခက်အခဲရှိလို့ အဖွဲ့ထဲကနေ ဘယ်နှပင်လောက်တော့လှူချင်တယ်ဆိုရင်လည်း ညီမတို့ဘက်ကနေစီစဉ်ပေးပါမယ်နော်

အပင်တွေကတော့ အရိပ်ရအပင်လေးတွေပဲယူဆောင်လာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်...

🌱ချစ်မိတ်ဆွေတို့အနေနဲ့ လူပဲလိုက်ပြီး လုပ်အားပေး ကူညီချင်တယ််ဆိုရင်လည်း ညီမတို့ SMT Travels ကနေ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ရပါတယ်ရှင့်...
သွားရေးလာရေးအတွက် စိတ်ပူနေစရာမလိုရအောင် ညီမတို့ SMT Travel ကနေ ကားစီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်...

ဒီ Campaing လေးမှာ ပါဝင်ဖို့အတွက် စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ညီမတို့ရဲ့ page Messenger မှာ Ph No- ပေးထားပြီးတော့ စာရင်းပေးသွင်းနိုင်ပါတယ်နော်...

#သစ်ပင်စိုက်ပျိုးခြင်း
#ဂေဟစနစ်

ကျုပ် တံခါးပိတ်တော့မယ်သာသနာတော်အတွက် အရေးကြီးလျှောက်စရာရှိရင်ခင်ဗျားတို့က အပြင်ကနေ ချောင်းဟန့်လိုက်ကျုပ်ဘက်က အကြောင်းကိစ...
30/04/2024

ကျုပ် တံခါးပိတ်တော့မယ်

သာသနာတော်အတွက် အရေးကြီးလျှောက်စရာရှိရင်
ခင်ဗျားတို့က အပြင်ကနေ ချောင်းဟန့်လိုက်

ကျုပ်ဘက်က အကြောင်းကိစ္စရှိရင်
တံခါးဖွင့်ထားလိုက်မယ်...

နေ့လည်ကတော့
တံခါးလေး ဖွင့်လျှက်ပေါ့....😔
_________________________
Crd #မြတ်ဘုန်းမိုရ်

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး 30.4.24 အဂ်ါ‌နေ့
နေ့‌လည် 1နာရီ10မိနစ်မှာ ခန္ဓာ၀န်ချသွားပါပြီ 🙏🙏🙏

ဆရာတော်ဘုရားကြီး ဈာပနပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ် အတွက် လှမ်းမေးတဲ့အခါ အစည်းအဝေးပွဲ ဆုံးဖြတ်ချက် ပြီးရင် သိရပါမည်ဖြစ်ပါသည်။

  2စီးတွဲလေး ⛵⛵ငွေဆောင် ကမ်း‌ခြေ အပန်းဖြေ ခရီးစဉ် သို့ 🌊🌊အားပေးခဲ့ပါသော ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင...
25/04/2024

2စီးတွဲလေး ⛵⛵
ငွေဆောင် ကမ်း‌ခြေ အပန်းဖြေ ခရီးစဉ် သို့ 🌊🌊

အားပေးခဲ့ပါသော ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် 🙏🤩

April 25 ~ 27 ❣️
👑

🩶 22 April 2024 🩶🌊ချောင်းသာ ခရီးစဉ် အားပေးခဲ့ပါသော 𝙏𝙝𝙚 𝘽𝙚𝙚𝙧 𝘽𝙖𝙧 𝙇𝙞𝙫𝙚 𝙈𝙪𝙨𝙞𝙘 𝙏𝙝𝙚𝙖𝙩𝙚𝙧မိသားစုအား SMT Travels မှ အထူးပင် ကျေး...
22/04/2024

🩶 22 April 2024 🩶
🌊ချောင်းသာ ခရီးစဉ် အားပေးခဲ့ပါသော
𝙏𝙝𝙚 𝘽𝙚𝙚𝙧 𝘽𝙖𝙧 𝙇𝙞𝙫𝙚 𝙈𝙪𝙨𝙞𝙘 𝙏𝙝𝙚𝙖𝙩𝙚𝙧
မိသားစုအား SMT Travels မှ
အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🤩

👑

💙🩵 မန္တလေး မှ ချောင်းသာရွှေသောင်ယံ ခရီးစဉ် 🩵💙အားပေးခဲ့ပါသော ဧည့်သည်တော်များအား SMT Travels မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့...
22/04/2024

💙🩵 မန္တလေး မှ ချောင်းသာ
ရွှေသောင်ယံ ခရီးစဉ် 🩵💙
အားပေးခဲ့ပါသော ဧည့်သည်တော်များအား SMT Travels မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 🙏🤩
20.4.24 ~ 24.4.24

👑


ခရီးကနေပြန်ရောက်လို့ နွမ်းနယ်နေပြီဆို လုပ်ဆောင်သင့်တဲ့ အချက် (6) ချက်ပိတ်ရက်ရှည်ရလို့ ခရီးသွားတယ်ဆိုတာ လူရောစိတ်ပါလန်းဆန...
20/04/2024

ခရီးကနေပြန်ရောက်လို့ နွမ်းနယ်နေပြီဆို လုပ်ဆောင်သင့်တဲ့ အချက် (6) ချက်

ပိတ်ရက်ရှည်ရလို့ ခရီးသွားတယ်ဆိုတာ လူရောစိတ်ပါလန်းဆန်းစေနိုင်တယ်ဆိုပေမယ့် ခရီးကနေပြန်ရောက်တဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်းခံစားရနိုင်ပါတယ်

ဒီပိတ်ရက်မှာ ပျော်စရာခရီးတွေသွားပြီး လုပ်ငန်းခွင်ကို ပြန်ဝင်ရတော့မယ့်အခါမှာ စိတ်ကမသက်မသာနဲ့ တစ်ခုခုကိုလွမ်းနေသလို၊ လိုအပ်နေသလိုမျိုးခံစားရတဲ့အခါ ဘယ်လို လုပ်ရမယ်ဆိုတာကိုသိကြပြီးပြီလား❓

သေချာမသိသေးဘူးဆိုရင်တော့ ဒီ Post လေးကို ဆုံးအောင်ဖတ်လိုက်ပါနော်

📌၁- ရေများများသောက်ပါ

ခရီးကနေပြန်ရောက်ပြီဆိုတာနဲ့ အလုပ်သင့်ဆုံးအချက်တွေထဲမှာထိပ်ဆုံးမှာပါတာကတော့ ရေများများသောက်ပေးတာပါပဲ။

အခုလိုပူပြင်းတဲ့အချိန်မှာဆို ကိုယ်သွားမယ့်ဒေသ အပူချိန်နဲ့ ပြန်လာခဲ့တဲ့ ဒေသအပူချိန်မတူညီတဲ့အခါ ခရီးပန်းပြီး အပူရှပ်တာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့် ရေကို မဖြစ်မနေ များများလေးသောက်ပေးသင့်ပါတယ်။

📌၂-အသားအရေကို ပြန်ဂရုစိုက်ပါ

ကမ်းခြေဘက်ကို ခရီးသွားတဲ့သူတွေနဲ့ မြန်မာပြည်အလယ်ပိုင်းကို လည်ပတ်ခဲ့သူတွေအနေနဲ့ အခုလိုနေပူချိန်မှာ အသားအရေလောင်တာမျိုးတွေဖြစ်နိုင်လို့ ခရီးကနေပြန်ရောက်တဲ့အခါမှာ အသားအရေကို သေချာလေးဂရုစိုက်ပေးတာက မဖြစ်မနေလုပ်သင့်တာပါပဲနော်။

📌၃-အိပ်ရေးဝဝအိပ်ပါ

ဒါကလည်း မဖြစ်မနေ လုပ်သင့်တဲ့အချက်ထဲမှာပါဝင်ပါတယ်။ ခရီးသွားတဲ့အခါမှာကြာရှည်စွာ ကားစီးခဲ့ရတဲ့အတွက် အိပ်ရေး ဝသလိုလိုမဝသလိုလိုရှိနေတတ်ပါတယ်။

အဲ့တာကြောင့် ခရီးကနေပြန်ရောက်တဲ့အခါမှာ အိပ်ရေးဝဝအိပ်လိုက်တာက စိတ်ဖိစီးမှုကင်းဝေး လန်းဆန်းတက်ကြွနေစေမှာအသေအချာပါပဲရှင့်

📌၄-အသီးအနှံများများစားပေးပါ

ဒီအချက်က အရေးမကြီးဘူးလို့ထင်ရပေမယ့် တကယ့်တကယ်မှာတော့ အကျိုးကျေးဇူးများစွာရှိလှပါတယ်။ အခုလို ပူပြင်းတဲ့နွေရာသီမှာဆို အရည်ရွှမ်းတဲ့အသီးအနှံတွေကိုပိုလို့တောင်စားပေးသင့်ပါတယ်။

📌၅-ဘာလုပ်လုပ် သေချာဂရုစိုက်ပြီး အလွယ်ဆုံးကနေစလုပ်ပါ

အလုပ်တွေကို ပစ်ပြီးတော့ ရက်ရှည်အနားယူပြီးနောက်ပိုင်းမှာ အလုပ်တွေကို ပြန်ကိုင်ရတဲ့အခါမှာ ချက်ချင်းကြီးအသားမကျတာမျိုးတွေဖြစ်နိုင်တဲ့အတွက် အသေးဆုံးတွေကို အကောင်းဆုံးလုပ်ပြီး Confidence ပြန်ယူလိုက်တာကအကောင်းဆုံးနည်းလမ်းပါပဲ...

ခရီးသွားဖို့ထည့်သွားတဲ့အဝတ်အစားတွေကိုပြန်ရှင်းတာ၊ အိမ်ရှင်းတာမျိုးအရင်လုပ်ကြည့်ပါ

📌၆- ခရီးစဉ်မှာကြုံတွေ့ခဲ့ရတဲ့ ပျော်ရွှင်စရာတွေကို ပြန်လည်မျှဝေပေးပါ

ရင်းနှီးသူတွေနဲ့ စကားပြောတာကလည်း စိတ်ကိုနွေးထွေးလုံခြုံစေတဲ့အချက်တစ်ချက်ပါပဲ...

အိမ်ပြန်ရောက်တဲ့အခါမှာ ခရီးစဉ်မှာကြုံတွေ့ခဲ့ရတဲ့ ပျော်စရာအခိုက်အတန့်တွေ၊ အံ့ဩဖွယ်ရာတွေကို ပြန်လည်မျှဝေပေးတာက ရင်းနှီးမှုကို တိုးလာစေပါတယ်

ဒီအချက်တွေအတိုင်းလိုက်လုပ်မယ်ဆိုရင်တော့ ခရီးကနေပြန်ရောက်တဲ့အခါမှာကြုံတွေ့ရတတ်တဲ့ ပင်ပန်းမှုတွေကို အထိုက်အလျောက်ပြေလျော့စေပြီးတော့ လန်းဆန်းတက်ကြွတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေမှာပဲဖြစ်ပါတယ်။

ခရီးစဉ်တိုင်းကို ဇိမ်ရှိရှိသက်တောင့်သက်သာနဲ့ ခရီးသွားချင်တယ်ဆိုရင်တော့ ညီမတို့ရဲ့ SMT Travel ကိုသာရွေးချယ်လိုက်ပါနော်။

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉




👑👸

14/04/2024

ခရီးထွက်တော့မယ်ဆို ပင်ပန်းမှုမရှိဘဲ ဇိမ်ကျကျနဲ့ခရီးသွားနိုင်ဖို့အတွက်ဆို ကားကောင်းမှ ဖြစ်မှာပေါ့နော်❗

ဘယ်သွားချင်လဲ နီးနီးနားနားကိုသွားမှာလား ❓
ဒါမှမဟုတ် ဝေးဝေးလံလံသွားပြီး လည်ပတ်မှာလား❓

ဘယ်ကိုပဲသွားသွား အကောင်းဆုံးတွေနဲ့ အတူတူသွားချင်တယ်ဆို SMT Travels 👑 ကိုအရောက်လာခဲ့လိုက်နော်✅

မိသားစု သူငယ်ချင်းတွေ စုသွားဖို့ကစလို့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေထိ သွားနိုင်ဖို့

4 ယောက်စီးကစ 7/ 10/ 14/ 19 / 24/ 27/ 29/ 31/ 33/ 40/ 44/ 45/ 49/51/ 53 ထိသက်တောင့် သက်သာစီးနိုင်မယ့် ကားအမျိုးအစားတွေ SMT Travels 👑 မှာ စုံလင်စွာရနိုင်ပါတယ်ရှင့်

🔸Saloon/ Mark ll/ Crown
🔸Ertiga
🔸Alphard
🔸Majesty
🔸Hiace 2020
🔸Hiace commuter
🔸Yutong
🔸Higer
🔸Foton
🔸Scania VIP 2+1, 2+2
🔸Scania Touring
🔸Scania Marcopolo ကိုယ်ကြိုက်ရာကားကိုသာငှား... အကောင်းဆုံး ခရီးသွားအတွေ့အကြုံရစေဖို့ကိုတော့ SMT Travels ရဲ့ တာဝန်ပဲထားလိုက်ပါနော်✨

📌ကား + ယာဉ်မောင်း + ဆီဖိုး + လမ်းတံတားကြေး အပြီးစီး နဲ့ ငှားလို့ရသလို

📌ကား + ယာဉ်မောင်း အပါလည်းငှားလို့ရပါတယ်ရှင့်
(ဆီဖိုး + လမ်းကြေးကတော့ ဧည့်သည်ဘက်မှ ကျခံပေးရပါမယ်)

ကားပေါ်မှာလည်း အမျိုးတို့အတွက်
- ခရီးသွားအာမခံ၊
- စနိုးတာဝါ/ Mask/ Hand Gel/ရေသန့်
- ရက်ရှည်ခရီးစဉ်သွားမယ့် ကားကြီးတွေအတွက် ခြုံစောင်တွေပါ ထားပေးထားတဲ့ အပြင်

တစ်နေရာတည်းမှာ လူစုဖို့အခက်အခဲရှိတယ်ဆိုရင်လည်း ရန်ကုန်မြို့တွင်း စုရပ်၂ နေရာထိ ကြိုပို့လုပ်ပေးသေးတာဆိုတော့

ဘာကားပဲလိုလို ဖုန်းလေးပဲ တစ်ချက်ဆက်လိုက်ပါ အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့ အတူ ဇိမ်ကျကျခရီးထွက်နိုင်ဖို့ ကျမတို့ရဲ့ SMT ကတာဝန်ယူပါတယ်ရှင့်💯

အသေးစိတ်သိရှိလိုပါက
Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို
👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉




👑👸

13/04/2024

အတာကူးတဲ့ နှစ်သစ်အခါသမယမှာ ခရီးသွားမိဘပြည်သူအပေါင်းစိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ အတူ ချစ်သောသူများနဲ့ ပျော်ရွှင်အေးချမ်းပါစေကြောင်း SMT Travels မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်...

ညီမတို့ SMT Travels အနေနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်များ ဖြစ်တဲ့ April 13/14/15/16 ရက်တွေမှာတော့ ရုံးပိတ်ပေမယ့် ခရီးသွားမိတ်ဆွေများ

ခါသင်္ကြန်ပိတ်ရက်အတွင်း မှာ ခရီးသွားလာဖို့ အကြောင်းအရာ တစ်စုံတစ်ရာ ရှိခဲ့ရင်လည်း အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင်..

သင်္ကြန်ရက်တွင်း SMT Travels မှ ထွက်ရှိတဲ့ ခရီးစဉ်တွေမှာ လိုက်ပါတဲ့ ဧည့်သည်များအနေနဲ့ လည်း လိုအပ်တဲ့ ၀န်ဆောင်မှုများ ရယူချင်တာ ရှိခဲ့ရင်လည်း
အချိန်မရွေး ဆက်သွယ်နိုင်အောင် ဖုန်းလက်ခံဖြေကြားပေးနေပါတယ်နော်

နှစ်သစ် မှာ အားလုံးပဲ ပျော်ရွှင်အေးချမ်းစွာနဲ့
မြန်မာနှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေရှင့်

Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637




👑👸

ရင်သပ်ရှုမောဖွယ် သဘာဝအလှစစ်စစ်တို့တည်ရှိရာ "ငွေဆောင်မှသည် ဂေါ်ရန်ဂျီကျွန်းဆီသို့" ခရီးလမ်းကြမ်းပြီး တောင်အကွေ့အပတ်တွေမျာ...
10/04/2024

ရင်သပ်ရှုမောဖွယ် သဘာဝအလှစစ်စစ်တို့တည်ရှိရာ
"ငွေဆောင်မှသည် ဂေါ်ရန်ဂျီကျွန်းဆီသို့"

ခရီးလမ်းကြမ်းပြီး တောင်အကွေ့အပတ်တွေများလို့ ကားမစီးနိုင်ဘူးဆိုတဲ့ ချစ်သော ဧည့်သည်တော်များအတွက် ငွေ‌ဆောင်ကမ်းခြေ မှသည် Speed Boat လေးစီးရင်း သူမတူတဲ့ခံစားချက်နဲ့ အမှတ်တရတွေ SMT Travels နဲ့အတူ ဖန်တီးလိုက်ရအောင်..!

🚤Speed Boat နဲ့ "ဂေါ်ရန်ဂျီ" ရဲ့ သဘာဝအလှအပတွေကိုအပြည့်အဝခံစားရင်း ကမ်းခြေတစ်လျှောက် က ကျွန်းတွေဆီ လည်း ၀င်ရောက်လည်ပတ်ကြပါဦးမယ်နော်...

▫️မိကျောင်းခေါင်းကျွန်း
▫️တံငါရွာ
▫️သစ်ရောင်းကျွန်း
▫️မြင်းစီးကျွန်း အစရှိတဲ့ အထင်ကရကျွန်းတွေ ကို ၀င်ရောက်လည်ပတ်ရင်း Snorkeling 🤿 လုပ်ချင်တဲ့
ရေအောက်ထဲ စူးစမ်း လေ့လာချင်တဲ့ ဧည့်သည်‌ တွေအတွက်လည်း SMT က လုံလောက်တဲ့ အချိန်တစ်ခုလည်းပေးထား ဦးမှာပါရှင့် ☺️

နေ့ချင်းပြန် ပဲလည်ပတ်ချင်လား❓
ဒါမှမဟုတ် ဂေါ်ရန်ဂျီရဲ့ သဘာဝအလှအပတွေကို အပြည့်အဝ ခံစားဖို့ ညအိပ်လည်ချင်တာလား❓

SMT Travels 👑 ကနေ
🌊အဆင့်မြင့် တည်းခိုခန်း/မိုတယ်ဘန်‌ဂလို / ဟိုတယ်အခန်းများ၊စီစဉ်ပေးခြင်း
🌊ကျွန်းတွေကို သွားရောက်လည်ပတ်ရန် တစ်ဆင့်သွား ကား/ စက်လှေ/ Speed Boat/ Banana Boat များငှားရမ်းပေးခြင်း
🌊ကျွန်းပတ် Local Guide များနဲ့
🌊Snorkelling Equiment
🌊 Travel Insurance အပါအ၀င်
အားလုံး ပျော်ရွှင် အဆင်ပြေစွာနဲ့ ခရီးသွားနိုင်ဖို့ စီစဉ်ပေးထားပါတယ်ရှင့် 🤍

🪨အရိုင်းဆန်ဆန် ကျောက်ဆောင်ကြီးတွေနဲ့ အဆုံး အစမဲ့ ပင်လယ်ပြာပြာ မြင်တွေ့ရသူတွေ အဖို့
စိတ်ပင်ပန်း မွန်းကျပ်မှု တွေကို ပြေပျောက်စေမှာအသေအချာပါပဲရှင့် ...

🏝️အမှိုက်သရိုက်ကင်း နှစ်ဖက်လှကမ်းခြေကြီး နဲ့အတူ လှိုင်းကြပ်ခွပ်တို့ ပျော်မြူးရာ ဂေါ်ရန်ဂျီကို လာရောက်လည်ပတ်သူအဖို့ တစ်ခါရောက်ဖူးတာနဲ့ လုံးဝမမေ့နိုင်စရာအခိုက်အတန့် တွေကို ပိုင်ဆိုင်နိုင်စေမှာပဲဖြစ်ပါတယ်နော်..

ဂေါ်ရန်ဂျီကျွန်း သီးသန့် ခရီးစဥ်ကိုပဲ ရွေးချယ်ချင်သူတွေ အတွက်လည်း ကားနဲ့သွားရောက်လည်ပတ်နိုင်ဖို့အတွက် SMT Travels မှ ခရီးစဉ်အစ/အဆုံး အဆင်ပြေဆုံး ဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါတယ်ရှင့်

"ငွေဆောင်မှ သည်
ဂေါ်ရန်ဂျီ ခရီးစဉ်လေး" ကို
အသေးစိတ်သိရှိလိုပါက
Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို
👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉




👑👸

💢တစ်နှစ်တာလုံးကြိုးစားခဲ့လို့ပင်ပန်းနေကြတဲ့ ကိုယ့်ရဲ့ မိသားစုဝင် ဝန်ထမ်းလေးတွေ💢 ကျောင်းစာတွေနဲ့ လုံးပန်းရင်းအနားယူဖို့အခ...
06/04/2024

💢တစ်နှစ်တာလုံးကြိုးစားခဲ့လို့ပင်ပန်းနေကြတဲ့ ကိုယ့်ရဲ့ မိသားစုဝင် ဝန်ထမ်းလေးတွေ

💢 ကျောင်းစာတွေနဲ့ လုံးပန်းရင်းအနားယူဖို့အချိန်မရှိတဲ့ကိုယ့်ရဲ့ကျောင်းသားလေးတွေ

စုစုစည်းစည်း တက်ကြွပျော်ရွှင်စေဖို့အတွက်

အလန်းစား Staff Party တွေ /Branding Awareness/ Team Building Game တွေ/ Fun & Learn Activities လေးတွေ နဲ့ ပျော်ရွှင်မှုရဲ့အရသာကို ပေးစွမ်းချင်တယ်ဆိုရင်တော့

အစစအရာရာဈေးကြီးနေတဲ့ ဒီအချိန်ကာလမှာ ပြည်တွင်းပြည်ပ ခရီးစဉ်တွေကို အသက်သာဆုံးနှုန်းထား အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ဆောင်ရွက်ပေးနေတဲ့ SMT က လူကြီးမင်းတို့စိတ်တိုင်းကျစေမှာအသေအချာပါပဲရှင်✅

ခရီးသွားဖို့အတွက် SMT ကိုဆက်သွယ်လိုက်ပြီဆိုတာနဲ့...

ခရီးစဥ် အစ/အဆုံး ကားစီးလုံး၊ ဟိုတယ်၊ Meeting Room /Tea Break နှင့် မနက်/ နေ့လည် /ညစာ / သွားရောက်လည်ပတ်မယ့်နေရာ/ ဆော့ကစားမယ့် Activites ဘာတစ်ခုမှလူကြီးမင်းတို့စိတ်ပူနေစရာမလိုအောင်
SMT Tour ကအားလုံး စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်...

💥Package တစ်ခုလုံးကိုတော့မလိုချင်ဘူး

ကားအငှားဝန်ဆောင်မှု/ Hotel Booking/ Guide Service ဒီလိုမျိုး တစ်ခုချင်းအနေနဲ့သပ်သပ်စီလိုချင်တယ်ဆိုရင်လည်း ခရီးစဥ် အစ/အဆုံးကို သုံးချင်တဲ့ Budget ထဲ ဝင်အောင် SMT မှ ညှိနှိုင်း ရေးဆွဲပြီး အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါသေးတယ်နော်

SMT Tour ဆိုရင် ဈေးနှုန်းတန်ပြီးဝန်ဆောင်မှုကောင်းလို့ Tour company များစွာရှိတဲ့အထဲက SMT ကိုပဲ ခဏခဏရွေးချယ်ဖြစ်တယ်ဆိုတဲ့

🔸Strategy first University
🔸Auston University
🔸AYA Bank
🔸A Bank
🔸Yoma Bank
🔸Pandora Trading
🔸AICA Interior Co,Ltd
🔸 ကာဗာမြန်မာ
🔸Dagon Seikkan Logistics
🔸Life Queen Cosmetic TTW Team
🔸အ.ထ.က (2) ကမာရွတ် (Sein Augustine)
🔸ဆေးတက္ကသိုလ် (1)
🔸ဆေးတက္ကသိုလ်(2)
🔸မှော်ဘီ GTU တက္ကသိုလ်
တို့အပြင် အခြား ခရီးသွားအဖွဲ့ ပေါင်းများစွာရဲ့ ပျော်ရွှင်နေကြတဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်...

အသေးစိတ်သိရှိလိုပါက
Messenger - http://m.me/smt.mmtravel
Viber — 0943155637,09785555637
Ph — 09 785555637,0943155637 တို့ကို
👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉




👑👸

နွေဦီးရောက်ပြီဆိုတာနဲ့ ကျောင်းပိတ်ရက် ရုံးပိတ်ရက်‌ လေးတွေ ရှိလာတော့ ခရီးသွားချင်စိတ်က မရိုးမယွပဲ 👀ပွင့်လင်းတဲ့နွေရာသီမှာ...
03/04/2024

နွေဦီးရောက်ပြီဆိုတာနဲ့ ကျောင်းပိတ်ရက် ရုံးပိတ်ရက်‌ လေးတွေ ရှိလာတော့ ခရီးသွားချင်စိတ်က မရိုးမယွပဲ 👀

ပွင့်လင်းတဲ့နွေရာသီမှာ ဆို☀️🌞

🏖️ကမ်းခြေမှာ သဘာဝအလှတရားတွေကို အပြည့်အဝ ခံစားမှာလား...

🏞️နွေရာသီမှာ အပူရှောင်ဖို့အတွက် တောင်ပေါ်ဒေသကိုခရီးထွက်မှာလား...

နွေရာသီ သင်္ကြန်ပိတ်ရက်တွေမှာ ခရီးထွက်တော့မယ်ဆို ဘာတွေကိုအဓိကအနေနဲ့ဆောင်ရရှောင်ရမယ်ဆိုတာ‌ တွေ သိချင်တယ်ဆိုရင်တော့ ဒီ Post လေးကိုအဆုံးထိဖတ်သွားလိုက်ပါရှင့်🥰

1️⃣ ဘယ်ကိုပဲသွားသွား Suncream ကိုယူသွားပါ

နွေရောက်ပြီဆိုတာနဲ့ အဓိကကြုံတွေ့ရမယ့်အချက်တစ်ခုကတော့ အပူလွန်ကဲတာပါပဲ။ ခရီးစထွက်တုန်းကတော့ ဖြူဖြူဖွေးဖွေးလေး ပြန်ရောက်လာတော့မှ မဲသွားတယ်ဆိုတာမျိုးမဖြစ်ရစေဖို့အတွက်ဆို Suncream ဆောင်သွားလိုက်တာက အကောင်းဆုံးဖြစ်စေမှာပါနော်...

2️⃣ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို အဓိကဝတ်ဆင်ပါ..

ခရီးသွားတော့မယ်ဆိုအများစုက ရှိုးစမိုးနဲ့သေချာပြင်သွားတတ်ကြပါတယ်။ ဒီလိုမျိုးပြင်ဆင်သွားတဲ့အခါမှာ အရမ်းထူတဲ့အဝတ်အစားတွေကိုမရွေးချယ်မိဖို့တော့လိုပါမယ်နော်။ နွေရာသီမှာ‌ လွတ်လွတ်လပ်လပ်ပျော်ပါးနိုင်ဖို့အတွက်ဆို ပေါ့ပေါ့ပါးပါးအဝတ်အစားတွေက အကောင်းဆုံးပါပဲ...

3️⃣ သိသလိုနဲ့မေ့နေတဲ့ အရေးကြီးဆုံးက ရေဓာတ်လုံလောက်စွာဖြည့်တင်းဖို့ပါပဲ..

နွေရာသီမှာခရီးထွက်တဲ့အခါ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်တာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့် ရေကိုလုံလောက်စွာသောက်ပေးနိုင်ဖို့အရေးကြီးလှပါတယ်နော်။ ရာသီစာအသီးအနှံဖြစ်တဲ့ ဖရဲသီးစားသုံးပေးတာ၊ ရေများများသောက်သုံးပေးတာ၊ အုန်းရည်သောက်သုံးပေးတာတွေက ရေဓာတ်ကိုဖြည့်တင်းနိုင်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်ရှင့်။

4️⃣စာဖတ်ရင်း အနားယူရတာကိုကြိုက်တဲ့သူတွေအနေနဲ့ စာအုပ်တွေထည့်သွားဖို့ကိုလည်းမမေ့နဲ့နော်...

⛱️ကမ်းခြေမှာ လေညှင်းခံရင်း စာဖတ်မှာလား

⛰️တောင်ပေါ်မှာ ရှု့ခင်းတွေကိုအပြည့်အဝခံစားရင်းစာဖတ်မှာလား

အနားယူမယ့်နေရာကို ရောက်ပြီဆိုတာနဲ့ စိတ်လွတ်ကိုယ်လွတ်စာဖတ်ရတာက စိတ်အေးချမ်းမှုကို အပြည့်အဝရစေမှာပါ...စာဖတ်ရတာဝါသနာမပါဘူးဆိုရင်တောင် တစ်ခါလောက်တော့ Try ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ချင်ပါတယ်။

5️⃣ကိုယ့်မှာပါတဲ့ ဖုန်းနဲ့အမှတ်တရတွေကို မှတ်တမ်းတင်နိုင်ဖို့ Power Bank ကိုဆောင်သွားဖို့တော့မမေ့နဲ့နော်...

📸ဖုန်းကအားရှိနေမှသာ အခိုက်အတန့်ကောင်းတွေ သေချာလေးရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

📌နောက်ဆုံးအချက်အနေနဲ့ ဘယ်ကိုပဲသွားသွား ပျော်စရာကောင်းတဲ့ခရီးစဉ်တစ်ခုဖြစ်ဖို့အတွက်ဆိုရင်တော့ အစီအစဉ်တွေအကုန်လုံးက အစဉ်တကျဖြစ်နေဖို့က အရေးကြီးလှပါတယ်နော်...

ဒီအတွက်ယုံကြည်စိတ်ချရတဲ့ ခရီးသွားဝန်ဆောင်မှုမျိုးကိုလိုချင်တယ်ဆိုရင်တော့ ညီမတို့ရဲ့ SMT Travels မှာ အကောင်းဆုံး၀န်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေပါတယ်။

အသေးစိတ်သိရှိလိုပါက

Messenger - http://m.me/smt.mmtravel

Viber — 0943155637,09785555637

Ph — 09 785555637,0943155637 တို့ကို

👑👸 ခရီးသွားနယ်ပယ်မှာ အတွေ့အကြုံဆယ်နှစ်အထက်ရှိပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမှာ SMT ပါ 🎉🎉







👑👸

Address


Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959785555637

Website

Alerts

Be the first to know and let us send you an email when SMT Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SMT Travels:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

SMT Travels

မြန်မာပြည်အနှံ့နေ့ချင်းပြန်ခရီးစဉ်များ၊ညအိပ်ဘုရားဖူးခရီးစဉ်များနှင့် group tourများအတွက် ကားစီးလုံးငှားလိုသူများအတွက်လည်း ဝန်ဆောင်မှုပေးနေပါသည်။