Travel By 𝒴𝑒𝐿𝒾𝓃𝑀𝓎𝒶𝓉

Travel By 𝒴𝑒𝐿𝒾𝓃𝑀𝓎𝒶𝓉 ထိုင်းရောက်ရွှေမြန်မာများတွက်Travelနှင့်ပတ်သက်ပြီးဗဟုသုတရစေမယ့်ကိစ္စများကို Sharing လုပ်ပေးသွားပါမယ်ခင်ဗျ
(1)

15/09/2024

Shout out to my newest followers! Excited to have you onboard! Wantana Jongjaroonrangsan, Nay Lawin, Thae Ei Phyu, Myo Htut, តែរ ហ្វេខ្មៅ, Kyaw Kyaw, Myo Gyi, Pänh Nhä NïTä, Phyo Myat, Jas Mine

13/09/2024

ရေဘေးအတွက် ကူညီလို့ရမဲ့နေရာတွေကို သေချာစီစစ်ပီး linkစုပေးထားပါတယ်❗️❗️

📍ကလော/ ညောင်ရွှေ
https://www.facebook.com/share/p/wq32CmLK9KR4DQ5g/?mibextid=WaXdOe

📍အင်းလေး
https://www.facebook.com/share/p/1FSjtvM3gqYSEwq8/?mibextid=WC7FNe

📍မြစ်သား
https://www.facebook.com/share/p/fV4ahAJV797WczKL/?mibextid=WaXdOe

📍ကလော
https://www.facebook.com/share/p/6T8fEgDoaeGLhYbq/?mibextid=WaXdOe

📍ရမည်းသင်း
https://www.facebook.com/share/p/SRTXnZYVDHiyuEaY/?mibextid=WaXdOe

📍life jacket အခမဲ့ ရယူနိုင်
https://www.facebook.com/share/RmP82aqxY8AVGtkc/?mibextid=WaXdOe

📍Myanmar Rescue, Mandalay
https://www.facebook.com/share/p/Mgd7QsKQw8g5y6DY/?mibextid=WaXdOe

📍ဝန်းရံမှူး လူမှုကယ်ဆယ်ရေး
https://www.facebook.com/share/drERvMa4tFUi3976/?mibextid=WaXdOe

အများဒုက္ခရောက်နေချိန် ဝင်လုံးမဲ့ ဂွင်သမားတွေ အရမ်းများတာမလို့ အတုအပ သတိပြုပါ.

edit- postကို ပြန်ကူးမတင်ပါနဲ့❗️လူလိမ်linkတွေပါရောပီး ပြန့်ကုန်မှာစိုးလို့ပါ. လက်လှမ်းမှီသလောက် updateလုပ်ပေးသွားပါမယ်. အခုချပေးထားတဲ့ linkတွေကိုလည်း တတ်နိုင်သလောက် info checkထားပေမဲ့ accountထဲ သေချာဝင်လေ့လာပီး မိမိစိတ်ချမဲ့ပုဂ္ဂိုလ်ကိုသာ လှူကြပါနော်.

ယခုလိုကာလမျိုးမှာမပေါ့ဆသင့်တဲ့အရာများနဲ့WEATHER APPလေးထဲကကျွန်တော်သိသောအကြောင်းအရာများ( 1 ) WEATHER APPလေးကိုအမြဲကြည့်နေ...
12/09/2024

ယခုလိုကာလမျိုးမှာမပေါ့ဆသင့်တဲ့အရာများနဲ့

WEATHER APPလေးထဲကကျွန်တော်သိသော

အကြောင်းအရာများ

( 1 ) WEATHER APPလေးကိုအမြဲကြည့်နေပေးသင့်ပါတယ်

( 2 ) မီးပလပ်ခုံတွေရေစိုမစိုသေခြာစစ်ပြီးတော့မှမီးများကိုဖွင့်ပါသေခြာမှုမရှိရင်မိန်းချပြီးမှသေခြာစစ်ဆေးပါခင်ဗျ

( 3 ) နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ရုံးတို့ကျောင်းတို့သွားတဲ့လူများအပြင်သွားမယ့်သူများအနေနဲ့မိုးအရမ်းသည်းနေရင်ဒါမမဟုတ်ရေ၀ပ်နေရင် ဓာတ်တိုင်မှမီးကြိုးများပျက်ကျမှုရှိမရှိ သေခြာကြည့်ပြီးမှသွားကြပါခင်ဗျာ

( 4 ) နောက်ဆုံးအချက်အနေနဲ့ကတော့ရေများတက်လာပြီဆိုပါက စိတ်ချလက်ချနဲ့မတက်တော့ဘူးမထင်ပါနဲ့ ဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းကြပါ
(အိမ်ထဲကထွက်မရတော့မှဆိုရင်အသက်အန္တရာယ်ကြုံရနိုင်ချေများပါတယ်)

ပုံတစ်ပုံချင်းစီတိုင်းမှာစာတွေရေးထားပေးပါတယ်ခင်ဗျာ

🛑🙏🏻အားလုံးအဆင်ပြေကြပါစေခင်ဗျာ🙏🏻🛑

ကျွန်တော်ဒီနေ့ပြောပြသွားမှာကတော့ခွင့်ပြန် ၊အလည်ပြန် ဗီဇာကုန်လို့အပြီးပြန်သူများကိုလေဆိပ်မှာငွေညှစ်တာ ၊ 25%အခွန်မဆောင်လို...
10/09/2024

ကျွန်တော်ဒီနေ့ပြောပြသွားမှာကတော့ခွင့်ပြန် ၊

အလည်ပြန် ဗီဇာကုန်လို့အပြီးပြန်သူများကိုလေဆိပ်

မှာငွေညှစ်တာ ၊ 25%အခွန်မဆောင်လို့ဖမ်းဆီးတာ

မှတ်ပုံတင်သိမ်းတာ တွေကသတင်းအမှန်မဟုတ်ပါ

ဘူး ဘယ်ကလာလဲဆိုတာလဲအတိအကျမသိရတဲ့

ကောလဟာလတစ်ခုသာဖြစ်ပါတယ်

ပြီးတော့ 25% အခွန်ဆောင်တာက

🛑စမတ်ကတ် ( OWIC ) မရှိတဲ့သူများအတွက်သာဖြစ်ပါတယ်

ပုံမှန်အလည်ပြန်ရင်
ပတ်စပိုစ့် (သို့) Ci
ဗီဇာ
ဝေါ့ပါမစ်
စမတ်ကတ်တို့သာရှိရင် အဆင်ပြေပြေနဲ့အေးဆေး

အသွားအပြန်လုပ်လို့ရပါတယ်

အပြီးတိုင်ပြန်ချင်တဲ့မိတ်ဆွေတွေကတော့

ပတ်စပိုစ်နဲ့ ဗီဇာသက်တန်းရှိရင်အဆင်ပြေပါပြီ

နောက်တစ်ခုအနေနဲ့က

လေယာဉ်နဲ့ပြန်ပြန်ကားနဲ့ပြန်ပြန်အလည်ပြန်ရင်

တုံးကြီးထုပြီးပြန်တာကအကောင်းဆုံးပါ

🛑တုံးကြီးမထုဘဲ Free တုံးနဲ့ပြန်မယ်ဆိုရင်တော့ပြန်လာလို့ မရပါဘူး OWIC ကတ်ရှိရင်တော့အလည်သဘောမျိုးနဲ့ 14ရက်ဗီဇာနဲ့တော့ လာလို့ရပါမယ်🛑

အချို့အိမ်ကိုလွမ်းသူများတွက် စိတ်ဖြောင့်ဖြောင့်နဲ့

အသွားအပြန်လုပ်လို့ရအောင်အလည်ပြန်သူအသိ

များကိုမေးမြန်းဖော်ပြထားခြင်းဖြစ်ပါတယ်

မှတ်ချက်တစ်ခုအနေနဲ့ကတော့ PVပတ်စပိုစ့်နဲ့လာ

ပြီးဘတ်ရိုက်ထားသောမိတ်ဆွေများကိုအလည်မ

ပြန်ဖို့သတိပေးခြင်ပါတယ်

လေယာဉ်နဲ့ပြန်လာလို့လုံး၀မရပါဘူး😪

သိလိုသောကိစ္စများကိုလဲ COMMENT BOXတွင်

မေးမြန်းနိုင်ပါတယ်

🙏🏻အားလုံးအဆင်ပြေကြပါစေခင်ဗျာ🙏🏻

ဒီနေ့ကျွန်တော် ဖော်ပြပေးသွားမယ့်အကြောင်းအရင်းကတော့“ဘန်ကောက်က Saen Saeb Canal တစ်လျှောက် လှေစီးတာနဲ့ပတ်သက်ပြီး ကြုံတွေ့နိ...
09/09/2024

ဒီနေ့ကျွန်တော် ဖော်ပြပေးသွားမယ့်အကြောင်းအရင်းကတော့
“ဘန်ကောက်က Saen Saeb Canal တစ်လျှောက် လှေစီးတာနဲ့ပတ်သက်ပြီး ကြုံတွေ့နိုင်တဲ့ အန္တရာယ်…”အကြောင်းဖြစ်ပါတယ်

SAEN SAEN CANALတစ်လျှောက်လှေစီးတော့မယ်

ဆိုရင် ကောင်းတဲ့အချက်များလဲများစွာရှိသလို

ကျန်းမာရေးအတွက်မကောင်းတဲ့အန္တရာယ်လေးလဲ

မသိမသာလေးရှိလို့နေပါတယ်

ကောင်းတဲ့အချက်များအနေနဲ့ကတော့ ဈေးနှုန်း

သက်သာတာရယ်၊ ကားပိတ်တဲ့ဒဏ်ကိုရှောင်နိုင်တာ

ရယ် ၊ လှေများကကြံ့ခိုင်မှုအပြည့်ရှိပြီး ခရီးသည်

များတွက်သက်ကယ်အင်္ကျီများလဲအရံသင့်ထားရှိ

ပေးတဲ့တွက် ရေမကူးတတ်တဲ့လူများ ကပါ

အတွေ့အကြုံယူဖို့တွက်စီးလို့ရပါတယ်

🛑ကျန်းမာရေးတွက်မကောင်းတဲ့ချက်ကတော့

ဘန်ကပီကနေ ပတူနမ်လှေဆိပ်အထိလှေဆိပ်

စုစုပေါင်း (27) ခုရှိနေတာဘဲဖြစ်ပါတယ်

လှေဆိပ် (27) ခုရှိတာကတော့အရေးမကြီးပေမယ့်

လှေတွေကလက်မှတ်၀ယ်ပြီးစီးရတာမဟုတ်တဲ့

တွက်လှေဆိပ်တိုင်းမှာအတက်အဆင်းလုပ်ဖို့‌ကမ်း

ကပ်ပြီးရပ်ပေးရပါတယ်

အန္တရယ်ကဒီကစတော့တာပါဘဲ

လှေဆိပ်တစ်ခါကပ်တိုင်း၊လှေရပ်လိုက်တဲ့အချိန်မှာ

ခရီးသည်များစီသို့မီးခိုအလိပ်လိုက်အလိပ်လိုက်၀င်

လာတတ်ပါတယ်။ ဒါဟာပုံမှန်ထဲကတစ်ခုဆိုပေ

မယ့်

မီးခိုးတွေကိုတိုက်ရိုက်ရှူမယ်ဆိုရင်ရေရှည်မှာ

ကျန်းမာရေးတွက်နာတာရှည်ရောဂါဖြစ်နိုင်ချေပို

များပါတယ်(ဒီမီးခိုငွေ့မှာ အငွေ့ပြန်လွယ်

တဲ့ ORGANIC COMPOUNDS တွေဖြစ်တဲ့benzene,

toluene, ethylbenzene နဲ့ xylene တို့ပါ၀င်တဲ့တွက်

အချိန်ခနလေးရှူမိမယ်ဆိုရင်တောင်မူးဝေတာတို့

အော့အန်တာတို့ဖြစ်နိုင်ပါတယ်။

ကာကွယ်ရမယ့်နည်းလမ်းတွေကတော့

Maskတပ်တာ၊ မီးခိုးအရောက်နည်းတဲ့လှေဦးပိုင်း

မှာစီးတာ ၊မီးခိုးငွေ့ထွက်တဲ့ခနကိုအသက်အောင့်

လိုက်တာတွေကိုလွယ်ကူစွာလုပ်လို့ရပါတယ်

ဒီလိုလုပ်လိုက်တာကအပန်းမကြီးပေမယ့်မိတ်ဆွေ

တို့လှေစီးတဲ့အခါကျန်းမာရေးတွက်အများကြီး

အထောက်အကူ‌ဖြစ်စေမှာပါကျွန်တော့်

အတွေ့အကြုံနဲ့မူရင်းရေးသားသူ တို့အကြား

ပေါင်းစပ်ဖော်ပြပေးထားတာဖြစ်လို့

မူရင်းရေးသားသူကိုလေးစားစွာ crdပေးပါတယ်

ယခုလိုမိတ်ဆွေတို့တွက်

Travel Knowledge နဲ့ပတ်သက်တဲ့အကြောင်းအရာ

များကို အမြဲတမ်းရှာဖွေတင်ပြသွားမှာဖြစ်လို့

Page ကို LIKE AND FOLLOW လေးလုပ်ပေးကြပါ

ဦးခင်ဗျာ🙏🏻



ဒီနေ့ကျွန်တော် ပြောပြပေးသွားမှာကတော့အရမ်းလှတဲ့ တိမ်ပင်လယ်တွေနဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ကိုအလည်အပတ်သွားရင်ရရ...
08/09/2024

ဒီနေ့ကျွန်တော် ပြောပြပေးသွားမှာကတော့

အရမ်းလှတဲ့ တိမ်ပင်လယ်တွေနဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်

ဆုံးတောင်ထိပ်ကိုအလည်အပတ်သွားရင်ရရှိမယ့်

Feeling လေးတွေဖော်ပြသွားမှာဖြစ်ပါတယ်

🌥️⛰️ ကောင်းကင်ဘုံကို ရောက်သွားသလိုမျိုး ခံစားရမယ့်ထိုင်းနိုင်ငံရဲ့အလှဆုံး တိမ်ပင်လယ်ကြီးတွေရှိရာ ချင်းမိုင်က Doi Inthanon တောင်ထိပ် ဖြစ်ပါတယ်

🚙 ချင်းမိုင်မြို့ကနေ ၅၅ ကီလိုမီတာသာ ဝေးပြီး ကားနဲ့သွားရင်တောင် အများဆုံး ၂ နာရီလောက်ပဲ မောင်းရမှာဖြစ်ပါတယ်။

🌊 ပင်လယ်ရေ မျက်နှာပြင်အထက် ၂,၅၆၅ မှာ ရှိတဲ့ Doi Inthanon တောင်ထိပ်ဟာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်ပြီး Tourist Attraction အဖြစ်ဆုံး နေရာ တစ်ခုပါ။

🇹🇭 ခရီးသွားတွေ အများဆုံးလာ‌ရောက် လည်ပတ်ကြလို့ ချင်းမိုင်မြို့ရဲ့ ဂုဏ်ဆောင် Doi Inthanon လို့ တင်စားကြတဲ့ အထင်ကရ Tourist Attraction ပဲဖြစ်ပါတယ်။

ချင်းမိုင်ရောက်လို့မှ Doi Inthanon တောင်ထိပ်ကို မရောက်ခဲ့ဖူး ဆိုရင် ချင်းမိုင်ကို ရောက်ရကြိုးနပ်မှာ မဟုတ်ပါဖူးတဲ့နော်။

☁️✨ ထိုင်းနိုင်ငံရဲ့ တိမ်ပင်လယ်တွေထဲကမှ အလှဆုံး တိမ်ပင်လယ်တွေကို Doi Inthanon တောင်ထိပ်မှာ မျက်စိတဆုံး အံ့ဩဖွယ် ကြည့်ရှုနိုင်မှာ ဖြစ်ပြီး တိမ်ဖြူဖြူ‌ကြီးတွေက ကောင်းကင်ဘုံကြီးလို ခမ်းနားနေတာကို မြင်တွေ့ရမှာပါ။

🤩🧗‍♂️🌅 ချင်းမိုင်တမြို့လုံးရဲ့ အလှကို အပေါ်စီးကနေ ခံစားကြည့်ရှုလို့ ရပြီး တောင်တက်ဝါသနာပါတဲ့သူတွေအတွက် Hiking နဲ့ Trekking အရသာကို အပြည့်အဝ ရရှိမှာပါ။

🔔Doi Inthanon ကို သွားရင် လည်ပတ်လို့ ရမယ့် နေရာတွေက

💟ထိုင်းနိုင်ငံက ဘုရင်နဲ့မိဖုရားတို့အတွက် ရည်စူးပြီး တည်ထားတဲ့ တောင်ထိပ်က တန်ခိုးကြီး ဘုရားနှစ်ဆူ

💟 Doi Inthanon သဘာဝ ဥယျာဉ်

💟 တောင်တက်လမ်းတစ်လျှောက် ကြည့်ရှုလို့ရနိုင်မယ့် ဆောင်းခိုငှက်တွေနဲ့ sightseeing

💟 ဘယ်နေရာတွေနဲ့မှမတူတဲ့ ထိုင်းနိုင်ငံရဲ့ အလှဆုံး တိမ်ပင်လယ်ကြီး

💟အရမ်းလှတဲ့ Pa Dok Siew ရေတံခွန်

🥰 စတဲ့နေရာတွေကို လည်ပတ်လို့ ရမယ့်အပြင် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ကနေ နေဝင်ချိန်၊နေထွက်ချိန်တွေကို အလှဆုံး ခံစားနိုင်အုံးမှာပါ။

🧥🏔️❄️ ဆောင်းတွင်းဘက်တွေဆိုရင် တောင်ထိပ်ပေါ်မှာ 0 degree အောက် ရောက်ပြီး ရေခဲနေတာကိုပါ မြင်တွေ့နိုင်တယ်လို့လည်း ဧည့်သည်တော်များရဲ့ Feedback အရသိရပါတယ်။

မူရင်းရေးသားသူကိုလဲ Creditပေးပါတယ်

မိတ်ဆွေတို့တွက်အလည်အပတ်နှင့်လေဆိပ်

အကြောင်းကိုအမြဲတမ်းမျှဝေသွားမယ့်အပြင်

Knowledge sharing ည7နာရီတိုင်းတင်ပေးသွားမှာဖြစ်လို့
🙏🏻Page ကို LIKE AND FOLLOW လေးလုပ်ပေးကြပါဦးဗျ🙏🏻



#မှတ်ချက်

ဘန်ကောက်ကနေချင်းမိုင်ကိုထိုင်းဖက် 228ဘတ်ရှိရုံနဲ့သွားလို့ရနေပါပြီသွားရမယ့်နည်းလမ်းကတော့ရထားနဲ့ဖြစ်ပြီးလမ်းခရီးတစ်လျှောက်...
07/09/2024

ဘန်ကောက်ကနေချင်းမိုင်ကိုထိုင်းဖက် 228ဘတ်ရှိ

ရုံနဲ့သွားလို့ရနေပါပြီ

သွားရမယ့်နည်းလမ်းကတော့ရထားနဲ့ဖြစ်ပြီး

လမ်းခရီးတစ်လျှောက်ရှုခင်းတွေက်ုလဲတ၀ကြီး

ခံစားနိုင်မှာဖြစ်ပါတယ်

DON MUEANG RAILWY STATIONကိုရထားမ

ထွက်ခင်အရောက်သွားလက်မှတ်ဖြတ်ပြီးတက်စီးရုံ

ပါဘဲ။

နေ့လယ် 2:30လောက်ဒွန်မောင်းကနေထွက်ရင်

မနက်4နာရီကျော်လောက်ချင်းမိုင်ကိုရောက်မှာ‌ဖြစ်

ပါတယ် ရထားစီးရတဲ့ကြာချိန်ကတော့ 13နာရီ

လောက်တော့ကြာနိုင်ပါတယ်

မိတ်ဆွေက Software ကနေလက်မှတ်ဖြတ်တတ်

တယ်ဆိုရင်လဲဘူတာရောက်မှပြေး၀ယ်စရာမလို

တော့ပါဘူး လက်မှတ်ဖြတ်လို့ရတဲ့ software တွေ

အနေနဲ့က MRT တို့ skytrain တို့အပြင်အခြား
softwareတွေလဲအများကြီးရှိပါတယ်

🙏🏻အားလုံးအဆင်ပြေကြပါစေချင်ဗျာ🙏🏻




#မှတ်ချက်

ထိုင်းနိုင်ငံကို လာတော့မယ်ဆို ဒါတွေမဖြစ်မနေ သိထားရပါမယ်ထိုင်းမှာနေတဲ့သူတွေလဲ သိထားသင့်ပါတယ်၁  "ကော်ထော့ခ:တောင်းပန်ပါတယ်"...
06/09/2024

ထိုင်းနိုင်ငံကို လာတော့မယ်ဆို ဒါတွေမဖြစ်မနေ သိထားရပါမယ်

ထိုင်းမှာနေတဲ့သူတွေလဲ သိထားသင့်ပါတယ်
၁ "ကော်ထော့ခ:တောင်းပန်ပါတယ်"ဆိုတဲ့ စကားလုံးကို
အလေ့အကျင့်ဖြစ်အောင် အမြဲသုံးပါ။
အရမ်းယဥ်ကျေးတဲ့ စကားလုံးဖြစ်ပါတယ်။
Excuse Meနဲ့အဓိပ္ပါယ်တူပါတယ်။

၂ ဆင်းကဒ် : ထိုင်းဆင်းကဒ်တွေဟာ မြန်မာဆင်း
ကဒ်တွေနဲ့မတူပါဘူး။
ထိုင်းဆင်းကဒ်ကို အသုံးမပြုခင်မှာ သက်ဆိုင်ရာ
Operator(ဖုန်းရုံး)ဆီဆက်ပြီး ဖုန်းဘေစားတဲ့စာအိတ် ကိုဖျက်ခိုင်းပါ။
မြန်မာဝန်ထမ်းတွေရှိတဲ့အတွက် မြန်မာဘာသာနဲ့
ပြောလို့ရပါတယ်။

၃ အဲ့လိုမလုပ်ထားရင်တော့ ကိုယ်ဘာမှမသုံးလဲ ဖုန်းဘေ
ဖြည်းဖြည်းခြင်း အော်တိုကုန်နေပါမယ်။
ထိုင်းဆင်းကဒ်တွေမှာ ဘေစားတဲ့စာအိတ် အော်တို
ပါနေပါတယ်။
၄ -လိုင်းကားစီးဖို့

ViaBus - https://bit.ly/3ybq5GG

-မိုးပျံရထားစီးဖို့ BTS skytrain -
https://bit.ly/3AbgkJ2

မြေအောက်ရထားစီးဖို့

BANKOK MRT _ https://bit.ly/3yzXURi

တက္ကစီစီးဖို့
Bolt App - https://bit.ly/4fobW9D

Grap - https://bit.ly/3A5EOU6

ဆော့ဝဲလ်တွေ ဆောင်ထားသင့်သလိုဆော့ဝဲတွေကိုလဲလေ့လာအသုံးပြုထားသင့်ပါတယ်။

မူးရင်းရေးသားသူကိုလဲလေးစွာ crdပေးပါတယ်

မိမိသိချင်သောအကြောင်းအရာများကို COMMENT

BOXတွင်မေးထားနိုင်သလို နေ့စဉ်နေ့တိုင်း post

တင်ပေးမှာဖြစ်လို့LIKE AND FOLLOW လေးလုပ်

ထားပေးကြပါဦးခင်ဗျ။




#မှတ်ချက်

🙏🏻ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ🙏🏻ဒီနေ့ကျွန်တော်ဖော်ပြပေးသွားမှာကတော့အယုဒ္ဓယ ရှေးဟောင်းမြို့တော်အကြောင်းဖြစ်ပါတယ်ထိုင်းနိုင်ငံ၏ ...
05/09/2024

🙏🏻ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ🙏🏻
ဒီနေ့ကျွန်တော်ဖော်ပြပေးသွားမှာကတော့

အယုဒ္ဓယ ရှေးဟောင်းမြို့တော်အကြောင်းဖြစ်

ပါတယ်

ထိုင်းနိုင်ငံ၏ အလယ်ပိုင်း ထင်ရှားသော ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ပီး နာမည်အပြည့်အစုံကတော့ Phara Nakhon Si Ayutthaya လို့ခေါ်တွင်ပါတယ် ...

ကျောက်ဖုရားမြစ်(Chaw Phraya)၊Lopburi မြစ်နဲ့ Pa Sak မြစ်သုံးစင်းတို့ ဆုံတွေ့ရာ မြစ်ဆုံရပ်ဝန်းမှာ တည်ရှိတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပီး မရေတွက်နိုင်လောက်အောင်များပြားလှသည့် ခမ်းနားထည်ဝါစွာ ရှေးဟောင်းအပျက်အစီးများဖြင့် ယနေ့တိုင် ဂုဏ်ယူဝင့်ကြွားလျှက်ရှိသလို
ယူနက်စကိုကလည်းကမ္ဘာအမွေအနှစ်ဇုံဖြစ်သတ်မှတ်ထားပါတယ်

🙏မြို့တော်ရဲ့ မြို့လည်ခေါင်ရှိ အလွန်ကျယ်ပြန့်သောနေရာမှာလဲ ရှေးဟောင်းသမိုင်းဝင်အထောက်အထားအဖြစ် Phra Nakhon Si ပန်းခြံကြီးကို တည်ဆောက်ထားပါတယ်..

Grand Palace, Chantharakasem နဲ့ Wang Lang ဆိုပြီးတော့ နန်းတော်ကြီး ၃ဆောင်ကိုလဲ မြင်တွေ့ရဦးမှာပါ

🛑ဗုဒ္ဓဆင်းတုတော်များပေါ်သို့ ကျော်တက်ခြင်းမပြုမိစေရန် သတိထားဖို့ အထူးလိုအပ်ပါတယ်.... 🛑

🙏Wat Phra Si Sanphet 🔆🔆
အယုဒ္ဓယမြို့ရဲ့ အကြီးမားဆုံး ဘုရားကြီးတစ်ဆူဖြစ်ပါတယ်။

🙏Viharm Phra Mongkol Bopit🔆🔆🔆
ကြေးဖြင့်သွန်းလုပ်ထာ‌ေသာ ရုပ်ပွားတော်ကြီးဟာအယုဒ္ဓယ ဒုတိယအကြိမ်ကျဆုံးချိန်တွင် ဖျက်ဆီးခံခဲ့ရပါတယ်။

🙏Wat Mahathat🔆🔆🔆
ဦးခေါင်းမဲ့ ဗုဒ္ဓဆင်းတုတော်များကို Naresuan လမ်းတွင်တည်ဆောက်ထားသော ကျောင်းတော်ကြီးအတွင်းမှာတည်ရှိပါတယ်.....

🙏နောက်ထက်ထူးခြားမှုတစ်ခုအနေနဲ့ ညောင်ပင်တစ်ပင်သည် ဗုဒ္ဓွဆင်းတုတော်၏
ဦးခေါင်းထက်တွင်ပေါက်နေတဲ့အတွက် ဓာတ်ပုံရိုက်သောအခါ ဒူးထောက်ပြီး ဗုဒ္ဓ ကိုအရိုအသေ
ပေးကြောင်းပြသဖို့မမေ့ပါနဲ့ရှင်

Wat Ratchaburana🔆🔆
အကြာမီက အသစ်ပြန်လည်တည်ဆောက်ထားတာဖြစ်ပီး လျှို့ဝှက်ဆန်းကြယ်သည့် လှေကားမှဆင်းသွားလျှင် ပြန်လည်မပြုုုပြင်ဘဲ မူရင်းအတိုင်းရှေးဟောင်း ပန်းချီလက်ရာများကို နံရံများတွင် ရေးခြယ်ထားတာကို တွေ့နိုင်ပါတယ်...

🙏Wat Phra Ram🔆🔆
မပြုမပြင်ရသေးတဲ့ စေတီငယ်အချို့ကို တွေ့မြင်ရမှာပါ...
ဘေးလှေကားများအတိုင်း အပေါ်တက်သွားမယ်ဆိုရင်တော့ အယုဒ္ဓယ တစ်မြို့လုံးရဲ့

မြင်ကွင်းကိုရင်သပ်ရှုမောစွာခံစားရမှာပါ

ထိုင်းနိုင်ငံမှာရှိတဲ့ ခရီးသွားခြင်းနှင့်ပတ်သက်

သည့်အကြောင်းအရာများကို တင်ပြပေးသွားမှာ

ဖြစ်လို့ PAGE ကို LIKE AND FOLLOW လေး

လုပ်ပေးကြပါဦးခင်ဗျာ🙏🏻

#ထိုင်းနိုင်ငံ

🙏🏻မင်္ဂလာပါခင်ဗျာ🙏🏻ဒီနေ့ကတော့ထိုင်နိုင်ငံကိုရောက်တာမကြာသေးတဲ့ရွှေမြန်မာများတွက်အထောက်အကူဖြစ်စေမယ့်ထိုင်းနိုင်ငံမြေပုံတွင...
04/09/2024

🙏🏻မင်္ဂလာပါခင်ဗျာ🙏🏻

ဒီနေ့ကတော့ထိုင်နိုင်ငံကိုရောက်တာမကြာသေးတဲ့

ရွှေမြန်မာများတွက်အထောက်အကူဖြစ်စေမယ့်

ထိုင်းနိုင်ငံမြေပုံတွင်းရှိမြို့များကိုမြန်မာလိုဖော်ပြ

ထားပေးတဲ့ပုံလေးဖြစ်ပါတယ်

နေရာအနီးအဝေးကိုLOCATIONတွေ shareစရာမ

လိုဘဲနာမည်သိရုံနဲ့အနီးအဝေးကိုခန့်မှန်း‌ချေသိနိုင်

ပါတယ် မိတ်ဆွေတို့တွက်အထောက်အကူဖြစ်စေ

မယ်ဆိုရင်ပုံလေးကို saveတာဘဲဖြစ်ဖြစ် share

ထားတာဘဲဖြစ်ဖြစ်အချိန်မရွေးကြည့်နိုင်ပါတယ်

ယခုလို Knowledge sharing များကိုအမြဲတမ်း

ဝေမျှပေးမှာဖြစ်လို့ Page ကို Like ‌and Follow

လေးလုပ်ထားပေးလို့ရပါတယ်ခင်ဗျာ။

ပုံ Create လုပ်သောမိတ်ဆွေကိုလဲလေးစားစွာ creditပေးပါတယ်။


#ထိုင်းနိုင်ငံ

ထိုင်းရောက်ရွှေမြန်မာများတွက်သိထားသင့်သောတရား၀င်ပိတ်ရက်(၁၃)ရက်1 ဇန်နဝါရီလ _ 1ရက်နေ့ (နှစ်သစ်ကူးနေ့)2 ဇန်နဝါရီလ _ 2ရက်နေ့...
02/09/2024

ထိုင်းရောက်ရွှေမြန်မာများတွက်သိထားသင့်

သောတရား၀င်ပိတ်ရက်(၁၃)ရက်

1 ဇန်နဝါရီလ _ 1ရက်နေ့ (နှစ်သစ်ကူးနေ့)

2 ဇန်နဝါရီလ _ 2ရက်နေ့ (နှစ်သစ်ကူး)

3ဖေဖော်ဝါရီ -26ရက်နေ့ ( Makha Bu Cha )

4 အေပြီလ -6ရက်နေ့( Chakri Memorial day )

5 အေပြီလ -13ရက်(Songkran Festival )
-14ရက် (သင်္ကြန်ပိတ်ရက်အဖြစ်
-15ရက် သက်မှတ်လေ့ရှိပါတယ်)

6 မေလ - 1ရက်နေ့ ( Labour Day
အလုပ်သမားနေ့)

7 မေလ _ 6ရက်နေ့(coronationနန်းတက်ပွဲနေ့)

8 ဇွန်လ - 3ရက်နေ့(birthday of queen
SUTHIDA'Sဘုရင်မမွေးနေ့)

9 ဇူလိုင် - 22ရက်နေ့( SUBSTITUTION FOR ASAHNA BUCHA DAY )

10 ဇူလိုင် _ 29ရက်နေ့ ( SUBSTITUTION FOR
KING BIRTHDAY)

11 ဩဂုတ်လ _ 12ရက်နေ့( MOTHER'S DAY)
ဘုရင်မမွေးနေ့လဲဖြစ်ပါတယ်

12 အောက်တိုဘာ - 14ရက်နေ့
( SUBSTITUTION FOR MEMORIAL DAY FOR KING BUMIBOL )

13 အောက်တိုဘာ _ 23ရက်နေ့
( CHULALONGKORN DAY)

14 ဒီဇင်ဘာ -5ရက်နေ့ (KING BUMIBOL'S BIRTHDAY)(Father Day)

15 ဒီဇင်ဘာ _ 10ရက်နေ့ ( CONSTITUTION)

16 ဒီဇင်ဘာ _ 31ရက်နေ့ (နှစ်ကူးအကြိုပိတ်ရက်)

နေရာဒေသအလိုက်ပိတ်ပေးသောရက်ရှိသလို

လုပ်ငန်းရှင်းများသက်မှတ်ပေးတတ်သောပိတ်

ရက်များကိုလေ့လာဖော်ပြခြင်းဖြစ်ပါတယ်

🛑မိတ်ဆွေတို့အနေနဲ့ကျွန်တော်လေ့‌လာထား

သောနေ့များတွက်မပါ၀င်သောနေ့ရက်များနှင့်

လွဲမှားသောနေ့ရက်များရှိနေရင်ဝေဖန်ထောက်ပြ

လို့ရပါတယ်ခင်ဗျာ) ထိုင်းရောက်မြန်မာများ

တွက် KNOWLEDGE SHARING များကိုနေ့တိုင်း

တင်နိုင်အောင်ကြိုးစားပေးသွားမှာဖြစ်တဲ့တွက်

PAGE ကို Follow ထားလို့ရပါတယ်ခင်ဗျ။

#ထိုင်းနိုင်ငံပိတ်ရက်များ
#ထိုင်းနိုင်ငံ

၀င်ကြေးFreeနဲ့ ဘန်ကောက်နဲ့နီးလို့ကုန်ကျစရိတ်သက်သာမယ့်Suan Rot Fai သို့မဟုတ် မီးရထားပန်းခြံRot Fai Park သည် ဘန်ကောက်ရှိ အ...
01/09/2024

၀င်ကြေးFreeနဲ့ ဘန်ကောက်နဲ့နီးလို့

ကုန်ကျစရိတ်သက်သာမယ့်

Suan Rot Fai သို့မဟုတ် မီးရထားပန်းခြံ

Rot Fai Park သည် ဘန်ကောက်ရှိ အကြီးဆုံး

ပန်းခြံများထဲမှ တစ်ခုဖြစ်ပြီး ရာသီအလိုက်ပန်း

များအရိပ်ရလမ်းများနှင့် အေးချမ်းသော

လေထုကြောင့် လူသိများသည်။ စက်ဘီးစီး

ဝါသနာပါသူများတွက်စက်ဘီးစီးလမ်းများရှိ

သလို လာရောက်လည်ပတ်သူများကလဲ

စက်ဘီးငှားကာ ပန်းခြံများ၊ ရေကန်များနှင့်

အရိပ်ရပင်များကိုတ၀ကြီးကြည့်ရှုအမော‌ ‌ဖြေ

နိုင်ပါတယ်

ပန်းခြံက Chatuchak Weekend Market နှင့်

Queen Sirikit Park အနားမှာရှိပါတယ် .Bts

Moe Chit ကပ်လျက်ရှိပါတယ်

လေ့ကျင့်ခန်းလုပ်ဖို့၊ ပျော်ပွဲစားထွက်ရင်း၊

သဘာဝကို စူးစမ်းလေ့လာတာပဲဖြစ်ဖြစ်၊

အေးချမ်းတဲ့ပတ်ဝန်းကျင်မှာ အပန်းဖြေဖို့ပဲ

ဖြစ်ဖြစ်၊ Rot Fai Park ဟာ ဘန်ကောက်မြို့ရဲ့

အသာယာဆုံး၊အလှဆုံးတစ်ခုဖြစ်လို့ပိတ်ရက်

များတွင်သွားရောက်လည်ပတ်ဖို့အကြံပြုပါ

တယ်။

Location အတိအကျကိုတော့ Mapထဲသွားပြီး ဒီ

လင့်လေးရိုက်ထည့်လိုက်ရင်ရပါပြီ

Rot Fai Park, RH83+GC6 Unnamed Road Chatuchak, Bangkok 10900




Photo Crd

ခရီးသွားတော့မယ်ဆိုရင်ဈေးနှုန်းသက်သာပြီးကီလို 30 freeယူလို့ရမယ့်လေကြောင်းလိုင်းတစ်ခုအကြောင်းMAI (Myanmar Airways Internat...
31/08/2024

ခရီးသွားတော့မယ်ဆိုရင်ဈေးနှုန်းသက်သာပြီး

ကီလို 30 freeယူလို့ရမယ့်လေကြောင်းလိုင်းတစ်ခု

အကြောင်း

MAI (Myanmar Airways International) သည်

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်း

လိုင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ မှာဘဲအခြေစိုက်တာ

ဖြစ်ပါတယ် MAI လေကြောင်းလိုင်းသည်

အရှေ့တောင်အာရှနိုင်ငံများကို အဓိကထား၍ ထိုင်း

နိုင်ငံ ဘန်ကောက်မြို့၊ စင်ကာပူနိုင်ငံ၊ မလေးရှား

နိုင်ငံ ကွာလာလမ်ပူမြို့ စသည့် နိုင်ငံများသို့ ပျံသန်း

လျက်ရှိသည်။

MAI သည် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင်

ဒေါက်တာအုန်း‌‌ ကျော်စတင်တည်ထောင်ခဲ့ပြီး

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံနှင့် ကမ္ဘာ့

အခြားပြည်နယ်များကို ချိတ်ဆက်ပေးရာတွင်

အရေးကြီးသော လေကြောင်းလိုင်းတစ်ခု ဖြစ်လာခဲ့

ခရီးသွားခြင်းဆိုရင်နှင်ပတ်သက်သည့်

အကြောင်းအရာများကိုအမြဲတမ်းတင်ပေးသွားမှာ

ဖြစ်လို့PAGE ကို LIKE AND FOLLOW လေးလုပ်ပေး

ကြပါဦးခင်ဗျ။




About Air Asia/ Airasia Air Lineအကြောင်းထိုင်းနိုင်ငံကနေမြန်မာပြည်ကိုလေယာဉ်နဲ့ပြန်ချင်တဲ့မိတ်ဆွေများတွက် ကုန်ကျစရိတ်သက်သ...
30/08/2024

About Air Asia/ Airasia Air Lineအကြောင်း

ထိုင်းနိုင်ငံကနေမြန်မာပြည်ကိုလေယာဉ်နဲ့ပြန်ချင်တဲ့

မိတ်ဆွေများတွက် ကုန်ကျစရိတ်သက်သာတဲ့

လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ 𝓐𝓲𝓻 𝓐𝓼𝓲𝓪

လေကြောင်းလိုင်းအကြောင်းဖြစ်ပါတယ်

စတင်တည်ထောင်သူကတော့

Tony Fernandes ဖြစ်ပြီး 2001ခုနှစ်ကစပြီး

မလေးရှားနိုင်ငံကနေစတင်တည်ထောင်ခဲ့တာဖြစ်

ပေမယ့်ယခုဆိုရင်ပြည်တွင်းပြည်ပနဲ့ကမ္ဘာအနှံ့ကို

ပြေးဆွဲနေပြီဖြစ်ပါတယ် Air Asiaက ဈေးနှုန်း

အသက်သာဆုံးဖြစ်ပေမယ့် ‌အချို့၀န်ဆောင်မှုတွေ

တွက်သီးခြားလက်မှတ်နှင့်ပေးဆောင်ရတာမျိုးရှိပါ

တယ်(ဉပမာ ပစ္စည်းတွေ7ကီလိုအထပ်ပိုပြီးသယ်

ချင်ရင်သီးခြားလက်မှတ်အနေနဲ့ပြန်၀ယ်ရပါတယ်)

လေယာဉ်လက်မှတ်အားလုံးကကြိုဖြတ်လေသက်

သာလေဖြစ်တဲ့တွက်လေယာဉ်နဲ့ခရီးသွားတော့မယ်

ဆိုရင်ယုံကြည်ရတဲ့ Website ဒါမမဟုတ် Pageတွေ

မှာဖြတ်ဖို့အကြံပေးပါတယ်။

ယခုလို ခရီးသွားခြင်းနှင့်ပတ်သက်သည့်

အကြောင်းအရာများကိုဝေမျှပေးမှာဖြစ်လို့ Page

ကို🙏🏻Like and Followလေးလုပ်ပေးကြပါဦးခင်ဗျ


မြန်မာပြည်ကခုမှရောက်စဘတ်ရိုက်ဖို့စောင့်နေတဲ့မသိသေးတဲ့သူတွေအတွက်သိသလောက်မျှဝေလိုက်ပါတယ်၊၊ပန်းရောင်ကတ်ဘတ်လုပ်မယ်ဆိုအဆင့်ငါ...
29/08/2024

မြန်မာပြည်ကခုမှရောက်စဘတ်ရိုက်ဖို့စောင့်နေတဲ့မသိသေးတဲ့သူတွေအတွက်သိသလောက်မျှဝေလိုက်ပါတယ်၊၊
ပန်းရောင်ကတ်ဘတ်လုပ်မယ်ဆိုအဆင့်ငါးဆင့်လုပ်ဆောင်ရပါတယ်၊၊
📌 (1) Name List (နာမည်စာရင်း)
ဘတ်ရိုက်တော့မယ်ဆိုတာနဲ့ကိုယ်အပ်ထားတဲ့သူကနေ Or ကိုယ်တိုင်အရင်ဆုံး Website မှာ Registration လုပ်ရတာပါ ဒါကိုနာမည်စာရင်းတင်တာလို့လည်းခေါ်ပါတယ် ဒီမှာတော့ Name List ကိုထိုင်းအစိုးရက ဖွင့်ပေးထားတဲ့ ကန့်သတ်ကာလအတွင်းအပြီးတင်ရတာဖြစ်ပါတယ် ပိတ်သွားတဲ့အချိန်မှ ဒီအဆင့်အဆင်ပြေမှသာကျန်တဲ့အဆင့်ထပ်လုပ်လို့ရမှာပါ၊၊
မမှီလိုက်လို့ခုံအောက်လက်ထိုးသမား VIP - VVIP တွေရှိပေမယ့်ဂရုစိုက်ပါအလိမ်များပါတယ်၊၊

📌 (2) Work Permit

Name List စာရွက်လက်ထဲရောက်ပြီးတာနဲ့လုပ်ရမဲ့ဒုတိယအဆင့်ကတော့ Work Permit လျှောက်ရမှာပါ
Work permit ကြေးမသွင်းခင်မှာတော့ အရင်ဆုံးဆေးစစ်ရပါတယ် ဒါကတော့သူတို့တွေတာဝန်ယူလုပ်ပေးပါတယ် လူမလိုက်ပဲ ဝယ်လို့လည်းရပါတယ်၊၊
ဒီစာရွက်စာတမ်းတွေစုံတာနဲ့ သူဌေးရှိတဲ့လူတွေကသူဌေးဖက်ကနေစာရွက်စာတမ်းတွေတောင်းရပါမယ်
သူဌေးရဲ့ အချက်အလက်နဲ့အာမခံစာရွက်စာတမ်းတွေရပြီးအလုပ်သမားစာချုပ်ချုပ်ရပါတယ်၊၊

ဒါပြီးမှ Work Permit ကြေးသွင်းလို့ရတာပါ
ဒါကိုလည်းအစိုးရဖွင့်ပေးတဲ့သူ့သတ်မှတ်ကာလအတွင်းအပြီးလုပ်ပေးရတာပါ ဒီမှာမှတ်ထားရမှာက Work Permit ဖိုးကိုတစ်ခါထဲသွင်းပေးရမှာပါ Work Permit ကြေးမသွင်းထားတဲ့ Name List အကုန် Cancel ဖြစ်မှာပါ၊၊

📌 (3) Face Scan နဲ့လက်ဗွေ
Work Permit ကြေးသွင်းပြီးတဲ့လူကို Officer တွေက တစ်ခါထဲစစ်ဆေးမေးမြန်းပါတယ် ပြီးရင်တော့ ခွင့်ပြုစာရွက်ရပါတယ် ခွင့်ပြုစာရွက်ကိုတော့Work Permit မရသေးခင်အထောက်အထားတစ်ခုအနေနဲ့ခဏတာအသုံးပြုလို့ရပါတယ်
ခွင့်ပြုစာရွက်ရရင် Face Scanနဲ့ လက်ဗွေစနှိပ်ရပါပြီ
Work Permit ဖိုးသွင်းထားတာနဲ့ ခွင့်ပြုစာရွက်တွေကိုယူပြီးသက်ဆိုင်ရာ တောမောရုံးမှာ သွားပြီးနှိပ်ရမှာပါ ဒါကိုလည်းသူ့သတ်မှတ်ကာလအတွင်းအပြီးလုပ်ပေးရမှာပါ၊၊

📌 (4) Visa
Step (3) မှာလက်ဗွေနှိပ်ပြီးရလာတဲ့စာရွက်တွေကို
ကိုယ်ကမြန်မာနိုင်ငံက Passport စာအုပ်အနီပါလာရင်အာ့ထဲကိုထည့်ရပါမယ် ဒါဆိုကိုယ့် Passport စာအုပ်ကသက်တမ်းပြန်ဝင်မှာပါ၊၊
စာအုပ်ရှိမထားတဲ့လူတွေကတော့
Passport CI ( အစိမ်းရောင်စာအုပ် ) ထဲ Visa ကိုထည့်ရမှာပါ CI စာအုပ်ကိုလည်းလုပ်ရပါမယ်၊၊
ဒီမှာရမဲ့ Visa က Non - LA Visa ဖြစ်ပါတယ်၊၊

📌 ( 5 ) Pink Card
အပေါ်က Visa ရပြီးရင်တော့ ပန်းရောက်ကဒ် Pink Card အဆင့်ရောက်ပါပြီ၊၊
Pink Card ထုတ်တဲ့အခါမှာ ထောလော ( 38 )လို့ခေါ်တဲ့စာရွက်ကိုပါရမှာဖြစ်ပါတယ် ဒီစာရွက်ရော Pink Card ရောကိုအတူတကွသိမ်းဆည်းထားရမှာဖြစ်ပါတယ်၊၊

ခုကခွင့်ပြုအဆိုတင်သွင်းခွင့်ကိုမရသေးတာဖြစ်ပါတယ်အစိုးရကမလုပ်ပေးသေးတာမို့လောမရပါဘူး၊၊

ခွင့်ပြုလာရင်အဆင့်အားလုံးကအစိုးရကသတ်မှတ်ထားတဲ့ရက်အတွင်းအလျှင်အမြန်လုပ်ရတာဖြစ်လို့ကြာမှာစိုးရိမ်စရာမလိုပါဘူး၊၊

ကဲအာ့တွေရရင်တော့လွတ်လပ်စွာတရားဝင်အလုပ်
လုပ်လို့ရပါပြီ၊၊
#ဟန်နီ

လေးစားစွာကူးယူဖော်ပြတာပါခင်ဗျ

လေယာဉ်စီးတဲ့ အခါမိတ်ဆွေတို့အနေနဲ့ Form ဖြည့်ရမှာဖြစ်ပါတယ် Form ဖြည့်ရတဲ့အချိန်မှာဒုက္ခမရောက်စေဖို့သိထားသင့်သောအချက်လေးတင...
28/08/2024

လေယာဉ်စီးတဲ့ အခါမိတ်ဆွေတို့အနေနဲ့ Form ဖြည့်ရမှာဖြစ်ပါတယ်
Form ဖြည့်ရတဲ့အချိန်မှာဒုက္ခမရောက်စေဖို့သိထားသင့်သောအချက်လေးတင်ပြ‌ ပေးခြင်းဖြစ်ပါတယ်

Phoneထဲမှာ Save ထားတာဘဲဖြစ်ဖြစ် SHAREတာဘဲဖြစ်ဖြစ် လုပ်ထားရင်နောင်တစ်ချိန်အသုံး၀င်လာမှာပါ

နောက်ထပ်အသစ်သစ်သော Knowledge sharing များကိုလုပ်ပေးသွားမှာဖြစ် လို့ Pageကို Like and follow လေးလုပ်ပေးကြပါဦးခင်ဗျ။


#မင်္ဂလာဒုံ

WAT ARUN ( 10ဘတ်တန်အကြွေစေ့မှာပါတဲ့ ဘုရားကိုသွားရောက်လည်ပတ်မယ့်ရွှေမြန်မာများတွက်)  ဒီဘုရားက ကျောက်ဖုရားမြစ်အနောက်ဘက်ကမ်...
27/08/2024

WAT ARUN

( 10ဘတ်တန်အကြွေစေ့မှာပါတဲ့ ဘုရားကို

သွားရောက်လည်ပတ်မယ့်ရွှေမြန်မာများတွက်)

ဒီဘုရားက ကျောက်ဖုရားမြစ်အနောက်ဘက်ကမ်း

မှာ တည်ထားပြီးတော့ Tourist Attraction

စာရင်းဝင်ဘုရားလဲဖြစ်ပါတယ် ဒီနေရာလေးမှာ

ဘုရားဖူးရင်း Sunset ကြည့်ဖို့လာကြသူတွေလဲရှိ

သလို ထိုင်းမင်းသား၊မင်းသမီးတွေအပါအဝင် ထိုင်း

လူမျိုးအများစုနဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်

တွေကလဲ ထိုင်းဝတ်စုံလေးတွေငှါးပြီး ဓာတ်ပုံရိုက်

တာလဲအရမ်းကိုခေတ်စားပါတယ်နော် ထိုင်းဝတ်စုံ

ငှါးဖို့က ဘုရားရှေ့မှာပဲငှါးပေးတဲ့ဆိုင်လေးတွေရှိပြီး

1နာရီကို ဘတ် 200 ကျသင့်တယ်လိုသိရပါတယ်

ဘန်ကောက်ကနေသွားမယ်ဆိုရင်အချိန်အနည်းငယ်

သာကျသင့်မှာဖြစ်တဲ့တွက်ပိတ်ရက်မှာသွားရောက်

လည်ပတ်ဖို့အကြံပြုပါတယ်။

နောက်ထပ်ခရီးသွားခြင်းနှင့်ပတ်သက်သည့်

အကြောင်းအရာများကို KNOWLEDGE SHARING

လုပ်ပေးသွားမှာဖြစ်လို့PAGE ကို LIKE AND

FOLLOWလေးလုပ်ပေးထားကြပါဦးခင်ဗျ !

လေယာဉ်ကွင်းမှာလက်မှတ်ထဲကဂိတ်ပေါက်ကိုရှာမယ်။ လက်မှတ်မှာပါတဲ့ ဂိတ်နံပါတ်ကို ရှာရမှာနော်။ လက်မှတ်မှာ ဂိတ်ကို လေယာဉ်ကောင်တာက...
26/08/2024

လေယာဉ်ကွင်းမှာလက်မှတ်ထဲကဂိတ်ပေါက်ကိုရှာမယ်။

လက်မှတ်မှာပါတဲ့ ဂိတ်နံပါတ်ကို ရှာရမှာနော်။

လက်မှတ်မှာ ဂိတ်ကို လေယာဉ်ကောင်တာကဝိုင်း
ပြပေးလိုက်ပါတယ်။

မိမိသွားရမဲ့ဂိတ်ပေါက်ကိုသိပီဆို
ရှာရတာလွယ်ပါတယ်။

ဂိတ်နံပါတ်တွေကို မျှားလေးတွေနဲ့ သူတို့ညွှန်ပေးထားပါတယ်။

မျှားအတိုင်း အားလုံးလိုက်သွားယုံပါပဲ။

မိမိအနေနဲ့ဘယ်လိုမှမသွားတတ်ဘူးဆို

တယောက်ယောက်ကို မေးလိုက်ပါ မရှက်
မကြောက်ပါနဲ့။
အားလုံးဘဲ အဆင်ပြေကြပါစေ

Travel နှင့်ပတ်သက်သည့်အကြောင်းအ‌ရာများကိုနေ့စဉ်တင်ပေးသွားမှုဖြစ်လို့ Pageကို Follow ထားပေးကြပါဦးဗျ

ရန်ကုန်လေဆိပ်အထွက်မှာPV နဲ့ထွက်မယ်ဆို - မှတ်ပုံတင်- လေယာဉ်လက်မှတ် ( အသွား + အပြန် )- ပိုက်ဆံ ဒေါ်လာ500ခန့်- ဟိုတယ် ဘိုကင...
25/08/2024

ရန်ကုန်လေဆိပ်အထွက်မှာ

PV နဲ့ထွက်မယ်ဆို
- မှတ်ပုံတင်
- လေယာဉ်လက်မှတ် ( အသွား + အပြန် )
- ပိုက်ဆံ ဒေါ်လာ500ခန့်
- ဟိုတယ် ဘိုကင် ( တခါတလေ ငွေချေထားတာပါပြခိုင်း၊ အသိအိမ်မှာနေမယ်ဆိုလည်း ကိုယ်နေမယ့်နေရာကို အသိငှါးထားတဲ့စာရွက်စာတမ်းတွေအဆင်သင့်ယူလာပြီး ရှင်းပြရင်ရနိုင် )

တွေကို စစ်တတ်ပါတယ်။ ပေါ့ပေါ့ပါးပါးပုံစံနဲ့ အချက်အလက်စုံအောင်ပြပြီး အေးဆေးဖြေပါ။ ထွက်လို့ရပါတယ်။

PJ နဲ့ထွက်မယ်ဆို
- OWIC card
- မှတ်ပုံတင် ပါရင်ရပါတယ်
( အသက် ၂၃ မှ ၃၁ ကြား PJ နဲ့ထွက်မရပါ )

တခြားနိုင်ငံအဝင်မှာတော့ PJ/PV ခွဲခြားမှုမရှိပါ

ဒါတွေက ရန်ကုန်လေဆိပ်ရဲ့ ဒီနေ့ ထိအခြေအနေပါ။ လွဲနေတာ၊ Update ပိုဖြစ်ပြီး ကိုယ်သိထားတဲ့ အချက်အလက်တွေကိုလည်း မျှဝေပေးခဲ့ပါ

အချင်းချင်း ကူညီကြပါစို့ခင်ဗျာ

(Shwe Network မှ ကျေးဇူးတင်စွာ ကူးယူ ဝေမျှပါသည်)

လေယာဉ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို COMMENT တွင်မားမနာတမ်းမေးမြန်နိုင်ပါတယ်ခင်ဗျ

Address

Rajshahi Division

Website

Alerts

Be the first to know and let us send you an email when Travel By 𝒴𝑒𝐿𝒾𝓃𝑀𝓎𝒶𝓉 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category