Bagan Taxi

Bagan Taxi Bagan Breeze Travel was founded by Young Local Experts in Bagan, In the Heart Of Myanmar. We Creat y

သင့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ။
31/10/2024

သင့်ကလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ။

✍️ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိတဲ့ ကလေးဖြစ်အောင်~
မိဘတို့က ဒီလို လမ်းပြပေးလေ့ရှိတယ်…!

✅နားလည်အောင် ပြောပြပြီး၊ လမ်းကြောင်းပြပေးတယ်။
❌ရှေ့က ဦးဆောင်လုပ်မပေးဘူး။

✅ကူညီ ပံ့ပိုးမှုပေးတယ်။
❌မိဘပုံစံ မသွင်းဘူး။

❌မိဘအတ္တနဲ့ ဖြစ်ချင်တာတွေ လုပ်မပေးဘူး။
✅ကလေးရဲ့ ဦးနှောက်နဲ့ သူ့အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုတွေ လုပ်ပေးတယ်။

✳️ကလေး ကိုယ်တိုင် စဉ်းစားတွေးခေါ် ဆုံးဖြတ်တတ်စေဖို့ ၊ ဦးနှောက်နဲ့ နှလုံးရည်ကို လေ့ကျင့် ပျိုးထောင် ပေးတယ်။

✳️အနာဂတ်မှာ ကိုယ့် ကလေး အောင်မြင် ပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ပံ့ပိုးပေးတယ်။

✳️မိမိကလေး အနီးမှာနေပြီး ခွန်အားပေးဖို့၊ နှစ်သိမ့် ပေးဖို့၊ ပွေ့ဖက်ပေးဖို့ အမြဲ အသင့်ရှိတယ်။

✳️မိမိကလေးတွေ ဝေဟင်မှာ မြင့်မားစွာ ပျံသန်း နိုင်ဖို့၊ သန်မာသော အမွှေး၊ အတောင်ပံများ ရှိအောင် ဖြည့်ဆည်း ပံ့ပိုးပေးလေ့ရှိတယ်။

❤️ဒီလို ကလေးမျိုးတွေက ကိုယ့်ကိုကိုယ် ဂုဏ်ယူရင်း
အရွယ်ရောက်လာပြီးနောက် ၊ သူတို့အနီး ပါတ်ဝန်းကျင်ကို ကောင်းမွန်စွာ စောင့်ရှောက်ရင်း ဘေးကင်း ပျော်ရွှင်စွာ ရှင်သန်သွားကြဦးမှာပါ။

ဟုတ်တယ်…ဟုတ်⁉️

✳️မိမိကလေးကို ရွှေရုပ်လေးလို တသသနဲ့မွေးမြူမလား။

✅မိမိကလေးကို ဂုဏ်ယူရအောင် ကိုယ်တိုင် လုပ်ဆောင်နိုင်သော တန်ဖိုးရှိကလေးတစ်ယောက်ဖြစ်အောင် ပြုစု ပျိုးထောင်ကြမလား။

❤️မိတ်ဆွေတို့သည် ကောင်းမွန်သော ကမ္ဘာကို တည်ဆောက်နိုင်သော လက်တစ်စုံပိုင်ရှင်တို့ ဖြစ်လေသည်။

#သင်းပုဂံ
#ကိုယ်ဖြစ်ချင်တာကိုယ်ရအောင်လုပ်

မုန်တိုင်း ၁ လုံးပြီးတော့ နောက်ထပ် မုန်တိုင်း ၃ လုံးကြားက မြန်မာပြေ။ ၃လုံးထဲက ဒီအလုံးက အရေးကြီး။ Joint Typhoon Warning C...
17/09/2024

မုန်တိုင်း ၁ လုံးပြီးတော့ နောက်ထပ် မုန်တိုင်း ၃ လုံးကြားက မြန်မာပြေ။

၃လုံးထဲက ဒီအလုံးက အရေးကြီး။

Joint Typhoon Warning Center ထုပ်ပြန်တဲ့ သတင်းအရတော့ ဖိလစ်ပိုင်နိုင်ငံခြေအနီးမှာ နောက်ထပ်မုန်တိုင်းတစ်လုံး စတင်ပေါက်ဖွားနေပြီး ခန့်မှန်းစက်တင်ဘာ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံ ၊ ကရင်၊ကရင်နီ၊တင်္နသာရီတိုင်း ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ပဲခူးတိုင်းတို့ကို ဗီယက်နမ်၊ ထိုင်း၊ အလယပိုင်းကို ဖြတ်သန်းပြီး ရောက်ရှိဖြတ်သန်းတိုက်ခိုက်မယ် လို့ ခန့်မှန်းထားပြီး၊ မုန်တိုင်းဖြတ်ချိန်မှာ မြန်မာရေကြီးရေလျှံနစ်မြုပ်မှုများဖြစ်ပေါ်နိုင်မှုဟာ လက်ရှိ ရာဂိ မုန်တိုင်းနီးပါးခံစားရနိုင်ပါကြောင်း။ ခင်ဗျ။
Google Earth Layover လိုခြင်သူများ JTWC website မှရယူပေးပါ။

တန်ခိုးမှာ ရွှေစည်းခုံ ( သို့ ) မုဒြာ ၂ မျိုး ဖြင့် ကြေးဂူတိုက်မှ ဆင်းတုတော်များဓာတ်ပုံ  Kyawkyaw Wynnအဘယ မုဒွာ~~~~~~~~အ...
16/09/2024

တန်ခိုးမှာ ရွှေစည်းခုံ ( သို့ ) မုဒြာ ၂ မျိုး ဖြင့် ကြေးဂူတိုက်မှ ဆင်းတုတော်များ

ဓာတ်ပုံ Kyawkyaw Wynn

အဘယ မုဒွာ
~~~~~~~~
အဘယ မုဒြာဆိုသည်မှာ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ချမ်းသာပါစေလို့ ဆုတောင်းပေးနေသည့် ပုံစံကို ``အ ဘယ မုဒြာ´´ဟု
ခေါ်ဆိုပါသည်။
အဘယ မုဒြာပုံတော်ဟာ မတ်တတ်ရပ်နေတဲ့ ပုံတော်ဖြစ်ပါသည်။
လက်တော်အနေထားက ညာဘက်လက်တော်မှ
လက်ဖဝါးကို ပခုံးတော်နှင့်ညီအောင် တံတောင်ဆစ်မှ
ကွေးထားရပါတယ်။ လက်ဖဝါးကို ရှေ့ဘက်လှည့်ထားပြီး၊ ဘယ်ဘက်လက်တော်ကို မှောက်ထားကာ
အောက်ဘက်ဆီသို့ ဆန့်တန်းထားရသည်။
အဲဒီလို ပုံသဏ္ဍန်ကို ``အဘယ မုဒြာ´´ဟုခေါ်ပါသည်။
[တနည်း ``ဝရ မုဒြာ´´ဟုလည်း ခေါ်ကြသည်။

ဝရမုဒွာ-ဝရဒမုဒွာ

ကောင်းချီးပေးဟန်, ဆုပေးဟန်ဟု ခေါ်သည်။

ဝရမုဒြာ, ဝရဒမုဒြာ, ဒါနမုဒြာ, ဝရဒဟတ္ထဟူ၍ ပရိယာယ်ပုဒ် အမျိုးမျိုးဖြင့် ခေါ်ဝေါ်တတ် ကြသည်။ ပါဋိဟာရိယ-ဝရဒမုဒြာမျိုးလည်း ရှိသေးသည်။

လက်ျာဘက်လက်ကို အောက်သို့ချကာ လက်ဝါးကို အပြင်ဘက်လှည့်ပြီး လက်ချောင်းများကို ဖြန့်ချထားသော ဟန်ဖြစ်သည်။ တခါတရံ လက်နှင့် လက်ချောင်းကလေးများကို ခပ်ကွေး ကွေးထားပြီးလျှင် ဖူးမြင်လာသူအား တစုံတခု ပေးတော့မည်ဟန် ပြင်ထားသည်ကိုလည်း တွေ့ရသည်။ လက်ဝဲလက်ကို ပေါင်ခွင်ပေါ်တွင် တင်ထားသည်။

လိုသောဆုများနှင့် တလုံးဝတည်း ပြည့်စုံကြပါစေဟု ဆိုလိုသော အနက်သဘောကို ဆောင်ပေသည်။ ထို့ကြောင့် ဆုတောင်းပြည့် ဘုရားများတွင် ဤ ဝရဒမုဒြာမျိုးကို တွေ့ရတတ်သည်။ သားဆုတောင်းလျှင် ရရှိနိုင်သည်ဟု ကိုးကွယ်ယုံကြည် ထားကြသော နတ်များ ဘုရားများ, သိကြားမင်းစသည်များ၏ ရုပ်ပွါးဆင်းတုတို့တွင် ဤမုဒြာကို တွေ့ရှိနိုင်ပေသည်။ ပါဋိဟာရိယမုဒြာတွင် လက်မနှင့် လက်ညှိုးကြား၌ ဇမ္ဗုသပြေသီး သျှစ်သျှားသီး, ဖန်းခါးသီး, သရက်သီး ကသစ်ပွင့် တခုခုကို ကိုင်ထားသည်။

တခါတရံ လက်မနှင့်လက်ညှိုးကြားတွင် ရတနာ တခုခုကို ထည့်ပေးထားတတ်သည်။ ဤပုံမှာ ရတနသမ္ဘဝဘုရားပုံဖြစ်သည်။

ခဒိရဝဏီ၏ မဟောဗပုံတွင် ဤမုဒြာကို တွေ့ရတတ်သည်။ ရတနသံယုတ္တ ဝရဒမုဒြာဟု အထူး ဝိသေသအားဖြင့် ခေါ်ကြသည်။

တခါတရံ လက်ဝဲလက်ဝါးကို ဖူးမြင်သူအား လှန်ပြကာ အောက်သို့ ချ၍ လက်ချောင်းများကို ဖြန့်ချပြထား တတ်ပေသည်။ လက်ဝဲတွင် ဘာမျှ မပါဘဲလျက်၎င်း, တစုံတခုကို ဆုအဖြစ် ကိုင်တွယ်လျက်၎င်း ပြထားတတ်သည်။

ပုဗ္ဗေ စ ကတပုညတာ မင်္ဂလာ, ဒါန မင်္ဂလာ, ဉာတကာနံ သင်္ဂဟ မင်္ဂလာ, ပုတ္တဒါရဿ သင်္ဂဟ မင်္ဂလာများကို သရုပ်ဆောင်ရသည်။

ကရုဏာရသ, ဟဿရသတို့ကို ပေါ်လွင်စေသည်။

ဒါနပါရမီ, မေတ္တာပါရမီ စခန်းများသို့ ရည်ညွှန်းထားလေသည်။

ဝရဒမုဒြာကို ဂေါတမဗုဒ္ဓဆင်းတုများ, မန်လရုပ်ဟု, ကရာဖြူ တာရာစိမ်း ဆင်းတုရုပ်ပွါး များတွင် တွေ့ရှိနိုင်ပေသည်။

ဝရဒမုဒြာပါရှိသော ရုပ်ပွါးဆင်းတုများကို ကိုးကွယ်ပူဇော်သူသည် ကောင်းချီးမင်္ဂလာဆု လာဘ်များကို ရရှိခြင်းဆုတောင်းပြည့်ခြင်း, ဆန္ဒအတိုင်း ကိစ္စပြီးမြောက်ခြင်း, လိုအင်ဆန္ဒတလုံး တဝတည်းပြီးပြည့်စုံခြင်း, သားဆုကို ရရှိခြင်း, သစ္စာအဓိဋ္ဌာန်ပြုရာ၌ ထိရောက်ခြင်း, ဓာတ်သက်ဝင်ခြင်း, ဓာတ် စည်းခြင်း, ရာထူးဌာနန္တရ တိုးတက်ခြင်း, စည်းစိမ် တိုးပွါးခြင်း, ကုန်ရောင်း ကုန်ဝယ် မြတ်စွန်းခြင်း, ကစား လောင်းကစားရာ၌ ဆောင်နိုင်ခြင်း, စစ်ချီ စစ်တက်ရာ၌ အောင်မြင်ခြင်း, ပူဇော်သက္ကာရကို ရရှိခြင်း, လက်ဆောင်ပဏ္ဏာ ခွန်တုပ်များ ရရှိခြင်း, ခြွေရံသင်းပင်း ပေါများကြွယ်ဝခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာန ကျမ်းဂန်များ၌ ဖွင့်ဆိုထားပါသည်။

ဒီရက်ပိုင်း အိမ်ရှေ့မှာဖွင့်ထားတဲ့ ထမင်းကြော်ဆိုင်လေးက်ို ညတိုင်းလိုလိုစားဖြစ်နေတယ် ။Author - Ko Moeထမင်းကြော်ဆိုင်ရှင်မ...
21/01/2024

ဒီရက်ပိုင်း အိမ်ရှေ့မှာဖွင့်ထားတဲ့ ထမင်းကြော်ဆိုင်လေးက်ို ညတိုင်းလိုလိုစားဖြစ်နေတယ် ။

Author - Ko Moe

ထမင်းကြော်ဆိုင်ရှင်မခင်နုက ကိုယ်နဲ့ခင်သလို ထမင်းကြော်ကလဲအရမ်းစားလို့ကောင်းတာနဲ့ စားဖြစ်တာ
ထမင်းကြော်၁ပွဲကို ၅၀၀ရောင်းတာ
ငပိထောင်းပါတယ်
ငံပြာရည်ဖျော်ပါတယ်
တို့စရာအစုံပါတယ်
သရက်ချဉ်ပါတယ်
မုန်လာချဉ်ပါတယ်
ကြက်သွန်ဖြူပါတယ်
ချဉ်ပေါင်ကြော်လဲပါတယ်
တခါတလေ ဆီးဖြူသီးထောင်းကပါသေးတာ ။

ဟင်းလေးတွေကတော့ ဆိတ်သားခြောက်ကြော်၊အမဲသားကြော်၊ဆိတ်သားလုံးကြော်၊ဝက်အူချောင်းကြော် လေးတွေရောင်းတယ်

👺 ပြောချင်တာက ခုမှစမှာ
အဲ့ထမင်းကြော်ဆိုင်ကို ၄ရက်၅ရက်လောက် ထိုင်စားလိုက်တာ ရပ်ကွက်ထဲကလူတွေရဲ့အကြောင်းကိုတော်တော်လေးသိလိုက်မြင်လိုက်ရတယ်

- ၁ပွဲ၅၀၀ရောင်းတဲ့ထမင်းကြော်ကို ၃၀၀ဖိုးထည့်ပေးအေ ဆိုပီး လာဝယ်တဲ့သူတွေလဲရှိတယ်
ဆိုင်ရှင်က ၁ပွဲကို၅၀၀ရောင်းတာပါဆိုတော့ ငါတို့ကထမင်းစားပီးပီ ညည်းထမင်းကြော်စားချင်လို့သာ လာစားတာတဲ့😳

ဟင်းကျမစားဘူး ၅၀၀ရောင်းတဲ့ ထမင်းကြော်ကို ၃၀၀ဖိုးထည့်ပေးဆိုပီး ငပိထောင်းတွေ တို့စရာ သရက်ချဉ်တွေတပုံကြီးနဲ့စားသွားလေရဲ့

- နောက်တခါကျတော့ မိန်းမ၃ယောက်လာကြပီး ချဉ်ပေါင်ကြော်ရှိသေးလားတဲ့
ဆိုင်ရှင်က မရှိတော့ဘူးတဲ့ ဆိတ်သားကြော် အမဲကြော်လေးတွေရှိတယ်တဲ့
အဲ့ကျတော့ အိမ်မှာ အမဲနှပ်တွေရော ငါးဆားနယ်ချက်တွေရောရှိတယ်တဲ့
ဟင်းကြမ်းစားချင်လို့ လာဝယ်တာတဲ့
လေလုံးကတော့အကြီးသား ရုပ်တွေကြည့်လိုက်တော့ ချဉ်ပေါင်ကြော်ကိုထမင်းကြမ်းနဲ့နယ်စားမယ့်ရုပ်တွေ🥴

- နောက်ထပ် မိန်းမတွေကျတော့ ထမင်းကြော်အလွတ်၄ပွဲပါဆယ်ဆိုပီးဝယ်တယ် ဟင်းမဝယ်ဘူး
ငပိထောင်း တို့စရာ အချဉ်ကို မဟားတရားတောင်းတယ်
ပီးတော့ ဟဲ့ ညည်းကိုငါအားပေးတယ်နော်
ညည်းကိုငါအားပေးတယ်နော်ဆိုတဲ့စကားကို ၁၈ခါလောက်အော်ပြောသွားတယ်🙄

- နောက်တစ်ရက်ကျတော့ ထမင်းကြော်၁ပွဲကို ဟင်းမပါဘဲလာစားတဲ့မိန်းမတစ်ယောက်က လမ်းကနေဖြတ်သွားတဲ့မိန်းမကြီးတစ်ယောက်ကို သူ့ဘေးနားခေါ်ပီးအတင်းတွေပြောနေတာ ၄၅မိနစ်လောက်ကြာတယ်

- နောက်ထပ် မိန်းမတစ်ယောက်ကကျတော့ သူ့ကလေးလေးနဲ့ ထမင်းကြော်ဆိုင်နားကိုလာရပ်တယ်
ဆိုင်ရှင်က ဘာနဲ့စားမလဲ ပေါ်ကိုမလာဘူးနော်ဆိုပီး ပြောလိုက်တော့
ပျင်းလို့လမ်းလျှောက်ထွက်လာတာတဲ့
အိမ်မှာဟော့ပေါ့စားလာပီးပီတဲ့🥴
ဂျုံနဲ့လုပ်တဲ့ ရောင်စုံပင်လယ်စာတွေက်ို ကန်စွန်းရွက်နဲ့ ငရုပ်သီးမှုန့်ခပ်ပီးစားတဲ့ဟော့ပေါ့များလား🙄

- နောက်ထပ်ယောက်ျားကြီးတစ်ယောက်ကကျတော့ မိုးအရမ်းချုပ်မှ ၃၀၀ဖိုး၂ပွဲပေးတဲ့
၅၀၀ပါရှင်ဆိုတော့ ငပိထောင်းရှိသေးလားတဲ့
နည်းနည်းပဲရှိတော့တယ်ရှင်ဆိုတော့ တော်ပီ မယူတော့ဘူးတဲ့ 😵‍💫

နောက်ထက် တချို့သောမိန်းမတွေကျ
ထမင်းကြော်လာဝယ်တာကို မျက်နှာထိမျက်နှာထားနဲ့
ဝယ်တဲ့လေသံကလဲ မဲ့ရွဲ့ငေါက်ငန်းပီးဝယ်နေတာ
သူတို့လာဝယ်တာကိုပဲ ထိုင်ကန်တော့မတတ်ကျေးဇူးတင်ရမယ့် ကျေးဇူးရှင်ကြီးတွေဒီဇိုင်းနဲ့😬

အဆိုးဆုံးကတော့
ပိုက်ဆံလေး၃၀၀နဲ့ ထမင်းကြော်နဲ့ အိတ်ဖိုးနဲ့ငပိထောင်း ငံပြာရည် တို့စရာ ကြက်သွန်ဖြူ မုန်လာချဉ်🥴
ဆိုင်ရှင်တော့ မြတ်ရှာဦးတော့မှာပဲ
၅၀၀ဖိုးမစားနိုင်လို့ ၃၀၀ဖိုးဝယ်စားပေမယ့်
မစားနိုင်လို့ဆိုပီးလဲအထင်မခံနိုင်ပြန်ဘူး
ရှက်တာလိုလို ချေတာလိုလိုနဲ့
၃၀၀ဖိုးပဲပေးဆိုတဲ့နောက်မှာ ဆင်ခြေတစ်ခုက ကပ်ပါလာပီးသား😂

ည၉နာရီကျော်လောက်သွားကြည့်လိုက်ရင်
ဟင်းတွေတပုံကြီးကျန်နေတာ
မရောင်းရရှာဘူး
အလကားကျွေးတဲ့ ငပိထောင်း ငံပြာရည် တို့စရာ သရက်ချဉ်မုန်လာချဉ်ဆို ပြောင်းသလင်းကိုခါနေတာပဲ
ထမင်းကြော်ကိုဟင်းထည့်မစားနိုင်ကြဘူး
အလကားရတဲ့ဟာတွေကိုပဲ မဟားတရားစားကြတာ🥴

အော် အော် ရပ်ကွက်ထဲကလူတွေ
မရှိတာကို အရှိလုပ်ပီး ဟန်ကိုယ့်ဖို့လုပ်နေကြရှာတာ
အဲ့ဆိုင်မှာထမင်းကြော်လာစားကြတာကို သူတို့ကိုယ်သူတို့ စားလှပီ သောက်လှပီ ထင်နေကြတာ
အမြင်လဲကပ်စရာ
ရီလဲရီချင်စရာ
သနားလဲသနားစရာပါလား

တွေ့ရမြင်ရတာ အဆင်ပြေမနေလို့
အပျင်းပြေထရေးလိုက်ခြင်းသာ 🙂

ပုံကတော့ စာမဖတ်ပဲ ကျော်သွားမှာစိုးလို့ ဆိတ အာသာဖြေပုံ။

Hope you all find happiness and peace. Milestone 005 of 365Bagan, Myanmar
05/01/2024

Hope you all find happiness and peace.

Milestone 005 of 365
Bagan, Myanmar

မဂ်လာပါ ဟူးမန်းတို့ရေ....ကျွန်တော်က ငှက်ကလေး " ကျိကျိ "  ပါ🐦ဒီရက်ပိုင်း မန်ကျည်းရွက်ခြောက်‌တွေရသလောက်ဝယ်နေတယ်ဆိုတဲ့ သတင်...
16/09/2023

မဂ်လာပါ ဟူးမန်းတို့ရေ....

ကျွန်တော်က ငှက်ကလေး " ကျိကျိ " ပါ🐦

ဒီရက်ပိုင်း မန်ကျည်းရွက်ခြောက်‌တွေရသလောက်ဝယ်နေတယ်ဆိုတဲ့ သတင်းကြားလို့ မန်ကျည်းပင်တွေအကြောင်း ကျွန်တော်သိသလောက်လာရောက်မျှဝေပေးတာပါခင်ဗျာ 🤗

မန်ကျည်းပင်တစ်ပင်ဟာ လူတွေကို အရိပ်အာဝါသကောင်းကောင်းပေးနိုင်တဲ့ အရွယ်ရောက်ဖို့ အချိန်ဘယ်လောက်လိုတယ် ထင်ပါသလဲ ?

မန်ကျည်းပင်ဟာ အပင်ပေါက်လွယ်ပြီး နေရာအနှံ့အပြားမှာ (အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နေရာတိုင်းလိုလိုမှာ) ပေါက်ရောက်နိုင်တဲ့အတွက် မန်ကျည်းရွက်ခြောက် တစ်ပိသာ-၃၂၀၀ ဟာ မန်ကျည်းပင်ပေါများတဲ့ အရပ်ဒေသမှာ နေရတဲ့မိတ်ဆွေများအဖို့ ကုန်စျေးနှုန်းကြီးပြီး ငွေရှာပေါက်ခက်ခဲနေတဲ့ ဒီကာလမှာ လင်းလက်သွားတဲ့မျှော်လင့်ချက်တစ်ရပ် ဖြစ်သွားနိုင်ပါတယ် ။

ဒါပေမဲ့ စဥ်းစားကြည့်ပါဦးနော် ။

💥 မန်းကျည်းပင်တစ်ပင်ဟာ အရွယ်ရောက်ပြီး လူတွေကို အရိပ်အာဝါသပေးနိုင်တဲ့ အရွယ်ရောက်ဖို့ မြေဆီလွှာကိုလိုက်ပြီး (ခန့်မှန်းခြေ)၃ နှစ်ကနေ ၆နှစ်အထိ ကြာမြင့်နိုင်ပါတယ် ။ ဒါတောင်မှ ပင်စည်က လူတစ်ဖက်စာရှိအောင် မကြီးနိုင်သေးပါဘူး ။

မန်ကျည်းရွက် အစိုတစ်ပိဿာက ရေမဆွတ်ထားရင် ပမာဏအားဖြင့် ကျန်ကျောင်းအိတ်နဲ့ တစ်ဝက်ကျော်ကျော်ခန့်ရှိပါတယ် ။ စျေးမှာခွဲရောင်းသလို အစုအစုလေးတွေပုံလိုက်ရင် အင်မတန်များတဲ့ပမာဏပါ ။ အဲလို မန်းကျည်းရွက်နု အစိုတစ်ပိသာဟာ ပေါ်ခါဦး စျေးအဖွင့်မှာ နေရာဒေသကိုလိုက်ပြီး ငါးထောင်နဲ့ ရှစ်ထောင်ကြားမှာ(ယခင်ကုန်စျေးနှုန်းဖြစ်ပါတယ်)ရှိပါတယ် ။

လက်ဖက်အစိုငါးပိသာလှန်းရင် အခြောက်တစ်ပိသာထွက်ပါတယ် ။ ငါးချိုး တစ်ချိုးကွာပါတယ်ခင်ဗျာ။

ဆိုတော့ စျေးဦးအစမှာ ရွက်နုအစိုတစ်ပိဿာကို ငါးထောင် ၊ နောက်ကျရင် ၃၅၀၀ - ၂၀၀၀ ကြားရနိုင်သေးတဲ့ မန်ကျည်းရွက်တွေကို ငါးချိုးတစ်ချိုးနဲ့ အခြောက် တစ်ပိသာ ၃၂၀၀ ဟာ မက်လောက်တဲ့ ငွေပမာဏလား စဥ်းစားကြည့်စေချင်ပါတယ် ။

နောက်ပြီး ဒီလိုမန်ကျည်းရွက်ခြောက်တွေ တပြုံတမကြီးရဖို့ အင်မတန် အရွယ်ရောက်ဖို့ကြာတဲ့ မန်ကျည်းပင်ရဲ့ အသက်သွေးကြော ပင်စည်အကိုင်းတွေဖြတ်ရတဲ့အခါ ကျွန်‌တော်တို့ကို အရိပ်အာဝါသနဲ့ ဟင်းစားပေးနေတဲ့ အပင်ကို ရောဂါပေးသလိုဖြစ်နေပါတယ် ။ အရွက်ကို အခြောက်ခံဖို့ ကျွန်‌တော်
တို့ ဖြတ်လိုက်တဲ့ မန်ကျည်းကိုင်းငယ်တွေကလဲ ထင်းအဖြစ်ကလွဲရင် ဘာမှအသုံးမဝင်တော့ပါဘူး ။

ဒီထက်အရေးကြီးတာက ဒီလိုခုတ်ထွင်ပြီး မန်းကျည်းရွက်ခြောက်ကိုရောင်းလိုက်တဲ့အတွက် ဓာတ်မြေဩဇာတွေနဲ့ ပျက်စီးခဲ့တဲ့ ၊ ပျက်စီးနေဆဲ ၊ ပျက်စီးဦးမဲ့ မြေဆီလွှာကို သဘာဝအတိုင်း ပြုပြင်ပေမဲ့ ဆွေးမြေ့လွယ်တဲ့ မန်ကျည်းရွက်များဟာ ကျွန်‌တော်တို့ရဲ့စိုက်ကွင်းတွေဆီ ရွက်မလွင့်နိုင်တော့ပါဘူးရှင် ။

ကျွန်‌တော်တို့ပြောခဲ့တဲ့ မန်ကျည်းရွက်ရဲ့ ဘဘာဝနဲ့လူတို့အပေါ် အရေးပါပုံပဲ ရှိပါသေးတယ် ။

တစ်နေ့တခြားပူပြင်းကြမ်းတမ်းလှတဲ့ ရာသီဥတုမှာ ကျွန်‌တော်တို့ကို ရွက်စိပ်တွေဝေဝေဆာဆာနဲ့ အရိပ်အာဝါသပေးနေတဲ့ ၊ ကြီးမားကျယ်ပြန့်တဲ့ အမြစ်ကြီးတွေနဲ့ မြေပြိုမှုကို ထိန်းသိမ်းပေးနေတဲ့ ၊ ခိုင်ခံ့တဲ့ ရိုးတံပင်စည်တွေနဲ့ လေဒဏ်ကို ကာကွယ်ပေးနေတဲ့ မန်ကျည်းပင်ရဲ့ အသုံးဝင်ပုံက ဒီတင်မကသေးပါဘူး ။

မြန်မာဆေးကျမ်းအလိုအရ -

မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏။ အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။

နှစ်နှစ်ဆယ်တမ်းရှိတဲ့ မန်းကျည်းပင်တစ်ပင်ကို လက်အညောင်းခံ နေပူဒဏ်အတွက် ထီးတစ်လက်ဖြစ်တဲ့ အရိုးတံတွေကို ခုတ်ချိုးပြီး အခြောက်ခံရင် ဘယ်လောက်ရမလဲမသိပေမဲ့ စျေးသည်တွေအတွက်တော့ မန်ကျည်းပင်ဟာ ရွက်နုချိန်အစဦးပိုင်းမှာ ခူးနိုင်ရင်ခူးနိုင်သလောက် ပိုက်ဆံရတဲ့ အပင်မျိုးပါ ။

ပေါ်ခါစမှာ မန်းကျည်းရွက်အစိုတစ်ပိသာဟာ ဆန်တစ်ပြည်မကပါဘူးခင်ဗျာ။ ဒါတင်ပဲလားဆိုရင်တော့ အသီးစိမ်းနုအပြင် အမှည့်ပါ ရောင်းလို့ရပါသေးတယ် ။

အညာဘက်နဲ့ တခြားဒေသတွေမှာ မန်ကျည်းမှည့်တစ်ပင်ကို ဘယ်လိုဝယ်လဲမသိပေမဲ့ ရှမ်းပြည်ညောင်ရွှေဘက်မှာရှိတဲ့ ကျွန်တော်တို့ခိုနားနေကျ
နှစ်တစ်ရာကျော် မန်ကျည်းပင်ကြီးကတော့ အိုဟောင်းနေပေမဲ့ အသီးမြိုင်ဆဲဖြစ်တဲ့အတွက် တစ်ပင်လုံးအပြတ်ကို ခုနစ်သောင်းကနေ တစ်သိန်းကြားရပါတယ်ခင်ဗျာ ။

ဒီအပင်ကိုခုတ်ဖြတ်ပြီး အရွက်ခြောက်လုပ်ရောင်းရင်တော့ တစ်သိန်းရမယ်လို့ မထင်ပါ ။ ဒါ့အပြင် နောက်နှစ်အတွက်စားပေါက်ပိတ်သွားနိုင်ပါတယ် ။ အပိုစာသားအနေနှင့်ကတော့ နောက်နှစ် မန်ကျည်းသီးများများသီးချင်ရင် ဒီနှစ်အသီးဆွတ်ချိန်မှာ မန်ကျည်ပင်ဖျားကို နာနာခတ်ပေးရပါတယ်ဆိုတာလေးပြောပြချင်ပါတယ်ခင်ဗျာ ။

လောလောဆယ်မှာ မျိုးတုံးမှုအန္တရာယ်မရှိသေးပေမဲ့ လူတွေရဲ့ လိုလောဘကြောင့် နှစ်ငါးဆယ်သက်တမ်းရှိတဲ့ မန်ကျည်းပင်ဟာ နောက်လေးငါးနှစ်အတွင်းမှာ အာဟာရချို့တဲ့ကာ သေဆုံးသွားနိုင်ပါတယ် ။

ကမ္ဘာကြီးနဲ့ လူတွေအတွက် အင်မတန်မှ စိတ်မကောင်းဖြစ်စရာ ဆုံးရှုံးမှုမျိုးပါ ။

ဒီလို အရိပ်အာဝါသကောင်းတဲ့ လူတွေအတွက် ချစ်စရာဓာတ်စာ ၊ ဘဘာဝအတွက် အားကိုးစရာ မန်ကျည်းပင်ကို နဂိုအတိုင်းလေး ရွက်နုလဲခူး ၊ အရိပ်လဲခို ၊ အသီးနုလဲစား ၊ အမှည့်လဲဲခြွေလို့ရတဲ့ ဒီလိုဆေးဖက်ဝင်၊ဝင်ငွေရ၊အရိပ်ရ နောက်ဆုံးအစေ့သော်မှ အလဟသမဖြစ်ဘဲ ကြွက်တွေရဲ့ အစာအဖြစ် အသုံးဝင်တဲ့ မန်ကျည်းပင်တွေကို တစ်နပ်စားမကြံဘဲ နဂိုအတိုင်းလေး အရွက်နုချိန်အရွက် ၊ အသီးနုချိန် အသီးနု ၊ မှည့်ချိန်မှာ အမှည့်ဆွတ် ရောင်းကြ ၊ စားကြပါလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ ။

*သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို* ဆိုသလိုပဲ မန်ကျည်းပင်ကြီးတွေဟာ ကျွန်တော်တို့လို ငှက်ကလေးတွေအတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါပဲခင်ဗျာ။🍀🍃

ကိုးကား : ဝီကီဒီပီးယား


ဗမာပြည်နဲ့အာမေးနီးယန်း (Armenian) လူမျိုးတို့ဟိုးနှစ်ပေါင်းများစွာထဲကကူးလူးဆက်ဆံမှုရှိခဲ့တယ်။ကုန်သည်လမ်းနဲ့ဗိုလ်အောင်ကျေ...
20/12/2022

ဗမာပြည်နဲ့အာမေးနီးယန်း (Armenian) လူမျိုးတို့ဟိုးနှစ်ပေါင်းများစွာထဲကကူးလူးဆက်ဆံမှုရှိခဲ့တယ်။ကုန်သည်လမ်းနဲ့ဗိုလ်အောင်ကျော်လမ်းထောင့်မှာရှေးဟောင်းအာမေးနီးယန်းရှေးဟောင်းဘုရားရှိခိုးကျောင်းရှိပြီးအစိုးရကရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်စောင့်ရှောက်ထားတယ်။

ရန်ကုန်မြို့ပထမဆုံးအဆင့်မြင့် Strand Hotel (ကမ်းနားဟိုတယ်)မူလပိုင်ရှင်ကအာမေးနီးယန်းလူမျိုးညီအကိုနှစ်ယောက်တည်‌ဆောက်ပိုင်ဆိုင်ခဲ့တာပါ။အာမေးနီးယားနိုင်ငံဆိုတာအာရှတိုက်နဲ့ဥရောပတိုက်ကြားမှာရှိတဲ့အရင်ဆိုဗီယက်(ရုရှား)အုပ်စုဝင်လွတ်လပ်တဲ့နိုင်ငံငယ်တစ်ခုပါ။ခရစ်ယန်ဘာသာထွန်းကားတဲ့ရှေးအကျဆုံးလူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးနာမည်ကျော်ကော့ကေးဆပ် (Caucasus) တောင်တန်းရှိတဲ့နိုင်ငံဖြစ်တယ်။

သင်္ကြန်ပွဲတော်ဆိုတာအာရှတိုက်ကကျနော်တို့မြန်မာ၊လာအို၊ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံပဲရှိတယ်ထင်ထားတာ။ ဒါပေမယ့် အာမေနီးယား (Armenia) နိုင်ငံမှာလည်းသင်္ကြန်ပွဲတော်ကျင်းပကြပါတယ်။

အာမေးနီယန်းလူမျိုးမှာသင်္ကြန်ဆိုတာရှိတယ်။ကျနော်တို့လိုပဲတစ်ယောက်နဲ့တစ်ယောက် ရေပက်ကစားကြတာပါ။အာမေးနီးယန်းသင်္ကြန်ပွဲတော်ကို Vardavar ပွဲတော်ခေါ်တယ်။

Vardavar ဆိုတာအာမေးနီးယန်းစကား “နှင်းဆီဖူးပွင့်ခြင်း” အဓိပ္ပါယ်ရတယ်။အာ‌မေးနီးယန်းတောင်သူလယ်သမားများသင်္ကြန်ပွဲတော်ကျင်းပချိန်ကသူတို့ ကောက်ရိပ်သိမ်းပြီးချိန်လည်းဖြစ်တယ်။Vardavar ပွဲတော်ကာလ ၁၄ ရက်ကြာပြီးတစ်ဦးနဲ့တစ်ဦးရေလောင်းပြီးမကောင်းမှုအညစ်အကျေးတွေကိုဖယ်ရှားပေးကြလို့
မြန်မာ့သင်္ကြန်အယူအဆနဲ့တူညီတယ်။

မြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံသင်္ကြန်ကဧပြီလလယ်မှာဖြစ်ပေမယ့်အာမေးနီးယားနိုင်ငံသင်္ကြန်ကနှစ်စဉ်ဇူလိုင်မှာပါ။သင်္ကြန်ပွဲတော်ဆိုတာအာမေးနီယန်းအတွက်ရှေးရိုးခရစ်ယန်ပွဲတော်တစ်ခုဖြစ်တယ်။

Vardavar သင်္ကြန်ပွဲတော်ဆိုတာ
အာမေးနီးယန်းအတွက်အလှတရား၊ချစ်ခြင်းမေတ္တာ၊ပဋိသန္ဓေရယူခြင်းနဲ့ရေနတ်ဘုရားမကိုပူဇော်ခြင်းနဲ့ဆက်စပ်နေတယ်။နွေရာသီအပူဒဏ်ကကင်းလွတ်အောင်ရေလောင်းတာဆိုတဲ့မြန်မာ့အယူအဆနဲ့တိုက်ဆိုင်နေတယ်။

မြန်မာပြည်မှာအာမေးနီးယန်းလူမျိုးစုအိမ်ထောင်စု ၂၀ လောက်ရှိမယ်ခန့်မှန်းထားတယ်(၂၀၁၈)။အဆိုတော်ချမ်းချမ်းအင်တာဗျူးတစ်ခုမှာသူ့ဘိုးဘွားကအာမေးနီးယန်းလူမျိုးပြောတယ်။

ရန်ကင်းမှာအပေါ်ထပ်နေသူတွေကအောက်မှာလမ်းလျှောက်သွားသူကိုဝရံတာကရေလောင်းချသလိုသူတို့လည်းတိုက်အပေါ်ထပ်ကနေအောက်ကလမ်းသွားလမ်းလာကိုရေလောင်းချကြတယ်။ဓါတ်ပုံထဲကအာမေးနီးယန်းလူမျိုးရေကစားနေတာကိုကြည့်လိုက်မြန်မာတွေသင်္ကြန်ရေကစားနေတဲ့အတိုင်းပဲ။

Source: google.com
#လွင်ဦး_ရန်ကင်း

Address

Bagan
05232

Alerts

Be the first to know and let us send you an email when Bagan Taxi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Taxi:

Share