HOPE For DUBAI By Zay Yar

HOPE For DUBAI By Zay Yar 🇦🇪 UAE // Myanmar 🇲🇲 ငွေလွှဲ, Visa & AirTicket Service 💸 ✈️✨😎
(1)

🇦🇪 UAE // Myanmar 🇲🇲 ငွေလွှဲနူန်း 💸Updated Rate 👇🏻👇🏻👇🏻AED to MMK 🇦🇪💵🇲🇲~~~~~~~~~~~~~~~~101 AED = 1 သိန်းကျပ်( 1 AED = 990...
18/04/2024

🇦🇪 UAE // Myanmar 🇲🇲 ငွေလွှဲနူန်း 💸

Updated Rate 👇🏻👇🏻👇🏻

AED to MMK 🇦🇪💵🇲🇲
~~~~~~~~~~~~~~~~

101 AED = 1 သိန်းကျပ်

( 1 AED = 990 Ks )

Cash / Wave / Kpay / Banking / ရန်ကုန် အိမ်အရောက်ပို့ / အကုန်ရ မရမရှိ မြန်မာဘက်မှာ ကြိုက်သလိုထုတ်ယူနိုင်ပါသည်

အချိန်နဲ့အမျှ စျေးနူန်း အပြောင်းအလဲ ရှိနိုင်ပါသည်

** ငွေလွှဲခအတွက် မည်သည့် Service Charge မှ

ထပ်ပေးစရာမလိုပါ **

မြန်မာပြည်အနှံ့ကို ဘဏ်ပေါင်းစုံမှ ငွေလွှဲပေးပါသည်

ရန်ကုန်မြို့တွင်း ၅ သိန်းနဲ့ အထက် ငွေလွှဲများကို

Free Delivery ပို့ပေးသလို ကျန်မြို့နယ်များကိုလဲ

Charges ပေး၍ အိမ်အရောက်ငွေလွှဲ ပို့ဆောင်နိုင်ပါသည်

ဒူဘိုင်းတွင် လူကိုယ်တိုင် Alrigga ကို ငွေလာလွှဲလို့ ရသလို

ကျနော့်ရဲ့ UAE Bank အကောင့်ထဲကိုလဲ ငွေလွှဲ၍

မြန်မာပြည်သို့ ငွေလွှဲပို့ဆောင်နိုင်ပါသည်

MMK to AED 🇲🇲💵🇦🇪
~~~~~~~~~~~~~~~~~

1 သိန်းကျပ် = 95 AED

( 1,053 Ks = 1 AED )

MMK ကို Cash in Ygn / Banking / Kpay များနဲ့

လက်ခံပါသည်

အချိန်နဲ့အမျှ စျေးနူန်း အပြောင်းအလဲ ရှိနိုင်ပါသည်

** ငွေလွှဲခအတွက် မည်သည့် Service Charges မှ

ထပ်ပေးစရာမလိုပါ **

ဆက်သွယ်ရန် - Mobile : +971 56 193 5239

Location : Dubai 1 > Near Alrigga Metro Station,
Dubai 2 > Near Sharaf DG Metro Station,

Visit Visa နဲ့ UAE Dubai ကိုလာပြီး အလုပ်ရှာမယ့်သူများအတွက်ပါ  🇲🇲✈️🇦🇪 ✨ 60 Days Visa With Insurance ✨ MAI Yangon to Dubai...
11/12/2023

Visit Visa နဲ့ UAE Dubai ကိုလာပြီး အလုပ်ရှာမယ့်သူများအတွက်ပါ 🇲🇲✈️🇦🇪

✨ 60 Days Visa With Insurance

✨ MAI Yangon to Dubai Direct Flight Airticket

✨ လေဆိပ်တွင်ပြရန် Return Booking Ticket

✨လေဆိပ်တွင်ပြရန် Hotel Booking

✨UAE Phone Sim Card ဝယ်ပေးခြင်း

✨Dubai (Train) Metro Card ဝယ်ပေးခြင်း

✨UAE Standard အမှီ CV ပြုလုပ်ပေးခြင်း

✨အလုပ်ခေါ်စာတင်ပေးသော Group Add ပေးခြင်း

✨ UAE နှင့်ပက်သက်သမျှ သိလိုသည်များကို ဆွေးနွေး

တိုင်ပေးခြင်း စတဲ့ ဝန်ဆောင်မူတွေ အားလုံး ရရှိမှာ

ဖြစ်ပါတယ် ခင်ဗျာ ✨🇲🇲✈️🇦🇪

ကဲ .. စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင်တော့

WhatsApp +971 56 1985 777 မှာစုံစမ်းမေးမြန်း

နိုင်ပါတယ်ခင်ဗျာ

‼️ Messenger ( Cb ) အလုပ်ကိစ္စ မသုံးပါခင်ဗျာ ‼️

Zay Yar ( Hope For Dubai )

‼️⚠️ Attention Please ⚠️‼️ယနေ့ ( 07.12.23 ) မှ စ၍ MAI က သတ်မှတ်တဲ့USD Exchange Rate ပြောင်းသွားပါသည်            ✨✨✨ 1 US...
07/12/2023

‼️⚠️ Attention Please ⚠️‼️

ယနေ့ ( 07.12.23 ) မှ စ၍ MAI က သတ်မှတ်တဲ့

USD Exchange Rate ပြောင်းသွားပါသည်

✨✨✨ 1 USD = 3520 Ks ✨✨✨

Ref : 👇🏻👇🏻👇🏻

Dear Valued Agents,

Greetings from Myanmar Airways International & Air KBZ !!!

We would like to inform you that MAI Finance Department will remain unchanged at the current NUC (Neutral Unit of Currency) of 1 = MMK 3,260, but moving forward we will collect transaction charges of MMK 260 per 1 NUC (With Effective from 07th Dec 2023).

We will keep you update and inform you time to time changes.

Should you require any further assistance , please do not hesitate to contact us.

Kind Regards | ချမ်းမြေ့ပါစေ.
Sales Team

MAI RATE-3520

Dubai Airport Pickup 🇲🇲✈️🇦🇪 (24.11.23)ကျနော့်ရဲ့ Package နဲ့ ဒူဘိုင်းကို လာပြီးအလုပ်ရှာကြတဲ့ ညီ ညီမတွေ အဆင်ပြေချောမောစွာ...
24/11/2023

Dubai Airport Pickup 🇲🇲✈️🇦🇪 (24.11.23)

ကျနော့်ရဲ့ Package နဲ့ ဒူဘိုင်းကို လာပြီး

အလုပ်ရှာကြတဲ့ ညီ ညီမတွေ အဆင်ပြေချောမောစွာ

ရောက်ရှိပါကြောင်း .. နောက်ထပ် လာမယ့်အဖွဲ့များလည်း

ဆက်တိုက်ထပ်လာဖို့ရှိပါသေးတယ် .. ✨

ခုမှလာဖို့ပြင်ဆင်နေသူများလဲ WhatsApp ကနေ

အသေးစိတ် မေးမြန်းန်ိုင်ပါတယ် 😎

Zay Yar : Mobile / Whatsapp : +971 56 193 5239

23/11/2023

Just for fun 😅🤣😂

ဒူဘိုင်းကိုလာမယ့်သူတွေလဲ လူမျိုးပေါင်းစုံကပြောမယ့် အဲ့လို English Speaking တွေကိုနားလည်အောင် ကြိုလေ့လာထားနော် 😁🇲🇲✨🇦🇪

Crd : Original

ဒီ Low Budget Package လေးကို အရမ်းတန်လို့ တခဲနက် အားပေးခဲ့ကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ် .. တယောက်ထဲ Run နေရတဲ...
23/11/2023

ဒီ Low Budget Package လေးကို အရမ်းတန်လို့ တခဲနက် အားပေးခဲ့ကြတဲ့ မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ် .. တယောက်ထဲ Run နေရတဲ့ အနေအထားမှာ ဒီ Service တွေ အားလုံးကို ဒီစျေးနဲ့ပေးဖို့ လူအားရော ငွေအားရော မနိုင်တော့တာကြောင့် ဒီလ November အကုန်ထိပဲ ဒီ Promotion ကိုသတ်မှတ်လိုက်ပါတယ်
နောက်လ December မှစ၍ Visa လျှောက်မယ့်သူများအတွက်ကတော့ နောက် Package တစ်ခု ထပ်စီစဉ်ပေးဖို့ရှိပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ 🤗😎✨

Zay Yar

ဒူဘိုင်းကို သူများတွေလိုလဲ သွားချင်တယ်

ဘယ်ကနေ စပြီးလုပ်ရမှန်းလည်းမသိ

ဘာတွေလိုအပ်မှန်းလည်းမသိ

ဘယ်လောက်ကုန်ကျမယ်မှန်းလဲမသိ

ဟိုမှာ အသိမိတ်ဆွေလဲမရှိ

အလုပ်ရှာဖို့ Guideline ပေးမယ့်သူလဲ မရှိလို့

စိတ်ပူနေလား ? ဒါဆိုရင်တော့ အဖြေက တစ်ခုထဲပါပဲ

အဲ့ဒါကတော့ ကိုဇေယျာ ရဲ့ ရှယ်တန်တဲ့

Low Budget Package လေးပေါ့ဗျာ 🇲🇲✈️🇦🇪

ကဲ .. စိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင်တော့

WhatsApp (သို့မဟုတ်) Viber မှာစုံစမ်းမေးမြန်းနိုင်ပါတယ်

Note : အလုပ်ပါ ရှာပေးသော Job Agent မဟုတ်ပါ

*** Cb or Comment မှ မေးမြန်းခြင်းသည်းခံပါ ***

Zay Yar : WhatsApp / Viber +971 56 193 5239

🇲🇲 မြန်မာ မှ Visit Visa နဲ့ UAE 🇦🇪 ( Dubai ) ကိုလာမည့်သူများအတွက် UAE ရဲ့ 60 Days Visa အကြောင်းလေး နဲနဲရှင်းပြပါရစေ … 60...
06/11/2023

🇲🇲 မြန်မာ မှ Visit Visa နဲ့ UAE 🇦🇪 ( Dubai ) ကိုလာမည့်

သူများအတွက် UAE ရဲ့ 60 Days Visa အကြောင်းလေး

နဲနဲရှင်းပြပါရစေ … 60 Days က 2 ခုဖြစ်နေတဲ့ အတွက်

တော်တော်များများက ရောထွေးနေကြလို့ပါ

🟥 အနီရောင်နဲ့ ပြထားတဲ့ Date 2 ခုက Visa

ချပေးလိုက်သောနေ့ နှင့် နောက်ဆုံး UAE ကို ဝင်ရမည့်နေ့

ဆိုလိုသည်မှာ Visa ရပြီး ရက် 60 အတွင်း UAE သို့

လာရန်နှင့် မလာဖြစ်ပါက Visa ဖိုးဆုံးမည် လာချင်လျှင်

အသစ်ပြန်လျှောက်မှရပါမည်

🟢 အစိမ်းရောင်နဲ့ ပြထားတာကတော့ မိမိတို့လျှောက်

ထားတဲ့ Visa သက်တမ်းပါ Maximum Stay 60 Days

ဆိုရင် 2 လ visa ဖြစ်ပြီးတော့ UAE ကိုရောက်သည့်

နေ့မှသာ ရက် 60 စ၍ရေတွက်မှာဖြစ်ပါတယ်

( Note : လျှောက်ထားသူဘက်မှ ချို့ယွင်းချက်ကြောင့်

Visa Reject ဖြစ်ခဲ့သော် UAE Government မှ ငွေပြန်မ

အမ်းပါ ခင်ဗျာ )

Cb or Mobile / Whatsapp +971 56 193 5239

နိုင်ငံခြားမှာအလုပ်လျှောက်မယ်ဆိုဘာတွေပြင်ဆင်ထားရမလဲ(၁) ? အလုပ်တစ်ခုစလျှောက်တော့မယ်ဆိုရင်မဖြစ်မနေစလုပ်ရမှာက အလုပ်လျှောက်လ...
31/10/2023

နိုင်ငံခြားမှာအလုပ်လျှောက်မယ်ဆိုဘာတွေပြင်ဆင်ထား
ရမလဲ(၁) ?
အလုပ်တစ်ခုစလျှောက်တော့မယ်ဆိုရင်မဖြစ်မနေ
စလုပ်ရမှာက အလုပ်လျှောက်လွှာ (CV Form) စတင်
ရပါမယ်။
အလုပ်ခန့်မယ့်သူများကလည်းလူကိုကိုယ်တိုင်မမြင်ရသေးချိန်မှာ CV Form ကြည့်ပြီးစတင် ပဏာမ
စတင်ရွေးချယ်တာဆိုတော့ ကိုယ့် CV Form က
အများထက်သာနေဖို့တော့လိုအပ်ပါတယ်။
မသာရင်တောင် သူများထက်မနိမ့်ကျဖို့ကအရေးကြီး
ပါတယ်။
နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံမှာလို ရပ်ကွက်ထောက်
ခံစာ ၊ ရဲစခန်းထောက်ခံစာ ၊ အိမ်ထောင်စုစာရင်းတွေ
ထည့်ပေးဖို့မလိုအပ်ပါဘူး။
ကိုယ်နဲ့ကိုက်ညီမယ့်အလုပ် ၊ ကိုယ့်လုပ်ငန်းအတွေ့အကြုံမယ့်အလုပ် ၊ ကိုယ်နဲ့ကိုက်ညီမယ့်ရာထူးမျိုးကိုတော့
သေချာရွေးချယ်စေလိုပါတယ်။
ကိုယ်လျှောက်တဲ့ Organization အကြောင်း
အကျဉ်းချုပ်လေ့လာထားစေလိုပါတယ်။
ကိုယ်လျှောက်တဲ့ အလုပ်/ရာထူး နဲ့ပတ်သက်ပြီး
ကိုယ်ယူရမယ့်တာဝန်များများ ၊ ဘာတွေလုပ်ရမယ်
ဆိုတာမျိုးကိုလည်းကြိုတင်လေ့လာထားစေလိုပါတယ်။
အဲ့တော့ CV Form ကိုဘယ်လိုပြင်ဆင်မလဲ ?
CV Form format တွေဒီဇိုင်းအစုံနဲ့အများကြီးရှိတဲ့အထဲကမှ ကျွန်တော်ကတော့အရိုးရှင်းဆုံးပုံစံကိုသာ
အကြိုက်ဆုံးပါ။ ပုံစံနမူနာကိုအောက်မှာဖော်ပြပေး
ထားပါတယ်။
1. Colour ဓာတ်ပုံကိုဖော်ပြပါ။ ဓာတ်ပုံရိုက်တဲ့အခါ သပ်သပ်ရပ်ရပ်ဖီးလိမ်းပြင်ဆင်ပြီး။ Business Suit နဲ့
ရိုက်နိုင်ရင်ပိုကောင်းပါတယ်။
မရိုက်နိုင်လဲ Photoshop နဲ့ပြင်ခိုင်းလိုက်ပါ။
2. အမည်ကို ထင်ထင်ရှားရှားဖြစ်အောင်ဖော်ပြပါ။
3. Apply Position ကိုယ်လျှောက်ထားလိုတဲ့ ရာထူးကိုဖော်ပြပါ။
4. Phone Number ဖုန်းနံပါတ်, Email အီးမေလ်, Address နေရပ်လိပ်စာ တို့ကိုအစဉ်လိုက်ဖော်ပြပေးပါ။
5. Objective ကိုယ်ဘာကြောင့်ဒီအလုပ်ကိုလျှောက်
ချင်ကြောင်းအကျဉ်းဖော်ပြပေးပါ။
6. Education ကိုယ်ရထားတဲ့ဘွဲ့တွေကိုချရေးပါ။
ဘယ်နှနှစ်တတ်ထားကြောင်းဘေးမှာဖြည့်ပေးပါ။
7. Working Experience လုပ်ငန်းအတွေ့အကြုံ
ပထမဆုံးစလုပ်ခဲ့တဲ့အလုပ်ကနေ နောက်ဆုံးလုပ်ခဲ့တဲ့
အလုပ်အထိဖော်ပြပေးပါ။
Position = လုပ်ခဲ့တဲ့ရာထူး
Company Name = လုပ်ခဲ့တဲ့ဘူးတဲ့ကုမ္ပဏီအမည်
Responsible = ဘာတွေတာဝန်ယူပြီးဆောင်ရွက်ခဲ့
ကြောင်းအကျဉ်းချုပ်ဖော်ပြပေးပါ။
8. Other Qualification အခြားထားတဲ့သင်တန်း တွေနဲ့ တတ်ခဲ့တဲ့ခုနှစ်တွေကိုဖော်ပြပေးပါ။
Course Title = တတ်ခဲ့သည့်သင်တန်း
Training Center = သင်တန်းကျောင်းအမည်
Period = တတ်ခဲ့သည့်ခုနှစ်
9. Language ကိုယ်ဘယ်ဘာသာစကားတွေပြော
တတ်ကြောင်းရေးပါ။
10. Personal Information ကိုယ်ရေးအချက်အလက်အကျဉ်းချုပ်ကိုရေးပါ။
Name = အမည်
Date Of Birth = မွေးနေ့
Birth Of Place = မွေးဖွားသည့်နေရာ (နိုင်ငံ)
Nationality = နိုင်ငံသား
Religious = ကိုးကွယ်သည့်ဘာသာ
Marital Status = အိမ်ထောင်ရေးအခြေအနေ
အဲ့လောက်ပါရင်လုံလောက်ပါတယ်။
Interview သွားတဲ့အခါ။
👉 Business Suit သို့မဟုတ် သေသေသပ်သပ် ဝတ်စားဆင်ယင်သွားပါ။
👉 ဂျင်းဘောင်းဘီတို့ ၊တီရှပ်တို့ ၊ ဘောင်းဘီအတို ၊ အင်္ကျီလက်ပြတ် နဲ့ သရုပ်ပျက်အဝတ်အစားများ
ဝတ်ဆင်ခြင်းကိုအထူးရှောင်ရှားသင့်ပါတယ်။
👉 ဆံပင်ကိုသပ်ရပ်စွာဖီးလိမ်းသွားပါ။
👉 ခံတွင်း နဲ့ ကိုယ်အနံ့ကကင်ရှင်းအောင်ပြင်ဆင်ပါ။
👉 အနံ့ပြင်းလွန်းသောရေမွှေးများသုံးစွဲခြင်းကို
ရှောင်ကြည်ပါ။
Interview တွင်အမေးများသောမေးခွန်းများ။
Can you tell me about your self ?
မင်းရဲ့အကြောင်းလေးပြောပြပေးနိုင်မလား ?
Why do you want to apply this job ?
ဘာကြောင့်ဒီအလုပ်ကိုလျှောက်ချင်တာလဲ ?
Why do you want to work at this company ?
ဘာကြောင့်ဒီကုမ္ပဏီမှာအလုပ်လုပ်ချင်ရတာလဲ ?
What is your responsibility at previous job ?
အရင်အလုပ်မှာမင်းဘာတာဝန်တွေယူခဲ့ရလဲ ?
Why are you leaving your current job or previous job ?
ဘာကြောင့်ယခုလက်ရှိအလုပ်ကထွက်လာတာလဲ
သို့မဟုတ် အရင်အလုပ်ကထွက်ခဲ့တာလဲ ?
What are your strengths or weakness ?
မင်းရဲ့အားသာချက်ကဘာလဲ သိုမဟုတ်
အားနည်းချက်ကဘာလဲ ?
Why should we hire you ?
ဘာကြောင့်ငါတို့ကမင်းကိုအလုပ်ခန့်ရမှာလဲ ?
What are your salary expectations ?
မင်းလစာဘယ်လောက်မျှော်လင့်ပါသလဲ ?
When can you start ?
ဘယ်တော့ဒီအလုပ်ကိုစဝင်နိုင်ပါသလဲ ?
What's your working style or management style?
မင်းရဲ့အလုပ်လုပ်တဲ့ပုံစံ သို့မဟုတ် အုပ်ချုပ်မှုပုံစံ ကဘယ်လိုလဲ?
How do you deal with pressure or stressful situation ?
မင်းရဲ့အလုပ်ဖိအား သို့မဟုတ် စိတ်ဖိစီးမှုအခြေအနေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?
Do you have any questions for us ?
မင်းအနေနဲ့ငါတို့ကိုဘာမေးခွန်းတွေမေးစရာရှိသေးလဲ ?
အထက်ဖော်ပြပါမေးခွန်းများနဲ့လျှောက်တဲ့ရာထူးအပေါ်
မူတည်ပြီး လုပ်ငန်းခွင် skill & Knowledge နဲ့ဆိုင်တဲ့
မေးခွန်းများပါမေးတတ်ပါတယ်။
လုပ်ငန်းခွင် skill & Knowledge နဲ့ဆိုင်တဲ့မေးခွန်းများ နဲ့ သင့်လျှော်တဲ့အဖြေများ
Interview တွင်အမေးများသော မေးခွန်းတွေရဲ့ သင့်လျှော်တဲ့အဖြေများကိုထပ်မံဖော်ပြပေးပါဦးမှာဖြစ်လို့
လေ့လာရန်စိတ်ဝင်စားပါက ကျွန်တော်တို့ Page ကို
Like & Share လုပ်ထားပါဦးနော်။
လေးစားစွာဖြင့်
Zay Yar ( ဒူဘိုင်း )
Crd : Original Writer




သီတင်းကျွတ်ဆုတောင်း 🙏🙏🙏🪔🪔🪔 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….ချစ်ခင်လေးစား တန်ဖိုးထားရပါသော မိဘဆွေမျိုး ဆရာသမား ...
28/10/2023

သီတင်းကျွတ်ဆုတောင်း 🙏🙏🙏

🪔🪔🪔 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….

ချစ်ခင်လေးစား တန်ဖိုးထားရပါသော မိဘဆွေမျိုး ဆရာသမား မိတ်ဆွေများနှင့်

မိတ်ဟောင်းမိတ်သစ် Customer များအားလုံး….

ကိုယ် စိတ် နှလုံး ကျန်းမာခြင်းနှင့်ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်

ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍ အခက်အခဲဟူသမျှ အောင်မြင်စွာကျော်လွှားနိုင်ပြီး

စီးပွါးလာဘ်လာဘများဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း ….

ကျနော် မောင်ဇေယျာ မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ 🙏🙏🙏

Zay Yar ( Admin )

Crd :

Dubai မှာလုံးဝမလုပ်သင့်တဲ့ အချက်၉ချက်။ ၁။ မူးယစ်ဆေးဝါးများအားသယ်ဆောင်ခြင်း ၊ သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း ။ DUBAI တွင်သ...
28/10/2023

Dubai မှာလုံးဝမလုပ်သင့်တဲ့ အချက်၉ချက်။

၁။ မူးယစ်ဆေးဝါးများအားသယ်ဆောင်ခြင်း ၊
သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း ။

DUBAI တွင်သာမက UAE နိုင်ငံတစ်ဝှမ်းလုံးတွင်
မူးယစ်ဆေးဝါးကိုလုံးဝတားမြစ်ထားပါသည်။
အလွန်သေးငယ်သောပမာဏတစ်ခုပင်ထောင်ထဲ
ရောက်သွားနိုင်ပါတယ်။
မည်သည့်နေရာတွင်မဆို လက်ဝယ်တွေ့ရှိပါက
အနည်းဆုံးထောင်ဒဏ် ၄နှစ်ကျသင့်စေနိုင်ပြီး
နယ်နှင်ဒဏ်ပြစ်ဒဏ်ကိုချခံရနိုင်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့်ပတ်သက်၍
မည်သည့်ပါဝင်ပတ်သက်မှုနှင့်မဆို ထောင်ဒဏ်
တစ်သက်အပြစ်ပေးခံရနိုင်သည့် ပြစ်ဒဏ်ကို
ခံရနိုင်ပါတယ်။

၂။ အများပြည်သူပိုင်နေရာများတွင် တစ်ဦးနဲ့တစ်ဦး
အကဲပိုကာချစ်ပြခြင်းကိုရှောင်ကြည်ပါ​။

UAE နိုင်ငံ​၏ ဥပဒေအရ လက်မထပ်ရသေးဘဲ
လိင်ဆက်ဆံခြင်းသည်တရားမဝင်ပါ။
UAE သို့လာရောက်ကြသောစုံတွဲတိုင်းသည်
လက်ထပ်ထားရမည်ဟုမဆိုလိုပါ။ သို့သော်
ပြဌာန်းဥပဒေကို သတိထားရှိရန်လိုအပ်သည်။
အများပြည်သူပိုင်နေရာများတွင် တစ်ဦးနှင့် တစ်ဦး
နမ်းတာ၊ ဖက်ထားတာ ၊ လူအများရှေ့မှာအကဲပိုကာ
ပလူးပလဲချစ်ပြတာလိုမျိုးဟာ သူတို့ရဲ့ယဉ်ကျေးမှု
ကိုစော်ကားတယ်လို့ယူဆတဲ့အတွက် အာဏာပိုင်
ကတားမြစ်ရန်သတိပေးလာပါလိမ့်မယ်။

၃။ အရက်သောက်ခွင့်မပြုသောနေရာများတွင်
အရက် မရောင်းရ/မဝယ်ရ/မသောက်ရ။

ဒူဘိုင်းတွင် အရက်/ဘီယာ/ဝိုင် ရောင်းချခြင်း သောက်သုံးခြင်းအား နေရာတိုင်းတွင် ရောင်းဝယ်/
သောက်သုံးခြင်းအားကန့်သတ်ထားသည့်အတွက်
supermarketများတွင်အလွယ်တကူဝယ်ယူ၍
မရနိုင်ပါ။
သို့သော် ဒူဘိုင်းတွင်နိုင်ငံခြားသားနှင့်ခရီးသွား
ဧည့်သည်များစွာရှိနေသောကြောင့်ဒူဘိုင်းရှိ
အခွင့်ရဆိုင်တွင်လွယ်ကူစွာဝယ်ယူနိုင်ပါသည်။
အရက်ယမကာသောက်သုံးခြင်းကိုသင်၏
အိမ်ကဲ့သို့သီးသန့်နေရာများ သို့မဟုတ် ဟိုတယ်များ
အရက်ရောင်းချခွင့်လိုင်စင်များရရှိထားသော
စားသောက်ဆိုင်များ၊ ဘားများနှင့်ကလပ်များ
တွင်သာခွင့်ပြုထားသည်။
မည်သည့်အခြေအနေတွင်မဆိုအရက်မသောက်
ပါနှင့်။UAE နိုင်ငံသည် အရက်နှင့်ပတ်သက်လျှင်
မည်ကဲ့သို့သောအကြောင်းနှင့်မျှသည်းခံမည်
မဟုတ်ပါ။

၄။ မလျော်မကန်သောအဝတ်အစားများအား
မဝတ်ဆင်ရ။

UAE သည်မွတ်စ်လင်မ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
၎င်းတို့​၏ယဉ်ကျေးမှုစံနှုန်းများအရအမျိုးသမီး
များသည်ဆံပင်ကိုဖုံးအုပ်ပြီး မျက်နှာတစ်ဝိုက်
အနည်းငယ်သာဖော်ပြသောရှည်လျားသောဝတ်စုံ
များကို၀တ်ဆင်ကြတယ်။
အခြားနိုင်ငံမှလာရောက်နေထိုင်သူ ၊ အလည်အပတ်
လာရောက်ကြသူများသည် ဈေးဝယ်စင်တာများ၊
အစားအစာဆိုင်များနှင့် လမ်းများအပါအ၀င်
အများပြည်သူပိုင်နေရာများတွင်တိုတောင်းခြင်း
(သို့မဟုတ်) ပွင့်လင်းသော၀တ်စားဆင်ယင်ခြင်းကို
ရှောင်ကြဉ်သင့်ပါတယ်။
ဆိုးရွားသောကြွေးကြော်သံများသို့မဟုတ်ပုံများ
ပါသောတီရှပ်များကိုလည်းရှောင်ကြဉ်သင့်သည်။
ထို့အတူရေကူးဝတ်စုံကို ပင်လယ်ကမ်းခြေ
သို့မဟုတ် ရေကူးကန်တွင်သာ၀တ်သင့်ပါတယ်။
ညစ်ညမ်းပုံသည် UAE တွင်လုံး၀ တားမြစ်ထားပြီး
ထောင်ချခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရ
ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

၅။ ဘာသာရေးကိုမစော်ကားပါနဲ့

UAE သည်မွတ်စ်လင်မ်နိုင်ငံတစ်နိုင်ငံဖြစ်သည့်
အားလျှော်စွာ Islam ဘာသာသည်ယဉ်ကျေးမှု
၏အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး
၎င်းဘာသာရေးအားစော်ကားခြင်း (သို့မဟုတ်)
ထိပါးစေသောမည်သည့်လုပ်ရပ်ကိုမဆို
နိုင်ငံသားများအားအလွန်အမင်းစော်ကားခြင်း
ဖြစ်သည်ဟုသတ်မှတ်ထားသောကြောင့်
ကြီးလေး သောငွေဒဏ် နှင့် ထောင်ဒဏ်များကျခံ
ရနိုင်တယ်။

၆။ Ramadan (မွတ်စ်လင်မ်ဥပုဒ်လ)တွင်
အစာအသောက် မစားမသောက်ရ။

မွတ်စ်လင်မ်များ​၏ ဥပုဒ်လကာလ တစ်လအတွင်း
နံနက် နေစထွက်ချိန်မှစပြီး ညနေ နေဝင်ချိန်အထိ
အရက်၊ အစားအစာ၊ စီးကရက်သောက်ခြင်း၊
သီချင်းဖွင့်ခြင်း ၊ ရေနှင့်အချိုရည်များသောက်ခြင်း
၊ လူအများရှေ့တွင်တေးဂီတဖွင့်ခြင်းများအား
မပြုလုပ်ရပါ ၊ ပြုလုပ်ပါကဥပဒေအရအပြစ်တင်
နိုင်သောပြစ်မှုတစ်ခုဖြစ်သည်။
မွတ်စ်လင်မ်မဟုတ်သူ ဥပုဒ်မယူသူများသည်
မိမိနေအိမ် သို့မဟုတ် လူအများမျက်ကွယ်ရာ
နေရာတွင်သာစားသောက်နိုင်ပါတယ်။

၇။ အမျိုးသမီးများအား မလေးမစားမပြုလုပ်ရ။

UAR ရှိဒေသခံယဉ်ကျေးမှုအရအမျိုးသမီးများအား
ပေါက်ပန်းလေးဆယ်စကားပြောခြင်း၊ အခွင့်မရဘဲ
ဓာတ်ပုံများရိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု
ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ ကိုယ်အမှုအရာဖြင့်
ပြသခြင်းတို့ကိုအထူးရှောင်ကြည်ရပါမည်။
ပြုလုပ်မိပါက သတ်မှတ်ထားသောပြစ်ဒဏ်များ
အားခံရနိုင်ပါတယ်။

၈။ ရိုင်းစိုင်း ရန်လိုသော ကိုယ်လက်အမူအရာများ
ပြသခြင်းအားရှောင်ကြည်ပါ။

ဒူဘိုင်းရှိတစ်စုံတစ်ဦးကို ညစ်ညမ်းစွာဆဲဆိုခြင်း
ကိုယ်လက်အမူအရာဖြင့်ပြသခြင်းသည်
တရားမဝင်ဘဲ မိမိစော်ကားပြောဆိုပြသလိုက်သူ
အပေါ်မူတည်ပြီး ငွေဒဏ် ၊ ထောင်ဒဏ်
ပြည်နှင်ဒဏ်များကျခံရနိုင်ပါတယ်။

၉။ အုပ်ချုပ်သူများကိုမစော်ကားပါနှင့်

UAE နိုင်ငံသည် ၎င်းတို့​၏ခေါင်းဆောင်များကို
လူ့အဖွဲ့အစည်းတွင်အလွန်လေးစားသောပုဂ္ဂိုလ်များ
အဖြစ်ရှုမြင်ကြပါသည်။
ဒါကြောင့်မို့ တိုင်းပြည် သို့မဟုတ် ၎င်းတို့၏
ခေါင်းဆောင်များနှင့် ပတ်သက်၍ ဝေဖန်ခြင်း
သို့မဟုတ် စော်ကားပြောဆိုခြင်းမှန်သမျှကို
ဥပဒေအရအရေးယူနိုင်ပါတယ်။

အလုပ်နှင့်ပတ်သက်သောအကြောင်းအရာများနဲ့
F&B Knowledge Sharing များအားပြန်လည်
မျှဝေပေးမှာမို့ ကျွန်တော့် Page ကို Like & Share
လေးလုပ်ထားပေးကြပါဦးနော်။

မေတ္တာဖြင့်
Zay Yar ( ဒူဘိုင်း )

Crd : Original Writer

ဒူဘိုင်း မှာအလုပ်သွားလုပ်ချင်တယ်။ ဘယ်လိုသွားရမလဲ ? ဘာတွေသိထားရမလဲ? ကျနော်သိသလောက်လေးပြန်လည်မျှဝေပေးချင်ပါတယ်။ အရှေ့အလယ်ပ...
28/10/2023

ဒူဘိုင်း မှာအလုပ်သွားလုပ်ချင်တယ်။
ဘယ်လိုသွားရမလဲ ? ဘာတွေသိထားရမလဲ?
ကျနော်သိသလောက်လေးပြန်လည်မျှဝေပေးချင်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ UAE နိုင်ငံ မှာ
မြို့ဘယ်နှမြို့ရှိလဲ ?
United Arab Emirates ဆိုတဲ့ UAE နိုင်ငံမှာ
မြို့ကြီး ၇မြို့ရှိပါတယ်။ အဲ့ဒါတွေကတော့
Abu Dhabi, Dubai, Sharjah, Fujairah, Ajman, Umm Al-Qaiwain, Ra’s al-Khaimah
တို့ပဲဖြစ်ပါတယ်။
(မှတ်ချက် ။ ။ ဒူဘိုင်းဟာ UAE နိုင်ငံရဲ့မြို့တော်
မဟုတ်ပါ။ UAE နိုင်ငံရဲ့မြို့တော်ဟာ အဘူဒါဘီပါ။)
Dubai မှာဘယ်နိုင်ငံသား / လူမျိုး တွေရှိလဲ?
အာရပ်, အိန္ဒိယ , ပါကင်စတန်, ဖိလစ်ပိုင် (လူများစု) ၊ အနောက်နိုင်ငံသားများ , တရုတ် , ဗီယက်နန် , ရုရှား , ကင်ညာ , နိုင်ဂျီးရီးယား , အရှေ့တောင်အာရှနိုင်ငံသားများ နေထိုင်ကြပါတယ်။
အာရပ်ဘာသာစကားက မိခင်နိုင်ငံသုံးစကားဖြစ်ပြီး ၊ အင်္ဂလိပ်ဘာသာစကားက အများသုံးစကားဖြစ်ပါတယ်။
ဟင်ဒီဘာသာစကားကလည်းအတော်လေးတွင်တွင်
ကျယ်ကျယ်သုံးကြပါတယ်။
ကိုယ့်လုပ်ငန်းခွင်မှာ
လုပ်ဖော်ကိုင်ဖက်အချင်းချင်းဖြစ်စေ
ကိုယ့်အထက်လူကြီး များကကိုယ့်ကို
အလုပ်ခိုင်းတာဖြစ်စေ
ဧည့်သည်နဲ့ထိတွေဆက်ဆံပြောဆို ရတာဖြစ်စေ
ဈေးဝယ်၊ ဆေးခန်းပြ၊ မုန့်ထွက်စားတာ၊ အပြင်သွားတာ အလုပ်လျှောက်တာ၊ Interview ဖြေတာ နဲ့
တစ်နေ့တာအတွက်ပြောရဆိုရတာကို English စကား
နဲ့ပြောဆိုဆက်ဆံရမှာပါ။
အဲ့တော့ဒူဘိုင်းမှာအလုပ်သွားလုပ်မယ်ဆိုရင်
အခြေခံကျကျ အင်္ဂလိပ်စကားပြောနိုင်အောင်
ရေးနိုင် ၊ ဖတ်နိုင်အောင်ပြင်ဆင်ထားသင့်ပါတယ်။
မြန်မာလူများအနေနဲ့ ဒူဘိုင်းမှာ Hotel, Restaurant
Bar, Sale Men, Sale Girl (လူများစု)
Airport Staff, Airline crews, Engineer
Office Staff(သာမန်လူနည်းစု)
Own Business (လူနည်းစု)
အစရှိတဲ့အလုပ်အကိုင်အမျိုးမျိုးမှာရာထူးအမျိုးမျိုးနဲ့ အလုပ်လုပ်ပြီးနေထိုင်ကြပါတယ်။
အဲ့ဒါကြောင့် ဒူဘိုင်းမှာ အလုပ်သွားလုပ်မယ်ဆိုရင် အတတ်ပညာတစ်ခုခုကျွမ်းကျင်စွာတတ်ထားဖို့လို
ပါတယ်။
အဲ့တော့ကိုယ်က ဒူဘိုင်းမှာအလုပ်သွားလုပ်တော့မယ်
ဆိုရင်အထက်မှာဖော်ပြထားတဲ့အလုပ်အကိုင်နဲ့
ပတ်သက်တဲ့ အတတ်ပညာတစ်ခုခုကိုမဖြစ်မနေ
တတ်မြောက်ထားဖို့လိုအပ်ပါတယ်။
လုပ်ငန်းအတွေ့အကြုံလည်းအသင့်အတင့်ရှိဖို့
လိုအပ်ပါတယ်။
ဘာမှလည်းမတတ်ဘူး ၊ ဘာလုပ်ငန်းအတွေ့အကြုံ
မှလည်းမရှိဘူးဆိုရင် အလုပ်လုံးဝမရနိုင်ဘူး
ဆိုတာမျိုးမဟုတ်ပေမယ့်အလုပ်ရဖို့ခက်ခဲပါတယ်။
ဒူဘိုင်းကို ဘယ်လိုနည်းနဲ့သွားရင် လွယ်ကူအဆင်ပြေမလဲ ?
အလုပ်ပါ တန်းရမယ်လို့ ပြောတဲ့ Agency တွေလုံးဝ အားမပေးပါ လိမ်ဖို့က 80% ရှိပါတယ် အမြန်ဆုံးနဲ့ အလုပ်ရနိုင်ချေ အများဆုံးနည်းကတော့ Visit Visa နဲ့ ဒူဘိုင်းကိုအရင်သွားဟိုရောက်မှ အလုပ်ရှာ Interview ဖြေ အဲ့လိုပုံစံမျိုးနဲ့သွားလို့ ရပါတယ်။ ကုန်ကျစရိတ်အားဖြင့် အနည်းဆုံး သိန်း ၃၀ ကနေ သိန်း ၅၀ ဝန်းကျင်ကုန်ကျနိုင်ပါတယ်။
အလုပ်ရမယ် မရဘူးကတော့ မိမိရဲ့ ကံ ဉာဏ် ဝီရိယ နဲ့ English Skill, Knowledge, Experience နဲ့ Active ဖြစ်မူပေါ် မူတည်ပါတယ်။ ဒူဘိုင်းရောက်ပြီး တစ်ပတ်အတွင်းအလုပ်ရချင်ရမယ် ၊ ၁လနေမှလည်းရချင်ရမယ် ၊ ၂လနေမှလည်း ရချင်ရမယ်။ အလုပ်စောစောရလေ ကုန်ကျစရိတ် သက်သာလေပါပဲ
လစာဘယ်လောက်ရမလဲ?
ဒူဘိုင်းမှာတော့ အများသောအားဖြင့်
အခြေခံဝန်ထမ်းများအတွက်
AED 1200 ~ 1800 (Accomodation, Meal, Transporation အပြီးအစီး)
AED 2500 ~ 3500/4000 ( Not including Accomodation, Meal, Transportation)
ရရှိနိုင်ပါတယ်။
အလုပ်နေရာ ၊ ရာထူး ပေါ်မူတည်ပြီ ဒီထက်ပိုများတဲ့
(သို့မဟုတ်) ပိုနည်းတဲ့ လစာလည်းရရှိနိုင်ပါတယ်။
Exchange Rate အနေနဲ့ 1 USD = 3.65 AED နဲ့ 1 AED = 850 Ks / 870 Ks ဝန်းကျင်ရှိပါတယ်
ဒူဘိုင်းမှာမြန်မာနိုင်ငံသားတိုင်းကအခြေခံဝန်ထမ်း
အနေနဲ့လုပ်နေကြတာမဟုတ်ပါဘူး
Supervisor Level, Manager Level နဲ့ Own Business လုပ်နေကြတဲ့သူတွေလည်းအများအပြားရှိပါတယ်။
အဲ့တော့အားမငယ်ပါနဲ့ကျိုးစားပါ ကျိုးစားရင်
ရာထူးကြီးတဲ့နေရာတွေ ၊ လုပ်ခလစာကောင်းတဲ့
နေရာတွေ ရဖို့လည်းဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက လစာတစ်ခုတည်းကိုမကြည့်ပါနဲ့
ကိုယ်ရတဲ့အလုပ်က လစာသိပ်မကောင်းပေမယ့်
လုပ်ငန်းအတွေ့ကြုံကောင်းရနိုင်တဲ့ ကုမ္ပဏီမျိုး
အလုပ်နေရာမျိုးဆိုရင်လုပ်ပါလို့အကြံပေးချင်ပါတယ်။
ငယ်ရွယ်တဲ့သူတွေ အသက် ၂၀ - ၂၅ ဝန်းကျင်ဆိုရင်
လစာထက် နာမည်ရှိကုမ္ပဏီကြီးတွေ နဲ့ လုပ်ငန်း
အတွေ့အကြုံကောင်းတွေရရှိနိုင်တဲ့အလုပ်မျိုးကို
ရွေးချယ်စေချင်ပါတယ်။
Tip Money (မုန့်ဖိုး) Hotel, Restaurant, Bar တို့မှာ
အလုပ်လုပ်တဲ့သူတွေကတော့အလုပ်နေရာပေါ်မူတည်ပြီး Tip Money ရကြပါတယ်။
တချို့အလုပ်တွေဆို Tip က လစာထက်တောင်
ပိုရတဲ့နေရာတွေရှိပါတယ်။
အဲ့တော့ဒူဘိုင်းမှာအလုပ်သွားလုပ်ချင်သူတွေအနေနဲ့
ဒူဘိုင်းဟာကိုယ်သွားသင့်တဲ့နိုင်တစ်ခုဖြစ်နိုင်ရဲ့လား?
ကိုယ်နဲ့ကိုက်ညီရဲ့လား?
သွားမယ်ဆိုဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲ?
ကိုယ်မှာအလုပ်ရနိုင်တဲ့အခြေခံလိုအပ်ချက်တွေ
ပြည့်စုံရဲ့လား?
ရမယ့်လစာကကိုယ့်အတွက်အဆင်ပြေနိုင်မလား?
လစာများဖို့လိုတာလား ၊ လုပ်ငန်းအတွေ့အကြုံ
ကောင်းယူမှာလား?
ဆိုတာတွေကိုတွေးတောကြံဆနိုင်ကျပါစေ။
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ။
ဒူဘိုင်းမှာ အလုပ်လုပ်လိုသူများလည်း မှန်ကန်တဲ့
အလုပ်အကိုင်များရရှိကြပြီးအမြန်ဆုံးအဆင်ပြေ
ကြပါစေ။ 🙏

မေတ္တာဖြင့်
Zay Yar ( ဒူဘိုင်း )

ဒူဘိုင်းသွားဖို့ ဘယ်ကနေ စ လုပ်ရလဲ ? 👇
Cb (or) WhatsApp : +971 56 193 5239 သို့ဆက်သွယ် မေးမြန်း အကြံဲဥာဏ်တောင်းနိုင်ပါတယ်ခင်‌ဗျာ
အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း နဲ့
F&B နဲ့ပတ်သက်တဲ့ Knowledge Sharing လေးတွေလဲ
ဆက်လက်တင်ပေးမှာဖြစ်လို့ ကျွန်တော်ရဲ့ Page ကို
Like and Share လေးလုပ်ထားပေးပါဦးနော်။
Crd : Original Writer
ှာအလုပ်သွားလုပ်ရင်သိထားရန်
#ဒူဘိုင်းကိုအလုပ်နဲ့ဘယ်လိုသွားရမလဲ
#ဒူဘိုင်းသွားဖို့ဘာတွေသိထားသင့်လဲ
#ဒူဘိုင်းသွားဖို့ဘာတွေလိုအပ်မလဲ

Address

Al Shafar Building
Dubai
00000

Alerts

Be the first to know and let us send you an email when HOPE For DUBAI By Zay Yar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOPE For DUBAI By Zay Yar:

Videos

Share

Nearby travel agencies


Other Dubai travel agencies

Show All