We Love Bagan Myanmar

  • Home
  • We Love Bagan Myanmar

We Love Bagan Myanmar Liking "We love Bagan Myanar" means we love to see the local people of Bagan become sustainable and succeeded in the arena of tourism field. Let's support.

🙏🙏အလှူပွဲကြီး အထမြောက်သော နေ့ထူးနေ့မြတ် ဇူလိုင်လ ၁၂ ရက်နေ့ ၂၀၁၉ (သောကြာနေ့) 🙏🙏ပုဂံမြန်မာကုမ္ပဏီဥက္ကဌကြီး ဦးမျိုးမင်းဦး သ...
12/07/2019

🙏🙏အလှူပွဲကြီး အထမြောက်သော နေ့ထူးနေ့မြတ်
ဇူလိုင်လ ၁၂ ရက်နေ့ ၂၀၁၉ (သောကြာနေ့) 🙏🙏

ပုဂံမြန်မာကုမ္ပဏီ
ဥက္ကဌကြီး ဦးမျိုးမင်းဦး သုဓမ္မသိင်္ဂီ ဒေါ်သဲမဉ္ဇူမြင့်
(မန်နေဂျင်းဒါရိုက်တာ) မိသားစုတို့မှ ရွှေစည်းခုံစေတီတော်မြတ်ကြီးအတွင်းဝေဇယန္တာ
ဗိမ္မာန်တော်ကြီးတွင် ညောင်ဦးမြိုနယ်လုံးဆိုင်ရာ
သံဃာတော်အရှင်သူမြတ်အပါး ( ၅၀၀)တို့အား
ဆွမ်းဆက်ကပ်လှူဒါန်းပြီး

သံဃာ့ဒါန အဖြစ်
ဆရာတော်သံဃာတော်များ၊ သာမဏေများ၊
သီလရှင် ဆရာကြီး ဆရာလေးများ စုစုပေါင်း
အပါး ( ၁၂၀၀ ) တို့အား သံဃာဒါန ဆွမ်းဆန်စိမ်း
အစရှိသော ဒါန ဝတ္ထုအစုစုတို့အား ဆက်ကပ်
လောင်းလှူ ပူဇော်မှု မှတ်တမ်း ပုံရိပ်များ

အထူးဧည့်သည်တော်များနဲ့ အဆိုဂီတအနုပညာရှင်များလဲ အားပေးကုသိုလ်ယူကြတာကြည်နူးစရာပါဗျာ

🙏🙏🙏သာဓု သာဓု သာဓု ပါခင်ဗျာ🙏🙏🙏

ပုဂံ​ဒေသကြီးကမ္ဘာ့အ​မွေအနှစ်​ထည့်​သွင်းခံရခြင်းကိုဂုဏ်​ပြု​သောအားဖြင့်​၁၃၈၁ ခုနှစ်​ ဝါဆိုလဆန်း ၁၁ရက်​12.7.2019 ​သောကြာ...
11/07/2019

ပုဂံ​ဒေသကြီး
ကမ္ဘာ့အ​မွေအနှစ်​ထည့်​သွင်းခံရခြင်းကို
ဂုဏ်​ပြု​သောအားဖြင့်

၁၃၈၁ ခုနှစ်​ ဝါဆိုလဆန်း ၁၁ရက်
12.7.2019 ​သောကြာ​နေ့နံနက်တွင်
ညောင်​ဦးမြို့ ​ရွှေစည်းခုံ​စေတီ​တော်​မြတ်​ကြီး၌
သံဃာ​တော်​အရှင်​သူမြတ်​ အပါး ၅၀၀ ​ကျော်
ဆွမ်းဆက်ကပ်လှူဒါန်းပြီး

သံဃာ့ဒါန အဖြစ်
ဆရာတော်သံဃာတော်များ၊ သာမဏေများ၊
သီလရှင် ဆရာကြီး ဆရာလေးများ စုစုပေါင်း
အပါး ( ၁၂၀၀ ) တို့အား သံဃာဒါန ဆွမ်းဆန်စိမ်း
အစရှိသော ဒါန ဝတ္ထုအစုစုတို့အားဆက်ကပ်
လောင်းလှူပူဇော်မည်ဖြစ်ပါသောကြောင့် နေ့ဆွမ်းဆပ်ကပ်အပြီး နေ့လည် ၁၂:၀၀အချိန်တွင်
ညောင်​ဦးမြို့ ​ရွှေစည်းခုံ​စေတီ​တော်​မြတ်​ကြီး၌
မည်​သူမဆို ကြွ​ရောက်​ကုသိုလ်​ယူနိုင်​ကြပါ​ကြောင်း
လေးမြတ်​စွာဖိတ်​ကြားအပ်​ပါသည်​။

နတ်​လူသာဓု​ခေါ်​စေ​သောဝ်​...
🙏🙏🙏

🎉🎉🎉A kind offering food & things to more than 500 precious MONKS & 1200 NUNS for Bagan Region being listed as World Heritage Bagan By UNESCO. 🎉🎉🎉
Date .............12.7.2019 (Friday)
Time ............12:00 pm
Location.......Shwezigon Pagoda, Nyaung U.

Main Sponsored
Bagan Myanmar Group

👉 Please come and join with us and have a bless!
🙏🙏🙏 We appreciate for your interest and kindness.

See you!!

ပုဂံမြန်​မာ မိသားစု ကုမ္ပဏီများ
Royal Bagan Foundation STT Ballooning Bagan Viewing Tower ပုဂံနန်းတော်ရာ Thiri Zaya Bumi Golden Palace At Bagan Royal Palace Hotel, Bagan Royal House Resort The Little Thai Kitchen Royal Restaurant Myanmar Handicraft & Lacquer ware-1517 Bagan Myanmar Seit Tine Kya U Paung Kyar horse stable Manisandar Boat Bagan Myanmar Group Dandaree Show Season 3 My Mandalay

02/07/2017

Bagan Myanmar Group of Companies တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိသည်။

(1) Manager (Admin) (M/F) - 1 Post
- ဘွဲ့ရ (Management နှင့် ပတ်သက်သော ဘွဲ့တစ်ခုခု ရသူ ဦးစားပေးမည်)။ ရုံးသုံး ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- Admin ပိုင်းနှင့် ပတ်သက်၍ Law များ၊ စည်းကမ်းများကို Update သိရှိနိုင်သောသူ ဖြစ်ရမည်။
- အဖွဲ့အစည်းနှင့် တက်ကြွစွာ ပူးပေါင် ဆောင်ရွက်နိုင်သူ ဖြစ်ပြီး Management ပိုင်း ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ကိုင် ဆောင်ရွက်ရမည်။
- သက်ဆိုင်ရာ ရာထူးတွင် အနည်းဆုံး လုပ်သက် (3) နှစ်အထက် ရှိရပါမည်။
- ရာထူးအလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(2) Manager (Restaurant) (M/F) - 1 Pax
- ဘွဲ့ရ၊ ရုံးသုံး ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- Management နှင့် ပတ်သက်၍ ကျွမ်းကျင် ပိုင်နိုင်စွာ အုပ်ချုပ်နိုင်သူ ဖြစ်ပြီး Certificate နှင့် Diploma ရှိသူကို ဦးစားပေးမည်။
- သက်ဆိုင်ရာ လုပ်ငန်းနှင့် ရာထူးတွင် လုပ်သက် (3) နှစ် အထက် ရှိသူ ဖြစ်ရမည်။
- အဖွဲ့အစည်းနှင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ရာထူးအလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(3) Waiter/Waitress - 10 Post
- ဘွဲ့ရ/ အထက်တန်းအောင် (ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။)
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (2)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- ရာထူး လုပ်သက်အလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(4) Bar Tender (ကျွမ်းကျင်) (M/F) - 3 Post
- ဘွဲ့ရ/ အထက်တန်းအောင် (ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။)
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (3)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- ရာထူး လုပ်သက်အလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(5) Housekeeping (M/F) - 5 Posts
- ဘွဲ့ရ/ အထက်တန်းအောင် (ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။)
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (2)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- ရာထူး လုပ်သက်အလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(6) Gardener (M/F) - 5 Posts
- အခြေခံ ပညာ အထက်တန်း/ အလယ်တန်း အဆင့်
အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (2)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- ရာထူး လုပ်သက်အလိုက် လစာ ထိုက်တန်စွာ ပေးမည်။

(7) European Chef (M/F) - 2 Posts
- ဘွဲ့ရ/ အထက်တန်းအောင်
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ဟင်းပွဲများ၏ Recipe များကို အသေးစိတ် ရေးဆွဲနိုင်သူ ဖြစ်ရမည် ဖြစ်ပြီး Kitchen ပိုင်း Management ကို ကျွမ်းကျင် ပိုင်နိုင်စွာ အုပ်ချုပ်နိုင်သူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (5)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- European အစားအစာ အပြင် အခြား အစားအစာ ချက်ပြုတ်နိုင်လျှင်လည်း လစာ ထိုက်တန်စွာ ပေးမည်။

(8) Myanmar Chef - 2 Posts
ဘွဲ့ရ/ အထက်တန်းအောင်
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- ဟင်းပွဲများ၏ Recipe များကို အသေးစိတ် ရေးဆွဲနိုင်သူ ဖြစ်ရမည် ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (5)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- မြန်မာ အစားအစာ အပြင် အခြား အစားအစာ ချက်ပြုတ်နိုင်လျှင်လည်း လစာ ထိုက်တန်စွာ ပေးမည်။

(9) Security (M) - 5 Posts
အခြေခံ ပညာ အထက်တန်း/ အလယ်တန်း အဆင့်
- အဖွဲ့ အစည်းဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်သူ ဖြစ်ပြီး ဖျက်လက် တက်ကြွစွာ လုပ်ကိုင်နိုင်သောသူ ဖြစ်ရမည်။
- လုပ်သက် အနည်းဆုံး (2)နှစ်အထက် ရှိသူကို ဦးစားပေးမည်။
- လစာ ထိုက်တန်စွာ ပေးမည်။

(10) အထွေထွေ သန့်ရှင်းရေး အလုပ်သမား (M/F) - 3 Posts

- အခြေခံပညာ အနည်းဆုံး အလယ်တန်းအဆင့်
- အဖွဲ့အစည်းနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
- လစာ ထိုက်တန်စွာ ပေးမည်။
�လျှောက်ထားလိုသူများသည် မိမိ ကိုယ်ရေူ ရာဇဝင် အချက်အလက်များ၊ (6) လအတွင်း ရိုက်ထားသော ဓါတ်ပုံ (2) ပုံ၊ မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု စာရင်း မိတ္တူ၊ သက်ဆိုင်ရာ ရပ်ကွက် ရဲစခန်း ထောက်ခံစာ မူရင်းဖြင့်
Bagan Myanmar Group of Companies (Yangon Head Office)
အမှတ် (28), ကန်လမ်း, လမင်းကွန်ဒို, No (5) (A), လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
Ph : 01-2305072, 2305073
email : [email protected] သို့လည်းကောင်း

Bagan Myanmar Group of Companies (Nyaung Oo Office)
အမှတ် (7), ဝက်ကြီးအင်းရပ်ကွက်,�ညောင်ဦးမြို့။
Ph : 09- 256016226, 256108855, 09 5143365
[email protected]
များသို့ ရုံးချိန် အတွင်း လျှောက်ထားနိုင်ပါသည်။

အမေစုမွေးနေ့မှသည် အသက်ရာကျော်ရှည်ပြီး ကျမ်းမာသည့်ဘဝပိုင်ရှင် ချမ်းသာသည့်ဘဝပိုင်ရှင်ဖြစ်ပါစေ တိုင်ပြည်နှင့် လူမျိုးအပေါ်အေ...
19/06/2017

အမေစုမွေးနေ့မှသည် အသက်ရာကျော်ရှည်ပြီး ကျမ်းမာသည့်ဘဝပိုင်ရှင် ချမ်းသာသည့်ဘဝပိုင်ရှင်ဖြစ်ပါစေ တိုင်ပြည်နှင့် လူမျိုးအပေါ်အမေ့မေတ္တာတွေခြုံလွှမ်းနိုင်ပါစေ အမေ့မေတ္တာကြောင့် ကမ္ဘာကြီးငြိမ်းချမ်းပါစေ ငြိမ်းချမ်းရေးတွေအမြန်ရပါစေကြောင်း မိမိတို့မိသားစု ကုမ္ပဏီမှဆုတောင်းမေတ္တာပို့သအပ်ပါသည် အမေ

17/06/2017

Royal Bagan Foundation Theme song, please like and share our theme song and you can see Myanmar traditional Hta-ma-hnal event, traditional Horse racing event, and Harley- davidson cycle show event that all was happened in Bagan, Nyaung U organised by Royal Bagan Foundation.
ကျွန်တော်တို့ ဖောင်ဒေးရှင်းဥက္ကဌရဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ အဖွဲ့ဝင်များရဲ့ ကြင်နာတတ်တဲ့နှလုံးသားကို ဖော်ညွှန်းရေးဖွဲ့ထားတဲ့ ဖောင်ဒေးရှင်း ဂုဏ်ပြုသီချင်း video လေး နဲ့ ဖောင်းဒေးရှင်းမှ ကျင်းပပြုလုပ်ခဲ့တဲ့ "တစ်ဆယ့်နှစ်လရာသီပွဲ" ပုံရိပ်များကိုလဲ ပြန်လည် မြင်ရပါမယ်ခင်ဗျာ .. ပြန်လည် မျှဝေ ပေးနိုင်ပါတယ်ခင်ဗျာ.. ကျေးဇူးအထူးတင်ရှိပါတယ်ဗျ...

11/06/2017

ပုဂံမြန်မာကုမ္ပဏီ ဥက္ကဌ အဖွဲ့ ဝင်များသည်

မကွေးတိုင်း ထီးလင်းမြို့ ၌

ရွှေပါရမီ ဆေးကုသမှုဆောင်ရွက်နေမှုများတွင်

ဝိုင်းဝန်းကူညီလုပ်အားပေးခဲ့ကြပါသည်။

ပုဂံမြန်မာကုမ္ပဏီ ဥက္ကဌ အဖွဲ့ ရွှေပါရမီ ဆေးကုသမူ့ချင်းပြည်နယ် ထီးလင်း တွင်ကျန်းမာရေးဆေးကုသမူ့လုပ်အားပေး
10/06/2017

ပုဂံမြန်မာကုမ္ပဏီ ဥက္ကဌ အဖွဲ့ ရွှေပါရမီ ဆေးကုသမူ့ချင်းပြည်နယ် ထီးလင်း တွင်ကျန်းမာရေးဆေးကုသမူ့လုပ်အားပေး

ဝန်ထမ်းများ လေ့လာဖို့ အင်္ဂလိပ်စကား အသုံးအချို့ ကို ပြန် share ပေးပါတယ်။
25/07/2016

ဝန်ထမ်းများ လေ့လာဖို့ အင်္ဂလိပ်စကား အသုံးအချို့ ကို ပြန် share ပေးပါတယ်။

22/07/2016
From Good To Great ဟော ပြော ပွဲ ကို တက် ရောက် ချင် သူ များ အ တွက် အ စီ အ စဉ် လေးပါ။ အ ခ မဲ့ ပါ။
20/07/2016

From Good To Great ဟော ပြော ပွဲ ကို တက် ရောက် ချင် သူ များ အ တွက် အ စီ အ စဉ် လေးပါ။ အ ခ မဲ့ ပါ။

ဝန် ထမ်း သား ငယ် သ မီး များ ကို ၁၄ ရက် သင် တန်း ၂ ကြိမ် ပေး အ ပြီး မှာ လုပ် ငန်း ခွင် ပြန် ဝင် နိုင် ဖို့ Final intervie...
15/07/2016

ဝန် ထမ်း သား ငယ် သ မီး များ ကို ၁၄ ရက် သင် တန်း ၂ ကြိမ် ပေး အ ပြီး မှာ လုပ် ငန်း ခွင် ပြန် ဝင် နိုင် ဖို့ Final interview လုပ် နေ ပါ ပြီ။ လုပ် ငန်း စိမ် ခေါ် ချက် အ သစ် များ အ တွက် စိတ် ဓါတ် တက် ကြွ မှု . စိတ် အား ထက် သန် မှု တွေ နဲ့ ရှိ နေ တဲ့ သား ငယ် သ မီး ငယ် များ ကို သူ တို့ နဲ့ ထိုက် သင့် မယ့် အ လုပ် များ တာ ဝန် ခွဲ ပေး ဖို့ ပြု လုပ် ပေး တာ ဖြစ် ပါ တယ်။

အ ချို့ ဟာ အ နည်း ဆုံး တ ဆင့် မြင့် ရာ ထူး နဲ့ စ တင် နိုင် မှာ ဖြစ် ပါ တယ်။ ...

ILO မှ ပြု လုပ် သော SIYB သင် တန်း ရဲ့ People and Productivity Module မှာ Group work တွေ လုပ် ရ ပါ တယ်။ ဝန် ထမ်း တွေ ရဲ့ ...
15/07/2016

ILO မှ ပြု လုပ် သော SIYB သင် တန်း ရဲ့ People and Productivity Module မှာ Group work တွေ လုပ် ရ ပါ တယ်။ ဝန် ထမ်း တွေ ရဲ့ စွမ်း ရည် နဲ့ ပတ် သက် ပြီး ဘယ် လို အ သိ အ မှတ် ပြု မ လဲ။ ချီး ကျူး မ လဲ။ ဆု ပေး မ လဲ။ မှား တဲ့ အ ခါ မျိုး မှာ ဘယ် လို ပြု ပြင် ဖျောင်း ဖျ ပေး မ လဲ ဆို တဲ့ ရှု ထောင့် က နေ ဆွေး နွေး နေ တဲ့ Bagan Myanmar Group of Companies ရဲ့ ကြီး ကြပ် ရေး မှူး အ ဆင့် ရှိ သ မီး ငယ် တ ဦး ပါ။

သင်ဘာအတွက် အလုပ်လုပ်နေတာလဲ-----------------------------------------ပူပြင်းလွန်းတဲ့နေရောင်အောက်မှာ မီးရထားကုမ္ပဏီ တစ်ခုက အ...
09/07/2016

သင်ဘာအတွက် အလုပ်လုပ်နေတာလဲ
-----------------------------------------

ပူပြင်းလွန်းတဲ့နေရောင်အောက်မှာ
မီးရထားကုမ္ပဏီ တစ်ခုက အလုပ်သမား တစ်စုဟာ လမ်းတွေကို ပြုပြင်နေကြစဉ် ဖြေးညှင်းစွာမောင်းနှင်လာတဲ့ သီးသန့်တွဲ ချိတ်ထားတဲ့ ရထားလာနေလို့ ခေတ္တ ရပ်နားလိုက်ကြတယ်။

ရထားဟာ သူတို့ နားမှာခေတ္တရပ်နားပြီး လေအေးစက် တပ်ထားတဲ့ပြူတင်းပေါက်ပွင့်လာပြီး "ဟေး ဒေ့ဗ်-ဟုတ်တယ်မလား" ဆိုတဲ့ဝမ်းသာလှိုက်လဲတဲ့အသံကို ကြားလိုက်ကြရတယ်။
"ဟုတ်တယ် ဂျင်မ် ငါပါပဲ"လို့ အလုပ်သမားခေါင်ကြီး ဒေ့ဗ်အန်ဒါဆင်ကပြန်ဖြေတယ်။ အလုပ်သမားတွေ ကတော့ အံ့အားတကြီးနဲ့ကြည့်နေကြတယ်။ မအံ့သြပဲနေနိုင်ရိုးလား။ ခု သူတို့အလုပ်သမားခေါင်းနဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းလိုစကား ပြောနေသူ ဂျင်မ်မာဖီဟာ သူတို့ကုမ္ပဏီရဲ့ ဥက္ကဌ ပဲလေ။ မိသားစုတွေနေကောင်းလား သားသမီးတွေကော စသဖြင့်ရင်းနှီး ခင်မင်စွာစကားပြောဆိုပီးတဲ့နောက် ဥက္ကဌထွက်ခွာသွားတော့မှ အံ့အားသင့်နေတဲ့ အလုပ်သမားတွေက သူတို့ခေါင်းဆောင်ကိုမေးကြတယ်။ ဘယ်လိုကဘယ်လို ဥက္ကဌနဲ့ သိသွား တာလဲပေါ့။

အဲဒီတော့ ဒေ့ဗ်က ပြောတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်တုန်းက သူနဲ့ဂျင်ဟာ ဒီကုမ္ပဏီမှာ အောက် ခြေဝန်ထမ်းအနေနဲ့ တစ်နေ့ထဲ တပြိုင် ထဲ အလုပ်ဝင်ခဲ့ကြတာပါတဲ့။ အဲဒီအခါ အလုပ်သမားတစ်ယောက်ကမေးတယ်။ ဒါနဲ့များ အာစရိက ဘာလို့ ခုထိနေပူကြီး ထဲလုပ်နေရသေးတာလဲတဲ့။

ဒေ့ဗ်ကတော့ခုလိုပြန်ဖြေတယ်

"အဲဒီအချိန်တုန်းက ငါအလုပ်ဝင်တာ တစ်ရက်ကို ၁.၇၅ ဒေါ်လာရဖို့ကွ။

ဂျင်မ်ကတော့ ဒီအလုပ်ကိုစိတ်ဝင်စားလို့ လုပ်တာ အေးအဲဒါပဲ ကွာတာ။" တဲ့။

ကဲအဲသလောက်ဆို ဘာအတွက်လုပ်မှာလဲ။ မိမိစိတ်ကပြဌာန်းသလောက်သာရမယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ အလုပ်ကိုလုပ်ချင်လို့ လုပ်သူနဲ့ လုပ်ခလိုချင်လို့ လုပ်သူရဲ့ နှစ်ဆယ့် သုံးနှစ်ကြာပြီးတဲ့အချိန်မှာပြန်လည်တွေ့ ဆုံခန်းက ရတဲ့သင်္ခန်းစာကို အသုံးချပီး အောင်မြင်သူတစ်ယောက်ဖြစ်အောင်တည်ဆောက်ကြပါစို့။

Credit Original Writer

06/07/2016

အင်္ဂလိပ်စာတော့ ကောင်းဖို့လိုမယ်
လစာကတော့ ကိုယ့်ကိုယ်ယုံရင်
အကြိုက်ညှိလို့ရနိုင်မယ်၊

ပုဂံဒေသက သားငယ်သမီးငယ်များ

ဆန္ဒရှိရင် ဆက်သွယ်လုပ်ကိုင်နိုင်ဖို့ပါ။

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ##############################ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြေ...
27/06/2016

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ
##############################

ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့...

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ
##############################

ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။

သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။
အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လဒ်လာပ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ တကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့...

၁။ ပိုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။

၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။

၃။ စကားမပြောတတ်လို့။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

၎။ အချိန်မရှိလို့။ မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက် ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကို်ယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။

၅။ ၀ါသနာမပါလို့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀ါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ၀ါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။

၆။ စဉ်းစားကြည့်အုံးမယ်။ ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။

Ref: WeChat

Source-Aung Ko Latt
ReShare by:
www.EntrepreneurSME.com

Entrepreneur SMEs Page လေး မှာ ဖော် ပြ ထား တဲ့ Product Marketing နဲ့ Service Marketing တို့ မှာ စဉ်း စား ရ မယ့် 'P' တွေ ...
27/06/2016

Entrepreneur SMEs Page လေး မှာ ဖော် ပြ ထား တဲ့ Product Marketing နဲ့ Service Marketing တို့ မှာ စဉ်း စား ရ မယ့် 'P' တွေ ပါ။

အဲ ဒီ့ page ရဲ့ link လည်း ဖော် ပြ အပ် ပါ တယ်။
https://m.facebook.com/EntrepreneurSME/

Marketing
ယနေ့ခေတ်မှာဈေးကွက်စီးပွားရေးစနစ်ဟာလည်းအလွန်အရေးပါလှပါတယ်။Marketingရဲ့အခြေခံသဘောကတော့ကုန်ပစ္စည်းတွေဝန်ဆောင်မှုတွေကိုဝယ်ယူသုံးစွဲသူတွေဆီရောက်အောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ် ။ Marketing မှာအခြေခံသိသင့်တဲ့ 4P ဆိုတာရှိပါတယ် ။ Mc Carthy ဟာ ၁၉၆၀ ခုနှစ်မှာကမ္ဘာ့စီးပွားရေး လောကကို 4P အကြောင်း ကိုပြောပြ ခဲ့ပါတယ် ။

(1) Product { ကုန်ပစ္စည်း }
-------------------------
ကုန်ပစ္စည်းဆိုတာကတော့ လုပ်ငန်းတစ်ခု
စတင်လုပ်ဆောင်တော့မယ်ဆိုရင်ကိုယ်ရည်မှန်းထားတဲ့ဈေးကွက်ကိုအလွယ်ကူဆုံးရောက်ရှိအောင်ပထမဦးစွာရွေးချယ်ရမယ့်အရာပဲဖြစ်ပါတယ်။မိမိဟာဘယ်လိုကုန်ပစ္စည်းမျိုးထုတ်မှာလဲ၊ဘယ်လိုဝန်ဆောင်မှုမျိုးပေးမှာလဲစသည်ဖြင့်မိမိကျွမ်ကျင်တဲ့အရာCustomerတွေကိုစွဲဆောင်နိုင်မယ့်အရာကိုရွေးချယ်တတ်ရပါမယ်။Productလို့ဆိုတဲ့နေရာမှာလဲမိမိရဲ့ကုန်ပစ္စည်းတံဆိပ် (Brand) , ကုန်ပစ္စည်းအသစ်တီထွင်မှု (New Product Development) , ကုန်ပစ္စည်းထုတ်ပိုးမှု (Packaging) , ၀ယ်ယူပြီးနောက်ပိုင်းဝန်ဆောင်မှု (After Sales Service) နဲ့ ကုန်ပစ္စည်းဆိုင်ရာစီမံခန့်ခွဲမှု (Product Management) စတာတွေပါဝင်ပါတယ် ။

(2) Place { နေရာ }
------------------
ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ပြီးတဲ့အခါ Customerတွေလက်ထဲကိုကိုယ့် ကုန်ပစ္စည်းကအလွယ်ကူဆုံးနည်းလမ်းနဲ့ရောက်ရှိသွားဖို့အရေးကြီးပါတယ် ။ Customer တွေကမိမိရဲ့ကုန်ပစ္စည်းကိုခက်ခက်ခဲခဲရှာဖွေဝယ်ယူရတာမျိုးမဖြစ်သင့်ပါဘူး ။မိမိရဲ့ကုန်ပစ္စည်းကိုဖြန့်ချိတဲ့လမ်းကြောင်း ၊ ကုန်ပစ္စည်းကို ကုန်ကြမ်းကနေပြီးဝယ်သူတွေလက်ထဲရောက်တဲ့အထိစီမံခန့်ခွဲမှုတွေပါဝင်ပါတယ် ။ ယနေ့ခေတ်မှာ Internet တိုးတက်မှုတွေကြောင့် Social Media နဲ့ Online Website တွေကလည်းမိမိကုန်ပစ္စည်း ကိုဖြန့်ဝေဖို့အရေး ပါတဲ့နေ ရာတွေဖြစ်လာပါတယ် ။ သို့သော်လည်း များပြားလှတဲ့ဝယ်ယူသူတွေလက် ထဲကိုကုန်ပစ္စည်းအလွယ်တကူရောက်နိုင်ဖို့ကွဲပြားခြားနားတဲ့ဖြန့်ချိမှုပုံစံတွေလိုအပ်ပါတယ် ။

(3) Price { ဈေးနှုန်း }
--------------------
ထုတ်လုပ်သူတွေအနေနဲ့မိမိရဲ့ကုန်ပစ္စည်းနည်းတူအခြားပြိုင်ဘက်ထုတ်လုပ်သူတွေရဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကိုအမြဲလေ့လာနေဖို့လိုပါတယ်။ ဈေးကွက်အတွင်းမှာကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းဟာလည်းဝယ်ယူသူတွေကိုဆွဲဆောင်တဲ့ပြိုင်ဆိုင်မှုတစ်မျိုးလည်းဖြစ်ပါတယ် ။ Price ဆိုတဲ့နေရာမှာကုန်ပစ္စည်း ထုတ်လုပ်မှုကုန်ကျစရိတ်၊ အမြတ်ရရှိနိုင်စွမ်း (Profit Ability) ၊ ဈေးနှုန်း သက်သာမှုဗျူဟာ (Pricing Strategy) နဲ့ ကိုယ့်ရဲ့ရောင်းဈေးနဲ့ပြိုင်
ဘက်ရဲ့ရောင်းဈေးကိုနှိုင်းယှဉ်မှုတွေပါဝင်ပါတယ် ။Customer တွေဟာ ကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုလက်မခံနိုင်ဘူးဆိုရင်စီစဉ်ထားတဲ့အားထုတ်မှုမှန်သမျှဟာ အလဟဿဖြစ်သွားမှာအသေအချာပါပဲ ။

(4) Promotion { အရောင်းမြှင့်တင်မှု }
----------------------------------
Promotion အပိုင်းမှာတော့ Personal Selling , Mass selling နဲ့ Sale promotion ဆိုပြီးရှိပါတယ် ။ Personal selling ဆိုတာကတော့ရောင်း
ချသူနဲ့ဝယ်ယူသူတိုက်ရိုက်ဆက်ဆံတဲ့ပုံစံဖြစ်ပါတယ်။ Mass selling ကတော့များပြားလှတဲ့Customer တွေနဲ့တစ်ချိန်တည်းမှုဆက်သွယ်ခြင်းပဲဖြစ်ပါတယ် ။Mass selling မှာတော့ မိမိရဲ့ကုန်ပစ္စည်းကို Media
တွေ ၊ သီတင်းစာတွေ ၊တီဗီအစီအစဉ်တွေကတစ်ဆင့်ကြော်ငြာခြင်းတွေ ပါဝင်ပါတယ် ။ Sale promotion ကတော့ ကုန်ပစ္စည်းအတွက်ကူပွန်
တွေ၊နမူနာပေးတာတွေ၊Discountချတာတွေပါဝင်ပါတယ် ။ အရောင်း စီမံခန့်ခွဲမှု ၊ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံမှု (Public relation ) တွေက လည်း Promotion ရဲ့ဆောင်ရွက်ချက်တေဖြစ်ပါတယ် ။

၁၉၇၀ ခုနှစ်နှောင်းပိုင်းကာလတွေမှာ ဈေးကွက်လေ့လာသူတွေဟာ Marketing Mix နဲ့ပက်သက်ပြီးအကြံဥာဏ် ၊ Theory တွေမြှင့်တင်သင့်တယ် လို့ယူဆလာကြပါတယ် ။ ထို့ကြောင့် ၁၉၈၁ မှာ Booms နဲ့
Biter ဟာ Marketing mix ရဲ့ 4 P မှာ P အသစ်(၃) မျိုးကိုထပ်မံထည့်သွင်းခဲ့ ပါတယ် ။ အသစ်ထပ်ထည့်တဲ့ P အမျိုးအစားတွေဟာ Marketing Mix မှာကုန်ပစ္စည်းထုတ်လုပ်ဖို့သာ မက Serviceလုပ်ငန်းတွေအတွက် လည်းအသုံးဝင်ခဲ့ပါတယ် ။

(5) People { လူ }
-----------------
People ဆိုတဲ့နေရာမှာ ထုတ်ကုန်ပစ္စည်းကိုရောင်းချတဲ့သူတွေ ၊ ၀န်ထမ်းတွေ ၊ အဲ့နောက်မှာတော့ ကုန်ပစ္စည်းကိုဝယ်ယူတဲ့ Customer တွေ ၊ ကိုယ်ဦးတည်ထားတဲ့ target customer တွေပါဝင်ပါတယ် ။တကယ်လို့ သင်ဟာIT Company ကိုတည်ထောင်တဲ့သူဆိုရင် Technician တွေဟာ သင့်လုပ်ငန်းရဲ့ပုံရိပ်ကိုဖော်ပြနေပါတယ်။Marketing Mix မှာလည်းဒီလိုပါပဲ ၀န်ထမ်းတွေဟာလည်းသင့်လုပ်ငန်းအောင်မြင်မှုအတွက်အရေးပါလှပါတယ် ။

(6) Process { လုပ်ဆောင်မှုများ }
------------------------------
Process တွေကတော့ service လုပ်ငန်းတွေအတွက်အသုံးဝင်ပါတယ် ။ Service တစ်ခုကိုစတင်ပြုလုပ်ချိန်ကနေပြီး Customer ကျေနပ်တဲ့အ
ချိန်ထိလုပ်ဆောင်ချက်တွေဖြစ်ပါတယ် ။ မိမိရဲ့service တွေမြန်ဆန် တိကျသေသပ်ဖို့ဖြည့်ဆည်းလုပ်ဆောင်ရတဲ့ဖြစ်စဉ်တွေကို Process လို့ခေါ်ပါတယ် ။ ဥပမာအားဖြင့် - Online shopping တစ်ခုရဲ့အိမ်တိုင် ရာရောက်ပို့တဲ့ဝန်ဆောင်မှုမှာ မိမိရဲ့ပစ္စည်း Customer လက်ထဲကို အကောင်းဆုံးအလျင်မြန်ဆုံးရောက်ရှိအောင်ကြားထဲမှာလုပ်ဆောင်ရတဲ့အရာတွေဖြစ်ပါတယ် ။

(7) Physical evidence
{ ရုပ်ပိုင်းဆိုင်ရာအထောက်အထား }
-------------------------------
Physical evidence ဆိုတာကလည်း Service လုပ်ငန်းတွေနဲ့ ဆက်နွယ်နေ ပါတယ် ။ မိမိအနေနဲ့ Customer ကိုပေးနိုင်တဲ့ Service ကောင်းမွန် မှုတွေကို Physical evidence ကဖော်ပြနေပါတယ် ။ ဥပမာအားဖြင့် - စားသောက်ဆိုင်နှစ်ဆိုင်ရှိတယ်ဆိုပါစို့ ။ ပထမဆိုင်ကရိုးရိုးစားပွဲခုံရယ် ၊ ၀န်ထမ်းတစ်ယောက်ရယ်နဲ့ စားစရာအချို့ပဲရပါတယ် ။ ဒုတိယဆိုင်ကတော့ စားပွဲခုံတွေမှာလည်းအခင်းလေးတွေနဲ့ဝန်ထမ်းတွေလည်းသန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ထားပြီးအစားအသောက်တွေကိုလည်းနိုင်ငံကျော်စားဖိုမှူးတွေကချက်ပြုတ်ပေးပါတယ် ။ဒါဆိုသင့်အနေနဲ့ဘယ်ဆိုင်ကိုရွေးမလဲ ။
အဖြေကတော့ရှင်းပါတယ် ။ ဈေးနှုန်းတူဆိုင် ၂ ဆိုင်မှာဘယ်သူမဆို ဒုတိယဆိုင်ကိုရွေးချယ်မိမှာပါ ။ အဲ့ဒါကို Physical evidence လို့ခေါ်ပါတယ် ။ကုန်ပစ္စည်းထုတ်သလိုထိတွေ့ကိုင်တွယ်လို့မရတဲ့ Service ရဲ့အရည်အသွေးကို Customer တွေသိရှိအောင် Physical evidence တွေကပြေသကြပါတယ် ။

Credit Pacemaker Research Organization က Marketing Mix မှာအရေးပါတဲ့ 7 P အကြောင်းကိုလေ့လာနိုင်ဖို့စုစည်းတင်ပြပေးထားတာ
ပဲဖြစ်ပါတယ် ..

Reshare by:
www.EntrepreneurSME.com

23/06/2016

Bartender အ လုပ် ကို စိတ် ဝင် စား သူ များ အ တွက် cocktail စပ် နည်း video clip လေး တွေ တင် ဆက် နေ တဲ့ Tipsy Bartender ဆို တဲ့ page လေး ကို လေ့ လာ ကြည့် သင့် ပါ တယ်။

page ရဲ့ link ကို အောက် မှာ ဖော် ပြ ထား ပါ တယ်။

https://m.facebook.com/TipsyBartender/

ဆိုင် တွေ ကို လာ ရောက် အား ပေး သော ဖောက် သည် များ ကို အ ဖက် ဖက် က ပြည့် စုံ တဲ့ ဝန် ဆောင် မှု ကို ပေး စွမ်း နိုင် ဖို့ ဒီ...
22/06/2016

ဆိုင် တွေ ကို လာ ရောက် အား ပေး သော ဖောက် သည် များ ကို အ ဖက် ဖက် က ပြည့် စုံ တဲ့ ဝန် ဆောင် မှု ကို ပေး စွမ်း နိုင် ဖို့ ဒီ နေ့ မှာ တော့ မိတ် ကပ် အ လှ ပြင် ဆင် ပုံ နှင့် ဆံ ပင် ထုံး ဖွဲ့ နည်း များ လက် တွေ့ သ ရုပ် ပြ သင် ကြား ပေး ခဲ့ ပါ တယ်။

ဒီ နေ့ မွေး နေ့ ကျ တဲ့ ထိုင်း လူ မျိုး စား ဖို မှုး ကြီး ကို လည်း မွေး နေ့ ပွဲ လေး ကျင်း ပ ပေး ခဲ့ ပါ တယ်။

ည နေ ပိုင်း မှာ တော့ ဝန် ထမ်း များ local knowledge ရ စေ ဖို့ ပု ဂံ ဒေ သ မှာ ရှိ တဲ့ စေ တီ ပု ထိုး များ ကို လှည့် လည် လေ့ လာ ရေး အ စီ အ စဉ် ပြု လုပ် ပေး ခဲ့ ပါ တယ်။ ဦး ဆောင် ပေး ပါ သော ဧည့် လမ်း ညွှန် ဦး ဝေ ဖြိုး ကို လည်း အ ထူး ပင် ကျေး ဇူး တင် ရှိ ပါ တယ်။

ဗိုလ် ချုပ် အောင် ဆန်း ၏ ဘိုး ဘွား မိ ဘ များ ကောင်း မှု သစ္စာ အောင်၊ မေတ္တာ အောင်၊ ပ ညာ အောင် စေ တီ တော် သုံး ဆူ ဗု ဒ္ဓ ဘိေ...
19/06/2016

ဗိုလ် ချုပ် အောင် ဆန်း ၏ ဘိုး ဘွား မိ ဘ များ ကောင်း မှု သစ္စာ အောင်၊ မေတ္တာ အောင်၊ ပ ညာ အောင် စေ တီ တော် သုံး ဆူ ဗု ဒ္ဓ ဘိ သေ က ဘု ရား အ နေ က ဇာ တင် မ င်္ဂ လာ အ ခမ်း အ နား အား ဆရာတော်များမှရွတ်ဖက်ပူဇော်၍ Royal Bagan Foundation မိ သား စုနှင့်အဖွဲ့ဝင်များမှသွားရောက်ကာ ဘုရားများပြုပြင်ခြင်း ရင်ပြင်တော်ကြောက်ပြားခင်းခြင်း ထီးတော်များတင်လှူခြင်းနှင့်ဧည့်ခံကြွေးမွေးခြင်း အလှူငွေများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်

ဒီ နေ့ ဟာ အ မေ ဒေါ် စု မွေး နေ့ ဖြစ် သ လို က မ္ဘာ့ ဖ ခင် များ နေ့ လည်း ဖြစ် ပါ တယ်။ Happy Birthday သီ ချင်း က အ မေ့ အ တွက...
19/06/2016

ဒီ နေ့ ဟာ အ မေ ဒေါ် စု မွေး နေ့ ဖြစ် သ လို က မ္ဘာ့ ဖ ခင် များ နေ့ လည်း ဖြစ် ပါ တယ်။ Happy Birthday သီ ချင်း က အ မေ့ အ တွက် နဲ့ ဖ ခင် များ များ အ တွက် ဂုဏ် ပြုသီ ချင်း များ သီ ဆို ရင်း ပျော် စ ရာ ည နေ ခင်း လေး ကို စ တင် ခဲ့ ပါ တယ်။

ဘု ရား ပြီး တော့ ငြမ်း ဖျက် ကြ ပါ တယ်။ မ နက် ဖန် မှာ ဘု ရား သုံး ဆူ ကို အ နေ က ဇာ တင် မှာ ပါ။Bagan Myanmar ရဲ့ ဝန် ထမ်း ...
19/06/2016

ဘု ရား ပြီး တော့ ငြမ်း ဖျက် ကြ ပါ တယ်။ မ နက် ဖန် မှာ ဘု ရား သုံး ဆူ ကို အ နေ က ဇာ တင် မှာ ပါ။

Bagan Myanmar ရဲ့ ဝန် ထမ်း သား ငယ် သ မီး ငယ် များ ရဲ့ အင် အား နဲ့ စေ တ နာ ကို လည်း အံ့ သြ ချီး ကျူး အပ် ပါ တယ်။ ထီး တော် များ ရေ စက် ချ အ လှူ ကို မ နက် ၇း၀၀ နာ ရီ တိ တိ စ ဖို့ မိုး မ လင်း ခင် က တည်း က စ ပြီး ဝေ ယျာ ဝစ္စ ကု သိုလ် ပါ ခဲ့ ကြ ပါ တယ်။ နောက် ထီး တော် များ တင် လှူ ပွဲ။ ပြီး တော့ ဗိုလ် ချုပ် အောင် ဆန်း နေ အိမ် သန့် ရှင်း ရေး နဲ့ အ လှ သစ် ပင် စိုက် ပျိုး ပွဲ။ နေ့ လည် ပိုင်း ထ မင်း စား ပြီး တာ နဲ့ ဗိုလ် ချုပ် ကြေး ရုပ် နဲ့ နှစ် ၁၀၀ ပြည့် အ ထိမ်း အ မှတ် ရင် ပြင် မှာ အ လှ သစ် ပင် နဲ့ အ ရိပ် ရ အ ပင် များ ကို လည်း စိုက် ပျိုး ပေး ခဲ့ ပါ သေး တယ်။ တ နေ ကုန် လုပ် အား ပေး ကု သိုလ် ယူ ခဲ့ ကြ တာ ပါ။

ဥက္ကဌ ဦး မျိုး မင်း ဦး နဲ့ ဇ နီး ဒေါ် သဲ မ ဉ္ဇူ မြင့် တို့ က လည်း သား ငယ် သ မီး ငယ် များ အ တွက် ည ချမ်း အ ချိန် မှာ အေး အေး ဆေး ဆေး အ နား ယူ နိုင် ဖို့ တီး ဝိုင်း လေး စီ စဉ် ပြီး မေတ္တာ ပြ ခဲ့ ကြ ပါ တယ်။

I can ... You can ... We can ...

နိုင် ငံ တော် အ တိုင် ပင် ခံ ပု ဂ္ဂိုလ် ဒေါ် အောင် ဆန်း စု ကြည် ၏ (၇၁) နှစ် မွေး နေ့ အ ထိမ်း အ မှတ် ကု သိုလ် အဖြစ် Bagan M...
19/06/2016

နိုင် ငံ တော် အ တိုင် ပင် ခံ ပု ဂ္ဂိုလ် ဒေါ် အောင် ဆန်း စု ကြည် ၏ (၇၁) နှစ် မွေး နေ့ အ ထိမ်း အ မှတ် ကု သိုလ် အဖြစ် Bagan Myanmar Groups of Companies မှ ဝန် ထမ်း များ နှင့် Royal Bagan Foundation မှ အ ဖွဲ့ ဝင် များ စု ပေါင်း ၍ သူ မ ၏ ဖ ခင် ငယ် စဉ် က နေ ထိုင် ခဲ့ သော နတ် မောက် မြို့ ရှိ ဗိုလ် ချုပ် အောင် ဆန်း နေ အိမ် ပြ တိုက် အား သန့် ရှင်း ရေး ပြု လုပ် ခြင်း နှင့် အ လှ ပန်း ပင် များ စိုက် ပျိုး ခြင်း များ ၁၉.၆.၁၆ နေ့၊ နံက် ၁၀း၃၀ နာ ရီ တွင် စု ပေါင်း ပြု လုပ် ခဲ့ ကြ ပါ တယ်။

မ နက် ၇း၀၀ နာ ရီ အ ချိန် မှ စ တင် ပြီး ဗိုလ် ချုပ် အောင် ဆန်း ဘိုး ဘွား မိ ဘ များ တည် ထား ခဲ့ သော စေ တီ တော် သုံး ဆူ အား ပြု ပြင် မွန်း မံ ခြင်း၊ ထီး တော် အ လှူ ရေစက် ချ လှူ ဒါန်း ခြင်း၊ ထီး တော် တင် မ င်္ဂ လာ အ ခမ်း အ နား ကျင်း ပ ရာ တွင် လည်း ဝန် ထမ်း များ ပါ ဝင် ဆင် နွှဲ ခွင့် ရ ခဲ့ ကြ ပါ တယ်။

ဒေါ် အောင် ဆန်း စု ကြည် အ နေ ဖြင့် အ သက် (၁၂၀) တိုင် ကျန်း မာ စွာ နိုင် ငံ သူ၊ နိုင် ငံ သား များ ကို ဦး ဆောင် နိုင် ပါ စေ ကြောင်း မေတ္တာ ပို့ သ အပ် ပါ တယ်။

ထီး တော် များ စ တင် ၍ တင် လှူ ပူ ဇော် နေ ပါ ပြီ။
19/06/2016

ထီး တော် များ စ တင် ၍ တင် လှူ ပူ ဇော် နေ ပါ ပြီ။

19/06/2016
ဗိုလ် ချုပ် အောင် ဆန်း ၏ ဘိုး ဘွား မိ ဘ များ ကောင်း မှု သစ္စာ အောင်၊ မေတ္တာ အောင်၊ ပ ညာ အောင် စေ တီ တော် သုံး ဆူ ရွှေ ထီး တေ...
19/06/2016

ဗိုလ် ချုပ် အောင် ဆန်း ၏ ဘိုး ဘွား မိ ဘ များ ကောင်း မှု သစ္စာ အောင်၊ မေတ္တာ အောင်၊ ပ ညာ အောင် စေ တီ တော် သုံး ဆူ ရွှေ ထီး တော် လှူ ရေ စက် ချ မ င်္ဂ လာ အ ခမ်း အ နား ကို ယ နေ့ (၁၉-၆-၁၆) နတ် မောက် မြို့ မှာ ကျင်း ပြု လုပ် နေ ပါ တယ်။

အ လှူ ရှင် များ ဖြစ် သော ပုဂံ မြန် မာ လုပ် ငန်း စု နှင့် ရိုင် ရယ် ပု ဂံ ဖောင် ဒေး ရှင်း ဥ က္က ဌ ဦး မျိုး မင်း ဦး၊ ဒေါ်သဲ မဉ္ဇူ မြင့် မိ သား စု၊ ရန် ကုန် နာ ရေး အ သင်း ဥ က္က ဌ ဦး ကျော် သူ နှင့် အ ဖွဲ့၊ နတ် မောက်မြို့ ပေါ် ရှိ ပြည် သူ များ တက် ရောက် ခဲ့ ပါ တယ်။

နှစ် ပေါင်း ထောင် ချီ သက် တမ်း ရှိ တဲ့ ပင်း မြို့ ဟောင်း က သ ပြေ ညီ နောင် ကို လေ့ လာ နေ ကြ တဲ့ ဝန် ထမ်း များ ရဲ့ ပုံ ရိပ...
18/06/2016

နှစ် ပေါင်း ထောင် ချီ သက် တမ်း ရှိ တဲ့ ပင်း မြို့ ဟောင်း က သ ပြေ ညီ နောင် ကို လေ့ လာ နေ ကြ တဲ့ ဝန် ထမ်း များ ရဲ့ ပုံ ရိပ် တ ချို့ ...

14.6.16 နေ့ က ပု ဂံ မြန် မာ ဝန် ထမ်း များ အား ညောင် ဦး ခ ရိုင် ယာဉ် ထိန်း တပ် ဖွဲ့ စု မှ ယာဉ် စည်း ကမ်း လမ်း စည်း ကမ်း ...
17/06/2016

14.6.16 နေ့ က ပု ဂံ မြန် မာ ဝန် ထမ်း များ အား ညောင် ဦး ခ ရိုင် ယာဉ် ထိန်း တပ် ဖွဲ့ စု မှ ယာဉ် စည်း ကမ်း လမ်း စည်း ကမ်း ဆိုင် ရာ အ သိ ပ ညာ ပေး ဟော ပြော ပွဲ ပြု လုပ် ပေး ခဲ့ ပါ တယ်။

ပု ဂံ ညောင် ဦး မှာ ဆိုင် ကယ် စီး နင်း သူ များ ကို အ ဓိ က ထား စစ် ဆေး တဲ့ အ ချက် လေး ချက် ကို ပြန် လည် ထုတ် နှုတ် ဝေ မျှ လိုက် ပါ တယ်။

၁။ ဆိုင်း ကယ် စီး ဦး ထုပ် မ ဆောင်း ခြင်း။ မေး သိုင်း ကြိုး သေ ချာ စွာ မ တပ် ဆင် ခြင်း။

၂။ ဆိုင် ကယ် နံ ပါတ် ပြား တပ် ဆင် ထား မှု မ ရှိ ခြင်း။

၃။ လူ ၂ဦး ထက် ပို မို စီး နင်း ခြင်း။

၎။ ဆူ ညံ အိပ် ဇော တပ် ဆင် စီး နင်း ခြင်း။

မ ကြာ မီ မှာ လိုင် စင် မဲ့ မော် တော် ဆိုင် ကယ် များ ကို မ စီး ဖို့ ပ ညာ ပေး ကာ လ စ တင် တော့ မှာ ဖြစ် ပြီး ပ ညာ ပေး ကာ လ အ လွန် မှာ တော့ ဖမ်း ဆီး ထိန်း သိမ်း ခြင်း စ တဲ့ အ ရေး ယူ ခြင်း တွေ ရှိ လာ တော့ မှာ ပါ။

ပု ဂံ ညောင် ဦး နယ် သူ နယ် သား များ မိ မိ တို့ ဆိုင် ကယ် များ ကို ယာဉ် လိုင် စင် ပြု လုပ် ထား ဖို့ နှိုး ဆော် အပ် ပါ တယ်။

16/06/2016

အိမ် ရှင် မ များ ကော၊ လုပ် ငန်း ခွင် အ တွက် ပါ အ သုံး ဝင် စေ မယ့် အ တွေး ကောင်း လေး တွေ ပါ။

15/06/2016

ပု ဂံ နန်း တော် ရာ ကို လည် ပတ် ရင်း ပု ဂံ ခေတ် အ ဝတ် အ စား များ နဲ့ အ မှတ် တ ရ ဓာတ် ပုံ များ ကို စိတ်ကြိုက် ဓာတ်ပုံ ရိုက် လို့ ရ တယ်။

နန်း တော် ဝင်း အတွင်းမှာ Royal Restaurant လည်း ရှိ ပါ သေး တယ်။ တ ရုတ် အ စား အ စား ကောင်း တွေ မှာ စား ချင် သူ တွေ အ တွက် ရွေး ချယ် စ ရာ တ ခု ပါ။ သစ် သီး ဖျော် ရည် နဲ့ အ အေး ရောင်း တဲ့ ဆိုင် လေး တွေ မှာ လည်း အ မော ဖြေ ရင်း အ အေး သောက် လို့ လည်း ရ ပါ သေး တယ်။

https://m.facebook.com/%E1%80%95%E1%80%AF%E1%80%82%E1%80%B6%E1%80%94%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9B%E1%80%AC-1700711516862129/

Golden Palace

Address


Website

Alerts

Be the first to know and let us send you an email when We Love Bagan Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share