Himawari Myanmar

Himawari Myanmar ဂျပန်နိုင်ငံနှင့်ပတ်သတ်သမျှVisa & Consultant Serviceအမျိုးမျိုးကို
အထူး၀န်ဆောင်မှုပေးလျှက်ရှိပါသည်....

ဂျပန်ရောက်ရောက်ချင်း  ဖုန်းဆက်ဖို့ အင်တာနက်သုံးဖို့အတွက် ဆင်းကတ်ဝယ်မယ်ဆို ဘယ်မှာဝယ်ရမလဲ? ဘာအမျိုးအစားတွေရှိလဲဆိုတဲ့ အကြေ...
06/01/2023

ဂျပန်ရောက်ရောက်ချင်း ဖုန်းဆက်ဖို့ အင်တာနက်သုံးဖို့အတွက် ဆင်းကတ်ဝယ်မယ်ဆို ဘယ်မှာဝယ်ရမလဲ? ဘာအမျိုးအစားတွေရှိလဲဆိုတဲ့ အကြောင်းများကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗျာ။

ဂျပန်မှာ ဆင်းကတ်ဝယ်တဲ့အခါ AU/SOFTBANK/DOCOMOဆိုပြီးဖုန်းလိုင်းတွေရှိပါတယ်။တစ်ခါတစ်တစ်ရံ ဆင်းကတ်ကြီးဘဲဝယ်လို့ရမဘဲ ဖုန်းပါတွဲဝယ်ရတတ်ပါတယ်။ဖုန်းဆင်းကတ်ဝယ်လို့ရတဲ့ဆိုင်တွေကလည်း ပေါများလို့ ကိုယ်နေတဲ့အိမ်နားမှာတင် ရှာဝယ်နိုင်ပါတယ်။📍🛒

ဂျပန်မှာဖုန်းဆင်းကတ်ဝယ်တဲ့အခါ စာချုပ်ချုပ်ဖို့လိုပါတယ်။ စာချုပ်ချုပ်ဖို့အတွက်က
1.Passport
2.Residence Card
3.Bank Account
ဂျပန်တံဆိပ်တုံးစတာလေးတွေဆောင်သွားရင်ပိုအဆင်ပြေပါတယ်။

စျေးနှုန်းနဲ့အမျိုးအစားတွေကတော့ ဖုန်းဒေတာနဲ့အင်တာနက် GB အလိုက် Packageတွေ ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် ဖုန်းနဲ့ လိုင်းကို အရစ်ကျရောင်းပေးတဲ့နေရာတွေလည်း ရှိပါတယ်။ ဘေလ်ဆောင်တာကိုတော့ လစဉ်ဘဏ်ကနေဆောင်နိုင်ပါတယ်။ပေးဆောင်ခြင်းပုံစံကတော့ ဒီလသုံးတာကို နောက်လမှပေးဆောင်ရမှာဖြစ်ပါတယ်။ဂျပန်မှာ ဖုန်းဘေလ်ဆောင်ခြင်း၊ အကြွေးဝယ်ကတ်လုပ်ခြင်း၊ အိမ်လခလွဲခြင်း၊ မီးဖိုး၊ရေဖိုးစတဲ့ပေးဆောင်စရာတွေကို ဘဏ်နဲ့ဖုန်းနဲ့ချိတ်ပြီးဆောင်နိုင်ပါတယ်။💯💴

ဂျပန်မှာနေပြီးဖုန်းမရှိရင်လည်း အလုပ်ရဖို့အဆင်မပြေနိုင်ပါဘူး။ဂျပန်နိုင်ငံမှာ အရေးကြီးသတိပေးချက်နဲ့ ငလျင်သတင်းတွေကိုဖုန်းကတဆင့်လည်းကြော်ငြာတာမို့ မရှိမဖြစ်လုပ်ကိုလုပ်ထားရပါမယ်။ ဂျပန်နိုင်ငံနဲ့သက်ဆိုင်တဲ့အကြောင်းအရာများနဲ့ ဂျပန်နိုင်ငံရဲ့လူနေမှုဘဝ အထွေအထွေမှာ အသုံးဝင်စေမဲ့ အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးမဲ့ Himawari Myanmar Page လေးမှာ ဆက်လက်စောင့်ကြည့်ပေးပါဦးဗျာ။ 📲📲



Today(2023/1/6) of Osaka Immigration (Cosmo Square Station ) Today is Work Visa grant day㊗️㊗️㊗️
06/01/2023

Today(2023/1/6) of Osaka Immigration (Cosmo Square Station )

Today is Work Visa grant day㊗️㊗️㊗️

ဂျပန်ရောက် ပညာတော်သင် ကျောင်းသားမှမိသားစုကို မှီခိုဗီဇာနဲ့ခေါ်ယူလိုသူများအတွက် လိုအပ်ချက်များ Part 2🎓🌻ပညာတော်သင်ကျောင်းသ...
02/01/2023

ဂျပန်ရောက် ပညာတော်သင် ကျောင်းသားမှမိသားစုကို မှီခိုဗီဇာနဲ့ခေါ်ယူလိုသူများအတွက် လိုအပ်ချက်များ Part 2🎓

🌻ပညာတော်သင်ကျောင်းသားများရဲ့ မိသားစုကို ဂျပန်ခေါ်ယူဖို့အတွက် လိုအပ်ချက်များ အပိုင်း (၁) ကို‌ရှေ့မှာဖော်ပြခဲ့ပြီးပြီမို့ နောက်ထပ်သိထားသင့်တဲ့အချက်တွေနဲ့ လိုအပ်ချက်များအကြောင်းကို အပိုင်း (၂) အနေနဲ့ ကျွန်‌တော်တို့ Himawari Myanmar ကနေဆက်လက်‌ဖော်ပြသွားပါမယ်။🥰💕

🌻လိုအပ်ချက်များက‌တော့
(က) ဓါတ်ပုံ (အရှည် 𝟰𝗰𝗺 × အကျယ် 𝟯𝗰𝗺)
(ခ) 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 မိတ္တူ
(ဂ) လက်ထပ်စာချုပ် (မူရင်း၊ မိတ္တူ၊ နိုထရီ)
(ဃ) မိသားစုအိမ်ထောင်စုစာရင်း (မိတ္တူ၊ နိုထရီ)
(င) ဓာတ်ပုံမှတ်တမ်းများနှင့် သက်သေအထောက်အထားများ (လက်ထပ်ပြီးခေါ်ယူခြင်းဖြစ်ပါက)
(စ) နေထိုင်ခွင့်အသိအမှတ်ပြုလွှာ (𝗖𝗢𝗘) လျှောက်ထားရသည့်အကြောင်းအရင်း
(ဆ) နေထိုင်ခွင့်အသိအမှတ်ပြုလွှာ (𝗖𝗢𝗘) လျှောက်လွှာ
(ဇ) ပြန်စာအိတ် (လိပ်စာရှင်းလင်းစွာဖော်ပြထားသော စာအိတ်တစ်ခုနှင့် ယန်း ၄၀၄ တံဆိပ်ခေါင်း ကပ်ပေးရပါမည်။)စတဲ့အချက်များလိုအပ်ပါတယ်။📩

🌻မိသားစုဗီဇာလျှောက်ထားခြင်း အတွက်လိုအပ်တဲ့အချက်အလက်များ အပိုင်း(၁)မှာ ပြန်လည်ဖတ်ရှုနိုင်ပါပြီ။📲📲



31/12/2022

Happy New Year 2023 🎉🎊

🎍🎍🎍明けましておめでとうございます㊗️㊗️㊗️

本年度も宜しくお願いします🙏🙏🙏

Himawari Myanmar Page ကိုLike & Follow လုပ်ထားပေးတဲ့သူ၊ HM မှ အကြံပေးပေးခြင်း၊ ဗဟုသုတဆိုက်ရာမျှဝေခြင်းစသည့် ပို့စ်များစွာကို Like & Share လုပ်ပေးကြသူ တစ်ဦးတစ်ယောက်ချင်းစီကိုသော်လည်းကောင်း၊ ယုံကြည်စွာဖြင့် ဝန်ဆောင်မှုအပ်နှံပေးခဲ့သော ဧည့်သည်များ၊ မိတ်ဆက်ပေးသူများအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ❣️❣️❣️

၂၀၂၃ ခုနှစ်မှာလည်း မြန်မာနိုင်ငံသားများအတွက်အကျိုးရှိစေနိုင်မယ့် ဂျပန်နေထိုင်ခွင့်ဆိုင်ရာ ဗဟုသုတအကြောင်းအရာ ပို့စ်တွေ၊Himawari Myanmar မှ ဆက်လက်တင်သွားမှာဖြစ်လို့ ဆက်ပြီးအားပေးကြပါဦးရှင်။

နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ 🙏🙏🙏
ကျန်းမာချမ်းသာသော နှစ်တနှစ်ဖြစ်ပါစေကြောင်း
Himawari Myanmar မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် ❣️❣️❣️

ဂျပန်ရောက် ပညာတော်သင်ကျောင်းသားမှမိသားစုကို မှီခိုဗီဇာနဲ့ခေါ်ယူလိုသူများအတွက် ...... Part 1🎓🌻ဂျပန်မှာ ပညာ‌တော်သင်သွားရော...
30/12/2022

ဂျပန်ရောက် ပညာတော်သင်ကျောင်းသားမှမိသားစုကို မှီခိုဗီဇာနဲ့ခေါ်ယူလိုသူများအတွက် ...... Part 1🎓

🌻ဂျပန်မှာ ပညာ‌တော်သင်သွားရောက်နေတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မိသားစုတွေကို ဂျပန်ခေါ်လိုတဲ့အခါ ဘာတွေပြင်ထားရမလဲ?ဘာတွေလိုအပ်မလဲ? စတဲ့အချက်လေးတွေကို ကျွန်‌တော်တို့ Himawari Myanmar မှဖော်ပြပေးလိုက်ရပါတယ်။🥰💕

(က) အတူတကွနေထိုင်ရန် အကြောင်းပြချက်
(ခ) ကျောင်းသား၏ 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁၊ 𝗭𝗮𝗶𝗿𝘆𝘂 𝗖𝗮𝗿𝗱၊ ကျောင်းသားကဒ်မိတ္တူ
(ဂ) ကျောင်းသား၏ ရပ်ကွက်ထောက်ခံစာ၊ အခွန်ကင်းလွတ်ကြောင်းနှင့် အခွန်ဆောင်ထားကြောင်း အထောက်အထား(မူရင်း)
(ဃ) ကျောင်းသား၏ ကျောင်းတက်နေကြောင်းထောက်ခံစာ(မူရင်း)
(င) ကျောင်းသား၏ ကျောင်းတက်ရောက်မှုမှတ်တမ်းနှင့် ကျောင်းစာအဆင့်သတ်မှတ်ချက်(မူရင်း)
(စ) ပညာသင်ဆု အကျိုးခံစားခွင့်လက်မှတ်
(ဆ) ကျောင်းလခကင်းလွတ်ခွင့်လက်မှတ်
(ဇ) ကျောင်းသား၏ ဘဏ်စာအုပ်၊ လက်ကျန်ငွေ၊ အထောက်အထား
(ဈ) အိမ်ငှါးစာချုပ် (သို့) နေထိုင်ခွင့်ပြုကြောင်း အထောက်အထား
(ည) ဂျပန်လူဝင်မှုကြီးကြပ်ရေး၏ မေးခွန်းလွှာ(လိုအပ်သည့်အခါတင်ပြခြင်း)
(တ) အကယ်၍ဆွေမျိုးသားချင်းမှ ငွေလွှဲခြင်းဖြင့် ကျောင်းစရိတ်၊ လူနေမှု ကုန်ကျစရိတ်စသည်တို့ကို ထောက်ပံ့ပေးနေပါက .....
(၁) ငွေလွှဲသူ၏ ဝန်ခံကတိပြုလွှာ
(၂) ငွေလွှဲသူ၏ အလုပ်အကိုင်ထောက်ခံစာ၊ ဝင်ငွေအထောက်အထား
(၃) ငွေလွှဲသူ၏ ဘဏ်လက်ကျန်စာရင်းနှင့် ဘဏ်စာအုပ်မိတ္တူ
(၄) ငွေလွှဲသူနှင့် ပတ်သက်ဆက်နွယ်ပုံ (သို့) ဆွေမျိုးတော်စပ်ပုံ အထောက်အထား
(၅) ငွေလွှဲ အကြောင်းကြားစာ မိတ္တူ (ငွေလွှဲခြင်းသည် စစ်မှန်ကြောင်းသက်သေပြရန်)
စတဲ့အချက်အလက်များကို ခေါ်ယူသောကျောင်းသားမှ တင်ပြရန် လိုအပ်ပါတယ်။📩📩

🌻နောက်ထပ်လည်း ကျောင်သားမိသားစုမှီခိုဗီဇာနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့အချက်လေးတွေအကြောင်း ပြောပြပေးသွားမှာမို့ အပိုင်း (၂)မှာ ဆက်လက်စောင့်ကြည့်ပေးသွားပါဦး‌‌ဗျာ။📲📲



🌻Himawari Myanmar 🌻    ယနေ့ ဘာသာပြန်ဝန်ဆောင်မှုများ -ရပ်ကွက်လက်ထပ်ခြင်း -မွေးစာရင်းဘာသာပြန်ခြင်း -လက်ထပ်စာချုပ်သီးသန့်ဘာ...
29/12/2022

🌻Himawari Myanmar 🌻
    ယနေ့ ဘာသာပြန်ဝန်ဆောင်မှုများ
 -ရပ်ကွက်လက်ထပ်ခြင်း
 -မွေးစာရင်းဘာသာပြန်ခြင်း
 -လက်ထပ်စာချုပ်သီးသန့်ဘာသာပြန်ခြင်း
 -ယာဉ်မောင်းလိုင်စင်ထောက်ခံစာ ဘာသာပြန်ခြင်း များအတွက် အချိန်လျှင်မြန်စွာဘာသာပြန်
ဝန်ဆောင်မှုများ ပေးနေပါတယ်
💐နှစ်သစ်မှာ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေကြပါစေ💐
ဗီဇာအောင်မြင်မှုများနဲ့အတူ နှစ်သစ်ကို
အတူရှေ့ဆက်ကြရင်း ကြိုးစားကြပါမယ်
🌻Himawari Myanmar Team🌻

ဂျပန်လူမျိုးအိမ်ထောင်ဖက်နှင့် Online တွင် လက်ထပ်ထိမ်းမြားခြင်း ❣️ဂျပန်နိုင်ငံသားအိမ်ထောင်ဖက်ဗီဇာ COE အောင်မြင်ခြင်း ㊗️㊗️...
29/12/2022

ဂျပန်လူမျိုးအိမ်ထောင်ဖက်နှင့် Online တွင် လက်ထပ်ထိမ်းမြားခြင်း ❣️ဂျပန်နိုင်ငံသားအိမ်ထောင်ဖက်ဗီဇာ COE အောင်မြင်ခြင်း ㊗️㊗️㊗️

1️⃣ဂျပန်အိမ်ထောင်ဖက် နှင့် မြန်မာအမျိုးသမီးတို့မှ
Himawari Myanmar မှ Main Consultant မချို နှင့် 30 Min ဆွေးနွေးတိုင်ပင်မှုရယူခဲ့ပါတယ်။

2️⃣ဆွေးနွေးတိုင်ပင်ပြီးနောက် ချစ်သူသက်တမ်းကြာနေပြီဖြစ်သော မိမိချစ်သူရှိရာမြန်မာနိုင်ငံသို့ သွားရောက်လက်ထပ်ရန် အခက်ခဲများရှိနေပါသဖြင့် Online မှတဆင့် ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ စာရွက်စာတမ်းပြင်ဆင်မှုများကို Himawari Myanmar သို့ အပ်နှံခဲ့ပါတယ်။

3️⃣ကာယကံရှင် ဂျပန်အမျိုးသား၏ အသေးစိတ်လိုက်လံဆောင်ရွက်ခဲ့မှု၊ အိမ်ထောင်ဖက် အမျိုးသမီး၏ စိတ်ရှည်စွာဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ပေးခဲ့သော ရလဒ်ကောင်း အဖြစ် ၂၀၂၂ ခုနှစ် ၉ လ ၁၂ ရက်နေ့မှာ တရားဝင် ဂျပန်နိုင်ငံ၏ ရပ်ကွက်ရုံးတွင် အကြင်လင်မယားဖြစ်ကြောင်း တရားဝင်အသိမှတ်ပြုအထောက်ထားကို နေ့ချင်းထုတ်ယူနိုင်ခဲ့ပါတယ်။

*** ဂျပန်နိုင်ငံတွင်း ဂျပန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားထိမ်းမြားလက်ထပ်ခြင်း အတွေ့ကြုံများစွာရှိသော်လည်း
Himawari Myanmar ၏ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ရေခြားမြေခြား Online မှ လက်ထပ်ထိမ်းမြားကိုတော့ ပထမဦးဆုံးသော ဝန်ဆောင်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမ ပီတိ 🥰

4️⃣ လက်ထပ်ထိမ်းမြားပြီးစီးပြီးနောက် ဂျပန်နိုင်ငံသားမှာ Accident တခုကြောင့်ဆေးကုသမှုခံယူကာ ဗီဇာတင်ရန် အချိန်၂ လခန့်ကြန့်ကြာခဲ့ပြီး၊ ဗီဇာတင်ခြင်းကိုလည်း Himawari Myanmar သို့ ယုံကြည်စွာဖြင့် ဆက်လက်အပ်နှံခဲ့ပါသည်။ HM ၏ CEO Founder & Main Consultant Ma Cho@Himawari နှင့်ရှေ့နေများမှ ဗီဇာတင်ရန် စာရွက်စာတမ်းပြင်ဆင်ပေးခဲ့ပြီး၊ ၁၂ လပိုင်း ၁ ရက်နေ့တွင် Ma Cho ကိုယ်တိုင် TAKAMATSU လဝက တွင် ဂျပန်အိမ်ထောင်ဖက်ဗီဇာ COE အား ဧည့်သည်တို့၏ ကိုယ်စားလျှောက်ထားပေးခဲ့ပါသည်။ ❣️

5️⃣ ၁၂ လ ၂၆ ရက်နေ့တွင် ဂျပန်လူမျိုးအိမ်ထောင်ဖက် ဗီဇာ အောင်မြင်စွာရရှိခဲ့ပါပြီ おめでとうございます。㊗️㊗️㊗️ ဒုတိယပီတိ 🥰

6️⃣COE မူရင်းကို မြန်မာနိုင်ငံသို့ပေးပို့ပြီး + မြန်မာနိုင်ငံမှာ ဂျပန်ဗီဇာကပ်သည် အထိ HM မှ ဆက်လက်ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။
တတိယ ပီတိ 🥰

💐🙏Himawari Myanmar 🙏💐 သည် ဂျပန်နေထိုင်ခွင့်ဆိုင်ရာ ဗီဇာအမျိုးစားများစွာအတွက် ဂျပန်နိုင်ငံတွင်းရှေ့နေများစွာနှင့်အတူတူ အကောင်းဆုံးလက်ခံဆွေးနွေး၊ အကြံပေးခြင်းများ၊ HM pageမှ ကြည့်ရှုလေ့လာသူဧည့်သည်များအတွက်လည်း ဗဟုသုတ အနေနဲ့ ဝေမျှပေးလျှက် ရှိပါတယ်ခင်ဗျ။*** မှတ်ချက် / အောင်သွယ်ပေးခြင်းဆိုင်ရာများ ၊ချစ်သူရည်းစားရှာဖွေခြင်းကိုတော့ လက်ခံဆွေးနွေးခြင်း/မိတ်ဆက်ပေးခြင်းများ မရှိကြောင်း အသိပေးပါရစေခင်ဗျာ။

🌻Himawari Myanmar Team🌻

ဂျပန်နိုင်ငံသားမှ မြန်မာနိုင်ငံသားကို လက်ထပ်ခေါ်ယူခြင်းအတွက် အခွင့်အလမ်းများနဲ့ ဝန်ဆောင်မှုများအပိုင်း (၂)👩‍❤️‍👨ဂျပန်နို...
28/12/2022

ဂျပန်နိုင်ငံသားမှ မြန်မာနိုင်ငံသားကို လက်ထပ်ခေါ်ယူခြင်းအတွက် အခွင့်အလမ်းများနဲ့ ဝန်ဆောင်မှုများအပိုင်း (၂)👩‍❤️‍👨

ဂျပန်နိုင်ငံရဲ့ လက်ထပ်ခြင်းဆိုင်ရာအမျိုးအစားတွေထဲက ဂျပန်ရောက်မြန်မာနိုင်ငံသားကနေ မြန်မာနိုင်ငံသားကို လက်ထပ်ခေါ်ယူခြင်း အပိုင်း (၁) ရဲ့ လက်မထပ်ရသေးတဲ့ချစ်သူအားခေါ်ယူခြင်းနဲ့ လက်ထပ်ပြီးသားအိမ်ထောင်ဖက်ကို လက်ထပ်မှီခိုဗီဇာ နဲ့ ခေါ်ယူခြင်းစတဲ့အကြောင်းအရာများ၊ ဝန်ဆောင်မှုများကိုတော့ ရှေ့အပိုင်းမှာဖော်ပြခဲ့ပြီးပါပြီ။ဒီတစ်ပတ် အပိုင်း (၂) ကတော့ ဂျပန်နိုင်ငံသားတစ်ယောက်ကနေ မြန်မာနိုင်ငံသားကို ချစ်ကြိုက်မှတ်တမ်းသက်သေများဖြင့် လက်ထပ်ခေါ်ယူခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများနဲ့ ဝန်ဆောင်မှုများပဲဖြစ်ပါတယ်။ 🇯🇵❤️🇲🇲

အပိုင်း(၂) အတွက် ဂျပန်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတို့လက်ထပ်ဖို့ လိုအပ်ချက်တွေကတော့ ရပ်ကွက်စာရင်းသွင်းလက်ထပ်ခြင်းနဲ့ ဂျပန်လူမျိုးအိမ်ထောင်ဖက်၏မိသားစုစာရင်းသွင်းခြင်းစတဲ့ လုပ်‌ငန်းများကိုလုပ်ဆောင်ဖို့လိုပါတယ်။ 👩‍❤️‍👨💕💕

ဒီလိုလုပ်ဆောင်ချက်များအတွက် လိုအပ်တဲ့အချက်အလက်များကတော့....
1.在留カードနိုင်ငံခြားသားနေထိုင်ခွင့်ကဒ်
2.国籍のわかるもの နိုင်ငံခြားသားအိမ်ထောင်ဖက်ဖြစ်ကြောင်းသက်သေပြနိုင်မဲ့အချက်အလက်များ
(၁) မွေးဖွားစာရင်းလက်မှတ်
(၂) နိုင်ငံကူးလက်မှတ်
(၃) နိုင်ငံသားဖြစ်ကြောင်း အထောက်ထားမှတ်ပုံတင်များ
3.婚姻要件具備証明書 လူပျို/အပျိုဖြစ်ကြောင်းထောက်ခံချက် (အိမ်ထောင်ပြုရန် လိုအပ်ချက်အထောက်ထားလက်မှတ်)
4.အိမ်ထောင်ဖက်နှင့်လက်ထပ်ရာတွင်အဟန့်အတားမရှိကြောင်းလက်မှတ်(ဂျပန်ဘာသာပြန်)
5.家族構成 အိမ်ထောင်စုအထောက်ထား
6.လက်ထပ်ခြင်းအတွက် လိုအပ်တဲ့ ချစ်ကြိုက်မှတ်တမ်း သက်သေများ
စတဲ့အချက်အလက်များကို ဂျပန်ဘာသာပြန်ထားဖို့လိုအပ်ပါတယ်။📩🌻🌻

ကျွန်တော်တို့Himawari Myanmar မှာဆိုရင်တော့ ဂျပန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့ လက်ထပ်ခြင်းအတွက် လိုအပ်တဲ့စာရွက်စာတမ်း အချက်အလက်များကိုဘာသာပြန်ဝန်ဆောင်မှုပေးခြင်း၊ ဂျပန်လူမျိုးအိမ်ထောင်ဖက်၏ မိသားစုစာရင်းသွင်းခြင်းနဲ့ ရပ်ကွက်စာရင်းသွင်းလက်ထပ်ခြင်းတို့အတွက် အကြံပေးဆွေးနွေး ဝန်ဆောင်မှုများပေးလျက်ရှိလို့ အသေးစိတ်သိရှိလိုသူများ HM Messenger မှတဆင့် မေးမြန်းမှုများပြုလုပ်ပြီး Zoom Meeting Appointment အတွက်စာရင်းသွင်းမှုများ ပြုလုပ်နိုင်ပါပြီဗျာ။ 📲📲🌻

ဂျပန်နိုင်ငံမှာ လက်ထပ်ခြင်းဆိုင်ရာ ချစ်သူဇနီးသည်အားခေါ်ယူခြင်းများအတွက် အပိုင်း ၁ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Link- shorturl.at/mpBSZ




🙏💐မဂ်လာနံနက်ခင်းပါခင်ဗျ💐🙏      🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု         -...
27/12/2022

🙏💐မဂ်လာနံနက်ခင်းပါခင်ဗျ💐🙏
🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မိသားစုမှီခိုဖြင့်COE ရရှိသော ဧည့်သည်(၂)ဦးကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
🤝ဖိတ်ခေါ်ပေးသူဘက်မှ ရေရှည်နေထိုင်ဗီဇာဖြင့်လျှောက်ထားပေးမှုကြောင့် ၄င်း၏ကျန်ရှိနေသောဗီဇာအတိုင်းခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ခင်ဗျ🤝👩‍❤️‍👨
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

Training Visa ကနေကျောင်းသား ဗီဇာပြောင်းလို့ရနိုင်မလား? 🤔🌸လူတိုင်းချယ်ရီတို့မြေ ဂျပန်ပြည်မှာ ပညာတွေသင် အခြေချချင်ကြတာ လူတ...
26/12/2022

Training Visa ကနေကျောင်းသား ဗီဇာပြောင်းလို့ရနိုင်မလား? 🤔

🌸လူတိုင်းချယ်ရီတို့မြေ ဂျပန်ပြည်မှာ ပညာတွေသင် အခြေချချင်ကြတာ လူတိုင်းရဲ့ဆန္ဒတစ်ခုပါ။ လူငယ်တော် တော်များများအတွက် ဂျပန်နိုင်ငံကို အရောက်လမ်းဖို့ အလွယ်ဆုံးနည်းကတော့ အလုပ်သင်ဗီဇာနဲ့ စတင်အခြေချချင်းပဲဖြစ်ပါတယ်။ တော်တော်များများ သိချင်ကြတဲ့ အကြောင်းအရာတစ်ခုကတော့ အလုပ်သင်ဗီဇာကနေ ကျောင်းသားဗီဇာ ပြောင်းလို့ရလားဆိုတာပါပဲ?❓

🌸အလုပ်သင် ဗီဇာကနေ ကျောင်းသားဗီဇာပြောင်းလို့မရနိုင်ပါဘူး။ ဒါဆို အလုပ်သင်ဗီဇာနဲ့အလုပ်လုပ်ရင်း ကျောင်းတက်ချင်တဲ့လူငယ်တွေက တိုခုတဲဂိနိုး ဗီဇာရအောင်အရင်လုပ်ရပါမယ်။ ကိုယ်လုပ်ကိုင်လိုတဲ့နယ်ပယ်အတွက် သက်ဆိုင်ရာ တိုခုတဲဂိနိုးစာမေးပွဲအောင်ထားဖို့လည်း လိုပါတယ်။ပြီးမှသာတိုခုတဲဂိနိုးဗီဇာရအောင်ယူပြီး အချိန်နှစ်နှစ်လောက်ကြာမှကိုယ်ပြောင်းချင်တဲ့ ကျောင်းသားဗီဇာကို ဆက်လက်ပြောင်းလို့ရပါမယ်။ 🎓🎓

🌸ကျွန်တော်တို့ Himawari Myanmar မှာဆို အလုပ်သင်ဗီဇာကနေ စာချုပ်ကုန်ခါနီး ဆက်လက်နေထိုင်လိုတဲ့သူများ တိုခုတဲဂိနိုးဗီဇာပြောင်းချင်တဲ့သူတွေအတွက် အကြံပေးဆွေးနွေးမှုများဆောင်ရွက်ပေးလျက်ရှိလို့ ဝန်ဆောင်မှုများရယူလိုပါက Page messenger မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီ။ 📲📲🌻

တိုခုတဲဂိနိုးဗီဇာပြောင်းဖို့ လိုအပ်တဲ့အချက်အလက်တွေနဲ့ဝန်ဆောင်မှုများကို အောက်ပါလင့်ထဲမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
Lnik- shorturl.at/afnM5



🙏💐မဂ်လာနံနက်ခင်းပါခင်ဗျ🙏💐      🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု -㊗️㊗️㊗️👩‍...
26/12/2022

🙏💐မဂ်လာနံနက်ခင်းပါခင်ဗျ🙏💐
🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ဒီနေ့မနက်ခင်းမှာလည်း မှီခိုဗီဇာ(3年)၃နှစ်ဗီဇာဖြင့်COE ရရှိသော ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
🤝ဖိတ်ခေါ်ပေးသူဘက်မှ ရေရှည်နေထိုင်ဗီဇာဖြင့်လျှောက်ထားပေးမှုကြောင့် ၄င်း၏ကျန်ရှိနေသောဗီဇာအတိုင်းခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ခင်ဗျ🤝👩‍❤️‍👨
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

Wishing  you a Merry Christmas & Happy New Year !🎄🎉🌻အခုလိုကြည်နူးစရာကောင်းတဲ့ ခရစ်စမတ်ကာလလေးမှာ မိဘပြည်သူများအားလုံး ကျန...
25/12/2022

Wishing you a Merry Christmas & Happy New Year !🎄🎉

🌻အခုလိုကြည်နူးစရာကောင်းတဲ့ ခရစ်စမတ်ကာလလေးမှာ မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးပွားကြပါစေကြောင်း ကျွန်တော်တို့ Himawari Myanmar & Himawari Myanmar Agency မှဆုတောင်းပေးလိုက်ရပါတယ်ဗျာ။ 🙏

🌻လာမဲ့ နှစ်သစ်မှာလည်း၂၀၂၂ ကမကောင်းတဲ့ အညံ့တွေကိုထားခဲ့နိုင်ပြီး ပိုမိုကောင်းမွန်တဲ့အရာတွေနဲ့သာ ဖြတ်သန်းနိုင်ပါစေ။ ကိုယ်မျှော်မှန်းထားတဲ့ စိတ်ကူးအိမ်မက်တွေလည်း အမြန်ဆုံး အကောင်ထည် ဖော်နိုင်ပါစေလို့ ထပ်မံဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် ခင်ဗျာ။🙏



🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု💐🎉💐Lucky Day(SATURDAY)💐🎉💐 -㊗️㊗️㊗️👩‍❤️‍👨ယန...
24/12/2022

🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

💐🎉💐Lucky Day(SATURDAY)💐🎉💐

-㊗️㊗️㊗️👩‍❤️‍👨ယနေ့မှာလည်း မှီခိုဗီဇာ(2 年)၂နှစ်ဗီဇာဖြင့်COE ရရှိသော ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
📃ဗီဇာလျှောက်ထားချိန် ၁လအတိမှာရရှိခဲ့ခြင်းဖြစ်ပါတယ်📃
🤝ဖိတ်ခေါ်ပေးသူဘက်မှ ရေရှည်နေထိုင်ဗီဇာဖြင့်လျှောက်ထားပေးမှုကြောင့် ၄င်း၏ကျန်ရှိနေသောဗီဇာအတိုင်းခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ခင်ဗျ🤝👩‍❤️‍👨
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု -㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာ(...
24/12/2022

🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာ
(1年)၁နှစ်ဗီဇာဖြင့်COE ရရှိသော ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
🤝ဖိတ်ခေါ်ပေးသူဘက်မှ ရေရှည်နေထိုင်ဗီဇာဖြင့်လျှောက်ထားပေးမှုကြောင့် ၄င်း၏ကျန်ရှိနေသောဗီဇာအတိုင်းခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ခင်ဗျ🤝👩‍❤️‍👨
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

တိုခုတဲဂိနိုး ဗီဇာကနေ ကျောင်းသားဗီဇာပြောင်းမယ်ဆို...ပြောင်းလို့ရနိုင်မလား? ဘာတွေလိုအပ်မလဲ?🤔🌻တိုခုတဲဂိနိုးဆိုတာ ၂၀၁၉ ကမှအ...
23/12/2022

တိုခုတဲဂိနိုး ဗီဇာကနေ ကျောင်းသားဗီဇာပြောင်းမယ်ဆို...ပြောင်းလို့ရနိုင်မလား?
ဘာတွေလိုအပ်မလဲ?🤔

🌻တိုခုတဲဂိနိုးဆိုတာ ၂၀၁၉ ကမှအသစ်ပြဌာန်းလိုက်တဲ့ဗီဇာဖြစ်ပြီး ဂျပန်နိုင်ငံကိုတိုခုတဲဂိနိုးနဲ့သွားမယ်ဆို နယ်ပယ် ၁၄ခုမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။တိုခုတဲဂိနိုးဗီဇာနဲ့ဆို အများဆုံး ၅နှစ်လုပ်ကိုင်ရတာဖြစ်ပြီး ဂျပန်စာအရည်အချင်းအနေနဲ့ N4 JLPT/JFT အောင်ထားရပါမယ်။ တိုခုတဲဂိနိုးနဲ့ ဂျပန်ကိုလာမယ်ဆို ကိုယ်လာချင်တဲ့ အလုပ်နယ်ပယ်နဲ့သက်ဆိုင်တဲ့ စာမေးပွဲတွေကိုဖြေခဲ့ရပါမယ်။ မြန်မာနိုင်ငံမှာဆိုရင် တိုခုတဲဂိနိုးအလုပ်စာမေးပွဲအတွက်ဟိုတယ်လုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း၊ အဆောင်အဦး သန့်ရှင်းရေး၊ စားသောက်ဆိုင်လုပ်ငန်း စတဲ့နယ်ပယ်တွေအတွက် စာမေးပွဲတွေ ကျင်းပပေးပါတယ်။ 👷‍♀️👨‍🔧👨‍🍳

🌻ဒီတစ်ခါပြောပြ ပေးမှာကတော့ တိုခုတဲဂိနိုးဗီဇာကနေကျောင်းသားဗီဇာ ဘယ်လိုပြောင်းမလဲ ဆိုတဲ့အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။ တိုခုတဲဂိနိုး ဗီဇာကနေ ကျောင်းသားဗီဇာကပြောင်းမယ်ဆိုရင်တော့ မြန်မာပြည်ကိုပြန်စရာမလိုဘဲ ဂျပန်မှာနေရင်း ပြောင်းလို့ရပါတယ်။ဒီလိုဗီဇာပြောင်းတာက အလုပ်လုပ်ပိုက်ဆံစုပြီး ကျောင်းစရိတ် အခက်အခဲရှိတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေနိုင်တဲ့ နည်းလည်းတစ်ခုလည်းဖြစ်ပါတယ်။🎓🎓

🌻ဒီလိုပြောင်းမယ်ဆိုရင်‌‌‌တော့ ဘာတွေလိုအပ်မလဲ?
1. ပထမဆုံးအနေနဲ့ တိုခုတဲဂိနိုးဗီဇာကိုင်ထားတဲ့သူဖြစ်ဖို့လိုပါတယ်။ (အနဲဆုံး တိုခိုတဲဂိနိုး ဗီဇာရရှိပြီး ၂နှစ်‌လောက်ကြာမှသာ ကျောင်းသား ဗီဇာပြောင်းလို့ရနိုင်ပါမယ်။)
2. ကျောင်းသားဗီဇာပြောင်းဖို့အတွက်ဆို မြန်မာပြည်ကဆယ်တန်းအောင်လက်မှတ်နဲ့အမှတ်စာရင်းမူရင်း လိုပါတယ်။
3. အဓိကက‌တော့ ယန်း သောင်း ၁၅၀ လောက်စုဆောင်းထားတဲ့ ဘဏ်စာအုပ်ပြနိုင်ဖို့လိုပါတယ်။
4. ကျောင်းသား ဗီဇာလျှောက်တဲ့အခါ ဖြည့်ရတဲ့အချက်အလက်တွေနဲ့ ဂျပန်ကိုလာတဲ့အခါဖြည့်ရတဲ့ အချက်အလက်တွေကလည်းတူနေဖို့ အရေးကြီးပါတယ်။
5.ကျောင်းသားဗီဇာဖြစ်တဲ့အတွက် လျှောက်ထားသူတွေက ဂျပန်စာအရည်အချင်း JLPT N2 ရှိနေရပါမယ်။ဂျပန်နိုင်ငံမှာ ပညာသင်ယူဖို့ ရင်းနှီးမြှုပ်နှံခြင်းက အချိန်တစ်ခုသာပေးရပေမဲ့ နောက်ပိုင်းမှာ အခွင့်အလမ်းတွေပေါများပြီး ‌ရှေ့ရေးအတွက် စိတ်ချရတဲ့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ 🎓🎓

🌻ဒီလို ကျောင်းသားဗီဇာပြောင်းလဲချင်တယ်ဆို လိုအပ်တဲ့ အချက်အလက်နဲ့ ဝန်ဆောင်မှုများအတွက်လည်း ကျွန်တော်တို့ Himawari Myanmar မှာ အသေးစိတ်လာရောက်စုံစမ်းမေးမြန်းနိုင်ပါပြီ။📲🌻



🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု -㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာ(...
21/12/2022

🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာ(2 年)၂နှစ်ဗီဇာဖြင့်COE ရရှိသော ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
🤝ဖိတ်ခေါ်ပေးသူဘက်မှ ရေရှည်နေထိုင်ဗီဇာဖြင့်လျှောက်ထားပေးမှုကြောင့် ၄င်း၏ကျန်ရှိနေသောဗီဇာအတိုင်းခံစားခွင့်ရရှိတာပဲဖြစ်ပါတယ်ခင်ဗျ🤝👩‍❤️‍👨
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

ဆွေးနွေးတိုင်ပင်ခြင်း Administrative consultation ❣️သင်တန်းသားဗီဇာ သက်တမ်းတိုးခြင်း Renewal of training visa ❣️
20/12/2022

ဆွေးနွေးတိုင်ပင်ခြင်း Administrative consultation ❣️

သင်တန်းသားဗီဇာ သက်တမ်းတိုးခြင်း Renewal of training visa ❣️

🌻Himawari Myanmar🌻online လက်ထပ်အောင်မြင်ခြင်းမဂ်လာပါခင်ဗျ မြန်မာနိုင်ငံသားများ၏ဂျပန်နိုင်ငံ နေထိုင်နေထိုင်နိုင်ခွင့်ဆိုင...
20/12/2022

🌻Himawari Myanmar🌻online လက်ထပ်အောင်မြင်ခြင်း
မဂ်လာပါခင်ဗျ မြန်မာနိုင်ငံသားများ၏
ဂျပန်နိုင်ငံ နေထိုင်နေထိုင်နိုင်ခွင့်ဆိုင်ရာ
အခွင့်လမ်းများကို ဆွေးနွေးတိုင်ပင် ဝန်ဆောင်မှုများအတွက် အမြဲကြိုးစားပေးလျှက်ရှိနေသော
ကျနော်တို့ Himawari Myanmar Teams

🎉🎉 Himawari Myanmar ရဲ့ Online လက်ထပ်ခြင်းမှာအောင်မြင်မှုရရှိခဲ့သော ဧည့်သည်အတွက် congratulations ပါ🎉🎉
👨🏻‍💻Online ချစ်ကြိုက်မှတ်တမ်းများဖြင့် ဂျပန်နိုင်ငံကို ခြေချနိုင်အောင် HM Team နဲ့ အတူ ဧည့်သည်ရဲ့စာရွက်စာတမ်းပံ့ပိုးမှုကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်👩‍💻

👩‍❤️‍👨 ရပ်ကွက်လက်ထပ်ခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး受理証明書ထုတ်ယူခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတ အနေဖြင့် မျှဝေပါရစေခင်ဗျ👩‍❤️‍👨
👨‍❤️‍👨ရပ်ကွက်လက်ထပ်ခြင်းပြီးမြှောက်သွားတဲ့
ဇနီးမောင်နှံဟာ မိမိသက်ဆိုင်ရာ ရပ်ကွက်မှာ
အကြင်လင်မယားဖြစ်ကြောင်း(စာရင်းသွင်းခြင်း) စာရွက်စာတမ်းများနှင့်ပြသပြီး 結婚届(受理証明書)📃ကိုထုတ်ယူကြဖို့ မမေ့ရန် သတိထားသင့်ပါတယ်ခင်ဗျ🎎👩‍❤️‍👨
ဧည့်သည်များအတွက် ဗဟုသုတ ရစရာများကို ဝေမျှရင်း ဂျပန်နိူငိငံမှာ ခြေချနိုင်ရန် အတူကြိုးစားကြဖို့ မျှော်လင့်ရင်း…………..
Himawari Myanmar Teams

🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု -㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာဖ...
19/12/2022

🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာဖြင့်
COE ရရှိသော ဧည့်သည်(2ဦး)ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်
မှီခိုဗီဇာဖြင့် ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

အိမ်ထောင်ဖက် မိသားစုမှီခိုဗီဇာ COE ရရှိမှုလေးများအိုဆာကာ ခရိုင် ၃ ခု နှင့် တိုကျိုခရိုင်မှာ ၁ ခု ဖြစ်ပါတယ်။***အိုဆာကာ ခရ...
18/12/2022

အိမ်ထောင်ဖက် မိသားစုမှီခိုဗီဇာ COE ရရှိမှုလေးများ

အိုဆာကာ ခရိုင် ၃ ခု နှင့် တိုကျိုခရိုင်မှာ ၁ ခု ဖြစ်ပါတယ်။

***အိုဆာကာ ခရိုင်စစ်ဆေးမှုရက်ပေါင်း ၃၀ မှ ၄၅ ရက်ခန့်ကြား ကြာမြင့်ခဲ့ပါတယ်။
1️⃣Customer / အိမ်ထောင်ဖက် ကျောင်းသားဗီဇာပါယ်ခံ
ဖူးသူလျှောက်ထားမှု + ကျောင်းလျှောက်ထားချိန်တွင် အိမ်ထောင်မရှိ အပျိုဖြစ်နေခဲ့ကြောင်း ပြန်လည်ရှင်းပြရန်ထပ်မံတင်ပြခဲ့ပြီး ဗိဇာအောင်မြင်ခဲ့ပါတယ်။

2️⃣Customer / NARA ခရိုင်နေထိုင်သူမှ အိမ်ထောင်ဖက်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အိုဆာကာလဝကတွင် တင်ပြခဲ့ပြီး ဗီဇာအောင်မြင်ခဲ့ပါတယ်။

3️⃣Customer / အိမ်ထောင်ဖက်သည် ကျောင်းသားဗီဇာပါယ်ခံထားရဖူးသူဖြစ်ပါသည်။ ကျွန်တော်တို့၏ Main Consultant မချို နှင့်အတူ လဝက ရှေ့နေများမှ အကောင်းဆုံးပြင်ဆင်တင်ပြပေးခဲ့ပြီး ဗီဇာအောင်မြင်ခဲ့တာဖြစ်ပါတယ်။

တိုကျိုခရိုင် အချိန်တိုတိုနှင့် ရလဒ်ကောင်းခဲ့ပါတယ်။

④ Customer / Customer ဘက်မှ အမျိုးသားကို မိသားစု မှီခိုဗီဇာအပ်နှံခဲ့တာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီး စာရွက်စာတမ်းပြင်ဆင်မှုတွေ လူမျိုးခြားဖြစ်ခြင်းကြောင့် ရုံးတွင်းပြင်ဆင်မှုတွင် အချိန်များစွာ ကြန့်ကြာခဲ့သော်လည်း ပြင်ဆင်မှုအားကောင်းခဲ့သောကြောင့် တင်ပြပြီး ၂ပါတ်နှင့် ဗီဇာအောင်မြင်ခဲ့ပါတယ်။

ယုံကြည်စွာအပ်နှံပေးကြသော ဧည့်သည်များအားလုံးအတွက် အောင်မြင်မှုများစွာ ပေးနိုင်တိုင်း ထပ်တူဝမ်းသာပျော်ရွှင်ပါတယ် ခင်ဗျာ

🌼Himawari Myanmar Teams 🌼

ဂျပန်ကနေမြန်မာကိုဘယ်လိုငွေလွဲမလဲ?🤔🤔🌻ကျွန်တော်တို့ Himawari Myanmar ကနေ ဒီတစ်ပတ်တော့ ဂျပန်ကနေမြန်မာကို ငွေလွှဲဖို့နည်းလမ်...
16/12/2022

ဂျပန်ကနေမြန်မာကိုဘယ်လိုငွေလွဲမလဲ?🤔🤔

🌻ကျွန်တော်တို့ Himawari Myanmar ကနေ ဒီတစ်ပတ်တော့ ဂျပန်ကနေမြန်မာကို ငွေလွှဲဖို့နည်းလမ်းလေးတွေထဲကအချို့ ကို မျှဝေပေးသွားပါမယ်။ မြန်မာပြည်ကိုငွေလွှဲဖို့ ဂျပန်မှာ ဘဏ်အကောင့်တစ်ခုဖွင့်ထားရပါမယ်။ ပြီးရင်တော့ မြန်မာပြည်က ငွေလွှဲမဲ့သူရဲ့ ဘဏ်အကောင့်တွေ ရှိရပါမယ်။
အရင်ဆုံး SBI နဲ့ငွေလွှဲတဲ့နည်းကို ပြောပြပေးပါမယ်။📱📱

🌻ငွေလွှဲဖို့အတွက် SBI ကုမ္ပဏီရဲ့ Page Messenger မှာ ငွေလွှဲကတ်လျှောက်ထားရပါမယ်။ လိုအပ်တဲ့အချက်အလက်လေးတွေကတော့
1. ဇိုင်းလျူးကတ်(ရှေ့ နောက်)
2. My number cards
3. မြန်မာပြည်ကငွေလက်ခံမဲ့သူရဲ့ (အမည်၊အကောင့်၊ဖုန်းနံပါတ်)
4. မွေးနေ့ ( ငွေလွှဲ၊ ငွေလက်ခံမဲ့သူနှစ်ဖက်စလုံး)
5. မှတ်ပုံတင်နံပါတ်( ငွေလွှဲ၊ ငွေလက်ခံမဲ့သူနှစ်ဖက်စလုံး)ဒီအချက်တွေစုံပြီဆို ငွေကို ATM မှတဆင့်လွှဲနိုင်ပါပြီ။ (ATM စက်တွေက ပိုက်ဆံပြန်မအမ်းတတ်လို့ ကိုယ် လွှဲမဲ့ ငွေအတိအကျကို ထည့်ဖို့လိုပါမယ်။) မကြာမီသင့် emailကို စာရွက်စာတမ်းတွေနဲ့ ဂဏန်း ၈ လုံးပို့လာပါလိမ့်မယ်။ ထိုဂဏန်း ၈လုံးပြောပြီး မြန်မာနိုင်ငံရှိငွေလက်ခံသူက ငွေထုတ်နိုင်ပါပြီ။ ငွေထုတ်ဖို့အတွက်ကSBI နဲ့ချိတ်ဆက်ထားတဲ့ မြန်မာနိုင်ငံကဘဏ်တွေမှာ ထုတ်ယူနိုင်ပါတယ်။💯💳💳

🌻အထူးသတိပေးချင်တာက ငွေလွှဲတဲ့အခါ စိတ်ချရတဲ့ တရားဝင်ငွေလွဲတဲ့နေရာတွေက တဆင့်ငွေလွှဲဖို့ပါပဲ။ ဂျပန်တို့ ချယ်ရီမြေကနေ မြန်မာကိုငွေလွဲဖို့အတွက်နည်းလမ်းလေးတွေသိပြီးပြီမို့ ဒီထက်အကျိုးရှိစေမဲ့ အကြောင်းအရာလေးတွေကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။💸💸

ဂျပန်နိုင်ငံဆိုင်ရာ နေထိုင်ခွင့် ဗီဇာဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သတ်လာတဲ့အခါ ၉နှစ်ကျော်ကြာ ဂျပန်နေထိုင်ခွင့် ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပေးနေတဲ့ ကျွန်တော်တို့ Himawari Myanmar မှာ ဆွေးနွေးတိုင်ပင်မှုများ ရယူပြီး အောင်မြင်မှုတွေအရယူနိုင်ကြပါစေ။🌻📲💻



🌻Himawari Myanmar 🌻အားလုံးမဂ်လာနံနက်ခင်းပါခင်ဗျ ဒီနေ့အတွက် ဝန်ဆောင်မှုကတော့ 👨🏻‍💻Online 👩‍💻လက်ထပ်ခြင်းအတွက်ဘာသာပြန်ပေးတဲ့...
16/12/2022

🌻Himawari Myanmar 🌻

အားလုံးမဂ်လာနံနက်ခင်းပါခင်ဗျ
ဒီနေ့အတွက် ဝန်ဆောင်မှုကတော့
👨🏻‍💻Online 👩‍💻လက်ထပ်ခြင်းအတွက်
ဘာသာပြန်ပေးတဲ့ ဝန်ဆောင်မှုပါခင်ဗျ
ချစ်သူနဲ့ ဝေးကွာနေရလို့ အထီးကျန်နေသော
ကိုက်ို/မမများ ချစ်သူနဲ့အတူ ဂျပန်မြေမှာ ချေချနိုင်ဖို့
Himawari Myanmar ကို သတိရလိုက်ပါခင်ဗျ
🌻Himawari Myanmar Team 🌻

ဂျပန်မှာ ဘဏ်အကောင့်ဖွင့်တဲ့အခါ ဘာတွေလိုအပ်မလဲ….❓❓🌻ကျွန်‌တော်တို့ Himawari Myanmar ကနေမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ...
15/12/2022

ဂျပန်မှာ ဘဏ်အကောင့်ဖွင့်တဲ့အခါ ဘာတွေလိုအပ်မလဲ….❓❓

🌻ကျွန်‌တော်တို့ Himawari Myanmar ကနေမျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ဂျပန်မှာ ဘယ်လို ဘဏ်အကောင့်ဖွင့်ကြမလဲ။ ဘာတွေလိုအပ်မလဲ စတဲ့အကြောင်းအရာလေးတွေကိုမျှ‌ဝေပေးသွားချင်ပါတယ်။🌻

ဂျပန်ကို ရောက်‌ရောက်ချင်းလုပ်ရမဲ့ အရာတွေထဲမှာ ဂျပန်မှာ ဘဏ်အကောင့်ဖွင့်ခြင်း အပိုင်းကလည်းအရေးကြီးပါတယ်။ ဂျပန်နိုင်ငံရဲ့စနစ်အရ ဂျပန်မှာ လစာပေးခြင်း၊ ဂတ်စ်ဖိုး၊ အင်တာနက်ဘေဖိုး၊ ငွေလွှဲခြင်းစတဲ့ အရာတွေကိုပြုလုပ်ဖို့ ဘဏ်အကောင့်မဖြစ်မနေဖွင့်ထားရပါမယ်။ 💴💴

ဂျပန်မှာ ဘဏ်အကောင့်ဖွင့်ဖို့ Japan Post Bank, Morinchukin Bank, Mitsubishi UFI Financial Group Bank,Mizuho Bank, Shinsei Bank စတဲ့ ဘဏ်တွေမှာ အကောင့်ဖွင့်လို့ရပါတယ်။ 🏛🏛🇯🇵
🌻ဘဏ်မှာ အကောင့်ဖွင့်ဖို့ အဓိကလိုအပ်တဲ့ အရာတွေကတော့
၁) နေထိုင်ခွင့်ကတ်
၂)နိုင်ငံကူးလက်မှတ်
၃)တံဆိပ်တုံး (ဂျပန်တွေလက်မှတ်ထိုးတဲ့အခါ အသုံးပြုတဲ့ တံဆိပ်တုံး , အလုပ်လုပ်ဖို့လာတဲ့သူတွေလည်း ဘဏ်မသွားခင် တံဆိပ်တုံးလုပ်ထားဖို့လိုပါတယ်။)
၄)ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်၊ ကျောင်းသားဖြစ်ပါကကျောင်းသားကတ်လိုအပ်ပါတယ်။
ဒီအချက်လေးတွေစုံပြီဆို ဘဏ်မှာအကောင့်ဖွင့်လို့ရပါပြီ။💳🪪

ဘဏ်အကောင့်ဖွင့်တဲ့အခါ ဘဏ်ဝန်ထမ်းမှ ရှင်းပြပေးထားတဲ့ ဖောင်ထဲမှာ အမည်၊လိပ်စာ၊ ဖုန်း၊နေထိုင်ခွင့်ကတ်၊ အကြောင်းအရင်းတွေကိုမှန်ကန်စွာဖြည့်ပေးရပါမယ်။ပြီးရင်တော့ ကတ်နဲ့စာအုပ်က နှစ်ပတ်အတွင်း ရရှိမှာဖြစ်ပါတယ်။ အကောင့်ရရှိပြီးတဲ့အခါ နေထိုင်ခွင့် အခြေအနေ၊ နေထိုင်ခွင့်သက်တမ်းတိုးတဲ့ အခါ၊နိုင်ငံကအပြီးထွက်ခွာတဲ့အခါမျိုးတွေမှာ ဘဏ်ကိုပြန်လည်အကြောင်းပေးဖို့လိုအပ်ပါတယ်။💯💯

ဘဏ်အကောင့်ဖွင့်ခြင်းနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကိုသိရှိပြီးပြီမို့ နောက်ပတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဂျပန်နိုင်ငံနဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ထပ်မံမျှဝေပေးသွားမှာမို့ Himawari Myanmar Page လေးမှာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။🥰🇯🇵🇯🇵




🌻Himawari Myanmar 🌻မှာကာလတိုဗီဇာနှင့်ပါတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှု/အလုပ်အပ်နှံမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျဒ...
15/12/2022

🌻Himawari Myanmar 🌻မှာ
ကာလတိုဗီဇာနှင့်ပါတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှု/အလုပ်အပ်နှံမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ

ဒီနေ့အတွက် ကာလတိုဗီဇာ ရက်(၉၀) သက်တမ်းတိုးဗီဇာ အောင်မြင်သူ (၂)ဦးအတွက် Congratulations ပါ👏

🎉Himawari Myanmar ၏ ပြင်ဆင်ဆောင်ရွက်ပေးမှုဖြင့် ဂျပန်မြေသို့ ကာလတိုဗီဇာရက် (၉၀)ဗီဇာဖြင့် လာရောက်ခဲ့ပြီး။ နောက်ထပ် ကာလတိုဗီဇာသက်တမ်းတိုးမှု ရက်(၉၀)ဗီဇာ ထပ်မံ အောင်မြင်မှုအတွက် ဧည့်သည်နှင့်အတူ ထပ်တူ ဝမ်းသာရပါတယ်ခင်ဗျ🥰🥰🥰

မြန်မာနိုင်ငံသားများရဲ့ ဂျပန်နိုင်ငံသို့နေထိုင်ခွင့်ဆိုင်ရာ အိမ်မက်များကို အောင်မြင်မှုများစွာပေးနေသော Himawari Myanmar Team 🌻🌻🌻

ကာလတိုဗီဇာ  ➡️  ကာလရှည်ဗီဇာ ပြောင်းလဲလျှောက်ထားခြင်း 🌼🌼🌼
13/12/2022

ကာလတိုဗီဇာ ➡️ ကာလရှည်ဗီဇာ

ပြောင်းလဲလျှောက်ထားခြင်း 🌼🌼🌼

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်းHimawari Myanmar မှာ ဆွေးနွေးတိုင်ပင်မှုနှင့်အလုပ်အပ်နှံကြသော ဧည့်သည်များခင်ဗျ 🌻株式会社Him...
12/12/2022

နှစ်သစ်ကူး ရုံးပိတ်ရက်ကြေငြာခြင်း

Himawari Myanmar မှာ ဆွေးနွေးတိုင်ပင်မှုနှင့်အလုပ်အပ်နှံကြသော ဧည့်သည်များခင်ဗျ
🌻株式会社Himawari Myanmar
(Osaka-office)🌻ရုံးပိတ်ရက်အား
(31.12.2022) မှ (4.1.2023)အထိ
ရုံးပိတ်မှာဖြစ်သောကြောင့်
ထိုပိတ်ရက်အတွင်း
အလုပ်ကိစ္စနှင့်ပတ်သကိပြီး personal account ၊personal group ၊ page messanger မှာ အလုပ်ကိစ္စတိုင်ပင်ဆွေးနွေးမှုများ ၊ ဖြေကြားခြင်း များ ၊အကြောင်းပြန်ပေးခြင်းများ မပြုလုပ်ကြောင်းကို ကြိုတင်အကြောင်းကြား အသိပေးအပ်ပါသည်ခင်ဗျာ
(5.1.2023 -Thu)နေ့မှစပြီး ပုံမှန်ရုံးချိန်အတိုင်း
ဆက်သွယ်အကြောင်းပြန်ပေးပါမယ်ခင်ဗျ
🙏နှစ်ဟောင်းမှ အညစ်ကြေးများစွန့်ပစ်ခဲ့ကြပြီး
နှစ်သစ်မှာ လူသစ်စိတ်သစ်နဲ့ ဘဝကို
ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြစေဖို့
Himawari Myanmar Teamsမှ
ဆုတောင်းပေးပါတယ်ခင်ဗျ🙏
ကျေးဇူးတင်စွာဖြင့်
🌻Himawari Myanmar Teams 🌻

မြန်မာပြည်က မိသားစုကို မှီခိုဗီဇာနဲ့ ဂျပန်ခေါ်လိုတဲ့အခါ...... 👨‍👩‍👧‍👦အခုပြောပြပေးမဲ့ ဗီဇာကတော့ ဂျပန်နိုင်ငံမှာ နှစ်ရှည်န...
09/12/2022

မြန်မာပြည်က မိသားစုကို မှီခိုဗီဇာနဲ့ ဂျပန်ခေါ်လိုတဲ့အခါ...... 👨‍👩‍👧‍👦

အခုပြောပြပေးမဲ့ ဗီဇာကတော့ ဂျပန်နိုင်ငံမှာ နှစ်ရှည်နေထိုင်ခွင့်တစ်ခုခုနဲ့ကျောင်းတက်နေတဲ့သူ ၊အလုပ်လုပ်နေတဲ့သူ၊ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့သူတွေအတွက် မြန်မာနိုင်ငံက ဇနီးနဲ့သားသမီးတွေကိုခေါ်ပြီး ဂျပန်မှာအတူတကွနေထိုင် အလုပ်လုပ်နိုင်မဲ့ မိသားစုမှီခိုဗီဇာပါ။ဗီဇာသက်တမ်းကတော့ ဂျပန်ကခေါ်ယူတဲ့ မိသားစုဝင် ဗီဇာအတိုင်းရနိုင်ပါတယ်။ကိုယ်ခေါ်ယူထားတဲ့ မိသားစုဝင်ကလည်း ဂျပန်မှာ အလုပ်လုပ်ခွင့်ရှိပါတယ်။မိသားစုမှီခိုဗီဇာနဲ့ လာ‌ရောက်နေထိုင်သူတွေက ဂျပန်မှာတစ်ပတ်လျှင် ၂၈ နာရီသာ အလုပ်လုပ်ခွင့်ရှိပါတယ်။ အဓိကအရေးကြီးတာကတော့ မိသားစုမှီခိုဗီဇာလျှောက်တဲ့အခါ လျှောက်လွှာနဲ့ စာရွက်စာတမ်းတွေ စနစ်တကျနဲ့သေချာတင်ဖို့လို့ပါတယ်။ဒါမှသာ မိသားစုမှီခိုဗီဇာရဖို့သေချာနိုင်ပါတယ်။📃📨

မြန်မာပြည်ကမိသားစုတွေကို ခေါ်ယူနိုင်တဲ့ ဂျပန်ပြည်ရောက် နေထိုင်သူများရဲ့ အလုပ်အကိုင်များကတော့ ပါမောက္ခ, အနုပညာ, ပညာရေး,နည်းပညာ,လူသားအသိပညာ, နိုင်ငံတကာစီးပွားရေး,သူနာပြုစောင့်ရှောက်မှု, ဖျော်ဖြေရေး, ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှု , ဆေးဘက်ဆိုင်ရာလုပ်ငန်း, စာရင်းကိုင်လုပ်ငန်း ,ကောလိပ်, တက္ကသိုလ်ကျောင်းသား စတဲ့နယ်ပယ်မျိုးစုံကဗီဇာ အမျိုးအစားကိုင်ဆောင်ထားသူတွေကသာ ခေါ်ယူနိုင်ပါတယ်။ အလုပ်သင်ဗီဇာကိုင်ဆောင်ထားသူတွေက မိသားစုခေါ်ယူခွင့်မရှိပါဘူး။👩‍🎓👨‍🍳🧑‍💼

မိသားစုမှီခိုဗီဇာလျှောက်ထားမယ်ဆိုရင် လိုအပ်ချက်တွေကတော့...

၁)လျှောက်ထားမည့် မိသားစုဝင် တစ်ယောက်ချင်းစီအတွက် လျှောက်လွှာ
၂)တရားဝင်နေထိုင်သူ၏ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 မိတ္တူ
၃)လျှောက်ထားသူမိသားစုဝင်၏ 𝐏𝐚𝐬𝐬𝐩𝐨𝐫𝐭 မိတ္တူ
၄)နေထိုင်ခွင့်ကဒ်မိတ္တူ
၅)လျှောက်ထားသူမိသားစုဝင်၏ ဓာတ်ပုံ (𝟒 𝐜𝐦 𝐱 𝟑 𝐜𝐦)
၆)လက်ထပ်စာချုပ်မိတ္တူ (𝐌𝐲𝐚𝐧𝐦𝐚𝐫/ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ၂ဘာသာလုံးဖြင့်)
၇)အိမ်ထောင်စုစာရင်းမိတ္တူ (𝐌𝐲𝐚𝐧𝐦𝐚𝐫/ 𝐄𝐧𝐠𝐥𝐢𝐬𝐡 ၂ဘာသာလုံးဖြင့်)
၈)နေရပ်လိပ်စာနဲ့ ယန်း ၄၀၄ တန် တံဆိပ်ခေါင်း တွေလိုအပ်ပါတယ်။🕹

အဓိကလိုအပ်ချက်လေးတွေလည်းပြောပြပေးပြီးပြီမို့ ဂျပန်မှာ မိသားစုမှီခိုဗီဇာနဲ့လျှောက်ထားချင်တဲ့ သူတွေအတွက် ကျွန်တော်တို့ Himawari Myanmar မှာ အသေးစိတ်တိုင်ပင်ဆွေးနွေးမှုများ ရယူပြီး မိသားစုမှီခို ဗီဇာလျှောက်ထားနိုင်ပါပြီ။ 🌻📲📲




🌻株式会社ひまわりミャンマー🌻ကယ်ဆယ်ရေးဗီဇာ လျှောက်ထားမှုများ/ဘာသာပြန်ဝန်ဆောင်မှုများအတွက် အချိန်မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်ပေးနေပါတယ်ခ...
09/12/2022

🌻株式会社ひまわりミャンマー🌻
ကယ်ဆယ်ရေးဗီဇာ လျှောက်ထားမှုများ/ဘာသာပြန်ဝန်ဆောင်မှုများအတွက် အချိန်မြန်ဆန်မှန်ကန်စွာ
ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ

🌻Himawari Myanmar 🌻မှာ-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု -㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာဖ...
09/12/2022

🌻Himawari Myanmar 🌻မှာ
-ယုံကြည်စွာ တိုင်ပင်ဆွေးနွေးမှု/ယုံကြည်စွာ အလုပ်အပ်နှံမှု

-㊗️㊗️㊗️👩‍❤️‍👨ယခု အပတ်မှာလည်း မှီခိုဗီဇာဖြင့်
COE ရရှိသော ဧည့်သည်ကိုယ်စား အတိုင်းမသိဝမ်းသာရပါတယ်
👩‍❤️‍👨ယခု ဖော်ပြပေးတဲ့ COE က အိမ်ထောင်ဖက်ကို မိသားစုမှီခိုဗီဇာအနေနဲ့ ခေါ်ဆောင်ခြင်းဖြစ်ပါတယ်
မှီခိုဗီဇာဖြင့် အချိန်ပိုင်းအလုပ်လုပ်ခွင့်နှင့်အတူ ဂျပန်မြေသို့ခြေချနိုင်ရန် ကူညီဆောင်ရွက်ခဲ့မှုအပေါ်
ဧည့်သည်နဲ့ထပ်တူ ဝမ်းသာပီတိဖြစ်ရပါတယ်👩‍❤️‍👩
🙏HM ရဲ့ လုပ်ဆောင်ချက်တခုနဲ့ပဲ အောင်မြင်တာမဟုတ်ပါဘူး ဧည့်သည်များဘက်မှ လိုအပ်သောအချက်လက်များအတွက် ပူးပေါင်းပေးသောကြောင့်သာ ရရှိခြင်းဖြစ်တဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်🙏❤️

-🛫နောက်တကြိမ်တင်ထားသော ဧည့်သည်များအတွက်လည်း ရလဒ်ကောင်းရဖို့ ဆုတောင်းပေးပါတယ်

🙏ယံုကြည်စွာအပ်နှံကြသော ဧည့်သည်များကို
အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏
Himawari Myanmar Team

ဂျပန်လူမျိုးနဲ့ လက်ထပ်ပြီး ဂျပန်နိုင်ငံကမိသားစုရဲ့  မှီခိုဗီဇာ လျှောက်ထားမှုမှာ အောင်မြင်အောင် ဝန်‌ဆောင်မှုတွေပေးနိုင်ခဲ...
08/12/2022

ဂျပန်လူမျိုးနဲ့ လက်ထပ်ပြီး ဂျပန်နိုင်ငံကမိသားစုရဲ့ မှီခိုဗီဇာ လျှောက်ထားမှုမှာ အောင်မြင်အောင် ဝန်‌ဆောင်မှုတွေပေးနိုင်ခဲ့ပါပြီ။🎉💍

ဒီတစ်ခါမှာတော့ ဂျပန်လူမျိုးနဲ့ မြန်မာအမျိုးသမီးတို့လက်ထပ်ခြင်းအတွက် လိုအပ်တဲ့ ချစ်ကြိုက်မှတ်တမ်းများ အဆင့်ဆင့်ပြင်ဆင်မှု၊ လိုအပ်တဲ့စာရွက်စာတမ်း အချက်အလက်များအတွက် ဘာသာပြန်ခြင်း ဝန်ဆောင်မှု၊ မှီခိုဗီဇာလျှောက်ထားခြင်းအတွက်လည်း လိုအပ်တဲ့စာရွက်စာတမ်း ပြင်ဆင်မှုများ အားလုံးကို ကျွန်တော်တို့ Himawari Myanmar မှ ဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။ အခုလို အောင်မြင်တဲ့ ရလဒ်ကောင်းတွေ ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဟာလည်း ဧည့်သည်ဘက်မှ လိုအပ်တဲ့ အချက်အလက်များ အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလို့သာဖြစ်ပါတယ်။🥰🇯🇵💕💕

ချစ်သူတွေကို ဂျပန်တို့ရဲ့ချယ်ရီမြေမှာ အတူပေါင်းဆုံနိုင်အောင် လိုအပ်တဲ့ နေထိုင်မှုဆိုင်ရာ ဗီဇာကိစ္စရပ်များ၊ အိမ်ထောင်ဖက် ချစ်သူအားခေါ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ ၊လက်ထပ်ခြင်းဆိုင်ရာ ရပ်ကွက်စာရင်းသွင်းခြင်း ကိစ္စရပ်များ၊ ဂျပန်လူမျိုးအိမ်ထောင်ဖက်ရဲ့ မိသားစုစာရင်းသွင်းခြင်း ကိစ္စရပ်များ၊ ဂျပန်နိုင်ငံအတွင်း လက်ထပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအားလုံးကို ကျွန်တော်တို့ Himawari Myanmar မှာ Zoom Meeting Appointment နဲ့ဆွေးနွေးတိုင်ပင်မှုများရယူပြီး ဝန်ဆောင်မှုများ အပ်နှံနိုင်ပါပြီခင်ဗျာ။💑📲💻

Himawari Myanmar ကို ရွေးချယ်ပေးခဲ့တဲ့ ဧည့်သည်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
🙏ဂျပန်မြေမှာ ချစ်သူနှစ်ဦး ကြင်ကြင်နာနာ လက်တွဲပြီး သာယာသော မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏🌻🌻

Himawari Team Myanmar




住所

1-4 10, Osaka-Shi, Miyakojima-ku, Miyakojimahondori, EXEDORA Miyakojima 305
Osaka, Osaka
534-0021

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00
土曜日 09:00 - 17:00

ウェブサイト

アラート

Himawari Myanmarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Himawari Myanmarにメッセージを送信:

ビデオ

共有する


パスポート・ビザサービスのその他Osaka

すべて表示