07/11/2024
နိုင်ငံပေါင်း (၁၀၂) နိုင်ငံကို ဗီဇာကင်းလွှတ်ခွင့်ပေးလိုက်တဲ့ ကာတာ
~~~~~~~~~~~~~
ကာတာနိုင်ငံဟာ အာရပ်ကမ္ဘာ GCC ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်ရန် ရည်ရွက်ချက်ဖြင့်ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ဘာရိန်းတို့ ပါဝင်တဲ့ နိုင်ငံ 102 နိုင်ငံကို ဗီဇာကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။
ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ခြင်းဟာ ခုလို နှစ်သစ်ကူးပြောင်းကာလမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုလို့ ဆိုရမှာပါ။
ကာတာရဲ့ ဗီဇာကင်းလွတ်ခွင့် စီမံချက်က နိုင်ငံပေါင်း 102 က နိုင်ငံသားတွေကို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်စေမှာဖြစ်ပါတယ်။
ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံတွေနဲ့ နေ့ထိုင်ခွင့်ရက်အကန့်အသတ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
အောက်ဖော်ပြပါနိုင်ငံတွေကတော့ ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံတွေဖြစ်ပြီး ရက်ပေါင်း (၃၀) နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
အန်ဒိုရာ၊ သြစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘရာဇီး၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ကျူးဘား၊ အီကွေဒေါ၊ ဖောက်ကလန်ကျွန်းများ၊ ပြင်သစ်ဂီယာနာ၊ ဂျော်ဂျီယာ၊ ဂိုင်ယာနာ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အိုင်ယာလန်၊ ဂျပန်၊ ကာဇက်စတန်၊ လက်ဘနွန်၊ မကာအို၊ မက်ဆီဒိုးနီးယား၊ မော်လဒိုက်၊ မောရစ်ရှပ်၊ မက္ကဆီကို၊ မော်လ်ဒိုဗာ၊ မိုနာကို၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ ပါကစ္စတန်၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ရုရှား၊ ရဝမ်ဒါ၊ ဆန်မာရီနို၊ စင်ကာပူ၊ တောင်အာဖရိက၊ တောင် ကိုရီးယား၊ ဆူရီနမ်၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်၊ ဥရုဂွေး၊ ဥဇဘက်ကစ္စတန်၊ ဗာတီကန်မြို့နှင့် ဗင်နီဇွဲလား
အောက်ဖော်ပြပါနိုင်ငံတွေကတော့ ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံတွေဖြစ်ပြီး ရက်ပေါင်း (၉၀) နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
အန်တီဂွာနှင့် ဘာဘူဒါ၊ အာဂျင်တီးနား၊ သြစတြီးယား၊ ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စလန်၊ အီတလီ၊ လတ်ဗီးယား၊ လစ်ချ်တင်စတိန်း၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မလေးရှား၊ မော်လတာ၊ နယ်သာလန်၊ နော်ဝေး၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆားဘီးယား၊ ဆေးရှဲလ်၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီနှင့် ယူကရိန်း စတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံကတော့ ပါဝင်လာခြင်းတော့ မရှိပါဘူး။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကာတာကို သွားရောက်လိုတယ်ဆိုရင်တော့ ယခင်အတိုင်း ဗီဇာလျှောက်ထားပြီးမှသာ သွားရောက်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ်လည်း ယခုလို Travel နှင့် ပက်သက်တဲ့ အကြောင်းအရာလေးတွေ Sharing လုပ်ပေးသွားမှာမလို့ မင်မင်တို့ NEW AYA Travel Agency Page လေးကို Like & Follow လေး ပြုလုပ်ထားလို့ ရပါတယ်ရှင့်။
မင်မင်တို့ NEW AYA Travel Agency မှာဆိုရင်တော့ NEW AYA Travel Agency တွင် 30Days/60Days/90Days UAE New Entry Visit Visa, International Flight Ticket တို့ အပြင်
UAE Tour Package များနှင့် Schengen Visa ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်ရှင့်။
အသေးစိတ်ဆက်သွယ်မေးမြန်းလိုတယ်ဆိုရင်တော့ New AYA Travel Agency ရဲ့ Facebook Messenger နှင့် WhatsApp number လေးတွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
လူကြီးမင်းတို့၏ခရီးစဉ်များ အဆင်ပြေ ချောမွေ့စေရန်နှင့် လိုရာခရီးသို့ ချောချောမောမောရောက်ရှိစေရန်အတွက် NEW AYA TRAVEL AGENCY L.L.C မှ အချိန်နှင့် တစ်ပြေးညီ အထူးဝန်ဆောင်မှု ပေးနေပါတယ်ရှင့်။ 👩🏻💻
✅Your Most Reliable Agency - NEW AYA Travel Agency L.L.C
For More Information
Contact Number: +971 559096750- Dubai Direct (Call or WhatsApp),+971 524061430 (Call or WhatsApp)
Office Location: No #104, First Floor, Hadi Plaza,
Al Rigga Road,Near IBIS Hotel, Dubai, United Arab Emirates.
Office Timing : Monday to Sunday (10 AM to 11 PM)
Only for Friday (3 PM to 11 PM)