05/01/2020
🎉 နှစ်သစ်မှာ ပရိုမိုးရှင်းအသစ်နဲ့ အလန်းစားခရီးထွက်ကြမယ် 🎉
🔖 ပရိုမိုးရှင်း အစီအစဥ်လေးပါလို့ ဆုံးအောင်ဖတ်ပေးပါနော် 🔖
နှစ်သစ်မှာ ခရီးလေးတစ်ခုထွက်ဖို့ စဉ်းစားနေပြီလား❓
အရင်ပုံမှန်ထွက်နေကြ ခရီးတွေလိုမဟုတ်ပဲ ထူးထူးခြားခြားလေး အပန်းဖြေချင်တယ်ဆိုရင်တော့...
The Travel Desk ရဲ့ Cruise Tour ကိုပဲ သတိရလိုက်ပါနော်.....
ပုံမှန်ခရီးစဉ်တွေဆို မနက်စောစော ဟိုတယ်ကနေထွက်… တစ်နေကုန်လျှောက်လည်ပြီး ညနေစောင်းမှ ဟိုတယ်ကိုပြန်ရောက်ဆိုတော့ လူလည်းပင်ပန်းတယ်… ဟိုတယ်ရဲ့ Facility တွေကိုလည်း မခံစားလိုက်ရသလိုပဲမလား❓
The Travel Desk က စီစဉ်ထားတဲ့ ဒီ Cruise Tour လေးကတော့ သဘော်ပေါ်မှာ အိပ်ခန်းတွေပါပြီးသားမို့လို့ သဘော်ကမ်းကပ်လိုက်… ခရီးစဉ်ထဲက အထင်ကရနေရာတွေကို တက်လည်လိုက်… ပြီးရင် သဘော်ပေါ်ပြန်လာပြီး အနားယူလိုက်နဲ့… လုံး၀ကို ပင်ပန်းတယ်လို့ ထင်ရမှာမဟုတ်ဘူးနော်…
ပြီးတော့ မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေကို ဆိုင်မှာသပ်သပ်စားစရာမလိုပဲ သဘော်ခုတ်မောင်းနေတုန်းမှာပဲ စားလို့ရတာကြောင့် အချိန်ကုန်လည်း သက်သာတယ်လေ…
ကဲ….. ပြောနေတာကြာတယ်ဟုတ်❓
မင်မင်တို့ရဲ့ ခရီးစဉ်လေးကို အသေးစိပ် ပြောပြပါမယ်…
Day 1️⃣
မနက် (၈) နာရီမှာ မန္တလေးကနေစထွက်မယ်… ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ရှုခင်းတွေကိုခံစားရင်း မင်းကွန်းကိုသွားပါမယ်… မင်းကွန်းရဲ့အထင်ကရနေရာတွေဖြစ်တဲ့ ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းနဲ့ မြသိန်းတန်စေတီကို လည်ပါမယ်…
မြသိန်းတန်စေတီကိုဖူးပြီး အလှဆုံးဓာတ်ပုံတွေရိုက်လို့ရတယ်… ပုထိုးတော်ကြီးပေါ်ကနေ မင်းကွန်းမြို့နဲ့ ဧရာ၀တီမြစ်ရဲ့အလှကိုခံစားရင်း တစ်ဖက်ကမ်းက မန္တလေးကို လှမ်းမျှော်ကြည့်လို့ရပါတယ်… ပြီးရင်တော့ သဘော်ပေါ်မှာပဲ နေ့လည်စာစားရင်း အင်း၀ကို ခရီးဆက်ပါမယ်…
အင်း၀ကိုရောက်တဲ့အခါ မြင်းလှည်းလေးနဲ့ ဗားဂရာကျောင်း၊ မယ်နုအုတ်ကျောင်းနဲ့ ရတနာဆီမီးဘုရားစုကို လည်မယ်… ပြီးရင်တော့ သဘော်ပေါ်ပြန်တက်ပြီး Sunset ကြည့်ရင်း စစ်ကိုင်းကိုသွားပါမယ်… စစ်ကိုင်းနားမှာပဲ သဘော်ရပ်ပြီးတော့ ညအိပ်ပါမယ်နော်…
Day 2️⃣
မနက်စာစားပြီးတော့ ချစ်တို့ရဲ့အပျော်စီးသဘော် ခရီးစဉ်လေးက ရန္တပိုရွာကို ဆက်လက်ဦးတည်မှာ ဖြစ်ပါတယ်… ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ရှုခင်းတွေကိုကြည့်ရင်း၊ လေနုအေးလေးကိုခံစားရင်း အလန်းစားဓာတ်ပုံတွေရိုက်မယ်…
ရန္တပိုရွာကိုရောက်ရင်တော့ အိုးလုပ်ငန်းတွေကို လေ့လာမယ်… ရန္တပိုစာချုပ် ချုပ်ဆိုခဲ့တဲ့ အမှတ်တရကျောက်တိုင်နေရာကိုလည်း သွားရောက်ကြည့်ရှုပါမယ်နော်… ပြီးရင်တော့ Cruise ပေါ်မှာပဲ နေ့လည်စာစားပြီး ခရီးဆက်ပါမယ်… နေ၀င်ခါနီးမှာ ပခုက္ကူနားက သောင်ပြင်တစ်ခုမှာ ကမ်းကပ်ပေးပါမယ်…
သောင်ပြင်ထဲတိုး၀င်နေတဲ့ နေမင်းကြီးကိုနောက်ခံထားပြီး ဓာတ်ပုံတွေရိုက်မယ်… သောင်ပြင်ပေါ်မှာ ကလေးတွေလို ပြေးဆော့လို့ရတယ်… ပြီးရင်တော့ မီးပုံပွဲနဲ့ BBQ ပါတီလေးလုပ်ပေးမယ်… ပျော်ပျော်ပါးပါး ဂိမ်းတွေကစား၊ သီချင်းတွေဆိုပြီးမှ သဘော်ပေါ်ပြန်တက်ပြီး ညအိပ်ပါမယ်…
Day 3️⃣
ဒီနေ့မနက်စောစောမှာတော့ နေထွက်ချိန်ကိုကြည့်ရင်း မနက်စာစားကြမယ်… နေအရမ်းမမြင့်ခင်မှာပဲ ပုဂံကိုရောက်မှာ ဖြစ်ပါတယ်…
သဘော်ကမ်းကပ်ပြီးတာနဲ့ ပုဂံမှာ တစ်နေ့တာလည်ဖို့ ကားလေးက အဆင်သင့်လာကြိုမှာပါ… ပုဂံက အထင်ကရ စေတီပုထိုးတွေကို လည်မယ်… အညာဒေသ အစားအစာလေးတွေ စားမယ်…
နေ၀င်ချိန်ကို မင်းနန်သူကုန်းမှာကြည့်ရင်း ချစ်တို့ရဲ့ တန်ဖိုးရှိတဲ့ တစ်နေ့တာကို ကုန်ဆုံးစေပါမယ်… ပြီးရင်တော့ သဘော်ပေါ်ပြန်တက်ပြီး ညစာစားမယ်… ညအိပ်ပါမယ်နော်…
Day 4️⃣
မနက်စာစားပြီး မန္တလေးကို ကားနဲ့ပြန်ဖို့အတွက် စီစဉ်ပေးပါမယ်နော်…
💢 ဒီ (၃) ညအိပ် (၄) ရက်ခရီးစဉ်မှာ ပါ၀င်တဲ့ Services တွေက 💢
🎈Cruise (၃) ညအိပ် (၄) ရက်ခ
🎈မင်းကွန်းမှာလည်ဖို့ ကားခ
🎈အင်း၀မှာလည်ဖို့ မြင်းလှည်းခ
🎈ပုဂံမှာလည်ပတ်ဖို့ ကားခ
🎈ပုဂံ - မန္တလေး ကားခ
🎈Cruise ပေါ်မှာစားတဲ့ မနက်စာ၊ နေ့လည်စာ၊ ညစာ (ပုဂံမှာ စားမဲ့ စားသောက်ခ မပါ၀င်ပါ)
မန်းလေးကနေ ထွက်မယ့်ရက် - 25.1.2020
မန္တလေးကနေ ထွက်မယ့်အချိန် - မနက် (၈) နာရီ
‼ဈေးနှုန်း‼
ယခင်ဈေး - တစ်ဦး (၃၅၀,၀၀၀) ကျပ်
ယခုဈေး - တစ်ဦး (၃၂၀,၀၀၀) ကျပ်
ဒီ Cruise Tour က အနည်းဆုံး လူ (၁၅) ယောက် ပြည့်မှ ထွက်ပေးပါတယ်…
ရုံးတွေ၊ ကျောင်းတွေကနေ Group လိုက် စီးလုံးငှားချင်ရင်လည်း ရပါတယ်…
စိတ်၀င်စားလို့ စုံစမ်းချင်ရင်တော့ Chat Box ကနေသာ Hi လိုက်ပါ ချစ်တို့ရေ…
ဒါမှမဟုတ် ဖုန်း 09-2216445, 09-965714688 တို့ကိုလည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်…
🎉 နှစ်သစ်မှာ အမှတ်တရအသစ်တွေ ဖန်တီးဖို့ Travel Desk နဲ့အတူ ခရီးထွက်စို့နော် 🎉
[Zawgyi]
Day 1️⃣
Day 2️⃣
Day 3️⃣
Day 4️⃣
🎈Cruise (၃) ညအိပ် (၄) ရက်ခ
🎈ပုဂံ - မန္တလေး ကားခ
‼ဈေးနှုန်း‼