Bagan Memories - ပုဂံရောက်အမှတ်တရများ

  • Home
  • Myanmar
  • Bagan
  • Bagan Memories - ပုဂံရောက်အမှတ်တရများ

Bagan Memories - ပုဂံရောက်အမှတ်တရများ လှလှပပအမှတ်တရလေးတွေအတွက် Bagan Memories ကိုဆ
(1)

မင်းရှိတဲ့ ဒီမြို့ငယ်လေးကိုမလွမ်းဘဲ ရှိပါ့မလား "ခင်ဦးငယ်"ရယ်....😍
06/03/2023

မင်းရှိတဲ့ ဒီမြို့ငယ်လေးကို

မလွမ်းဘဲ ရှိပါ့မလား "ခင်ဦးငယ်"ရယ်....😍

ပုဂံအရှေ့မှာတုရင်းတောင်အနောက်မှာ ဧရာဝတီမြစ်နဲ့တန့်ကြည်တောင်ကြားမှာ ပုဂံလွင်ပြင်ကျယ်ကြီးရှိတယ်။ဧရာဝတီမြစ်ကြီးကလည်း ဒီပုဂံ...
12/10/2021

ပုဂံ

အရှေ့မှာတုရင်းတောင်
အနောက်မှာ ဧရာဝတီမြစ်နဲ့တန့်ကြည်တောင်ကြားမှာ ပုဂံလွင်ပြင်ကျယ်ကြီးရှိတယ်။ဧရာဝတီမြစ်ကြီးကလည်း ဒီပုဂံဒေသမှာကောက်ကွေ့စီးဆင်းတယ်။
ဒီ လွင်ပြင်ကြီးဟာ တခြားသောလွင်ပြင်တွေနဲ့မတူတာက လွင်ပြင်အနှံ့မှာ ဘုရားပုထိုး ဂူ ကျောင်း စေတီတွေပြည့်နှက်နေတာပါပဲ။ ဒီဘုရားပုထိုး ဂူ ကျောင်း စေတီတွေမှာ အဖိုးထိုက်တန်တဲ့ ရှေးလက်ရာအမွေအနှစ်တွေရှိတယ်။နံရံပန်းချီတွေရှိတယ်။ အနုသုခုမလက်ရာတွေရှိတယ်။ ဒါ့အပြင်ကြေးခေတ်ကနေ မျက်မှောက်ထိ စဥ်ဆက်မပြတ်လူနေထိုင်တဲ့ အထောက်အထားတွေရှိတယ်။

ဒီလွင်ပြင်ကြီးအကြောင်းပြောရင် နှစ်မျိုးခွဲပြောရတယ်။ အစောပိုင်းခေတ်နဲ့ နှောင်းပိုင်းခေတ်။
အစဥ်အလာအရ ပုဂံကို သမုဒ္ဒရါဇ်မင်းလက်ထက်အေဒီ ၁၀၇ ကစတယ်လို့ရှေးမြန်မာရာဇဝင်တွေမှာ ဆိုထားပါတယ်။ အေဒီ၁၀၇ မှာ သမုဒ္ဒရါဇ်မင်းကပျူ၁၉ရွာကိုစုစည်းပြီး ပုဂံကိုစတင်တည်ထောင် ပါတယ်။ ၎င်းပျူ၁၉ရွာမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ညောင်ဦး
နဂါးဘို
နဂါးကြစ်
မန််ကျည်းကြည်
တူးတည် (စကယ်)
ကျောက်စကား
ကုတ်ကဲသိမ်
ညောင်ဝန်း
အနုရာဓ (မြင်းကပါ)
တန်းဆောင်းကွန်း
ရွာမုန်း
ကြင်လို
ကုက်ကို
တောင်ပ
မြေခဲတွင်း
သရက်ရ
အုံးများ
ယုံလွှတ်(ယုန်လွှတ်ကျွန်း)
ရွာစိုက် တို့ပါပဲ။ ဒီထဲမှာ ညောင်ဦးအမည်ကလက်ရှိအထိခေါ်တွင်နေပါတယ်။

သမုဒ္ဒရါဇ်မင်းဟာ ယုန်လွှတ်ကျွန်းမှာ နန်းတော်တည်ကာစိုးစံပါတယ်။ ၎င်းယုန်လွှတ်ကျွန်းနန်းတော်ရာနေရာဟာ ညောင်ဦးကျောက်ပန်းတောင်းလမ်းအနီး မိုင်တိုင် ၂၂မိုင် ၂ဖာလုံ ကားလမ်းမြောက်ဘက် မိုင်ဝက်ခန့်အကွာမှာရှိပါတယ်။အလားတူ ပုဂံတောင်ဘက်မြို့သစ်အနီးမှာ ကျောက်စကားမြို့တည်ထောင်ခဲ့ပါသေးတယ်။၎င်းကျောက်စကားမြို့ကို ကျောက်မြို့ရိုးနဲ့ပတ်လည်ကာရံထားကြောင်းဆိုပါတယ်။
ယုန်လွှတ်ကျွန်း မှာ အေဒီ ၁၀၇ မှ ၃၃၄ အထိ ၂၂၇ နှစ် စိုးစံကြပါတယ်။

၎င်းနောက် သေဥ်လည်ကြောင်မင်း လက်ထက်မှာ သီရိပစ္စယာ (ယခု ပုဂံမြို့သစ်နဲ့ လောကနန္ဒာအနီးတဝိုက်)ကို နန်းတော်ပြောင်းရွှေ့စိုးစံခဲ့ပါတယ်။သီရိပစ္စယာမှာ အေဒီ ၃၃၄ မှ ၅၁၆ အထိ ၁၈၂ နှစ် ကြာရှည်ခဲ့ပါတယ်။

ဒီနောက်သိုက်တိုင်မင်းလက်ထက် မှာ တတိယပုဂံကိုယခုဖွားစောရပ် (ယခင် သစ်မထီးရပ်) ကိုပြောင်းရွှေ့ပြီး တမ္ပဝတီနန်းတော်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ တမ္ပဝတီမှာတော့ အေဒီ ၅၁၆ မှ ၈၄၉ အထိ ၃၃၃နှစ် ကြာရှည်ခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ယခုပုဂံမြို့ဟောင်းနေရာကိုတော့ ပျဥ်ပြားမင်းလက်ထက်မှာပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအချိန်ကစလို့ ပုဂံမြို့ကို ဒီနေရာမှာပဲ ထားရှိပါတော့တယ်။ ဒီနေရာမှာ ပုဂံမြို့တည်ထားပေမယ့် နန်းတော်ကိုတော့ နေရာပြောင်းရွှေ့ကြပါသေးတယ်။ ကွင်းဆော်ကြောင်ဖြူမင်းရဲ့နန်းတော်နေရာကို ယခုအတွင်းစည်းခုံနေရာလို့ပြောကြပြီး အနော်ရထာမင်းရဲ့နန်းတော်နေရာကိုတော့ ယခုနန်းတော်ရာတူးဖော်ရေးနေရာ ကျန်စစ်သားမင်းနန်းတော်ရာကိုတော့ အနော်ရထာမင်းနန်းတော်ရာအနီးလို့ သတ်မှတ်ထားကြပါတယ်။၎င်းအပြင် နရပတိစည်သူလက်ထက်မှာလည်းနန်းတော်သစ်တည်ဆောက်ကြောင်းယူဆကြပါတယ်။ ဒီမြို့ဟောင်းကတော့ အေဒီ၈၄၉ ကနေ ၁၃၆၉ထိ နှစ်ပေါင်း ၅၂၀ မြို့သက်တာရှည်ခဲ့ပါတယ်။

မြို့နေရာ ၄နေရာပြောင်းခဲ့တဲ့ ပုဂံမှာ မင်းဆက် ၅၅ဆက် စိုးစံခဲ့ပါတယ်။ ဒီမင်းတွေကတော့

1.သမုဒ္ဒရာဇ်မင်း
2.ရသေ့ကြောင်မင်း
3.ပျူစောထီးမင်း
4.ထီးမင်ယဥ်၊
5.ယဥ်မင်းပိုက်၊
6.ပိုက်သေဥ်လည်
7.သေဥ်လည်ကြောင်မင်း
8.ကြောင်တူရစ်၊
9.သည်းထန်မင်း၊
10.သူရဲမင်း
11.သရမွန်ဖျား၊
12.သိုက်တိုင်မင်း
13.သေဥ်လည်ကြောင်ငယ်မင်း၊
14.သေဥ်လည်ပိုက်၊
15.ခန်းလောင်၊
16.ခန်းလတ်မင်း၊
17.ထွန်တိုက်မင်း၊
18.ထွန်ပစ်မင်း၊
19.ထွန်ချစ်မင်း၊
20.ပုပ္ပါးစောရဟန်းမင်း
21.ရွှေအုန်းသီးမင်း၊
22.ပိတ်သုံမင်း၊
23.ပိတ်တောင်းမင်း၊
24.မင်းခွေးမင်း၊
25.မြင်းကျွေးမင်း
26.သိင်္ဃမင်း၊
27.သိန်းခွန်မင်း၊
28.ရွှေလောင်းမင်း၊
29.ထွန်ထွင်းမင်း၊
30.ရွှေမှောက်မင်း၊
31.ထွန်လွှတ်မင်း၊
32.စောခင်နှစ်၊
33.ခဲလူးမင်း
34.ပျဥ်ပြားမင်း
35.တန်နက်မင်း
36.စလေငခွေးမင်း
37.သိန်းခိုမင်း
38.ညောင်ဦးစောရဟန်းမင်း(တောင်သူကြီးမင်း)
39.ကွင်းဆော်ကျောင်းဖြူမင်း (ကြောင်ဖြူ)
40.ကျည်စိုးမင်း
41.စုက္ကတေးမင်း
42.အနော်ရထာမင်း
43.စောလူးမင်း
44.ကျန်စစ်သား
45.အလောင်းစည်သူ
46.နရသူ
47.နရပတိစည်သူ
48.နားတောင်းများမင်း
49.နရသိင်္ဃဥဇနာ
50.ကျစွာ
51.ဥဇနာမင်း
52.နရသီဟပတေ့
53.ကျော်စွာမင်း
54.စောနစ်မင်း
55.စောမွန်နစ်မင်း

ဒီမင်းတွေထဲကတည်ထားတဲ့ နာမည်ကြီး ဘုရားပုထိုးများကတော့
အနော်ရထာမင်း
ရွှေစည်းခုံ၊တန့်ကြည်တောင်၊တုရင်တောင်၊လောကနန္ဒာ၊ရွှေဆံတော်၊မြင်းကပါဘုရား

စောလူးမင်း
ကျောက်စကားကြီးဘုရား၊ ပုထိုးသားများ၊ အင်းဘုရား

ကျန်စစ်သား
အာနန္ဒာ၊မျက်တော်ပြေ၊အတွင်းစည်းခုံ၊ မင်းအိုချမ်းသာ၊ နဂါးရုံ၊ အပယ်ရတနာ၊အလိုတော်ပြည့်

အလောင်းစည်သူ
သဗ္ဗညု၊ရွှေဂူကြီး

နရသူ
ဓမ္မရံကြီး

နရပတိစည်သူ
စူဠာမဏိ၊ဓမ်မရာဇိက

နားတောင်းများမင်း
ထီးလိုမင်းလို ၊ကန်တော့ပလ္လင်၊မဟာဗောဓိ၊စေတနာကြီး

ကျစွာ
ပြသာဒ်ကြီး

နရသီဟပတေ့
တရုတ်ပြေးဘုရား၊မင်္ဂလာစေတီ

ကိုးကွယ်ယုံကြည်မှု
ပုဂံခေတ်ကိုးကွယ်ယုံကြည်မှုကို ခေတ်ဦး၊စဝ်ကူးမဝ်ကူးနဲ့ ခေတ်နှောင်းလို့ ခွဲခြားရမှာပါ။
ခေတ်ဦးပိုင်းကိုးကွယ်မှုအနေနဲ့ပုဂံမှာ ဘာသာစုံရောပြွမ်းနေပြီး ထေရဝါဒ၊မဟာယာန၊ ဗြဟ္မဏ၊တန္ဒြ၊နတ်၊နဂါး၊အရည်းကြီးကိုးကွယ်မှုများရှိခဲ့တယ်ဆိုပါတယ်။ စဝ်ကူးမဝ်ကူးကာလကတော့ အနော်ရထာမင်းလက်ထက်ကာလဖြစ်ပြီး ရှင်အရဟံနဲ့တွေ့ဆုံပြီးနောက်မှာ အနော်ရထာဟာ ထေရဝါဒကိုအလေးပေးကိုးကွယ်သလို မူလရှိရင်းစွဲဘါသာတွေလည်းအနည်းအကျဥ်းဆက်လက်ကိုးကွယ်လျက်ရှိကြဆဲပါ။ ဒီအခြေအနေက ကျန်စစ်သားလက်ထက်အစောပိုင်းအထိရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ ဗုဒ္ဓဘါသာကိုသာ အထူးအလေးပေးကိုးကွယ်ပြီး ထေရဝါဒက ပိုမိုအားကောင်းလာပါတော့တယ်။

ပုဂံခေတ်လူမှုရေး
ပုဂံခေတ်မှာ ဘုရင်၊မင်းမှုထမ်း၊သူဌေးသူကြွယ်၊ကုန်သည် နဲ့ ကျေးကျွန်များဆိုပြီး လူတန်းစားတွေ့ရပါတယ်။ ဒီထဲမှာ ဘုရင်က အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတော်မှာအမြင့်ဆုံးဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပုဂံခေတ်ကျေးကျွန်များကို အမှုထမ်းကျွန်နဲ့ ဘုရားကျွန်တို့ဖြစ်ပါတယ်။ အမှုထမ်းကျွန်များကတော့ မိမိတို့သက်ဆိုင်ရာသခင်များရဲ့အမှုတော်ကိုထမ်းရပြီး သတ်မှတ်တဲ့ငွေကြေးပြည့်မီပါက လွတ်မြောက်ခွင့်ရှိပါတယ်။ ဘုရားကျွန်များကတော့ ဘုရားတည်ထားသူများ ၎င်းတို့ဘုရားရေရှည်တည်တံ့စေဖို့ထိန်းသိမ်းရန်အတွက်ရည်ရွယ်ထားရှိခြင်းဖြစ်ပါတယ်။ တချို့သောအမတ်များကိုယ်တိုင်မိမိကိုယ်ကို ဘုရားကျွန်အဖြစ်လှူဒါန်းကြတာမျိုးလည်းရှိပါတယ်။

ပုဂံခေတ်စီးပွားရေး
သူဌေးသူကြွယ်များရှိ လယ်မြေခြံ ကျွဲ နွား ထန်း ကွမ်းသီး ဥယျာဥ် ခြံမြေတို့ပိုင်
ကုန်သည်များ က ပျားရည် ချိတ် နွားနို့ ကွမ်းသီး ဆန်စပါး စားသောက်သီးနှံ တို့ရှိ။
သစ် နွား ကျွန် မြေ တို့ကိုပါရောင်းဝယ်ဖောက်ကား
ဘုရားပုထိုးများတည်ထားလေ့ရှိတာကြောင့် ပန်းချီ ပန်းပု ပန်းထိမ် ပန်းပွတ် ပန်းတော့ ပန်းတမော့ ပန်းတဥ်း ပန်းရန် ပန်းယွန်း ပေစါ ကျောက်စာရေးထိုးသူ များလည်းရှိ။
တခြားသော ခဝါသည်၊အုတ်ဖုတ်၊တည်ဆောက်ရေး၊မြေတူး သစ်ခုတ် ကာယလုပ်သားများလည်းရှိ။
ပုဂံခေတ်မှာ
နွားနို့တစ်ပိသာ ၁ ကျပ်
နွားတစ်ကောင်ဈေး ၄ ကျပ်
ဆင်တစ်ကောင် ၁၀၀ကျပ်
လယ်ပယ်ငါးဆယ် ၁၀၀ကျပ်
ရွှေတစ်ကျပ်သား ၁၀ကျပ်
ပျားရည်တစ်ပိသာ ၁ကျပ်၂၅ပြား
စပါး ဆန် တစ်တင်း ပြား၅၀
ကွမ်းသီးတစ်တောင်း ၇၅ပြား ရှိ

ကိုးကား
သမိုင်းကပြောသောပုဂံ ပုဂံကပြောသောသမိုင်း - ဒေါက်တာသက်လွင်
ပုဂံနန်းတော် - မောင်ကြည်ပန်း (မြင်းကပါ)
ပုဂံဘုရားပုဂံသား ပုဂံစကား - မခင်နု(ဒဿန)
ပုဂံခေတ်မြင်ကွင်းကျယ် - လှသမိန်

ပုဂံအကြောင်းသိကောင်းစရာများ

#ပညာ့အလင်းရောင် ဆင့်ပွားကူးညှိခြင်းသာ
ဖြစ်ပါတယ်ခင်ဗျ
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူကို လေစားစွာ crd ပေးပါတယ်ဗျ

04/06/2021

Silent Bagan 😧

ခင်ဗျားတို့ချစ်တဲ့....."ပုဂံအညာက  ဝသန်ကာလ"ခုချိန်ဆို တိမ်လိပ်တိမ်ခဲတွေနဲ့ ကောင်းကင်ပြာကြီးအရမ်းတွေလှနေပီလေ....😍 #အရေးတော...
07/05/2021

ခင်ဗျားတို့ချစ်တဲ့....."ပုဂံအညာက ဝသန်ကာလ"

ခုချိန်ဆို တိမ်လိပ်တိမ်ခဲတွေနဲ့ ကောင်းကင်ပြာကြီး

အရမ်းတွေလှနေပီလေ....😍

#အရေးတော်ပုံအောင်ရမည်

ပုဂံဘုရားတွေ ပြန်ဖွင့်တော့မာဆိုတော့Sweet Couple လေးတွေလည်း ro လို့ရပီနော် 😍😍☎09441378659 #ပုံဟောင်းလေးတွေ
28/11/2020

ပုဂံဘုရားတွေ ပြန်ဖွင့်တော့မာဆိုတော့

Sweet Couple လေးတွေလည်း ro လို့ရပီနော် 😍😍

☎09441378659

#ပုံဟောင်းလေးတွေ

 #ပုဂံဘုရားတွေပြန်ဖွင့်ပါပီပုဂံမ ပုဂံ သွားချင်ပါတယ်ဆိုသူများအတွက်သတင်းကောင်းလေးပါနော်....😍😍😍ပုဂံရဲ့တန်ခိုးကြီး အထင်ကရဘုရ...
26/11/2020

#ပုဂံဘုရားတွေပြန်ဖွင့်ပါပီ

ပုဂံမ ပုဂံ သွားချင်ပါတယ်ဆိုသူများအတွက်သတင်းကောင်းလေးပါနော်....😍😍😍

ပုဂံရဲ့တန်ခိုးကြီး အထင်ကရဘုရား၉၉ဆူ အပါအဝင်
ပုပ္ပါး‌တောင် ထန်းတဲများ ယျောင်ပေစူးလေးတို့ရဲ့စက်စက်ယိုကျေးရွာ နှစ်တစ်ထောင်ခန့်ရှိ မကျည်းကိုးခွ အင်ကြင်းတော အစရှိတဲ့ ပုဂံဒေသတစ်ဝိုက်က လည်ပတ်စရာနေရာများကို December 5 ရက်နေ့မှစတင်၍ပြန်လည်ဖွင့်လှစ်ပေး​တော့မယ်လို့ ကနဦး ကြားသိရပါတယ်ဗျ🙏🙏🙏

ဟိုတယ် တည်းခိုခန်းတွေနဲ့ စားသောက်ဆိုင်များ အမှတ်တရပစ္စည်းဆိုင်များကိုလည်း Covid-19 ကာကွယ်ထိန်းချုပ်မှုနဲ့အတူ ကျန်းမာ‌ရေးနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်ဗျ🤗🤗🤗

Balloons ကုမ္မဏီများမှလဲ ဒီလကုန်မှာ သာမန်စျေးနှုန်းထက် 66% ကျော် Discount ပေးပြီး စျေးသက်သက် ပျံသန်း‌ပေးမယ်လို့လည်းသိရပါတယ်ဗျ...😘😘😘

နောက်ထပ် ကြားသိရတဲ့ Updated Information များကိုလဲ အချိန်နဲ့တပြေးညီ တင်ပြပေးသွားပါအုံးမယ်နော်...😍😍😍

☎09441378659

📸📸

ချစ်သော.....အရိမဒ္ဒန၏"တိတ်ဆိတ်နေဆဲ နေ့စွဲများ" 💔💔
17/11/2020

ချစ်သော.....အရိမဒ္ဒန၏

"တိတ်ဆိတ်နေဆဲ နေ့စွဲများ" 💔💔

တိတ်ဆိတ်စွာ အထီးကျန်နေဆဲဖြစ်သောတမ္ပဒီပ (သို့) အရိမဒ္ဒနပူရ.......😞
10/11/2020

တိတ်ဆိတ်စွာ အထီးကျန်နေဆဲဖြစ်သော

တမ္ပဒီပ (သို့) အရိမဒ္ဒနပူရ.......😞

ဖြစ်ဖူးလား......?အလွမ်းဇတ်လမ်းတွေမရှိဖူးခဲ့ရင်တောင်ပုဂံကိုရောက်တာနဲ့  အလိုလိုလွမ်းလာတာမျိုး....😁☎09441378659
04/11/2020

ဖြစ်ဖူးလား......?

အလွမ်းဇတ်လမ်းတွေမရှိဖူးခဲ့ရင်တောင်

ပုဂံကိုရောက်တာနဲ့ အလိုလိုလွမ်းလာတာမျိုး....😁

☎09441378659

မိမိတို့ရဲ့ယုံကြည်ရာကို ပုဂံဘုရားတွေနဲ့အတူ  ဖော်ပြလိုက်ပါ....😁☎09441378659
03/11/2020

မိမိတို့ရဲ့ယုံကြည်ရာကို

ပုဂံဘုရားတွေနဲ့အတူ ဖော်ပြလိုက်ပါ....😁

☎09441378659

ရှေးတုန်းက မန္တလာသူတွေက ညိုချောဆိုပေမယ့်ခုမန္တလာသူတွေကတော့  ဖြူချောလေးတွေပါ😁😁 ☎09441378659
01/11/2020

ရှေးတုန်းက မန္တလာသူတွေက ညိုချောဆိုပေမယ့်

ခုမန္တလာသူတွေကတော့ ဖြူချောလေးတွေပါ😁😁



☎09441378659

ခုလိုဆောင်းဦးရာသီဆိုရင်  .......Bolloons(မိုးပျံဘူဖောင်းတွေ) ပျံတက်လာတဲ့အချိန် စေတီပုထိုးတွေကြားထဲကနေ Sunrise (နေထွက်ချ...
28/10/2020

ခုလိုဆောင်းဦးရာသီဆိုရင် .......

Bolloons(မိုးပျံဘူဖောင်းတွေ) ပျံတက်လာတဲ့အချိန် စေတီပုထိုးတွေကြားထဲကနေ Sunrise (နေထွက်ချိန်)ကို တမိန်းတမောစောင့်ကြည့်ခဲ့ရတဲ့အချိန်တွေ လွမ်းတယ်....

Sunset​ (နေဝင်ဆည်းဆာချိန်)တွေမှာလည်း ရင်သပ်ရှု့မောဖွယ် လှပနေလေပြီ....

ခုလိုသာမဟုတ်ရင် ခုလိုအချိန်ဆို.....

ဧရာဝတီဘေးက ကျောက်မျက်မှော်ဘုရားလေးနဲ့အတူ
စူဋ္ဌာမဏိကုန်းနဲ့ အိုးထိန်းကုန်း ပီးတော့
မင်းနန်သူရွာကလေးကကုန်းပေါ်မှာ
ခြေချင်းထပ်လုအောင် ကြိတ်ကြိတ်တိုးနေလောက်ပီထင်....

သဘာဝထဲက သဘာဝနဲ့အတူ ပြိုင်ဘက်မရှိ တစ်ကိုယ်တည်း လှချင်တိုင်းလှနေသော
ငါတို့အားလုံးရဲ့ပုဂံလည်း အထီးကျန်တိတ်ဆိတ်နေတာတောင် အတော်ကြာခဲ့ပီ.....

လွမ်းတယ်....ပုဂံရယ်☹☹

#မနှစ်ကပုံလေးတေ

လွမ်းတက်သူတို့........                               လွမ်းစေသား..........😞
13/10/2020

လွမ်းတက်သူတို့........

လွမ်းစေသား..........😞

ဓမ္မရံကြီးဘုရားမှာ လူသိနည်းသေးတဲ့ အချက်တစ်ချက်ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ နေရောင်ခြည်ဘုရားဆင်းတုတော်အပါ် ထိုးကျလာအောင် လုပ်...
07/10/2020

ဓမ္မရံကြီးဘုရားမှာ လူသိနည်းသေးတဲ့ အချက်တစ်ချက်ရှိတယ်။

အဲ့ဒါဘာလဲဆိုတော့ နေရောင်ခြည်ဘုရားဆင်းတုတော်အပါ် ထိုးကျလာအောင် လုပ်ထားတဲ့ ‘ ရောင်တော်ဖွင့် အလင်းပေါက် ‘ တစ်ခု အရှေ့မုခ် ၊ တိုက်မကြီးအပေါ်မှာ လုပ်ထားတယ်။ ပုံကိုကြည့်။

အရှေ့မုခ်ဆိုတာကို သေချာပြောပြဖို့လိုလိမ့်မယ်။ လူတချို့က ပုဂံရောက်ရင် အရပ်လေးမျက်နှာ မခွဲတတ်ဖူးဖြစ်လေ့ရှိတယ်။

ဓမ္မရံကြီးဘုရားကို အခုလူတိုင်းဝင်နေတဲ့ စျေးဆိုင်တန်းတွေရှိတဲ့ အရပ်က မြောက်။ မြောက် မုခ်ပေါ့။

ထိုင်တော်မူရုပ်ပွါးဆင်းတုတော်ကြီးရှိတယ်။ ဆင်းတုတော်ကြီးနောက်မှာ အနီရောင်များတဲ့ နံရံဆေးရေးတွေရှိတယ်။ အဲ့ဒီတစ်ဆူတည်းသောရုပ်ပွါးဆင်းတုတော်ကြီးရှိရာ အရပ်က အရှေ့ အရပ်။ အရှေ့မုခ်ဖြစ်ပါတယ်။

ရောင်တော်ဖွင့် နေအလင်းပေါက်သေချာရဲ့လား၊ လေဝင်ပေါက်ရော မဖြစ်နိုင်ဘူးလားမေးစရာဖြစ်ပါတယ်။ နေထွက်ရာ အရှေ့အရပ်၊ အရှေ့မုခ်တစ်ခုတည်း မှာသာပါပြီး ကျန်တဲ့ အရပ် ၃ မျက်နှာပါ မပါပါဘူး။ ဒါကြောင့် ပြောတာ။

ဓမ္မရံကြီးဘုရားမှာ လူမမြင်အောင်၊ လူတွေ သတိမထားမိအောင် လုပ်ထားတဲ့ လေဝင်ပေါက် (ventilation whole ) တွေ အများကြီးရှိတယ်။ အဲ့ဒါ သပ်သပ်ရေးပါမယ်။

ဓမ္မရံကြီးအတွင်းထဲက ဘုရားရုပ်ပွါးဆင်းတုတော်ကြီး မျက်နှာတော်အပေါ်ကို နေရောင်ကျနေတဲ့ ဓာတ်ပုံမျိုး ရိုက်ဖူး၊ ရဖူးတဲ့ဓာတ်ဆြာတွေရှိရင်လည်း တစ်ခါတည်းမန့်ပေးခဲ့ကြပေါ့။ ကျနော်တော့ အဲ့လိုအခိုက်တန့်မျိုးမကြုံဖူးသေးဘူး။

အဲ့ဒီနေအလင်းပေါက်ဟာ ဒုတိယ မုခ်ယောင်ရဲ့ အတွင်းထဲ ၁၄ ပေလောက်မှာဖြစ်နေတယ်။ ပုဂံခေတ်ဗိသုကာ ပညာရှင်က နေလမ်းကြောင်းကို သေချာတွက်ချက်ပြီး ဖန်တီးခဲ့မှာ သေချာတယ်။

ဒါပေမယ့် အတွင်းထဲ ၁၄ ပေလောက်အထိဝင်ပီးမှ နေရောင်ကျမှာ ဖြစ်တဲ့အတွက် နေ့တိုင်း၊ လတိုင်း ၊ ရာသီတိုင်းမှာ နေရောင်ကျမယ် မဟုတ်ပါ။

ဘယ်လ၊ ဘယ်ရက် တွေရဲ့ ဘယ်အချိန်မှာ ရောင်တော်ဖွင့်နေရာင်ဟာ ရုပ်ပွါးဆင်းတုတော်ရဲ့ မျက်နှာတော်ဆီကျမလဲ ဆိုတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။



မူရင်းpost ပိုင်ရှင်အားလေးစားစွာ ပေးပါတယ်

30/09/2020

Wonderful Bagan😍

"ဓမ္မရာဇိကဘုရား"ဘွဲ့တော်(အမည်).....ဓမ္မရာဇ်ိကဘုရား ကုသိုလ်ရှင်..............နရပတိစည်သူမင်းကြီးအားလုံပဲမဂ်လာအပေါင်းနဲ့ပြည...
05/09/2020

"ဓမ္မရာဇိကဘုရား"

ဘွဲ့တော်(အမည်).....ဓမ္မရာဇ်ိကဘုရား
ကုသိုလ်ရှင်..............နရပတိစည်သူမင်းကြီး

အားလုံပဲမဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေနော်..
ဒီတစ်ခါမှာတော့ ပုဂံဘုရားတွေထဲက နောက်ထပ်ထူးခြားတဲ့ "ဓမ္မရာဇိကဘုရား" အကြောင်းလေးကို မင်မင်သိသလောက် ပြောပြပေးသွားမှာဖြစ်ပါတယ်....အားလုံးလည်းစိတ်ဝင်စားကြလိမ့်မယ်လို့မျော်လင့်ပါတယ်✍

🔷သမိုင်းအကျဥ်း🔷

နရသူ(ကုလားကျ)မင်းရဲ့ သား​တော်တွေထဲကတစ်ယောက်ဖြစ်ပီ ပုဂံသမိုင်းမှာ ဒုတိယစည်သူ(စည်သူ-၂)လို့နာမည်ကြီးတဲ့ နရပတိစည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ မုဒ်ငါးမုဒ်ပါဝင်တဲ့ ဓမ္မရာဇိကဘုရားကြီးကလည်း ပုဂံဘုရားတွေထဲက နောက်ထပ်ထူးခြားတဲ့ နာမည်ကြီးဘုရားတစ်ဆူဖြစ်ပါတယ်...

ကုသိုလ်ရှင်နရပတိစည်သူမင်းကြီးလက်ထက်မှာ ထေရဝါဒဗုဒ္ဓဘာသာဟာလည်း အတော်အရှိန်ရလာပီး မြန်မာမှုအနုပညာနဲ့ မြန်မာစာပေတို့ဟာလည်း အတော်ဖွံ့ဖြိုးနေပီဖြစ်ပါတယ်.ကျောက်စာများကိုပင် မြန်မာစာသက်သက်ဖြင့်ရေးထိုးကြသဖြင့် "မြန်မာစာ မြန်မာစကား"ကို ပီပီပြင်ပြင်အသုံးပြုသော ခေတ်ပြောင်းကာလလို့ ဆိုနိုင်ပါတယ်.
အဆို၊ အက၊ အတီး စတဲ့မြန်မာ့ဂီတကိုလည်း နရပတိစည်သူလက်ထက်တွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာခဲ့ပါတယ်.

"အနန္တသူရိရအမတ်ကြီး"ရေးသားခဲ့တဲ့

"သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာတာ ဓမ္မတာတည်း......."

အစချီတဲ့ မြန်မာ့စာပေမှာအစောဆုံးလက်ာကဗျာအမျိုးစားဖြစ်တဲ့ မျက်ဖြေလက်ာ က နရပတိစည်သူလက်ထက်မြန်မာစာတိုးတက်မှု့ကို ထင်ဟပ်စေပါတယ်.✍✍✍

အလောင်းစည်သူမင်းကြီးအတိုင်းပင် နရပတိစည်သူမင်းကြီးဟာလည်း ခရီးထွက်ခြင်းကို အတော်ဝါသနာပါပီး အမြဲမပြတ်တိုင်းခန်းလှည့်လည်လေ့ရှိပါတယ်.ဖောင်စကြ်ာရှင်ဟုအမည်တွင်ပီး ဖော်တော်ပြန်ရောက်လျှင် ဖောင်ဦးတိုင်ကိုဖြတ်ပီး ဗုဒ္ဓဆင်းတုတော်လေးများထုလုပ်စေပီး ဖောင်တော်ဦးဘုရားနဲ့ မုဋ္ဌောဘုရား အများအပြားကိုတည်ထားခဲ့သည်.

လက်ရှိ သမထီးအရပ်မှာတည်ထားခဲ့တဲ့ ဘုရားကြီးကိုလည်း "ဓမ္မရာဇိက"ဟုအမည်တွင်စေခဲ့ပါတယ်.ဓမ္မ=တရားသော ရာဇ=မင်း(ဘုရင်) ဟု ပါဋိမှ မြန်မာဘာသာသို့ပြန်ဆိုတဲ့အခါ "ဓမ္မရာဇ"ဟူသည် "တရားသောမင်းကြီး"ဟုအဓိပ္ပါယ်ရပါတယ်(တစ်ချို့ကလည်း ရာဇိက=ပုလ္လင် လို့ဆိုပါတယ်). အမှန်ပင် နရပတိစည်သူမင်းကြီးဟာလည်း ပုဂံမင်းဆက်တွေထဲမှာ တရားသောမင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်.

✅ဗိသုကာလက်ရာများ✅

ဉာဏ်တော် ၁၈၀ ပေခန့် ​မြင့်တဲ့
ဓမ္မရာဇိကဘုရားဟာ ပုဂံဒေသတွင် မုဒ်ငါးမုဒ်ပါဝင်တဲ့ စေတီ ၁၇ဆူအနက် အကြီးဆုံးဖြစ်ပါတယ်.ရွှေစည်းခုံဘုရား အရွယ်အစားရှိပီး ဗိသုကာလက်ရာမှာလည်း မြန်မာဆန်တဲ့စေတီအမျိုးအစားဖြစ်ပါတယ်.သို့သော်ထူးခြားသည်မှာ အောက်ခြေပန္နက်တော်မှာတော့ စတုရန်းပုံအစား ငါးမြှောင်ပဥ္စဂံပုံဖြစ်ပါတယ်.

စေတီတော်မှာ အာရုံခံငါးခုပါရှိပီး ဤဘဒ္ဒကမ္ဘာမှာပွင့်တော့မူပြီးဖြစ်တဲ့ ကကုသန်၊ကောဏာဂုံ၊ကဿဖ၊ ဂေါတမ အပြင် နောင်ပွင့်အပ်သော အရိမေတ္တယျမြတ်စွာဘုရားအတွက်ပါ ရည်စူး၍
ကြေးဆင်းတုငါးဆူပြုလုပ်ပီး မုဒ်ငါးမုဒ်မှာအသီးသီး ပူဇော်ခဲ့ပါတယ်.ဂူဘုရားတွေရဲ့အတွင်းပိုင်းမှာလည်း နံရံဆေးရေးပန်းချီများနဲ့ မှင်စာများ အကောင်းအတိုင်းကျန်ရှိနေသေးတဲ့အတွက် စိတ်ဝင်စားဖွယ်လေ့လာမှတ်သားလို့ရပါတယ် .ပစ္စယံသုံးဆင့်မှာ စီချယ်ပူဇော်ထားတဲ့ ၅၅၀ ဇတ်နိပါတ်သရုပ်ဖော် စဥ့်ကွက်လက်ရာတွေဟာလည်း ရှင်းလင်းထင်ရှာပီး ထူးခြားကောင်းမွန်လှပါတယ်.🙏🙏🙏

အဆုံးထိအောင်စိတ်ဝင်တစားဖတ်ပေးတဲ့ ချစ်မိတ်ဆွေများအားလုံး ကျေးဇူးပါနော်😁

ကိုမြင့်နိုင်ကြီးကလည်း(Covid-19) အတော်ကြောက်ဖို့ကောင်းတာမို့ .....
အတက်နိုင်ဆုံး(stay at home) အိမ်မာပဲနေကြပါနော်.....🙏
အပြင်ထွက်ရင် mask တပ်ပါ...🙏
မကြာမကြာလက်ဆေးပါ...🙏

အားလုံးပဲ ကပ်ရောဂါကြီးဘေးကနေ ကင်းဝေးကြပါစေနော်🙏🙏🙏

ပုဂံဘုရားပုံလေးတွေနဲ့ သမိုင်းကြောင်းလေးတွေကို အဆက်မပြတ်မြင်တွေ့ရစေဖို့ page ကို like; follow လုပ်ထားနော်😊

☎09441378659

ဉာဏ်တော် မှာက သဗ္ဗညု.....🙏🙏ဘွဲ့တော်(အမည်).....သဗ္ဗညုဘုရားကုသိုလ်ရှင်................အလောင်းစည်သူမင်းကြီးအားလုံပဲမဂ်လာအပေ...
01/09/2020

ဉာဏ်တော် မှာက သဗ္ဗညု.....🙏🙏

ဘွဲ့တော်(အမည်).....သဗ္ဗညုဘုရား
ကုသိုလ်ရှင်................အလောင်းစည်သူမင်းကြီး

အားလုံပဲမဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေနော်..
ဒီတစ်ခါမှာတော့ ပုဂံဘုရားတွေထဲက နောက်ထပ်ထူးခြားတဲ့ "သဗ္ဗညုဘုရား" အကြောင်းလေးကို မင်မင်သိသလောက် ပြောပြပေးသွားမှာဖြစ်ပါတယ်....အားလုံးလည်းစိတ်ဝင်စားကြလိမ့်မယ်လို့မျော်လင့်ပါတယ်ဗျ✍✍✍

🔷သမိုင်းအကျဥ်း🔷
ကျန်စစ်သားမင်းကြီးရဲ့ အရိုက်အရာကိုဆက်ခံခဲ့တဲ့ ပုဂံသမိုင်းမှာ "ပထမစည်သူ"လို့ ထင်ရှားပီး လက်ညိုးညွှန်ရာ ရေ ဖြစ်ခဲ့တဲ့ ဘုန်းတန်ခိုးရှင် အလောင်းစည်သူမင်းကြီး တည်ထားကိုယ်းကွယ်ခဲ့ပီး ဉာဏ်တော်အမြင့် ၂၀၁ ပေထိရှိတဲ့ သဗ္ဗညုဘုရားကြီးဟာ ပုဂံဘုရားတွေအားလုံးထဲမှာ အမြင့်ဆုံးဖြစ်တာကြောင့် "ဉာဏ်တော် မှာက သဗ္ဗညု" ဟူ၍ ထင်ရှားခြင်းဖြစ်ပါတယ်...

အနော်ရထာ နဲ့ ကျန်စစ်သားတို့ တည်ထောင်ခဲ့ကြတဲ့ ပထမမြန်မာနိုင်ငံတော်ကြီး နဲ့အတူ ထေရဝါရဗုဒ္ဒဘာသာဟာလည်း အလောင်းစည်သူမင်းကြီးလက်ထက်မှာ ပိုမိုအရှိန်ရလာခဲ့ပါတယ်..
ထိုမင်းသုံးပါးရဲ့ကျေးဇူးကြောင့် မိုးသောက်လယ်များမှ ဆည်ရေသောက်လည်များ ဖြစ်လားပီး တိုင်းပြည်စီးပွားတိုးတက်လာကာ နေပြည်တော်ပုဂံမြို့ကြီးဟာလည်း ပိုမိုစည်ကားတိုးတက်လာခဲ့ပါတယ်..
ဗုဒ္ဓဘာသာထွန်းကားမှု့နဲ့အတူ ရဟန်းသံဃာအရေအတွက် ပိုမိုများပြားလာခဲ့ပါတယ်.သီဟိုဠ်မှရဟန်းသံဃာများကြွရောက်လာတဲ့အခါ နဲ့ ပိဋိကပ်တော်များလည်း ပိုမိုပြည့်စုံလာခဲ့ပီး ပရိယတ္တိစာသင်တိုက်များဖွင့်ဖို့လိုအပ်လာတဲ့အခါ သဗ္ဗညုဘုရားကြီးကိုတည်ခဲ့ပါတယ်.

'သဗ္ဗညု' ဆိုတဲ့ဝေါဟာရကို ပုဂံကျောက်စာတွေမှာ 'နှံ့စပ်သိမြင်သော'ဟု ဘာသာပြန်ဆိုရေးသားလေ့ရှိသဖြင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလုံးစုံသိမြင်သောဉာဏ်တော့အနန္ဒကိုရည်းစူး၍ "သဗ္ဗညု ဘုရား"ဟု အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်...တဖန်....မြတ်စွာဘုရားသက်တော်ထင်ရှားရှိခဲ့စဥ်အခါက သီတင်းသုံးခဲ့တဲ့ သာဝတ္ထိပြည်အရှေ့မျက်နှာရှိ ဝိသာခါကျောင်းအမကြီးလှူဒန်းခဲ့တဲ့ ပုပ္ဗာရုံကျောင်းတော်ကြီးသဏ္ဍန် ရည်စူးပီးတည်ထားခဲ့တယ်လို့လည်း သမိုင်းတွေမှာဆိုခဲ့ပါတယ်....

✅ဗိသုကာလက်ရာများ✅

အလောင်းစည်သူမင်းကြီးလက်ထက်မှာ ပုဂံဟာ စာပေ ဗိသုကာ နဲ့ အနုပညာတို့ တစ်ဆင့်မြင့်လာတယ်လို့ဆိုလို့ရပါတယ်...
သာသနိကအဆောက်အဦးတွေကိုလည်း ရှေးကလို အမှောင်ကြီးတွေမတည်တော့ဘဲ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းအောင်ဆောက်လုပ်ခဲ့ပါတယ်...
ဘုရားတည်ဆောက်ပုံမှာလည်းအာနန္ဒာနဲ့ကဲ့သို့ အာရုံခံလေးဘက် လေးမျက်နာမပါရှိဘဲ အရှေ့ဘက်မျက်နာတွင်သာ အာရုံခံပါရှိပါတယ်...
​အောက်ခြေ ဖိနပ်တော်မှ ငှက်မြတ်နားတော်အထိ အဆင့်ငါးထပ်ပါရှိတဲ့ သဗ္ဗညုဘုရားကြီးမှာ

အောက်ဆုံးအထပ်ကို ဆရာတော်ကြီးသီတင်းသုံးရန်နှင့် ဘုရားဖူးများကိုဧည့်ခံတွေ့ဆုံရန်..

ပထမအထပ်ကို စာသင်သားများ စာဝါချ၊စာအံရန်...

တတိယအထပ်တွင် ဗုဒ္ဓဆင်းတုတော်ကြီးကိုထားရှိပြီး ဘုရားဝတ်ပြန်ရန်...

စတုတ္ထအထပ်တွင် ပိဋိကပ်တော်များ ထားရှိရန်..

စသောရည်ရွက်ချက်များဖြင့် တည်ထားခဲ့သောကြောင့် သဗ္ဗညုဘုရားကြီးကို ဘုရားဝတ်ပြုရန်သက်သက်ချည်းမဟုတ်ဘဲ သံဃာတော်များ စာသင်၊စာချ ခဲ့တဲ့ ပရိယတ္တိစာသင်တိုက်ကြီးအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်...(ခန့်မှန်..ရဟန်းသံဃာပေါင်း ၃၀၀ လောက်စာသင်နိုင်ပါတယ်)..ဘုရားကြီးအတွင်း ရဟန်းသံဃာပေါင်းပြည့်နက်နေပီး စာသင် စာအံသံများလည်း ဆူညံနေပေမည်.🙏🙏

စာသင်သားရဟန်းတော်များ ဘုရားဝတ်ပြုချိန်၊ စာသင် စာအံချိန်၊ ဆွမ်းခံချိန် စသည်တို့ကို အချက်ပေးနိုင်ဖို့ ဘုရားကြီး၏အရှေ့ဘက်တွင် ကြေပိသာချိန်တစ်သောင်းခန့်ရှိသောခေါင်းလောင်းကြီးကိုလည်း အလောင်းစည်သူမင်းကြီးက လှူဒါန်းခဲ့ပါတယ်...ခေါင်းလောင်းကြီးကတော့ ယခုမရှိတော့ပါ ခေါင်းလောင်းကြီးချိတ်ဆွဲခဲ့သောတိုင်ကြီးနှစ်တိုင်ကိုတော့ အမြင့် ၁၀ ပေခန့်ရှိသော အုတ်ခုံကြီးပေါ်တွင် ယနေ့တိုင်တွေ့မြင်နိုင်ပါသည်..
(ခေါင်းလောင်းကြီးကို ရာဇဓိရာဇ်နှင့် မင်းခေါင်တို့စစ်ကြီးဖြစ်ခဲ့စဥ်က မသမာသူတို့က ထုခွဲဖျက်ဆီး ခိုးယူခဲ့ကြတယ်လို့လည်း မှတ်သားခဲ့ဖူးပါတယ်)✍✍✍

မြန်မာတို့ရဲ့နှလုံးသားထဲက အဖိုးထိုက်တဲ့(ဗိသုကာ၊စာပေ၊ယဥ်ကျေးမှု့နဲ့အနုပညာ စတဲ့)ရတနာများကို ဆက်လက်ရှာဖွေမှတ်သားကြဖို့အကြံပြုရင်း......🤗🤗🤗

ချစ်မိတ်ဆွေများအားလုံး ကျန်မာ ချမ်းသာ ရောဂါဘယကင်းဝေးကြပါစေ 🙏🙏🙏

☎09441378659

ထု မှာ ဓမ္မရံ....🙏🙏🙏ဘွဲ့တော်(အမည်).....ဓမ္မရံကြီးဘုရားကုသိုလ်ရှင်...............နရသူမင်း(ကုလားကျမင်း)အားလုံပဲမဂ်လာအပေါင်...
27/08/2020

ထု မှာ ဓမ္မရံ....🙏🙏🙏

ဘွဲ့တော်(အမည်).....ဓမ္မရံကြီးဘုရား
ကုသိုလ်ရှင်...............နရသူမင်း(ကုလားကျမင်း)

အားလုံပဲမဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေနော်..
ဒီတစ်ခါမှာတော့ ပုဂံဘုရားတွေထဲက နောက်ထပ်ထူးခြားတဲ့ "ဓမ္မရံကြီးဘုရား" အကြောင်းလေးကို မင်မင်သိသလောက် ပြောပြပေးသွားမှာဖြစ်ပါတယ်....အားလုံးလည်းစိတ်ဝင်စားကြလိမ့်မယ်လို့မျော်လင့်ပါတယ်✍✍✍

🔷 သမိုင်းအကျဥ်း🔷

အားလုံးသိထားကြတဲ့အတိုင်းပဲ ဓမ္မရံကြီးဘုရားကြီးဟာ ပုဂံမှာရှိတဲ့ဘုရားတွေထက်သာမက မြန်မာပြည်မှာရှိတဲ့ဘုရားတွေအားလုံးထက် ထုထည်အကြီးမားဆုံးဘုရားဖြစ်ပါတယ်...

ဓမ္မရံကြီးဘုရားသမိုင်းကိုပြောမယ်ဆိုရင် ကုသိုလ်ရှင်နရသူမင်းရဲ့ အကြောင်းကိုမဖြစ်မနေသိထားရမယ်နော်...

နရသူမင်းသည် ရက်စက်ယုတ်မာကြမ်းတမ်းသောမင်းအဖြစ် ပုဂံရာဇဝင်မှာ မှတ်တမ်းတင်ခံရသူဖြစ်ပါတယ်.အလောင်းစည်သူမင်းကြီးမှာ မင်းရှင်စောနဲ့ နရသူဟူ၍သားတော်နှစ်ပါးရှိသည့်အနက် အကို​ဖြစ်သူ မင်းရှင်စောသည်သာ အလောင်းစည်သူမင်းကြီးရဲ့ထီးနန်းရပ်ရာကို အမှန်တဂယ် ဆက်ခံစေရမည့်အိမ်ရှေ့စံမင်းသားဖြစ်သည်။ လက်ရုံးရည်နှလုံးရည်မပြည့်ဝသော နရသူမင်းသည်အရွယ်ရောက်သော် အသက်ရွယ်အားဖြင့်အိုမင်းရင့်ရော်နေပီဖြစ်သော ဖခင်အလောင်းစည်သူမင်းကြီးကို ရွှေဂူကြီးဘုရားအတွင်းသို့ခေါ်ဆောင်ပြီး ခေါင်းအုံးဖြင့်ဖိသတ်၍ အကိုဖြစ်သူမင်းရှင်စောကို ညစာစားပွဲတွင် ခေါင်းအုံးဖြင့် ဖိသတ်ခဲ့သည်။ ထိုမျှမက ဖခင်အလောင်းစည်သူမင်းကြီးထံဆက်သထားသော ပဋိက္ကရားမင်းသမီးလေးကို ထပ်မံမိဘုရားမြှောက်၍ပေါင်းသင်းရာ နရသူမင်းသည် ရေအိမ်(အိမ်သာ)သွားရာ သန့်သက်ရေမသုံး(လက်မဆေး)သောကြောင့် မင်းသမီးကရွံရှာသည် နရသူမင်းကို အကပ်မခံ၊ မပေါင်းသင်း သောကြောင့် ဒေါပွပြီး ပဋိက္ကရားမင်းသမီးလေးကိုလည်း သတ်ပစ်လိုက်သည်။ ထိုအကြောင်းကိုကြားသိသော ပဋိက္ကရားမင်းကြီးက သမီးတော်ကိုသတ်၍မကျေနပ်သဖြင့် သတ္တိရှိသော ပုဏ္ဏားရှစ်ယောက်ကိုစေလွှတ်၍ နရသူမင်းအား ခေါင်းဆေးမဂ်လာပြုမည်ဟု လိမ်လည်၍ ဝိုင်းသတ်ပလိုက်ကြပြန်သည်။ ထိအချိန်က ပဋိက္ကရားဆိုသည်မှာ သီဟိုဋ်ပြည်(ယခု သီရိလက်ာ)ကို ဆိုခြင်းဖြစ်သည်ဟုမှတ်သားရပါသည်။ထို့ကြောင့်နရသူမင်းကို ကုလားသတ်လို့သေသဖြင့် ကုလားကျမင်းဟု ခေါ်တွင်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖခင်၊အကိုနဲ့ မိဘုရားတို့ကိုသတ်ခဲ့သော အကောင်းမှု့ အကုသိုလ်ကို ဖြေဖျောက်စိမ့်သောငှာ ထုထည်ကြီးမားဆုံး ဓမ္မရံကြီးဘုရားကြီးကိုတည်၍ ကုသိုလ်ပြုခဲ့ခြင်းဖြစ်သည်...ဟုဆိုသည်။

နရသူမင်းသည် ဓားကိုင်ကိုယ်ရံတော်များမထားမိသဖြင့် သေဆုံးခဲ့ရ၍ သူတည်ထားခဲ့သောဘုရားကြီးကို "ဓား မရံ မှ ဓမ္မရံ"သို့ပြောင်းလဲ အမည်တွင်ခဲ့သည်....တစ်ဖန်...နရသူမင်းစည်းကပ်ကိုးကွယ်ခဲ့သော "ဓမ္မရံသီမထေရ်"ကို အစဲပြု၍ "ဓမ္မရံကြီး"ဟု ခေါ်တွင်စေခဲ့သည်ဟု၍လည်း မှတ်သားခဲ့ရပါသည်..✍✍✍

✅ဗိသုကာလက်ရာများ✅

"ထု....မှာ....ဓမ္မရံ" ဟုဆိုရလောက်အောင် အံသြစရာ ကြီးမားလွန်းသော ဓမ္မရံကြီးဘုရားကြီးဟာ ပုဂံမှာရှိတဲ့အခြားအခြားသော စေတီပုထိုးများထက် အုတ်စီလက်ရာ အ​သေသတ်ဆုံး အလှပဆုံး အကောင်းမွန်ဆုံး ဖြစ်ပါတယ်...အဲလိုကောင်းမွန်အောင်လည်း နရသူမင်းကဘုရားတည်နေစဥ်အတွင်း စနစ်တကျစောင့်ကြည့်စီစစ်ခဲ့တယ်လို့ဆိုပါတယ်(အုတ်တစ်ချပ်နဲ့တစ်ချပ်ကြား အပ်ထိုးဝင်ရင် အဲဒီနေရာမှာတာဝန်ကြတဲ့ပန်းရံဆရာတွေကို လက်ဖြတ်တယ် တစ်ခါတစ်ရံ သတ်ပစ်တယ်လို့တောင် ပါးစပ်ရာဇဝင်တွေအရကြားဖူးခဲ့ပါတယ်)..

ဓမ္မရံကြီးဘုရားကြီးဟာ အဝေးကကြည့်လျှင် ပိရမစ်အဆောက်အဦးကြီးနဲ့ဆင်တူပီး အနီရောက်လာရင် အုတ်ပုံကြီးနှင့် ဆင်တူသယောင် ခံစားရပါတယ်.ဘုရားကြီးရဲ့အောက်ခြေပန္နက်တော်ဟာ အာနန္ဒာဘုရားကြီးနဲ့ဆင်တူပီး ဘုရားအတွင်းမှာလည်းအာနန္ဒာဘုရားကဲ့သို့ ယခင်ကလှိုင်ပတ်လတ်လမ်းသုံးလမ်းရှိခဲ့သည့်အနက် အတွင်းဘက်ပထမဆုံးပတ်လမ်းကိုတော့ ဘုရားကြီးရဲ့ကြံ့ခိုင်မှု့ကြောင့် ပိတ်ထားခဲ့ပါတယ်.(တစ်ချို့က အတွင်းဆုံးလှိုင်ထဲမှာ နရသူရဲ့ရုပ်အလောင်းထည့်သွင်းခဲ့တယ်လို့ပြောကြသလို တစ်ချို့ကလည်း အဖိုးအနဂ္ဂထိုက်တဲ့ရွှေငွေရတနာများစွာရှိတယ်လို့ဆိုပါတယ်).😁

နောက်ထပ်ထူးခြားတာက နရသူမင်းနန်းတက်နှစ်ဟာ AD 1163-1165 ဖြစ်တဲ့အတွက် နန်းစံနှစ်သုံးနှစ်သာကြာခဲ့ပါတယ်...
"ထူးခြားတဲ့လူတွေဟာ ထူးခြားတဲ့အလုပ်ကိုလုပ်လေ့ရှိတယ်" ဆိုတဲ့အတိုင်း နန်းဆန်နှစ်သုံးနှစ်အတွင်းမှာ ခုလိုထုထည်ကြီးမားလွန်းတဲ့ဘုရားကြီးကိုတည်ထားကိုးကွယ်နိုင်ခဲ့တာဟာလည်း တစ်ဂယ်ကိုပြောစမတ်တွင်ရလောက်အောင်ပါ.

ကဲ....ကဲ....မည်သို့မည်မျှပင်ဆိုစေကာမူ

"ပုဂံဟာ...မြန်မာတို့ရဲ့နှလုံးသား"ဆိုရင်

"ဓမ္မရံကြီးဘုရားဟာလည်း မြန်မာတို့ရဲ့နှလုံးသား"ပါပဲ

"အာနန္ဒာဟာ ပုဂံရဲ့ပုံရိပ်လို့ဆိုရင် အဲဒီပုံရိပ်ကို ပိုမိုထင်ရှားစေတာ ဓမ္မရံကြီး ပါ"လို့ မင်မင့်အနေတဲ့ တင်စားပါရစေ....

ရွှေတိဂုံဘုရားကို ရန်ကုန်မြို့ရဲ့ဘယ်နေရာရောက်ရောက် လှမ်းမြင်နိုင်သလို....

ပုဂံဒေသရဲ့ဘယ်နေရာကနေပဲဖြစ်ဖြစ် ဓမ္မရံကြီးဘုရားကြီးကို ဖူးတွေ့နိုင်ပါတယ် ..

မြန်မာတို့ရဲ့နှလုံးသား ပုဂံကိုရောက်ဖြစ်ခဲ့ရင် "ထုမှာ ဓမ္မရံ"လို့ ထင်ရှားတဲ့ ဓမ္မရံကြီးဘုရားမှာလည်း ထူးခြားတဲ့ ရှေးဟောင်သမိုင်းဝင် အမွှေအနှစ်တွေကို ဆက်လက်လေ့လာမှတ်သားဖို့တိုက်တွန်းရင်း.....✍✍✍

☎09441378659

အနုလက်ရာ အာနန္ဒာ....🙏🙏ဘွဲ့တော်(အမည်)....အာနန္ဒာဘုရားကုသိုလ်ရှင်..............ကျန်စစ်သားမင်းကြီးကဲ....အားလုံးပဲမဂ်လာအပေါင...
25/08/2020

အနုလက်ရာ အာနန္ဒာ....🙏🙏

ဘွဲ့တော်(အမည်)....အာနန္ဒာဘုရား
ကုသိုလ်ရှင်..............ကျန်စစ်သားမင်းကြီး

ကဲ....အားလုံးပဲမဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေနော်...🙏🙏
ကိုမြင့်နိုင်ကြီး(covid 19)ကလည်း နောက်တစ်ကြိမ်ဝင်နှောက်ပြန်ပီဆိုတော့ ချစ်မိတ်ဆွေတို့အားလုံးလည်း နောက်ထပ်တစ်ကြိမ်အိမ်တွင်းအောင်းရအုံးမယ်ပေါ့😁😁
Stay home ကာလစာဖတ်ဝါသနာအိုးလေးတွေအတွက် ပုဂံဘုရားသမိုင်းကြောင်းလေးတွေကို လေ့လာမှတ်သားနိုင်စေဖို့ သိထားသမျှလေးတွေကို မင်မင်ကမျှဝေပေးချင်ပါတယ်....နော်

ပထမဦးဆုံးအနေနဲ့ ပုဂံရဲ့ပုံရိပ်လို့တင်စားခေါ်ဝေါ်ကြပီး "စေတီရံတစ်သောင်း မုဒ်ပေါင်းတစ်ထောင် လမ်းသုံးမြှောင်နဲ့" ထူးခြားတဲ့အနုပညာလက်ရာတွေစုံလင်တဲ့ အာနန္ဒာဘုရားကြီးအကြောင်း လေ့လာကြည့်ကြပါစို့...

အာနန္ဒာဘုရားကြီးကို ပုဂံခေတ် ကျန်စစ်သားမင်းကြီးက အေဒီ(1090)ခန့်ကတည်ထားကိုးကွယ်ခဲ့တာပါ...

🔷 သမိုင်းအကျည်း 🔷
ဒဏ္ဍာရီသမိုင်းတွေအဆိုအရ....ကျန်စစ်သားမင်းကြီးလက်ထက်မှာ ဟိမဝန္ဒာအရပ် ဂန္ဓာမာဒနတောင်ရှိ နန္ဒမူလလှိုင်ဂူမှာသတင်းသုံးတဲ့ ရဟန္တာရှစ်ပါးက ပုဂံနန်းတော်ရှေ့မှာ ဆွမ်းခံရပ်တဲ့အခါ ကျန်စစ်သားမင်းကြီးက လွန်စွာကြည်ညို၍ နန်းတော်သို့ပင့်ဆောင်ပီး ဝါဆိုကျောင်းဆောက်လုပ်လှူဒန်းကာ ဝါတွင်းသုံးလပတ်လုံးဆွမ်းအလုပ်ကျွေးပြုစေခဲ့သည်ဟုဆိုသည်.. ထို့နောက်ရဟန္ဒာတို့သတင်းသုံးခဲ့တဲ့ နန္ဒမူလလှိုင်ဂူကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပြရန် တောင်းပန်လျှောက်ထားပီးလျှင် ရဟန္ဒာတို့အကူအညီဖြင့် သက္ကရာဇ် ၄၅၂ခုနှစ်(အေဒီ 1090)ခန့်တွင် နန္ဒမူလလှိုင်ဂူသဏ္ဍန်ရှိသော အာနန္ဒာဘုရားကြီးကိုစတင်တည်ထားကိုးကွယ် ခဲ့သည်ဟုဆိုပါသည်....(ထို နန္ဒမူလလှိုင်ဂူအမည်မှ အာနန္ဒာဟုစကားရွှေ့လာသည်ဟုဆိုသည် တနည်း မြတ်စွာဘုရားရှင်၏ ဉာဏ်တော် ဂုဏ်တော် ကျေးဇူးတော် ပညာတော် အနန္ဒကိုရည်စူး၍ မူလအမည် အနန္ဒမှ အာနန္ဒာဟုအမည်တွင်ခြင်းဖြစ်သည်ဟုလည်းဆိုသည် တဖန် အာနန္ဒာဟူသည်ကား သက္ကတဘာသာဖြင့် အလွန်လှပသောဟု အဓိပ္ပါယ်ရသည် ဟူ၍လည်းမှတ်သားဖူးပါသည်)✍✍

အာနန္ဒာဘုရားကြီးကို ဆောက်လုပ်ရာမှာလည်း မင်းကြီးကမိမိရဲ့ကောင်းမှုကိုသာသနာ ၅၀၀၀ တည်တံ့စေရန် သိကြားမင်းညွန်ပြသောအရပ်၌ မြေကို အနက်သံတောင် ၆၀ ရေထွက်အောင်တူး၍ ရေမှသံတောင် ၃၀ တွင်နဂါးရစ်ကျောက်တို့ဖြင့် တည်ခင်းစေပီး ထိုကျောက်တို့၏အထက်တွင် ဋ္ဌာပနာတိုက်အဖြစ် သံတောင်၃၀ ရှိသောဥမင်ကိုဆောက်လုပ်ပြီး မြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်များနှင့်တကွ အဖိုးအတိုင်းမသိသောရွှေငွေ ရတနာ တို့ကိုထည့်သွင်းလှူဒန်း ခဲ့သည်ဟု လေ့လာမှတ်သားခဲ့ရပါသည်....✍✍✍

✅ဗိသုကာလက်ရာများ ✅
"စေတီရံတစ်သောင်း မုဒ်ပေါင်းတစ်ထောင် လမ်းသုံးမြှောင် နဲ့ လက်ရာစုံစွာအာနန္ဒာ''ဟူ၍ထင်ရှားတဲ့ အာနန္ဒာဘုရားကြီးဟာ ပုဂံဘုရားများအနက် အနုပညာနဲ့ဗိသုကာလက်ရာအမြောက်ဆုံးကြည်ညိုသတ်ပယ်ဖွယ်အကောင်းဆုံး ဘုရားဖြစ်ပါတယ်...🙏

"မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်"လို့အဆိုရှိသလို

"ပုဂံကိုရောက်ရင်လည်း အာနန္ဒာကိုရောက်ရမယ်"
"အာနန္ဒာကိုမရောက်ဘဲ ပုဂံကိုရောက်ခဲ့တယ်လို့ ပြော၍မရ"
ဟူ၍လည်းပြောစမတ်တွင်ကြပါတယ်....

"ပုဂံဟာမြန်မာရဲ့ ပုံရိပ်" ဆိုလျှင်...
"အာနန္ဒာဟာလည်း ပုဂံရဲ့ပုံရိပ်" လို့ဆိုလျှင်လည်း
မှားမည်မထင်ပါ...

ရှေးမြန်မာတို့ရဲ့ အံ့မခန်းတဲ့ ပန်းပဲ ပန်းရံ ပန်းပု ပန်းချီ.....စတဲ့ အတက်ပညာများကို တစ်နေရာထဲမှာတစ်စုတစ်စည်းထဲလေ့လာနိုင်သော အာနန္ဒာဘုရားကြီး၏အရပ်လေးမျက်နှာလုံးတွင် အာရုံခံများတည်ဆောက်ထားပြီး ဂန္ဓကုဋိတိုက်မကြီး၏အလယ်မဏ္ဍိုင်ကိုကျောကပ်၍ လေးဘက်လေးတန်တွင် ဤကမ္ဘာ၌ပွင့်တော်မူပြီးဖြစ်သော ဘုရားလေးဆူကိုရည်စူး၍ ၃၁ ပေခန့်မြင့်သော မတ်ရပ်ဗုဒ္ဓဆင်းတုများကို ထုလုပ်ပူဇော်ထားပါတယ်...

(၁)တောင်ဘက်...ကဿပဘုရား....ထင်းရှူးသား
(၂)အရှေ့ဘက်....ကောဏဂုံဘုရား...ကျွန်းသား
(၃)မြောက်ဘက်...ကက္ကုသန္ဓဘုရား...စကားသား
(၄)အနောက်ဘက်..ဂေါတမဘုရား...ပဥ္စလောဟာ
စသဖြင့် ထုလုပ်ပူ​ဇော်ခဲ့သည်ဟု မှတ်သားရပါသည်..✍✍✍

သစ်သားပန်းပု ရုပ်ပွားတော်များကိုကြည့်ခြင်းအားဖြင့် ရှေးမြန်မာတို့ရဲ့ ပုန်းပုအတက်ပညာ.

အတွင်းဘက်နံရံများ၏ မုဒ်ကပ်များရှိ ကျောက်စစ်ဘုရားများကိုကြည့်ခြင်းအားဖြင့် ရှေးမြန်မာတို့ရဲ့ ပန်းတမော့ပညာ...

နံရံပန်းချီများကိုကြည့်ခြင်းအားဖြင့် ပန်းချီပညာ
ဘုရားကြီး၏အတွင်ဘက်ရှိ ပြတင်းပေါက်များ၏ လေဝင်လေထွက်စနစ် သဘာဝအလင်းပေးစနစ်စတဲ့ အင်ဂျင်နီယာအတက်ပညာ...

ဘုရားကြီးတစ်ဆူလုံးကိုကြည့်ခြင်းအားဖြင့် အုတ်စီအုတ်နင်း ပန်းရံပညာနဲ့...စဥ့်ကွင်းများ၊.၅၅၀နိပါတ်တော်များ၊ ဗုဒ္ဓဝင်များနဲ့.....အခြားထူးခြားတဲ့ အနုဗိသုကာလက်ရာများကိုလည်း....အနန္ဒာဘုရားမှာလက်တွေကျကျစိတ်ကြိုက်လေ့လာဖို့ တိုက်တွန်းရင်.......😁

ချစ်မိတ်ဆွေများအားလုံး ကျန်းမာချမ်းသာပီး ရောဂါဘယကင်းဝေးကြပါစေ🙏🙏

Ps..အတွင်းဘက်ပုံလေးတွေကိုရိုက်ပြချင်ပေမယ့် ဘုရားကပိတ်ထားတော့ အပြင်ဘက်ကနေပဲ ရိုက်ခဲ့ရပါတယ်😁

☎09441378659

သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးတွေ......မြန်မာ့အငွေ့အသက်နဲ့ ထုံးတမ်းဓလေ့တွေ....လွှမ်းမိုးပြည့်နက်နေတဲ့ အားလုံးရဲ့......"ပ...
19/08/2020

သမိုင်းဝင်ရှေးဟောင်းစေတီပုထိုးတွေ......

မြန်မာ့အငွေ့အသက်နဲ့ ထုံးတမ်းဓလေ့တွေ....

လွှမ်းမိုးပြည့်နက်နေတဲ့ အားလုံးရဲ့......"ပုဂံ"





☎09441378659

ကော်ရီးနဲ့ ဂေါ်မယ်......Hello လိုက်ရုံပဲ.......😁😁😁☎09441378659
14/08/2020

ကော်ရီးနဲ့ ဂေါ်မယ်......

Hello လိုက်ရုံပဲ.......😁😁😁

☎09441378659

ပုဂံကနာမည်ကြီးဘုရားတွေထဲက တစ်ဆူဖြစ်တဲ့ဒီဘုရားရဲ့ ဘွဲ့တော်(နာမည်)ကိုသိလား....?😁
14/08/2020

ပုဂံကနာမည်ကြီးဘုရားတွေထဲက တစ်ဆူဖြစ်တဲ့

ဒီဘုရားရဲ့ ဘွဲ့တော်(နာမည်)ကို

သိလား....?😁

မိသားစုနဲ့ အမှတ်တရလေးတေ ဖန်တီချင်းလား👨‍👩‍👧‍👦👨‍👩‍👦‍👦ရတယ်နော်.......😍😍😍☎09441378659
12/08/2020

မိသားစုနဲ့ အမှတ်တရလေးတေ ဖန်တီချင်းလား👨‍👩‍👧‍👦👨‍👩‍👦‍👦

ရတယ်နော်.......😍😍😍

☎09441378659

အရောင်စုံတဲ့.......အရိမဒ္ဒနရဲ့ ချစ်စရာ    ညနေခင်း💃💃💃☎09441378659
11/08/2020

အရောင်စုံတဲ့.......အရိမဒ္ဒနရဲ့

ချစ်စရာ ညနေခင်း💃💃💃

☎09441378659

ရန်ကုန်က ပုဂံမြို့သူ မမလေး😍😍ဒါနဲ့.....ခလေးချစ်တက်လား??😍😍 ☎09441378659
10/08/2020

ရန်ကုန်က ပုဂံမြို့သူ မမလေး😍😍

ဒါနဲ့.....ခလေးချစ်တက်လား??😍😍



☎09441378659

08/08/2020

တက္ကသိုလ်ဝင်ထမ်းစာမေးပွဲ ဖြေဆိုထားတဲ့

ညီငယ် ညီမငယ်လေးများ အားလုံး အားလုံး

ကံကောင်းကြပါစေနော်.....🙏🙏🙏

အဆုံးမရှိတဲ့ မေတ္တာသံစဥ်နဲ့ချစ်ခြင်းတေးသွားတွေကို ပုဂံဘုရားတွေ သက်သေထားပီးသီကျူးပြချင်တယ်....အချစ်ရယ်😍😍😍 ☎09441378659
08/08/2020

အဆုံးမရှိတဲ့ မေတ္တာသံစဥ်နဲ့

ချစ်ခြင်းတေးသွားတွေကို

ပုဂံဘုရားတွေ သက်သေထားပီး

သီကျူးပြချင်တယ်....အချစ်ရယ်😍😍😍



☎09441378659

မြေသင်းနံ့​လေးရယ်.....ထနောင်းပွင့်ရနံ့​လေးရယ်....နောက်ပီးတော့.....သင်းသင်းမွှေးနေတဲ့ တမာရနံ့လေးရယ်...အားလုံးက...ပုဂံရဲ့မ...
07/08/2020

မြေသင်းနံ့​လေးရယ်.....

ထနောင်းပွင့်ရနံ့​လေးရယ်....

နောက်ပီးတော့.....

သင်းသင်းမွှေးနေတဲ့ တမာရနံ့လေးရယ်...

အားလုံးက...

ပုဂံရဲ့မိုးရာသီနဲ့ ပနာတင့်စေတယ်.....🌦🌦🌦

☎09441378659

04/08/2020
ပုဂံကိုလာမယ့် 💓 တို့အတွက် သတင်းကောင်း 😍🤩ပုဂံကိုရောက်ဖြစ်တဲ့အခါကျရင် အစစအရာရာအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် စိတ်...
04/08/2020

ပုဂံကိုလာမယ့် 💓 တို့အတွက် သတင်းကောင်း 😍🤩

ပုဂံကိုရောက်ဖြစ်တဲ့အခါကျရင် အစစအရာရာအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် စိတ်ဝင်စားစရာအပို(လက်ဆောင်)📷📷 ဝန်ဆောင်မှု့လေးပါ ပါတဲ့ package tour လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တာပါနော်... 🤝🤝😍😍

✅ Package ပုံစံလေးကဘယ်လိုလေးလဲဆိုတော့...👇

မြန်မာလူမျိိုးတို့ရဲ့ ရှေးဟောင်းအမွှေအနှစ် ဘုရားစေတီပုထိုးနဲ့ သာသနိကအဆောက်အဦးတွေရဲ့ ကြားထဲက လမ်းကျဥ်းလမ်းသွယ်လေးတွေမှာ အညာရဲ့အငွေ့သက်တွေကို ရှူရှိုက်ခံစားရင်း Tuk Tuk လေးစီးပီးဘုရား​တွေဖူးမယ် လည်မယ်ပတ်မယ် ... 🚆🚔🛵🚁🚍

✅ ပြီးရင် ...

ပုဂံဘုရားတွေရဲ့ စိတ်ဝင်စားဖွယ် နောက်ခံသမိုင်းကြောင်းတွေကို အသေးစိတ်ရှင်းပြပေးဖို့အတွက် ဒေသခံဧည့်လမ်းညွန် (local guide) အတွက်လည်း ပါအုံးမယ်နော် ... (တန်ခိုးကြီးဘုရားတွေအပြင် လူသူအရောက်နည်းပီး စိတ်ဝင်စားဖွယ် ဗိသုကာလက်ရာတွေရှိတဲ့ hidden gems တွေမှာလည်း လေ့လာမှတ်သားခွင့်ရမှာပါ) ✍✍✍👩‍🎓👨‍🎓

နောက်ဆုံးကတော့ ... ရင်ခုန်စိတ်လှုပ်ရှားစရာ အပိုဝန်ဆောင်မှု (FOC) လေးပါ 😍😍😍

✅ ဘာလေးလဲဆိုတော့ ... 👇👇👇

မင်မင် နဲ့အတူ လာရောက်လည်ပတ်ကြမည့် ဧည့်သည်တော်တွေကို ပုဂံဘုရားတွေနဲ့အတူ ဓာတ်ဖမ်းပီး တစ်သက်တာ ဘဝအမှတ်တရလေးတွေ ကျန်ရှိနေစေဖို့ မင်မင်ကိုယ်တိုင်ကင်မရာ​လေးနဲ့ ချလပ်ပေးမှာဖြစ်ပါတယ် ... 📷📷 (မင်မင်ချလပ်ထားတဲ့ လက်ရာအချို့ကိုလည်း page မှာဝင်ရောက်ကြည့်ရှု့ အကဲဖြတ်နိုင်ပါတယ်နော်) 💞💞

✅ ပြီးသွားရင် ... 🍽🍟🍔🍗🥂

အညာဒေသအစားအစားတွေကို မှကြိုက်ပါတယ်ဆိုတဲ့ foodie လေးတွေအတွက်လည်း ပုဂံမှာလည်ရင်းပတ်ရင်းနဲ့ အညာဆိုင်တွေကိုလည်း ပို့ပေးအုံးမာနော် ... 🍔🍔😋😋 ဘုရားဖူးရင် Shopping သွားချင်တဲ့သူတွေ အတွက်လည်း အညာဒေသထွက်ကုန်နဲ့ လက်ဆောင်ပစ္စည်းဆိုင်လေးတွေပါမကျန် စုံအောင်ပို့ပေးမာပါနော် ... 💃💃🍬🍬

ကဲ...ကဲ...ဆိုတော့ကာ...ဘာလိုသေးလို့လဲ? 😁

✅ ပုဂံမှာလည်ဖို့ပတ်ဖို့အတွက် ...

Tuk Tuk လေးလည်းပါမယ် ... ပုဂံနဲ့ဘုရားသမိုင်းကြောင်းလေးတွေ စိတ်ဝင်တစား နာထောင်ဖို့ Guide လည်းမယ် ... ဒါ့အပြင် အညာအစားအစာတွေနဲ့ လက်ဆောင်ပစ္စည်းဆိုင်တွေ ရောက်အူးမယ် ... ပြီးရင်အရေးကြီးဆုံး အမှတ်တရတွေအတွက် ချလပ်ပေးမယ့် ဓာတ်ဆရာလည်းပါအုံးမယ် ... အားလုံး Perfect လို့ပဲ ပြောပါရစေ 😁😁

ကဲ ... မင်မင့်ရဲ့ Package Tour လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ပုဂံလာမယ်ဆိုတာနဲ့ အမြန်ဆက်သွယ်ထားနော် ... 📞📲

သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ ဧည့်သည်တော်တွေစိတ်တိုင်းကျ ဝန်ဆောင်မှု့ပေးနိုင်ဖို့ Baganmemories ကအကောင်းဆုံး ကြိုးစားနေပါတယ်နော် ... 📷📷

လောလောဆယ် မလာဖြစ်သေးလည်းပဲ လာဖြစ်တဲ့အခါအလွယ်တစ်ကူ ဆက်သွယ်နိုင်ဖို့ နဲ့ မင်မင်ချလပ်ထားတဲ့ ပုဂံအမှတ်တရ ပုံလှလှလေးတွေကို အဆက်မပြတ်​ တွေ့မြင်ကြဖို့အတွက် pageလေးကိုလည်း like လုပ်ပေးထားပါအုံးနော် ... 🤗🤗🤗





☎09441378659
09778968732
📧[email protected]

ချစ်သော......ဤအရပ်ချစ်သော..... မိုးရာသီ🌧⛈ ☎09441378659
04/08/2020

ချစ်သော......ဤအရပ်

ချစ်သော..... မိုးရာသီ🌧⛈



☎09441378659

ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်ခြင်းမေတ္တာတွေကရေးချမ်းစဥ်ကရေလို ထာဝရအေးမြစေတယ်😍😍😍 ☎09441378659
03/08/2020

ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်ခြင်းမေတ္တာတွေက

ရေးချမ်းစဥ်ကရေလို ထာဝရအေးမြစေတယ်😍😍😍



☎09441378659

ပုဂံရောက်ဖြစ်တဲ့အခါ.....ရေစက်ရှိခဲ့ဘူးသလို.....​ထင်ယောင်ထင်မှားဖြစ်စေတဲ့.....ခံစားမှု့မျိုး  ဖြစ်ဖူးလား....😁😁
02/08/2020

ပုဂံရောက်ဖြစ်တဲ့အခါ.....

ရေစက်ရှိခဲ့ဘူးသလို.....

​ထင်ယောင်ထင်မှားဖြစ်စေတဲ့.....

ခံစားမှု့မျိုး ဖြစ်ဖူးလား....😁😁

ညီမလေးတို့ရေ.....💃💃ကလေးဆန်ဆန် ပေါ့ပေါ့ပါးပါးပဲနေပါဖြူစင်တဲ့စိတ်ထားနဲ့ လွတ်လွတ်လပ်လပ်နေပါလူတိုင်းအပေါ် မေတ္တာထားပီးဆက်ဆံက...
31/07/2020

ညီမလေးတို့ရေ.....💃💃

ကလေးဆန်ဆန် ပေါ့ပေါ့ပါးပါးပဲနေပါ

ဖြူစင်တဲ့စိတ်ထားနဲ့ လွတ်လွတ်လပ်လပ်နေပါ

လူတိုင်းအပေါ် မေတ္တာထားပီးဆက်ဆံကြည့်ပါ

နေ့ရက်တိုင်းမှာ ချစ်စရာကောင်းနေလိမ့်မယ်...🤗

ပုဂံကိုရောက်လို့ ခုလိုလေးတေဓာတ်ဖမ်းချင်ရင်တော့

Baganmemories က ကိုရီးကို Hi ပါ😁😁

☎09441378659

Address

Bagan
83000

Telephone

+959441378659

Website

Alerts

Be the first to know and let us send you an email when Bagan Memories - ပုဂံရောက်အမှတ်တရများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Memories - ပုဂံရောက်အမှတ်တရများ:

Share

Category