Chanty Group Travel & Tour - ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု

  • Home
  • Chanty Group Travel & Tour - ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု

Chanty Group Travel & Tour - ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု Chanty Group Travel & Tour မှ ဝန်ဆောင်မှုများ
* Tour Package Servi
(5)

ကျွန်တော်များ Chanty Group ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ချိုသာကောင်းမွန်သော ဝန်ဆောင်မှုများ စတင်နေပါပြီ။ မိတ်ဆွေသူငယ်ချင်းများအားလုံး အားပေးကူညီကြပါလို့ :) :)

07/06/2019

လှချက်ပဲ ဟေ့

ရိုက်ချက်တွေကလဲ အမိုက်

သဘာဝကြီးကိုချစ်တဲ့သူနဲ့ ခရီးများများသွားချင်သူတွေရှိရင် Like ပေးခဲ့နော် OK !
29/05/2019

သဘာဝကြီးကိုချစ်တဲ့သူနဲ့ ခရီးများများသွားချင်သူတွေရှိရင် Like ပေးခဲ့နော် OK !

ရှာရှားပါးပါး ဗဟုသုတများမို့ ရှယ်လိုက်တာပါ
27/05/2019

ရှာရှားပါးပါး ဗဟုသုတများမို့ ရှယ်လိုက်တာပါ

ရှားပါပုံလေးတွေ
27/05/2019

ရှားပါပုံလေးတွေ

နေ့ချင်းပြန်ခရီးစဉ်လေးပါနော် ဘယ်နေရာသွားမလဲ စားစရိတ်ငြိမ်း၃၉၀၀၀ ကျပ်ပဲနော် ခရီးစဉ်ကတော့ နည်းဆုံးလူဦးရေ ၁၀ဦးပြည့်မှ ခရီ...
23/05/2019

နေ့ချင်းပြန်ခရီးစဉ်လေးပါနော် ဘယ်နေရာသွားမလဲ စားစရိတ်ငြိမ်း၃၉၀၀၀ ကျပ်ပဲနော်
ခရီးစဉ်ကတော့ နည်းဆုံးလူဦးရေ ၁၀ဦးပြည့်မှ ခရီးစဉ်စတင်မည်ဖြစ်ပါတယ်ရှင်
သူငယ်ချင်းများနဲ့ သီးသန့်သွားချင်သူများ၊ အသင်းဖွဲ့များ၊ ကုမ္ပဏီများ၊၊ သင်တန်းကျောင်းများ နေ့ချင်းပြန်သွားမယ်ဆို chanty ကိုဆက်သွယ်လိုက်ပါနော်

☎️ 09-426796694,09-425984171,(ရုံးချိန်အတွင်း)
09-402022005(Hotline), 09-402022006(Hotline)
📬 အမှတ်(၂၇) ပထမထပ် အနောက်မြင်းပြိုင်ကွင်းလမ်း ဗိုလ်စိန်မှန်ရပ်ကွက် ဗဟန်းမြို့ နယ်

အဝေးပြေးကားလက်မှတ် လေယာဉ်လက်မှတ်များးအား ဖုန်းတစ်ချက်ဆက်ရုံဖြင့်အိမ်အရောက်လက်မှတ်ပို့ ဝန်ဆောင်မှုdoor to door စနစ်ဖြင့် ၀န်ဆောင်မှုပေးနေပါပီ

📢📢📢 Chanty Group Travel & Tour မှ
🚩 Tour Package (ပြည်တွင်း/ပြည်ပ ခရီးစဉ်များ)
🚩 Car Rental (ကား စင်းလုံးငှားခြင်း)
🚩 Bus Ticketing (ပြည်တွင်း အဆင့်မြင့် အဝေးပြေး ခရီးသွားကားလက်မှတ်များ)
🚩 Air ticketing (ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ)
🚩 International Visa (ပြည်ဝင်ခွင့် ဗီဇာများလျှောက်ထားပေးခြင်း)
🚩 Hotel Reservation (ပြည်တွင်း / ပြည်ပ ဟိုတယ်များ Booking တင်ပေးခြင်း)
🚩ကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများအတွက် ခရီးစဉ်များကို အထူးဈေးနှုန်းဖြင့်
လူကြီးမင်းတို့စိတ်တိုင်းကျစေရန် အကောင်းဆုံးဝန်ဆောင်မှုများပေးနေပါတယ်ရှင်

20/05/2019

ရာဇဝင်ထဲက မြန်မာ ဟိုးးးးတုန်းက မြန်မာ

TRAVELS WITH US

CHANTY GROUP Travels & Tours

WELCOME TO CHANTY GROUP TRAVELS & TOURS.
16/05/2019

WELCOME TO CHANTY GROUP TRAVELS & TOURS.

14/05/2019

ဘယ်ခရီးစဉ် တွေ စဉ်းစားနေလည်း ➡📞်★★🎲✒🎈🎈🎈🎈🎈

ရွှေပုပ္ပါးရောက်အမှတ်တရ လျှပ်တပြတ်ရိုက်ချက်  #  #  #  #  #  #
14/05/2019

ရွှေပုပ္ပါးရောက်အမှတ်တရ လျှပ်တပြတ်ရိုက်ချက် # # # # # #

14/05/2019
ဗန်းမော်-မန္တလေး ကားလမ်းဘေး ရွှေကူမြို့နယ်ကဧရာဝတီမြစ် ဒုတိယ မြစ်ကျဉ်းရဲ့ အလှကို မတွေ့ဖူးတဲ့ Fri တို့အတွက် ရှာဖွေကူးယူ ဝေမှ...
13/05/2019

ဗန်းမော်-မန္တလေး ကားလမ်းဘေး ရွှေကူမြို့နယ်က
ဧရာဝတီမြစ် ဒုတိယ မြစ်ကျဉ်းရဲ့ အလှကို မတွေ့ဖူးတဲ့ Fri တို့အတွက် ရှာဖွေကူးယူ ဝေမျှပေးလိုက်ပါတယ်…

ရာဇဝင်ထဲက သတို့သမီး ဧရာဝတီမြစ်၏
ဒုတိယမြစ်ကျဉ်း (Second Defile)
᠌᠌᠌ ᠌᠌
လေ့လာမှတ်သားမိသော အကြောင်းအရာ များ ဖြစ်ပါသည်။ မူရင်း ဓာတ်ပုံပိုင်ရှင်များ
အား ယူသုံးမိသည့်အတွက် တောင်းပန်အပ် ပါသည်။ ဓာတ်ပုံပိုင်ရှင်အားလုံး Credit ပေးပါသည်။

ကသာမြို့မှ ဧရာဝတီမြစ်ကို ဆန်သော် ရွှေကူမြို့ကို ဖြတ်ကျော်ကာ-
သဘာဝကျောက်ဖြစ် ကြက်တူရွေးနုတ်သီး နတ်မျက်နှာတောင် ၊ ဥဒေါင်းတောင် နှင့်
ဒုတိယမြစ်ကျဉ်းစသော သဘာဝအလှများ ကို ရှု့စားနိုင်ပါသည်။

၎င်းအပြင် ကသာမြို့နှင့် ရွှေကူမြို့ကြား ဧရာဝတီမြစ် အလယ်တွင်ရှိသော ဇေယျာ ဘုမ္မိရွှေပေါ်ကျွန်း (ကျွန်းတော်) ရှိ စေတီ ဘုရားများကိုလည်း ဖူးမျှော်နိုင်ပါသည်။

ဒုတိယမြစ်ကျဉ်း (Second Defile) ᠌᠌᠌ ᠌᠌

ဒုတိယ မြစ်ကျဉ်းသည် ဗန်းမော် မှ အစုန် (၁၈)မိုင်ခန့် ဝေးသော စင်းခန်းရွာ အလွန် တွင် စပါသည်။ မြစ်ကြောင်း မှာ လည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။

စင်းခန်းရွာ မှ ရွှေကူမြို့ အထက်နား ရှိ သင်္ဘောဝင်းရွာ အထိ ဒုတိယ မြစ်ကျဉ်း နေရာဖြစ်လေသည်။ (၁၄)မိုင်ခန့်ရှည်၍ ပျဉ်းမျှ ကိုက်(၁၅၀)သာ ကျယ်ပါသည်။

မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြား တွင် စီးရ၏။ ရွှေကူမြို့ အနီးရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကိုလည်းကောင်း၊ သောင်ကျွန်း ပြည့်တည်ထားသော ဘုရား၊ စေတီများကိုလည်းကောင်း တွေ့မြင်ရပြန် သည်။ မြစ်ကြောင်းကလည်း အနောက် ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန် သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့ သို့ ရောက်သည်။

ထို ဒုတိယမြစ်ကျဉ်းကို ဒေသသားတွေက ကျောက်တွင်းလို့ခေါ်ကြတယ်။မြစ်ကြောင်း ရဲ့ ကမ်းနှစ်ဖက် စလုံးက ကျောက်တောင် ကျောက်သားတွေ ချည်းပဲမို့ ကျောက်တွင်း လို့ ခေါ်ကြဟန်တူရဲ့။

ဥဒေါင်းတောင် ᠌᠌᠌ ᠌᠌

ဥဒေါင်းတောင်လို့ ဆိုရင် ရောက်ဖူးသူများ သလို သိသူ ကြားဖူးသူလည်းများပါတယ်။
ဓါတ်ပုံ တွေလည်း လူအများ တင်ကြတာ
တွေ့ရမှာပါ။

ကချင်ပြည်နယ်၊ဗန်းမော်-ရွှေကူကားလမ်း၊ ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်းမှာတည်ရှိ တဲ့ ဥဒေါင်းမင်းတောင်ဂူ ဖြစ်ပါတယ်။

ဥဒေါင်းတောင်တော်ကို တူးဖော်ပြီး သာသ နာ့နယ်မြေအဖြစ်ဖော်ဆောင်နေသောဆရာ တော်ကတော့ ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်း (ကျွန်းတော်) ဆရာတော် ဆရာတော်အရှင် ကုသလ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြီးရဲ့ဒုတိယမြစ်ကျဉ်း ထက် ကကြီးမားလှတဲ့ ဥဒေါင်းမင်းတောင်ကြီးက သဘာဝ ကျောက်လှိုင်ဂူကြီးကို ရှေးစကား အရ ဗုဒ္ဓမြတ်စွာ နုစဉ်ကာလ ဥဒေါင်းမင်း ဘဝက သီတင်းသုံးခဲ့တဲ့ တောင်လို့လဲ သိရ ပါတယ်။

ဒါကို ဆရာတော်ကြီးက ရှေးစကား အရ မဟုတ်ပဲ စာပေ အထောက် အထားများနဲ့ ပြည့်စုံအောင် ပြန်လည်လေ့လာဖော်ဆောင် နေပါတယ်..။

ဥဒေါင်းမင်း လှိုင်ဂူတော် လည်းရှိပါသည်။
ဒီဥဒေါင်းတောင် လှိုင်ဂူဝမှာ စန္ဒကူးပင်ကြီး မားမားထင်ထင်နဲ့ အထင်ကရရှိနေပါတယ်။ အကြောင်းမဲ့ရှိနေတာမဟုတ်နိုင်ပါဘူး။

အခု တိမ်မြှုပ်ပျောက်ကွယ်နေတာ ပြန်ရှာ ပြီး သာသနာအတွက်ပြန်ဖော်ထုတ်ရမယ် '' ဆိုတဲ့ ကျွန်းတော်ဆရာတော်ရဲ့ မိန့်မှာချက် အရ လက်ရှိ ဥဒေါင်းတောင် ဆရာတော်မှ ရှာဖွေခဲ့ပါတယ်။

ဂူကိုမတွေ့ဘဲဖြစ်နေတော့ကျွန်းတော်ဆရာ တော်က ငယ်စဉ်ကာလ ရောက်ဖူးစဉ်က ဂူဝမှာ စန္ဒကူးပင်တစ်ပင် မြင့်မြင့်မားမား ထင်ထင်ရှားရှား အမှတ်အသားရှိတယ် '' လို့ပြန်မိန့်ပါတယ်။ ဒီအခါ ပြန်ရှာစဉ် အဆို ပါ စန္ဒကူးပင်ကို အရင်ရှာတွေ့ခဲ့ပြီး တစ် ဆက်တည်း ဥဒေါင်းဂူကိုပါ ရှာတွေ့ခဲ့ပါ တယ်။

ဒါကြောင့် ဥဒေါင်းတောင်ဂူနဲ့ စန္ဒကူးပင်ဟာ ဆက်စပ်နေပါတယ်။

ဥဒေါင်းတောင် အကြောင်းအား အောက်ပါ Link များတွင် လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1814167218825321&id=1729103323998378

https://m.facebook.com/story.php?story_fbid=1010286955701388&id=252894348107323

နတ်မျက်နှာတောင် ᠌᠌᠌ ᠌᠌

ဗန်းမော်မြို့နှင့် ရွှေကူမြို့ကြား၊ ဧရာဝတီ မြစ်၏ ဒုတိယမြစ်ကျဉ်းတွင် တည်ရှိသော နတ်မျက်နှာတောင်သည် ဆန်းကျယ်သော သဘာဝ အလှတရားများနှင့် ပြည့်စုံလို့နေ ပါသည်။

ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းတွင် မြင့်မား၊ မတ်စောက်စွာ ရှိသော ပြတ်ရွေ့ ကျောက် တောင်ကြီးကို ဒေသတွင် နေထိုင်သူများက နတ်မျက်နှာတောင်ဟု ခေါ်ကြပါသည်။

မည်မျှအထိ မြင့်မားသည်ကို သေချာစွာ မသိ သော်လည်း မန္တလေး မှ ဗန်းမော်မြို့ အထိ ပြေးဆွဲသော သင်္ဘောကြီး များပင် လျှင် နတ်မျက်နှာတောင် ရှေ့ရောက်လျှင် မော်တော်ဘုတ်လေးသကဲ့သို့ သေးငယ်သွား သည်ဟု ထင်ရစမြဲ ဖြစ်ပါသည်။

မိုးရာသီမှာဆိုလည်း တောင်ကျ ရေတံခွန် လေးတွေ စီးဆင်းလို့ ၊ မြူတွေဝေဆိုင်း လှချင်တိုင်း လှနေပြီး နွေရာသီမှာတော့ ရေမကျပါဘူး။ ဒါပေမယ့် နွေမှာဆိုလည်း အလှမပျက်ပဲ သဘာဝအတိုင်း လှပနေပါ တယ်။

နတ်မျက်နှာတောင် အကြောင်းအား အောက်ပါ Link တွင် လေ့လာနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=973115969418487&id=252894348107323

ကြက်တူရွေးနုတ်သီး ᠌᠌᠌ ᠌᠌

ဒီနေရာလေးကတော့ ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ကနေ ရွှေကူမြို့ကို စုန်ဆင်း လာရင် ဧရာဝတီမြစ်ရဲ့ ဒုတိယမြစ်ကျဉ်း ညာဖက်အချမ်းမှာ တွေ့ရမှာဖြစ်ပါတယ်။ မြစ်ကျဉ်းမှာ သဘာဝအတိုင်းတည်ရှိနေတဲ့ ကျောက်ဆောင်စွန်းကြီးက ကြက်တူရွေး ဦးခေါင်းပုံစံနဲ့ အလွန်တူနေပြီး လူတွေက ကြက်တူရွေး ဦးခေါင်းပုံနဲ့ တူအောင်ဆေး ချယ်လိုက်တော့ သဘာဝက ဖြစ်တည်နေ တဲ့အလှတရားဟာ ပိုလှပသွားပါတယ်။

ရေလမ်းခရီး(သင်္ဘော/မော်တော်)နဲ့လာပြီး ဒီနေရာလေးကို ရောက်တိုင်း ခရီးသွားသူ တွေ အမြဲ သတိ ထားပြီး ကြည့်လေ့ ရှိတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။

အချိန်ကာလအားဖြင့် ဘယ်အချိန်ကတည်း က ဆေးချယ် ပေးထားလည်း မသိပေမယ့် အစဉ်အမြဲတော့ ကျောက်တုံး ကြက်တူရွေး လေးဟာ ကိုယ်ရောင်သွေး အမြဲလှပ နေပါ တယ်။

ဒေသခံတွေကတော့ ကြက်တူရွေးလေး နဲ့ ဧရာဝတီမြစ်ရေကို ကြည့်ပြီး ကြက်တူရွေး နှုတ်သီးနဲ့ ဧရာဝတီမြစ်ရေ ထိနေပြီ ဆိုရင် ကြက်တူရွေး ရေသောက် ဆင်းတယ် လို့ ခေါ်ကြပါတယ်။

အဲ့ မျက်စိနား အထိ ရေတက် နေပြီ ဆိုရင် တော့ မျက်စဉ်း ခပ်တယ်လို့ ကြားဖူး ပြန် ရော။ မျက်စိကို မြစ်ရေကျော်တက်သွားပြီ ဆိုရင်တော့ ကြက်တူရွေးရေချိုးဆင်းတယ် လို့ တင်စားခေါ်ဝေါ်ကြပြန်တယ်။

အဲ့လောက် အထိ ဧရာဝတီမြစ် ရေတက်
သွား ပြီဆိုရင်လည်း ရေတော်တော်ကြီးနေ ပြီ ပေါ့ဗျာ။

ကြက်တူရွေးနုတ်သီး အကြောင်းအား အောက်ပါ Link တွင် လေ့လာနိုင်ပါတယ်။

https://m.facebook.com/banmawshwemyotaw/photos/a.557133961016692.1073741825.252894348107323/570629516333803/?type=3

ဇေယျာဘုမ္မိရွှေပေါ်ကျွန်း (ကျွန်းတော်) ᠌᠌᠌ ᠌᠌

ဇေယျာဘုမ္မိရွှေပေါ်ကျွန်းခေါ် ကျွန်းတော် သည် ကချင်ပြည်နယ် ၊ ဧရာဝတီမြစ် ၏ ဒုတိယမြစ်ကျဉ်းအနီး ရွှေကူမြို့ ဧရာဝတီ မြစ်အလယ်တွင် တည်ရှိသည်။

ဇေယျာဘုမ္မိ ရွှေပေါ်ကျွန်း သည် သမိုင်း ကြောင်းပြည့်စုံပြီး ထူးခြားသည့် ဝိသေသ များဖြင့် တည်ရှိနေ ပါသဖြင့် မြန်မာနိုင်ငံ တွင် လူအများသိတဲ့ ရေလယ်ဘုရား (၆) ဆူဟုဆိုသော်လည်း ရေလယ်ဘုရား (၇)
ဆူရှိကြောင်းပြန်လည်ဖြည့်စွက် တင်ပြလို ပါသည်။

ဇေယျာဘုမ္မိရွှေပေါ်ကျွန်းခေါ် ကျွန်းတော် ဘုရား သမိုင်းအား အောက်ပါ Link တွင် လေ့လာ နိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=1733374766904567&id=1729103323998378

https://m.facebook.com/story.php?story_fbid=1733374766904567&id=1729103323998378

ဒုတိယမြစ်ကျဉ်းမှ ရေဝဲကြီးများ ᠌᠌᠌ ᠌᠌

မြစ်ကျဉ်း တစ်လျှောက်မှာ နာမည်ကျော်
ရေဝဲကြီးတွေရှိတယ်။ သက်ရှိသက်မဲ့တွေ
ကို ဆွဲစုပ်နစ်မြှုပ်စေနိုင်တဲ့ ရေစိုင်ဝဲတွေပဲ။
ရေဝဲကြီးတွေဟာ နာမည်ကြီး သလောက်
ကြောက်စရာလဲ ကောင်းတယ်။

ရေကြီးနှစ်တွေဆို ပိုကြောက်စရာကောင်း တယ်။ ဝဲခွက်ထဲက ရေအော်သံဟာ ကမ္ဘာ ပျက်ညည်း သံလိုပဲ တစ်မိုင်ခွဲ လောက်က ကြားရတယ်လို့ ဆိုတယ်။

အဲလိုရေကြီးရင် ဒုတိယ မြစ်ကျဉ်းထဲမှာ ရေစီးသန်ပြီး ဝဲကြီးတွေဖြစ်တာပေါ့။
တစ်ခါ တစ်ခါဆို မန္တလေး-ရွှေကူကတဆင့် ဗန်းမော်ကိုဆန်တက်မယ့် သင်္ဘောကြီးတွေ ဒုတိယမြစ်ကျဉ်းရဲ့ ရေစီးအားကို မဆန် တက်နိုင်ပဲ ရွှေကူလှည့်ပြန်ပြီး ကမ်းကပ်ရ တဲ့ အခေါက်တွေလည်း ဒုနဲ့ဒေးပါပဲ..။

ရွှေကူမြို့တစ်ဘက်ကမ်း နတ်ခုတ်ရွာ ၊ သင်္ဘောအင်းရွာဘက်အခြမ်းရှိ ဒုတိယ မြစ်ကျဉ်း (ကျောက်တွင်းရိုး)မှဝဲအမည် များ-᠌᠌᠌ ᠌᠌

၁။ ပွေးခေါင်းဝဲ
၂။ ကျောက်သင်ဖြူးဝဲ
၃။ သင်္ဘောပျက်ဝဲ
၎။ ပေါက်မဝဲ
၅။ ကျောက်ကြီးဝဲ(၁)
၆။ ခံတက်ကိုင်းဝဲ
၇။ ဖျံသေလေးဝဲ
၈။ ဖျံသေကြီးဝဲ
၉။ ကြက်တူရွေးနှုတ်သီးဝဲ
၁၀။ ဗျုန်းဗျုန်းကျဝဲ
၁၁။ နောင်မိုဘုရားဝဲ

စင်းခန်းရွာ နှင့် ရွှေကူမြို့ဘက် အခြမ်းရှိ ဒုတိယမြစ်ကျဉ်း (ကျောက်တွင်းရိုး) မှ ဝဲအမည်များ - ᠌᠌᠌ ᠌᠌

၁။ ကာလမှော်ဝဲ(ထူးခြားအကြောင်းအရာ
တစ်ခုအနေနဲ့ လေ့လာနေဆဲ)
၂။ ဆင်ကပြုတ်ဝဲ
၃။ ဥဒေါင်းဝဲ (နာမည်ကြီး ဥဒေါင်းတောင်
လှိုင်ဂူရှေ့မှဝဲ)
၎။ မီးကပ်ဝဲ
၅။ ရှောက်ခါးဝဲ
၆။ စပါးထိုးဝဲ
၇။ ဘုံးပင်ဝဲ
၈။ ကျောက်ကြီးဝဲ (၂)
၉။ မီးသွေးဝဲ
၁၀။ တိန်ညင်းဝဲ (ဇင်းဘုံရွာသင်္ချိုင်းဝဲ)
၁၁။ သိန်းတောင်ဝဲ
၁၂။ ဝဲမဝဲ (သစ်ထုတ်ရေးဆင်စခန်းအနီး)

ဒုတိယမြစ်ကျဉ်းမှရေဝဲကြီးများအကြောင်း အား အောက်ပါ Link တွင် လေ့လာ နိုင်ပါ တယ်။

https://m.facebook.com/story.php?story_fbid=1730405560534821&id=1729103323998378

ကိုရှမ်း(ကသာ)᠌᠌,ဆရာဆူးထက်ဆူးနှင့် မူရင်းပို့စ်
ပိုင်ရှင် အားလုံးတို့ကို Credit ပေးပါတယ်…

09/05/2019

သမိုင်းဝင်ပုံများစုစည်းမှု

TRAVELS WITH CHANTY

ဂုတ်ထိပ်တံတား သမိုင်း....._________________________________ဂုတ်ထိပ်နိဒါန်း                                        ၁၈၈၅ ခ...
06/05/2019

ဂုတ်ထိပ်တံတား သမိုင်း.....
_________________________________

ဂုတ်ထိပ်နိဒါန်း
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ( ၂၉ ) ရက်နေ့တွင်
အထက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြပြီး
နောက် ဗြိတိသျှ အစိုးရသည် မန္တလေးမြို့မှ
ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့အထိ ရထား
လမ်းဖေါက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည် ။

ရထားလမ်းဖေါက်လုပ်ရာတွင် အကြီးမားဆုံး
အခက်အခဲမှာ နောင်ချိုနှင့် ကျောက်မဲခရိုင်
နောင်ပိန်မြို့အကြားဂုတ်တွင်းလျှိုကမ်းပါးကြီးကိုဆက်သွယ်ရသည့်လုပ်ငန်းပင်ဖြစ်လေသည် ။
ကမ်းပါးပြတ် ချောက်ကြီးမှာ တစ်ဘက်နှင့်
တစ်ဘက် ပေ နှစ်ထောင်ကျော်မျှ ကွာလှမ်းနေ
ပြီး နက်ရှိုင်းလှသည့် လျှိုကြီးမှာ ပေ ( ၃၀၀ )
ကျော်မျှ ရှိနေပြန်ရာ ထို ကျောက်တောင်ကမ်း
ပါးပြတ်ကြီးနှစ်ဘက်ကို ရထားတစ်စင်း ဖြတ်သန်းသွားလာနှိုင်သောတံတားကြီးတည်
ဆောက်ရန်မှာလွယ်ကူလိမ့်မည်မဟုတ်ပေ ။

ထို့ကြောင့် ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်း တာဝန်ရှိသူများသည် အင်္ဂလန်နိုင်ငံ
လန်ဒန်မြို့ရှိ ( Sir A . M . Fendal In Co ) အား တံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိုမူ အမေရိကန်နိုင်ငံရှိ ( Pennsylvania and Maryland ) ကုမ္ပဏီအားတာဝန်ပေးအပ်နှံခဲ့လေသည် ။

တောအထပ်ထပ်တောင်အသွယ်သွယ်ကို
ဖြတ်သန်းဖေါက်လုပ်ရသည့် ဂုတ်ထိတ်တံတား
စီမံကိန်းသည်နောင်ချိုမြို့မှရထားလမ်းအတိုင်း
( ၇ )မိုင်ခန့်အကွာ မိုင်တိုင် ( ၄၆၃ . ၀၉ ) တွင်
စတင်ပြီး မြန်မာနိုင်ငံရှိတံတားများတွင်အမြင့်
ဆုံးသောတံတားဖြစ်ခဲ့လေသည် ။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှသင်္ဘော
ကြီးများဖြင့်တင်ဆောင်ယူလာသော တံတား
သံပေါင် ကြီးများကို ထိုတံတားတည်ဆောကိ
ရန်နေရာအထိခဲရာခဲဆစ် သယ်ယူပြီး
( ၁၈၉၉ )ခုဧပြီလ ( ၂၈ )ရက်မှ စတင်တည်
ဆောက်ခဲ့ကြရာ ( ၁၉၀၀ ) ပြည့်နှစ် နိုဝင်ဘာ
လ ( ၁ )ရက်နေ့တွင် အောင်မြင်စွာတည်ဆောက်ပြီးစီးခဲ့ပါသည် ။

အထက်ပါ တင်ပြရက်စွဲသည် လမ်းအူကြောင်း
ဖေါက်ခြင်း သံပေါင်များသယ်ယူခြင်းနှင့် မြေပြင်အနေအထားချိန်ညှိခြင်းများအပါအဝင်
ဖြစ်ပါသည် ။ အမှန်တစ်ကယ်တံတားအုတ်မြစ်
ချသည်မှပြီးစီးသည်အထိမူ တည်ဆောက်ချိန်
ကိုးလ သာရှိခဲ့ပါသည် ။

တံတားကြီး၏မြောက်ဘက်ခြမ်းရှိ ကျောက်
တောင်ကြီးများကို ထွင်းဖေါက်၍ ဥမင်လှိုင်ခေါင်းကြီးနှစ်ခုကိုလည်း ရထားဖြတ်သန်းရန်ဖောက်လုပ်ကြရပြန်ပါသည် ။တံတားကြီးဆောက်လုပ်ချိန်မှာ ကိုးလတာသာလျင်ကြာမြင့်ခဲ့သော်လည်း ခိုင်မာမှု နှင့်စံနစ်ကျခြင်းတို့ကို ယခုတိုင်အသုံးပြု၍ရနေခြင်းကပင် သက်သေမဟုတ်ပါလော ။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့သည် မြန်မာနိုင်ငံ
ကိုသိမ်းပိုက်ထားသောဧည့်သည်များသာဖြစ်
ကြသော်လည်း မိမိတို့ယာယီအကျိုးခံစားခွင့်
အတွက် လုပ်ငန်းတိုင်းကို ဖြစ်ကတတ်ဆန်း
မလုပ်ခဲ့ကြဘဲ ကျကျနန သေသေချာချာ စံနစ်
ကောင်းများဖြင့် တာဝန်ယူလေးစားစွာဆောင်
ရွက်လေ့ရှိကြသည်ကိုဖြင့် အတုယူကြရမည်
ဖြစ်ပါလေသည် ။

ယခုအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌
လမ်းများ တံတားများ အဆောက်အဦကြီးများ
တည်ဆောက်ကြရာတွင် အချိန်မတိုင်မီပျက်စီး
ခြင်း ၊ ပြိုကျခြင်း ၊ စံနစ်မကျခြင်း နှင့် ယိုင်ရွဲ့နေ
သောလမ်းအူကြောင်းများ ပေါ်တွင် တွန့်လိမ်
ခုံးခွက်နေသော နိုင်ငံတကာစံချိန်မီဟု ကြွေး
ကျော်ခြင်းခံထားရသည့် အမြန်လမ်းမကြီး များ
နှင့် တံတားကြီးများ စီမံကိန်းအဆောက်အဦများ
မှာ အမြဲတမ်းတစ်ခုခုလိုနေသလိုခံစားမြင်တွေ့
နေရမည်ဖြစ်ပါလေသည် ။

စာရှုသူများရော ထိုလိုအပ်ချက်သည် အဘယ်ပါနည်းဟု စဉ်းစားမိပါသလော ။ စာရေးသူအနေဖြင့် စဉ်းစားသုံးသပ်မိသည်မှာ
"" စေတနာ "" ဟူသောစကားစုကလေးနှင့်
တာဝန်သိတတ်ခြင်း ဟူသောအကြောင်းတရား
ကလေးပင်ဖြစ်လိမ့်မည်ဟု တွေးထင်နေမိပါ
တော့သည် ။
Credit to Billion Smiles Travels Myanmar
Copy. Daw MeeMeengeု

Where would you Like to go? *ဆက်သွယ်လိုက်ပါနော် *📞******************************** မြန်မာပြည်အနှံ့ မြို့များသို့ အဝေးပြေ...
26/04/2019

Where would you Like to go? *ဆက်သွယ်လိုက်ပါနော် *📞
********************************
မြန်မာပြည်အနှံ့ မြို့များသို့ အဝေးပြေးယာဉ်ကားလက်မှတ်များကို CHANTY Group Travels & Tours မှ ဝန်ဆောင်မှုပေးနေပါပြီရှင်

နေပြည်တော်ခရီးစဉ်အတွက် 33ယောက်စီးကားအားငှားရမ်းပေးသည့်   မေတ္တာနဒီ(အင်းစိန်)ပရဟိတအဖွဲ့ အား CHANTY GROUP Travels & Tours မ...
01/04/2019

နေပြည်တော်ခရီးစဉ်အတွက် 33ယောက်စီးကားအားငှားရမ်းပေးသည့် မေတ္တာနဒီ(အင်းစိန်)ပရဟိတအဖွဲ့ အား CHANTY GROUP Travels & Tours မိသားစု မှကျေးဇူးအထူးတင်ရှိပါသည်။
မိတ်ဆွေများကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပြီး အလှူများဆက်လက်ပြု နိုင်ကြပါစေ။

01/04/2019

သင်္ကြန်ရောက်တော့မယ်နော် ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပျော်ရွှင်ရယ်မောနိုင်ကြပါစေကြောင်း CHANTY GROUP မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်

# #

ကဲစိတ်ဝင်စားမယ်ထင်ပါတယ် လာပြီနော် လာပြီနော်🌾🌾 သင်္ကြန်တွင်း 🌾🌾🌾🌾🌾🌾🌾🌾🌾🌾သင်္ကြန်ရက်အတွက်ခရီးစဉ်လေးလာပြီနော် 🌾 တစ်နှစ်တာပင်ပန်း...
30/03/2019

ကဲစိတ်ဝင်စားမယ်ထင်ပါတယ် လာပြီနော် လာပြီနော်🌾🌾 သင်္ကြန်တွင်း 🌾🌾🌾🌾🌾🌾🌾🌾🌾🌾
သင်္ကြန်ရက်အတွက်ခရီးစဉ်လေးလာပြီနော် 🌾 တစ်နှစ်တာပင်ပန်းမှုတွေပြေပျောက်ဖို့ CHANTY မှ စီစဉ်ထားတဲ့ခရီးစဉ်လေးမှာပါဝင်နိုင်အောင်
ခရီးစဉ်လေးကို စိတ်ဝင်စားစွာဖတ်ကြည့်ပေးပါအုန်းနော်

ဇလုံတောင် ♥ မြစ်ကြီးနား ♥ ထိန်းချုံး ( ၆ ညအိပ် ၇ ရက်)ခရီး တစ်ဦး (၅၉၀,၀၀၀ ကျပ်) နော်
သွာမည့်ခရီးစဉ်အစီစဉ်လေးက တော့----------------

Day 1 (12.4.2019) ရန်ကုန်  ဗန်းမောက်
နေ့လည် ၂ နာရီ ရန်ကုန်မြို့ မှစတင်ထွက်ခွာပါမည်။

Day 2 (13.4.2019) ဇလုံတောင်
 မနက်စာ အင်းတော်ကြီးမြို့မှ သုံးဆောင်ပြီး ဗန်းမောက်မြို့ရှိ  ဇလုံတောင်ရှိရာတောင်ခြေသို့သွားရောက်ပါမည်။ ထိုမှ တောင်တက်ကားဖြင့်
🚌ကျောက်မဏ္ဍပ်
🚌ဇလုံတောင် (ခ) သလွန်တောင် သို့တက်ရောက်ဖူးမျှော်ပြီး
မန်လည်ဆရာတော်ဘုရားကျောင်း
မိုးညှင်းမြို့တွင် အနားယူအိပ်စက်ပါမည်။
တည်းခိုခန်းအိပ် (မနက်စာ ၊ နေ့လည်စာ ၊ ညစာ)

Day 3 (14.4.2019) မြစ်ကြီးနား မြစ်ဆုံ
မနက် ၆ နာရီတွင် ဟိုတယ်မှ Check Out ထွက်ပြီး မြစ်ကြီးနားမြို့သို့ စတင်ထွက်ခွာပါမည်။ ထိုမှ -
🚌မေခ မလိခ ပေါင်းဆုံတဲ့ မြစ်ဆ
ုံ🚌အောင်မြင်သာဝါးရုံတောအပန်းဖြေဥယျာဉ်
🚌ကချင်တိုင်းရင်းသားများပွဲတော်ကျင်းပရာ မနောကွင်းအမျိုးသားဥယျာဉ်
🚌ဆုတောင်းပြည့်ဘုရားကြီး
ဟိုတယ်အိပ် (မနက်စာ ၊ နေ့လည်စာ၊ ညစာ)

Day 4 (15.4.2019)မြစ်ကြီးနား ထိန်ချုံး
★ကန်ပိုက်တည်နယ်စပ်အထွက်
★Yun Hui Square (1901- 1998)
★ဟော်ရွှင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော်
★ကြေးရုပ်တုရင်ပြင် နှင့် တံတားသုံးစင်း
★တာချမ်းလုံကုန်တိုက်
ထိန်ချုံးအိပ် (မနက်စာ၊ နေ့လည်စာ၊ ညစာ)

Day 5(15.4.2019) ထိန်ချုံး မြစ်ကြီးနား
★နာမည်ကျော် ရေပူစမ်း နှင့် ရေဆူအိုးကြီး
★အာရှအရှည်ဆုံးလုံကျမ်းကြိုးတံတား
★Little Europ (ခ) ဟွမ်လော့ရေကန်
★ဆဒုံးရေတံခွန် (Photo Only)
ဟိုတယ်အိပ်( မနက်စာ၊ နေ့လည်စာ၊ ညစာ)

Day 6(17.4.2019) မြစ်ကြီးနား ရန်ကုန်
★ရိုးရာဂျပ်ခုတ်ထည်များအပြန်လက်ဆောင်ဝယ်ယူရန် အဆင့်မြင့် ၂ ထပ်ဈေးကြီး
★အောင်ဇေရန်အောင် ဘုရားတစ်ထောင်
★နေ့လည်စာသုံးဆောင်ပြီးနောက် ရန်ကုန်မြို့ သို့ပြန်လည်ထွက်ခွာပါမည်။
(မနက်စာ၊ နေ့လည်စာ၊ ညစာ)

Day 7 (18.4.2019) ရန်ကုန်
မနက် ၁၀နာရီဝန်းကျင်ရန်ကုန်ရွှေမြို့တော်သို့ပြန်လည်ရောက်ရှိ ပါမည်။
ဤတွင် ပျော်ရွှင်ဖွယ်ခရီးစဉ်ပြီးဆုံးပါပြီ 

ပါဝင်သောဝန်ဆောင်မှုများ 🌃
🚌ခရီးစဉ်တစ်လျောက်လည်ပတ်မည့်ကားခ
🚕တရုတ်ပြည်လည်ပတ်မည့်ကားခ
🍴ဖေါ်ပြပါ မနက်စာ၊ နေ့လည်စာ၊ ညစာ 🍴
🏬ဟိုတယ် ၃ညတည်းခိုခ (မြစ်ကြီးနား ၂ ည၊ ထိန်ချုံး ၁ ည)
🏨တည်ခိုခန်း ၁ ည🏨
🚙တောင်တက်ကားခ
တရုတ် မြန်မာ နယ်စပ်ဖြတ်သန်းခ💃🌾
ဖေါ်ပြပါနေရာများ၏ 🌾
👦👴မြို့ပြင်ကြေးများမြစ်ကြီးနားဒေသခံဂိုက် နှင့် ထိန်ချုံးဒေသခံဂိုက် 👴

မပါဝင်သောဝန်ဆောင်မှုများ
★ဖေါ်ပြထားခြင်းမရှိသောနေရာများ၏ ဝင်ကြေးများ နှင်ကားခများ
မိမိကြောင်နယ်စပ်ဖြတ်သန်းရာတွင် အပိုထပ်ဆောင်းပေးရငွေ
မိမိကြောင့် ထိန်ချုံးတွင်ပေးဆောင်ရမည်ဒဏ်ကြေးငွေ
မိမိကိုယ်ပိုင် အသုံးစရိတ်များ

ခုံနေရာကောင်းလေး ရဖို့အတွက် အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါခင်ဗျာ
☎️ 09-426796694,09-425984171,(ရုံးချိန်အတွင်း)
09-402022005(Hotline), 09-402022006(Hotline)
📬 အမှတ်(၂၇) ပထမထပ် အနောက်မြင်းပြိုင်ကွင်းလမ်း ဗိုလ်စိန်မှန်ရပ်ကွက် ဗဟန်းမြို့ နယ်

အဝေးပြေးကားလက်မှတ် လေယာဉ်လက်မှတ်များးအား ဖုန်းတစ်ချက်ဆက်ရုံဖြင့်အိမ်အရောက်လက်မှတ်ပို့ ဝန်ဆောင်မှုdoor to door စနစ်ဖြင့် ၀န်ဆောင်မှုပေးနေပါပီ

📢📢📢 Chanty Group Travel & Tour မှ
🚩 Tour Package (ပြည်တွင်း/ပြည်ပ ခရီးစဉ်များ)
🚩 Car Rental (ကား စင်းလုံးငှားခြင်း)
🚩 Bus Ticketing (ပြည်တွင်း အဆင့်မြင့် အဝေးပြေး ခရီးသွားကားလက်မှတ်များ)
🚩 Air ticketing (ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်များ)
🚩 International Visa (ပြည်ဝင်ခွင့် ဗီဇာများလျှောက်ထားပေးခြင်း)
🚩 Hotel Reservation (ပြည်တွင်း / ပြည်ပ ဟိုတယ်များ Booking တင်ပေးခြင်း)
🚩ကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများအတွက် ခရီးစဉ်များကို အထူးဈေးနှုန်းဖြင့်
လူကြီးမင်းတို့စိတ်တိုင်းကျစေရန် အကောင်းဆုံးဝန်ဆောင်မှုများပေးနေပါပြီ

2019 သင်္ကြန် နှစ်သစ်ကူးမှာ ခရီးသွားမိတ်ဟောင်း၊ မိတ်သစ်များ နှင့် CHANTY ၏ချစ် Friend များအားလုံး စိတ်ရွှင်လမ်းချမ်းမြေ့ပါေ...
23/03/2019

2019 သင်္ကြန် နှစ်သစ်ကူးမှာ ခရီးသွားမိတ်ဟောင်း၊ မိတ်သစ်များ နှင့် CHANTY ၏ချစ် Friend များအားလုံး စိတ်ရွှင်လမ်းချမ်းမြေ့ပါစေ...............................ကြိုတင်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ............♥♥♥♥♥♥♥♥♥♥♥

သင်သိပြီးပြီလား?
16/03/2019

သင်သိပြီးပြီလား?

မင်္ဂလာပါစစ်ကိုင်းမြို့ ​တော်​ကကြိုဆိုပါတယ်ခင်ဗျား။ရာဇမဏိစူဠာ ​ကောင်းမှု​တော်​​စေတီ​တော်​မြတ်​ကြီး​ရွှေဝါ​ရောင်​မှသည်​  အဖြ...
13/03/2019

မင်္ဂလာပါ
စစ်ကိုင်းမြို့ ​တော်​က
ကြိုဆိုပါတယ်ခင်ဗျား။

ရာဇမဏိစူဠာ ​ကောင်းမှု​တော်​​စေတီ​တော်​မြတ်​ကြီး
ရွှေဝါ​ရောင်​မှသည်​ အဖြူ​ရောင်​သို့ ​ပြောင်းလဲခြင်း
လုပ်​ငန်းကြီး ယခု ( ၁ဝ.၃.၂ဝ၁၉ ) ရက်​​နေ့က ပြီး​မြောက်​​အောင်​မြင်​ခြင်း အထိမ်းအမှတ်​ မှတ်​တမ်းတင်​ မြင်​ကွင်းပုံ​တော်​များအား ဖူး​မျှော်​ကြည်​ညိုနိုင်​ရန်​ ယ​နေ့ညအတွက်​ ပူ​ဇော်​​ဖော်​ပြ တင်ဆက်​အပ်​ပါသည်​။

( အဖြူ ​ရောင်​ ​ဆေး​ရေးသင်္ကန်း ကပ်​လှူပူ​ဇော်​​ပြီး​နောက်​ ယခုအခါ အ​ရောင်​တင်​ခြင်း လုပ်​ငန်းများ ဆက်​လက်​လုပ်​ကိုင်​ ​ဆောင်​ရွက်​လျှက်​ ရှိပါသည်​ )

Photo by Min Aye Naing
https://www.facebook.com/min.naing.1293

ရွှင်လန်းချမ်းမြေ့ ကြပါ​စေ။
credit Admin. ကြည်စိုးထွန်း စစ်ကိုင်းမြို့ ​တော်ချစ်သူ
https://www.facebook.com/kyisoe.tun.31

13/03/2019

ငုပန်းနဲ့ပန်းတောက်ဝါတွေ ပွင့်လာပြန်ပြီကွယ် ♬♬♬♬♬♬🌾🌾🌾
သင်္ကြန်ပန်းလေးများတောင်♬ ပွင့်ကာနေပြန်တယ် ♬♬♬♬
အတာသင်္ကြန်ချိန်ခါအလှ ပန်းချီခြယ် ♬♬♬♬♬♬
နှစ်ဦးသင်္ကြန် ရွှင်မြူးလို့သာ တို့များတွေ့ဆုံတယ် ♬♬★
တစ်နှစ်လည်းနွမ်းလို့ တစ်နှစ်လည်းဆန်းပြီကွယ်♬🌾🌿🌾🌾

ဒီတစ်ခါ ပုဂံ က ထူးခြားပြီး လူသိနည်းတဲ့နေရာ ( ၅၀ )========================================“မြန်မာမှန်လျှင် ပုဂံကိုရောက်ဖူ...
12/03/2019

ဒီတစ်ခါ ပုဂံ က ထူးခြားပြီး လူသိနည်းတဲ့နေရာ ( ၅၀ )

====================
====================

“မြန်မာမှန်လျှင် ပုဂံကိုရောက်ဖူးရမယ်” ဆိုတဲ့စကားအတိုင်း မြန်မာအများစုဟာ ပုဂံကိုရောက်ဖူးတတ်ကြတယ်။ သို့သော်လည်းပဲ နာမည်ကြီးပြီး ထုထည်ကြီးသည့် ဘုရားပုထိုးများသာ သွားရောက်တတ်ကြတာမို့ ပုဂံရဲ့အနှစ်သာရကို မခံစားနိုင်ပဲဖြစ်တတ်ကြတယ်။

ပုဂံမှာ ရောက်ဖူးနေကြနေရာတွေနဲ့မတူပဲ လူသိနည်းပြီး ထူးခြားတဲ့နေရာတွေအကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ နေရာ ၅၀ ကိုလမ်းညွှန်ပါရစေ။ ကိုယ်သွားတဲ့အခါ လေ့လာဖို့ နဲ့ သွားမယ့်သူတွေအတွက် ဘုရားဖူး လမ်းညွှန်အဖြစ် ကုသိုလ်ယူ Share ထားလိုက်ပါ။

၁_ရွှေစည်းခုံဘုရား တောင်ဘက်တန်ဆောင်းအတွင်းမှာ အင်မတန်ကြီးမားသည့် ပုဂံခေတ်လက်ရာသစ်သားတံခါးရွက်ကြီးကို သိမ်းဆည်းထိန်းသိမ်းထားပါတယ်။ ယင်းတံခါးရွက်ကြီးရဲ့အပေါ်တွင်ပုဂံခေတ် တီးမှုကခုန်ဟန်များကို အဆန်းတကြယ်ထုလုပ်ထားသည်။

၂_ရွှေစည်းခုံဘုရား အပြင်၃၇မင်းနတ်နန်းအတွင်းတွင် ကြီးမားသည့် သိကြားမင်းရုပ်တုကြီးကို ထိန်းသိမ်းထားရှိပါသည်။ ပုဂံခေတ်ပန်းပုလက်ရာဖြစ်ပြီး ပုဂံခေတ် မြန်မာ့ပန်းပုလက်ရာအဆင့်အတန်းမြင့်မားပုံကို ဖော်ညွှန်းလျက်ရှိသည်။

၃_ရွှေစည်းခုံဘုရား ခေါင်းလောင်းတိုက်တွင် ဘုရင်းနောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းကြီးကို သိမ်းဆည်းထားပါသည်။ယင်းခေါင်းလောင်းကြီးရဲ့ထူးခြားချက်မှာ ဒုတိယမြန်မာနိုင်ငံတော်သမိုင်းကို ရက်စွဲနှင့်တကွ ဖော်ပြရေးသားထားသည်။မြန်မာ့သမိုင်းအတွက်အင်မတန်အရေးပါသော ခေါင်းလောင်းကြီးဖြစ်သည်။

၎_ရွှေစည်းခုံဘုရား တောင်ဘက်အုတ်စောင်းတန်းထိပ်အနီးတွင် ကျန်စစ်သားဥမင်ရှိသည်။ ကျန်စစ်သားဥမင်တွင် မွန်ဂိုစစ်သည်များပုံကို ထူးခြားစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။

၅_ညောင်ဦးဘက်မှပုဂံဘက်သို့ ကားလမ်းအတိုင်းလာခဲ့သောအခါဝက်ကြီးအင်းရွှေချောင်းမရောက်မီ လမ်းအရှေ့ဘက်တွင်ဝက်ကြီးအင်းဂူရှိလေသည်။ ဝက်ကြီးအင်းဘုရားတွင် အဝင်တွင် ပဒေသာပင်ပုံကိုရေးဆွဲထားလေသည်။ယင်းပဒေသာပင်တွင် စောင်း ဗုံစသည့်တူရိယာများချိတ်ဆွဲထားသည်။ဂျာမန်လူမျိုး ထောမန်သည် ယင်းဂူမှ ပန်းချီများကို လွှဖြင့်တိုက်ဖြတ်ကာခိုးယူခဲ့လေသည်။ ယနေ့လွှရာများကိုတွေ့မြင်နိုင်သည်။

၆_ကားလမ်းအတိုင်းသွားလျှင် အလိုတော်ပြည့်ဘုရားအနီး ဘုရားအမှတ် (၃၇၇\၂၃၀) တွင် စဥ့်ပုထိုးဟုခေါ်သည့်စေတီတစ်ဆူတည်ရှိသည်။ယင်းစေတီသည် နာမည်ကျော် အလိုတော်ပြည့်ဘုရားနှင့် ကပ်လျက်တည်ရှိသော်လည်း စေတီတစ်ဆူလုံး စဥ့်ရည်အပြည့်သုတ်ထားသည့် အုတ်ချပ်များဖြင့်တည်ဆောက်ထားသည်ကိုမူ သတိပြုမိသူနည်းပါးလှသည်။

၇_အလိုတော်ပြည့်ဘုရားမှ အနောက်တောင်ဘက်တွင် နပဲတောဘုရားစုတည်ရှိသည်။ လိုဏ်နှစ်ဆင့်ဂူဘုရား(၃၅၇\၂၁၇_က)ဟပြင်ဘက်တွင် ပုဂံဒေသတွင် အကောင်းမွန်ဆုံးသော ခြင်္သေ့၊ဘီလူး၊ကိန္ဒရာစသည့် အင်္ဂတေလက်ရာများကိုလေ့လာရမည်ဖြစ်သည်

၈_နပဲတောဘုရားအစုမှ အရှေ့မြောက်ယွန်းသို့သွားပါက ဆူးလေကုန်းဘုရားအစုသို့ရောက်မည်။ဆူလေကုန်းဘုရား အရှေ့တောင်ဘက်တွင် တောင်ပုံ လောကနာထဘုရားရှိသည်။ယင်းဘုရားရဲ့ ထူးခြားချက်မှာ အလွန်လှပတဲ့တောင်ပုံသဏ္ဍာန်အင်္ဂတေလက်ရာတွေကိုတွေ့နိုင်သည့်အပြင် ပုဂံခေတ်မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းဝင်တွေရဲ့ ဘုရားလောင်း လောကနာထအရုပ်တွေကိုလည်းတွေ့နိုင်သည်။ ယင်းဘုရားမူလ ဆင်းတုတော် လက်တော်အကြိုးအတွင်းမှ ဌာပနာထားသည့် ပုဂံခေတ်အဝတ်ပန်းချီလိပ်ကြီးကိုရရှိခဲ့လေသည်။ယခုအခါ ယင်းပန်းချီလိပ်ကြီးကို ပုဂံပြတိုက်တွင်ပြသထားသည်။

၉_အာနန္ဒာဂူတော်ကြီး မြောက်ဘက်စောင်းတန်းအဆုံးတွင် အာနန္ဒာအုတ်ကျောင်းတည်ရှိသည်။ ယင်းအုတ်ကျောင်းအတွင်းနံရံများတွင် အင်မတန်မှ လက်ရာမြောက်ပြီး ပြိုင်ဘက်ကင်းသည့် ကုန်းဘောင်ခေတ်ရှုခင်းနှင့် ပန်းချီများရေးဆွဲထားသည်။ ထူးခြားချက်မှာ အင်္ဂလိပ်လူမျိုးများ၊ပေါ်တူဂီအမျိုးသားများ၊မြန်မာ့ဆိုင်းဝိုင်း ၊စောင်းပတ္တလား တီးခတ်နေသည့်ပုံများကိုထည့်သွင်းရေးဆွဲထားသည်။

၁၀_ရွှေဂူကြီးဘုရားသည် ပုဂံနန်းတော်ရာနှင့်ကပ်လျက်တည်ရှိသည်။ ယင်းဂူဘုရား ဝင်ပေါက်ဝဲယာနံရံတွင် ထည့်သွင်းမြှုပ်နှံထားသောကျောက်စာနှစ်ချပ်ရှိလေသည်။ ယင်းကျောက်စာချပ်ကြီးများတွင် ရွှေဂူကြီးဘုရား တည်ဆောက်ခြင်းအကြောင်းနှင့် အလောင်းစည်သူမင်းကြီးအကြောင်းကို ထည့်သွင်းရေးထိုးထားလေသည်။

၁၁_ရွှေဂူကြီးဘုရား အရှေ့တောင်ဘက်တွင် သံတော်ကြားဘုရားတည်ရှိသည်။ယင်းဘုရားအတွင်း မီးတောင်ချော်ကျောက်အစိမ်းချပ်ကြီးများဖြင့်တည်ဆောက်ထားသော ဆင်းတုတော်ကြီးရှိသည်။

၁၂_သဗ္ဗညုဘုရား အရှေ့တောင်ဘက်တွင် အလောင်းစည်သူမင်းကြီးကောင်းမှု ကြေးစင်တစ်သောင်းကိုသွန်းသော ခေါင်းလောင်းကြီးဆွဲချိတ်ရာ ကျောက်တိုင်ကြီးများတည်ရှိသည်။

၁၃_သဗ္ဗညုဂူဘုရားကြီးအနောက်ဘက်တွင် နတ်လျောင်းကျောင်းတည်ရှိသည်။ ပုဂံဒေသရှိ တစ်ခုတည်းသောဟိန္ဒူဘုရားကျောင်းဖြစ်သည်။ဟိန္ဒူဘာသာရေးဆိုင်ရာ နတ်ရုပ်များနှင့် နံရံပန်းချီများရေးဆွဲထုလုပ်ထားသည်။

၁၄_နတ်လျောင်းကျောင်းနှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ငကျွဲနားထောင်းပုထိုးတည်ရှိသည်။ အုတ်ချပ်တစ်ခုနှင့် တစ်ခုကြားပင် စဥ့်စိမ်းများဆက်အောင် သုတ်လိမ်းထားသဖြင့် ပုဂံခေတ်စဥ့်ပညာအဆင့်အတန်းကို အံ့အားသင့်ဖွယ်လေ့လာနိုင်သည်။

၁၅_ငကျွဲနားတောင်းပုထိုးမှ လမ်းအတိုင်းသွားလျှင် ပုထိုးသားများဘုရားကိုရောက်သည်။ ယင်းဘုရားသည် ပုဂံခေတ် အလင်းယူပုံပညာနှင့် ဗိသုကာအဆင့်အတန်းကို ဖော်ပြနေသည့်ဂူဘုရားတစ်ဆူဖြစ်သည်။ flashမဖွင့်ပဲ ဓာတ်ပုံရိုက်ကူးပါက ဘုရားဆင်းတုတော် တစ်ခုတည်းသား ကွက်တိ ပြတ်သားစွာထိန်လင်းလျက် ကျန်အရာများ အမှောင်တိဖြစ်နေသည်ကို တွေ့မြင်ကြရမည်။

၁၆_ပုဂံမြို့တောင်ဘက်မှ ထွက်လာသောလမ်းအတိုင်းသည် ညောင်ဦးမှလာသော ရှေးလမ်းဟောင်းကြီးနှင့် အဆုံအနီးတွင် မြင်းပြဂူဘုရားတည်ရှိသည်။ပုဂံခေတ်ရဲ့ရှေးကျသောပန်းချီများကိုလေ့လာနိုင်သည်။ ယင်းမြင်းပြဂူမှ ဗုဒ္ဓရုပ်ပွားတော်ပုံပါ ကြေးချပ်ကြီးများကိုရရှိခဲ့သည်။ယနေ့ပြတိုက်တွင်ပြသထားသည်။

၁၇_မြင်းပြဂူမှတောင်သို့ထွက်ပြီး လမ်းအတိုင်းလိုက်သွားသော် ပဲနံ့သာဂူအစုသို့ရောက်သည်။ ပဲနံ့သာဂူအစုအနီးတွင် သိမ္မစည်းဂူ(၁၄၇၁\၇၈၄)ဘုရားရှိသည်။ ယင်းဂူအဝတွင် စောင်းပိုက်ထားသော ပဉ္စသိင်္ခနတ်သားပုံကိုလူတစ်ရပ်ခန့်ရေးဆွဲထားသည်။ ဂူအတွင်းဝဲဖက်နံရံတွင် ကောသလအိမ်မက်ကိုသရုပ်ဖော်ရေးဆွဲထားသော ပုဂံခေတ်ပန်းချီများကိုလေ့လာကြရမည်။

၁၈_သိမ္ဗစည်းဂူအနီးတွင် ဘုရားအမှတ်(၁၅၅၄\၈၆၇)တည်ရှိသည်။ ယင်းဘုရားအတွင်း အဝင်နံရံညာဖက်တွင် မြင်းမိုရ်တောင်နှင့် နတ်ပြည်တည်ဟန် ကျွန်းကြီးလေးကျွန်းနှင့် သက်ဆိုင်ရာပေါက်ပင်များကိုအသေးစိတ်ရေးဆွဲထားသည်။ ပုဂံခေတ် ဂူဘုရားကွမ်းတောင်အများစုသည် ယင်းမြင်းမိုရ်တောင်ပုံစံကိုယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။

၁၉_ယင်းဘုရားအနီး ဆင်ပြဂူဘုရားတွင်ထူးခြားချက်မှာ ပုဂံခေတ်တွင် ဂူဘုရားများအတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွားတော်ကြီးများတည်ဆောက်သောအခါ ခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ချက်စသောနေရာတို့တွင် ဌာပနာပစ္စည်းများထည့်ထားသော ကျောက်ကြုပ်ငယ်များ သွင်းထားပြုလုပ်လေ့ရှိသည်။ယခုဆင်ပြဂူဘုရားတွင် မသမာသူတို့ရဲ့လက်ချက်ဖြင့် ဌာပနများကို ခိုးယူခံရသော်လည်း ဆင်းတုတော်ကြီးရဲ့ ရင်ဘတ်နှင့်ချက်နေရာတို့တွင် မူလကျောက်ဌာပနာကြုပ်များကိုတွေ့မြင်ကြရခြင်းဖြစ်သည်။

၂၀_ဆင်ပြဂူဘုရားနှင့်ကပ်လျက်တည်ရှိသော မာရ်အောင်ဘုရားတွင် ကနေသူ စည်တီးနေသူ နတ်သမီးပုံစဥ့်ချပ်ကြီးများဖြင့် ကပ်လှူထားသည်။ ယင်းစဥ့်စိမ်းချပ်ကြီးများသည် မသမာသူတို့ရဲ့ခွာယူခိုးယူခြင်းခံခဲ့ရကာအချို့ကို ရန်ကုန်နှင့် ပုဂံပြတိုက်တွင်ထိန်းသိမ်းပြသထားသည်။

၂၁_ယင်းဘုရားမြေလမ်းအတိုင်းဆက်သွားလျှင် လောကထိပ်ပန် ဘုရားသို့ရောက်ရှိမည်။ယင်းဘုရားတွင် ပုဂံခေတ်ရဲ့ အကောင်းဆုံးဟု ဆိုအပ်သောပန်းချီများရေးဆွဲထားသည်။ မဟော်သဓာဇာတ်တော်နှင့် ဗုဒ္ဓဝင်ကို တခမ်းတနားရေးဆွဲထားပြီး ပုဂံခေတ် ဘုရင် ၊မိဖုရား ၊မှူးကြီးမတ်ရာတို့ရဲ့ ဝတ်စားဆင်ယင်ပုံကို အသေးစိတ်လေ့လာနိုင်သည်။

၂၂_ယင်းမြေလမ်းအတိုင်းသွားလျှင် နေဝင်ကြည့်သည့် နာမည်ကျော်ရွှေဆံတော်ဘုရားသို့ရောက်ရှိမည်။ ရွှေဆံတော်ဘုရားကို ယခင်က မဟာပိန္နဲဘုရားဟုခေါ်ကြသည်။အကြောင်းမှာ ဘုရားထောင့်များတွင် မဟာပိန္နဲနတ်ရုပ်များကိုထားရှိခဲ့ခြင်းဖြစ်သည်။ယနေ့တွင် ရုပ်တု အကျိုးအပဲ့များကို ဘုရားထောင့်အချို့နှင့် စေတီတော်မြောက်ဘက်ခြေရင်းတွင်တွေ့မြင်ကြရမည်။

၂၃_ရွှေဆံတော်စေတီ အနောက်ဘက်ရှိအုတ်တိုက်ရှည်ကြီးတွင် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ထားသည်။ ပုဂံခေတ်လျောင်းတော်မူဆင်းတုများအနက် ရှေးအကျဆုံးနဲ့ အကြီးမားဆုံးဖြစ်သည်။ ယင်းဆင်းတုတော်ကြီးရဲ့ထူးခြားချက်မှာ ပရိနိဗ္ဗာန်ပြုဟန်ထုလုပ်ထားသော်လည်း တောင်ဘက်သို့ခေါင်းပြုထားခြင်းဖြစ်သည်။

၂၄_ရွှေဆံတော်ဘုရားတောင်ဘက် မနီးမဝေးတွင် ဂူအမှတ်(၁၅၃၆)အတွင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော စက်ဝန်းပန်းချီများရေးဆွဲထားသည်။ငဖုန်းသင်ယောင် ၊ ငပြည်သင်ဟု လူအမည်ကမ္ဗည်းစာများရေးထိုးထားသည်။

၂၅_ရွှေဆံတော်ဘုရား အရှေ့မြောက်ဘက် ဂူအမှတ်(၁၅၁၂) မြေဘုံသာဘုရားရှိလေသည်။ ယင်းဂူအတွင်း ပလ္လင်အောက်ခြေများတွင် ကျောက်ဗြဟ္မာရုပ်များ မြှပ်ထားလေသည်။ ထိုပလ္လင်မှ မြေတွင်မြှုပ်နေသော အကောင်းပကတိတူးဖော်ရရှိသည့် ကျောက်ဗြဟ္မာရုပ်ရများကို ပုဂံပြတိုက်တွင်ပြသထားလေသည်။

မြေဘုံသာဘုရားမှ ရရှိခဲ့သော ကျောက်ဗြဟ္မာရုပ် (ယခုပုဂံပြတိုက်တွင် ပြသထားသည်)
၂၆_ပုဂံမြို့တောင်ဘက်သို့ဆက်သွားမည်ဆိုပါက မင်္ဂလာစေတီသို့ရောက်ရှိမည်။ မြန်မာပြည်ရှိစေတီအများစုသည် ယင်းမင်္ဂလာစေတီကိုပုစံယူတည်ဆောက်ကြခြင်းဖြစ်သည်။၅၅၀ နိပါတော် စဥ့်ကွင်းများတည်ရှိပြီး အချို့မှာ ခိုးယူခံခဲ့ရသည်။

၂၇_ဓမ္မရံကြီးဘုရားသည် မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အုံးဖြစ်သည်။ ထူးခြားချက်မှာ မူလက အတွင်း ဆင်းတုလေးဆူနှင့် လိုဏ်ပတ်လမ်းများတည်ဆောက်ခဲ့သည်။ ပန်းချီများရေးဆွဲပြီးကာမှ မခန့်မှန်းနိုင်သော အကြောင်းအရာတစ်ခုကြောင့် အတွင်း လိုဏ်ပတ်လမ်းကို အုတ်ဖြင့် အပြည့်စီပိတ်ခဲ့သည်။

၂၈_ဓမ္မရံကြီးဘုရား မြောက်ဘက်မုခ်တွင် ပလ္လင်တစ်ခုတည်းအပေါ်တွင် ဗုဒ္ဓဆင်းတုနှစ်ဆူကိုတည်ကာ မျက်နှာတော်ကိုရွှေချထားလေသည်။ ယင်းဆင်းတုတော်နှစ်ဆူသည် ကျန်အရာအားလုံးပုံစံတူသော်လည်း ထင်ရှားစွာကွဲပြားခြားနားသည့် အပြုံးကိုယ်စီရှိကြလေသည်။

ပလ္လင်တစ်ခုတည်းပေါ်မှာရှိတဲ့ ဗုဒ္ဓဆင်းတုနှစ်ဆူ
၂၉_ဓမ္မရံကြီးဘုရားမှ လမ်းအတိုင်းသွားလျှင် စူဠာမဏိစေတီကိုရောက်မည်။ ယင်းနာမည်ကျော်ဂူဘုရားအား ကာရံထားသည့် တံတိုင်းရဲ့ အုတ်စီလက်ရာမှာ ကမ္ဘာကပင်အံ့အားသင့်လောက်အောင် ကောင်းမွန်လှသည်။ အုတ်ချပ်တစ်ခုနှင့်တစ်ခုအကြား အပ်ထိုးလို့ပင်မရနိုင်ပေ။ ပုဂံခေတ် ပန်းရံအတတ်ပညာရဲ့ ကြီးကျယ်ခမ်းနားခဲ့ပုံကိုလေ့လာနိုင်သည်။ပုဂံဒေသရှိအကောင်းဆုံးသော အုတ်စီလက်ရာဖြစ်သည်။

၃၀_မြင်းကပါရွာမြောက်ဘက်လမ်းအရှေ့ဘက်တွင် ဂူပြောက်ကြီးနှင့် မြစေတီတို့ကား အလွန်ထင်ရှားပြီး နာမည်ကျော်ကြားသည်။ ယင်းဂူပြောက်ကြီးဘုရားအတွင်း အကောင်းပကတိကျန်ရှိနေသေးသော ပုဂံခေတ် နံရံဆေးရေးများကိုရေးဆွဲထားသည်။ ထူးခြားချက်မှာ တာဝတိသာနတ်ပြည်မှာဆင်းသက်တော်မူခန်း၊ သင်္ဂါယနာတင်မှတ်တမ်းများ၊ တိတ္တိတို့အားတန်ခိုးပြခန်း၊ လင်းနို့ငါးရာအားတရားဟောခန်း စသည့်ထူးခြားပြီးရှားပါးသည့်ဗုဒ္ဓဝင်များကိုထည့်သွင်းရေးဆွဲထားသည်။

၃၁_ယင်းအနီး စေတီအနီးအတွင်းမှ ကျောက်စာတစ်ချပ်ကိုတူးဖော်တွေ့ခဲ့ရာ မြစေတီကျောက်စာဟုအမြင်တွင်သည်။ အမှန်မှာ ဂူပြောက်ကြီးဘုရားနှင့်သက်ဆိုင်သည့်ကျောက်စာဖြစ်သည်။ပျူ၊ မွန်၊ မြန်မာ၊ ပါဌိ လေးဘာသာဖြင့် အကြောင်းအရာတစ်ခုတည်းကိုရေးထိုးထားသဖြင့် မြန်မာစာပေသမိုင်းအတွက် အဖိုးမဖြတ်နိုင်သောရတနာဖြစ်သည်။ မူရင်းကျောက်စာကို ပုဂံပြတိုက်တွင်ပြသထားသည်။

၃၂_ကားလမ်းအတိုင်းဆက်သွားလျှင် မနူဟာဘုရားသို့ရောက်မည်။ ယင်းဘုရားနှင့် မနီးမဝေးတွင် နန်းဘုရားရှိသည်။ ယင်းဘုရားအတွင်းနှင့်အပြင်တွင် ထုဆစ်ထားသော ဗြဟာပုံကြီးများနှင့်ကျောက်ဆစ်လက်ရာများသည် ပုဂံခေတ် ပန်းတမော့လက်ရာအဆင့်အတန်းကိုဖော်ပြလျက်ရှိသည်။

၃၃_မြင်းကပါရွာ အနောက်ဘက်သို့သွားလျှင် ဖြတ်စရွှေဂူ ဘုရားသို့ရောက်မည်။ ယင်းဂူဘုရားအတွင်းတွင် ရှေးဟောင်းမွန်ဘာသာဖြင့်ကဗ္ဗည်းထိုးထားသည့် ဇာတ်ကွက်ပန်းချီများမှာစိတ်ဝင်စားဖွယ်ကောင်းလှသည်။

၃၄_မြင်းကပါရွာငွေစေတီ ဥတ္တမဂူတောင်ဘက်တွင် ကျဆင်းဂူတည်ရှိသည်။ တြိလောကဗိုလ်ဟုလည်းခေါ်သည်။ ယင်းဂူဝင်ပေါက်ဝဲယာနံရံများတွင် ရေးသားထားသော မင်စာများအရ အဆောက်အုံတည်ဆောက်သောဒါယကာ၊တည်ဆောက်သောခုနှစ်၊ အဆောက်အအုံအမည်တို့ကို ပုဂံခေတ်အတိုင်း တိကျစွာသိရပုံမှာ ပုဂံဒေသတွင်အလွန်ရှားပါးလေသည်။ ယင်းဂူတိုက်မကြီးတွင် ခြေစုံမြေသို့ချထားသော ဗုဒ္ဓဆင်းတုနှစ်ဆူနှင့် အလယ် ထိုင်တော်မူဆင်းတုတော်ကြီးတစ်ဆူရှိသည်။ ယခင်က ဌာပနာဖောက်ကာ ခေါင်းဖြတ်ခိုးယူခံရသော်လည်း ပြန်လည်ပြုပြင်ထားသည်။

၃၅_ကျဆင်းဂူမှ ကားလမ်းအတိုင်းသွားသော် အပယ်ရတနာဂူသို့ရောက်လေသည်။ ယင်းဂူအတွင်းတွင် မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ဘုရားလောင်းဗောဓိသတ်အမျိုးမျိုးကို တစ်ခန်းတနားရေးဆွဲထားလေသည်။ ယင်းအပြင် အတွင်းပတ်လမ်းအပြင်နံရံတွင် အရိုးတပ်စက်ဝိုင်းများအတွင်း ဟိန္ဒူဘာသာရေးဆိုင်ရာ ဗိဿနိုး၊ သီဝနှင့် ဗြဟညဆိုင်ရာအယူဝါဒများကို ထူးခြားစွာရေးဆွဲထားလေသည်။

၃၆_အပယ်ရတနာဘုရားနှင့် မျက်နှာချင်းဆိုင်တွင် နဂါးရုံဘုရားတည်ရှိသည်။ယင်းဘုရားကြီးရဲ့ထူးခြားချက်မှာ စဥ့်သုတ်အုတ်ချပ်များကို ဘုရားအတွင်း ယနေ့ခေတ် ကြွေပြားအသွင် ခင်းထားခြင်းဖြစ်သည်။လူတော်တော်များများသည် မိမိတို့ခြေထောက်အောက်ရှိ စဥ့်စိမ်းရောင် အုတ်ချပ်ကြီးများကိုသတိမထားမိကြချေ။

၃၇_ယင်းဘုရားမှကားလမ်းအတိုင်းသွားသော် စိုးမင်းကြီးအုတ်ကျောင်းနှင့် စေတီသို့ရောက်ရှိမည်။ စိုးမင်းကြီးစေတီရဲ့ထူးခြားချက်မှာ ပစ္စယံအဆင့်ဆင့်တွင် စဥ့်ရည်သုတ် ရုပ်ချပ်တန်းကြီးများဖြင့် ညက်လျက်တန်ဆာဆင်ထားခြင်းဖြစ်သည်။ ယင်းစဥ့်ချပ်ကြီးများတွင် ကနေသူ၊ဗုံတီးနေသူများကို ထည့်သွင်းထုလုပ်ထားသည်။ ပုဂံခေတ်ရှားပါးပြီးထူးခြားသည့်လက်ရာတစ်ခုဖြစ်သည်။

၃၈_စိုးမင်းကြီးအုတ်ကျောင်း အနောက်တောင်ဖက်တွင် ဂူအမှတ်(၁၀၇၇)မှာ ပန်းချီလေ့လာသူတို့အဖို့ မရောက်မဖြစ် ထူးခြားသည့်နေရာတစ်ခုဖြစ်သည်။ ယင်းဂူအတွင်း အောက်ခြေအခင်းပေါ်တွင် မြေစာများပို့နေခဲ့ရာ ရှေးဟောင်းဌာနမှရှင်းလင်းလိုက်သောအခါ မူလရေးဆွဲထားသောပန်းချီများ မပျက်မစီးပဲအကောင်းပကတိ အသစ်စက်စက်ရေးဆွဲထားသည့်ပမာပေါ်ထွန်းလာခဲ့သည်။ ပုဂံခေတ်တွင် ဆန်းပြားသည့်အရောင်များအသုံးပြုကာပန်းချီများ ရေးဆွဲခဲ့ကြကြောင်းသက်သေပြစရာ ဂူဘုရားဖြစ်သဖြင့်ထူးခြားသည်။

၃၉_သီရိပစ္စယာရွာတောင်ဘက်တွင် ဖက်လိပ်ဘုရားများတည်ရှိသည်။ ယင်းဘုရားများတွင် စဥ့်ရည်မသုတ်သော မြေမီးဖုတ်အုပ်ကြွပ်ရုပ်ကြွများကို ထူးခြားစွားလေ့လာနိုင်သည်။မြန်မာ့သမိုင်းတွင်အရပ်အရှည်ဆုံးဟုစံချိန်ချိုးခဲ့သည့် ဇီးကွက်စိန်ရဲ့မွေးရပ်မြေဖြစ်သည်။

၄၀_သီရိပစ္စယာရွာရွာအဝင်ကားလမ်းတောင်ဘက်သို့ဆက်သွားသော် ဂူပြောက်ဘုရားသို့ရောက်ရှိမည်။ မြန်မာ့တော်လှန်ရေးခေါင်းဆောင်ကြီး ပုဂံဗိုလ်ချိုပုန်းအောင့်ခဲ့ရာဂူဘုရားဖြစ်သည်*။ အင်္ဂလိပ်တို့က ဗိုလ်ချို့ကိုယင်းဂူဘုရားတွေဖမ်းမိသဖြင့် ဗိုလ်ချိုမိဘုရားဟုခေါ်သည်။

၄၁_မင်းနန်သူအရပ်သို့ဆက်သွားသော် ဘုရားသုံးဆူသည်နာမည်ကျော်သည်။ ဂူဘုရားသုံးဆူကို လိုဏ်ဖြင့်ဆက်သွယ်ထားသည်။ ညာဖက်ဆုံးဂူတွင် ပန်းချီများရေးဆွဲထားခြင်းမရှိပဲ ဘယ်ဖက်ဆုံးဂူတွင် ပန်းချီကိုပြည့်စုံစွာရေးဆွဲထားလေသည်။ အလယ်ဂူတွင် ဆွဲလက်စပန်းချီများတွေ့ရသဖြင့် ပုဂံခေတ်ပန်းချီရေးဆွဲပုံအဆင့်ဆင့်ကိုလေ့လာနိုင်ပေသည်။ အလယ်ဂူတွင် ပုဂံခေတ်နန်းတော်ပုံများကိုရေးဆွဲထားလေသည်။

၄၂_ဘုရားသုံးဆူအရှေ့ဘက်တွင် ဂူငယ်လေးတစ်ဆူတည်ရှိသည်။ယင်းဂူရဲ့ထူးခြားချက်မှာ ပုဂံတွင်တွေ့ရသော အခြားသောဘုရားပုထိုးများကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်နှင့် ပလ္လင်ကို အုတ်အဂ်တေဖြင့်တည်ထားခြင်းမပြုပဲ နံရံတွင်သာ ဗုဒ္ဓပုံကြီးကို ရေးဆွဲပူဇော်ထားခြင်းဖြစ်သည်။ယင်းပုံစံကို ပုဂံတွင် ယခုဂူငယ်တွင်သာတွေ့ရလေသည်။
(နံရံပေါ်ရှိ ဗုဒ္ဒပုံကြီးရဲ့ရှေု့တွင်မြင်ရသောဆင်းတုတော်မှာ နောက်ပိုင်းမှ ထားရှိပူဇော်ထားပုံရပါတယ်။)

၄၃_ဘုရားသုံးဆူနှင့် မနီးမဝေးတွင် သမ္ဗူလဂူဘုရားတည်ရှိသည်။ ယင်းဂူသည် ပုဂံဒေသတစ်ဝိုက် အရေးကြီးပြီး ပုဂံခေတ်လက်ရေးလှပညာနှင့် ပုဂံဗုဒ္ဓစာပေနှင့်စပ်လျဉ်းသော လေ့လာဖွယ်အကောင်းဆုံးဖြစ်သည်။ နံရံပေါ်တွင် မှင်ဖြင့်ရေးထိုးထားသော စာလုံးများသည် သေသပ်လှပလွန်းလှသဖြင့် ယနေ့ခေတ်ပုံနှိပ်စာလုံးများပင် အရှုံးပေးရလေသည်။

၄၄_ယင်းဂူမှ ကားလမ်းအတိုင်းသွားသော် နန္ဒမညာဂူဘုရားသို့ရောက်သည်။ ယင်းဂူတွင်ရေးဆွဲထားသော ပန်းချီများကြောင့်ပင် ပုဂံတွင်ပန်းဦးလွှတ်ခြင်းနှင့် အရည်းကြီးများရှိခဲ့သည်ဟုပြောဆိုရေးသားခဲ့ကြသည်။ သို့သော်မှန်ကန်မှုမရှိပေ။ ယင်းဂူတွင်ထူးခြားချက်မှာ ညာဖက်နံရံပြတင်းပေါက်အောက်တွင် ရေနစ်နေသော လူသုံးဦးပုံကိုရေးဆွဲထားလေသည်။ လောဘ၊ဒေါသ၊မောဟတို့မှ မလွတ်ကင်းနိုင်ပဲ သံသရာရေယာဉ်ကြောတွင် နစ်မွန်းကြရခြင်းကိုသွယ်ဝိုက်သောနည်းလမ်းဖြင့်အသိပေးခဲ့ခြင်းဖြစ်သည်။ အထက်နံရံတွင်မူ ပုဂံခေတ်မင်းသားတစ်ပါး မြင်းစီးလျက် အဆောင်အယောင်နှင့်တကွကြွချီဟန်ကိုရေးဆွဲထားသည်မှာ အင်မတန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

၄၅_ပုဂံညောင်ဦးကားလမ်း ပုဂံအဝင်ညာဖက်တွင်ခေမင်္ဂဘုရားစုတည်ရှိသည်။ ယင်းဂူအစုတွင် ပုဂံတွင် အင်မတန်ရှားပါးသည့် အဝတ်ပန်းချီကို နံရံတွင် ကော်ဖြင့်ကပ်လျက် ရေးဆွဲထားသည်။ယနေ့ခေတ်အခေါ် wall paperပုံစံဖြစ်သည်။ ယင်းဂူအစုတွင်ပင် ပုဂံရှိရှေးဟောင်းပစ္စည်းအများအပြားကိုခိုးယူသွားခဲ့သော ဂျာမန်လူမျိုးထောမန်းရဲ့ ရေးထိုးထားခဲ့သော လက်မှတ်ကိုထူးခြားစွာလေ့လာနိုင်သည်။

၄၆_ညောင်ဦးမြို့မြောက်ဘက် သကျမုနိဘုရားတွင် အသောကမင်းကြီးသမီးတော်သဃမိတ္တာ မဟာဗောဓိပင်အား သီဟိုဠ်သို့ပင့်ဆောင်ပုံ များကိုထူးခြားရှားပါးစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။

၄၇_မြတ်စွာဘုရားရဲ့ စွယ်တော်လေးဆူများ တရုတ်ပြည်၊ သီဟိုဠ်ပြည်၊ နတ်ပြည်၊ နဂါးပြည်တို့တွင်တည်ရှိ ကြောင်းထူးခြားစွာရေးဆွဲထားသော ပုဂံခေတ်ပန်းချီကိုဘုရားအမှတ်(၁၀၇၇)တွင် လေ့လာနိုင်ပါသည်။ ထူးခြားချက်မှာ ယင်းပန်းချီပါ စွယ်တော်ကြုပ်မှာ မျက်မှောက်ခေတ် တရုပ်ပြည် နှင့် သီရိလကာတို့ရှိ စွယ်တော်ကြုပ်များနှင့် ပုံစံတစ်ထေရာတည်းဖြစ်ကြောင်း အံ့ဩဖွယ်လေ့လာနိုင်သည်။

၄၈_သစ္စဗန္ဓရရသေ့နှင့် နမန္တာနဂါးမင်းတို့တောင်းပန်မှုကြောင့် မြတ်စွာဘုရားခြေတော်ရာချပေးနေပုံကို ဘုရားအမှတ်(၅၃၈) နန္ဒဘုရားအရှေ့ဖက်ဂူတွင် ထူးခြားစွာလေ့လာနိုင်သည်။

၄၉_ကုသဘုရားနှင့် ဝိနည်းဓိုရ်ဘုရားတို့တွင် စကြဝဠာတည်နေဟန် ပန္ဒက်ပုံကိုထူးခြားစွာရေးဆွဲထားလေးသည်။ ပုဂံခေတ် ဗုဒ္ဓဘာသာဆိုင်ရာ စကြာဝဠာအယူအဆကို လေ့လာနိုင်သည်။ ယင်းအပြင် မြတ်စွာဘုရားရဲ့ မူရင်းကဗ္ဗည်းဇာတာတော်ပုံပါထည့်သွင်းရေးဆွဲထားသည်။

၅၀_ဖွားစောရွာ သစ္စာဝတီဘုရား အရှေ့တောင်အနီး မင်းမရဲဂူဘုရားတိုက်မ မြောက်ဖက်နံရံတွင် ရေးထိုးထားသောမင်စာတွင် အရိမဒ္ဒနပူရမည်သော ပုဂံပြည် ၊မြန်မာပြည် စသောစကားလုံးများကိုသုံးနှုန်းရေးထိုးထားပုံကို အလွယ်တကူလေ့လာကြည့်ရှုနိုင်မည်

ဖော်ပြပါနေရာများသည် ပုဂံခေတ်တွင်ထွန်းကားခဲ့သည် ပန်းဆယ်မျိုးသော မြန်မာ့အတတ်ပ Cridit ညာနှင့် မြန်မာ့အနုသုခုမပညာရပ်များ၊မြန်မာစာပေနှင့် အခြားသောအနုပညာရပ်များကို ထင်ဟပ်စေနိုင်သည့် ထူးခြားပြီးလူသိနည်းသောနေရာများဖြစ်သည် ။

မိတ်ဆွေတို့သိထားတဲ့ ပုဂံက စိတ်ဝင်စားဖွယ်နေရာလေးတွေရှိရင် ကွန်မန့်မှာ မျှဝေသွားကြပါဦး

Credit :::ပုံများနှင့်မူရင်းတင်ထားသူအားလုံးကို ကျေးဇူးတင်ပါတယ်နော်

Address


Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 12:30

Telephone

09425984171

Website

Alerts

Be the first to know and let us send you an email when Chanty Group Travel & Tour - ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chanty Group Travel & Tour - ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share