Myeik Tour

Myeik Tour Beach Tour, Cycling Tour, Biking Tour, Trekking Tour, Fishing Tour, Daily Life of Village Tour, Ancie
(22)

မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းကို ရှာဖွေနေတယ်ဆိုရင် သေချာပါတယ်အဲဒါ ညောင်ဦးဖီးကျွန်းကို ရှာဖွေနေတာပါဘဲ့။မြိတ်ကျွန်းစုရဲ့ ...
27/10/2023

မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းကို ရှာဖွေနေတယ်ဆိုရင် သေချာပါတယ်

အဲဒါ ညောင်ဦးဖီးကျွန်းကို ရှာဖွေနေတာပါဘဲ့။

မြိတ်ကျွန်းစုရဲ့ သဘာဝကျွန်းအလှအပကို ကြည့်ရှုခံစားချင်တယ်ဆိုရင် Myeik Tour ကို သာ သတိရပါတယ်။

ပျောက်ဆုံးနေတဲ့ သုခဘုံကို ရှာဖွေချင်နေတာ သင်တစ်ယောက်တည်းမဟုတ်တာ သေချာပါတယ်။မြိတ်ကျွန်းစုရဲ့ အလှပဆုံးသော ကျွန်းတွေဆီ လည်ပ...
15/09/2023

ပျောက်ဆုံးနေတဲ့ သုခဘုံကို ရှာဖွေချင်နေတာ သင်တစ်ယောက်တည်းမဟုတ်တာ သေချာပါတယ်။

မြိတ်ကျွန်းစုရဲ့ အလှပဆုံးသော ကျွန်းတွေဆီ လည်ပတ်ချင်တယ်ဆိုရင် ကျွန်ုပ်တို့ကိုသာ မမေ့ပါနဲ့။

Don't forget, we are here to give you the best.

မြန်မာနိုင်ငံရဲ့ ဘယ်မြို့ကနေမဆို တစ်ခြားမြို့ကို သွားရောက်ဖို့ လေယာဉ်လက်မှတ်လိုအပ်တယ်ဆိုရင် မြိတ်မြို့ရဲ့ Myeik Tour ကို...
11/08/2023

မြန်မာနိုင်ငံရဲ့ ဘယ်မြို့ကနေမဆို တစ်ခြားမြို့ကို သွားရောက်ဖို့ လေယာဉ်လက်မှတ်လိုအပ်တယ်ဆိုရင် မြိတ်မြို့ရဲ့ Myeik Tour ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့။

ရန်ကုန် မှ မြိတ် => 190,000 ကျပ် မှ အထက်
ရန်ကုန် မှ မော်လမြိုင် => 149,000 ကျပ် မှ အထက်
ရန်ကုန် မှ ကော့သောင်း => 270,000 ကျပ် မှ အထက်

လေယာဉ်လက်မှတ် ကြိုတင်မှာယူလိုပါက CHAT BOX မှတစ်ဆင့် မှာယူနိုင်ပါတယ်။

မြန်မာပြည်တောင်ဖျားမြိတ်ကျွန်းစုကျွန်းများ🏝 ဒီမြင်ကွင်းကို ရုတ်တရက် ကြည့်လိုက်ရင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ဓာတ်ပုံတ...
08/04/2023

မြန်မာပြည်တောင်ဖျား

မြိတ်ကျွန်းစုကျွန်းများ

🏝 ဒီမြင်ကွင်းကို ရုတ်တရက် ကြည့်လိုက်ရင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုက ဓာတ်ပုံတွေလို့ ထင်မိမှာ မလွှဲပါ။

🏝ဒါပေမဲ့ ဓာတ်ပုံထဲက မြင်ကွင်းတွေအားလုံးဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်

အဲလိုကျွန်းနှင့်ကမ်းခြေတွေဆီ အလည်အပတ်သွားချင်တယ်ဆိုရင် Myeik Tour ရှိတယ်နော်

07/03/2023
2022 ရဲ့ အမှတ်တရတွေကို သိမ်းထားပြီး 2023 ဆီ ဆက်သွားပါရစေ။ဒါနဲ့ စကားမစပ် မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းတွေဆီ သွားရောက်လည်...
31/12/2022

2022 ရဲ့ အမှတ်တရတွေကို သိမ်းထားပြီး 2023 ဆီ ဆက်သွားပါရစေ။

ဒါနဲ့ စကားမစပ် မြိတ်ကျွန်းစုရဲ့ အလှဆုံးကျွန်းတွေဆီ သွားရောက်လည်ပတ်ချင်တယ်ဆိုရင် Myeik Tour ကို မမေ့ပါနဲ့နော်...

ပင်လယ်ကျွန်းတွေကို သဘောကျပြီး ရေကြည်တာကိုမှ အသည်းခိုက်ပါတယ်ဆိုတဲ့ ခရီးသွားဧည့်သည်တို့အတွက် အသင့်တော်ဆုံးထဲက အသင့်တော်ဆုံ...
11/11/2022

ပင်လယ်ကျွန်းတွေကို သဘောကျပြီး ရေကြည်တာကိုမှ အသည်းခိုက်ပါတယ်ဆိုတဲ့ ခရီးသွားဧည့်သည်တို့အတွက် အသင့်တော်ဆုံးထဲက အသင့်တော်ဆုံးကိုပြပါဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကော့သောင်းမြို့ကတစ်ဆင့် လည်ပတ်ရတဲ့ ညောင်ဦးဖီးကျွန်းကို ညွှန်းပါရစေ။

ညောင်ဦးဖီးကျွန်းဟာဆိုရင် ကော့သောင်းမြို့ကနေ ရေမိုင် (၄၀) ကျော် အကွာမှာတည်ရှိတဲ့ တနင်္သာရီတိုင်းရဲ့ အင်မတန်လှပတဲ့ကျွန်းတွေထဲကတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ညောင်ဦးဖီးကျွန်းမှာ Snorkeling လုပ်ရင်း လှပတဲ့သန္တာကျောက်တန်းကြီးတွေရယ် ကြည်လဲ့နေတဲ့ပင်လယ်ရေအောက်မှာရှိ့တဲ့ အလှတရားတွေကိုခံစားဖို့
မြိ​တ်​ကျွန်းစုဘက်ကို ခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင် ညောင်ဦးဖီးကျွန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

31/10/2022

မြိတ်ကျွန်းစုကိုရောက်တဲ့အခါ....

ရေအောက်အလှကို မကြည့်ဘဲ

ရေကူးပြီး ပြန်မယ်ဆိုရင်

ရင်နာဖို့ အတော်ကောင်းမှာဘဲ့...

29/10/2022

မြိတ်ကျွန်းစု - Mergui Archipelago

မြိတ်ကျွန်းစုရဲ့ အသည်းနှလုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်းမြိတ်ကျွန်းစုကို လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်များ အကြိုက်ဆုံ...
28/10/2022

မြိတ်ကျွန်းစုရဲ့ အသည်းနှလုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်း

မြိတ်ကျွန်းစုကို လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်များ အကြိုက်ဆုံး နဲ့ စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံးကျွန်းဖြစ်တဲ့ ကြက်မောက်ကျွန်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

ကမ်းရိုးတန်းဒေသဖြစ်တဲ့ မြိတ်မြို့ကို လာရောက်လည်ပတ်တဲ့အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုကတော့ သင်္ဘောကျင်းလို့...
20/10/2022

ကမ်းရိုးတန်းဒေသဖြစ်တဲ့ မြိတ်မြို့ကို လာရောက်လည်ပတ်တဲ့အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုကတော့ သင်္ဘောကျင်းလို့ခေါ်တဲ့ လှေထောင့်ပါ။

ပင်လယ်စီးငါးဖမ်းသင်္ဘောတစ်စီးတည်ဆောက်ဖို့ ဘယ်လောက်ကြာလဲ၊ အခြေခံအားဖြင့် ဘာတွေလိုအပ်သလဲ၊ ကုန်ကျစရိတ်က ဘယ်‌လောက်ရှိလဲ ဆိုတာတွေအပြင် လှေတည်ဆောက်ပုံကိုပါ မျက်ဝါးထင်ထင်လေ့လာနိုင်တဲ့ မြိတ်မြို့ရဲ့ သင်္ဘောကျင်းကို ဖိတ်ခေါ်လိုက်ပါရစေ။

၁၁၅ ကျွန်း၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျှားကျယ်ဝန်းပြီး ဖြူဖွေးတ...
18/10/2022

၁၁၅ ကျွန်း

၁၁၅ ကျွန်းသည် ကော့သောင်းမြို့၏ ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ၁၁၅ ကျွန်းတွင် ရှည်လျှားကျယ်ဝန်းပြီး ဖြူဖွေးတဲ့ သဲသောင်ပြင်ရှိပါတယ်။ Snorkeling လုပ်ဖို့အတွက်အကောင်းဆုံးတစ်နေရာဖြစ်ပြီး အရောင်အသွေးစုံလင်တဲ့ငါးများ၊ လှပတဲ့သန္တာကျောက်တန်းများကို အနီးကပ်လေ့လာနိုင်ပါတယ်။ ထို့အပြင် ခရီးသွားများ အနေနဲ့ကယက်လှေများဖြင့်လည်း လှော်ခတ် အပန်းဖြေနိုင်တယ်လို့ သိရပါတယ်။ ၁၁၅ ကျွန်းမှခံစားကြည့်ရှုနိုင်မယ့် Andaman ပင်လယ်ရဲ့ နေဝင်ချိန်အလှဟာ အလွန်လှပနှစ်လိုဖွယ်ကောင်းတယ်လို့ သိရပါတယ်။

သွားဖို့ဆန္ဒရှိရုံနဲ့ ဟယ်လို သာ လုပ်လိုက်ပါ။

မြို့ပြရဲ့ ရှုပ်ယှက်ခတ်နေမှုကို လူ့စိတ်ကို ညစ်နွမ်းစေတယ်။ညစ်နွမ်းနေတဲ့စိတ်ကို ကုသဖို့ အကောင်းဆုံးကတော့ တိတ်ဆိတ်တဲ့ သဘာဝပ...
13/10/2022

မြို့ပြရဲ့ ရှုပ်ယှက်ခတ်နေမှုကို လူ့စိတ်ကို ညစ်နွမ်းစေတယ်။

ညစ်နွမ်းနေတဲ့စိတ်ကို ကုသဖို့ အကောင်းဆုံးကတော့ တိတ်ဆိတ်တဲ့ သဘာဝပတ်ဝန်းကျင်မှာ အနားယူခြင်းပါဘဲ့.

အဲတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ မြိတ်ကျွန်းစုမှာ လာရောက်အနားယူချင်တယ်ဆိုရင်တော့ ဒေသခံ ခရီးသွားကုမ္ပဏီတစ်ခုဖြစ်တဲ့ Myeik Tour ကို ဆက်သွယ်ဖို့ ချီတုံချတုံဖြစ်မနေပါနဲ့။

အခုဘဲ့ ဆက်သွယ်စုံစမ်းကြည့်လိုက်ပါ။

သီတင်းကျွတ်လပြည့်နေ့သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန...
08/10/2022

သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ်လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုသို့နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။

မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသောလူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလာန်က ဘုရားသခင်အားမည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသော အခါဘုရားသခင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာပြတော် မူသည်။ မြတ်စွာဘုရား၏တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားလေသည်။ ရှင်တော် ဘုရား၏ လောကဝိဝရဏတန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကိုတစ်ဦးထင်ရှားစွာ တွေ့ မြင်ရလေသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာ တော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြလေသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ် ကျွတ်စေသောနေ့ဟုဆိုရပေမည်။

အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ ပဝါရဏာပြုကြ သောနေ့၊ မြတ်စွာဘုရားသခင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ င်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူသုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွကြည်ဖြူ ကော်ရော်ပူဇော်ကြသောနေ့၊ လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူးဝိသေသ အထူးထူးနှင့်ပြည့်စုံသော နေ့ဖြစ်သည်။

နောက်နှစ် သီတင်းကျွတ်မှ လင်နောက်လိုက်‌တော့ ညီမလေးဒီနှစ်တော့ ပင်လယ်ကျွန်းတွေဆီဘဲ့ လိုက်ခဲ့ပါ။
05/10/2022

နောက်နှစ် သီတင်းကျွတ်မှ လင်နောက်လိုက်‌တော့ ညီမလေး

ဒီနှစ်တော့ ပင်လယ်ကျွန်းတွေဆီဘဲ့ လိုက်ခဲ့ပါ။

ရွေးချယ်ခွင့်သာ ရခဲ့မယ်ဆိုရင်သဲကမ်းခြေကို သွားမလား။ကျောက်တုံးကမ်းခြေကို သွားမလား။နှစ်မျိုးစလုံးပိုင်ဆိုင်မယ်ဆိုရင်ရောသဲက...
04/10/2022

ရွေးချယ်ခွင့်သာ ရခဲ့မယ်ဆိုရင်

သဲကမ်းခြေကို သွားမလား။

ကျောက်တုံးကမ်းခြေကို သွားမလား။

နှစ်မျိုးစလုံးပိုင်ဆိုင်မယ်ဆိုရင်ရော

သဲကမ်းခြေရော ကျောက်တုံးကမ်းခြေကိုပါ အလည်သွားချင်ရင် မြိတ်ကျွန်းစုကို လာခဲ့ပါ။

29/09/2022

မြိတ်ကျွန်းစုဆိုတာ မြန်မာနိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ။အဲရတနာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရအောင်။
28/09/2022

မြိတ်ကျွန်းစုဆိုတာ မြန်မာနိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ။

အဲရတနာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရအောင်။

ကျွန်းကို မသွားချင်ဘူး။မြို့နဲ့တစ်ဆက်တည်းရှိတဲ့ ကမ်းခြေဘဲ့ သွားချင်တာဒါဆို ထားဝယ်မြို့က ဆင်ထောက်ကမ်းခြေကို အလည်ခေါ်ရင်ရေ...
22/09/2022

ကျွန်းကို မသွားချင်ဘူး။

မြို့နဲ့တစ်ဆက်တည်းရှိတဲ့ ကမ်းခြေဘဲ့ သွားချင်တာ

ဒါဆို ထားဝယ်မြို့က ဆင်ထောက်ကမ်းခြေကို အလည်ခေါ်ရင်ရော လာမှာလား။

မေး။     ။ မြိတ်ကျွန်းစုမှာ ရေကူးရေငုပ်တာအပြင် ဘာလုပ်လို့ရသေးလဲ။ဖြေ။     ။ 👇👇👇👇👇
20/09/2022

မေး။ ။ မြိတ်ကျွန်းစုမှာ ရေကူးရေငုပ်တာအပြင် ဘာလုပ်လို့ရသေးလဲ။

ဖြေ။ ။ 👇👇👇👇👇

How many islands are there in Mergui Archipelago?800 islandsThe Myeik Archipelago (MA) comprises about 800 islands of pr...
11/09/2022

How many islands are there in Mergui Archipelago?

800 islands

The Myeik Archipelago (MA) comprises about 800 islands of primarily limestone and granite, located 60 km off Myanmar's southern coast.

မြိတ်ကျွန်းစုရဲ့ ပင်လယ်ကျွန်းပေါ်က အပန်းဖြေစခန်းများ1. Awei Pila Resort2. Wa Ale Resort3. Nyaung Oo Phee Resort4. Boulde...
06/09/2022

မြိတ်ကျွန်းစုရဲ့ ပင်လယ်ကျွန်းပေါ်က အပန်းဖြေစခန်းများ

1. Awei Pila Resort

2. Wa Ale Resort

3. Nyaung Oo Phee Resort

4. Boulder Bay Resort

5. Grand Andaman Resort

မြိတ်ကျွန်းစုရဲ့ ပင်လယ်ပျော်ဘဝလေးတွေ
05/09/2022

မြိတ်ကျွန်းစုရဲ့ ပင်လယ်ပျော်ဘဝလေးတွေ

04/09/2022
ညောင်ဦးဖီးကျွန်းကို သတိရသေးရဲ့လား။
30/08/2022

ညောင်ဦးဖီးကျွန်းကို သတိရသေးရဲ့လား။

17/05/2022

ကမ်းခြေကို ရောက်ရင် ဓာတ်ပုံအလန်းစားလေးတွေ ရိုက်မတတ်သေးတဲ့ ကိုကို မမ တို့အတွက် အလန်းစားဖန်တီးမှုလေးတွေကို ရှုစားပေးကြပါဦး

ကူးယူဖော်ပြချက် https://www.youtube.com/watch?v=TwPhDkxgSIM

🐚ဘာဖြစ်လို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်တာလဲ🐚ပင်လယ်ကမ်းခြေတစ်ခုကို သွားရင် ခရုခွံတွေကောက်ပြီး ပျော်ပျော်ကြီး အိမ်ပြန...
06/05/2022

🐚ဘာဖြစ်လို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်တာလဲ🐚

ပင်လယ်ကမ်းခြေတစ်ခုကို သွားရင် ခရုခွံတွေကောက်ပြီး ပျော်ပျော်ကြီး အိမ်ပြန်သယ်လာဖူးလား Mandalarians တို့ရေ။ ယဉ်နှောင်းလည်း အရင်တုန်းက အဲ့အကျင့်ရှိခဲ့ဖူးတယ်။ ဒါပေမယ့်လေ ကမ်းခြေကပြန်လာတဲ့အခါ အိမ်ရောက်ရင် အဲ့ခရုခွံတွေကို ဘာမှမလုပ်ဘဲ ချောင်ထိုးထားမိတာပဲမဟုတ်ဘူးလား။

ဒီနောက်ပိုင်းမှာ ယဉ်နှောင်းဆို ကမ်းခြေတွေသွားရင် ခရုမကောက်တတ်တော့ဘူး။ ဘာဖြစ်လို့ခရုတွေမကောက်ဖြစ်တော့တာလဲဆို youtube မှာ BBC earth ကတင်ထားဖူးတဲ့ video အတိုလေး ကြည့်လိုက်ပြီးကတည်းကပဲ။

အဲ့ဒီထဲမှာလေ ကမ်းခြေတစ်ခုမှာ လာတဲ့ ဧည့်သည်တွေက ခရုခွံတွေကောက်သွားကြတာနဲ့ ဝင်ကစွပ်လေးတွေအတွက် နေစရာ အိမ်မရှိတော့လို့ voulunteer တွေက ခရုခွံတွေ လိုက်ရှာပြီးထားပေးရတယ်ဆိုတဲ့အကြောင်းပေါ့။ ဝင်အောင်းစရာ ခရုခွံတွေမရှိတော့တဲ့ ဝင်ကစွပ်လေးတွေဟာ ညဘက်တွေမှာဆို နို့ဆီဘူးခွံ၊ ငါးသေတ္တာဗူးခွံတွေလိုက်ရှာရပြီး အချင်းချင်း လုယက်ကြရင်း သတ်ဖြတ်ရသတဲ့။

ဒါတွေသိပြီးနောက်ပိုင်းမှာ ယဉ်နှောင်း ခရုကောက်တဲ့အကျင့်ကို လုံးဝစွန့်လွှတ်လိုက်ပါတယ်။ ဘာလို့ ကမ်းခြေက ခရုခွံတွေကို မကောက်သင့်/မဝယ်သင့်တာလဲဆိုတော့

(1) ကမ်းခြေက ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေရဲ့အိမ်ဖြစ်ပါတယ်။
"ဝင်ကစွပ် မြင်ဆွတ်ကကြည်ဖို့ရာ"ဆိုတဲ့ ဦးကြင်ဥ ကဗျာထဲကလိုပဲ ချစ်စရာဝင်ကစွပ်လေးတွေဟာ အရမ်းနူးညံ့တာမို့ သူတို့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ရာ ခရုခွံတွေကို လွယ်ပိုးပြီး သွားကြရပါတယ်။
ဝင်ကစွပ်လေးတွေရဲ့ဘဝဟာ ငယ်ရာကနေကြီးတဲ့အထိ သူတို့ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့် ခရုခွံတွေကို ရှာဖွေရင်း ဒီခရုခွံထဲမှာပဲ သူတို့ဘဝကုန်ဆုံးရတာပါ။ ခရုခွံတွေဟာ ဝင်ကစွပ်လေးတွေအတွက် အိမ်လည်းဖြစ်သလို အဝတ်အစားလည်းဖြစ်ပါတယ်။
ကောက်ပြီးလည်း ကိုယ့်အတွက်အသုံးမဝင်မယ့်တူတူ ခရုခွံလေးတွေကို ဝင်ကစွပ်လေးတွေရဲ့ ကျောပေါ်မှာပဲ တဖန်ပြန်လည် ရှင်သန်ခွင့်ပေးလိုက်ပါနော်။
(2)ဝင်ကစွပ်လေးတွေရှိမှ ကမ်းခြေတွေ သာယာလှပမယ်
လူသိနည်းတဲ့အချက်တစ်ခုကတော့ ဝင်ကစွပ်လေးတွေရှိနေမှ ကမ်းခြေတစ်ခုဟာ လှပနေမှာပါ။ ဝင်ကစွပ်လေးတွေဟာ ကမ်းပေါ်တင်လာတဲ့ ငါးသေအပုပ်တွေလိုအကောင်တွေကို စားသုံးခြင်းဖြင့် ကမ်းခြေသန့်ရှင်းရေးဆောင်ရွက်နေကြသူလေးတွေဖြစ်ပါတယ်။
လူကိုလည်း ဒုက္ခမပေးတတ်ဘဲ သဘာဝဂေဟစနစ်ကို အကျိုးပြုနေတဲ့ ဝင်ကစွပ်လေးတွေတိုးပွားလာဖို့ရာ သူတို့ခိုအောင်းနိုင်မယ့် ခရုခွံတွေ အများကြီးရှိဖို့လိုပါတယ်။ ကမ်းခြေမှာ တရွေ့ရွေ့ပတ်သွားနေတဲ့ ဝင်ကစွပ်လေးတွေကို ကြည့်ရတာကိုက ကမ်းခြေဟာ ပိုအသက်ဝင်နေတယ်မဟုတ်လား။
(3)ခရုခွံတွေဟာ ပင်လယ်ရေအောက်ဂေဟစနစ်တွေအတွက်အရေးပါတယ်
ပင်လယ်ကြမ်းပြင်မှာ နစ်မြှုပ်နေတဲ့ ခရုခွံတွေဟာ ပင်လယ်နေသတ္တဝါလေးတွေစားသုံးတဲ့ ရေညှိ၊ရေမှော်တွေ ပေါက်ဖွားဖို့ အခြေခံမျက်နှာပြင်တွေဖြစ်သလို သေးငယ်တဲ့ ပင်လယ်သတ္တဝါလေးတွေ ခိုအောင်းဖို့နေရာ၊ နေထိုင်ဖို့အိမ်လည်းဖြစ်ပါသေးတယ်။
ပင်လယ်ခရုခွံတွေသာ လျော့နည်းလာမယ်ဆို အသေးဆုံးငါးမျိုးစိတ်လေးတွေမျိုးသုဉ်းလာမယ်။ ဒီလိုနဲ့ အစာကွင်းဆက်တွေ၊ ဂေဟစနစ်တွေ ပျက်စီးလာမှာဖြစ်ပြီး ပင်လယ်နေသတ္တဝါတွေအတွက် တဖြည်းဖြည်းလျော့နည်းလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။
(4)ပင်လယ်ခရုခွံတွေဟာ ပင်လယ်ပျော်ငှက်တွေရဲ့အသိုက်လည်းဖြစ်တယ်
ပင်လယ်နားတဝိုက်မှာ နေထိုင်တဲ့ ငှက်မျိုးစိတ်များစွာဟာ သူတို့နေထိုင်ဖို့အသိုက်ကို ခရုခွံတွေစုဆောင်းပြီးဆောက်လုပ်ကြပါတယ်။
ခရုခွံတွေနည်းပါးလာခြင်းဟာ ငှက်တွေအတွက် အသိုက်ဆောက်စရာကုန်ကြမ်းလျော့နည်းလာစေပြီး ကမ်းခြေတွေမှာ ငှက်တွေမလာကြတော့ရင် ကမ်းခြေတွေတိတ်ဆိတ်ကုန်ပါလိမ့်မယ်။ ကျေးငှက်သံတွေနဲ့ သာယာတဲ့ကမ်းခြေတစ်ခုဖြစ်ဖို့ ခရုခွံတွေကို ငှက်ကလေးတွေအတွက်လည်း ထားခဲ့ကြရအောင်။
(5)လှပတဲ့ ဧရာမခရုခွံကြီးတွေဟာ ပင်လယ်ကြမ်းပြင်က သန္တာကျောက်တန်းတွေပျက်စီးတဲ့အထိ တူးဖော်ရပါတယ်။
အရောင်အသွေးစုံစုံလင်လင်နဲ့ လှလိုက်တာဆိုတဲ့ ဧရာမခရုခွံကြီးတွေဟာ ခရုတွေသေပြီးမှရလာတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ခရုခွံတွေမဆွေးမြည့်ခင် ခရုတွေသက်ရှိစဉ်ကာလမှာပဲ သူတို့နေထိုင်ရာ ပင်လယ်ကြမ်းပြင်အထိ ပိုက်နဲ့ဆွဲတာ၊ သန္တာကျောက်တန်းတွေကြား တူးဆွတာမျိုးလုပ်မှ ရလာတာမို့ပါ။
အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းမှာ ခရုခွံတစ်ခု လှလှပပထားရှိဖို့အတွက် သဘာဝပင်လယ်ကြမ်းပြင်ရဲ့ အလှအပတွေပျက်စီးရတာကို လက်မခံဘူးဆိုရင် ခရုခွံကြီးတွေကို လုံးဝမဝယ်ပါနဲ့၊ ကောက်လည်းမကောက်ပါနဲ့။
💚ကမ္ဘာအနှံ့က ပင်လယ်ကမ်းခြေတွေမှာ ခရီးသွားဧည့်သည်တွေဟာ ခရုခွံနဲ့ပြုလုပ်ထားတဲ့ အိမ်ပြန်လက်ဆောင်တွေကို အမှတ်တရဝယ်တတ်ကြပြီး ဒါတွေဟာ မဝယ်သင့်တဲ့အကြောင်း သိတဲ့သူအလွန်နည်းပါတယ်။
💚တချို့နိုင်ငံတွေမှာ ခရုခွံရောင်းဝယ်မှုကို လုံးဝပိတ်ပင်ထားပြီး ခရုခွံတွေကောက်ပြီး ယူဆောင်သွားခြင်းဟာလည်း တရားမဝင်ပါဘူး။
💚မြန်မာနိုင်ငံဟာ CITES(Convention on International Trade of Endangered Species of Wild Fauna and Flora)ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တာမို့ ခရုခွံရောင်းဝယ်မှုတွေဟာ သဘာဝသယံဇာတကိုမဖျက်ဆီးတဲ့တူးဖော်မှုဆိုတာ အခိုင်အမာပြနိုင်တဲ့အထောက်အထားရှိမှ ရောင်းဝယ်တဲ့ ခရုခွံဟာ တရားဝင်ပါတယ်။
💚ခရုခွံအမျိုးမျိုးကို ဝယ်ယူစုဆောင်းသူတွေများလာရင် ခရုခွံတွေကို အမြောက်အများကောက်ယူကြဖို့အားပေးသလိုဖြစ်ပြီး သဘာဝတရားကြီးယိုယွင်းလာပါမယ်။

ဒီတော့ ကိုယ့်အတွက်လည်းအသုံးမဝင်၊ သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပြီး
တရားလည်းမဝင်တဲ့အတွက် ခရုခွံကောက်တာတွေ၊ ခရုခွံ ဝယ်ယူစုဆောင်းတာတွေ မလုပ်ကြဖို့ Mandalarians တို့ကို မျှဝေလိုက်ပါတယ်နော်။

ခရုခွံလေးတွေကို ပင်လယ်ကမ်းခြေတွေမှာပဲ ရှင်သန်ခွင့်ပေးလိုက်ရအောင်လား

🐚BBC earthက တင်ဆက်ထားတဲ့ ဝင်ကစွပ်လေးတွေအတွက် ခရုခွံတွေရှားပါးလာတဲ့အကြောင်း
https://youtu.be/LuwQKJCO9UQ
Photo-Pinterest & Google


#ယဉ်ယဉ်နှောင်း

Address


Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 13:00

Alerts

Be the first to know and let us send you an email when Myeik Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myeik Tour:

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Myeik Tour

Traveling Satisfaction will lead our futurity.

Hello, Ladies and Gentlemen, Myeik Tour is a travel agency platform on the social media (Facebook, Instagram, WeChat, Pinterest, Twitter, Viber, Whatsapp, Line and so on).

We are serving for Beach Tour, Cycling Tour, Biking Tour, Trekking Tour, Fishing Tour, Daily Life of Village Tour, Ancient City Tour, Kayaking Tour, Speed Boat Tour, Cruise Boat Tour, Island Tour, Overnight Island Tours, Sightseeing City Tour and Customized Tailored Tour and for Mergui called Myeik Archipelago Tours especially.

Our Mission