ထိုင်း - Go Mal

  • Home
  • ထိုင်း - Go Mal

ထိုင်း - Go Mal Let's travel together in Thailand like travel with friends and families

ချင်းမိုင် University Visa က ဘယ်လိုလူတွေဝယ်သင့်လဲ?🔹ထိုင်းဘက်မှာ (၁) နှစ်နဲ့ (၅) နှစ်ကြား နေဖို့စဉ်းစားထားသူတွေ 🔹၁၄ ရက် A...
06/05/2024

ချင်းမိုင် University Visa က ဘယ်လိုလူတွေဝယ်သင့်လဲ?
🔹ထိုင်းဘက်မှာ (၁) နှစ်နဲ့ (၅) နှစ်ကြား နေဖို့စဉ်းစားထားသူတွေ
🔹၁၄ ရက် Arrival နဲ့ ချက်ချင်းထွက်လာပြီး Long-Term Visa လျှောက်ချင်တဲ့သူတွေ
🔹တစ်ခြားနိုင်ငံကိုထွက်ဖို့ ထိုင်းမှာခဏစောင့်ချင်တဲ့သူတွေ
🔹ထိုင်းမှာ ပညာရပ်တစ်ခုခုကို ကျောင်းတက်ချင်တဲ့သူတွေ (ကျောင်းဘက်က Visa မချပေးတာမျိုး)
🔹Company ထောင်ပြီး Business Visa ပြောင်းဖို့စဉ်းစားထားသူတွေ (ဒါမှမဟုတ်)
White Collar အလုပ်ရအောင်ရှာပြီး Visa ပြန်ပြောင်းချင်သူတွေနဲ့
🔹Physical Class သွားမတက်ချင်တဲ့သူတွေအတွက်
100% ED Visa ကျဖို့ အာမခံထားတဲ့ ဒီ ချင်းမိုင် University Visa ကို ဝယ်သင့်ပါတယ်။

အသက်အားဖြင့်လည်း ၁၈ နှစ်ကနေ ၄၈ နှစ်ထိလျှောက်ထားနိုင်ပြီး
Intake တွေစောင့်စရာမလို ကျောင်းဘက်က Process လုပ်တဲ့ ၄၅ ရက်စောင့်ပြီးတာနဲ့
၃လ+ ၁၂ လ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။
တစ်ပတ်တစ်ရက် Online ကနေ အတန်း Join ပေးရုံနဲ့အဆင်ပြေပြီး စာမေးပွဲလည်းဖြေစရာမလိုပါဘူး။

၁၄ ရက်နဲ့လာတဲ့သူတွေအတွက်ကို နိုင်ငံပြင်ပထွက်စရာမလိုဘဲ တစ်လတိုးနဲ့တွဲလျှောက်လို့ရတဲ့အထိ စီစဉ်ပေးထားပါတယ်။
TR Visa လာတဲ့သူတွေကတော့ လက်ကျန် အနည်းဆုံး (၄၅) ရက်ရှိရင် ရပါပြီ။

ချင်းမိုင် University ဖြစ်တာကြောင့် ချင်းမိုင်ကို (၂) ခါသွားပေးဖို့ လိုအပ်ပြီး
Payment ကိုတော့ 1st Payment နဲ့ 2nd Payment ခွဲသွင်းလို့ရပါတယ်။
သူ့ရဲ့ အားသာချက်တွေကတော့
✅အတန်းတက်စရာမလို၊ စာမေးပွဲဖြေစရာမလိုခြင်း
✅အတန်းတက်ချင်ရင်လည်း တစ်ပတ်တစ်ရက် Online ကနေ Thai-Language သင်ကြားနိုင်ခြင်း
✅အသက် ၄၈ နှစ်အထိ လျှောက်ထားနိုင်ခြင်း
✅တခြား Visa အမျိုးအစားတွေကနေ အလွယ်တကူပြောင်းလဲနိုင်ခြင်း
✅သက်တမ်း (၅)နှစ်ထိ တိုးနေနိုင်ခြင်း
✅(၃)လ တစ်ခါ Immigration သွားစရာမလိုခြင်း
✅ နိုင်ငံအပြင်ကို Re-entry တုံးထုပြီး ထွက်လို့ရခြင်း
✅ကျောင်းထောက်ခံစာနဲ့ ဘဏ်အကောက်ဖွင့်နိုင်ခြင်း
✅ကျောင်းသားကဒ်ရရှိခြင်း
✅ထိုင်းနိုင်ငံအတွင်း မိမိစိတ်ကြိုက်နေရာမှာ နေထိုင်လို့ရခြင်းတို့ပဲဖြစ်ပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ (၅၅၀၀၀) ဘတ် ကျသင့်မှာဖြစ်ပြီး ထိုင်း-Go Mal မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်။

ထိုင်း-Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး
Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

🙋ထိုင်း-Go Mal နဲ့ဆို ထိုင်းဘဏ်အကောင့်တစ်ခု အလွယ်တကူ ဖွင့်လို့ရပါပြီ🇹🇭💳ထိုင်းဘဏ်အကောင့် ဖွင့်ချင်တဲ့သူတွေအတွက် ထိုင်း-Go...
17/04/2024

🙋ထိုင်း-Go Mal နဲ့ဆို ထိုင်းဘဏ်အကောင့်တစ်ခု အလွယ်တကူ ဖွင့်လို့ရပါပြီ🇹🇭💳

ထိုင်းဘဏ်အကောင့် ဖွင့်ချင်တဲ့သူတွေအတွက် ထိုင်း-Go Mal မှာ “Bangkok Bank Account Service “ ဝန်ဆောင်မှုပေးနေပါတယ်။

ထိုင်းမှာရေတိုပဲနေနေ၊ ရေရှည်ပဲနေနေ ထိုင်းဘဏ်အကောင့် တစ်ခုရှိတဲ့အခါ ကိစ္စတော်တော်များများကို လွယ်ကူချောမွေ့စေပါတယ်။

ထိုင်းရဲ့ ဘယ်နေရာဒေသမရွေး Qr scan နဲ့ ငွေပေးချေနိုင်တာကြောင့် Bank account ရှိတဲ့အခါ ငွေသားတွေ တစ်ထပ်ကြီးကိုင်သွားစရာမလိုသလို၊
အကြွေကိစ္စတွေလည်း အလုပ်ရှုပ်ခံစရာမလိုတော့ပါဘူး။

Bank account မရှိတဲ့အခါ Delivery မှာယူတာတွေကအစ အခက်ခဲကြုံရနိုင်ပြီး ဒါတွေပြေလည်ဖို့အတွက် ထိုင်း-Go Mal က အသင့်ရှိလို့နေပါတယ်။

ဘဏ်အကောင်ဖွင့်ဖို့ အသေးစိတ်လိုအပ်ချက်တွေကိုတော့ ထိုင်း- Go Mal Chat Box မှာ မေးမြန်းနိုင်ပါတယ်။

ဒါ့အပြင်ထိုင်းမှာ ရေရှည်နေထိုင်ဖို့အတွက် University ED Visa လည်း Service ပေးနေတာကြောင့် ထိုင်းမှာ ဘာပဲလိုလို ထိုင်း-Go Mal ကိုသာ ဆက်သွယ်လိုက်ပါ။

01/04/2024

Non-ED University Visa အကြောင်း

2024 ခုနှစ်ရဲ့ Songkran ပွဲတော်ကျင်းပမယ့် နေရာများ 💦💦💦ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Songkran Fest...
28/03/2024

2024 ခုနှစ်ရဲ့ Songkran ပွဲတော်ကျင်းပမယ့် နေရာများ 💦💦💦

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Songkran Festival ကိုတော့ ဒီနှစ် April လ (၁) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ ၂၁ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ Songkran ပွဲတော်ဟာ UNESCO မှတ်တမ်းလည်းဝင်သွားပြီဖြစ်တာကြောင့် ဒီနှစ်မှာဆိုရင် “World Songkran Festival” လို့ အမည်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများရဲ့ စိတ်ဝင်စားမှုများစွာကိုလည်း ရရှိထားပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ဒီနှစ် Songkran ကို လည်ပတ်ဖို့စိတ်ကူးရှိနေပြီဆိုရင်တော့ ဒီပိုစ်ကို Share ထားလိုက်တော့နော်။

ထိုင်း- Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး Company License လျှောက်တာ> Visa လျှောက်တာတွေပါ ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

ထိုင်းနိုင်ငံမှာ နေထိုင်ဖို့ Long-Term Visa ထဲက လူအများဆုံးရွေးချယ်မှု Non-Immigrant ED University Visa 📣📣📣ထိုင်းမှာ နေထ...
04/03/2024

ထိုင်းနိုင်ငံမှာ နေထိုင်ဖို့ Long-Term Visa ထဲက လူအများဆုံးရွေးချယ်မှု
Non-Immigrant ED University Visa 📣📣📣

ထိုင်းမှာ နေထိုင်ဖို့ နှစ်ရှည် Visa လိုနေပြီဆိုရင်တော့ Non-ED University Visa က ရွေးချယ်ဖို့အသင့်တော်ဆုံး Visa အမျိုးအစားပဲဖြစ်ပါတယ်။

ပထမ တစ်နှစ်မှာ 12+ 3 months = 15 months အပြင် (၅) နှစ်အထိ သက်တမ်းတိုးပြီး နေလို့ရတဲ့ University Visa က လူအများဆုံးရွေးချယ်ကြတဲ့ Visa ဖြစ်နေရတာပါ။
သူ့ရဲ့ အားသာချက်တွေကတော့
✅အတန်းတက်စရာမလို၊ စာမေးပွဲဖြေစရာမလိုခြင်း
✅အတန်းတက်ချင်ရင်လည်း တစ်ပတ်တစ်ရက် Online ကနေ Thai-Language သင်ကြားနိုင်ခြင်း
✅အသက် ၄၈ နှစ်အထိ လျှောက်ထားနိုင်ခြင်း
✅တခြား Visa အမျိုးအစားတွေကနေ အလွယ်တကူပြောင်းလဲနိုင်ခြင်း
✅သက်တမ်း (၅)နှစ်ထိ တိုးနေနိုင်ခြင်း
✅(၃)လ တစ်ခါ Immigration သွားစရာမလိုခြင်း
✅ နိုင်ငံအပြင်ကို Re-entry တုံးထုပြီး ထွက်လို့ရခြင်း
✅ကျောင်းထောက်ခံစာနဲ့ ဘဏ်အကောက်ဖွင့်နိုင်ခြင်း
✅ကျောင်းသားကဒ်ရရှိခြင်း
✅ထိုင်းနိုင်ငံအတွင်း မိမိစိတ်ကြိုက်နေရာမှာ နေထိုင်လို့ရခြင်းတို့ပဲဖြစ်ပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ (၅၅၀၀၀) ဘတ် ကျသင့်မှာဖြစ်ပြီး ထိုင်း-Go Mal မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်။

ထိုင်း-Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး
Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

လေဆိပ်အပို့အကြိုတိုင်းအတွက် အသင့်ရှိနေတဲ့ ထိုင်း-Go Mal “Airport Transfer Service”ဘန်ကောက်လေဆိပ်ရောက်ပြီး သွားလိုတဲ့နေရာ...
16/02/2024

လေဆိပ်အပို့အကြိုတိုင်းအတွက် အသင့်ရှိနေတဲ့ ထိုင်း-Go Mal “Airport Transfer Service”

ဘန်ကောက်လေဆိပ်ရောက်ပြီး သွားလိုတဲ့နေရာကို သက်သောင့်သက်သာနဲ့ ဘာသာစကားအခက်အခဲမရှိ သွားလိုတယ်ဆိုရင်တော့ ထိုင်း-Go Mal မှာ Airport Transfer Service လေးရှိပါတယ်။

၄ ယောက်စီးကားကစပြီးတော့ ၆ ယောက်စီး၊ ၁၀ ယောက်စီးကားများထိ ဌားရမ်းနိုင်တာကြောင့် မိမိတို့ လူဦးရေးနဲ့ကိုက်ညီတဲ့ ကားများကို ရွေးချယ် ဌားရမ်းနိုင်ပါတယ်။
ဘာသာစကားအခက်ခဲဖြစ်မှာစိုးရိမ်တဲ့သူတွေအတွက်လည်း မြန်မာ Driver များမောင်းနှင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် ဘာမှစိတ်ပူစရာမလိုတော့ပါဘူး။

ထိုင်း-Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး
Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

14/02/2024

ပသူနမ် ( Bangkok )

ထိုင်းနိုင်ငံမှာ နေထိုင်ဖို့အတွက် အရင်ဆုံးသိထားသင့်တဲ့အချက်များ 1 : Passportပထမဆုံး စဥ်းစားပြင်ဆင်ရမှာကတော့ Passport ပါပ...
13/02/2024

ထိုင်းနိုင်ငံမှာ နေထိုင်ဖို့အတွက် အရင်ဆုံးသိထားသင့်တဲ့အချက်များ

1 : Passport
ပထမဆုံး စဥ်းစားပြင်ဆင်ရမှာကတော့ Passport ပါပဲ။ နိုင်ငံပြင်ပထွက်ဖို့အတွက် ကိုယ့်ရဲ့ Passport က ကုန်ဆုံးရက် အနည်းဆုံး ၆လကျန်ဖို့လိုပါတယ်။

2 : Visa
Tourist Visa 2 လယူပြီး မှလာတာကတော့ အကောင်းဆုံးပါပဲ။
14 ရက် arrival နဲ့ လာမယ်ဆိုရင် မြန်မာနိုင်ငံသားတစ်ယောက်က ထိုင်းနိုင်ငံကို လေယာဥ်နဲ့ Visa မှာ မတင်ဘဲ ဝင်လာရင် ၁၄ ရက်နေလို့ရပါတယ်
နယ်စပ်ကနေ Visa မပါဘဲ မှတ်ပုံတင်နဲ့ဝင်ရင်တော့ ဝင်တဲ့ Area ဝန်းကျင်မှာ ၇ ရက်နေလို့ရပေမယ့် ထိုင်းနိုင်ငံတစ်နိုင်ငံလုံးသွားလို့မရပါဘူး ဘန်ကောက်ဘက်ကိုလဲလာလို့မရပါဘူး
၁၄ ရက် နဲ့လာမယ်ဆိုရင် Passport, Air Ticket ( အသွားအပြန် ), Hotel Booking , Show Money (ငွေသားဖြစ်ရပါမယ်) ( တစ်ယောက်ကို ဘက် ၂၀၀၀၀ သို့မဟုတ် ၂၀၀၀၀ နဲ့ ညီတဲ့ USD သို့မဟုတ် အခြားငွေကြေး )( မြန်မာငွေ သားမရပါ )လိုပါတယ်
အခုက covid ထိုးထားတဲ့စာရွက် တော့ မလိုတော့ပါဘူး

3: Flight Ticket
လေယာဥ်လက်မှတ်က ရက်ကြိုဝယ်လေ စျေးသက်သာလေပါပဲ
Flight Ticket ပေါ်မူတည်ပြီး Hand carry ပဲယူလို့ရတာရှိသလို Luggage 20/30 kg ပေးတာလဲရှိပါမယ်
အောက်ကိုထည့်မယ့် Luggage တွေထဲမှာ မီးခြစ် ချွန်ထက်တဲ့ပစည်းတွေ power bank တွေထည့်ပေးလိုက်လို့မရပါဘူး
အပေါ်ကို ယူသွားမယ့် အိတ်အသေးထဲကိုတော့ အရည်တွေ ယူသွားလို့မရပါဘူး
တန်ဖိုးကြီးပစည်းတွေငွေကြေးတွေကို ကိုယ်နဲ့မကွာဘဲ ထားပါ
တန်ဖိုးက USD 10000 နဲ့ညီတဲ့ ပစည်း/ငွေပမာဏ အောက်ဆိုရင် အခွန်ရှင်းစရာမလိုဘဲ သယ်လို့ရပါတယ်

4 : နေဖို့အိမ်ငှားမယ်
apartment တွေက တစ်လ၂၀၀၀ တန်ကနေ ၆၀၀၀ တန်ထိ အစားစားရှိပါတယ် အခန်းကောင်းမကောင်း လူရှုပ်မရှုပ် AC ရှိမရှိ နေရာကောင်းမကောင်း public transportation ရှိမရှိတွေပေါ်မူတည်ပါတယ်
condo တွေကတော့ ၆၀၀၀ တန်ကနေ ၁၅၀၀၀ လောက်ထိရှိပါတယ်
MRT နီးသွားရင်တော့ ၁၀၀၀၀ ကနေ ၃၀၀၀၀ လောက်ဖြစ်ပါမယ်
အိပ်ခန်း ၂ ခန်းပါရင်စျေးထပ်ပိုပါမယ်
အခန်းငှားမည်ဆိုတဲ့ ဆိုင်းဘုတ်တွေကရှာလို့ရသလို Facebook Marketplace or Website တွေကရှာလို့ရပါတယ်
condo ကိုဝင်မေးပြီး အခန်းလွတ်ရှိလားမေးပြီးရှာလို့လဲရပါတယ်
Deposit 2 လစာလောက်သွင်းထားရပြီး Condo ဆိုရင် ၁ နှစ်ချုပ်ခိုင်းတာများပါတယ် apartment တွေကတော့ ၃ လလောက်ချုပ်လို့ရတာတွေရှိတက်ပါတယ်

5: Long stay Visa တစ်ခုခု ဝယ်မယ်
ကိုယ်က Non B ပေးတဲ့ White collar အလုပ်တစ်ခုခုရရင် Visa ကအဆင်ပြေပါပြီ
မဟုတ်ရင်တော့
အသက် ၅၀ ကျော်ရင်တော့ Retirement visa လျှောက်လို့ရပါတယ်
ကလေးပါလာလို့ Visa ရတဲ့ ကျောင်းအမျိုးအစားထားရင် အုပ်ထိမ်းသူတစ်ယောက် Visa ရပါမယ်
ဘက် သန်းချီသုံးနိုင်ရင်တော့ Elite Visa ဝယ်လို့ရပါတယ်
အခုနေတဲ့သူအများစုကတော့ တရားမဝင်နေတဲ့သူတွေကို ထုတ်ပေးတဲ့ ယာယီ ရွေ့ပြောင်းအလုပ်သမား ကတ်နဲ့နေကြတာများပါတယ်
Pink card, CI, Work permit , Passport & Visa
အဲ့ဒီ Pink card က Company ကြီးတွေ White Collar Job လျှောက်လို့မရလို့
ရာထူးကြီးသူတွေ Technician တွေအနေနဲ့ မတင်ခင်မှာ ဖြစ်လာမယ့် အားသာချက် အားနည်းချက်တွေကို သိပြီးမှ တင်စေချင်ပါတယ်
အားသာချက်ကတော့ Passport ပါမလာတဲ့သူတွေအတွက်ပါ အဆင်ပြေပါတယ်
အချိန်တိုင်းတင်လို့တော့မရပါဘူး
ရုံးက တင်လို့ရတယ်လို့ ကြေငြာထားတဲ့ အချိန်လေးတွေမှာပဲတင်လို့ရပါတယ်
တစ်နှစ်ကို နှစ်ကြိမ်ဖွင့်တက်ပါတယ် ( မသေချာပါ )
White collar job ရထားတဲ့သူတွေရဲ့ NonB + Work permit တို့
Pink card , Non LA တို့ မရှိထားတဲ့သူတွေအချို့က
ကိုယ်ပိုင်အလုပ်လုပ်ဖို့ ဒါမှမဟုတ်သူများဆီလုပ်ဖို့ ကိုယ်ပိုင် Visa တစ်ခုအနေနဲ့ University / Language school တွေမှာ Education visa ယူပြီးနေကြတာလဲများပါတယ်

6: Living Cost
ကုန်ကျစားရိတ်တွက်ရင် လာမယ့်စားရိတ်၊ Visa ၊ အခန်းငှားခ ၊ စားစရိတ် ၊ သွားလာစားရိတ် ၊ မီတာခ တွေအဓိက ကုန်ပါမယ်
Extra ကတော့ လည်ရင်လည်သလောက် သွားရင်သွားသလောက် စားရင်စားရသလောက် ကုန်ပါမယ် အချို့က တစ်လကို ၆၀၀၀ ကုန်နေတဲ့သူတွေရှိသလို တစ်လ ဘက် ၁၀၀၀၀၀ သုံးမလောက်တဲ့ မိသားစုတွေလဲရှိပါတယ်

ဒီ (၆) ချက်ကတော့ ထိုင်းနိုင်ငံမှာ နေထိုင်ဖို့အတွက် အရင်ဆုံးသိထားသင့်တဲ့အချက်များပဲဖြစ်ပါတယ်။

ထိုင်းရောက်ပြီးနောက်ပိုင်း အလုပ်ရှာပြီး လုပ်မလား? ကျောင်းတက်မလား? ကိုယ်ပိုင်စီးပွားရေးလုပ်မလား? ကလေးတွေကို ကျောင်းလာထားမလား? ဆိုတာကတော့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့သူတွေ ရှင်းပြထားတာကို ရှာဖွေဖတ်ရှုနိုင်ပါတယ်။

ထိုင်း-Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး

Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

2024 ရဲ့ ပထမအစလမှာပဲ နိုင်ငံခြားဧည့်သည့် ၂ သန်းကျော် လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်ရဲ့ Jan...
10/02/2024

2024 ရဲ့ ပထမအစလမှာပဲ နိုင်ငံခြားဧည့်သည့် ၂ သန်းကျော် လာရောက်လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်ရဲ့ January လ ထဲမှာပဲ နိုင်ငံခြားဧည့်သည်ပေါင်း ၂ သန်းကျော် ဝင်ရောက်လည်ပတ်ခဲ့တယ်လို့ The ministry’s Economics Tourism and Sports Division က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားဧည့်သည်တွေထဲမှာ မြန်မာနိုင်ငံကလည်း % တစ်ခုအနေနဲ့ သိသိသာသာပါဝင်နေပါတယ်။

သင်လည်း ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်ကူးရှိနေပြီဆိုရင်တော့ ထိုင်း-Go Mal ကိုသာ ဆက်သွယ်လိုက်ပါ။

လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး
Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာနဲ့> ထိုင်းယာဉ်မောင်းလိုင်စင်လုပ်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

၂၁ ရက်တိုင်တိုင် ကျင်းပသွားမယ့် ထိုင်းနိုင်ငံရဲ့ ရေကစားပွဲတော် Songkran Festival ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်တွေထဲက...
08/02/2024

၂၁ ရက်တိုင်တိုင် ကျင်းပသွားမယ့် ထိုင်းနိုင်ငံရဲ့ ရေကစားပွဲတော် Songkran Festival

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Songkran Festival ကိုတော့ ဒီနှစ် April လ (၁) ရက်နေ့ကနေ (၂၁) ရက်နေ့ထိ ၂၁ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီရေကစားပွဲတော်ကို ထိုင်းနိုင်ငံတစ်ဝှမ်းပြည်နယ် ၇၆ ခုသာမက ဘန်ကောက်မြို့တွင်း ခရိုင် ၅၀ လုံးမှာပါ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ။

ထိုင်းနိုင်ငံရဲ့ Songkran ပွဲတော်ဟာ UNESCO မှတ်တမ်းလည်းဝင်သွားပြီဖြစ်တာကြောင့် ဒီနှစ်မှာဆိုရင် “World Songkran Festival” လို့ အမည်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများရဲ့ စိတ်ဝင်စားမှုများစွာကိုလည်း ရရှိထားပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ဒီနှစ် Songkran ကို လည်ပတ်ဖို့စိတ်ကူးရှိနေပြီဆိုရင်တော့ အခုကတည်းက လေယာဉ်လက်မှတ်နဲ့ ဟိုတယ် Booking တို့ကို ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။

ထိုင်း- Go Mal မှာ လေယာဉ်လက်မှတ်ဝယ်တာကစပြီး >ဟိုတယ် Booking> ဘတ်လဲ> ကားအဌားဝန်ဆောင်မှု> Tourist Attraction နေရာတွေရဲ့ ဝင်ခွင့်လက်မှတ်များကိုပါ 1-stop Service ရရှိနိုင်ပြီး

Company License လျှောက်တာ> Visa လျှောက်တာတွေအပြင်> Bank Account ဖွင့်တာနဲ့> ထိုင်းယာဉ်မောင်းလိုင်စင်လုပ်တာတွေအထိပါ တစ်နေရာတည်းမှာ ပြုလုပ်နိုင်တာကြောင့်
ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

ထိုင်း-Go Mal နဲ့ဆို Safari World ကို စျေးတန်တန်နဲ့ လည်ပတ်လို့ရပါပြီ ထိုင်းနိုင်ငံကိုလာလည်ပြီဆိုရင်တော့ Safari World က မ...
24/01/2024

ထိုင်း-Go Mal နဲ့ဆို Safari World ကို စျေးတန်တန်နဲ့ လည်ပတ်လို့ရပါပြီ

ထိုင်းနိုင်ငံကိုလာလည်ပြီဆိုရင်တော့ Safari World က မသွားမဖြစ်၊သွားကြတဲ့နေရာတစ်ခုပါပဲ။
Animal Show များစွာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုလို့ရမယ့်အပြင် ရှားပါး တိရစ္ဆာန်ပေါင်းများစွာကို
တစ်နေရာတည်းမှာ ကြည့်ရှုလို့ရနိုင်တာကြောင့် ကလေးကော၊လူကြီးပါမကျန် မဖြစ်မနေ ရောက်အောင်သွားသင့်တဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး။
Safari World ဟာ ကမ္ဘာပေါ်မှာ သစ်ကုလားအုပ် အများဆုံးရှိတဲ့ တိရစ္ဆာန်ရုံအဖြစ် သတ်မှတ်ခံခဲ့ရပြီး အကောင်ရေ ရာချီတဲ့ သစ်ကုလားအုတ်တွေကို Marine Park ထဲမှာရှိတဲ့ Giraffe feeding terrace ပေါ်ကနေ အစာကျွေးရတာဟာလည်း ပျော်စရာ activity တစ်ခုပါပဲ။
Safari World မှာ Safari Park နဲ့ Marine Park ဆိုပြီး ၂ မျိုးရှိပါတယ်။
Safari Park ကတော့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါးမျိုးစိတ်တွေကို ဘေးမဲ့လွှတ်ထားတဲ့နေရာဖြစ်ပြီး
ကားနဲ့ ပတ်ကြည့်ရတာမျိုးဖြစ်ပါတယ်။ ကားစင်းလုံးဌားပြီး သွားလည်တယ်ဆိုရင်တော့ အဲ့ကားနဲ့ပဲဝင်ပတ်ကြည့်လို့ရပါတယ်။ ကားမပါသွားဘူးဆိုရင်တော့ သူတို့ဆီက ကားနဲ့ charges ပေးပြီး ပတ်ကြည့်နိုင်ပါတယ်။
Marine Park မှာဆိုရင်တော့ Animal Show တွေကို အချိန်နဲ့ပြပေးတာမျိုးဖြစ်ပြီး တိရစ္ဆာန်တွေနဲ့ Activities များစွာပြုလုပ်လို့ရပါတယ်။ ပွဲစဉ်တစ်ခုချင်းစီကို ရင်သပ်ရှု့မောဖွယ် ပြင်ဆင်ပြသပေးတာကြောင့် လုံးဝနောင်တမရမယ့် ရွေးချယ်မှုဆိုလည်း မမှားပါဘူး။
လက်မှတ်အနေနဲ့ကတော့ Safari Park နဲ့ Marine Park ကို ကြိုက်နှစ်သက်ရာ တစ်မျိုးစီခွဲဝယ်လို့ရသလို
၂မျိုးပေါင်းဝယ်ရင်တော့ စျေးပိုသက်သာပါတယ်။
နောက်ထပ် စျေးသက်သာမယ့်နည်းကတော့ Walk-in ရောက်မှ ဝယ်တာမျိုးမဟုတ်ပဲ ထိုင်း-Go Mal မှာ ကြိုဝယ်ထားတာပါပဲ။

လက်မှတ်စျေးနှုန်းတွေကတော့
Safari World - Package A : Safari Park + Marine Park + International or Indian Buffet Lunch (1020 B )
Safari World - Package B: Marine Park+Buffet Lunch (920 B )
Safari World - Package C: Safari Park+ Marine Park (890 B )
Safari World - Package D: Marine Park (820 B )
Safari World - Package E: Safari Park (770 B )
River Safari Ride (420 B ) တို့ပဲဖြစ်ပါတယ္။

Child 2-12 Years and between 100 - 140 cm ** Safari close on Monday
*** Must book in advance at least 2 hours ***

ထိုင်း-Go Mal မှာ Safari World လက်မှတ်အပြင် အသွားအပြန်အတွက် ကားစင်းလုံးပါ တစ်ခါတည်းဌားလို့ရတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ ဆက်သွယ်လိုက်ပါ။

Hype in Bangkok
16/01/2024

Hype in Bangkok

ဘန်ကောက်ကဘော်ဒါတွေ မြူးကြွနိုင်ဖို့ Hype in Bangkok ပွဲကြီး မကြာခင် စတင်ပါတော့မယ်

နှစ်သစ်ကို သီချင်းသံတွေနဲ့အတူ အရှိန်အဟုန်နဲ့ ဖြတ်သန်းဖို့ Hype in Bangkok Music Show ကို January 27 မှာကျင်းပသွားမှာပါ။

HiB ရဲ့ ပွဲဦးထွက် Line Up တွေကတော့ မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်တွေ ဖြစ်ကြတဲ့
🎤 Bunny Phyoe
🎤 Bobby Soxer
🎤 Snare တို့ပဲဖြစ်ပါတယ်။

🎶 Artist တွေရဲ့ နာမည်ကြားလိုက်တာနဲ့ ထိပ်တန်းတွေဆိုတာ ငြင်းစရာမရှိသလို မြန်မာလူငယ်တိုင်းရဲ့ ငယ်ဘဝဖြတ်သန်းမှုတိုင်းမှာ အမှတ်တရတစ်စိတ်တစ်ပိုင်းဖြစ်ဖူးသူတွေဆိုလည်း အမှန်ပါပဲ။ သူတို့တွေ ဘယ်လို သီချင်းတွေနဲ့ ဖျော်ဖြေသွားမလဲဆိုတာ အားလုံး ရင်ခုန်နေလောက်ပြီ ထင်ပါတယ်။ သူတို့ရဲ့ ဖျော်ဖြေမှုအကြမ်းစားတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားစီးမြောဖို့အတွက်တော့ Hype in Bangkok ကိုလာခဲ့လိုက်ပါ။

🟣 “Hype in Bangkok”

📅 27 January (Sat) - 7:00 PM

📍 Spicy Club, Petchaburi 15, Bangkok

🎫 Ticket Price : 500 THB

ဘန်ကောက်မှာလည်း Hype မှာပဲဆိုသူတွေအတွက် ကြိုတင်လက်မှတ်များကို
- Don Travel & Car Rental ( Huaikhwang )
- Broth Master Buffet Hot Pot ( Makassan )
- Chili Pot Thailand ( Stadium One )
- i Food Bar & Restaurant ( Soi Petchaburi 15 )
- Zawgyi Bar & Bistro ( Soi Petchaburi 17 ) တို့မှာ လာရောက်ဝယ်ယူနိုင်ပါတယ်။

♦️ ဘန်ကောက်မြို့တွင်း အပြင် Daybreak Restaurant ( Bangkok University ), Rangsit University နှင့် UTCC University တို့မှာလည်း အလွယ်တကူရရှိနိုင်ပါတယ်။

♦️ Online က ကြိုဝယ်ချင်သူတွေလည်း Burmese Nomads page မှာ ဝယ်လို့ရပါတယ်။ ပွဲနေ့မှာလည်း Walk in ဝယ်လို့ရပါတယ်။

လက်မှတ်ဝယ်ဖို့ အသေးစိတ်ကို Hype in Thailand Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ။

အားလုံးပဲ Stay Hype in Bangkok ပါ။

Phetchabun province's Nam Nao National Park မှာရှိတဲ့Phu Lang Kong Kwian Mountain မှာရှိတဲ့ အရွက်များ ကို ဒီအချိန် နှစ်တ...
06/01/2024

Phetchabun province's Nam Nao National Park မှာရှိတဲ့
Phu Lang Kong Kwian Mountain မှာရှိတဲ့ အရွက်များ ကို ဒီအချိန် နှစ်တိုင်းရဲ့ January လရောက်တိုင်း အဝါရောင် အနီရောင် များအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်

New Year Countdown ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ့် Central World 🎆🎇Central World ဟာဆိုရင် ၂၀၂၄ ကို ကြိုဆိုတဲ့ N...
18/12/2023

New Year Countdown ပွဲတော်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ့် Central World 🎆🎇

Central World ဟာဆိုရင် ၂၀၂၄ ကို ကြိုဆိုတဲ့ New Year Countdown ပွဲကို global music festival အနေနဲ့ World-class အဆင့်ရှိတဲ့ ပွဲစဉ် ၇ မျိုးနဲ့ ကျင်းပပေးသွားမှာပါ။

အဲ့ပွဲစဉ်တွေက ဘာတွေဖြစ်မလဲဆိုရင်တော့...
1. World-Class Lineup: ထိုင်းနှင့်နိုင်ငံတကာမှ အနုပညာရှင် 63 ဦးတို့ရဲ့ special shows များနဲ့ collaborations များကို မြင်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံမှ နာမည်ကြီး Billkin၊ PP Krit၊ NONT TANONT၊ INK WARUNTORN တို့ပါဝင်မှာဖြစ်ပါတယ်။
2. International Artists: ဘယ်သူတွေလာမလဲဆိုတာကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကြေငြာပေးသွားမှာဖြစ်ပါတယ်။ အရမ်းထူးခြားမယ်လို့လည်းပြောပါတယ်။
3. Art & Music Fusion: ကျော်ကြားတဲ့ ထိုင်းအနုပညာရှင်များ ရေးဆွဲထားသော ဂီတနှင့် အနုပညာပေါင်းစပ်မှု ဒီဇိုင်းများကို Global Music Fesitval ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားရစေရန် ပြသပေးသွားမှာပဲဖြစ်ပါတယ်။
4. Futuristic Fireworks: LED ဖန်သားပြင်ပေါ်တွင် တကယ့်မီးရှူးမီးပန်းများနှင့် အနုပညာပြကွက်များပေါင်းစပ်ထားသည့် 180° Futuristic မီးရှူးမီးပန်းများကို ပြသပေးသွားမှာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ နှစ်သစ်ပွဲတစ်ခုဖြစ်မယ်လို့ပြောထားပါတယ်။
5. Music Festival Sensation: World-class impact scene ကို မြင်ရမယ့် ဖျော်ဖြေပွဲလို့ပြောထားပါတယ်။
6. 10 Days of Fun: 21 ရက်နေ့ကနေ 30 ရက်နေ့ထိ ထိုင်းအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲတွေကို ၁၀ ရက်၊ ၁၀ ရက်ည ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဓာတ်ပုံရိုက်ဖို့အတွက် Pokémon photo spot တွေလည်း ပြင်ဆင်ပေးထားမှာဖြစ်ပါတယ်.
7. Sustainability: အတူတကွ Countdown လုပ်ကြမယ့် Program ပဲဖြစ်ပါတယ်။

ဒီပွဲဟာဆိုရင် Central World အနေနဲ့ Time Square of Aisa အဖြစ် ကျင်းပပေးတဲ့ပွဲဖြစ်တဲ့အပြင် 'Fantastic Future, concept ဖြင့် ထိုင်းလူမျိုးများသာမက နိုင်ငံခြားသား ခရီးသွားများအတွက်ပါ အမှတ်တရရှိလှတဲ့ နှစ်သစ်အကြိုညလေး ဖြစ်စေရန် ခေတ်မှီနည်းပညာများ၊ အသံစနစ်များ၊ Lighting များကို အထူးတလှယ်ပြင်ဆင်ထားတဲ့ပွဲဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွှတ်မခံပဲ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားပါတယ်။

ထိုင်း-Go Mal မှာ Air Ticket, Hotel Booking , Entrance Ticket Service, Bank Account Service, Company Registration Service, Driving License Service, Car Rental Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

အနီရောင် ကြာပန်း ပင်လယ်ကြီး လို့ တင်စားခေါ်ဝေါ်ကြတဲ့ ထိုင်းနိုင်ငံရဲ့ Udon Thani ဒေသက ကမ္ဘာကျော် Red Lotus Lake ရေကန်ကြီ...
04/12/2023

အနီရောင် ကြာပန်း ပင်လယ်ကြီး လို့ တင်စားခေါ်ဝေါ်ကြတဲ့ ထိုင်းနိုင်ငံရဲ့ Udon Thani ဒေသက ကမ္ဘာကျော် Red Lotus Lake ရေကန်ကြီးမှာ အနီရောင် ကြာပန်းတွေ စတင်ဖူးပွင့် နေကြပြီဖြစ်ပြီး ကန်ရေပြင်တစ်ခုလုံး အနီရောင် ကြာပန်းတွေနဲ့ ဖုံးလွှမ်းပြီး ကြာပန်းတွေ အပြည့်အဝ ပွင့်မယ့် ကာလကတော့ လာမယ့် ဒီဇင်ဘာ လလယ် လောက်ကနေ နောက်နှစ် ဇန်နဝါရီ လဆန်း လောက်အထိ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကြာကန်ကြီးထဲကို သွားရောက် လည်ပတ်လို့ ကောင်းတဲ့ အချိန်ကတော့ မနက်စောစော ကနေ နေ့လည် မွန်းမတည့်မီ အချိန်အထိ ဖြစ်ပါတယ်။

ဒီကြာကန်ကြီးထဲကို သွားရောက်လည်ပတ်ပြီး ဓာတ်ပုံတွေ တစ်ဝကြီးရိုက်ဖို့ လှေငယ်များကို ငှားရမ်းနိုင်ပြီး ၂ ယောက်စီး လှေငယ် တစ်စီးလျှင် ဘတ် ၃၀၀ နဲ့ ၆ ယောက်မှ ၈ ယောက်အထိ စီးနင်းနိုင်သော လှေငယ် တစ်စီးလျှင် ဘတ် ၅၀၀ အသီးသီးသတ်မှတ်ထားပါတယ်။

ဒီကြာကန်ကြီး တည်ရှိရာ Udon Thani ဒေသဟာ ထိုင်း-လာအို နယ်စပ်အနီးမှာ တည်ရှိတာမို့ လာအိုကို ဗီဇာကိစ္စနဲ့ သွားရောက်တာပဲ ဖြစ်စေ အလည်သက်သက် သွားရောက်တာပဲ ဖြစ်စေ အဲဒေသကို ဒီဇင်ဘာ-ဇန်နဝါရီကာလမှာ သွားဖြစ်မယ်ဆိုရင် မဝင်မဖြစ် ဝင်ရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Udon Thani မြို့ကို ဘန်ကောက်ကနေ ကား၊ ရထား၊ လေယာဉ် စတာတွေနဲ့ သွားရောက် လည်ပတ်နိုင်ပါတယ်

Red Lotus Lake တည်နေရာ - https://maps.app.goo.gl/55t2tEeANHzJhYLz7

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

Prepare to meet "Drone Light Show". First drone show in the middle of Chao Phraya river in Thailand! Lead over 300 drone...
27/11/2023

Prepare to meet "Drone Light Show". First drone show in the middle of Chao Phraya river in Thailand! Lead over 300 drones to show flight translation of musical letters in Loy Krathong theme and 3D symbol translations at night over the most beautiful Nam Chao Phraya curve by Asiatique The Riverfront Destination in collaboration with SIT Sky Image Tech (SIT) Ltd.
First time opening the show
📆On Monday, 27 November 2566
50Time 7:50 pm (Showtime is about 20 minutes)
📌At Lifestyle Market near the riverside area of Asia Teak, the riverfront destination project.
With performance techniques that have never been shown anywhere before, to create an impression and memories.
To all of you and loved ones not forgotten.
🚗Comfortably travel by car with parking service.
ากor BTS electric train. Taksin bridge station.
BoatWith free shuttle boat service (Shuttle Boat) every day from 16:00 – 23:30 hrs.

💐🌷🌸🌺Bangkok Flower Festival (ဒီဇင်ဘာ ၁ရက်နေ့ကနေ ၁၀ ရက်နေ့အထိ) 💐🌷🌸🌺နှစ်စဉ် ဒီဇင်ဘာ လတိုင်း ကျင်းပလေ့ရှိတဲ့ ဘန်ကောက် ပန်းပ...
25/11/2023

💐🌷🌸🌺Bangkok Flower Festival (ဒီဇင်ဘာ ၁ရက်နေ့ကနေ ၁၀ ရက်နေ့အထိ) 💐🌷🌸🌺

နှစ်စဉ် ဒီဇင်ဘာ လတိုင်း ကျင်းပလေ့ရှိတဲ့ ဘန်ကောက် ပန်းပွဲတော်ကို ဒီနှစ်မှာလည်း ဒီဇင်ဘာ ၁ ရက်ကနေ ၁၀ ရက်အထိ (မနက် ၈ နာရီမှ ည ၇ နာရီအထိ) ဘန်ကောက်မြို့ရှိ ဧက ၂၀၀ ခန့် ကျယ်ဝန်းတဲ့ Suanluang Rama IX Park (ဘုရင့်ပန်းခြံ) မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။

🌺ဒီပွဲတော်မှာ အလှစိုက်ပန်းပင် အမျိုးမျိုး အပြင် ရှားပါးအပင်များပါ ပါဝင် ခင်းကျင်းပြသမှာ ဖြစ်တဲ့အပြင် ပန်းအလှ ပြိုင်ပွဲများ၊ ပျိုးပင် အရောင်းဆိုင်များ၊ အစားအသောက် မျိုးစုံ ရောင်းချမယ့် ဆိုင်ခန်းများ၊ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစည်အစဉ်များ ပါ ပါဝင်မှာ ဖြစ်ပါတယ်။

🌼ပန်းမျိုးစုံ အလှဆင်ခင်းကျင်းပြသမယ့် အစီအစဉ်မှာ ပန်းပင်အမျိုးစုံ အရေအတွက် ၆ သိန်းကျော် ခင်းကျင်းပြသမှာ ဖြစ်ပြီး အထူးအစီအစဉ် အနေနဲ့ Amazing Winter Trees ခေါင်းစဉ်နဲ့ ကျူးလစ်ပန်း မျိုးစုံကိုလည်း သီးသန့်ခင်းကျင်း ပြသမှာ ဖြစ်ပါတယ်။ ဒီ ပန်းပွဲတော်ဟာ ဘန်ကောက်မှာ တစ်နှစ်တစ်ခါသာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပြီး အရောင်အသွေးစုံလင်လှတဲ့ ပန်းမျိုးစုံကို တစ်နေရာထဲမှာ လှပစွာခင်းကျင်း ပြသတာမို့ လက်လွှတ်မခံသင့်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

ပန်းခြံဝင်ကြေးက လူတစ်ဦးလျှင် ၁၀ ဘတ် ဖြစ်ပြီး ကားတစ်စီးလျှင် ဘတ် ၅၀ ဖြစ်ပါတယ်။ MRT အဝါရောင်လိုင်း ဖြင့် အလွယ်တကူ သွားနိုင်ပြီး ဆင်းရမယ့်ဘူတာက Suan Luang Rama 9 station ဖြစ်ပါတယ်။ ပြီးရင် Paradise Park Shopping Mall ဘေးကပ်လျက်က Srinagarindra Soi 55 လမ်းသွယ်ထဲကို ဝင်ပြီး ၁၀ မိနစ်ခန့် တည့်တည့်လမ်းလျှောက်ဝင်သွားရင် ဘုရင့်ပန်းခြံရဲ့ Magnolia Gate ကို ရောက်မှာ ဖြစ်ပါတယ်။ လမ်းမလျှောက်ချင်ရင်လည်း လမ်းထိပ်ကနေ ဆိုင်ကယ်တက်စီ တစ်ဆင့်စီးပြီး သွားလို့လည်း ရပါတယ်။

တည်နေရာ https://maps.app.goo.gl/Sk1rVNKbxjGqBPzs6

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

Diwali Festival Bangkok 2023 ဘန်ကောက်ရဲ့ ဒေဝါလီပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ Emquartier Shopping Mall ၌လည်းကောင...
11/11/2023

Diwali Festival Bangkok 2023 ဘန်ကောက်ရဲ့ ဒေဝါလီပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ Emquartier Shopping Mall ၌လည်းကောင်း နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်ရဲ့ Little India လို့တင်စားခေါ်ဝေါ်တဲ့ Pahurat ရပ်ကွက်ရှိ Klong Ong Ang မှာလည်းကောင်း ၂ နေရာခွဲပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ အိန္ဒိယရိုးရာ ဒေဝါလီမီးထွန်းပွဲတော် အပြင် အနုပညာရှင်များ ပါဝင်တဲ့ ဖျော်ဖြေပွဲအစီအစဉ်များ၊ ဈေးရောင်းပွဲများ၊ စားသောက်ဆိုင်များ အပါအဝင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များပါ ပါဝင်မှာ ဖြစ်ပါတယ်

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

ခရီးသွားတွေအတွက် အဆင်သင့်ဖြစ်လို့နေတဲ့ Khao Yai Rai Manee Sorn Sunflower Field ခေါက်ရိုင်ကို အလည်အပတ်သွားချင်တဲ့သူတွေအတွ...
10/11/2023

ခရီးသွားတွေအတွက် အဆင်သင့်ဖြစ်လို့နေတဲ့ Khao Yai Rai Manee Sorn Sunflower Field

ခေါက်ရိုင်ကို အလည်အပတ်သွားချင်တဲ့သူတွေအတွက် Photo Spot ဖြစ်စေမယ့် နောက်ထပ်တစ်နေရာအဖြစ် Rai Manee Sorn နေကြာခင်းကြီးက ဒီနှစ်အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။

October လဆန်းထဲက စပွင့်နေပြီဖြစ်တဲ့ နေကြာပန်းတွေက November, December လတွေမှာ မျက်စိတစ်ဆုံးလှပတဲ့အထိ ဖူးပွင့်လာမှာဖြစ်ပါတယ်။

ဝင်ကြေးအနေနဲ့ ထိုင်းနိုင်ငံသားဆို ဘတ် ၅၀ ကျသင့်မှာဖြစ်ပြီး၊ နိုင်ငံခြားသားဆိုရင်တော့ ဘတ် ၁၀၀ တောင်းခံပါတယ်။

အဲ့ဒိနေရာကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ထိုင်း-Go Mal မှာ Driver နဲ့ ကားစင်းလုံးဌားရမ်းနိုင်တဲ့အပြင် Air Ticket, Hotel Booking , Entrance Ticket Service, Bank Account Service, Company Registration Service, Driving License Service, Car Rental Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပြီနော်။

#ထိုင်း

🌊Pattaya International Fireworks Festival 2023🎇🎆ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတော်တ...
07/11/2023

🌊Pattaya International Fireworks Festival 2023🎇🎆

ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နာမည်ကြီးပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Pattaya International Fireworks Festival 2023 ကို ယခုလ နိုဝင်ဘာ ၂၄ - ၂၅ နှစ်ညမှာ ပတ္တယားကမ်းခြေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ နိုင်ငံတကာက မီးရှူးမီးပန်း ပညာရှင်များက ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မီးရှူးမီးပန်း အလှပြပစ်ဖောက်မှုများ ပြုလုပ်တင်ဆက်မှာမို့ လက်လွှတ်မခံသင့်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲတော်နှင့်အတူ တေးဂီတ ဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲများ၊ အစားအသောက်မျိုးစုံ ရောင်းချတဲ့ဈေးတန်းများပါ ခင်းကျင်းပါဝင်မှာမို့ ဒီ fireworks festival ကျင်းပတဲ့ ရက်တွေမှာဆိုရင် ပတ္တယားကမ်းခြေတလျောက် တိုးမပေါက်အောင် စည်ကားလေ့ရှိပြီး ပင်လယ်ဖက် မျက်နှာမူတဲ့ Sea View ဟိုတယ်ခန်းတွေ အကုန်လူပြည့်လေ့ ရှိတာမို့ ဒီပွဲတော်ကာလ ပတ္တယားကမ်းခြေကို ညအိပ်သွားရောက်လည်ပတ်ချင်တယ် ဆိုရင်တော့ အခုအချိန်ကထဲက ကြိုပြီး အခန်း booking လုပ်ထားဖို့ လိုအပ်ပါတယ်

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

King Power Mahanakhon Tower ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တွင်ရှိပြီး ဘန်ကောက်ရဲ့ အမြင့်ဆုံးမိုးမျှော်တိုက်တစ်ခုဖြစ်...
01/11/2023

King Power Mahanakhon Tower ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်တွင်ရှိပြီး ဘန်ကောက်ရဲ့ အမြင့်ဆုံးမိုးမျှော်တိုက်တစ်ခုဖြစ်ပါတယ်။
ခေတ်မီပြီးဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းနဲ့ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ထားတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

မျှော်စင်ရဲ့ ဒီဇိုင်းဟာဆိုရင် အပြင်ဘက်ကိုထုတ်ထားတဲ့ မှန်မျက်နှာစာတစ်ခု ပါရှိပါတယ်။ အဲဒီ ဒီဇိုင်းကပဲ ဘန်ကောက်တစ်မြို့လုံးကို အပေါ်စီးကမြင်ရတဲ့ဆွဲဆောင်မှုဖြစ်နေတာပါ။ ထိုမှန်တံတားကနေတဆင့် လာရောက်လည်ပတ်သူများအနေနဲ့ ဘန်ကောက်မြို့ရဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်ပါတယ်။ Tower ပေါ်ကနေ မြင်ရတဲ့ ဘန်ကောက်မြို့ရဲ့ နေဝင်ချိန်အလှမြင်ကွင်းကတော့ Mahanakorn Tower ရဲ့ ခရီးသွားများကို ဆွဲဆောင်ထားတဲ့ အဓိက သော့ချက်ပါပဲ။

Glass Floor ဖန်သားပြင်ပေါ်မှာ လမ်းလျှောက်ခြင်းကလည်း စိတ်လှုပ်ရှားဖွယ်မြင်ကွင်းကို ပေးပြီး စွန့်စားမှုကို ရှာဖွေနေသူများအတွက် ရေပန်းစားသောဆွဲဆောင်မှုတစ်ခုဖြစ်စေပါတယ်။

King Power Mahanakhon Tower မှာ စားသောက်ဆိုင်များနဲ့ ဘားများလည်းရှိပြီး ဘန်ကောက်ရဲ့ ခမ်းနားသောရှုခင်းများကို ခံစားရင်း အရသာရှိလှတဲ့ ထိုင်းနဲ့ နိုင်ငံတကာအစားအစာများကို မြည်းစမ်းလို့လည်းရပါသေးတယ်။ ဒါ့ကြောင့် ရိုမန်တစ်ဆန်တဲ့ ညစာစားပွဲများ သို့မဟုတ် သူငယ်ချင်းများနဲ့ တွေ့ဆုံပွဲများအတွက် ရွေးချယ်စရာနေရာတစ်ခုဆိုလည်း မမှားပါဘူး။

ဒါ့အပြင် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများ၊ အနုပညာပြပွဲများနဲ့ ဖျော်ဖြေရေး လှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်လေ့ရှိတာကြောင့် ဘန်ကောက်ရဲ့ အချက်အချာကျသော နေရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒါ့အပြင် Duty Free Retail ရောင်းချတဲ့ King Power Duty-Free ဆိုင်များနဲ့ လာရောက်သူများအား ဇိမ်ခံစျေးဝယ်အတွေ့အကြုံများကို ခံစားနိုင်စေတဲ့ စျေးဝယ်စင်တာကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

ချုံပြောရရင် King Power Mahanakhon မျှော်စင်ဟာ ဗိသုကာလက်ရာမြောက်တဲ့ အပြင် ဘန်ကောက်မြို့ရဲ့ တက်ကြွမှုနှင့် ဆန်းသစ်တီထွင်မှုကို တွေ့ကြုံခံစားလိုသူတိုင်း လာရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါတယ်။ ရင်သပ်ရှုမောဖွယ်ကောင်းသော မြို့ရှုခင်းများကို နောက်ခံထားပြီး ချစ်ရသူတွေနဲ့ အမှတ်တရကောင်းများ ဖန်တီးနိုင်တာကြောင့် တစ်ခေါက်လောက်တော့ ရောက်အောင်သွားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

🇹🇭ထိုင်းမှာ 2+1 Month ထပ်နေနိုင်ဖို့ လာအိုဗီဇာသွားတိုးစို့ 🇱🇦ထိုင်းနိုင်ငံကို 14 Days Arrival နဲ့ရောက်လာတဲ့သူများဖြစ်ဖြစ...
30/10/2023

🇹🇭ထိုင်းမှာ 2+1 Month ထပ်နေနိုင်ဖို့ လာအိုဗီဇာသွားတိုးစို့ 🇱🇦

ထိုင်းနိုင်ငံကို 14 Days Arrival နဲ့ရောက်လာတဲ့သူများဖြစ်ဖြစ်၊ Tourist Visa နဲ့ရောက်လာတဲ့သူများဖြစ်ဖြစ် Visa သက်တမ်းကုန်ခါနီးပြီး
ထိုင်းမှာထပ်နေချင်သေးတယ်ဆိုရင်တော့ Laos မှာ Visa သက်တမ်းသွားတိုးလို့ရပါတယ်။

လာအိုရဲ့ မြို့တော် Vietiane မှာသွားတိုးမယ်ဆိုရင်တော့ ၂ ညအိပ် ၃ ရက်သွားရမှာဖြစ်ပြီး Visa တိုးမယ့် Booking Appointment လေးကြိုယူထားဖို့လိုအပ်ပါတယ်။
ခရီးစဉ်ကတော့ နယ်စပ်ကို ဘန်ကောက်ကနေ ကားနဲ့ သွားလို့ရသလို
သက်သောင့်သက်သာဖြစ်ချင်တယ်ဆိုရင်တော့ လေယာဉ်နဲ့လည်းသွားလို့ရပါတယ်။

ကိုယ်က အခုမှ Visa သက်တမ်းစတိုးချင်တယ်၊ ဘယ်ကစပြင်ဆင်ရမလဲ မသိရင်တော့ ထိုင်း-Go Mal မှာ Laos Visa Run Service လေးဝယ်ယူလို့ရပြီနော်။

ထိုင်း-Go Mal မှာ Air Ticket, Hotel Booking , Entrance Ticket Service, Bank Account Service, Company Registration Service, Driving License Service, Car Rental Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal က အသင့်ရှိနေပါတယ်။

#ထိုင်း

29/10/2023

Wat Saket (Bangkok )
ရွှေတောင် ဘုရား

🌕သီတင်းကျွတ် လပြည့်ညမှာ စတင်မယ့် ထိုင်းနိုင်နဲ့ လာအို နှစ်နိုင်ငံနယ်စပ် နောင်ခိုင်မြို့ရဲ့ Naga Fireball Festival 💥💥💥ထို...
28/10/2023

🌕သီတင်းကျွတ် လပြည့်ညမှာ စတင်မယ့် ထိုင်းနိုင်နဲ့ လာအို နှစ်နိုင်ငံနယ်စပ် နောင်ခိုင်မြို့ရဲ့ Naga Fireball Festival 💥💥💥

ထိုင်းနိုင်ငံရဲ့ ထူးခြားဆန်းပြားတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ နဂါးမီးလုံး ပွဲတော် (Naga Fireball Festival) ကို ထိုင်းနိုင်နဲ့ လာအို နှစ်နိုင်ငံနယ်စပ် နောင်ခိုင်မြို့ရဲ့ မဲခေါင်မြစ်ကမ်းမှာ လာမယ့် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၆ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်ည အချိန်ရောက်တိုင်း မဲခေါင်မြစ်စောင့် နဂါးမင်းက တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ကြွမြန်းလာတဲ့ မြတ်စွာဘုရားကို ရည်စူးပြီး မဲခေါင်မြစ်တွင်းကနေ နဂါးမီးလုံးမီးတောက်တွေ မှုတ်ထုတ်ပူဇော်တယ်လို့ ဒေသခံထိုင်းတွေနဲ့ လာအိုတွေက ယုံကြည်ကြပါတယ်။

အမှန်တကယ်လည်း နှစ်စဉ် သီတင်းကျွတ် လပြည့်ည ရောက်တိုင်း မဲခေါင်မြစ်အတွင်းမှ အနီရောင်မီးလုံးမီးတောက်များ ထူးဆန်းစွာ ထွက်ပေါ်လာလေ့ရှိပြီး လေထဲကို တက်ရောက်ပျောက်ကွယ်သွားလေ့ ရှိပါတယ်။

ဒီကာလမှာ ဒေသခံတွေနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြသူတွေ မဲခေါင်မြစ်ကမ်း တစ်လျောက်မှာ ကမ်းလုံးညွှတ်မျှ နဂါးမီးလုံးမှုတ်တာကို လာရောက်ကြည့်ရှုကြလေ့ ရှိတာမို့ ထိုင်းနိုင်ငံ နောင်ခိုင်မြို့နဲ့ လာအိုဖက်ခြမ်း မဲခေါင်မြစ်ကမ်း တစ်လျှောက်မှာ အထူးစည်ကားလေ့ ရှိပါတယ်။

သိပ္ပံပညာရှုထောင့်အရ ဒီဖြစ်စဉ်ဟာ မြစ်ကြမ်းပြင်ရှိ ဓာတ်ငွေ့ ထွက်ရာနေရာများမှ မီသိန်းဓာတ်ငွေ့များထွက်လာပြီး ထိုဓာတ်ငွေ့များ မြစ်ထဲမှတစ်ဆင့် လေထဲရောက်ရှိကာ အောက်စီဂျင်နဲ့ ထိတွေ့ပြီး မီးလောင်ကျွမ်းတာ ဖြစ်တယ်လို့ ဆိုကြပေမယ့် နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့နဲ့ တိုက်ဆိုင်စွာ ထူးခြား ပေါ်ထွက်လာလေ့ ရှိတဲ့ ဖြစ်စဉ် ဖြစ်နေတာမို့ ဒေသခံတွေကတော့ သိပ္ပံပညာအရရှင်းပြမှုကို လက်မခံကြပဲ မဲခေါင်မြစ်စောင့် နဂါးမင်းကြောင့် ဟူ၍သာ တစိုက်မတ်မတ် ယုံကြည်လျက်ရှိကြပြီး ဒီအဖြစ်အပျက်ဟာ ဘာကြောင့် သီတင်းကျွတ် လပြည့်ညနဲ့ တိုက်ဆိုင်စွာ ဖြစ်ပေါ်လေ့ရှိသလဲ ဆိုတာကိုတော့ ဘယ်သူကမှ တိတိကျကျ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

လာမယ့်သီတင်းကျွတ် လပြည့်မှာ စတင်မယ့် Naga Fireball Festival ကို ထိုင်းဝန်ကြီးချုပ်သစ် Srettha Thavisin ကိုယ်တိုင် လာရောက်ဖွင့်လှစ်မှာ ဖြစ်ပြီး ဒီပွဲတော်ကို အနယ်နယ်အရပ်ရပ်က လူနှစ်သိန်းကျော် လာရောက်လည်ပတ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီ Naga Fireball Festival ဟာလည်း ထိုင်းနိုင်ငံရဲ့ ထူးခြားဆန်းပြားတဲ့ ပွဲတော်တစ်ခု ဖြစ်တာမို့ သွားရောက်လေ့လာ လိုသူများ သီတင်းကျွတ်လပြည့်ညအမီ သွားရောက်နိုင်ကြဖို့ အသိပေးဖော်ပြလိုက်ရပါတယ်။

ထိုင်း-Go Mal မှာ Car Rental Service, Air Ticket Service, Hotel Booking , Bank Account Service, Company Registration Service, Entrance Ticket Service, Visa Service တို့ကို ဝန်ဆောင်မှုပေးနေတာကြောင့် ထိုင်းမှာဘာပဲလိုလို ထိုင်း-Go Mal ကိုသာ သတိရလိုက်ပါ။

#ထိုင်း

Address


Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 15:00

Website

Alerts

Be the first to know and let us send you an email when ထိုင်း - Go Mal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share