AP Hein Travel Itinerary & Planning Services

AP Hein Travel Itinerary & Planning Services Korea နှင့် Vietnam နိုင်ငံသို့ အလည်အပတ် ခရီးသွားများအတွက် ကြိုဆိုနေပါတယ် ခင်ဗျ။

Jeju ကို အနှံ့လည်ချင်လို့ ၅ရက် လည်ခဲ့တဲ့ မကြီးတို့မိသားစုလေး။အပြည့်အဝ ယုံကြည်ပေးခဲ့တဲ့အတိုင်း နေရာရော အစားစာကအစ လုံးဝ မထ...
17/04/2024

Jeju ကို အနှံ့လည်ချင်လို့ ၅ရက် လည်ခဲ့တဲ့ မကြီးတို့မိသားစုလေး။
အပြည့်အဝ ယုံကြည်ပေးခဲ့တဲ့အတိုင်း နေရာရော အစားစာကအစ လုံးဝ မထပ်စေပဲ သေချာ ပို့ပေးနိုင်ခဲ့လို့ ပျော်ရပါတယ်။
Jeju လို ၂ရက်တခါမိုးရွာတဲ့ကျွန်းကြီးမှာ ၅ရက်လုံး မိုးနဲ့မတိုးပဲ အပြည့်အဝ လည်နိုင်ခဲ့တာကလည်း တကယ့်ကို နှစ်ဦးနှစ်ဖက် စေတနာသန့်လို့ ထင်ပါတယ်။

မင်မင် Vietnam မလုပ်တော့ဘူးလားဆိုလို့။လုပ်ပါတယ် ။ မကြေငြာနိုင်တာပါ ။လစဉ် အဖွဲ့များစွာရှိပါတယ်။လက်ရှိတော့ ဒီအကိုမိသားစုလေ...
17/04/2024

မင်မင် Vietnam မလုပ်တော့ဘူးလားဆိုလို့။
လုပ်ပါတယ် ။ မကြေငြာနိုင်တာပါ ။

လစဉ် အဖွဲ့များစွာရှိပါတယ်။
လက်ရှိတော့ ဒီအကိုမိသားစုလေး ကလေးရော လူကြီးပါ ပါတာမို့ အတော်လေး သေချာစီစဉ်ပေးရတာပါ။ ရင်တမမနဲ့ အခက်ခဲတွေမှာစိုးပေမဲ့ အားလုံး အဆင်ပြေခဲ့လို့ ပျော်ရပါတယ်။
Vietnam သွားဖို့ကို Korea ထိ လှမ်းအပ်ပြီးယုံကြည့်ပေးတဲ့ ဧည့်သည်တွေကိုလည်း အမြဲကျေးဇူးတင်နေမှာပါ။

ဒီနေ့ Jeju ရောက်နေတဲ့ ဧည့်သည် ၃ဖွဲ့ပေါ့။ အဆင်တွေပြေကြလို့ ဝမ်းသာပါတယ်။Korea အလည်အပတ်ဆိုရင်  AP Hein ကို သတိရလိုက်နော်။  ...
29/03/2024

ဒီနေ့ Jeju ရောက်နေတဲ့ ဧည့်သည် ၃ဖွဲ့ပေါ့။ အဆင်တွေပြေကြလို့ ဝမ်းသာပါတယ်။

Korea အလည်အပတ်ဆိုရင် AP Hein ကို သတိရလိုက်နော်။

ဒါကတော့ Danang-Hanoi-Halong- ပြီး ယခု SaPa ဘက်ရောက်နေတဲ့ညမပေါ့။ သားအမိနှစ်ယောက်တည်း ပျော်နေတာလေး။ ☺️Korea , Vietnam ခရီး...
16/03/2024

ဒါကတော့ Danang-Hanoi-Halong- ပြီး ယခု SaPa ဘက်ရောက်နေတဲ့ညမပေါ့။ သားအမိနှစ်ယောက်တည်း ပျော်နေတာလေး။ ☺️

Korea , Vietnam ခရီးသွားဆို ဒီကို ဆက်သွယ်တာက ပိုမြန်ပါတယ်ခင်ဗျ။

010-7676-2455

ဒီနေ့ နှစ်ဖွဲ့ရောက်တာ ဒုတိယမြောက် ဟန်းဂုရောက်လာတဲ့ အမတွေပေါ့။ လေဆိပ်တင် eng လိုပြောမရလို့ ညည်းနေကြလေရဲ့။ ဂင်ချီသံတွေနဲ့ ...
16/03/2024

ဒီနေ့ နှစ်ဖွဲ့ရောက်တာ ဒုတိယမြောက် ဟန်းဂုရောက်လာတဲ့ အမတွေပေါ့။ လေဆိပ်တင် eng လိုပြောမရလို့ ညည်းနေကြလေရဲ့။ ဂင်ချီသံတွေနဲ့ ပြောပေးမှ နားလည်တာ အမရေလို့။ 😅

Korea , Vietnam ခရီးသွားဆို ဒီကို ဆက်သွယ်တာက ပိုမြန်ပါတယ်ခင်ဗျ။
⁩ 010-7676-2455

ဒီနေ့တော့ Jeju မှာ Pre ရိုက်ချင်တဲ့ ဧည့်သည်တွေကို လိုက်ပေးဖြစ်ပါတယ်။Korea , Vietnam ခရီးသွားဆို ဒီကို ဆက်သွယ်တာက ပိုမြန်...
16/03/2024

ဒီနေ့တော့ Jeju မှာ Pre ရိုက်ချင်တဲ့ ဧည့်သည်တွေကို လိုက်ပေးဖြစ်ပါတယ်။
Korea , Vietnam ခရီးသွားဆို ဒီကို ဆက်သွယ်တာက ပိုမြန်ပါတယ်ခင်ဗျ။

010-7676-2455

ဒီနေ့  ဟန်းဂု 🇰🇷ထပ်ရောက်လာတဲ့ ညမလေးတွေ လက်ရှိ ဟန်းဂုမှာ အဖွဲ့တွေ ထပ်နေရောပဲ။ချယ်ရီပွင့်ချိန်လည်း ထပ်ကြဦးမှာပါ။ဟန်းဂုဆိုရ...
24/02/2024

ဒီနေ့ ဟန်းဂု 🇰🇷ထပ်ရောက်လာတဲ့ ညမလေးတွေ
လက်ရှိ ဟန်းဂုမှာ အဖွဲ့တွေ ထပ်နေရောပဲ။

ချယ်ရီပွင့်ချိန်လည်း ထပ်ကြဦးမှာပါ။

ဟန်းဂုဆိုရင် AP Hein ကို သတိရလိုက်ပါ ခင်ဗျ ။

မြန်မာ Passport ဖြင့် ရက် ၃၀ free ပေးနေပြီဖြစ်တဲ့ Vietnam 🇻🇳 အလည်သွားချင်ရင် တော့ AP Hein ကို သတိရလိုက်ပါခင်ဗျ။
23/02/2024

မြန်မာ Passport ဖြင့် ရက် ၃၀ free ပေးနေပြီဖြစ်တဲ့ Vietnam 🇻🇳
အလည်သွားချင်ရင် တော့ AP Hein ကို သတိရလိုက်ပါခင်ဗျ။

မနေ့က နှင်းကျတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုက် Nami Island ဘက်သွားတဲ့နေ့ နဲ့ တိုက်သွားလို့ ပျော်နေကြတဲ့ မင်မင့် ဧည့်သည်တွေ ...
23/02/2024

မနေ့က နှင်းကျတဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုက် Nami Island ဘက်သွားတဲ့နေ့ နဲ့ တိုက်သွားလို့ ပျော်နေကြတဲ့ မင်မင့် ဧည့်သည်တွေ ။
တရက်ထည်းနဲ့ တန်သွားပြီဆိုပြီး ပုံတွေပို့လာလေရဲ့။

ချယ်ရီပန်းရာသီ နောက်လဆို ရောက်တော့မှာမို့ Korea ဆိုတာနဲ့ မင်မင့်ကို သတိရလိုက်ပါခင်ဗျ။
Daily tour guide ငှါးချင်ရင်တော့ ချယ်ရီပန်းပွင့်ချိန် April 1-8 ရက်ချိန်း ကျန်နေပါသေးတယ်ခင်ဗျ။
AP Hein

#မစားမသွားမလုပ်ဖူးရင်လုံးဝလမ်းမညွှန်တဲ့

ဒီနေ့ Vietnam 🇻🇳 တောင်မြောက်အရှေ့ အကုန်ပတ်မဲ့ ဧည့်သည်တွေပေါ့။Vietnam သွားလည်မယ်ဆို မင်မင့်ကိုသာ သတိရနော်။😉
20/02/2024

ဒီနေ့ Vietnam 🇻🇳 တောင်မြောက်အရှေ့ အကုန်ပတ်မဲ့ ဧည့်သည်တွေပေါ့။

Vietnam သွားလည်မယ်ဆို မင်မင့်ကိုသာ သတိရနော်။😉

🇰🇷AP Hein Travel Itinerary & Planning Services                                    မှရရှိနိုင်သော Korea Travel အတွက် serv...
17/02/2024

🇰🇷AP Hein Travel Itinerary & Planning Services
မှ

ရရှိနိုင်သော Korea Travel အတွက် service အသေးစိတ်အား နှုန်းထားနှင့် တကွ တင်ပြလိုက်ပါတယ်။

1️⃣ Tour Guide Service ( For all Travelers & Agencies )

- Seoul - USD 120 (8hrs/day)
- Busan/Jeju - USD 150 /day

(Guide အတွက် ဝင်ကြေးနှင့် ဟော်တယ်ခ ၊ကားခများကို ခရီးသည်မှ ပေးဆောင်ပေးရမှာပါ။စားစရိတ်ပေးစရာမလိုပါ။ အတူတကွစားတဲ့အခါ cash back ပြန်အမ်းပေးမှာပါ။)

ဒီ Service လေးကတော့ ကျွန်တော်ကိုယ်တိုင် တနေ့တာ အတူတကွ လိုက်ပါ ပို့ဆောင် ပေးမှာဖြစ်ပါတယ်။ခရီးစဆုံး နေ့စဉ် ငှါးမယ် တွေးထားသူတွေဆိုရင် ဧည့်သည်ကိုယ်တိုင် ဘာမှ plan ချစရာမလိုပဲ ရက်အရေအတွက်ကိုကြည့်ပြီး အားလုံး နှံ့စပ်အောင် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာမန်းပါ လုပ်ပေးဦးမှာနော် 😉။
Busan/Jeju အထိခေါ်ဆောင်သွားမည်ဆိုရင်တော့ ညအိပ်လိုက်ပေး စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။

✅April လမှ စတင် အပ်နှ့နိုင်ပါပြီ။

2️⃣ Planning Service (For travelers)

- One Trip (100 USD/ Gp)

ဒီ Service တယောက်စီပေးရမှာမဟုတ်ပဲ တဖွဲ့ကိုမှ တခါပဲပေးရမှာပါ။ဒါလေးကတော့ စတင်ခဲ့တာ ၇ လ သက်တမ်းရှိပြီး ရာချီသောခရီးသွားအဖွဲ့တွေကို ဝန်ဆောင်ပေးနေပြီးသား ဖြစ်ပါတယ်။
Planning service ဆိုတာဟာ visa မှလွဲပြီး ဧည့်သည်တို့ရဲ့ ခရီးစဉ်တခုလုံး လိုအပ်သည့် Air tickets (international/local), KTX, Private car, Day tour, Hotel အားလုံးကို စိတ်ကြိုက် ဆွေးနွေးအကြံပေး ပြင်ဆင်ပေးသလို နေ့စဉ်လည်ပတ်နိုင်ရန် daily plan အသေးစိတ်ကို အရှင်းလင်းဆုံး ရေးသားပေးတာမို့ ခရီးသွားတွေအတွက် အလိုအပ်ဆုံး service ဖြစ်ပါတယ်။
Korea အကြောင်းကို ကျွန်တော့် blog တွေ ဖတ်ပြီး ဘယ်လောက်ပဲ သိနေပါစေ လူကြီးမင်းတို့ ရက် အချိန်နဲ့ သွားချင်တဲ့ပေါ်မူတည်ပြီး နေ့စဉ် ဘယ်သွားဘာလုပ်မယ်ဆိုတာ ခေါင်းစားရမှာပါ။ ဒီလို ခေါင်းစားမှု/အလုပ်ရှုပ်မှု ခံစရာမလိုပဲ တညစာဟော်တယ်ခလောက် ဝန်ဆောင်ခလေး ပေးလိုက်ရင် ကျွန်တော်က အားလုံး အခက်ခဲမရှိအောင်ပြင်ဆင်ပေးမှာပါ။ လည်နေစဉ် အခက်ခဲရှိတဲ့အခါလည်း လှမ်းမေးနိုင်တာဖြစ်လို့ ဘာလိုသေးမှာလဲ ခင်ဗျာ။

✅အချိန်မရွေးအပ်နှံ နိုင်ပါတယ်။


3️⃣Tour Package Service ( For Travel Agencies)

- 5-10 persons group 7days (1600-1800 USD/pax)
- 12 persons above group 7days(1500 USD /pax)

Korea လေဆိပ်စထွက်ချိန်မှ ပြန်ချိန်အထိ လိုအပ်တာ မှန်သမျှ အားလုံး ပြီးပြည့်စုံစွာ မည့်အပြင် Normal ပြီးစလွယ်မဟုတ်တဲ့ attractions/activities/meals အပြင် photo service အထိ ပါဝင်မှာပါ။Visa နှင့် Flight ကိုသာ agency ဘက်မှ ပြင်ဆင်ပေးရင်ရပါပြီ။
ဒီ Service လေးကတော့ Korea tour ဆွဲနေတဲ့ မြန်မာ agency တွေအနေနဲ့ အမြဲ ခေါင်းစားရတဲ့ Koreaဘက်အခြမ်း တာဝန်ခံ ရှာဖွေရတဲ့အလုပ်ကို အလွယ်တကူ ဖြေရှင်းပေးနိုင်မှာပါ။စျေးနှုန်းသက်သာပြီး ကျွမ်းကျင်မှုရှိ စိတ်ရှည်တဲ့ တာဝန်ခံကို အပ်ရတာ လူကြီးမင်းတို့အတွက် များစွာ အကျိုးအမြတ်နှင့် နာမည်ကောင်းရရှိစေမှာပါ။

🔆လူကြီးမင်းတို့ လိုချင်တဲ့ပုံစံ စျေးနှုန်း စတာတွေကို စိတ်ကြိုက်ညှိနှိုင်းပေးနိုင်ပါတယ်ခင်ဗျာ။ တဦးတည်းသာ ဆောင်ရွာက်နေတာမို့ ငွေအရင်ချ စရံသတ်သူကိုသာ အရင်ဦးစားပေးမှာပါ။🔆

✅April လမှ စတင် အပ်နှ့နိုင်ပါပြီ။

❌ကျွန်တော့် ဦးနှောက်ဖေါက်စားသော၊ခရီးသည်အကျိူးမကြည့်သော လုပ်ငန်းရှင်များကိုတော့ မကြိုဆိုပါဘူးခင်ဗျာ။❌

————————————————————————
ကိုယ်ရေးအကျဉ်း

- Aung Pyae Hein ( AP Hein)
- 32 yrs old
- B/Sc I.C
- Korea Language(YUFL Intermediate Level & Topik Level 4)
- Admin Assistant Manager in Diamond Auto Company .Ltd(6months experience)
- 12 yrs Lives in South Korea 🇰🇷

💢မည်သည့် Tour guide လက်မှတ်မှ ရမထားသလို မည်သည့် ခရီးသွားအဖွဲ့အစည်းများမှာလည်း ပါဝင်ခြင်းမရှိပါဘူး ခင်ဗျာ။ Personally Travel Freelancer/blogger တယောက်သာဖြစ်ပါတယ်။💢

Korea နဲ့ ပက်သက်လို့ ကျွမ်းကျင်မှုကိုတော့ Seoul/Jeju/Busan ပုံတပုံသာလာရိုက်ပြ ဘယ်နေရာဆိုတာ တန်းပြောနိုင်ပါတယ်။ ဖုန်းဆက်ပြီး ဘယ်အရှေ့မှာရောက်နေတာလို့သာပြော ချက်ချင်း ဘယ်ကိုသွား ဘယ်လိုရှာဆိုတာကို အလွတ်တန်း ပြောနိုင်ပါတယ်။ ဧည့်သည်တို့ရဲ့ ယုံကြည်မှုကို ရအောင် စာနှင့်ပြောခြင်းမဟုတ်ပဲ ကျွန်တော့်ရဲ့AP Hein page က သက်သေပြပေးနိုင်မှာပါ။

+821076762455
WhatsApp/Line

Korea ခရီးအတွက်ဆို

#မစားမသွားမလုပ်ဖူးရင်လုံးဝလမ်းမညွှန်တဲ့
#တောင်ကိုရီးယား #တောင်ကိုရီးယားခရီးသွား

ဒီနေ့ ဂင်ချီမြေကို ရောက်တဲ့ ဧည့်သည်တွေ 😍Korea planning service or Tour guide service အပ်ချင်ရင် AP Hein ကိုသာ သတိရလိုက်ပ...
16/02/2024

ဒီနေ့ ဂင်ချီမြေကို ရောက်တဲ့ ဧည့်သည်တွေ 😍

Korea planning service or Tour guide service အပ်ချင်ရင် AP Hein ကိုသာ သတိရလိုက်ပါခင်ဗျ။

Lunar New Year မှာ စျေးအရမ်းကြီးနေလည်း လည်ပတ်နေကြတဲ့ မင်မင်ရဲ့ Korea / Vietnam ဧည့်သည်လေးတွေ။
09/02/2024

Lunar New Year မှာ စျေးအရမ်းကြီးနေလည်း လည်ပတ်နေကြတဲ့ မင်မင်ရဲ့ Korea / Vietnam ဧည့်သည်လေးတွေ။

08/02/2024

🙏ကျွန်တော့်ထံတွင် Korea လေယာဉ်လက်မှတ် သီးသန့် လုံးဝလုံးဝ မရောင်းပါဘူးခင်ဗျ။🙏

AP Hein Travel Itinerary & Planning Services မှမြန်မာ Travel & Tour company များသို့ လက်တွဲရန် ဖိတ်ခေါ်လိုက်ပါတယ်။🛫10 pa...
08/02/2024

AP Hein Travel Itinerary & Planning Services မှ

မြန်မာ Travel & Tour company များသို့ လက်တွဲရန် ဖိတ်ခေါ်လိုက်ပါတယ်။

🛫10 pax အထက် Group Tour package ဖြစ်စေ Family or Small Group ဖြစ်စေ လေဆိပ်မှစထွက်ချိန်မှ လေဆိပ်ထဲ ပြန်ဝင်ချိန်အထိ Korea ဘက်မှ အစအဆုံး တာဝန်ယူပေးနိုင်ပါပြီ။ ( Admin ကိုယ်တိုင်လိုက်ပါပေးမှာပါ။)

🛫Tour မအပ်ပါပဲ သီးသန့် Daily guide လိုပါကလည်း admin ကိုယ်တိုင် လိုက်ပေးမှာဖြစ်ပါတယ်။

အကောင်းဆုံး ဝန်ဆောင်မှုဖြင့် အသက်သာဆုံးစျေးနှုန်းအား ညှိနှိုင်း ဆောင်ရွက်ပေးမှာမို့ သင်တို့ company ကိုယ်စားလှယ်အဖြစ် ယုံကြည် ခန့်အပ်နိုင်ပါတယ်။ အလုပ်လက်ခံသည့်အခါ အပ်နှံသည့် company အမည်ဖြင့်သာ အစအဆုံး ဆောင်ရွက်ပေးသွားမှာပါ။

အထက်ပါ ဝန်ဆောင်မှုများကို Admin ကိုယ်တိုင်မှလွဲ၍ မည်သည့်သူကိုမှ လက်လွှဲဆောင်ရွက်ခိုင်းမည် မဟုတ်သည့်အတွက် ကြိုတင် ဘိုကင်ရယူဖို့လိုပါတယ်။

ထို service များအား မြန်မာ နှစ်ကူးမှ စ၍ ဝန်ဆောင်မှု ပေးသွားမှာဖြစ်သော်လည်း အောက်ပါ ပုံပါ ရက်များမှာ ဘိုကင်ကြိုယူပြီး ဖြစ်နေပါပြီ။ ကြားရက်လွတ်များနှင့် May 6 နောက်ပိုင်းမှာတော့ ဘိုကင်လွတ်ကင်းနေပါသေးကြောင်း အသိပေးလိုက်ရပါတယ်။

ကဲ Korea ချယ်ရီ ရာသီ လာဖို့အတွက် အခုစပြီး ပြင်ဆင်လို့ရပါပြီခင်ဗျ။ချယ်ရီအမှီလာဖို့ ကျနော့်ကိုအပ်မယ်လို့ စီစဉ်နေတယ်ဆိုရင် ...
04/02/2024

ကဲ Korea ချယ်ရီ ရာသီ လာဖို့အတွက် အခုစပြီး ပြင်ဆင်လို့ရပါပြီခင်ဗျ။

ချယ်ရီအမှီလာဖို့ ကျနော့်ကိုအပ်မယ်လို့ စီစဉ်နေတယ်ဆိုရင် flight မဝယ်သေးပဲ အရင်ဆုံးလာတိုင်ပင်ဖို့ ပြောချင်ပါတယ်ခင်ဗျ။

ကျွန်တော်ကတော့ ကို့ဧည့်သည်တွေ အတိအကျ တွေ့နိုင်အောင် သေချာ စီစဉ်ပေးမှာပါ။

AP Hein

ကျွန်တော်တို့ အရှေ့တောင်အာရှမှာ အမြင့်ဆုံး တိုက်ရှိတာ ဘယ်နိုင်ငံတွေလဲ?1. Malaysia (ကွလာလန်ပူမြို့)🇲🇾 2. Vietnam(ဟိုချီမင...
31/01/2024

ကျွန်တော်တို့ အရှေ့တောင်အာရှမှာ အမြင့်ဆုံး တိုက်ရှိတာ ဘယ်နိုင်ငံတွေလဲ?

1. Malaysia (ကွလာလန်ပူမြို့)🇲🇾
2. Vietnam(ဟိုချီမင်းမြို့) 🇻🇳 စသဖြင့် ပုံပါအတိုင်းလေ့လာနိုင်ပါတယ်။

AP Hein

Vietnam ဆိုတာနဲ့ Sun World Group ဟာ လက်ကြီးနှစ်ဖက် Ba Na Hills ၊ တိမ်ကြားထဲက နတ်ပြည် Fansipan Legend လို နေရာတွေနဲ့  အာရ...
30/01/2024

Vietnam ဆိုတာနဲ့ Sun World Group ဟာ

လက်ကြီးနှစ်ဖက် Ba Na Hills ၊
တိမ်ကြားထဲက နတ်ပြည် Fansipan Legend လို
နေရာတွေနဲ့ အာရှတင်မက ကမ္ဘာတောင် တက်ဖိုက်နိုင်တဲ့ အထိ ဖန်တီးခဲ့တာ အမြင်ပါပဲ။

အခုလည်းပဲ အကြီးကြီး တခုဟာ လုံးဝ အပြီးသတ် လက်စသတ်ပြီးလို့ ထွက်ပေါ်လာပြန်ပါပြီ။

ဒါကတော့ Vietnam နိုင်ငံ အရှေ့တောင်ဘက် Tay Ninh မြို့အလွန်မှ 986 m မြင့်တဲ့ Black Virgin Mountain ခေါ်Ba Den Mountain မှာ Tay Bo Da son လို့ခေါ်တဲ့ ကြေးသွန်းပုံတော်ကြီးနဲ့ ခရီးသွားတွေကို ခေါ်နေပြန်ပါပြီ။

ဒီနေရာကတော့ Ho Chi Minh ကနေ ၂နာရီကျော် ကားဖြင့်သွားနိုင်ပါတယ်။

ကဲ Vietnam ဆိုရင် ဟိုချီမင်းမှ ဟိုချီမင်းတဲ့ သူတွေ အုပ်ဂူရှေ့ ဓါ့ပုံရိုက်တာတွေ ရိုးအီနေပါပြီ ။ဟောသလိုနေရာလေးကို သွား အလှအပ ခံစားရအောင်လေ။

ဒါ့အပြင် ဟိုချီမင်းသွားပြီ စိုင်ဂုံ လောက်ပဲ ပတ်ပြီးပြန်လာတာမျိုးမဟုတ်ပဲ

တခြား မူအီနယ်၊ ဒါလတ် ၊နာသရန်း ၊မဲခေါင်၊တေနင်း စသဖြင့် သွားလည်ပြီး ငါ Vietnam သွားခဲ့တယ်ဆိုတာကို ပြလိုက်ပါ။

အားလုံးကို မင်မင်က အသက်သာဆုံး အဆင်ပြေဆုံး ခေါင်းစားစရာ မလိုပဲ စီစဉ်ပေးဖို့ စောင့်မျှော်နေမှာပါ။


AP Hein

ကဲ အများကြီး တိုက်တွန်းကြ လာမေးကြလွန်းလို့မင်မင့်ရဲ့ planning services ကို တနိုင်ငံ ထပ်မံ တိုးချဲ့လိုက်ပါပြီ။Thai နိုင်င...
28/01/2024

ကဲ အများကြီး တိုက်တွန်းကြ လာမေးကြလွန်းလို့

မင်မင့်ရဲ့ planning services ကို တနိုင်ငံ ထပ်မံ တိုးချဲ့လိုက်ပါပြီ။

Thai နိုင်ငံပဲဖြစ်ပါတယ်။

ထိုင်းဟာ မြန်မာတွေအတွက် စိမ်းတဲ့နိုင်ငံမဟုတ်သလို နိုင်ငံတွင်းမှာလည်း မြန်မာ blogger များ tour/ agent များ များပြားစွာရှိနေပါတယ်။

သို့သော်လည်း မင်မင့်ကိုမှယုံတယ် မင်မင့်လက်ရာအတိုင်းသွားချင်သူတွေအတွက် မည်သည့်မြို့ကိုမဆို အားလုံး အစအဆုံး စီစဉ်ပေးမှာပါ။

ချပြထားတဲ့ မင်မင့်ရဲ့ လမ်းညွှန်များ blog များ မရှိပေမဲ့ ထိုင်းဆိုတာ အထက်အောင်လှန်နိုင်အောင် ကျွမ်းကျင်ပါတယ်။ယုံကြည်တဲ့သူများကိုသာ လာအပ်ပါလို့ ဖိတ်ခေါ်ပါတယ်။

Service changes မှာ Vietnam အတိုင်းပဲ USD 70 သာဖြစ်ပါတယ်။

တခေါက်ဆိုတခေါက် ဒါဟာ ထိုင်းပါဆိုတာကို ချပြချင်သူတွေအတွက် မင်မင့်ကိုသာ သတိရလိုက်ပါ။

AP Hein

Vietnam 🇻🇳  သွားမည့် ဧည့်သည်များ ခင်ဗျာ…လာမည့် Lunar New Year ဟာ Korea မှာ ခြောက်သွေ့ စုတ်ပြတ်သတ်ပေမဲ့ Vietnam မှာတော့ တ...
27/01/2024

Vietnam 🇻🇳 သွားမည့် ဧည့်သည်များ ခင်ဗျာ…

လာမည့် Lunar New Year ဟာ Korea မှာ ခြောက်သွေ့ စုတ်ပြတ်သတ်ပေမဲ့ Vietnam မှာတော့ တနိုင်ငံလုံး နေရာမလပ် စည်ကား တိုးကြိတ်နေမှာဖြစ်ပါတယ်။

ဒီ ပိတ်ရက်မှာ သွားဖို့ service အပ်ထားသည့် ဧည့်သည်များအနေဖြင့် ကျွန်တော့် ကားများမှာ အနည်းငယ် ဝန်ဆောင်ခ စျေးတက်မှာဖြစ်ပါကြောင်း ကြိုပြီး အသိပေးအပ်ပါတယ်။

နေရာတကာ တိုးကြိတ်နေမှာ အမှန်ဆိုပေမဲ့လည်း သူတို့နိုင်ငံရဲ့ ရိုးရာ ပုံစံလေးတွေ မြင်တွေ့ရမှာပါ။ အားလုံး အဆင်ပြေချောမွေ့အောင် ကားဆရာများက တာဝန်ယူပေးမှာပါ။

AP

🇻🇳Da Nang / Hoi An မှာ မင်မင့်လို မီးပုံးလေးတွေနဲ့ ပုံလှလှလေးတွေ စပါယ်ရှယ် ရိုက်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် မင်မင့် page ...
26/01/2024

🇻🇳Da Nang / Hoi An မှာ မင်မင့်လို မီးပုံးလေးတွေနဲ့ ပုံလှလှလေးတွေ စပါယ်ရှယ် ရိုက်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် မင်မင့် page မှာ service အပ်လို့ရပါတယ်။

မင်မင့်ကို planning service အပ်သူဖြစ်ဖြစ် သပ်သပ် photography package သီးသန့်ယူချင်ရင်ဖြစ်ဖြစ် ဆက်သွယ် ဘိုကင်ရယူနိုင်ပါတယ်။

ဘိုကင်တင်တဲ့အခါ 20 usd အရင်ပေးရမှာဖြစ်ပြီး ဟိုဘက်မှာ ရိုက်ကူးပြီးရင်တော့ ပုံပါအတိုင်း ကျသင့်ငွေ ပေးချေရမှာ ဖြစ်ပါတယ်။(usd/vnd)

Da Nang / Hoi An မှာ ဒီ့လောက် စျေးတော်တဲ့နေရာမရှိပါဘူး။ မယုံရင် ရှာကြည့်နိုင်ပါတယ်နော်။

ကို့ရဲ့ Vietnam 🇻🇳 ခရီးလေးမှာ လှလှပပဖြစ်ချင်ရင် မင်မင့်ကို သတိရလိုက်ပါနော်။

AP

ကဲတွေ့လား မင်မင်ရဲ့ AP Hein page က လမ်းညွှန်တွေဖတ်ပြီး အားလုံးသွားလို့ရနေတာတောင်မှ မင်မင့်ရဲ့ planning service ကို ယူကို...
22/01/2024

ကဲတွေ့လား မင်မင်ရဲ့ AP Hein page က လမ်းညွှန်တွေဖတ်ပြီး အားလုံးသွားလို့ရနေတာတောင်မှ

မင်မင့်ရဲ့ planning service ကို ယူကိုယူချင်လို့ လာအပ်တာပါတဲ့လေ။

ဟုတ်ပါတယ် မင်မင်ရေးပေးထားတာတွေဟာ လိုလေသေးမရှိဘူးဆိုပေမဲ့ လူကြီးမင်းတို့ရဲ့ သွားမဲ့ရက် သွားချင်တဲ့ပုံစံပေါ်လိုက်ပြီး itinerary ဆွဲတဲ့အခါ အရမ်းကို အလုပ်ရှုပ် ခေါင်းစားမှာပါ။ တရက်ပြီးတရက် နက်ဖန်ဘယ်တွေဘလိုသွားမှာဆိုတာကို memory ခေါ်ပြီး ညဘက် ပြန်ကြည့်နေကြရတာကလည်း ခရီးမှာ ပင်ပန်းစေတယ်လေ ။

မင်မင့်ရဲ့ service ကိုယူလိုက်ရင် တရက်စီ အသေးစိတ်ကို ရေးပေးထားပြီမို့ ရက်ကိုကြည့်ပြီး ဖက်ရှင်အတွက် ကြိုပြင်ဆင်ရုံပဲ ကျန်တာ ဘာမှ ပူနေဖို့မလိုတော့ဘူးပေါ့။

K & V ကို ကို့ဟာကို စိတ်ကြိုက်လည်ချင်ရင် မင်မင့်ကိုသာ သတိရလိုက်ပါ။

22/01/2024

Edited 🙏Sold Out သွားပါပြီ။ နှစ်ဖွဲ့ တောင်ပြိုင်လုသွားတာပါ။

🧧Lunar New Year မှာ Korea လာမဲ့ ဧည့်သည်များရှိလားခင်ဗျ။🧧

မင်မင်ကိုယ်တိုင် Guide လိုက်ပေးမှာပါ။

ဒါကြောင့် Feb 9,10,11,12 မှာ Seoul နှင့် ပတ်ဝန်းကျင် tour guide လိုချင်သူများ မင်မင့်ဆီ ဆက်သွယ်နိုင်ပါတယ်။

၁ရက် ၈နာရီ ဝမ် ၁၅၀၀၀၀ ပါ။ နေ့လည်စာ လမ်းစရိတ် ပေးစရာမလိုပါ။

၄ရက်လုံး ငှါးမည့်သူများကို နောက်ရက်တွေအတွက် လည်ပတ်နိုင်ဖို့ အစဆုံး planning service free ဆွဲပေးမှာပါ။

မင်မင်ကိုယ်တိုင်ဆိုတဲ့ ဒီအခွင့်ရေးက ရဖို့မလွယ်ဘူးနော်😉

20/01/2024

Korea 🇰🇷, Vietnam 🇻🇳 ခရီးအတွက် planning services ဆိုတာကို နားမလည်တဲ့ ဧည့်သည်တွေအတွက် မင်မင် ရှင်းပြပါ့မယ်။

Korea ဆိုရင် usd 100, Vietnam ဆိုရင် usd 70 ရော့အင့်ဆို ဝန်ဆောင်ခပေးလိုက်တာနဲ့ စထွက်ချိန်ကစလို့ ပြန်ရောက်ချိန်ထိ လေယာဉ် ၊ဟော်တယ် ၊ကား၊ရထား၊ ဘာဘာညာညာ ကွိကွိ ကွကွ အကုန်အစုံ အားလုံး စီစဉ်ပေးမဲ့အပြင်
နေ့စဉ် သွားဖို့ နေရာ အချိန် အတိအကျအားလုံး တရက်စီ အသေးစိတ်ကို ရေးဆွဲပေးမှာပါ။(Visa တော့မလုပ်ပေးပါဘူး)

သွားမည့်ဧည့်သည်နဲ့ သေချာဆွေးနွေးပြီး စိတ်ကြိုက် စီစဉ်ပေးတာမို့ ဒီလောက် တန်ပြီး အလုပ်ရှုပ်သက်သာတဲ့ service ဘယ်မှာရမှာလဲနော်။

မင်မင်ဟာ ထိုင်း၊ဖစ်လပိုင်၊ဘာလီ၊မော်ဒိုက် နိုင်ငံများစွာ မြေလျှိုးမိုးပျံအောင် စီစဉ်ပေးနိုင်သော်လည်း ကို့ဧည့်သည်တွေကို နိုင်နိုင်နင်းနင်း service ပေးနိုင်အောင်လို့ ယခုချိန်မှာ ၂နိုင်ငံကိုပဲ လက်ခံဆောင်ရွက်ပေးတာပါ။

K&V ဆို ကိုသာ သတိရလိုက်ပါ။

ဒီနေ့ Danang 🇻🇳 ရောက်နေတဲ့ ညမတို့ပေါ့။ မင်မင့်ကားဆရာတွေလည်း နေ့စဉ် run နေရတော့ အရမ်းပျော်နေကြလေရဲ့။
19/01/2024

ဒီနေ့ Danang 🇻🇳 ရောက်နေတဲ့ ညမတို့ပေါ့။ မင်မင့်ကားဆရာတွေလည်း နေ့စဉ် run နေရတော့ အရမ်းပျော်နေကြလေရဲ့။

17/01/2024

မင်မင့်ဆီလာတဲ့ ကာစတန်မာအချို့

သူများတွေကြော်ငြာပြတယ်။
ဘန်ကောက် usd 60 မှ စတင်ရွေ့တို့
ဗျက်နမ် usd 90 မှစတင်ရွေ့တို့ နဲ့ ဂျင်းတွေကို လက်ညှိုးထိုးပြမဲ့အစား သွားမေးလိုက်လေ usd 90 ++++++++ နဲ့ တကယ့်လက်မှတ်လည်းထွက်ရော usd 200 နီးပါး ။ ဒီလို basic fare ကို တင်ပြီး ကာစတန်မာကို ဆွဲဆောင်တဲ့ ပေါတောတော နည်းက မြန်မာမှာပဲရှိတယ်။ မြန်မာတွေက အယုံလွယ်တယ် အားနာတတ်တယ်လေ။

နောက်ထပ် ဂျင်းတခုကတော့ airline က basic fare ကို မူရင်းအတိုင်း တိုက်ရိုက်ရပါမယ်ဆိုတဲ့ ဂျင်း။ဒါမျိုးက မသိသူကိုရှင်းပြရခက်သလို ဂျင်းထည့်သူကိုယ်တိုင်တောင် နားမလည်လောက်ဘူး။ ဒါက ကိုရီးယားမှာရှိတဲ့ မြန်မာချင်း ထည့်တဲ့ ဂျင်း ။နောက်မှ video နဲ့ ရှင်းပြပေးပါ့မယ်။

ဒီတော့ နားမလည်ရင် ဒီလိုပဲ မှတ်လိုက်ပါ airline တွေကနေ တိုက်ရိုက် basic fare ကိုရရအောင် airline က သူတို့အဖေမှမဟုတ်တာလို့။😅

ဒါလေးတွေကတော့ Korea ဘက် review လေးတွေပေါ့။ကိုရီးယားနဲ့ပက်သက်ရင် ပြည်တွင်းပြည်ပက ဧည့်သည်တွေ မင်မင့်ကိုသာ သတိရလိုက်ပါနော်။...
17/01/2024

ဒါလေးတွေကတော့ Korea ဘက် review လေးတွေပေါ့။

ကိုရီးယားနဲ့ပက်သက်ရင် ပြည်တွင်းပြည်ပက ဧည့်သည်တွေ မင်မင့်ကိုသာ သတိရလိုက်ပါနော်။ 😘

ကိုရီးယားကို ခရီးစဉ်အစဆုံး daily plan အသေးစိတ် အပါအဝင်မှ တဖွဲ့ကို Usd 100 သာ ဝန်ဆောင်ခယူပါတယ်။

🚠ကမ္ဘာမှာ Top 10 Cabel car တွေထဲက 3ခု ဟာ Vietnam 🇻🇳နိုင်ငံမှာသာရှိတာပါ။🚡Cable car ဆိုသည်မှာ အထူးဆန်းမဟုတ်တော့တဲ့ Japan ,...
16/01/2024

🚠ကမ္ဘာမှာ Top 10 Cabel car တွေထဲက 3ခု ဟာ Vietnam 🇻🇳နိုင်ငံမှာသာရှိတာပါ။🚡

Cable car ဆိုသည်မှာ အထူးဆန်းမဟုတ်တော့တဲ့ Japan ,Korea လိုနိုင်ငံတွေတောင် သူ့လောက် မမှီနိုင်သေးတာ အရှေ့တောင်အာရှမှာ ဘယ်နိုင်ငံက ရှိဦးမှာလဲ?

ဟုတ်ပါတယ် ကမ္ဘာ့ နံပတ် (1 )cable car ဟာ တရုတ်နိုင်ငံမှာရှိပြီး

(2) Fansipan cable car (Sapa .Vietnam)
(3)Hon Thom cable car (Phu Quoc . Vietnam)
(7) Ba Na Hills (Danang. Vietnam) ဖြစ်ကြပါတယ်။

ဒါတွေကိုတော့ cable car အရှည် အမြင့် အမြန်နှုန်း စီးနိုင်သည့် လူအရေအတွက် အလှအပ စျေးနှုန်း အားလုံးကို ကမ္ဘာ့ခရီးသွား အဖွဲ့အစီးများက တွက်ချက်ပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် ဒီလို နတ်ပြည်ထဲ ရောက်သလို ခံစားရမဲ့ cable car တိမ်ပင်လယ်ဆိုတာ နေ့ရက် ရာသီဥတု တွက်ဖို့မလို ကံကောင်းစရာမလိုပဲ ကြည့်လို့ရနေတဲ့ Vietnam ဆိုတာ ဦးစားပေး လည်ပတ်သင့်တဲ့နိုင်ငံဖြစ်ပါတယ်။

Vietnam,Korea ဘာpackage မှ မယူပဲ အလည်ပတ်လာချင်ရင်တော့ ကျွန်တော့် page မှာ service ရယူနိုင်ပါတယ်။

14/01/2024

🔥Korea🇰🇷မှ Vietnam 🇻🇳 သို့ လည်ပတ်လို့ အဆင်ပြေဆုံးပိတ်ရက်များ လာပါပြီ။🔥

✍️ကိုရီးယားမှ ၄ လပိုင်းအကုန် ၅လပိုင်းအစဟာ နှစ်စဉ်လိုလို ပိတ်ရက်တွေ ဆက်တာ သိကြမှာပါ။

✍️ဒီနှစ်လည်းပဲ April 27- May 6 အထိဟာ ပျက်လို့ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ 27,28,01,4,5,6 ပိတ်ရက်တွေဖြစ်ပါတယ်။

✍️Vietnam လည်ပတ်ချင်သူများ အနေဖြင့် ထိုရက်များမှာ လည်မယ်ဆိုရင် ပျက်လို့ကောင်းသလို စျေးနှုန်းအရမ်းကိုမှ သက်သာပါတယ်။

✍️Vietnam မြို့ကြီး 4မြို့လောက်တခါထဲ လည်ချင်သူများ (April 27-May6 )ကြားထဲ၄ရက်ပျက်ရင် ၁၀ရက်ရမှာပါ။ ၁၀ရက်သွားမယ်ဆိုရင် တဦးလျှင်အစ အဆုံး အပြီးအစီး ဟိုမှာစားချင်တာစားတာအပါ ဝမ် ၁၁သိန်း ပတ်လည်သာကျသင့်ပါမယ်။

😱အဲ့လောက်ပဲကျမှာလား ???
တကယ်ပေါ့ ၂ယောက်ဆို ဒီ့ထက်ပိုသက်သာမယ် ၃ယောက်ဆို ပိုလို့တောင် သက်သာသွားပါမယ်။

✍️အဲ့လောက်ပျက်မရဘူး အဓိကမြို့တွေလောက်ပဲ သွားမယ်။ အိုကေ May 1-6 သွားပါ ၂ရက်ပဲပျက်ရပါမယ်။ တဦးကို ဝမ်၁၀သိန်းတောင်မကျပါဘူး။

✍️ကျွန်တော်တော့ အဖော်မရှိဘူးမင်မင်ရေ။ ရပါတယ် တဦးတည်းသွားလည်း ပြသနာမရှိပါဘူး။ ဟိုဘက်မှာ မင်မင့်ကားတွေက သေချာပို့ပေးမှာပါ။ ဘာသာစကားအခက်ခဲကြောက်စရာကိုမလိုပါဘူး ခြေဟန်လက်ဟန်နဲ့ပြီးပါတယ်။

ယခုဖေါ်ပြပါ ကုန်ကျစရိတ်များကတော့ ယခု Jan အတွင်း ဘိုကင်တင်မှရမှာပါ။ နောက်လဆိုရင်တော့ အပြောင်းလဲရှိရင် ထပ်ပြီး update တင်ပေးပါ့မယ်။

မင်မင့်ဆီမှ စီစဉ်ပေးမှုများသည် အပြေးအလွှား အိုးနင်းခွက်နင်း မတန်မရာမျိုးလုံးဝ မဟုတ်ပါ။ အဆင့်မြင့်မြင့် အေးအေးဆေးဆေးသာ private သွားလာ လည်ပတ်နိုင်မှာကိုတော့ ယုံကြည်လိုက်ပါ။

ကဲဒါဆို တွေးမနေနဲ့တော့ အခုပဲ လုပ်လိုက်တော့🫰

ဒါကတော့ ဒီနေ့ Danang ဘက် ရောက်နေတဲ့ အကိုတို့ စုံတွဲလေးပါ။ မင်မင့်ဆီမှာအပ်တဲ့အခါ တရက်ချင်းစီကို မေ့မှာဆိုးလို့ အမြဲဂရုစို...
14/01/2024

ဒါကတော့ ဒီနေ့ Danang ဘက် ရောက်နေတဲ့ အကိုတို့ စုံတွဲလေးပါ။ မင်မင့်ဆီမှာအပ်တဲ့အခါ တရက်ချင်းစီကို မေ့မှာဆိုးလို့ အမြဲဂရုစိုက်ပေးမှာပါ။

Vietnam ဆိုရင် AP Hein ကိုသာသတိရပါ။

Address

Cheowl Eup, Sansu Ro, 440 Bun Gil, 25
Gwangju
12927

Opening Hours

Monday 21:00 - 00:00
Tuesday 21:00 - 00:00
Wednesday 17:00 - 12:00
Thursday 21:00 - 00:00
Friday 21:00 - 00:00
Saturday 09:00 - 00:00
Sunday 09:00 - 00:00

Telephone

+821076762455

Alerts

Be the first to know and let us send you an email when AP Hein Travel Itinerary & Planning Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AP Hein Travel Itinerary & Planning Services:

Share

Category


Other Travel Services in Gwangju

Show All