Edustay Canada4Myanmar

Edustay Canada4Myanmar Study in Canada and Edustay will help you from beginning to end. From school application to study permits, Edustay will give you the best options.

Education နဲ့ immigration field ဝင်လာတဲ့ အချိန် မှာ လိုအပ်နေတဲ့တတောင့်တနေရာက ကိုတတ်ကြွမ်းတဲ့ဟာနဲ့ ကို့ရဲ့မွေးရပ်မြေအတွက်...
02/28/2025

Education နဲ့ immigration field ဝင်လာတဲ့ အချိန် မှာ လိုအပ်နေတဲ့တတောင့်တနေရာက ကိုတတ်ကြွမ်းတဲ့ဟာနဲ့ ကို့ရဲ့မွေးရပ်မြေအတွက် တတ်န်ုင်တဲ့နေရာကနေ contribution လုပ်မယ်ဆိုပြီး တနှစ်လောက် ပညာရေးနဲကနေဒါရဲ့ immigration programs တွေကို တနှစ်လောက်အခမဲ့ ဆွေးနွေးပေးခဲ့တယ်.
တွေးခဲ့တဲ့ကျောင်းသားတွေ မိဘတွေ အများကြီးကြားထဲ့မှာ ဒီကျောင်းသားလေးကိုမှတ်မိနေမိတယ်.
ဘာကြောင့်လဲဆိုတော့ သူက လာဆွေးနွေးကတည်း က သူဖြစ်ချင်တာနဲ့ ကိုက်ညီတဲ့ မေးခွန်းတွေကိုသေချာ ကိုမေးပြီး, သူဘာလုပ်မယ်ဆိုတာ ဆွေးနွေးတော့ စာရေးသူ က long term goal ကိုရောက်ဖို့ short term paths တွေခွဲချပြင်္ပြး ဘယလ်အဆင့်မှာ ဘာတွေလုပ်ရမယ်ဆိုပြီးအကြံပြုလိုက်တာဘဲမှတ်မိလိုက်တယ်.

အဲနောက်တော့ကိုလဲမေ့မေ့ပျောက်ပျောက်ပေါ့ . သီတင်းကျွတ်ချိန် တခုမှာ visual လှမ်းကန်တော့တဲ့စာmessage လေးရောက်လာတော့ အံဩပြီတိဖြစ်ရတယ် .
ကိုတွေ့လိုက်တဲ့သူတွေကတယောက်အတွက်တော့အသုံးဝင်တာလေးရသွားတာသိရတာ့ အချိန်ပေးခဲ့ရတာ ကျေနပ်မိတယ်.

နောက်ပိုင်းတော့ သူ့ဆီမှာ progress တခုရှိတိုင်း, စာရေးသူကိုလှမ်းအသိပေးနှတ်ဆက်လာတတ်တယ်.

ဒီမနက်လဲသူဘာလုပ်နေတယ်,ဘယ် အဆင့်ရောက်နေပြီ, ဘာဆက်လုပ်နေတယ်ဆိုတာလှမ်းအသိပေး နှုတ်ဆက်တဲ့ message ပို့ထားတာတွေ့တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို, သူ့ရဲ့ journey ရဲ့ minute အစိတ်အပိုင်းတခုအနေနဲ့ပါဝင်ခွင့်ပေးခဲ့တာ ကျေးကေဇူးတင်မိတယ်.

ရည်မှန်းချက်ပန်းတိုင်ကိုအောင်မြင်စွာတွတ်ခူးနိုင်ပါစေ လို့ဆုတောင်းပေးမိတယ်.

02/11/2025

(English below)

မြန်မာကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု အခွင့်အရေး! 🇲🇲🇳🇴

မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအတွက် မဟီဒေါတက္ကသိုလ်က ပေးအပ်လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် Master of Primary Health Care Management (International Program) ပညာသင်ဆုများ လျှောက်ထားနိုင်ပါပြီ။ ဤပညာသင်ဆုသည် မြန်မာကျောင်းသားကျောင်းသူများအတွက် သီးသန့်ဖြစ်ပြီး မဟီဒေါတက္ကသိုလ်နှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးပရောဂျက်အဖြစ် ထောက်ပံ့ကူညီပေးနေခြင်းဖြစ်ပါသည်။

လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

ပညာသင်ဆုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://graduate.mahidol.ac.th/inter/prospective-students/ (သို့မဟုတ်) Mr. Jeevan Bhatta at [email protected] အီးမေးလ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

-----

Scholarship Opportunities for Myanmar Students! 🇲🇲🇳🇴

Applications for the full scholarship for the Master of Primary Health Care Management (International Program) 2025 are now open. This scholarship is exclusively for Myanmar students and is supported under the Human Capital Empowerment project in Myanmar, through a collaboration between Mahidol University and the Norwegian Ministry of Foreign Affairs.

The application deadline has been extended to 31st March 2025.

For further information, please contact:https://graduate.mahidol.ac.th/inter/prospective-students/ or Mr. Jeevan Bhatta at [email protected]

Full Scholarship for Myanmar Citizens.
02/11/2025

Full Scholarship for Myanmar Citizens.

(English below)

မြန်မာကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု အခွင့်အရေး! 🇲🇲🇳🇴

မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအတွက် မဟီဒေါတက္ကသိုလ်က ပေးအပ်လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် Master of Primary Health Care Management (International Program) ပညာသင်ဆုများ လျှောက်ထားနိုင်ပါပြီ။ ဤပညာသင်ဆုသည် မြန်မာကျောင်းသားကျောင်းသူများအတွက် သီးသန့်ဖြစ်ပြီး မဟီဒေါတက္ကသိုလ်နှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးပရောဂျက်အဖြစ် ထောက်ပံ့ကူညီပေးနေခြင်းဖြစ်ပါသည်။

လျှောက်လွှာများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။

ပညာသင်ဆုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက https://graduate.mahidol.ac.th/inter/prospective-students/ (သို့မဟုတ်) Mr. Jeevan Bhatta at [email protected] အီးမေးလ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

-----

Scholarship Opportunities for Myanmar Students! 🇲🇲🇳🇴

Applications for the full scholarship for the Master of Primary Health Care Management (International Program) 2025 are now open. This scholarship is exclusively for Myanmar students and is supported under the Human Capital Empowerment project in Myanmar, through a collaboration between Mahidol University and the Norwegian Ministry of Foreign Affairs.

The application deadline has been extended to 31st March 2025.

For further information, please contact:https://graduate.mahidol.ac.th/inter/prospective-students/ or Mr. Jeevan Bhatta at [email protected]

🇨🇦 မှာ undergrad programs တွေမှာ international students တွေ အတွက် enterance နဲ့ major scholarship တွေ ပေးတဲ့ ကျောင်းတွေရ...
02/10/2025

🇨🇦 မှာ undergrad programs တွေမှာ international students တွေ အတွက် enterance နဲ့ major scholarship တွေ ပေးတဲ့ ကျောင်းတွေရှိပေမဲ့ , full scholarship ပေးတဲ့ ကျောင်းတွေကမရှိသလောက်နဲပါတယ်.

ဒါပေမဲ့ first semester မှာ အမှတ်ကောင်းရင်, scholarship တွေက မလျောက်ဘဲနဲ့ ကို့နောက်လိုက်လာတဲ့ အခွင့်အလမ်းတွေရလာနိုင်ပါတယ်.

Study permit နဲ့လာပြီး ကျောင်းမတက်ဘဲနေတဲ့ study permut holders 50000 ထဲမှ ၂၀၀၀၀ ကျောင်က India နိုင်ငံ ကျောင်းသားတွေလို့ ...
01/27/2025

Study permit နဲ့လာပြီး ကျောင်းမတက်ဘဲနေတဲ့ study permut holders 50000 ထဲမှ ၂၀၀၀၀ ကျောင်က India နိုင်ငံ ကျောင်းသားတွေလို့ သတင်းကဖေါ်ပြထားပါတယ်.

https://www.theglobeandmail.com/politics/article-international-students-school-attendance-data/?utm_source=PaidSocial&utm_medium=FacebookAd&utm_campaign=traffic_mkt&utm_term=PCA&utm_content=keywee-loyaltyscore&utm_id=1&kwp_0=2446704&kwp_4=6819991&kwp_1=2900827&fbclid=IwZXh0bgNhZW0BMABhZGlkAasYNxaJFXwBHRDu2UlgjNYMIq3MtgMwPhap-TK2a8mvl-S_K7mF68BNbpCXKAGQ9XKYbg_aem_EpEq7Kux40x-E2NUTDVMnQ

Spring government data reveal 6.9 per cent of all foreign enrollees failed to adhere to the terms of their visas

https://daughtersrising.org/scholarship-applicationတိုင်းရင်းသား လူနည်းစုထဲက အမျိုးသမီးတွေကိုပဲ သီးသန့်ပေးအပ်တဲ့ Daughte...
01/22/2025

https://daughtersrising.org/scholarship-application

တိုင်းရင်းသား လူနည်းစုထဲက အမျိုးသမီးတွေကိုပဲ သီးသန့်ပေးအပ်တဲ့ Daughters Rising ပညာသင်ဆုပါ။ ပညာသင်ဆုအပြည့်အဝထောက်ပံ့ခြင်း နဲ့ တစ်စိတ်တစ်ပိုင်း ထောက်ပံ့ခြင်းဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဒီပညာသင်ဆုကို ဘွဲ့ကြို Undergraduate အတွက်ပဲလျှောက်လို့ရပါတယ်။

တိုင်းရင်းသားနယ်မြေဒေသရှိ ငွေကြေးအခက်အခဲရှိတဲ့သူ၊ ရွှေ့ပြောင်းနေထိုင်သူ၊ အခွင့်အလမ်းနည်းပါးတဲ့ ဒေသမှာ နေထိုင်သူ သို့မဟုတ် ဒုက္ခသည်စခန်းများမှ ကြီးပြင်းနေထိုင်တဲ့ လူငယ် အမျိုးသမီးတွေကို ဦးစားပေးရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးချယ်ခြင်းခံအပ်ပါက Thailand/ Bangladesh/ Southeast Asia နိုင်ငံများရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။

အောက်ပါဘာသာရပ်တွေကို စိတ်ပါဝင်စားတဲ့သူတွေကို ဦးစားပေးမှာပါ
- Mental Health & Psychology
- Development
- Conflict and Peace Studies
- Ecology and Environmental Sustainability
- Social Sciences
- Public Administration, Policy and Governance
- Education
- Public Health
- Communication Arts
- Law
- Journalism
- History and Cultural Studies

ပညာသင်ဆုအကြောင်းအပြည့်အစုံလေ့လာလိုပါက
https://daughtersrising.org/scholarship-application/

လျှောက်လွှာကို အောက်က link ကနေဖြည့်ရမှာပါ
https://docs.google.com/forms/d/e/1FAIpQLSdlML7qAS51GGVfqpo9a5UwXRYIK1zdKnaij8toTybrDkCNuQ/viewform

Our scholarship program gives critical funding to ethnic minority women from Myanmar and Thailand to pursue their undergraduate degrees. Our scholarships are awarded based on merit, need, and potential positive impact a student’s degree and career can have to uplift others upon graduation.

ကနေဒါမှာ Admin အနှစ်သက်ဆုံးထဲကနေရာတခုပြအါဆိုရင် Niagara Falls ဘာဘဲ. နာမည်ကြီးအထင်ကရနေရာတခုဆိုတာထက် ကိုယ့်ရဲ့ personal se...
01/20/2025

ကနေဒါမှာ Admin အနှစ်သက်ဆုံးထဲကနေရာတခုပြအါဆိုရင် Niagara Falls ဘာဘဲ. နာမည်ကြီးအထင်ကရနေရာတခုဆိုတာထက် ကိုယ့်ရဲ့ personal sense တခုကြောင့်ဆိရင်ပိုမှန်မလားလဲ. ရေတံခွန် နားသွားတိုင်း သဘာဝတရားရဲ့ healing energy ကို ရရှိတယ်လို့အမြဲခံစားရတယ်. Energy ပြည့်ဝပြီးအားအင်အသစ်နဲ့ လန်းဆန်းတက်ကြွလာသလိုအမြဲခံစားရတယ်. နောက်အသိတရားတခုအမြဲစိတ်ထဲပါလာတာတခုက သဘာဝတရားကပေးတဲ့အလှအပနဲ့ ပတ်ဝန်းကျင်ကိုလေးစားထိန်းသိမ်း ဖို့ မိမိမှာလဲတာဝန်ရှိတယ်ဆိုတဲ့အသိလေးဘဲ.
ကနေဒါရေညက်တာ နှစ် ၂၀ အတွင်း ရေတံခွန် ရေခဲနေတာ မတွေ့ဘူးသေးလို့ ဒီနှစ်တော့အရောက်သွားကြည့်မယ်ဆိုပြီး အားခဲလာခဲ့ပေမဲ့ ရေခဲတာတော့မမြင်ရခဲ့ရဘူး.
ဒါပေမဲ့ ရေတခွန် ကတော့ သူ့တာဝန်မပြတ် ကိယ့်ကို အမြဲ ခွန်အားပေးနေဆဲဘဲ.

နွေရာသီမှာ ဖျာတချပ်, စာအုပ်လေးတအုပ်, လက်ဖက်ထမင်းလေးယူလာပြီးတရက်လောက်တော့သူနားလာအုံးမယ်လို့စိတ်ကူးယဉ်လိုက်အုံးမယ်.

01/15/2025

ကနေဒါ 🇨🇦 visa နဲ့ policy တွေက အရမ်းကြပ်လာရင်
နိုင်ငံပြောင်းရမလားလို့ မေးလာတဲ့သူတွေအတွက်
Admin ရဲ့ အမြင်ကို ပြောရမယ်ဆိုရင်…

1️⃣ ခုအချိန်မှာ မတင်းကြပ်တဲ့ နိုင်ငံမရှိသလောက်ပါဘဲ.

2️⃣ကိုယ့်ရဲ့ final goals အရနိုင်ငံကအသင့်တော်ဆုံးဖြစ်မယ်ဆိုတာရွေးချယ်ပြီး ဇွဲရှိရှိကြိုးစား မယ်ဆိုရင် ဖြစ်နိုင်ခြေလမ်းတွေပေါ်လာမှာပါ.

3️⃣နောက်တခုက ရွေးကောက်ပွဲနီးလာပြီဆိုရင် immigration policy တွေ regulation တွေမှာတင်းကြပ်လာတတ်တဲ့သဘာဝက အမြဲရှိတတ်တယ်. Immigration က အမြဲ debate topic ကြီးတခုပါ.

4️⃣ ကနေဒါဟာ မကြာခင် လအနည်းငယ်အတွင်းရွေးကောက်ပွဲလုပ်မဲ့ အနေအထားဘက်ကိုသွားနေသလို, အိမ်နီးချင်းန်ုင်ငံင်္ကြးရဲ့သမ္မတအပြောင်းအလဲနဲ့အတူ ဒီဘက်ကိုရိုက်ခတ်လာနိုင်တဲ့တက်ရောက်မှုတွေလဲရှိလာန်ုင်ပါတယ်.

ဒါပေမဲ့ ဒီအကြောင်းအရာတွေကို ကိုယ်က control လုပ်လို့ရတာတွေ မဟုတ်တဲ့အတွက် ကိုယ်လုပ်နိုင်တာကိုဘဲ ဦးစားပေးပြင်ဆင်နေဖို့ကသာ အဓိကလို့ ယူဆပါတယ်
ဆိုတော့ ကနေဒါက မိမိရဲ့ final Destination ဆိုရင်တော့ပြင်ဆင်စရာရှိတာပြင်ဆင်, လုပ်စရာရှိတာဇွရှိရှိကြိုလုပ်ထားမယ်ဆိုရင် ကံကကိုယ့်ဘက်ရှိနေအုံးမှာပါ.
ပွင့်သောပန်းတိုင်း မွှေးမြပါစေ 🌸🌺🍁

Windsor, Ontario မှာ အသစ်ဆောက်နေတဲ့ ကား ဘက်ထရီ company မှာ vacancy အများကြီးနဲ့ recruit စ လုပ်နေပါပြီမှတ်ချက်. ကနေဒါ မှာ...
12/02/2024

Windsor, Ontario မှာ အသစ်ဆောက်နေတဲ့ ကား ဘက်ထရီ company မှာ vacancy အများကြီးနဲ့ recruit စ လုပ်နေပါပြီ
မှတ်ချက်. ကနေဒါ မှာ တရားဝင်အလုပ်လုပ်ခွင့် work permit ရှိသူများနဲ့ stufy permit holder များသာ.

NextStar Energy is a powerful new joint venture between LG and Stellantis, with a mission to revolutionize the North American EV industry through our state-of-the-art facility in Windsor, Ontario

မင်္ဂလာပါ မြန်မာကျောင်းသားများရေ။ ဒီနေ့မှာတော့ တကယ်အရေးကြီးတဲ့ ပညာသင်ဆုအခွင့်အလမ်းတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ Univ...
10/15/2024

မင်္ဂလာပါ မြန်မာကျောင်းသားများရေ။ ဒီနေ့မှာတော့ တကယ်အရေးကြီးတဲ့ ပညာသင်ဆုအခွင့်အလမ်းတစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ University of the People (UoPeople) က မြန်မာကျောင်းသားတွေအတွက် သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုပါ။ အသေးစိတ်လေ့လာကြည့်ရအောင်။

**ပညာသင်ဆုအကြောင်း အဓိကအချက်များ:**

* **မြန်မာကျောင်းသားများအတွက် သီးသန့်:** ဒီပညာသင်ဆုက မြန်မာနိုင်ငံကကျောင်းသားတွေအတွက်သာ သီးသန့်ဖြစ်ပါတယ်။

* **ကျောင်းသားသစ်များအတွက်:** University of the People မှာ အသစ်တက်ရောက်မယ့် ကျောင်းသားတွေအတွက်သာ ဖြစ်ပါတယ်။

* **နှစ်နှစ်သင်တန်းပရိုဂရမ်များအတွက်:** UoPeople က ကမ်းလှမ်းတဲ့ နှစ်နှစ်သင်တန်းပရိုဂရမ်တွေအတွက် အကျုံးဝင်ပါတယ်။

* **စာမေးပွဲကြေးများကို ပေးဆောင်ပါတယ်:** စာမေးပွဲဖြေဆိုခြင်းနဲ့ဆက်စပ်တဲ့ အကဲဖြတ်ကြေး ၁၀ ခုအထိ ပေးဆောင်ပါတယ်။

* **သက်တမ်းတိုးနိုင်ခြင်း:** ပညာရေးစွမ်းဆောင်ရည်ကောင်းမွန်ရင် ပညာသင်ဆုကို သက်တမ်းတိုးနိုင်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီး ငွေကြေးထောက်ပံ့မှု ရရှိနိုင်ပါတယ်။

* **ရန်ပုံငွေထောက်ပံ့သူ:** ဒီပညာသင်ဆုကို Foundation Hoffman နဲ့ Frankel Family Foundation တို့က ရက်ရောစွာ ထောက်ပံ့ပေးထားပါတယ်။

* **ရည်ရွယ်ချက်:** စိတ်အားထက်သန်တဲ့ မြန်မာကျောင်းသားတွေကို အသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခု ရရှိနိုင်အောင် အခွင့်အလမ်းပေးဖို့ ရည်ရွယ်ပါတယ်။

**https://www.uopeople.edu/tuition-free/scholarships/myanmar-scholarship-fund/**

**အဆင့် ၁ - University of the People လျှောက်လွှာဖြည့်စွက်ပါ**

* **UoPeople ဝဘ်ဆိုက်ကိုသွားပါ:** University of the People ရဲ့ တရားဝင်ဝဘ်ဆိုက်ကို သွားရောက်ပါ။ https://www.uopeople.edu/

* **လျှောက်လွှာစတင်ဖြည့်စွက်ပါ:** လျှောက်လွှာဖြည့်စွက်ရမယ့်နေရာကို ရှာပြီး သင်လိုချင်တဲ့ ဘွဲ့ပရိုဂရမ်အတွက် လျှောက်ထားပါ။

* **လိုအပ်တဲ့စာရွက်စာတမ်းအားလုံး တင်သွင်းပါ:** လိုအပ်တဲ့ အမှတ်စာရင်းတွေ၊ မှတ်ပုံတင်နဲ့ တခြားစာရွက်စာတမ်းတွေကို သေချာတင်သွင်းပါ။

* **လက်ခံကြောင်းအကြောင်းကြားစာ လက်ခံရရှိပါ:** တက္ကသိုလ်က သင့်လျှောက်လွှာကို စစ်ဆေးပြီး တရားဝင်လက်ခံကြောင်း စာရလာတဲ့အထိ စောင့်ပါ။

**အဆင့် ၂ - မြန်မာပညာသင်ဆုနဲ့ပတ်သက်ပြီး ငွေကြေးအထောက်အပံ့ဌာနကို ဆက်သွယ်ပါ**

* **ငွေကြေးအထောက်အပံ့ဌာနကို အီးမေးလ်ပို့ပါ:** University of the People ရဲ့ ငွေကြေးအထောက်အပံ့ဌာနကို [email protected] သို့ အီးမေးလ်ရေးပို့ပါ။
* **အကြောင်းအရာခေါင်းစဉ်:** မြန်မာပညာသင်ဆုရန်ပုံငွေအကြောင်း စုံစမ်းခြင်း
* **အီးမေးလ်အကြောင်းအရာ:**
* သင့်ရဲ့အမည်အပြည့်အစုံကိုဖော်ပြပြီး မြန်မာနိုင်ငံက လက်ခံခဲ့တဲ့ ကျောင်းသားသစ်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြပါ။
* သင်လက်ခံခံရတဲ့ နှစ်နှစ်သင်တန်းပရိုဂရမ်အမည်ကို တိတိကျကျဖော်ပြပါ။
* မြန်မာပညာသင်ဆုရန်ပုံငွေကို စိတ်ဝင်စားကြောင်း အလေးအနက်ဖော်ပြပါ။
* ပညာသင်ဆုလျှောက်ထားရန် ရှင်းလင်းတဲ့ညွှန်ကြားချက်တွေ တောင်းခံပါ။ သီးခြားလျှောက်လွှာပုံစံရှိမရှိလည်း မေးမြန်းပါ။
* သူတို့ရဲ့အချိန်နဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်းဖော်ပြပါ။

**အဆင့် ၃ - ပညာသင်ဆုလက်ခံခြင်းနှင့် နောက်ထပ်အဆင့်များ**

* **ပညာသင်ဆုချီးမြှင့်ကြောင်း အကြောင်းကြားခြင်း:** ပညာသင်ဆုကော်မတီက သင့်လျှောက်လွှာကို စစ်ဆေးပြီး သူတို့ရဲ့ဆုံးဖြတ်ချက်ကို အကြောင်းကြားပါလိမ့်မယ်။

* **တရားဝင်လက်ခံခြင်း:** ပညာသင်ဆုရရှိခဲ့ရင် ပေးထားတဲ့ညွှန်ကြားချက်တွေအတိုင်း တရားဝင်လက်ခံကြောင်း ပြန်ကြားပါ။

* **သက်တမ်းတိုးခြင်း:** နောက်ထပ်သင်တန်းကာလတွေမှာ ပညာသင်ဆုသက်တမ်းတိုးဖို့ လိုအပ်တဲ့ပညာရေးတိုးတက်မှုကို ထိန်းသိမ်းထားပါ။

**အဓိကအချက်များ:**

* **အချိန်မဆိုင်းပါနဲ့:** UoPeople က လက်ခံကြောင်းစာရတာနဲ့ ငွေကြေးအထောက်အပံ့ဌာနကို ချက်ချင်းဆက်သွယ်ပါ။

* **ရှင်းလင်းပြီး တိုတိုတုတ်တုတ်ရေးပါ:** သင့်အီးမေးလ်ဟာ နားလည်ရလွယ်ကူပြီး အရေးကြီးတဲ့အချက်အလက်အားလုံး ပါဝင်ကြောင်း သေချာအောင်လုပ်ပါ။

* **လေးစားပြီး ပညာရှင်ဆန်ဆန်ရေးပါ:** အီးမေးလ်ဆက်သွယ်ရာမှာ လေးစားသမှုရှိတဲ့လေသံကို ထိန်းသိမ်းထားပါ။

မိတ်ဆွေတို့ရေ၊ ဒါဟာ မြန်မာကျောင်းသားတွေအတွက် တကယ်ကောင်းတဲ့အခွင့်အလမ်းတစ်ခုပါ။ တက္ကသိုလ်ပညာကို အခမဲ့သင်ယူခွင့်ရဖို့ အခွင့်အရေးပါ။ စိတ်ဝင်စားတယ်ဆိုရင် အချိန်မဆိုင်းပဲ လျှောက်ထားကြည့်ပါ။ တစ်ခုခုမရှင်းတာရှိရင် မေးမြန်းနိုင်ပါတယ်နော်။ အားလုံးကို ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ထပ်စိတ်ဝင်စားဖွယ် ပညာရေးအခွင့်အလမ်းတွေနဲ့ ထပ်ဆုံကြပါဦးမယ်။ ကျေးဇူးတင်ပါတယ်။
ref:Kyaw Tun

University of the People is a tuition-free online university for students from all over the world. Learn more about University of the People!

USAID ရဲ့Diversity and Inclusion Scholarship Program (USAID DISP) Application open now🎉✨မြန်မာနိုင်ငံသားတွေအတွက် သီးသန့်...
10/12/2024

USAID ရဲ့Diversity and Inclusion Scholarship Program (USAID DISP) Application open now🎉✨
မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးအပ်သွားမဲ့ scholarship program တစ်ခုဖြစ်ပါတယ်။ ခွဲခြားဆက်ဆံခံနေရတဲ့လူနည်းစုတွေတိုင်းရင်းသားတွေ လူမှုအဖွဲ့အစည်းကိုအကျိုးပြုမဲ့ ခေါင်းဆောင်တွေကို အလေးထားပြီး နိုင်ငံတကာအဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ရရှိဖို့ပေးအပ်နေတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ်
💫DISP ရဲ့ Cohort 2 မှာတော့
* Associate Degree Programs
* Master's Degree Programs
* Certificate Programs
* Graduate Diploma Programs တွေအတွက် ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ်
📌Deadline- November 22,2024
📌လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
* Personal Information
* Contact Information
* Education History
* Professional Experience, Employment History & Volunteer Work
* International Experiences
* Academic Interests
* Two essays 700 words
* Upload required Supporting Documents: o Academic Records (Certificates & Transcripts)
* A copy of both sides of National Registration Card (NRC) for in-person programs
* A copy of front page of passport (If available)
* 2 letters of recommendation English preferred
Essay 2 ပုဒ်ကတော့
🍀Essay 1 -- Write a personal statement about what motivated you to choose your field of study, explaining your goals in academics and work. Explain how this scholarship would benefit your personal development and contribute to your community.
🍀Essay 2 -- Describe a difficulty you faced - whether in an academic, professional, or social situation - and how you used your leadership skills to overcome the challenge.
For more information
📌Website link- https://www.usaiddisp.com/
📌FAQs link-https://bit.ly/3XQnXxT
📌Application link-https://myapp.iie.org/dispscholar

Home -

ဒီနေ့ ၁ နာရီမှာ နောက်ထပ် အပြောင်းအလဲထပ် announce လုပ်ဖို့ သတင်း ထုတ်ပြန် ချက်. ဒါနဲ့ဆို ၄ ကြိမ်မြောက် အပြောင်းအလဲကြေညာချ...
09/18/2024

ဒီနေ့ ၁ နာရီမှာ နောက်ထပ် အပြောင်းအလဲထပ် announce လုပ်ဖို့ သတင်း ထုတ်ပြန် ချက်. ဒါနဲ့ဆို ၄ ကြိမ်မြောက် အပြောင်းအလဲကြေညာချက်ဘဲ.

https://www.canada.ca/en/immigration-refugees-citizenship/news/2024/09/minister-miller-and-minister-boissonnault-to-announce-additional-actions-to-protect-our-immigration-system.html?fbclid=IwZXh0bgNhZW0CMTEAAR1d2eFpkDZic9NhFxr1P_N9EQBwNHBhQsl8L4HyO97WvKmeMJcZlnhj-N0_aem_I_yqhek3_FRvkCDftI-UWQ

The Honourable Marc Miller, Minister of Immigration, Refugees and Citizenship, and The Honourable Randy Boissonnault, Minister of Employment, Workforce Development and Official Languages, will make an announcement regarding the strengthening of our temporary resident programs and migration pathways.

https://erajobs.state.gov/dos-era/vacancy/viewVacancyDetail.hms?_ref=mfdhsfjbpt0&returnToSearch=true&jnum=63969&orgId=32...
09/06/2024

https://erajobs.state.gov/dos-era/vacancy/viewVacancyDetail.hms?_ref=mfdhsfjbpt0&returnToSearch=true&jnum=63969&orgId=32&fbclid=IwY2xjawFICsFleHRuA2FlbQIxMAABHQ1SYD08G9jWYmBPpk7gK8um7c87-EzECFCHV1IXMng6k--wsO91c24qUA_aem_QWm6e1DK4JFGzXaAAYxuqg

EQUAL EMPLOYMENT OPPORTUNITY (EEO):  The U.S. Mission provides equal opportunity and fair and equitable treatment in employment to all people without regard to race, color, religion, s*x, national origin, age, disability, political affiliation, marital status, or s*xual orientation.

Ever wonder why your visa application was refused?"Through automated triaging and Chinook IRCC in one region had process...
09/06/2024

Ever wonder why your visa application was refused?

"Through automated triaging and Chinook IRCC in one region had processing timeframes of 60-75 seconds per application." - Steven Meurrens

Address

Montreal, QC

Opening Hours

Tuesday 9am - 5pm
Wednesday 9am - 5pm
Thursday 9am - 5pm
Friday 9am - 5pm
Saturday 9am - 5pm

Alerts

Be the first to know and let us send you an email when Edustay Canada4Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Edustay Canada4Myanmar:

Videos

Share